Friday, July 24, 2009

မပြီးသေးတဲ့ပွဲ

0 comments
The Battle’s Not Over ________________________________________ By NIC DUNLOP FEBRUARY, 2009 - VOLUME 17 NO.1 ________________________________________ E-MAIL PRINT TEXT SIZE Scarred and disillusioned—A Burmese Army vet continues to fight on a different front IN June 2008, 46-year-old Myo Myint walked through the gates of Umpiem refugee camp on the Thai-Burmese border, travelled to Bangkok airport and boarded an aircraft for the first time in his life, for a journey of 19,000 km (12,000 miles)...

မရှုံးခြင်းနှင့် မနိုင်ခြင်း

0 comments
“မရှုံးခြင်းနှင့် မနိုင်ခြင်း” ကျနော့် နားလည်ထားချက်အရ အကျဉ်းထောင်၊ တရားရုံး၊ ရဲနှင့် စစ်တပ်ဆိုသည်မှာ အုပ်ချူပ်သူများ၏ လူထုဖိနှိပ်ရေး ကိရိယာများသာ ဖြစ်ပါသည်။ ထိုတရားသည် မည်သည့်နိုင်ငံများတွင်မှား၍ မည်သည့်နိုင်ငံများတွင်မှန်သည်ကို တပ်အပ် မပြောနိုင်သော်လည်း ဗမာပြည်တွင် မှန်ပါသည်။ ကျနော် မှန်သည်ထင်၍ ပုန်ကန်သည်။ ထို့ေုကာင့် ကျနော် သူပုန်ဖြစ်သည်။ သူပုန်တိုင်း မင်းမျက်သင့်၏။ မင်းဒဏ်ရှ၏။ ကျနော်လည်း သင့်၏။ ရှ၏။ လည်မျိုပေါ်တုတ်တိုမရောက်ခြင်းနှင့် ရေတွင်အဖျောက် မခံရခြင်းအတွက် “ဘုရားသခင်”နှင့် “ကံ” ကို ...

Tuesday, June 16, 2009

သူလိုကိုယ်လိုကောင်

0 comments
“သူလိုကိုယ်လိုကောင်” ဘဝမှာ ပြောစရာ များများစားစားမရှိပါဘူး သူလိုကိုယ်လို ထောင်လေးဘာလေးကျဖူးတယ် သူလိုကိုယ်လို တော်လှန်ရေး ဘာညာပြောတယ် သူလိုကိုယ်လို လက်မထောင်တယ် သူလိုကိုယ်လို နိမ့်ရာကို လှံစိုက်တယ် သူလိုကိုယ်လို ဟင်းဖတ်လည်း ပါပါပေးတယ် သူလိုကိုယ်လို ပါးလည်းပြောင်တယ် သူလိုကိုယ်လို ပျော့ညံ့တယ် ပျော့ပျောင်းတယ် သူလိုကိုယ်လို တည်ငြိမ်တယ် တွေဝေတယ် သူလိုကိုယ်လို ကာလာမသုတ္တံနဲ့ ဝိဘဇ္ဇဝါဒကိုကိုက်တယ် သူလိုကိုယ်လို ဥခွံဟောင်းနဲ့ ကလီရှေးကို နှစ်ခြိုက်တယ် သူလိုကိုယ်လို ပိယေဟ ဝိပယောဂေါ ဒုက္ခော သူလိုကိုယ်လို အပိယေဟိ...

Sunday, May 31, 2009

“ပျံသန်းနိုင်စွမ်းတောင်ပံများနှင့်နှင်းဖြူဇီးကွက်” (မျိုးမြင့်ချို)

0 comments
မည်သူဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲကတေး” သီချင်းသံလွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်ကနဲရပ်သွား၏။ သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံကြား အတွေးများ စုန်ချီဆန်ချီ။ သည်အခြေအနေသည် တိုက်ဆိုင်မှုတစ်ရပ် သာ ဖြစ်သည်ဆိုလျင်လည်း အတော်ထူးခြားသည့် တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။ စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန်ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ”ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာစကားတွင်...

လော့ခ်ကျသွားတဲ့မနက်ခင်း

0 comments
ဒုက္ခသည်စခန်းက တဲကလေးကို ခွဲခွာချိန်တံခါးအပိတ်မှာ ပြန်လှည့် မကြည့်ဖြစ်အောင် သတိထားပြီးလက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ် သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုး သယ်ဆောင်ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါး တချပ်တော့ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများ စွာအနက် သည်ဒုက္ခသည့်ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည် မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန် ကြောင်း ယခုသိလာရပြီ။ ကျနော် အရှေ့သို့လားရင်း အနောက်သို့စုန်ခဲ့ပါသည်။ တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့...

Friday, April 17, 2009

အဆာမပြေတဲ့သူရဲ့ အစာမကြေမှု--

0 comments
ကျနော်လည်း အခုဆို အိုးနဲ့အိမ်နဲ့။ ဝင်ထွက်သွားလာလုပ်လို့ရပြီလေ။ ဧည့်သည့်ဟာဧည့်သည်မို့ လာလည်ချင်တဲ့အခါ တံခါးမရှိဓါးမရှိပါ။ ပြန်ချင်တဲ့အခါလည်း ဖုတ်ဖက်လေးခါပြီး ပြန်ရုံပေါ့နော်။ အညစ်အကြေး ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ရသလေးတွေ ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ကျနော့်အလိုကတော့ဗျာ We must take things as they are ပါဘဲ။ ဘယ်သူဖြစ်ဖြစ်ပါ အချိန်တန်ရင်တော့ ပြဋ္ဌာန်းခံတွေ ဟုတ်ဟုတ်/မဟုတ်ဟုတ် ဘဝကပြဋ္ဌာန်းပေးလိုက်တဲ့အသိတွေနဲ့ဘဲ လက်ကျန်အချိန်လေးတွေကို စီးဆင်းရတာပါ။ ကျနော်လည်း မဟာလူသားမဟုတ်လေတော့ကာ...

အဆာမပြေပုံများ

1 comments
အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် အမြစ်ကနေ လှန်သစ်မယ် ဆိုပြီး ဘာ..ရမက်ပေါ်မှာမှ ဘဝကို မစိုက်ပျိုးတာ မိုက်တွင်းနက်မှု...တဲ့ ကျနော့် ငွေတွင်းလည်း ဘယ်တုန်းကမှ မတိမ်ခဲ့ပါဘူးလေ.. “ဖခင်ကြီးဆိုသူက “စိတ်နဲ့ တောင် မပြစ်မှားနဲ့ ” တဲ့ ကျနော်က ကံသုံးပါးလုံးနဲ့  မှောက်မှားပြီး “သော့အိမ်”မှာ ပိတောက် ၁၅ ကြိမ်အပွင့်ခံတယ်.. တခုတော့ရှိတယ် ငြိမ်းချမ်းချင်ရုံလေးနဲ့  စစ်ထွက်ခဲ့တာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး.. တခုတော့ရှိတယ် အဆိုးထဲမှာ အကောင်းရှာမလား ဆိုတော့လည်း မဟုတ်ပြန်ဘူး.. ဒီတုန်းက မစားရဝခမန်း မနက်ဖြန်တွေ ခုလို သဲရှပ်ပုံနဲ...

Thursday, April 16, 2009

အရင်လို---

0 comments
လူထက်တော့ ဘာမှပိုမလျော့သေးဘူး။ မှားတုန်း မှန်တုန်း။ ကောင်းတုန်း ဆိုးတုန်း။ ညံ့တုန်း တော်တုန်း။ ဖြူစင်တုန်း ယုတ်ညံ့တုန်း။ မိုက်မဲတုန်း လိမ်မာတုန်း။ ဖြောင့်စင်းတုန်း ကွေ့ကောက်တုန်း။ အောက်တန်းကျတုန်း အထက်တန်းရောက်တုန်း။ ကြင်နာတုန်း ရက်စက်တုန်း။ မုဒိတာပွားတုန်း မဈေရိယထားတုန်း။ ချစ်တုန်း မုန်းတုန်း။ ခက်တာက-- ခုထိ.. ပျော့ညံ့တာနဲ့ ပျော့ပျောင်းတာကို... တွေဝေတာနဲ့ တည်ငြိမ်တာကို ခွဲပြီးမသိတဲ့ကောင်... မျိုးမြင့်ခ...