"တို့ငယ်ငယ်က ဆေးမင်ကြောင် Tatoo ထိုးတယ်ဆိုတာ လူဆိုးလူမိုက်တွေပဲ လုပ်တာလို့ မှတ်ခဲ့ကြတယ်၊ ခုတော့ Tatoo ထိုးတဲ့အပေါ် အမြင်တွေပြောင်းလာကြပြီ၊ ခန္ဓာကိုယ်ကိုအလှဆင်တဲ့အနုပညာ Body Art အဖြစ် လက်ခံလာကြပြီ၊ တက္ကသိုလ်တွေမှာလည်း အနုပညာအတန်းတွေရှိပြီး အဲ့အထဲမှ တချို့က Body Art ကိုပါ အနုပညာအဖြစ်ထည့်ပြီးသင်လာကြပြီလေ၊ ငါ နားပေါက် သွားဖောက်တဲ့ဆိုင်က Tatoo Artist ဆိုရင် Saint Francis University က ဘွဲ့ရလေ"ဟု ဇနီးသည်က ဆိုသည်။ကျွန်တော်က ဗမာ့ဓလေ့မှာ ယောက်ျားတွေ...
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
က်ေနာ္စာသင္ေနတာပါ
Blog Archive
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Tuesday, October 25, 2022
Saturday, October 15, 2022
ခုမရှိတော့ပြီဖြစ်တဲ့ လူတန်းစားတရပ်


ခုမရှိတော့ပြီဖြစ်တဲ့ လူတန်းစားတရပ်ရေးသူ- လူထုဒေါ်အမာဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်တုန်းက ကျွန်မတို့ မန္တလေးမှာ လူ့အလွှာတလွှာ ရှိခဲ့ပါတယ်။ သူတို့က မြန်မာဘုရင်များရဲ့ အနွယ်တော် မင်းဆွေစိုးမျိုးတွေနဲ့ မင်းမှုထမ်း ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးများရဲ့ အဆက်အနွယ် များပါ။ ဟိုတုန်းကတော့ သူတို့က တခြားသူများနဲ့ သိပ်ရောရောနှောနှော မရှိလှဘူး။ မရှိပုံက ဒီလိုပါ။ ကျွန်မက ၁၂၇၇- ခု တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်မှာ မွေးသူဆိုပါတော့။ ပါတော်မူပြီး နှစ်ပေါင်း (၃၀) တိတိ အကြာမှာ မွေးတဲ့ ဆင်းရဲသား သားသမီးပါ။ ဒါပေမယ့် ကျွန်မ...
Friday, October 14, 2022
အမေရိကန်ကိုဘယ်လိုတွေး


အောက်တိုဘာ ၆ ရက်နေ့၌ သမ္မတဂျိုးဘိုင်ဒန်က ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် အကျဉ်းချခံထားရသူများအား အပြစ်မှလွတ်ငြိမ်းခွင့်ပြုလိုက်၏။ ထို့ကြောင့် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့်ထောင်ကျနေသူ ထောင်ပေါင်းများစွာ လွတ်လာကြမည်ဖြစ်၏။ သူသမ္မတဖြစ်လျှင် “ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ လျှော့ချပေးမည်၊ ဆေးခြောက် လက်ဝယ်တွေ့ ရှိ၍ပြစ်ဒဏ်ချခြင်းကို သက်သာစေရမည်”ဟု ရွေးကောက်ပွဲကတိတွေပေးခဲ့၏။ ယခု သမ္မတ၏ကြေညာချက်သည် ထိုကတိများဖြည့်ဆည်းပေးရန်ရှေ့ရှုခြင်းနှင့် ဆေးခြောက်တရားဝင်မှုပြုရေးအတွက် ဗွေဆော်ဦးခြေလှမ်းဖြစ်သည်ဟု ဆိုကြ၏။...
SCO နဲ့ တရုတ်


The Shanghai Cooperation Organization (SCO) ခေါ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဟာ အစိုးရတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၀၁ ခု ဇွန် ၁၅ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျီစတန်၊ ရုရှ၊ ပါကစ္စတန်၊ တာဂျီကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ဖြစ်ကြပြီး၊ လေ့လာသူလည်းဖြစ်သလို အဖွဲ့ဝင်ဖြစ်ဖို့လည်း စိတ်ဝင်စားနေကြတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘဲလားရုစ်၊ အီရန်နဲ့မွန်ဂိုးလီယားတို့ ဖြစ်ကြပါတယ်။ SCO ရဲ့ ဆွေးနွေးဖော်မိတ်ဘက်နိုင်ငံတွေကတော့...
Mid-Term နဲ့ထရမ့်ရဲ့ကံကြမ္မာ


နိုဝင်ဘာ ၈ ရက်နေ့မှာ House of Representatives ခေါ်တဲ့ အောက်လွှတ်တော်အတွက် Mid-Term Election သက်တမ်းလည် ရွေးကောက်ပွဲရှိပါတယ်။ ကြိုတင်မဲပေးတဲ့သူတွေ ပေးနေကြပါပြီ။ လက်ရှိမှာက အထက်အောက် လွှတ်တော်နှစ်ရပ်လုံးကို ဒီမိုကရက်တွေကစီးထားတာပါ။ ဒါ့ကြောင့် အစိုးရနဲ့လွှတ်တော် ပလဲနံပသင့်ပြီး ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ဖြစ်နေတာပါ။ ဒါတောင် ရေနံထုတ်လုပ်တင်ပို့သူများအဖွဲ့ OPEC ကိုဦးဆောင်တဲ့ ဆော်ဒီအာရေးဗျက ရေနံအထုတ်လျှော့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဆော်ဒီကို ဒဏ်ခတ်ရေးမှာ ဒီမိုကရက်အမတ်တွေနဲ့...
Thursday, October 6, 2022
“Blockchain ဟာ တရုတ်ပြည်ရဲ့စွမ်းအင်စီမံကိန်းတွေမှာ အရေးပါလာပါပြီ”


“Blockchain ဟာ တရုတ်ပြည်ရဲ့စွမ်းအင်စီမံကိန်းတွေမှာ အရေးပါလာပါပြီ” ဒီကနေ့ခေတ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကလူတချို့ဟာ နိုင်ငံတော်ဗဟိုဘဏ်တွေက ငွေကြေးပေါ်လစီတွေချမှတ်တာ၊ အစိုးရတွေကဘဏ္ဏာရေးမူဝါဒတွေရေးဆွဲတာ စီမံခန့်ခွဲတာ ထိန်းချုပ်တာတွေကို ငြီးငွေ့စိတ်ပျက်စပြုလာကြပါတယ်။ အဲ့ဒီအခါ သူတို့ဟာ ဗဟိုဘဏ်တွေ အစိုးရတွေနဲ့လွတ်တဲ့ ငွေကြေးစနစ်တခုကို စဉ်းစားကြံဆလာကြရင်း Cryptocurrency ကို ဖန်တီးလိုက်ကြပါတယ်။ ဒီ ခရိုက်ပ်တိုကာရင်စီခေါ်တဲ့ ဒစ်ဂျစ်တယ်လ်ငွေကြေးဟာ အစိုးရ ဒါမှမဟုတ် ဗဟိုဘဏ်ဆိုတဲ့...
Subscribe to:
Posts (Atom)