အရာရာသည် သူ့ဇယားကျအတိုင်း သွားရပါသည်။ ကမ္ဘာလည်း သူ့ကို ဘယ်သူ့မှ
သွားမလှည့်ပဲ ခုထိ လည်နေမြဲပါသည်။ ဤနေရာတွင် သိတ်မသေချာသည်မှာ ကမ္ဘာလည်တာလား
ကျနော်တို့ အလှည့်ခံထားရတာဆိုတာပင်ဖြစ်ပါသည်။ ထားပါတော့ ကမ္ဘာလည်လည်
ကျနော်တို့လည်လည် ပြဿနာတော့သိတ်မရှိပါ။ လည်တော့ လည်နေမှဖြစ်ပါမည်။
အလည်ရပ်နေလျှင် သို့မဟုတ် အလည်ရပ်သွားလျှင် ရှုပ်ထွေးမှုတွေများကာ
ကိစ္စတွေရှိလာပါလိမ့်မည်။ ထိုအခါ လူ့ဆရာတွေက ငါတို့ အစောကြီးထဲကမပြောဘူးလား
ကမ္ဘာပျက်မယ်ဆိုတာကိုဟုဆိုက လက်ခမောင်းတွေခတ်ကြပါလိမ့်မည်။ ထိုလူတွေ
နားမထွင်းဖြစ်နေသည်မှာ ကမ္ဘာပျက်လျှင်...
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Thursday, April 13, 2017
ကြက်ဆင်ဒုက္ခ(မျိုးမြင့်ချို)


ဒီမနက် အလုပ်သွားတော့ ကားကို အတော်သတိထားမောင်းရပါသည်။ ခုရာသီသည်
ကြက်ဆင်များ အုပ်လိုက်အုပ်လိုက် ထွက်တတ်သလို ငန်းညိုရိုင်းကြီးများလည်း
မိတ်လိုက်ရန် သားပေါက်ရန်ပြန်လာသည့်ကာလဖြစ်ပါသည်။ သမင်တွေလည်း
အထွက်များပါသည်။ ရက်ခွန်းဆိုသည့် ရှည့်အကြီးလိုလို ဝက်ဝံပေါက်စငယ်လိုလို
မျက်ကွင်းညိုကြီးများနှင့်အကောင်လေးတွေလည်း လမ်းပေါ်အလွန်ထွက်သည့်
သမယဖြစ်ပါသည်။ ဒေါင်းတွေလည်း တွန်ကြတောက်ကြပါပြီ။ ရာသီလေးနွေးစပြုလာသဖြင့်
အကောင်ဗလောင်စုံ တောလည်ကြ မျိုးဆက်ရင်သွေးတွေမွေးမြူ ပေါက်ဖွားရင်း
လောကကိုသစ်ဖို့ အသက်ဆက်ကြဖို့...
ပေါက်စီ ငရုပ်ဆီ(မျိုးမြင့်ချို)


ကက်သားပေါက်စီ ၂ လုံးရှိပါသည်။ အမှန်က ခြောက်လုံးပါ လေးလုံးက
စားလို့ကုန်သဖြင့် ၂ လုံးကြွင်းတာဖြစ်ပါသည်။ ပေါက်စီသည် ငြုပ်ဆီနှင့်စားမှ
အရသာပြည့်ပါသည်။ ဒီက ငြုတ်ဆီတွေသည် အက်ဖ်ဒီအေခေါ် အစားအစာဆေးဝါးဌာနက
မီးစိမ်းပြမှထုတ်ရဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်ပြောရပါမည်။ ဗမာပြည်က
ငြုတ်ဆီသည် သူ့ဟာသူ ကျန်းမာရေးနှင့် ညီညွတ်ညွတ်မညွတ်ညွတ် စားလို့အတော်
ခံတွင်းလိုက်ပါသည်။ ဒန်ပန်းကန်ပြားလေးနှင့် မဟုတ်ဘဲ ထုတ်ထိုးကို
တုတ်နှင့်ဘဲထိုးစားရတာကြိုက်သည့် ဝက်သားတုတ်ထိုးစွဲသူတချို့ဆိုလျှင်
ခြင်းတောင်းဘေးက အချဉ်ရည်ပုလင်းလေးထဲ...
နံနံပင်နိုင်ငံရေး(မျိုးမြင့်ချို)


ကျနော်တို့ နိုင်ငံရေးအကြောင်းပြောကြသည့်အခါ နိုင်ငံရေးဆိုတာ
နိုင်ငံရေးဆိုတာတွေနှင့်စကြပါသည်။ အမှန်က ကျနော်တို့ နိုင်ငံရေးဆိုတာကို
နံနံပင်အကြောင်းလောက်ပင် မသိ၍ဖြစ်နိုင်ပါသည်။
နိုင်ငံရေးဘာမှန်းသိသည့်လူများ အာဏာရပြီး ကျနော်တို့အပေါ်
အစိုးတရလုပ်တော့လည်း ကျနော်တို့ခံရပါသည်။ သို့သော် ကျနော်တို့သည်
အောက်ကလည်းနေသေး ဟာဒီးတော့မလျှော့ဆိုသည့်အထာနှင့် နိုင်ငံရေးဆိုတာ
နိုင်ငံရေးဆိုတာတွေ လုပ်နေကြရပါသည်။ ကံကောင်းလျှင် လုပ်ဖော်ကိုင်ဘက်
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး၏ မျက်စေ့အောက်ရောက် သွားနိုင်သေးသည်။
မျက်စေ့အောက်ရောက်သည်ဆိုသည်မှာ...
ဆေးလိပ်အပြတ်(မျိုးမြင့်ချို)


ကျနော် ဆေးလိပ်ဖြတ်သည့်အကြောင်းများတွင် ကရိကထများလွန်းသည့်ဒဏ်
မခံနိုင်တာပါပါသည်။ ကျနော်လုပ်သည့်အလုပ်တွေမှာ
ရုံးခန်းတွေနှင့်အဆက်အစပ်ဖြစ်ပါသည်။ မည်သည့်ရုံးခန်းထဲတွင်မှ
ဆေးလိပ်သောက်ခွင့်မရှိပါ။ သောက်ချင်လျှင် အပြင်ထွက် အဆောက်အဦးနှင့် ပေ ၂ဝ
အကွာမှာ သောက်ရပါသည်။ ကား ဂရပ်ခ်ျများတွင်လည်း သောက်မရပါ။
ကိုယ့်အိမ်ဆိုပြီးလည်း အိမ်ထဲလည်းသောက်မဖြစ်ပါ။ ဒီကအိမ်တွေသည်
အလုံပိတ်တွေဖြစ်ပါသည်။ ဆေးလိပ်နံ့စွဲသွားလျှင် ပျောက်ဖို့အတော်ခက်ပါသည်။
အိမ်လာလည်သည့် ဧည့်သည်များတွင် ဆေးလိပ်မသောက်သူလူကြီးများ၊ ကလေးငယ်များပါလာလျှင်
...
နွေဦးပေါက်(မျိုးမြင့်ချို)


ကျနော် ချစ်ခင်ရင်းနှီးရသည် မိတ်ဆွေတိုင်းကို ခုလို နွေဦးလေးပေါက်ပလားဆို
အိမ်လာလည်စေချင်ပါသည်။ ထင်းမီးဖြင့် ဖုတ်သောကင်သော
အသားငါးအသီးအရွက်များနှင့် ဧည့်ခံချင်ပါသည်။ ဟို့ ခြံအနောက်က တောစပ်ထဲက
ကေဘင်န်လေးထဲလည်း ရေနံဆီမီးအိမ်လေးတွေနှင့် လူကြီးတွေစာဖတ် ကလေးတွေ
အထပ်ခိုးလေးတက်လိုက်ဆင်းလိုက် နေနေကြတာကို ပျော်ပါသည်။ ငါးတွေလည်း
အစာကြွေးကြပါမည်။ ကြက်ဥတွေလည်း အတူကောက်ကြပါမည်။ ခွေးလေးတွေနှင့်လည်း
ပြေးလွှားကစားကြပါသည်။ မှိုတွေလည်း ပွင့်တော့ပါမည်။ ကညွှတ်တွေတော့
အစို့ထွက်လာနေပါပြီ။ ကြက်သွန်ဖြူတွေလည်း
လက်...
လက်ပံ(မျိုးမြင့်ချို)


ကျနော် ကျောက်ဆည်နေတုန်းက ကျနော်တို့တပ်ကနေ မြင်းလှည်းဖြင့်
တနာရီမရှိတတ်ရှိတတ်မောင်းရသည့်နေရာတွင် လက်ပံဟုခေါ်သော ရွာကြီးရှိပါသည်။
ထိုရွာကြီးတွင် အားလုံးလိုလိုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။
ကျောက်ဆည်နှင့်အနီးမြို့များ၏ အမဲသားလိုအပ်ချက်ကို သူတို့
ဖြည့်ဆည်းပေးနေတာဖြစ်ပါသည်။ ရွာထဲဝင်လိုက်လျှင်ပင် ဖုန့်နံ့ ဆိတ်ချေးနံ့
နွာချေးနံ့များနှင့်သင်းနေပါသည်။ လတ်လတ်ဆတ်ဆတ်ပေါ်ထားသည့်
အမဲသားဝမ်းတွင်းသားကို တောအရက်နှင့် အဆီမခဲခင် ပူပူနွေးနွေးချက်မြည်းကြရင်း
ပျော်ခဲ့ရပါသည်။ တခါတလေ ကျနော်တို့က အာမီရမ်လေးဘာလေးများ...
ကွေ့တယိုသူဌေးမ(မျိုးမြင့်ချို)


ကျနော်
မဲဆောက်နေတုန်းက တနေ့ဈေးထဲသွားရင်း ဂျင်းဘောင်းဘီနှင့် တီရှပ်လေးနှင့်
အသက်သုံးဆယ်ခန့် ကောင်မလေးတယောက်ကို မျက်နှာချင်းဆိုင် ဆုံမိပါသည်။ စိတ်ထဲ
ထူးထူးဆန်းဆန်း ဒီကောင်မလေးဟာ တယောက်ယောက်နဲ့ တူလိုက်တာဟုဖြစ်ပြီး
လွန်သွားမှ နောက်ကနေ ပြန်လှည့်ခေါ်ပြီး ဦးလေးနံမည် ဘယ်သူဘယ်ဝါဟုမိတ်ဆက်ရင်း
နင့်ကို ငါသိတဲ့လူတယောက်ယောက်နဲ့ ရုပ်ခြင်းချွပ်စွပ်တူသလိုထင်မိလို့ပါ။
နင့်အဖေနံမည် ဘယ်သူလဲ၊ ဗမာပြည် ဘယ်နယ်မှာနေကြသလဲဆိုတော့
သူ့အဖေနံမည်ပြောပြပါသည်။ လက်ပံတန်းဘက်ကဖြစ်ပါသည်။
ကျနော်တို့
နိုင်ငံရေးအကျဉ်းသားတွေကို...
Subscribe to:
Posts (Atom)