Wednesday, June 14, 2017

လူများ (၁) မျိုးမြင့်ချို

0 comments
လူများ (၁) ကျနော့်ကို ကျောင်းပြေးတတ်အောင် ပထမဆုံးဆွယ်သူမှာ ပူစူးဖြစ်ပါသည်။ တနေ့သား သူနှင့်ကျနော်ကျောင်းအတူလာရင်း ဟေ့ကောင် ဒီနေ့ ကျောင်းပြေးရအောင်ဟု ဆိုပါသည်။ ကျနော်က ဘာပြန်ဖြေရမှန်းမသိသေးသဖြင့် ပြေးတော့ပြေးကြည့်ချင်တယ်ကွ။ အေးလေပြေးလေကွာဟု မရေမရာ ကျနော်ပြောလိုက်ပါသည်။ ကျနော် ကျောင်းလည်း တခါမှမပြေးဖူးပါ။ ထိုအချိန်တွင် ပြည်အေးကလည်း ကျနော်တို့ရှေ့နားလေးက လျှောက်နေပါသည်။ ဟေ့ကောင် ပြည်အေး ခနခနဆိုတော့ ငါနဲ့ချစ်တူးကျောင်းပြေးမလို့ မင်းလိုက်မလားဟုမေးပါသည်။ ပြည်အေးသည် တချက်တွေသွားပြီး အေးလိုက်မယ်...

ကညွှတ်ကွင်းအိမ်ပြေး (၅)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၅) အဖေ ကဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည် စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာနားတွင် ချပေးပါသည်။ ကျနော်က အမေ အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင် အန်လို့ရအောင်ပေါ့ဟုပြောပါသည်။ ပြီးတော့မှ အမေထမင်းစားဦးမယ် သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့အန်ရင် ထူပေးပြီးကျောကို မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျနော်စားပြီး ဆေးထားသည့်ဇလုံထဲ ထမင်းကြမ်းခဲသုံးလေးခဲထည့်...

မှုံကြီး (မျိုးမြင့်ချို)

0 comments
မှုံကြီးတင်ညွန်ု့သည် ဒုတပ်ကြပ်ဖြစ်ပါသည်။ ဂျုတီ ရှိရှိ မရှိရှိမူးနေတတ်ပါသည်။ ရှေ့တန်းဆိုလည်းကြိုက်သည့်အတန်းပို့ပို့ အေးဆေးသွားပါသည်။ သတ္တိကောင်းသည့် စစ်သားကောင်းတယောက်ဖြစ်ပါသည်။ နောက်တန်းပြန်ရောက်လျင်လည်း တပ်မှူးကစ ဘယ်မအေလိုးမှ လူမထင်သူဖြစ်ပါသည်။ တရက်ကျနော့်ကို ဟေ့ကောင် ငမျိုး ငါ့အခန်းထဲ ညနေကြလာခဲ့ အရက်တလုံးတော့ ဆွဲလာခဲ့ဟု ခေါ်ပါသည်။ ကျနော်တို့လူပျိုရိပ်သာတွင် ခန်းခွဲလေးများမရှိပါ။ သူတို့နေသည် မယ်ဇယ်ပင်ကြီးအောက်က တပ်ကြပ်ကြီးစာရေးတွေနေသည့် အဆောင်တွင် ခန်းခွဲလေးများရှိပါသည်။ သူသည် တပ်ကြပ်ကြီးစာရေး ...

ကညွှတ်ကွင်းအိမ်ပြေး (၄) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၄) ကျနော်လည်း အဖေ့ ကွန်ဘေးတွင်ထိုင်ရင်း ဘာလုပ်ရမှန်းမသိဖြစ်လာပါသည်။ ဗိုက်ကလည်းဆာလာပါသည် ဒါနှင့် အဖေ ကျနော်ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဟုပြောတော့ ဟာ ငါ့သားကြီးရာ စားရမှာပေါ့ ဖေကြီးလုပ်ပေးမယ်ဟုပြောပြီး ဒယီးဒယိုင်နှင့်ထကာ စတီးလ်ဇလုံတလုံးကိုဆွဲကာ ထမင်းအိုးထဲကထမင်းတွေခူးခပ် သူပြောသည့် လယ်ပုဇွန်လုံးချက်တွေကော်ထည့် ကန်စွန်းရွက်ကြော်တွေခပ်ထည့်ပြီး ရော့စားသားကြီး ဖေကြီးငါးပိထောင်း ထောင်းပေးဦးမည်ဟု ယိုင်တီးယိုင်တိုင်နှင့်ပြောပါသည်။ ကြောင်တွေကလည်း တညောင်ညောင်နှင့် တချိန်လုံးအိမ်လုံး...

ကညွှတ်ကွင်းအိမ်ပြေး (၃)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၃) တဲကြီးဆီပြန်ရောက်တော့ ဒေါ်ခ က ကဖိုးထောင် သားကိုဖင်တုံးလုံးပြန်ခေါ်ရသလားဟု ဆူပါသည်။ မိန်းမရာ သူက ခလေးဘဲဟာပြန်ပြောတော့ ဒေါ်ခက ခလေးမဟုတ်ဘူးရှတ်တတ်နေပြီ လူပျိုပေါက်လေ ကဖိုးထောင်ဟု ပြောပြီး ကျနော့်အား လာ သား အဖေ့အဝတ်အစားတွေရှိတယ် အမေလဲပေးမယ်ဟုပြောကာ တဲနောက်ခန်းထဲခေါ်ကာ လဲပေးပါသည်။ ပုဆိုးကွင်းကျယ်ကြီးနှင့် စွပ်ကျယ်လက်စကကြီးနှင့်ဖြစ်ပါသည်။ ကျနော် တခါမှမဝတ်ဖူးသည့် အဝတ်အစားများဖြစ်ပါသည်။ အနံ့တွေ့ကလည်း လူကြီးစော်နံသလိုဖြစ်နေပါသည်။ ဘယ်တုန်းထဲကရထားမှန်းမသိသည့် ဝိုင်အိုလက်ပေါင်ဒါတွေလည်း...

ကညွှတ်ကွင်အိမ်ပြေး (၂) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်အိမ်ပြေး (၂) ကျနော်လည်း ဒေါ်ခနောက်မှ ခတ်ရိုရို့လေးအထဲဝင်လိုက်လာပါသည်။ ကဖိုးထောင် ဒီမှာ အရက်တလုံးဝယ်လာတယ် သားတယောက်လည်း ရလာတယ်ဟုပြောပြီး အရက်ပုလင်းကိုချပေးရင် ကျနော့်ကို မေးနှစ်ချက် ဆတ်ပြပါသည်။ သဘောက သူသင်ထားသလိုအဖေလို့ခေါ်လိုက်ခေါ်လိုက် ဟူသည့်အနက်ပင်ဖြစ်ပါသည်။ ကွန်ကို သဲကြီးမဲကြီးထိုးနေသည့် ဦးဖိုးထောင်က သည်တော့မှ တချက်မော့ကြည့်ပြီး ဟား ငါ့ကောင်က လူချောဘဲ။ နံမည်ဘယ်လိုခေါ်လဲ၊ ဘယ်ကနေဘယ်လို ဒီကိုရောက်လာတာလဲတွေမေးရင်း ကျနော်ဘာမှပြန်မဖြေရသေးခင် မိခရေ ကြောင်အိမ်ထဲမှာ ကြွက်ကြော်ပန်းကန်ရှိတယ်ဟ...

ကညွှတ်ကွင်းအိမ်ပြေး (၁) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၁)ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည် သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှမတော်စပ်ပါ။ သို့သော် ကျနော် အိမ်ပြေးဘဝနှင့် ယောင်လည်လည်ဖြစ်နေချိန်တွင် ဟင်းရွက်ကန်စွန်းဗန်းကြီး ခေါင်းပေါ်တင်ကာ အသီးအရွက်စုံရမယ် အသီးအရွက်စုံရှင့်ဟုအော်ရင်း ကျနော့်နားရောက်လာတော့ ငါ့သားကကျောင်းသားလား ဒီမှာဘာလာလုပ်နေတာလဲဟု မေးပါသည်။ ထိုအချိန်က ကျနော့်လက်ထဲ ပိုက်ဆံငါးမူးလောက်ပဲ ရှိပါတော့သည်။ ဖိနပ်ကလည်း ပြတ်နေပါသည်။...