Friday, September 25, 2020

သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက် ရေးသူ - ဒဂုန်တာရာ

0 comments
သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက် ရေးသူ - ဒဂုန်တာရာလူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်း လက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။ ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို...

Monday, September 21, 2020

ရွေးကောက်ပွဲဆိုတာကြီးလာပြန်ပြီ (ရဲဘော်ဖိုးသံချောင်း)

0 comments
ရွေးကောက်ပွဲဆိုတာကြီးလာပြန်ပြီ (ရဲဘော်ဖိုးသံချောင်း)လူ့သမိုင်းမှာလူသားတွေတဦးချင်းနေထိုင်လှုပ်ရှားရာကနေ အစုအစည်းလိုက် (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) နေထိုင်လာတဲ့အချိန်ကစပြီး အများစုမဲနဲ့ဆုံးဖြတ်ချက်တွေချတယ်ဆိုတဲ့အစဉ်အလာ ထွန်းကားခဲ့တယ်ဆိုရင်မမှားဘူးထင်ပါတယ်။ ကိုယ့်အမဲလိုက်ဖက်တွေအကြားမှာ ဘယ်လမ်းလိုက်မလဲ ဆုံးဖြတ်တာမျိုးကနေ ကိုယ့်အမျိုးစုထဲမှာဘယ်သူ့ကိုခေါင်းဆောင်တင်မယ်ဆုံးဖြတ်တာ၊ ရွာလူကြီး၊ ဘာသာရေးခေါင်းဆောင်စတာတွေရွေးချယ်တာအထိ မဲပေးဆုံးဖြတ်တဲ့အစဉ်အလာဟာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလိုကနေ ပဒေသရာဇ်စနစ်ကနေ...

Sunday, September 20, 2020

စတာလင်(အောင်ဇံ)

0 comments
စာရေးဆရာ အောင်ဇံက အိန်ဂျယ်၊ လီနင်၊ ချူအင်လိုင်း၊ တိန်ရှောက်ဖိန်၊ မော် တို့အကြောင်းရေးသားပြီးနောက် မကြာမီမှာပင် စတာလင် ကို ပြုစုထုတ်ဝေရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ထိုသို့ပြင်ဆင်ဆဲ အချိန်မှာပင် စတာလင် နှစ်(139-140) ပြည့်အထိမ်းအမှတ်ကို ရောက်ရှိနေခြင်းကြောင့် စတာလင်အကြောင်း တစိတ်တပိုင်းကို ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။#စတာလင်(ေအာင္ဇံ)စတာလင် မွေးနေ့ကို တချိန်က ၁၈၇၈-ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ဟုရေးကြသည်။ ၁၈၇၉-ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့ဟု အချို့ကရေးကြသည်။မည်သို့ဆိုစေ စတာလင်၏အသက်မှာ ၁၃၉-နှစ်(သို့မဟုတ်) ၁၄၀ နှစ်မြောက်မွေးနေ့သို့...