Sunday, December 15, 2019

(Phase One မှာ ဒါတွေပါပါတယ်)

0 comments
(Phase One မှာ ဒါတွေပါပါတယ်)
၁ဝရက်နေ့က တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှု ပထမအဆင့်သဘောတူညီချက် Phase One သဘောတူညီချက်ရသွားပြီး နှစ်ဘက်သမ္မတများ အတည်ပြုလက်မှတ်ထိုးဖို့ရှိလာပြီ ဆိုသည့်သတင်းများကြောင် ကမ္ဘာကြီး သက်ပြင်း နည်းနည်းချနိုင်သွားပါသည်။ ကုမ္ပဏီကြီး/ငယ်တချို့ အသက်ရှူနည်းနည်းချောင်လာပါသည်။ သဘောတူညီချက်များကို ယေဘုယျပြောရင် အမေရိကန်က နှစ်စဉ် သူ့ လယ်ယာထွက်ကုန် ၅ဝ ဘီလီယံဖိုး တရုတ်ကိုဝယ်စေချင်၏။ တရုတ်က ၄ဝ ဘီလီယံဖိုးအထိဝယ်ယူမည်ဟုဆိုပါသည်။ အမေရိကန်ဘက်ကတောင်းဆိုနေသည့် ညာဏပစ္စည်းပိုင်ဆိုင်မှု အပြည့်အဝထိန်းချုပ်ပေးရေးကို တရုတ်က အစွမ်းကုန်ထိန်းသိမ်းပေးမည်ဟု ဆိုပါသည်။ အမေရိကန်က တရုတ်ဘဏ္ဏာရေးဈေးကွက် အစွမ်းကုန်ဖွင့်ပေးရေးနှင့် အစိုးရ၏ငွေကြေးထိန်းချုပ်ရေးပေါ်လစီများကို ပယ်ဖျက်ပေးရေးကို တရုတ်ဘက်က ဘဏ္ဏာရေးဈေးကွက်ကို ကျယ်ကျယ်ဖွင့်ပေးပြီး ငွေကြေးပေါ်လစီများတွင် အစိုးရ၏ ပါဝင်ထိန်းချုပ်မှုများကို တတ်နိုင်သမျှ လျော့ပေါ့ပေးမည်ဟုဆိုပါသည်။
အမေရိကန်က တရုတ်သွင်းကုန် ၃၆ဝ ဘီလီယံဖိုးအပေါ်တွင် ကုန်သွယ်ခွန်စည်းကြပ်နေတာရှိပါသည်။ ယင်းကုန်သွယ်ခွန်စည်းကြပ်ပြီးသားများအပေါ် နောက်ထပ် ၁၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဦးမည်ဟု အကျပ်ကိုင်ထားတာ ရှိပါသည်။ ယခု သဘောတူညီချက်ကရ ထို ၁၅ ရာခိုင်နှုန်းထပ်မံစည်းကြပ်ဦးမည့် ၃၆ဝ ဘီလီယံဖိုးသွင်းကုန်တွေထဲမှာ တဝက်အပေါ်မှာသာ ထပ်မံစည်းကြပ်တော့မည်ဟုဆိုပါသည်။ ထို့ကြောင့် တရုတ်သွင်းကုန် ၁၅၆ ဘီလီယံဖိုးအပေါ်တွင် ကုန်ထပ်တိုးခွန် ၁၅ ရာခိုင်နှုန်းစည်းကြပ်တော့မည်ဖြစ်ပါသည်။ သဘောက ထပ်တိုးကုန်သွယ်ခွန်စည်းကြပ်မှုကို ၅ဝ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးမည့်သဘော ဖြစ်ပါသည်။
ထိုမီးစိမ်းပြမှုကြောင့် တရုတ်ငွေတန်ဖိုးတက်လာခဲ့သလို ၂ ဘက်စလုံးဘဏ္ဏာရေးပေါ်လစိများ ပြန်ချိန်ညှိကြပါသည်။ အကောင်းဘက်သို့ဦးတည်ပြီး လိုတိုးပိုလျှော့ ချိန်ညှိကြခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် အာရှရှိစတော့ရှယ်ယာဈေးကွက်လည်း သတင်းကောင်းဖြင့်ဖွင့်ကာ ရှယ်ယာဈေးများ အတက်ဘက် မြားဦးပြန်လှည့်လာပါသည်။
မျိုးမြင့်ချို
ဒီဇင္ဘာ၊ ၁၄၊ ၂၀၁၉

(နွားကျောင်းသားစကား ပြောတာပါ)

0 comments
(နွားကျောင်းသားစကား ပြောတာပါ)
ကျနော်က အမေရိကန်-တရုတ်ကုန်သွယ်စစ်လိုဟာနဲ့ တခြား စီးပွားရေးကိစ္စတွေ ရေးတဲ့အခါ ကျနော်ဖတ်ပြီး နားလည်တဲ့အတိုင်းပြန်ပြောပြတာဖြစ်ပါတယ်။ တချို့ဟာတွေက ကျနော် ဖတ်သာသွားတာ နားမလည်တာတွေလည်း များပါတယ်။
ပညာရပ်ဆန်တဲ့စကားလုံးတွေ ပညာရှင်တွေသာသိနိုင်မယ့် ဝေါဟာရတွေကိုလည်း ကျနော် တီးမိခေါက်မိမရှိပါဘူး။ ကျနော် တပုဒ်လုံးဖတ်ကြည့်တယ်။ ပြီးတော့ ကျနော် ဘယ်လောက်နားလည်သလဲကို ကိုယ့်ဘာသာပြန်ဆန်းစစ်ကြည့်တယ်။ ဆန်းစစ်ကြည့်ပြီးတော့ ကျနော် နားလည်သလောက်ကို ပြန်ပြောပြတဲ့သဘောပါပဲ။ ေယဘုယျသဘော ဖြစ်ပျက်နေတာတွေကို အရပ်သားနားလည်အောင် ယေဘုယျပြန်ပြောတဲ့သဘောပါ။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီကိစ္စတွေကို အရပ်သားနားလည်ပဲ လည်တာကြောင့်ပါ။
တခါတလေ တချို့ဆောင်းပါးတွေ သတင်းတွေ(ဘဏ္ဏာရေးကိစ္စ၊ ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စလိုဟာတွေ)ကျနော် ဖတ်သာဖတ်လိုက်ပါတယ် နားသာထောင်လိုက်ပါတယ် ကြည့်သာကြည့်လိုက်ပါတယ် ဘာပြောတာမှန်းကို မသိလိုက်ပါ။ ဒါပေမယ့် ကြိုးစားပြီး အချက်အလက်လေးတွေ မှတ်တော့ထားလိုက်ပါတယ်။ နောက်တော့ နောက် တနေရာ နှစ်နေရာမှာ အဲ့ဒါနဲ့ဆက်စပ်တဲ့ အခြားသတင်းတွေတွေ့တဲ့အခါ သြော် ဟိုဟာက ဒါကိုပြောတာကိုးလို့ ပြန်သဘောပေါက်ယူရပါတယ်။
ဒါတောင် အစုံအစုံကို သိသွားနားလည်သွား သဘောပေါက်သွားတာမဟုတ်ပါဘူး။ နောက်ပြီး ပေါက်ပုံပေါက်နည်း နားလည်ပုံလည်နည်းကလည်း အရပ်သားနားလည် လည်သွားတာမျိုးပါ။ အဲ့ဒီ ကျနော် နားလည်လိုက်တဲ့ဟာကို ပြန်စာစီပြီးရေးတော့ အရပ်သားအတွေးအခြေခံကနေ ရေးတာပါ။ ဒါ့ကြောင့် ကျနော်က ဒီ့လောက်ကြီးကျယ် နက်နဲ့ ရှုပ်ထွေးလှတဲ့ကိစ္စကြီးတွေကို ပေါ့ပေါ့လျှံလျှံပြောသလို ရေးသလိုများဖြစ်နေခဲ့ရင် အဲ့သလိုလေသံပေါက်နေခဲ့ရင် ခွင့်လွှတ်ပါခင်ဗျား။
စာတိုတိုလေးရေးပြီး ဖတ်ရန်အညွှန်းဆိုပြီး ဒါမှမဟုတ် ကိုးကားဆိုပြီး သတင်းလင့်ခ်တွေဘာတွေ မတင်ပေးရတာကလည်း မျက်စေ့နောက်ကြမှာစိုးလို့ပါ။ နောက်ပြီး ကျနော် ပြောနေရေးနေတဲ့ အဲ့ဒီကိစ္စကြီးတွေအကြောင်းကိုလည်း ဘယ်ပညာရှင်ကမှ ဖတ်မှာမဟုတ်ဘဲ ကျနော့်လို သူလို ငါလို အရပ်သားတွေဘဲ ဖတ်ကြမှာထင်လို့ပါခင်ဗျ။
ဟိုမိတ်ဆွေ(အမည်တော့ မပြောတော့ပါ)ပြောသလို ခင်ဗျားဟာက အဘိဓမ္မာကို နွားကျောင်းသားပြော ပြောနေတာဆိုလည်း မှားမယ်တော့မထင်ပါဘူး။ ဘာ့ကြောင့်ဆိုတော့ ကျနော်က နွားကျောင်းရင်း တရားနာရတာမဟုတ်လား။ ဆင်စွယ်ရဲတိုက်ပေါ်ကနေ ကျမ်းကြီးကျမ်းခိုင်တွေ လေ့လာဆည်းပူးခဲ့ရသူမှ မဟုတ်တာကိုး။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၄၊ ၂ဝ၁၉

Saturday, December 14, 2019

(မသိုးထမင်း မသိုးဟင်းကိစ္စ)

0 comments
(မသိုးထမင်း မသိုးဟင်းကိစ္စ)
အပြင်ထွက် နေ့လည်စာစားချိန်မှတပါး ကျနော်တို့ ၂ ယောက်လုံး မနေ့က တနေကုန် အိမ်တွင်ရှိနေ၏။ ဇနီးသည်က တနေကုန်လိုလို ခရစ္စမတ်စ်သစ်ပင် မီးဆင်ခြင်း အလှပစ္စည်းလေးများချိတ်ရင်း၊ မုန့်အချိုများ ဖုတ်ရင်း ကင်ရင်းနှင့်အချိန်ကုန်၏။ ကျနော်က တချက်တချက် နည်းနည်းပါးပါး လက်တိုလက်တောင်း ကူရုံမှလွဲ၍ တနေကုန်လိုလို စာဖတ်ဖြစ်၏။ ညီပုလေး၏ဝတ္ထုတိုပေါင်းချုပ်ကြီးကို တတိတိဖြိုနေသည်မှာ ကုန်လုကုန်ခင်။ မသိုးထမင်းမသိုးဟင်း ဝတ္ထုတိုလေးတွင် ဖွားအေးဖြစ်သူ ဒေါ်မယ်ဝန်က ချွေးမကမှမွေးသည့် မြေးဦးလေး မောင်ဇော်ဝိတ်ကို ကွယ်လွန်သွားရှာခဲ့ပြီဖြစ်သော ခင်ပွန်းသည် ဦးထွန်းအေး ဝင်စားသူဟုယုံကြည်နေ၏။ ဝတ္ထုတွင် ဒေါ်မယ်ဝန့်အတွက် မြေးဦးမို့ သာမန်ရူးတာထက် ခင်ပွန်းသည်ဦးထွန်းအေးလူဝင်စားလေးဆိုကာ သည်းသည်းလှုပ်နေပုံကို စာရေးဆရာက အကွက်ကျကျ ထိထိမိမိဖော်ပြသွား၏။ ကျနော်က သည်ဝတ္ထုတိုကို အရင် စံပယ်ဖြူမှာကတည်းက ဖတ်ဖူးသော်လည်း ဝါးတားတားဖြစ်နေလေပြီ။ ခုပြန်ဖတ်တော့မှ လုံးစေ့ပတ်စေ့ ဖတ်ဖြစ်၏။ ပြန်နှစ်သက်ရ၏။
ထိုဝတ္ထု၏တနေရာတွင် လူဝင်စားကလေးငယ်အား အဖတ်စာ စခွံ့သည့်အချိန် စစားတတ်သည့်အချိန်တွင် ကြက်ဥကျွေးမိပါက ကလေး စကားပြောတတ်သည့်အချိန်တွင် အရင်ဘဝအကြောင်းတွေ ပြန်မပြောတတ်မှာစိုးနေသော ဒေါ်မယ့်ဝန့် ကြည့်ပြီး ချစ်စိတ်ဖြင့်သနားမိ၏။ သမီး ကလေးကို ပဲအိုးကပ်လေးနဲ့ ထမင်းပျော့ပျော့ကလေး ဆီဆမ်းဆားဖြူးပြီး ခွံ့ပါကွယ်၊ ကြက်ဥတော့ မကျွေးနဲ့၊ ကလေး ဝမ်းပုပ်နေပါ့မယ်၊ ကြက်ဥက ချုပ်လည်း ချုပ်တတ်တယ် ဆိုသည့် စကားတခွန်းဖြင့် ဒေါ်မယ်ဝန် အကဲပိုနေပုံကို စာရေးဆရာက ဖော်ပြ၏။ မနေ့ကတော့ တခြားဝတ္ထုတိုတွေလိုက်ဖတ်ရင်း မျက်စေ့ခနနားရင်း ဖေ့စ်ဘွတ်ခ်တက်တော့ ဇနီးကအနားလာထိုင်ကာ ဝတ္ထုတိုပေါင်းချုပ်အထူကြီးကို မနိုင်ရင်ကာဖြစ်လေဟန်မပြလျှက် အားပါးပါးဟု ရယ်သံစွက်ကာ ဒါကြီး နင်ဖတ်နေတာ ၂ ပတ် ၃ ပတ်လောက်ရှိနေပြီ မပြီးသေးဘူးလားဟုပြောကာ ဟိုလှန်သည်လှန် လှန်၏။ တိုက်တိုက်ဆိုင်ဆိုင် သူလှန်ရင်း မသိုးမထင်းမသိုးဟင်းစာမျက်နှာအစကို လှန်မိ၏။ သူနားလည်သလို စာလုံးပေါင်း အသံထွက်ဖတ်ရင်း မသိုးမထင်းမသိုးဟင်းဆိုတာ ဘာလဲဟုမေး၏။ သူနားလည်အောင် အချိန်အတော်ကြီးယူ၍ရှင်းပြရတော့ လူလည်း ခေါင်းနည်းနည်းကိုက်ချင်လာ၏။
သူက ထိုမျှနှင့်မပြီး သည်ဝတ္ထုတိုအကြောင်း ပြောပြပါလားဆိုတော့ အတိုချုပ် ပြောပြရ၏။ နားထောင်နေရင်း ကြက်ဥကျွေးရင် အရင်ဘဝကအကြောင်းတွေ ပြန်မပြောမှာစိုးနေသည့် ဒေါ်မယ်ဝန့်ကိစ္စရောက်လာတော့ သူက ကျနော့်စကားကိုဖြတ်ကာ လူဝင်စားဆိုတာ Reincarnation ကိုပြောတာလားဟုမေး၏။ အင်း...အဲ့သဘောပေါ့ကွာဟု ကျနော့် မရေမရာအဖြေကို သိတ်ခံတွင်းတွေ့ပုံတော့မရ။ ဒီတော့ သူ့ ရီအင်ကာနေရှင်းဇာတ်လမ်းကို သူ့ဘာသာဆက်ရင်း ဒလိုင်လားမားတွေရော ပန်ချင်လားမားတွေရော တိဗက်ခွဲထွက်ရေးတွေရော နိုဘယ်လ်ဆုတွေရော ဒေါ်အောင်ဆန်းစုကြည်တွေရော The Hague တွေရော ICJ တွေပါ တသီတတတန်းကြီး ပါလာ၏။ ဒေါ်အောင်ဆန်းစုကြည်က လင်သေသားပစ် အိမ်ချုပ်တွေကျခံပြီး နိုင်ငံရေးလုပ်ခဲ့တာ့ ICJ မှာသွား အမှုရင်ဆိုင်ရဖို့ ဖြစ်နေသလိုကြီးပဲနော်ဟုပြောရင်း သက်ပြင်း ယဲ့ယဲ့ချ၏။
ကျနော်က လူဝင်စားကြက်ဥကျွေးခြင်းကိစ္စကို မျက်ခြေပြတ်သွားမစိုးသဖြင့် အစပြန်ဖော် ကောက်ကြောင်းပြန်ချပေးတော့မှ နင်ရော အဲ့ဒါယုံလားဟု မေး၏။ ဘယ်ဟာယုံတာလဲဆိုတော့ ကြက်ဥကျွေးရင် အရင်ဘဝကဟာတွေ ပြန်မပြောတော့ဘူးဆိုတာလေဟု စိတ်မရှည့်လေသံနှင့် ပြော၏။ နင့်ဟာက အဆင့်ကျော်မေးနေသလို ဖြစ်မနေဘူးလား၊ အရင် မေးရမှာက လူဝင်စားယုံတယ်မယုံဘူး၊ ပြီး ယုံတယ်ဆိုမှ ကြက်ဥကျွေးရင် မေ့သွားတတ်တယ် အဲ့သလိုလာရမှာလေဆိုတော့ ဆောရီး ငါလောသွားတယ်ဆိုကာ နင် လူဝင်စားဆိုတာယုံလားဟု ပြန်ပြင်မေး၏။ မယုံဘူးဆိုတော့ ပွဲပြတ်သွား၏။ ကြက်ဥအထိ ဆက် တက်မလာတော့။ စာရေးဆရာကရော ယုံတယ်နင်ထင်လားဟု မေးပြန်၏။ အေး သူ တို့အိမ်လာတုန်းကရော သူများအိမ်သွားတွေ့တုန်းကရော နင်လည်း တချိန်လုံးရှိနေတာပဲ၊ အဲ့အချိန်က ငါလည်း ဒီဝတ္ထုအကြောင်း မတွေးမိဘူး၊ တွေးမိတောင် ဒီ လူဝင်စားကိစ္စက မေးဖြစ်ပါ့မလားမသိဘူးဟုဆိုတော့ အေးနော်၊ ဒါပေမယ့် ကိုနီပုလေးက ခင်စရာကောင်းတယ် ပြုံးပြံုး ပြံုးပြံုးနဲ့နေတာ သဘောကျဖို့ကောင်းတယ်၊ ပြီးတော့ အရွယ်လည်း တင်တယ်၊ နင်လည်း သူ့လို စာတွေအများကြီးရေးနိုင်အောင် လုပ်ပေါ့၊ ပြီးတော့...အင်း ဟုဆိုကာပြောနေရင်း ခနတချက်ရပ်သွား၏။
ကျနော်က ဘာပြီးတော့လဲလဲဟ၊ နင့်ဟာက စကားလည်း မဆုံးဘူးဆိုတော့မှ နင် သူ့မေးကြည့်ပါလား၊ သူ လူဝင်စားယုံလား မယုံဘူးလားဆိုတာဟု ပြုံးစစပြော၏။ အေး ငါမေးကြည့်မယ်ဆိုတော့ သူပြောတာ ငါ့ပြန်ပြောပြနော်ဟုပြောရင်း သူ့ မုန့်ဖုတ်လက်စတွေဆီပြန်သွား၏။
ကျနော့်စာ ဤတွင်ဆုံး၏။ အကိုညို(ညီပုလေး)အားမေးရန်သာ ကျန်တော့၏။ သူက ညီပုလေးကို ညီပုလေးဟု ဗမာသံပီပီ မထွက်တတ်။ ထို့ကြောင့် နီပုလေးဖြစ်နေ၏။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၄၊ ၂ဝ၁၉ ။

ဘောင်းဘီဝတ်မိုးတိမ် မာယာကော့ဖ်စကီး

0 comments
ဘောင်းဘီဝတ်မိုးတိမ်
မာယာကော့ဖ်စကီး

(စကားချီး)
အဆီပြန်ဆိုဖာပေါ် ဝဝြပဲပြဲ လက်ပါးစေလို
နူးညံ့ပျော့အိ ဦးနှောက်ထက်မှာ အိပ်မက်မက်နေတဲ့
ခင်ဗျားတို့ရဲ့ စိတ်ကူးကို
သွေးစွန်းတဲ့ နှလုံးသားရဲ့ အဝတ်စုတ်နဲ့ လှောင်ပြောင်လိုက်
မထီလေးစား စပ်ပူစပ်လောင်
ဝလန်အောင် သရော်လိုက်မယ်။
ကျုပ်ဝိညာဉ်မှာ ဆံဖြူတစ်ပင် မရှိဘူး
အဘိုးအိုဆန်တဲ့ နူးညံ့ သိမ်မွေ့မှုမျိုး ဝေလာဝေး၊
ခွန်အားပြည့်ဝတဲ့ အသံနဲ့ လောကကို ထစ်ချုန်းလို့
ကျုပ်သွားနေတယ်၊
လူချော လူလှ နှစ်ဆယ့်နှစ်နှစ်သားကလေး။
လူသိမ်လူမွေ့တို့ . . .
ခင်ဗျားတို့က ချစ်ခြင်းမေတ္တာကို
တယောပေါ် တင်ကြတယ်။
အရိုင်းအစိုင်းတို့ကတော့ မေတ္တာကို
ဗုံပေါ် တင်ကြရဲ့။
ဒါပေမယ့် ထူထဲထဲ နှုတ်ခမ်းတွေချည်း ဖြစ်သွားအောင်
ကျုပ်လို ပြောင်းပြန် လှန်ပစ်ဖို့တော့
တတ်နိုင်မယ် မဟုတ်ဘူး။
ပိုးဖဲထည်လွှမ်း ဧည့်ခန်းထဲက
ပညာယူဖို့ ထွက်လာခဲ့ကြ။
နတ်မျိုးနွယ်ဂိုဏ်းဝင် ဗျူရိုကရက် ကိုလူချောတို့။
ထမင်းချက်ဟာ ချက်ပြုတ်နည်းစာအုပ်စာမျက်နှာတွေ လှန်သလို
နှုတ်ခမ်းတွေကို ငြိမ်ဆိတ်ဆိတ် လှန်လှောတတ်သူတို့။
ဆန္ဒရှိကြရင် ဒေါသမာန်ထန်ပြင်းတဲ့ သွေးနဲ့သားနဲ့ ဖြစ်ပြမယ်။
ပြီး ကောင်းကင်လို အသံပြောင်းလို့မို့
ဆန္ဒရှိကြရင် ပြောစရာမရှိအောင် နူးညံ့ပြလိုက်မယ်။
ယောင်္ကျားမဟုတ်-ဘောင်းဘီဝတ် မိုးတိမ်ရယ်လို့။
ပန်းဝေဝေနဲ့ နိစ္စရှိတယ်လို့ ကျုပ်မယုံဘူး
တစ်ခါထပ်ပြီး ကျုပ် ဟိမဝန္တာ ချီးကျူးခန်း ဖွင့်လိုက်ဦးမယ်
ဆေးရုံလို လျောင်းစက်နေကြတဲ့ ယောင်္ကျားတွေကို
စကားပုံလို ဟောင်းမြင်းနေတဲ့ မိန်းမတွေကို။

(၁)
ဒါ ငှက်ဖျားငန်းဖမ်း ဇာတ်လို့များ ထင်ကြသလား။
ဒါ ဖြစ်ခဲ့တယ်။
ဩဒိဆာမှာ ဖြစ်ခဲ့တယ်။
[လေးနာရီမှာ လာခဲ့မယ်]တဲ့ မာရီယာက။
ရှစ်
ကိုး
တစ်ဆယ်။
ညနေခင်းလည်း ညရဲ့ ကြောက်ဖွယ်မှုဆီ
ပြတင်းပေါက်က ထွက်ပြေးပေါ့၊
မှိုင်းညို့၊
ဒီဇင်ဘာပြီးလို့။
အိုမင်းမစွမ်း ကျောပြင်နောက်မှာ
ဟားတိုက် ရယ်မောရစ်ကြပြီ။
ဖယောင်းတိုင်တွေ။
ကျုပ်ကို အခု မှတ်မိနိုင်ကြမယ် မဟုတ်ဘူး
အကြောပြိုင်းပြိုင်း အစုအပုံကြီး။
ညည်းညည်းညူညူ
တွန့်တွန့်လိမ်လိမ်နဲ့
ဘာများ ဒီအသားတုံးက လိုချင်ပါလိမ့်။
အသားတုံးကလဲ အများကြီး လိုချင်ပေရဲ့။
ငါ့အဖို့ အရေးမကြီးပါဘူး
ငါ့ကိုယ်ငါဟာ ကြေးဝါနဲ့ လုပ်ထားတာ၊
နှလုံးသားဟာလဲ အေးစက်စက်သံထည် ဖြစ်နေနေ။
ညမှာ ကိုယ့်အသံက
ပုန်းချင်ရဲ့ နူးညံ့ရာမှာ၊
မိန်းမ ဆန်ရာမှာ။
ဒီလိုနဲ့ ခု
အစုအပုံကြီး
ပြတင်းပေါက်မှာ ခါးကုန်းကုန်း၊
ပြတင်းမှန်မှာ နဖူးနဲ့လူ လာနေပေါ့။
ချစ်ခြင်းမေတ္တာ ရမယ်လား၊ မရဘူးလား။
ဘယ်လိုမျိုးလဲ အကြီး
ကြီးလား သေးသေးမွှားမွှားလေးလား။
ဒီလို ကိုယ်ခန္ဓာမျိုးမှာ ဘယ်ကြီးကြီးမားမား ရမလဲ။
သေးသေးမွှားမွှားပဲ ဖြစ်မှာပေါ့။
နုံချာချာ အချစ်ပေါက်စလေး နေမှာပါပဲ
သူက မော်တော်ကားဟွန်းသံကို လန့်တတ်တယ်။
မြင်းချူသံကိုမှ ချစ်သတဲ့။
ဆက်လို့ဆက်လို့သာ
မျက်နှာကို မိုးရဲ့ ကျောက်ပေါက်မာမျက်နှာထဲ မြှုပ်ရင်း၊
စောင့်နေမိတယ်၊
မွို့တျာဒီလှိုငျးရဲ့ အောျသံရဲ့ အပကျခံရငျး။
ဓားကို မြှောက်ချီလို့ သန်းခေါင်လိုက်မီလာပေါ့၊
ခုတ်ထစ်ချေပေါ့-
ဟိုမှာ သူ။
တစ်ဆယ့်နှစ်နာရီ ကျလာပေါ့၊
စဉ်းနှီးတုံးပေါ်က မင်းပြစ်ဒဏ်ခံရဲ့ ဦးခေါင်းလို။
မှန်ချပ်တွေပေါ် မဲပြာပြာ မိုးစက် မိုးပေါက်များ
အော်မြည်ကြွေးနေကြ၊
မဲ့ရွဲ့ရွဲ့မျက်နှာထားတွေ စုပုံလို့ ထားကြ
ပါရီက မယ်တော်မြတ် ဘုရားကျောင်းမှာ
ဘီလူးရုပ်တွေ အူနေကြသလိုပ။
သောက်ကျိုးနဲ။
ဘယ့်နှယ်၊ ဒီလောက်နဲ့ မတော်သေးဘူးလား။
မကြာခင် ကွေးကွေးလေး နှုတ်ခမ်းက ရွဲ့လာခဲ့။
ကြားရတယ်..
တိုးတိတ်တိတ်
လူမမာ ခုတင်ပေါ်က
နာဗ်ကြော ခုန်ထလေပေါ့။
ပြီးတော့
ပထမ မရွေ့သလိုလို
ရွေ့သလိုလို
နောက်တော့ ထပြေးလေရဲ့
စိတ်စက် လှုပ်ရှားလို့၊
တဒုတ်ဒုတ် မြည်လို့။
ခုတော့ သူရယ် အသက်နှစ်ခုရယ်၊
အရူးအမူး ထကြွခုန်ပေါက်ကြပေါ့။
အောက်ထပ်မှာ အင်္ဂတေ ပြိုကျလေပေါ့။
နာဗ်ကြောတွေ
အကြီးကြီးတွေ
အသေးလေးတွေ
အများကြီးပဲ
အရူးအမူး ခုန်ကြပေါက်ကြ၊
ခုတော့
နာဗ်ကြောရဲ့ ခြေတွေ ပုံလဲကျကုန်တော့တယ်။
အခန်းထဲမှာ ညဟာ စေးပျစ်စေးပျစ်လို့ လာတော့တယ်။
ရွံ့စေးထဲက လေးလံတဲ့ မျက်လုံးကို ဆွဲနှုတ်လို့ မရဘူး။
တံခါးတွေ ဗြုန်းဆို သွားချင်းကြိတ်ကြ
တကတည်း ဟိုတယ်မှာ သွားချင်သွား ထိမရသလိုပဲ။
မင်းဝင်လာတယ်
[ကိုင်း-ရော့]ဆိုသလို ဗြုန်းစားဟန်မျိုး၊
ဆိတ်ရေလက်အိတ်လေးတွေ နှိပ်စက်ရင်း ပြောပြတယ်
[သိပလား
ကျွန်မ လက်ထပ်တော့မယ်]တဲ့။
ဒီလိုလား၊ လုပ်ပေါ့လေ။
ကိစ္စမရှိပါဘူး။
စိတ်တင်းပါ့မယ်။
ကြည့်လေ-တည်ငြိမ်နေပုံများ။
လူသေကောင်ရဲ့
သွေးခုန်ပုံမျိုးပ။
မှတ်မိသေးလား။
မင်း ပြောခဲ့တာတွေ
[ဂျက်လန်ဒန်၊
ငွေ၊
အချစ်၊
ရမ္မက်]တဲ့
ငါ တစ်ခုပဲ မြင်မိတယ်
မင်းဟာ ဂျီယကောန်ဒါ၊
ခိုးယူမှ ရမယ့် သူပဲ။
ခိုးယူသွားကြပြီပေါ့။
တစ်ခါ ချစ်စိတ်မွှန်လို့ ကစားဖက် လိုက်ဦးတော့မယ်။
မျက်ခုံးကွေးတွေ မီးလျှံနဲ့ ဝင်းလက်လို့ပေါ့။
ဒီတော့ကော။
မီးလောင်ပျက်ယွင်း အိမ်ထဲမှာ
တစ်ခါတလေ အိုးမဲ့ အိမ်မဲ့ တေလေတို့ နေကြသပ။
ပြောင်လှောင်ကြတယ်လား။
[သူတောင်းစားရဲ့ ပြားစေ့ထက်တောင်
မင်းရူးသွပ်မှုရဲ့ မြတွေက အဖိုးနည်းလေရဲ့]တဲ့။
မှတ်မိကြရဲ့လား။
ဗဲဆုဗိယုစ်ကို ပြောင်လှောင်ကြတဲ့အခါ
ပေါမ်ပဲယီ ပျက်သုန်းခဲ့ရတာကော။
ဗျိုး။
အမျိုးကောင်းသားတို့။
သာသနာထိပါးမှု၊
ရာဇဝတ်မှု၊
သတ်ဖြတ်မှုတွေကို မြတ်နိုးသူကြီးတို့
ကြောက်စရာ အကောင်းဆုံးကို မြင်ဖူးကြရဲ့လား
ကျုပ်
လုံးလုံးလျားလျား ငြိမ်ဆိတ်နေတဲ့အခါ
ကျုပ်မျက်နှာလေ။
ထင်ပါတယ်လေ
[ကျုပ်]ဆိုတာ
ကျုပ်အဖို့ သေးငယ်ပါတယ်။
တစ်စုံတစ်ဦး ကျုပ်အထဲက ချိုးနှိမ်မရ
ထွက်လာလိမ့်မဗျ
ဟယ်လို။
ဘယ်သူစကား ပြောနေပါလဲ။
မမေလေား။
မေမေ။
မေမေ သားတော့ လှလှပပ ဖျားပေါ့။
မေမေ။
သူ့နှလုံးသားကို မီးလောင်နေပြီ။
ညီမလေး ယျူဒ်နဲ့ အော်လျာကို ပြောလိုက်ပါ..
သူလွတ်လမ်း မမြင်တော့ဘူးလို့။
စကားလုံးတိုင်းဟာ
ပြက်လုံးတောင်မှပဲပေါ့
ပူလောင်ကျွမ်းနေတဲ့ ပါးစပ်က
သူ အန်ထုတ်လိုက်သမို့
ထိုးထွက်လာလိုက်တာ ဝတ်လစ်စလစ် ပြည့်တန်ဆာမ
မီးလောင်နေတဲ့ နတ်နန်းထဲက ပြေးထွက်လာသလိုပ။
လူတွေ အနံ့ခံနေကြတယ်..
ညှော်စော်နံသဟ။
ဘယ်သူတွေမှန်း မသိရောက်လို့လာ
ပြောင်ပြောင်လက်လက်ပဲ။
ဘွတ်ဖိနပ်တွေနဲ့ မရဘူး။
မိးသတ်သမားတွေကို ပြောလိုက်ပ..
မီးလောင်နေတဲ့ နှလုံးသားပေါ် အနမ်းနဲ့
တက်ရတယ်လို့
ကျုပ်ဘာသာပဲ လုပ်မယ်။
မျက်ရည်ရွှဲ မျက်လုံးတွေကို
စည်ပိုင်းတွေနဲ့ စုပ်ယူမယ်။
နံရိုးတွေပေါ် မှီထားပါရစေ။
ခုန်လိုက်မယ်။ ခုန်လိုက်မယ်။ ခုန်လိုက်မယ်။
ခုန်လိုက်မယ်။
ပြိုကျကုန်ပြီ။
နှလုံးထဲက ခုန်ထွက်မရပါလား။
လောင်ကျွမ်းနေတဲ့ မျက်နှာပေါ်မှာ
အက်နေတဲ့ နှုတ်ခမ်းကနေ
မီးသွေးဖြစ်နေတဲ့ အနမ်းကလေး
ထွက်ပြူလာလေရဲ့။
မေမေ
ကျုပ်တေးမသီနိုင်တော့ဘူး
နှလုံးသားရဲ့ ဘုရားကျောင်းထဲ တေးအဖွဲ့
မီးစွဲလောင်ခဲ့။
မီးလောင်နေတဲ့ အဆောက်အဦးထဲက
ကလေးများနှယ်
ဦးခေါင်းခွံထဲက
မီးသင့်စကားလုံးနဲ့ ကိန်းဂဏန်း အရုပ်များ။
အဲသလိုနဲ့ ကြောက်ရွံ့စိတ်ဟာ
ကောင်းကင်ကို လှမ်းကိုင်ဖို့
မြှောက်ချီခဲ့သပ
[လူဇီတာနီယာ]ရဲ့ လောင်ကျွမ်းနေတဲ့ လက်များ။
အိမ်ခန်း ဆိတ်ငြိမ်မှုထဲမှာ
လူတွေ တုန်တုန်ရီရီ
မျက်လုံးတစ်ရာ အလင်းဆိပ်ကမ်းကနေ
ဆုတ်ဖြဲနေပေါ့။
နောက်ဆုံးအော်သံတို့
ယုတ်စွအဆုံး အသင်
ငါ မီးလောင်ခဲ့ကြောင်း ရာစုနှစ်အဆက်ဆက်
အော်ရစ်တော့။
(၂)
ကျုပ်ကို ထောပနာကြ
ကျုပ်နဲ့ ပုဂ္ဂိုလ်ကြီးတွေ အတွဲ မဟုတ်ဘူး။
ကျုပ်က လုပ်ဆောင်ပြီးသမျှအပေါ်
[ငူ]ရေးထည့်တဲ့သူ။
ဘယ်တုန်းကမှ
ဘာကိုမှ မဖတ်ချင်ဘူး
ဘာလုပ်ဖို့လဲ စာအုပ်တွေ။
ကျုပ် အရင်က ထင်ခဲ့ဖူးတယ်။
စာအုပ်တွေကို ဒီလို လုပ်တာလို့
ကဗျာဆရာ ရောက်လာ၊
ခပ်ပေါ့ပေါ့နှုတ်ခမ်းဟ၊
ပြီး ဗြုန်းဆို ဈာန်ဝင်လာ ငတုံးဟာ တေးစသီသမို့
ဟောဒီမှာပါ ခင်ဗျ။
ဒီလိုနဲ့၊ တွေ့ရတာကတော့
ဘေးစတင်မသီခင်မှာ၊
အချဉ်ပေါက်မှုကြောင့် အသားမာထရင်း၊
အကြာကြီး လာသွား။
ပြီး နှလုံးရဲ့ ရွှံ့ညွန်ထဲမှာ ငြိမ်ဆိတ်လူးလိမ့်လေပေါ့
စိတ်ကူးရဲ့ ရူးမိုက်မိုက် ဗော်ဘလာငါး။
အချစ်တွေ နိုင်တင်ဂေးလ်တွေနဲ့ ဟင်းချိုတစ်မျိုး
ကာရန်တွေနဲ့ ခြစ်ယူကာ ကျိုချက်ကြစဉ်၊
လမ်းမကြီး လျှာမဲ့မဲ့ လိမ်တွန့်နေတော့သကိုး..
အော်ဟစ်စရာ၊ စကားပြောစရာ ဘာမှ မရှိဘဲသာ၊
မြို့တွေရဲ့ ဗာဗိလုန် မျှော်စင်ကြီးတွေ၊
မာန်ဝင့်ကာ တည်ဆောက်ကြပြန်တယ်၊
ဒါပေမယ့် ဘုရားက
မြို့တွေကို လယ်ဖြစ်အောင်
ဖြိုပစ်သမို့
စကား ရှုပ်ထွေးရတယ်။
လမ်းမ နာကျင်သမို့ အသံတိတ်
ပျို့တက်လာပေါ့၊
လည်ချောင်းထဲမှာ အော်သံ မတ်မတ်ရပ်လာပ၊
လည်မှာ ကန့်လန့်အစ်ကာ၊
ထောင်ထလာချေပေါ့။
ဝဖိုင့်ဖိုင့် အထောင် နဲ့ အရိုးငေါငေါ မြင်းလှည်းတွေ။
ရင်အုံပေါ် ခြေကျင်လျှောက်ကြပြီ။
အဆုတ်နာထက် ဆိုးရဲ့။
မြို့က လမ်းမကို အမှောင်နဲ့ ပိတ်ပေါ့။
ဒါပေမယ့်..
ဒါတောင်မှ
လည်ချောင်းကို ဖိစီးနေတဲ့ တံခါး မုခ်ကိုတွန်းဖယ်ပြီး၊
ကြိတ်ကြိတ်တိုးသဟာကို ပန်းခြံထက် အန်ထုတ်လိုက်တဲ့အခါ၊
ထင်ရတယ်..
တမန်တော် သံပြိုင်အဖွဲ့ သံပြိုင်ဟစ်ခိုက်၊
ဘုရားသခင် အလုခံရသမို့၊
အပြစ်ဒဏ်ခတ်ဖို့ ကြွလို့လာ။
ဒါပေမယ့် လမ်းမ ထိုင်ချပြီး အော်ပါလေရော..
[မျိုကြရအောင်]တဲ့။
ကရုပ်တို့ ကရုပ်ကီတို့ မြို့ကို ချယ်သကြတယ်။
မျက်မှောင်ကုပ်ကာ ခြိမ်းခြောက်ကြရဲ့။
ပါးစပ်ထဲမတော့
သေဆဲစကားလုံးတို့ အလောင်းများ ပုပ်သိုးပြီ၊
နှစ်လုံးပဲရှင်တယ် ဝလို့..
(သေနာကောင်)
ပြီးတော့ နောက် တစ်လုံးက
ထင်ရတာပဲ [ဘောရရှ]တဲ့။
ကဗျာဆရာတို့၊
မျက်ရည်တွေ၊ အငိုအရှိုက်တွေ စိုရွဲကာ၊
လမ်းမထဲက ထွက်ပြေးလာကြ၊
လည်ဆံမွေးတွေ ဖွာလို့၊
ဘယ့်နှယ် စကားနှစ်လုံးနဲ့ ဒီလို တေးသီနိုင်ပါ့မလဲ
လုံမပျိုရယ်၊
အချစ်ရယ်၊
[ဆီးနှင်းအောက်က ပန်းပွင့်လေးရယ်]လို့။
ကဗျာဆရာတွေရဲ့ နောက်ကတော့
လမ်းပေါ်သား အထောင်ထောင်..
ကျောင်းသားတွေ၊
ပြည့်တန်ဆာမတွေ၊
ကန်ထရိုက်တာတွေ။
လူကြီးမင်းတို့
ရပ်တန့်ကြပါဘိ။
ခင်ဗျားတို့ သူတောင်းစား မဟုတ်ဘူး။
ပေးစာကမ်းစာ မတောင်းရဲကြပါနဲ့လေ။
ကျုပ်တို့ သန်စွမ်းသူတွေ
ယူဇနာခြေလှမ်းတွေနဲ့လေ။
နားထောင်စရာမလို ဆွဲဖျက်ပစ်ရမယ် သူတို့ကို။
သူတို့ကို
နှစ်ယောက်အိပ် ခုတင်တိုင်းမှာ
အခမဲ့တွဲပိုအဖြစ် တွယ်ကပ်နေသူတွေ။
သူတို့ကို အောက်ကျို့ပြီး တောင်းရမလား၊
(ငါ့ကိုကယ်ပါ)လို့။
ဓမ္မတေးတွေ
ဂီတသံစဉ်တွေ တောင်းခံရမယ်လား။
ငါတို့ ကိုယ်တိုင်က
မီးဟုန်းဟုန်းတေးတွေ ဖန်ဆင်းနေသူတွေ၊
စက်ရုံတွေ၊ ဓာတ်ခွဲခန်းတွေရဲ့ ပွက်လောထသံများ။
ငါ့အဖို့ ဖော်စ်တုစ် ဘာလုပ်ဖို့လဲ။
ကောင်းကင်ရဲ့ ကွက်ရိုက်ကြမ်းမှာ
မဲဖိစတောဖဲလဲစ်နဲ့ လွင့်မျောနေတဲ့ နတ်ဒေဝါဒုံးပျံမျှ။
ငါသိတယ်..
ငါ့ဘွတ်ဖိနပ်က သံမှိုက
ဂည်ထယ်ရဲ့ စိတ်ကူးယဉ်ထက်
ထမင်းလုံးတစ္ဆေ ဆန်သေးသပ။
ငါ၊
ရွှေနှုတ်တော်ရှင်၊
စကားလုံးတိုင်းက
ဝိညာဉ်ကို အသစ်မွေးဖွား၊
ကိုယ်ကို ပိုင်ခွင့်ပေးသူက
ပြောလိုက်ပါရဲ့သက်ရှိ
သတ္တဝါရဲ့ အသေးဆုံးမြူမှုန်ဟာ
ငါ လုပ်နေတာ၊ လုပ်ခဲ့တာ အားလုံးထက်
တန်ဖိုးရှိတယ်။
နားထောင်ကြ။
ဟောကြားနေလေပေါ့။
တုန်ရီ၊ မြည်တမ်းကာ
ကနေ့ခေတ်ရဲ့ ဆူညံနှုတ်အာရှင် ဇာရာသူစတာ။
ငါတို့ဟာ
တက်အိပ်ထားတဲ့ အိပ်ရာခင်းလို မျက်နှာတွေနဲ့၊
မီးပဒေသာလို ချိတ်ဆွဲထားတဲ့ နှုတ်ခမ်းတွေနဲ့၊
ငါတို့ဟာ
ရွှေနဲ့ အညစ်အကြေးက နူနာကို ပေါက်ဖွားလာစေတဲ့
မြို့တော်အနူရုံတွေက အကျဉ်းသားတွေ..
ငါတို့ဟာ ဗင်းနစ်မြို့အပြာရောင်ထက် သန့်စင်ရဲ့။
ပင်လယ်တွေ၊ နေတွေက တစ်ခါတည်း
ဆေးကြော ပစ်နေသလေ။
ဟိုမားတို့၊ ဩဗဲဒတို့မှာ
ကျောက်ပေါက်ခွက်ကျပ်ခိုးနဲ့
ကျုပ်ဆိုလို့ လူမျိုးတွေ
မရှိဘူး၊ မမှုပါဘူး။
ကျုပ်သိတယ်..
ကျုပ်တို့ဝိညာဉ်ရဲ့ ရွှေတွင်းတွေကိုသာ
မြင်ရရင်၊ နေ မှောင်သွားမယ်။
အကြောတို့ ကြွက်သားတို့က သူတောင်းစားထက်
သစ္စာရှိတယ်။
ငါတို့ခေတ်ရဲ့ အသနားကို တောင်းခံကြမတဲ့လား။
ငါတို့..
လူတိုင်း..
ကမ္ဘာကြီးရဲ့ စက်လည်ကြိုးတွေကို
တို့လက်ငါးချောင်းနဲ့ ကိုင်လို့ထား။
ဒါနဲ့ပဲ ထရောဂရာဒ်၊ မော်စကို၊ ဩဒဲဆာ၊ ကိယဲဗ်
ခန်းမဆောင် ဂေါလသာလတော့
ငါ့တွေပေါ် တက်ခဲ့ရတာပါပဲ။
ကားစင်တင်ကြ၊
[သူ့ကို ကားစင်တင်ကြ]လို့
မအော်တဲ့သူ
တစ်ဦးတစ်လေမှ မရှိခဲ့ဘူး။
ဒါပေမယ့် ကျုပ်အဖို့တော့
လူတွေ၊
နာကြည်းအောင်လုပ်သူတွေ
ခင်ဗျားတို့ ကျုပ်အချစ်ဆုံး၊
အနီးဆုံးတွေပဲပေါ့။
မြင်ဖူးကြတယ် မဟုတ်လား၊
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျက်နေတာလေ။
ငါဟာ
ရှည်လျား၊ ရုန့်ရင်းတဲ့ ဟာသပုံပြင်လို
ကနေ့ခေတ်လူမျိုးစုရဲ့
အရယ်အမောခံနေရတဲ့ ငါဟာ
အချိန်ရဲ့ တောင်တန်းတွေ ဖြတ်ပြီးလာနေတာကို
ဘယ်သူမှ မမြင်တာကို မြင်ပြီ။
လူတွေရဲ့ မျက်စိများ တိုနံ့နံ့
ပြတ်တောင်းနေကြရာ၊
ငတ်ပြတ်နေတဲ့ လူအုပ်ကြီးရဲ့ ရှေ့ဦးဆီ၊
တော်လှန်ရေးရဲ့ ဆူးသရဖူကို ဆောင်းတဲ့ကာ
ဆယ့်ခြောက်ခုနှစ် ချဉ်းလို့လာနေပြီ။
ကျုပ်က ခင်ဗျားတို့ထဲမှာ သူရဲ့ ရှေ့တော်ပြေး။
ကျုပ်က နာကျင်မှု ရှိလေရာတိုင်းမှာပေါ့။
မျက်ရည်တစ်စက်စက် ယိုစိမ့်လေရာရာ
ကိုယ့်ကိုကိုယ် ကားစင်တင်ခဲ့ပေါ့။
ဘာကိုမှ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။
နူးညံ့ခြင်း ပေါက်ပွားရာ ဝိညာဉ်တို့ကို
ကျုပ်မီးရှို့ပစ်ခဲ့။
ဒါဟာ ဘာစတယ် အသိန်းအသန်းကို
သိမ်းပိုက်ရတာထက် ခဲခက်ရဲ့။
အဲဒီအခါ
သူရောက်လာတဲ့အခါ၊
ပုန်ကန်မှု ကြေငြာလို့လေ၊
ကယ်တင်ရှင်ဆီ ထွက်သွားချေကြ။
ခင်ဗျားတို့ကို ကျုပ်လေ
ဝိညာဉ်ကို ဆွဲထုတ်
ကြီးလာအောင်
နင်းချေ
သွေးအစွန်းစွန်းနဲ့ ပေးလိုက်မယ်၊ အလံအဖြစ်လေ။

(၃)
အလို၊ ဘာကြောင့်လဲ ဒါ၊
ဘယ်ဆီကလဲ ဒါ၊
ဝင်းပပရွှင်မြူးရာ၊
ညစ်ပေပေလက်သီးတို့ ခြိမ်းခြောက်လာခဲ့။
ရောက်လို့လာ၊
အရူးထောင်တို့ရဲ့ စိတ်ကူးက
ခေါင်းကို စိတ်ပျက်ခြင်းနဲ့ ကန့်လန့်ကာ ချလိုက်ရဲ့။
ပြီး
လက်နက်သင်္ဘောအပျက်ထဲကနေ
ပွန်းပိတ်အကြောဆွဲမှုတွေနဲ့
ဟနေတဲ့ ထွက်ပေါက်ဆီ ပြေးထွက်လာကြသလို
မိမိရဲ့
အော်ငိုရအောင် စုတ်ပြတ်နေတဲ့ မျက်လုံးထဲကနေ
ထွက်လာပေါ့။ ရူးသွပ်သွားသူ။ ဘူရလျက်။
မျက်ရည်စိုရွှဲ မျက်ခမ်းတွေ သွေးစွန်းလုနီး
တက်လာ၊
ရပ်လာ၊
ရောက်လာ
ပြီး ဝတုတ်ပြဲလူမျိုးမှာ မမျှော်လင့်မိတဲ့ နူးညံ့မှုနဲ့
ထုတ်လို့ ပြောတော့တယ်
[ကောင်းဗျာ]တဲ့။
ကောင်းဗျာ၊ စပ်စုကြည့်၊ ကြည့်ကြစဉ်
အင်္ကျီဝါဝါထဲ ဝိညာဉ်ကို ထွေးထားရတဲ့အခါ။
ကောင်းဗျာ၊
ကြိုးစရဲ့ သွားတွေထဲ ပစ်ထည့်လိုက်စဉ်။
[ဗန်ကူတင်ရဲ့
ကိုကိုးကို သောက်ပါ]အော်ရတဲ့အခါ။
ဘင်္ဂလားမီးရှူးလို
ကျယ်ကျယ်လောင်လောင်
အဲဒီစက္ကန့်ကိုတော့၊
ငါ ဘာနဲ့မှ လဲလိမ့်မယ် မဟုတ်ဘူး
ငါ ဘာနဲ့မှ-
ဒါပေမယ့် ဆေးလိပ်မီးခိုးထဲကနေ
အရက်ဖန်ခွက်လို၊
အရက်ပြည့်ဝနေတဲ့ ဆဲဗဲရယာနင်ရဲ့ မျက်နှာ
ဆန့်ထွက်လာသပ။
ဘယ့်နှယ် ခင်ဗျား ကိုယ့်ကိုကိုယ်
ကဗျာဆရာ ခေါ်ရဲရတာလဲ။
မွဲပြာပြာနဲ့ ငုံးလို တကြော်ကြော် အော်ရတာလဲ။
ဒီနေ့
လိုနေတာက
သံလက်သီးနဲ့
ကမ္ဘာ့ဦးခေါင်းခွံကို ရိုက်ခွဲပစ်ဖို့ပဲ။
ခင်ဗျားဟာ
အတွေးတစ်ခုနဲ့ပဲ စိုးရိမ်နေသေး-
ကျွန်တော် ကတာ ယဉ်ရဲ့လားတဲ့။
ကြည့်စမ်း၊ ဘယ်လိုပျော်မွေ့နေရသလဲ။
ငါ့ပန်းခြံဘေး
လူပွဲစားနဲ့ ဖဲသုံးချပ်သမား။
ချစ်စိတ်မွှန်ကာ စိုစိုရွှဲနေတဲ့
ခင်ဗျားဆီက၊
ကျုပ် ခွဲခွာတော့မယ်၊
နေကို မျက်လုံးတစ်ဘက်တပ်မှန်အဖြစ်
ကျယ်ဝန်းပြန့်ကားတဲ့ မျက်လုံးမှာ တပ်မယ်။
မယုံနိုင်အောင် ကိုယ့်ကိုကိုယ် သလိုမို့၊
မြေပြင်တလွှား လျှောက်သွားမယ်၊
ကျေနပ်ဖို့၊ နေလောင်ဖို့
ရှေ့မှာတော့
သံကြိုးလေးနဲ့ ခွေးပုလေးလို နပိုကျံကို
ခေါ်သွားလို့။
ကမ္ဘာမြေ တစ်ခုလုံး မိန်းမလို
ပက်လက်လှဲပေးတယ်၊
အသားစိုင် မရိုးမရွ လိုက်လျောမယ့် ဟန်ပန်နဲ့၊
အရာတို့ အသက်ပြန်ရှင်လာကြ
နှုတ်ခမ်းတို့ ဟီးလေးခို
မပီကလာပြောကြ
[စာစာ၊ စာစာ၊ စာစာ]တဲ့
ဗြုန်းဆို
မိုးသားတွေ
မိုးတိမ် စတာတွေဟာ
မယုံနိုင်ဖွယ် အလူးအလိမ့်နဲ့ ကောင်းကင်မှာ
တက်လာကြ၊
ကောင်းကင်ကို ဒေါမာန်ပြင်း သပိတ်သံကြေငြာကာ၊
အလုပ်သမား ဖြူဖြူဖွေးတွေ ပြိုကွဲလာကြသလိုပ။
မိုးတိမ်နောက်ဆီက မိုးချုန်းသံ
ရိုင်းပြပြထွက်လာ၊
ဧရာမနှာခေါင်းကြီး နှာချီလိုက် အားပါးတရ၊
ကောင်းကင်ရဲ့ မျက်နှာ တစ်စက္ကန့်အတွင်း မဲ့ရွဲ့သွား၊
သံမဏိတစ်မာ့က်ရဲ့ ခက်ထန်တဲ့ မျက်နှာရှုံ့တွ။
ပြီး တစ်စုံတစ်ယောက်
မိုးတိမ်လမ်းတွေထဲ ရှုပ်ပွေငြိရာက
ကဖေးဆီ လက်တွေဆန့်ထုတ်လိုက်ရဲ့။
မိန်းမဟန်လိုလို၊
နူးညံ့ညင်သာသလိုလို၊
အမြောက်တင်ရထားလိုနဲ့။
မင်းတို့ ထင်နေသလား။
ဒါ နေက ယုယုယယ
ကဖေးရဲ့ ပါးပေါ် ဆော့ကစား နေတာလို့ပဲ။
ဒါ ပုန်ကန်သူတွေကို သေနတ်နဲ့ ပစ်သတ်ဦးမယ်လို့
ဗိုလ်ချုပ်ကြီး ဂါလီဖေးလာနေတာဟဲ့။
လမ်းလျှောက်လာသူတို့၊ ဘောင်းဘီထဲက
လက်ထုတ်ကြ။
ကျောက်တုံး၊ ဓား၊ ဒါမှမဟုတ် ဗုံးယူခဲ့ကြစမ်း။
လက်မရှိတဲ့လူ ဆိုခဲ့ရင်လည်း
လာ နဖူးနဲ့ တိုက်လှည့်ကြစမ်း..
လာကြ၊ ငတ်ပြတ်နေကြသူတို့၊
ချွေးရွှဲသူတို့၊
ကျိုးနွံရသူတို့၊
သန်းထူတဲ့ အညစ်အကြေးထဲ အချဉ်ပေါက်နေသူတို့။
လာကြ။
တနင်္လာနေ့တွေ၊ အင်္ဂါနေ့တွေ
ပွဲနေ့ဖြစ်အောင် သွေးနဲ့ ခြယ်စို့လေ။
ဓားတို့ရဲ့ အောက်မှာ ကမ္ဘာမြေကို သတိရပစေ၊
ဘယ်သူ့ကို
အောက်တန်းကျစေချင်တာလဲ သူ၊
ကမ္ဘာမြေ
ရှော့တရှီးလ်ဒ် မြတ်နိုးတော်မူတဲ့
အမြှောင်မယားပမာ အစားကြူး ဝဖီးနေသူ။
လျော်ကန်တဲ့ ပွဲနေ့တိုင်းမှာလို
အလံတွေ ပစ်ဖောက်သံ အဖျားရှိန်နဲ့ တလူလူ
လွင့်စေဖို့
စပါးကုန်သည်တွေရဲ့
သွေးအလိမ်းလိမ်း အလောင်းတွေကို
မြောက်မြောက်ကလေး မြှောက်ပေးကြစမ်း၊
ဓာတ်မီးတိုင်တို့၊
ဆဲရေးလိုက်၊
အသနားခံလိုက်၊
ခုတ်ထစ်လိုက်၊
ဘေးကို ကိုက်ခဲဖို့၊
တစ်ယောက်ကို တစ်ယောက် တက်လို့။
ကောင်းကင်မှာ မာဆေးလေးစ်လို၊ ရဲရဲနီလို့
အသက်ငင် လူးလွန့်လေပေါ့ နေဝင်ဆည်းဆာ။
အခုပဲ ရူးသွပ်မှု
ဘာမှ ဖြစ်လာမယ် မဟုတ်ဘူး။
ညလာမယ်၊
ကိုက်ဖြတ်လိမ့်မယ်၊
စားပစ်တော့မယ်။
ကြည့်ကြစမ်း-
ကောင်းကင် ယုဒ လုပ်ပြန်ရဲ့
လက်တစ်ဆုပ်စာ လွင့်စဉ်နေတဲ့ ကြယ်တို့ရဲ့
သစ္စာဖောက်မှုနဲ့ရယ်။
လာပြီလေ။
မာမာအီလို ပွဲတော်တည်ရဲ့
မြို့ပေါ် တင်ပါးလွှဲထိုင်လို့။
ကျုံ့ကျုံ့ကလေး အရက်ဆိုင်နောက်ထဲ
ဝင်ထိုင်နေမိပါ၊
စပျစ်ရည်ကို ဝိညာဉ်နဲ့ စားပွဲပေါ် ဖိတ်စဉ်မိ။
မြင်ရတော့တယ်၊
ထောင့်ထဲကို မျက်လုံးဝိုင်းစက်စက်တွေရယ်သာ၊
နှလုံးသားကို မျက်လုံးတွေနဲ့ စားလေပေါ့
မယ်တော်မိ။
ဘာကြောင့် သာမန်ခြယ်သလို့ အရောင်အဝါကို
အရက်ဆိုင်လူအုပ်ကို ပေးအပ်နေပါသလဲ။
ကြည့်လေ-ထပ်ပြီး
တံတွေးထွေးခံ ဂေါလဂေါသသားထက်
ဗာရဗ္ဗကို နှစ်သက်ပိုကြပြန်ပြီပဲ။
ဖြစ်ကောင်းဖြစ်မယ်၊ တမင်ကိုပဲ ငါဟာ
လူသောင်းပြောင်းထွေလာထဲ
မျက်နှာ ဘယ်သူ့ထက်မှ မသစ်လွင်ဘူးပေါ့။
ငါဟာ၊
ဖြစ်ကောင်းဖြစ်မယ်၊
သင့်သားအားလုံးထဲ
အချောအလှဆုံး ဖြစ်ချင်လဲ ဖြစ်မှာပေါ့။
ပေးလိုက်ပ သူတို့ကို၊
ရွှင်မြူးမှုထဲ မှိုတက်နေသူတို့ကို၊
အချိန်ရဲ့ မြန်ဆန်တဲ့ သေခြင်းတရားကို။
ဒါမှ ကလေးတွေ ထိုက်သင့်သလို ကြီးပြင်းလာကြမယ်ကို။
ကောင်လေးတွေက-အဖေတွေ
ကောင်မလေးတွေက-ကိုယ်ဝန်ဆောင်ကြစေလို။
ပြီး အသစ်မွေးဖွားလာသူတွေမှာ ပေါက်စေလို
မာဂုတို့ရဲ့ စူးစမ်းတတ်တဲ့ ဆံဖြူဖွေး၊
ပြီး၊ သူတို့လာကြမယ်
ကလေးတွေကို ကင်ပွန်းတပ်ကြမယ်
ငါ့ကဗျာများရဲ့ နာမည်တွေနဲ့လေး။
ယန္တရားနဲ့ အဂွလန်ကို ချီးကျူးတေးသီတဲ့ ငါဟာ
ဖြစ်ကောင်းဖြစ်မယ်၊ ရိုးရိုးလေးပ၊
သာမန်အကျဆုံး ဧဝံဂေလိတရားတော်မှာ
ဆယ့်သုံးယောက်မြောက် သာဝက။
ပြီး ငါ့ရဲ့အသံ
ညစ်ညမ်းပေါက်ကွဲတဲ့အခါ
တစ်နာရီက တစ်နာရီ
နှစ်ဆယ့်လေးနာရီလုံးလုံးကို၊
ဖြစ်ကောင်းဖြစ်မယ်၊ မွှေလိမ့် ယေရှုခရစ်တော်ဟာ
ငါဝိညာဉ်ရဲ့ မမေ့တဲ့နိုင်ပန်းများကို။

(၄)
မာရီယာ၊ မာရီယာ၊ မာရီယာ။
ဝင်ခဲ့ပါရစေ မာရီယာ။
ငါ လမ်းတွေပေါ် မနေနိုင်ဘူး။
မလိုချင်ဘူး၊ ဟုတ်စ။
စောင့်တော့ပ၊
လူတကာ မြည်းစမ်းကြည့်ကြသမို့
ပေါ့ပျက်ပျက်သာ
ပါးတွေဟောက်ပက် ပြိုဆင်းကုန်တဲ့အထိ၊
ငါ ရောက်လာ၊
ကနေ့ ငါ [အံ့ဩစဖွယ် ရိုးသားနေ]ကြောင်း
သွားမဲ့မဲ့နဲ့
ပြောပြတဲ့အထိ စောင့်တော့ပ၊
မာရီယာ၊
ကြည်စမ်း..
ငါ ခုကို ခါးကုန်းစပြုပေါ့။
လမ်းတွေပေါ်မှာ
လူတွေ လေးထပ်တိုက် ဇလုပ်တို့မှာ
အဆီကို ဖောက်ထွင်း၊
နှစ်လေးဆယ် ဆင်မြန်းခဲ့သမို့
စုတ်ပြတ်နေတဲ့ မျက်လုံးတွေကို ထုတ်ယူကြလို့၊
တခိခိ ရယ်သွမ်းသွေးကြရဲ့
ငါရဲ့ သွားတွေကြားမှာ
လာပြန်ပြီ..
မနေ့က အနမ်းရဲ့ ပေါင်မုန့်သိုးရယ်လို့။
မိုး ပလက်ဖောင်းတွေကို စိုစွတ်စေပြီး၊
ရေအိုင်လေးတွေနဲ့ ပိညပ်နေတဲ့ လူလိမ်၊
စိုရွှဲလို့၊ ကျောက်ခဲနဲ့ ဖိနှိပ်ထားတဲ့ လမ်းတို့ရဲ့
အလောင်းကောင်ကို လျက်ရဲ့
ပြီး ဖြူဖွေးဖွေး မျက်တောင်တွေမှာ
မျက်လုံးအစုံက မျက်ရည်တွေ-
ဟုတ်ကဲ့..
ရေပိုက်တို့ရဲ့ ငိုက်စိုက်မျက်လုံးအစုံကကွဲ့။
ခြေကျင်သမားအားလုံးကို မိုးရဲ့ နှုတ်သီးက
လျက်နေတယ်။
ယာဉ်များပေါ်မှာ အားကစားသမား ပြီး ခပ်ဝ၀
အားကစားသမား တဖိတ်ဖိတ်နဲ့။
လူတွေ ပေါက်ကွဲကြပြီ၊
ဗောင်းလန်ပေါက်ပြဲတာပ၊
အက်ကြောင်းထဲက အဆီ စိမ့်ထွက်လာတယ်၊
ဝါးစားပြီးသားပေါင်မုန့်ဖတ်နဲ့အတူ၊
ကတ်ကလက်ဟောင်းရဲ့ ဝါးဖတ်
နောက်ကျိကျိမြစ်အဖြစ် စီးဆင်းလာရဲ့။
မာရီယာ
ဘယ်လိုများ သူတို့ရဲ့ အဆီပိတ် နားထဲ
ငြိမ်ဆိတ်တဲ့ စကားလုံး သွတ်သွင်းရပါ့မလဲ။
ငှက်ဟာ
သီချင်းနဲ့ တောင်းရမ်းတယ်၊
ဆာဆာလောင်လောင်
ကျယ်ကျယ်လောင်လောင် တေးသီရဲ့။
ငါ့မှာတော့ လူ၊ မာရီယာရဲ့
ရှင်းရှင်းလေးရယ်၊
အဆုတ်ရောဂါသည် ညက ပရဲဆညာရဲ့
ညစ်ပတ်ပေရေလက်ထဲ အန်ထုတ်လိုက်သူ။
မာရီယာ၊ ဒီလိုလူမျိုး အလိုရှိသလား။
ဝင်ခွင့်ပြုပါ၊ မာရီယာ။
ကြောဆွဲနေတဲ့ လက်ချောင်းတွေနဲ့
ငါခေါင်းလောင်းရဲ့
သံလည်မျိုကို ညှစ်လိုက်မယ်။
မာရီယာ
လမ်းများရဲ့ စားကျက်မြေများ တိရစ္ဆာန်
ဆန်လာကြပြီ။
လည်ပင်းမှာ လက်ချောင်းတွေ တင်းတင်း
ဆုတ်ဖြဲကြပြီ။
ဖွင့်ပါ။
နာလှချည့်။
ကြည့်လေ၊ မျက်လုံးထဲကို
အမျိုးသမီး ဦးထုပ်အပ်တွေ စိုက်ထားကြပြီ။
ဝင်ခွင့်ပြုလိုက်တယ်။
အချစ်
မကြောက်ပါနဲ့၊ ငါ့နွားသိုး လည်ပင်းပေါ်မှာလေ
ချွေးရွှဲဗိုက်တွေနဲ့ မိန်းမတွေ မိုးစိုတောင်တန်းလို
ထိုင်နေကြ-
ဒါဘဝတလျှောက်လုံး ငါ ဆွဲသွားရမှာပဲ
အသန်းသန်းကြီးမား သန့်စင်အချစ်တွေ၊
သန်းပေါင်းအသန်းသန်း သေးငယ်ညစ်ပတ်
အချစ်တွေပ။
မကြောက်ပါနဲ့၊
တဖန်၊
သစ္စာမဲ့မှု မိုးလေထဲမှာ၊
ငါ ချစ်စရာ မျက်နှာတစ်ထောင်ကို
ငြိတွယ်နေမိရင်လဲ။
[မာယာကော့ဖ်စကီးလ်ရဲ့ ချစ်သူများ]-
ဘယ့်နှယ် ဒါ သူရူးရဲ့ နှလုံးသားထက်
စိုးစံတော်မူသွားကြတဲ့ ဧကရီမ
မင်းဆက်ပေကပဲ။
မာရီယာ၊ တိုးခဲ့စမ်းပါ။
ဝတ်လစ်စလစ် အရှက်မဲ့မှု
ကြောက်ရွံ့ရွံ့ တုန်ရီမှုတို့နဲ့၊
မင်းနှုတ်ခမ်းတို့ရဲ့ ပန်းဦးမချွေရသေးတဲ့
နှစ်လိုဖွယ်ကို ပေးပ။
ငါ့နှလုံးသားဟာ တစ်ခါမှ မေလအထိ မနေရခဲ့၊
နေခဲ့ဖူးသမျှ ဘဝမှာလဲ
ရှိခဲ့ရဲ့ ဧပြီတစ်ရာမျှ။
မာရီယာ။
ကဗျာဆရာဟာ တျာနာအဖို့ ဆောနဲတ်တွေ သီခဲ့တယ်။
ငါကတော့..
သွေးသားနဲ့ လုံးဝ၊
လုံးဝလူသားမျှ..
မင်းကိုယ်ကာယသက်သက်ကို တောင်းတယ်၊
ခရစ်ယာန်တွေ တောင်းကြသလိုနှယ်
[ယနေ့အဖို့ စားစရာအစာကိုလည်း
ကျွန်ုပ်တို့အား ပေးသနားတော်မူပါ]
မာရီယာ..ပေးတော့။
မာရီယာ။
မင်းနာမည်ကို မေ့သွားမှာ ငါစိုးတယ်၊
ညရဲ့ဒုက္ခထဲ မွေးဖွားလာခဲ့ပြီး
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး။
မင့်ကိုယ်ခန္ဓာကို
ငါစောင့်ရှောက်မယ်-ချစ်မယ်
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့၊ လိုသူမဲ့တဲ့
ပိုင်သူမဲ့တဲ့
စစ်သားဟာ
သူ့ရဲ့ တစ်ချောင်းတည်း ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး။
မာရီယာ
မလိုချင်ဘူး-ဟုတ်စ။
မလိုချင်ဘူး-
ဟား။
အဓိပ်ပါယျက-ခုတစျခါ
သုန်မှုန်မှုန်နဲ့ ခေါင်းငိုက်စိုက်
နှလုံးသားကို ယူသွားရတော့မယ်
မျက်ရည်တွေနဲ့ ထွေးပိုက်လို့
သယ်ရလိမ့်၊
မီးရထား နင်းကြိတ်
ခံရတဲ့ လက်ကိုကွယ်
ခွေးအိမ်ဆီ
သယ်သွားရှာတဲ့ ခွေးပမာနှယ်။
နှလုံးသားရဲ့ သွေးနဲ့ လမ်းကို ရွှင်လန်းစေမယ်၊
အပေါ်အင်္ကျီရဲ့ ဖုန်တွေကို ပန်းတွေက နမ်းကြရဲ့
အကြိမ်တစ်ထောင်မျှ ဟဲရုဒ်ရဲ့ သမီး နေက
ဗတ္တိဇံဆရာရဲ့ ဦးခေါင်း
ကမ္ဘာမြေကို ဝိုင်းပတ် ကလိမ့်မကွဲ့။
ငါ့ရဲ့ သက်တမ်း နှစ်အရေအတွက်
အဆုံးထိ ဝိုင်းပတ် ကပြီးတဲ့အခါ
သွေးစက်တစ်သိန်း လမ်းကြောင်းကလေး
ဆန်သွားမယ်
ငါအဖရေဲ့ အိမအြထိသာ။

(၅)
မြောင်းတွေထဲ
ညအိပ်ခဲ့ရသမို့ ညစ်ပေကာ တက်လာမယ်၊
ဘေးချင်း ယှဉ်ကာရပ်၊
ငုံ့ကိုင်းတဲ့ကာ
သူ့နားထဲ ပြောပြလိုက်မယ်..
နားထောင်စမ်း၊ ဦးဘုရားသခင်။
ခင်ဗျား မပျင်းဘူးလား၊
မိုးတိမ် ကျောက်ကျောပြင်ထဲ
နေ့စဉ်နဲ့အမျှ ကြင်နာတဲ့ နှလုံးတွေ နှစ်နေရတာများ။
ဒီမယ်-သိလား
ကောင်းမှု၊ မကောင်းမှု အသိတရားရဲ့
သစ်ပင်ပေါ်မှာ ချားရဟတ် တည်ဆောက်ရအောင်လား။
သဗ္ဗဘူတဆိုတော့ ခင်ဗျား ကြောင်အိမ်တိုင်းမှာ
ရှိပေမယ်။
ညှိုးလျလျ ရှင်ပေတရုတောင်မှ
ကိ-ကာ-ပူအကနဲ့ မြူးကြွလာချင်စေမယ့် စပျစ်ရည်မျိုး
စားပွဲပေါ် တင်ထားကြမယ်။
ပြီး ကောင်းကင်မှာ ဧဝကလေးတွေ နေရာချပြန်ဦးစို့။
အမိန့်သာပေး-
ကနေ့ညကိုပဲ
လမ်းမကြီးအားလုံးက အလှဆုံးကောင်မလေးတွေကို
ကျုပ် ခင်ဗျားဖို့ ခေါ်ပေးမယ်။
လိုချင်ပါစ။
မလိုချင်ဘူး၊ ဟုတ်စ
ခေါင်းကို ခါသလား၊ ဆံပင်စုတ်ဖွားကြီး။
မျက်ခုံးဖြူ ရှုံ့သလား။
ခင်ဗျား ထင်သပ အဲဟို
ခင်ဗျားနောက်က တောင်ပံကားကြီး။
အချစ်ဆိုတာ ဘယ်လိုလဲ သိတယ်လို့များ။
ကျုပ်လဲ ကောင်းကင်တမန်ပဲ။ ကျုပ် ဖြစ်ဖူးသပေါ့ အမြင်မှာ
သကြားချိုသိုးကလေးလို ငေးကြည့်လို့ပ၊
ဆဲဖရရဲ့ ဒုက္ခနဲ့ ထွင်းထုထားတဲ့ ပန်းအိုးတွေကိုတော့
မြင်းမတွေကို လက်ဆောင် မပေးချင်တော့ဘူးပေါ့။
အနန္တတန်ခိုးတော်ရှင်၊ လက်အစုံကို ခင်ဗျား တီထွင်ခဲ့၊
လူတိုင်းပဲ
ဦးခေါင်းရှိအောင်လုပ်ပေးခဲ့တယ် ဘာပြုလို့
ခင်ဗျား မတီထွင်ရတာလဲ၊
ဒုက်ခမခံစားရဘဲနဲ့
နမ်းပြီးရင်း နမ်းပြီးရင်း နမ်းနေနိုင်အောင်တော့။
ကျုပ် ထင်ခဲ့တယ်-ခင်ဗျားဟာ
အနန္တစွမ်းအားရှင် ဘုရားကြီးလို့၊
ခင်ဗျားဟာ ပညာမစုံလင်၊ သေးသေးမွှားမွှား
ဘုရားပေါက်စလေးပဲ။
ကြည့်နော် ကျုပ် ငုံ့ကိုင်းလိုက်ပြီ၊
ဘွတ်ဖိနပ်ထိပ်က
ဖိနပ်ချုပ်သမား ဓားကလေး ဆွဲထုတ်လိုက်ပြီပဲ။
တောင်ပံကားကား လူဆိုးသူခိုးတို့။
ကောင်းကင်မှာ ဝပ်လို့နေ၊
ကြောက်လန့် တုန်လှုပ်လို့မို့ အမွှေးအတောင်တွေ
ထကြွဘိ။
အမွှေးနံ့ ထုံသင်းနေတဲ့ နင့်ကို ငါခုတ်ပိုင်းလိုက်မလေ
ဒီကနေ အလာဆကာအထိ။
ဝင်ခွင့်ပြုပါ ကျုပ်ကို
မရပ်တန့်ကြနဲ့။
မှားမယ် ကျုပ်၊
မှန်ချင်လဲ မှန်မယ်
ဒါပေမယ့် ကျုပ် ငြိမ်ငြိမ်နေဖို့ မတတ်နိုင်ဘူး။
ကြည့်ကြစမ်း-
ကြယ်တွေ ခေါင်းပြတ်ကုန်ကြပြန်ပြီ။
ကောင်းကင်လဲ လူသတ်ပွဲကြောင့် သွေးရဲရဲ
ဖြစ်ရပေါ့။
ဟေး၊ ကိုယ့်လူ၊
ကောင်းကင်ကြီး။
ဦးထုပ်ချွတ်လေ။
ကျုပ် လာနေပြီ။
တိတ်ဆိတ်လို့။
စကြဝဠာ အိပ်ပေါ့၊
ကြယ်အစက်အပြောက်တွေနဲ့၊
ဧရာမနားရွက်ကြီးကို လက်ပေါ်တင်လို့။

မာယာကော့ဖ်စကီးလ်
(၁၉၁၄-၁၉၁၅ မှာ ရေးခဲ့) [ဘာသာပြန် မောင်သာနိုး]

(နွားကျောင်းသားစကား ပြောတာပါ)

0 comments
(နွားကျောင်းသားစကား ပြောတာပါ)
ကျနော်က အမေရိကန်-တရုတ်ကုန်သွယ်စစ်လိုဟာနဲ့ တခြား စီးပွားရေးကိစ္စတွေ ရေးတဲ့အခါ ကျနော်ဖတ်ပြီး နားလည်တဲ့အတိုင်းပြန်ပြောပြတာဖြစ်ပါတယ်။ တချို့ဟာတွေက ကျနော် ဖတ်သာသွားတာ နားမလည်တာတွေလည်း များပါတယ်။
ပညာရပ်ဆန်တဲ့စကားလုံးတွေ ပညာရှင်တွေသာသိနိုင်မယ့် ဝေါဟာရတွေကိုလည်း ကျနော် တီးမိခေါက်မိမရှိပါဘူး။ ကျနော် တပုဒ်လုံးဖတ်ကြည့်တယ်။ ပြီးတော့ ကျနော် ဘယ်လောက်နားလည်သလဲကို ကိုယ့်ဘာသာပြန်ဆန်းစစ်ကြည့်တယ်။ ဆန်းစစ်ကြည့်ပြီးတော့ ကျနော် နားလည်သလောက်ကို ပြန်ပြောပြတဲ့သဘောပါပဲ။ ေယဘုယျသဘော ဖြစ်ပျက်နေတာတွေကို အရပ်သားနားလည်အောင် ယေဘုယျပြန်ပြောတဲ့သဘောပါ။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီကိစ္စတွေကို အရပ်သားနားလည်ပဲ လည်တာကြောင့်ပါ။
တခါတလေ တချို့ဆောင်းပါးတွေ သတင်းတွေ(ဘဏ္ဏာရေးကိစ္စ၊ ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စလိုဟာတွေ)ကျနော် ဖတ်သာဖတ်လိုက်ပါတယ် နားသာထောင်လိုက်ပါတယ် ကြည့်သာကြည့်လိုက်ပါတယ် ဘာပြောတာမှန်းကို မသိလိုက်ပါ။ ဒါပေမယ့် ကြိုးစားပြီး အချက်အလက်လေးတွေ မှတ်တော့ထားလိုက်ပါတယ်။ နောက်တော့ နောက် တနေရာ နှစ်နေရာမှာ အဲ့ဒါနဲ့ဆက်စပ်တဲ့ အခြားသတင်းတွေတွေ့တဲ့အခါ သြော် ဟိုဟာက ဒါကိုပြောတာကိုးလို့ ပြန်သဘောပေါက်ယူရပါတယ်။
ဒါတောင် အစုံအစုံကို သိသွားနားလည်သွား သဘောပေါက်သွားတာမဟုတ်ပါဘူး။ နောက်ပြီး ပေါက်ပုံပေါက်နည်း နားလည်ပုံလည်နည်းကလည်း အရပ်သားနားလည် လည်သွားတာမျိုးပါ။ အဲ့ဒီ ကျနော် နားလည်လိုက်တဲ့ဟာကို ပြန်စာစီပြီးရေးတော့ အရပ်သားအတွေးအခြေခံကနေရေးတာပါ။ ဒါ့ကြောင့် ကျနော်က ဒီ့လောက်ကြီးကျယ် နက်နဲ့ ရှုပ်ထွေးလှတဲ့ကိစ္စကြီးတွေကို ပေါ့ပေါ့လျှံလျှံပြောသလို ရေးသလိုများဖြစ်နေခဲ့ရင် အဲ့သလိုလေသံပေါက်နေခဲ့ရင် ခွင့်လွှတ်ပါခင်ဗျား။
စာတိုတိုလေးရေးပြီး ဖတ်ရန်အညွှန်းဆိုပြီး ဒါမှမဟုတ် ကိုးကားဆိုပြီး သတင်းလင့်ခ်တွေဘာတွေ မတင်ပေးရတာကလည်း မျက်စေ့နောက်ကြမှာစိုးလို့ပါ။ နောက်ပြီး ကျနော် ပြောနေရေးနေတဲ့ အဲ့ဒီကိစ္စကြီးတွေအကြောင်းကိုလည်း ဘယ်ပညာရှင်ကမှ ဖတ်မှာမဟုတ်ဘဲ ကျနော့်လို သူလို ငါလို အရပ်သားတွေဘဲ ဖတ်ကြမှာထင်လို့ပါခင်ဗျ။
ဟိုမိတ်ဆွေ(အမည်တော့ မပြောတော့ပါ)ပြောသလို ခင်ဗျားဟာက အဘိဓမ္မာကို နွားကျောင်းသားပြော ပြောနေတာဆိုလည်း မှားမယ်တော့မထင်ပါဘူး။ ဘာ့ကြောင့်ဆိုတော့ ကျနော်က နွားကျောင်းရင်း တရားနာရတာမဟုတ်လား။ ဆင်စွယ်ရဲတိုက်ပေါ်ကနေ လေ့လာဆည်းပူးခဲ့ရသူမှ မဟုတ်တာကိုး။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၄၊ ၂ဝ၁၉

(Phase One မှာ ဒါတွေပါပါတယ်)

0 comments
(Phase One မှာ ဒါတွေပါပါတယ်)
၁ဝရက်နေ့က တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှု ပထမအဆင့်သဘောတူညီချက် Phase One သဘောတူညီချက်ရသွားပြီး နှစ်ဘက်သမ္မတများ အတည်ပြုလက်မှတ်ထိုးဖို့ရှိလာပြီ ဆိုသည့်သတင်းများကြောင် ကမ္ဘာကြီး သက်ပြင်း နည်းနည်းချနိုင်သွားပါသည်။ ကုမ္ပဏီကြီး/ငယ်တချို့ အသက်ရှူနည်းနည်းချေင်လာပါသည်။ သဘောတူညီချက်များကို ယေဘုယျပြောရင် အမေရိကန်က နှစ်စဉ် သူ့ လယ်ယာထွက်ကုန် ၅ဝ ဘီလီယံဖိုး တရုတ်ကိုဝယ်စေချင်၏။ တရုတ်က ၄ဝ ဘီလီယံဖိုးအထိဝယ်ယူမည်ဟုဆိုပါသည်။ အမေရိကန်ဘက်ကတောင်းဆိုနေသည့် ညာဏပစ္စည်းပိုင်ဆိုင်မှု အပြည့်အဝထိန်းချုပ်ပေးရေးကို တရုတ်က အစွမ်းကုန်ထိန်းသိမ်းပေးမည်ဟု ဆိုပါသည်။ အမေရိကန်က တရုတ်ဘဏ္ဏာရေးဈေးကွက်နှင့် အစွမ်းကုန်ဖွင့်ပေးရေးနှင့် အစိုးရ၏ငွေကြေးထိန်းချုပ်ရေးပေါ်လစီများကို ပယ်ဖျက်ပေးရေးကို တရုတ်ဘက်က ဘဏ္ဏာရေးဈေးကွက်ကို ကျယ်ကျယ်ဖွင့်ပေးပြီး ငွေကြေးပေါ်လစီများတွင် အစိုးရ၏ ပါဝင်ထိန်းချုပ်မှုများကို တတ်နိုင်သမျှ လျော့ပေါ့ပေးမည်ဟုဆိုပါသည်။
အမေရိကန်က တရုတ်သွင်းကုန် ၃၆ဝ ဘီလီယံဖိုးအပေါ်တွင် ကုန်သွယ်ခွန်စည်းကြပ်နေတာရှိပါသည်။ ယင်းကုန်သွယ်ခွန်စည်းကြပ်ပြီးသားများအပေါ် နောက်ထပ် ၁၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဦးမည်ဟု အကျပ်ကိုင်ထားတာ ရှိပါသည်။ ယခု သဘောတူညီချက်ကရ ထို ၁၅ ရာခိုင်နှုန်းထပ်မံစည်းကြပ်ဦးမည့် ၃၆ဝ ဘီလီယံဖိုးသွင်းကုန်တွေထဲမှာ တဝက်အပေါ်မှာသာ ထပ်မံစည်းကြပ်တော့မည်ဟုဆိုပါသည်။ ထို့ကြောင့် တရုတ်သွင်းကုန် ၁၅၆ ဘီလီယံဖိုးအပေါ်တွင် ကုန်ထပ်တိုးခွန် ၁၅ ရာခိုင်နှုန်းစည်းကြပ်တော့မည်ဖြစ်ပါသည်။ သဘောက ထပ်တိုးကုန်သွယ်ခွန်စည်းကြပ်မှုကို ၅ဝ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးမည့်သဘော ဖြစ်ပါသည်။
ထိုမီးစိမ်းပြမှုကြောင့် တရုတ်ငွေတန်ဖိုးတက်လာခဲ့သလို ၂ ဘက်စလုံးဘဏ္ဏာရေးပေါ်လစိများ ပြန်ချိန်ညှိကြပါသည်။ အကောင်းဘက်သို့ဦးတည်ပြီး လိုတိုးပိုလျှော့ ချိန်ညှိကြခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် အာရှရှိစတော့ရှယ်ယာဈေးကွက်လည်း သတင်းကောင်းဖြင့်ဖွင့်ကာ ရှယ်ယာဈေးများ အတက်ဘက် မြားဦးပြန်လှည့်လာပါသည်။
မျိုးမြင့်ချို
ဒီဇင္ဘာ၊ ၁၄၊ ၂၀၁၉

(ပေါက်ဖော်ကြီး လာတော့)

0 comments
(ပေါက်ဖော်ကြီး လာတော့)
ရှေ့နှစ်ဆန်းလောက်မှာ တရုတ်သမ္မတရှိကျဉ့်ဖျင် နိုင်ငံတော်ဧည့်သည်အဖြစ် ဗမာပြည်ကို လာလည်မယ်လို့သတင်းထွက်နေပါတယ်၊ ဒေါ်စု နယ်သာလင်န်သွား အမှုဆိုင်ဖို့မထွက်ခင်မှာ နိုင်ငံခြားရေးဝန်လာပါတယ်။ ဒေါ်စုဖိတ်ခဲ့တာလို့ သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့လည်း တွေ့ခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့ တွေ့ဖို့ပါမပါ မသေချာပေမယ့် မင်းအောင်လှိုင်က နောက်ကလိုက်ပြီး မန္တလေးမှာ တွေ့သွားပါတယ်။ တရုတ်ဟာ ထာဝရမိတ်ဆွေဘာညာနဲ့ ချုပ်ပြီး တရုတ်ထီးရိပ်ခိုကြောင်း ပြလိုက်ပါတယ်။ ဗမာစစ်အုပ်စုကို ဒဏ်ခတ်အရေးယူဖို့ ယူအင်န်မှာ အနောက်နိုင်ငံတွေကတင်တော့ တရုတ်နဲ့ရုရှက ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။
စစ်အုပ်စုအနေချောင်နေတာက အမေရိကန်မှာ သမ္မတက ဒေါ်နယ်လ်ထရမ့်ဖြစ်နေလို့ပါ။ အမေရိကန်ပထမတို့ Make America Grate Again တွေလုပ်နေချိန်ဆိုတော့ စစ်အုပ်စုဘက် မလှည့်အားပါ။
တရုတ် BRI ကြောင့်တော့ဖြင့် စစ်အုပ်စုကို လှည့်ကိုင်လိမ့်မယ်လို့ တွေးမရပါ။ BRI ဟာ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတာလို့ အနောက်ဘက်က မြင်ထားတာရှိပါတယ်။ သူ့စရိတ်နဲ့ သူသွားမယ့်ကိစ္စဆိုတဲ့အထိ ပြောသူတောင်ရှိပါတယ်။
တချို့ကတော့ အမေရိကန်အနေနဲ့ တရုတ်ကို ကုန်သွယ်စစ်လုပ်တာလည်း လုပ်ပါ၊ BRI ကိုလည်း နည်းနည်း နည်းနည်းတော့ နှဲ့နှဲ့ပေးမှဖြစ်မယ်လို့ ဆိုပါတယ်။ BRI ဘယ်လောက်အလုပ်ဖြစ်မလဲ သူ့ကိုဘယ်လောက်အထိ ထိခိုက်အောင်လုပ်နိုင်မလဲဆိုတာက အနောက်ဘက်(အမေရိကန်နဲ့ မဟာမိတ်များ)အပေါ်တည်တာထက် တရုတ်ရဲ့အတွင်းကထွက်လာမယ့် ပြဿနာတွေအပေါ် ပိုတည်တယ်လို့ ပြောသူတွေလည်းရှိပါတယ်။ သူတို့ကတော့ တရုတ်အတွင်းပြဿနာကို ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ ဝီဂါမွတ်ဆလင်မ်များအရေးလို့ ထောက်ပြပါတယ်။ အပြင်ဘက်ကလုပ်နိုင်တာက တရုတ်စီးပွားရေး ယဲ့အောင် လုပ်နိုင်တာလောက်ပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတောင် မနည်းလုပ်မှရမှာပါတဲ့။ အမေရိကန် တနိုင်ငံတည်းလုပ်ရင် မနိုင်ဝန်ထမ်းသလိုဖြစ်ပြီး တောင်အတက်မှာ လှည်းကုန်းစည်း ပြတ်ပါလိမ့်မယ်တဲ့။
တရုတ်စီးပွားရေးယဲ့အောင်လုပ်ရာမှာ တရုတ်နဲ့ကုန်သွယ်ဖက်နိုင်ငံတွေထဲက လက်ကြီးသမားတွေကိုပါ ကျွဲကူးရေပါ လှော်ပေးရမယ်လို့ ပြောကြပါတယ်။ သူတို့ပြောတဲ့ လက်ကြီးသမားတွေထဲမှာ ဗမာပြည်မပါပါ။ BRI ကိစ္စမှာ ဗမာပါမှ ခါးပတ်လမ်းတပတ်ပြည့်မှာမို့ ဆိုတာလောက်နဲ့တော့ ဗမာကို ကြောင့်ကြစိုက်စရာမလိုပါလို့ ဆိုပါတယ်။ ဒါပေမယ့် ဗမာပြည်ခံပြီး တရုတ်လက်တန်ဆန့်လာနေတာကိုတော့ သတိထားရမယ်လို့ပြောပါတယ်။ ဗမာပြည်ဘဏ္ဏာရေးနဲ့ ငွေကြေးဈေးကွက်ကို တရုတ်ကစီးမိသွားမှာကိုတော့ ဘယ်နည်းနဲ့မှ ခွင့်မပြုဖို့လိုတယ်လို့ဆိုပါတယ်။ အနိမ့်ဆုံးအဆင့် တရုတ်-ပါကစ္စတန်ကုန်သွယ်ရေးမှာ ဒေါ်လာငွေကြေးကြားခံ ရောင်းဝယ်ရာကနေ တရုတ်ငွေ ပါကစ္စတန်ငွေ လဲလှယ်နှုန်းအဆသတ်မှတ်ပြီးလုပ်နေသလိုမျိုး ဗမာနဲ့တရုတ်လုပ်လာမယ်ဆိုရင်တော့ တမျိုးစဉ်းစားသင့်တယ်လို့ပြောကြပါတယ်။ အဲ့ဒီအခါကျ ဘာမှ ညှာနေစရာမရှိဘူး ကွန်ဒိုလီဇာရိုက်စ် ပြောနည်းကား လုပ်စရာရှိတာ ရဲရဲတင်းတင်းသာလုပ် ဘယ်မျက်နှာမှထောက်နေစရာမလိုပါလို့ ဖိဖိနင်းနင်း ပြောသံတွေလည်းထွက်ပါတယ်။ ဒါက တရုတ်ရဲ့ BRI ကိုမှုပြီး ဗမာကို မျက်စောင်းခဲနေစရာ ဒီလောက်ကြီး မလိုလှသေးဆိုသူတွေရဲ့ အမြင်ပါ။
တရုတ်နိုင်ငံခြားရေးဝန်လာသွားတာရယ်၊ တရုတ်သမ္မတလာလည်ဖို့ရှိတယ်လို့ သတင်းထွက်တာရယ်၊ BRI ကိစ္စရယ်၊ နယ်သာလင်န်မှာအမှုဖြစ်နေတာရယ်၊ ICC ကပါ စွဲချက်တင်တာရယ် စတာတွေကြည့်နေရင်း ဘလွမ်းဘာ့ဂ်နဲ့ အခြားအင်တာနက်သတင်း အစွန်းအစလေးတွေဖတ်မိကြည့်မိတာကို ပြန်စာစီပြတာပါ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၄၊ ၂ဝ၁၉

Thursday, December 12, 2019

ဝင်ဒါမီယာ နန်းတွင်းလုပ်ကြံမှုကြီး၊ ဆင်သေကို ဘယ်သရေဖြင့် ဖုံးကြဦးမည်နည်း။

0 comments
ဝင်ဒါမီယာ နန်းတွင်းလုပ်ကြံမှုကြီး၊ ဆင်သေကို ဘယ်သရေဖြင့် ဖုံးကြဦးမည်နည်း။
၂၆၊ ၉၊ ၁၉၅၈ နေ့လုပ်ကြံမှု။
၂၆၊ ၉၊ ၅၈ နေ့ ဝန်ကြီးချုပ်ဦးနုသည် ဗမာ့တပ်မတော်စစ်ဦးချုပ်နေဝင်းအား၂၈၊ ၁ဝ၊ ၅၈ နေ့တွင် အာဏာလွှဲပြောင်း၍ပေးတော့မည်ဟု တိုင်းပြည်သို့ ရုတ်တရက် ထုတ်ပြန်ကြေငြာလိုက်၏။ စစ်ဦးစီးချုပ်နေဝင်းကလည်း အာဏာကိုလက်ခံမည်ဖြစ်ကြောင်း ပြန်လှန်ကြေငြာခဲ့၏။
သတင်းအမျိုးမျိုး။
ဤ ဝင်ဒါမီယာနန်းတွင်းလုပ်ကြံမှုကြီးနှင့် အပြောင်းအလွဲမကြေငြာမီ တနင်္ဂနွေတပတ်ခန့်လောက်ပင် တိုင်းပြည်တွင် ချောက်ချောက်ချားချား ဖြစ်လောက်သော သတင်းအမျိုးမျိုးဖြစ်နေ၏။ အချို့သတင်းများသည် ကောလာဟလသတင်းများဖြစ်၍ အချို့သတင်းများကား တီးတိုးဝါဒဖြန့် သတင်းများဖြစ်၏။ ထို ချောက်ချားလောက်သော သတင်းအမျိုးမျိုးထဲတွင် မှန်ကန်သောသတင်းများလည်းပါဝင်၏။
ဥပမာအားဖြင့် အစိုးရအဖွဲ့က လုံးဝမသိလိုက်ရဘဲနှင့် စစ်တပ်များ ဟိုပြောင်းဒီရွှေ့လုပ်သည်ဆိုသောသတင်းများ၊ ခရမ်း၊ သုံးခွ၊ အင်းစိန်နှင့် မန္တလေးစသောမြိ့ုများကို အချို့စစ်တပ်များက ဝင်ရောက်သိမ်းပိုက် အုပ်ချုပ်ကုန်ကြပြီဆိုသောသတင်း၊ မိတ္ထီလာ၊ ပျဉ်းမနားနှင့် သာယာဝတီ နယ်များတွင် ဆွေငြိမ်းခေါင်းဆောင်များက လက်နက်စုဆောင်းကုန်ကြပြီဆိုသောသတင်းများ၊ အချို့စစ်တပ်များက လက်နက်ခဲယမ်း မီးကျောက် အများအပြားထုတ်ယူပြီးနောက် မိမိတို့လိုရာသို့ ပို့ဆောင်၍ ဝှက်ထားကြသည်ဆိုသောသတင်းများနှင့် နောက်ဆုံး မြောက်ပိုင်း စစ်ဌာချုပ်မှ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် မသိရှိလိုက်ရဘဲ ဘရင်းဂန်း ၄ဝဝ-ရိုင်ဖယ်(လ်) ၅ဝဝဝ နှင့် ကျည်ဆန် တသန်းခွဲကျော်ထုတ်ယူ သွားပြီဆိုသောသတင်းများသည် တတိုင်းပြည်လုံးအား ပူပန်လှုပ်ရှားသွားစေသောသတင်းများဖြစ်သည်။
ဤကဲ့သို့သောသတင်းအမျိုးမျိုးအပြင် ဆွေငြိမ်းသြဇာနှင့်မကင်းဟုအဆိုရှိသောတပ်မှူးများ နယ်များတွင် နိုင်ငံရေးသမားများအသုံးမကျ၍ စစ်တပ်က အာဏာသိမ်းပိုက်ကာ တိုင်းပြည်အားအုပ်ချုပ်ရမည် စသည်ဖြင့် လူသိရှင်ကြားပြောဆိုသောသတင်းများကိုလည်း နားမဆန့်အောင် ကြားနားခဲ့ကြရ၏။
အခြားတဘက်မှ တပ်မတော်အနေနှင့် အာဏာသိမ်းဖို့မလွယ်၊ လေတပ်နှင့်ရေတပ်တို့မှ လုံးဝသဘောမတူဆိုသောသတင်းများ၊ ကုန်းတပ် အတွင်းနှိုက်ပင် လူမျိုးစုလက်နက်ကိုင်တပ်များနှင့် အခြားတပ်ရင်းအများအပြားက လက်မခံဆိုသောသတင်းများလည်း ကြွက်စီကြွက်စီ ထွက်လာ၏။
ဤကဲ့သို့ သတင်းအမျိုးမျိုးပြန့်နေချိန်တွင် နယ်များမှ သန့်ရှင်းဖဆပလခေါင်းဆောင်များနှင့် ပမညတခေါင်းဆောင်များ ရန်ကုန်သို့ ထွက်ပြေး လာကြပြီဆိုသောသတင်း၊ အချို့ခေါင်းဆောင်များကို စစ်တပ်မှဖမ်းလိုက်ပြီဆိုသောသတင်းများနှင့်ဆက်စပ်လျှက် ရန်ကုန်မြိ့ုတော်နှိုက် လမ်းဆုံလမ်းခွများတွင် စစ်ဘက်နှင့်ရဲ့ဘက်ပူးပေါင်းရှာဖွေခြင်းပြုကြသော အဖြစ်အပျက်များသည် တိုင်းပြည်ကြီး တခုလုံးအား ချောက်ချား လှုပ်ရှားသွားစေခဲ့ပေသည်။
ဟော---လာပါပြီ။
တိုင်းပြည်ကြီးပျက်တော့မည်လော။ မနက်ဖြန် ဘာဖြစ်မည်နည်းစသည်ဖြင့် တတိုင်းတပြည်လုံး ကြိမ်မီးအုံးသကဲ့သို့ တအုံနွေးနွေး ဖြစ်နေချိန်ဝယ် ဝင်ဒါမီယာနန်းတွင်းလုပ်ကြံမှုနှင့်အပြောင်းအလွဲသည် ရုတ်တရက်ဖြစ်ပွားလိုက်ခြင်းဖြစ်၏။ ဤကဲ့သို့အပြောင်းအလွဲ ဖြစ်ကြောင်း ဝန်ကြီးချုပ်နှင့်စစ်ဦးစီးချုပ်က စာတိုလေးနှစ်စောင်ဖြင့် တိုင်းပြည်အားထုတ်ပြန်ကြေငြာလိုက်ကြပြီးနောက်၊ နောက်တနေ့ ထုတ်ဝေကြသောသတင်းစာတချို့တွင် ထိုဝင်ဒါမီယာနန်းတွင်းလုပ်ကြံမှုဖြစ်ပွားသောနေ့က တပ်မတော်စစ်ဦးစီးမှ ထိပ်တန်းခေါင်းဆောင်ကြီး များဖြစ်ကြသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေတို့သည် ဝင်ဒါမီယာနန်းတွင်းသို့ မော်တော်ကားလေးတစီးဖြင့် လာရောက်၍ ဝန်ကြီးချုပ်ဦးနုနှင့် တွေ့ဆုံဆွေးနွေးသွားကြသည်ဆိုသောသတင်းတရပ်ကိုလည်း ဓာတ်ပုံဘလောက်များနှင့် တခန်းတနား ဖော်ပြကြ၏။
ဦးနု၏ဆင်ခြေ။
ဝန်ကြီးချုပ်ဦးနုက သန့်ရှင်း၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကို မိမိအနေနှင့် တာဝန်ယူကျင်းပပေးရန်အရည်အချင်းမရှိတော့၍ ယခုကဲ့သို့ စစ်ဦးစီးချုပ်နေဝင်းအား တပ်မတော်အနေနှင့်မဟုတ်ဘဲ ပုဂ္ဂိုလ်အနေဖြင့်သာ အာဏာလွှဲပြောင်းပေးရခြင်းဖြစ်ပါသည်ဟု ဝင်ဒါမီယာ နန်းတွင်းရေးအပြောင်းအလွဲနှင့်ပတ်သက်၍ အကြောင်းပြ၏။ ထိုကိစ္စအတွက် လာလတံ့သော ဗိုလ်ချုပ်နေဝင်းအစိုးရအား တိုင်းပြည်ကပင် ဝိုင်းဝန်း၍ထောက်ခံပေးကြပါဦးဟူ၍များပင် နိုင်ငံရေးအဆစ်တောင်းသွားလိုက်ချေသေးတော့၏။
တိုင်းပြည်ကရွေးကောက်တင်မြှောက်လျှက် တရားဝင်ဖွဲ့စည်းတည်ထောင်ထားသောအစိုးရတရပ်က ရွေးကောက်ပွဲတရပ်ကို ဖြောင့်ဖြောင့် တန်းတန်း မကျင်းပပေးနိုင်သဖြင့် တပ်မတော်၏စစ်ဦးစီးချုပ်အား(ပုဂ္ဂိုလ်အရ)အာဏာလွှဲပြောင်းပေးရပါသည်ဟုဆိုသော ဦးနု၏ဆင်ခြေနှင့် အကြောင်းပြချက်သည် ထမင်းစား၍ လူဖြစ်ကြီးပြင်းလာကြရသူများအတွက် နားရှိ၍သာကြားလိုက်ရသောဆင်ခြေနှင့် အကြောင်းပြချက်မျိုး ဖြစ်နေ၏။ ခတ်ပြောင်ပြောင်ရေးရချေလျှင် တိုင်းပြည်အားစော်ကားလိုက်ခြင်းသာဖြစ်သည်ဟု ဆိုရလိမ့်မည်ဖြစ်၏။ ဤကဲ့သို့သော ကလေးကလားနိုင်လျှက် တာဝန်မဲ့လှသောအကြောင်းပြချက်မျိုးကို တိုင်းပြည်ကမဆိုထားပါနှင့် ဦးနု၏ဇနီးနှင့် အဖွဲ့ဝင်နောက်လိုက်များက ပင်လျှင် ယုံကြည်လက်ခံနိုင်ရန် ခဲယဉ်းလှပေလိမ့်မည်။
ဦးနုက တိုင်းပြည်သို့ ထုတ်ပြန်လိုက်သောအကြောင်းပြချက်နှင့်ဆင်ခြေအတိုင်း တိုင်းပြည်က မိမိအားပေးအပ်ထားသောတာဝန်ကို ရိုးရိုးသားသား မထမ်းဆောင်နိုင်ခဲ့ဟုဆိုလျှင်၊ ဦးနုသည် မိမိတာဝန်ခံယူထားရသော ပြည်သူ့လွှတ်တော်နှင့်နိုင်ငံတော်သမ္မတကြီးတို့အား မိမိ၏အခက်အခဲကို ဖော်ထုတ်တင်ပြလျှက် တာဝန်ကိုပြန်အပ်နိုင်၏။ သို့မဟုတ် နည်းလမ်းရှာဖွေနိုင်၏။ ယခုမူ ဝန်ကြီးချုပ်ဦးနုသည် တိုင်းပြည်က ယုံကြည်၍အပ်နှင်းထားသောတာဝန်ကို တိုင်းပြည်အား ထုတ်ဖော်တိုင်ကြားခြင်းနှင့် တိုင်ပင်ခြင်းပြုရန် လုံးဝမစဉ်းစားပဲ တိုင်းပြည်က ယုံကြည်၍အပ်ထားသောအာဏာကို မိမိ၏မိဘများထံမှ အမွေရရှိထားသောပစ္စည်းကဲ့သို့ တပ်မတော်ဦးစီးချုပ်အား ဆိုင်းမပါဗုံမပါ လွှဲအပ်ပေးသည့်အကြောင်း ရုတ်တရက်ကြေငြာလိုက်ပုံမှာ အဘယ်မျှတာဝန်မဲ့ရာကျနေပြီနည်း။
လာပြန်ပြီတမျိုး။
စစ်ဦးစီးချုပ်နေဝင်းအား အာဏာလွှဲပြောင်းပေးမည်ဆိုရာနှိုက် စစ်ဦးစီးချုပ်အနေ၊ တပ်မတော်အနေနှင့်မဟုတ်ဘဲ ပုဂ္ဂိုလ်တဦးတယောက် အနေနှင့်သာ လွှဲပြောင်းပေးမည်သာဖြစ်ပါသည်ဟု ဝန်ကြီးချုပ်ဦးနုက တဆင့်တက်လိုက်ပြန်သေး၏။ ဤသို့တဆင့်တက်လာသော ဦးနု၏ နိုင်ငံရေးအဘိဓမ္မာသည် ဤမျှခေါင်းပါးမွဲကျန်ရသလောဟူ၍ တိုင်းပြည်က ငြီးတွားရတော့မည်ကဲ့သို့ဖြစ်နေ၏။
စစ်ဦးစီးချုပ်နေဝင်းသည် မိုးကောင်းကင်ဘုံမှကျလာသော မိုးကျရွှေကိုယ်ကားမဟုတ်ပေ။ အခြေခံအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေအတွင်းနှိုက် နေထိုင်ရသော ပြည်ထောင်စုသားတဦးမျှသာဖြစ်သည်။ စစ်ဦးစီးချုပ်တာဝန်နှင့်ရာထူးများသာ မရှိနေခဲ့လျှင် ဗိုလ်ချုပ်နေဝင်းသည် ယခုအခါတွင် တပ်မတော်အပြင်ဘက်သို့ လွင့်ပါးရောက်ရှိနေကြပြီဖြစ်သော ယခင်ဗိုလ်ချုပ်ဟောင်းများဖြစ်ခဲ့ကြသည့် စမစ်ဒွန်း၊ ကြာဒိုး၊ လက်ျာနှင့် ကျော်ဇောတို့ကဲ့သို့သာ ရှိနေလိမ့်မည်ဖြစ်၏။ ထို့ကြောင့် စစ်ဦးစီးချုပ်နေဝင်းအား ဝန်ကြီးချုပ်ဦးနုက နန်းမွေဆက်ခံခွင့် ပေးလိုက်ရခြင်းသည် သာမန်ပြည်ထောင်စုသားပုဂ္ဂိုလ်တဦးအနေနှင့်မဟုတ်နိုင်ဘဲ၊ ဗမာ့တပ်မတော်စစ်ဦးစီးချုပ်အနေနှင့်သာလျှင် တပ်မတော်ကို ကျောထောက်နောက်ခံထား၍ လွှဲပြောင်းပေးလိုက်ရခြင်းဖြစ်သည်ဆိုသည်မှာ လယ်ပြင်နှိုက်ဆင်သွားသကဲ့သို့ ထင်ရှားလျှက်ရှိ၏။ တိုင်းပြည်ကရွေးကောက်တင်မြှောက်၍ တရားဝင်ဖွဲ့စည်းတည်ထောင်ခြင်းပြုထားသော ပြည်ထောင်စုအစိုးရသည် သံဆူးကြိုးများကာရံလျှက် လက်နက်ကိုင်များ ဝိုင်းဝန်းစောင့်ကြပ်နေသော ဝင်ဒါမီယာနန်းတော်ကြီးအတွင်းနှိုက် အတင်းအဓမ္မ လုပ်ကြံဖြုတ်ချခြင်းခံလိုက်ရသည်ကို အထင်းသားအရှင်းသား မြင်နေရ၏။
ထိုကဲ့သို့ပင် အတင်းအဓမ္မလုပ်ကြံဖြုတ်ချကြခြင်းကိုလည်း ဝန်ကြီးချုပ်ဦးနုအနေနှင့် သဘောကျငြိမ်ခံ၍နေလိုက်ခြင်းဖြစ်သည်မှာ ပေါ်လွင်လျှက်ရှိ၏။
ဆင်သေအားဖုံးဖိကြပုံ။
ဤ ဝင်ဒါမီယာ နန်းတွင်းလုပ်ကြံမှုကြီးနှင့်ပတ်သက်၍ တစုံတယောက်ကဖြစ်စေ၊ မည်သည့်ပါတီအဖွဲ့အစည်းကဖြစ်စေ မဟုတ်မဟတ် ပြောဆိုရေးသားမှုပြုလုပ်ပါလျှင် မိမိအနေနှင့် သီးငြီးခံနိုင်တော့မည်မဟုတ်ဘဲ တရားဥပဒေအရ အရေးယူရလိမ့်မည်ဖြစ်ကြောင်းဖြင့် လုပ်ကြံမှုကြီးပြီး၍ များမကြာမီအတွင်း စစ်ဦးစီးချုပ်နေဝင်း ထိုးမြဲလက်မှတ်ဖြင့် တပ်မတော်သတင်းနှင့်ပြန်ကြားရေးဌာနမှ ကြေငြာချက်တရပ် ထုတ်ပြန်လိုက်၏။ စောင်ရေများပြား၍ သြဇာလည်းကြီးသောသတင်းစာတိုက်ကြီး ၄-၅ တိုက်မှ တာဝန်ခံများကို ဒဂုန်ရိပ်သာသို့ ထမင်း ခေါ်ဘိတ်ကြွေးမွေးလျှက် စစ်ဦးစီးဗိုလ်မှူးကြီးများကိုယ်တိုင် ဧည့်ဝတ်ပြုကြခြင်းကိုလည်းကြားရ၏။
ဤထုတ်ပြန်ကြေငြာချက်နှင့် ဧည့်ခံပွဲများသည် လုပ်ကြံမှုကြီးအား ဖုံးကွယ်ရန်ကြိုးပမ်းသော ခြေလှမ်းများသာဖြစ်သည်။ တချိန်တည်းမှာပင် ဝန်ကြီးချုပ်ဦးနုက၎င်း၊ အတိုက်အခံဦးကျော်ငြိမ်းက၎င်း၊ နောက်တက်လာမည့် ဗိုလ်ချုပ်နေဝင်းအစိုးရအား သူ့ထက်ငါ အပြိုင်အဆိုင် ကြိုဆိုပွဲများ ထောက်ခံပွဲများလုပ်လာကြ၏။ နိုင်ငံရေးကျားသေကြီးများ အသက်ပြန်ဝင်လာကာ ဦးနုနှင့်ဦးကျော်ငြိမ်းတို့နည်းတူ ကြိုဆို ထောက်ခံကြသော သတင်းစာရှင်းလင်းပွဲနှင့်ထုတ်ပြန်ချက်များကိုကား အထူးရေးသားနေဘွယ်ရာ မလိုတော့ဟုထင်၏။
မိမိပြုတ်ကျသွားခဲ့ရသောနေရာကို တက်လာမည့်အစိုးရအား ဝန်ကြီးချေုပ်ဦးနုက အဘယ့်ကြောင့် ကြိုဆိုထောက်ခံရသနည်း။ အဖြေကား ရှင်း၏။ ဝန်ကြီးချုပ်ဦးနုသည် မိမိအားဖြုတ်ချခြင်းကိစ္စကိုကာကွယ်၍ နောက်တက်လာမည့်အစိုးရသည် မိမိကိုယ်သာလျှင် လိုလားသော အစိုးရအနေနှင့် တိုင်းပြည်ကထင်မြင်လာအောင်၊ အထင်ကြီးလာအောင် ဟန်ရေးပြခြင်းမျှသာဖြစ်၏။ အတိုက်အခံဦးကျော်ငြိမ်းကရော အဘယ့်ကြောင့် ကြိုဆိုထောက်ခံရသနည်း။ ဤမေးခွန်းအတွက်အဖြေသည်လည်း ဖြေပြီးသားပင်ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းဖြုတ်ချလိုသော ဝန်ကြီးချုပ်ဦးနုအစိုးရသည် ပြုတ်သွားခဲ့ရပြီးဖြစ်သောကြောင့်ဖြစ်၏။ ၎င်းအပြင် နောက်တက်လာမည့်အစိုးရအဖွဲ့နှိုက် မိမိ၏လူများပါဝင်ကာ တန်ခိုးအာဏာကြီးမားလာစရာ အလားအလာများရှိနေသောကြောင့်လည်ဖြစ်၏။
ဝန်ကြီးချုပ်ဦးနုနှင့် အတိုက်အခံဦးကျော်ငြိမ်းတို့သည် ထိုလုပ်ကြံမှုကြီးအား ကြိုဆိုထောက်ခံပွဲများ ကျင်းပပြုလုပ်ရုံနှင့်အားမရကြသေးဘဲ၊ ယခင် ဖဆပလအဖွဲ့ကြီးမကွဲမီက တဦးနှင့်တဦးနားလည်မှုရှိစွာ လုပ်ခြင်တိုင်းလုပ်လာခဲ့ကြသော တဦး၏အပပြစ်အနာအဆာများကို တစ်တစ်ခွခွ ထုတ်ဖော်ဆဲရေးလာကြပြန်၏။ ရစရာမရှိအောင် ပုတ်ခတ်စွပ်စွဲလာကြပြန်၏။ နှစ်ဦးစလုံးကပင် ခုံရုံးဖွဲ့၍စစ်ဆေးပါဟု အော်ကြီး ဟစ်ကျယ် စိန်ခေါ်လျှက်ရှိကြ၏။
ဤကား ဘာအဓိပ္ပါယ်နည်း။
အဓိပ္ပါယ်ကားရှင်းနေ၏။ လုပ်ကြံဖြုတ်ချခြင်းခံလိုက်ရသောဝန်ကြီးချုပ် ဦးနုရော၊ လုပ်ကြံမှုတွင်ကြိုးကိုင်သောဦးကျော်ငြိမ်းပါ ဝင်ဒါမီယာ နန်းတွင်းလုပ်ကြံမှုကြီးအား တိုင်းပြည်က မျက်ခြေပြတ်သွားအောင် အာရုံလွှဲပြောင်းနေကြခြင်းသာဖြစ်၏။ ဤကဲ့သို့ အာရုံလွှဲပြောင်းပေးကြရင်း တချက်ခုတ် ၂ ချက်ပြတ်ဆိုသကဲ့သို့ မိမိတို့အချင်းချင်းလည်း တဦးကိုတဦးသြဇာချရန် လိမ်လိမ်မာမာ နိုင်ငံရေးကျားကွက် ဆင်နေကြခြင်း ဖြစ်သတည်း။
ထူးခြားသော ပဟေဠိ။
ဤကား စက်တင်ဘာ ၂၆ ရက်နေ့က ဝင်ဒါမီယာနန်းတွင်းလုပ်ကြံမှုကြီးနှင့်ပတ်သက်၍ ထိုလုပ်ကြံမှုကြီးတွင် အသီးသီးပါဝင်ခဲ့ကြသော ကာယကံရှင်များက အူယားဖားယားဖုံးဖိနေကြသော အကြောင်းရင်းနှင့်အခြေခံများဖြစ်၏။ သို့ရာတွင် ဤ လုပ်ကြံမှုကြီးနှင့်ပတ်သက်၍ အစွန်းထွက်နေသေးသောပြဿနာတခုကား ရှိနေသည်။ ထိုပြဿနာမှာ အခြားတော့မဟုတ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် လက်နက်ကိုင်ခြိမ်းခြောက်မှုတို့ကို အသက်ပေးကာကွယ်ဝန့်ပါသည်၊ ကာကွယ်ခြင်းလည်းပြုပါမည်ဟု မကြာခန မောင်းတင်ကြိမ်းမောင်း ခြင်းလည်းပြုလေ့ရှိသော ဝန်ကြီးချုပ်ဦးနုသည် စက်တင်ဘာလ ၂၆ ရက်နေ့လုပ်ကြံမှုကြီးကိုခုခံကာကွယ်ရန် မည်သို့မျှကြံစည်အားထုတ်ခြင်း မပြုဘဲ၊ ထိုလုပ်ကြံမှုကြီး၏တရားခံများနှင့်အတူ ပူးပေါင်းပါဝင်သွားလိုက်သောပြဿနာပင်ဖြစ်သည်။
များမကြာမီက ပြည်ထောင်စုလူငယ်များညီလာခံနှိုက် မိမိကိုယ်ကို ကွန်မြူနစ်များနှင့် ဆယ်နှစ်လုံးလုံး ဘယ်သောအခါမှမစေ့စပ်ဘဲ အပြုတ် တိုက်လာခဲ့သော သူရဲကောင်းကြီးအဖြစ်ဖြင့်၎င်း၊ ပြည်ထောင်စုကြီးတခုလုံး ချောက်ထဲကျရန်လက်နှစ်လုံးမျှသာလိုခဲ့သော အချိန်နှိုက်လည်း ကြောက်မွှေးရှိသမျှကိုဇာဂနာနှင့်နှုတ်ကာ တယောက်တည်းအလံမလှဲဘဲ တွန်းလှန်တိုက်ခိုက်လာခဲ့သော ဒီမိုကရေစီသူရဲကောင်းကြီး အဖြစ်ဖြင့်၎င်း ကိုယ်ရည်သွေးခဲ့သော ဝန်ကြီးချုပ်ဦးနုသည် စက်တင်ဘာ ၂၆ ရက်နေ့လုပ်ကြံမှုကို ငြိမ်ငြိမ်သက်သက်ကလေးခံလိုက်ပုံအား လေးလေးနက်နက်စဉ်းစားစရာရှိလာ၏။
ဦးနုဦးဆောင်သောအစိုးရသည် တရားဝင်တည်ထောင်ထားသောအစိုးရဖြစ်၏။ ပြည်သူတို့က ရွေးကောက်ထားသောအစိုးရဖြစ်၏။ ပြည်သူ့လွှတ်တော်ညီလာခံက တင်မြှောက်လိုက်သောအစိုးရဖြစ်၏။ ယခုအခါတွင် မိမိ၏တရားဝင်အစိုးရအား လက်နက်ကိုင်ခြိမ်းခြောက်ကာ လုပ်ကြံခဲ့ကြသောလူတစုနှင့် ဝန်ကြီးချုပ်ဦးနုသည် အလိုတူအလိုပါပူးပေါင်းသွားခဲ့လေပြီ။ ထိုသို့ပူးပေါင်းခြင်းနှိုက် အခြားအကြောင်းမရှိနိုင်ပေ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်သူ နိုင်ငံသားများအား လက်နက်ကိုင်ဖိနှိပ်လိုကြသေလူတစုနှင့် လက်တွေ့အားဖြင့်ပူးပေါင်းလိုက်သော ဦးနုသည် မိမိကိုယ်တိုင်က ပြည်သူလူထုအား လက်နက်ကိုင်၍ဖိနှိပ်ရန်သဘောတူမျှသောကြောင့်သာ ဖြစ်နိုင်ပေသတည်း။
ထွန်းလင်း
(အက္ခရာရိုက်မရလို့ နှိုက်လိုက်ရပါတယ်။ မူရင်းအတိုင်းသတ်ပုံသတ်ညွှန်းမပြင်ပါ။ ထွန်းလင်းဆိုသည်မှာ ဆရာဗန်းမော်တင်အောင့် ကလောင်ခွဲတခုဖြစ်ပါတယ်။ အစိုးရအပေါ်အကြဘည်အညိုပျက်စေမှုနဲ့ တရားစွဲခံရတဲ့ဆောင်းပါးပါ။ လင်းယုန်ဂျာနယ် နိုဝင်ဘာ ၁၉၅၈ ခုထုတ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံကို Aungmyint Oo ဆီကယူပါတယ်။ စာက ကျနော်ရိုက်ပါတယ်။ မျိုးမြင့်ချို)

Friday, December 6, 2019

(ထိုင်းကိုထိုးတဲ့မျက်စောင်း)

0 comments
(ထိုင်းကိုထိုးတဲ့မျက်စောင်း)
ထိုင်းပင်လယ်စာနဲ့ ရေထွက်ကုန်တွေ အမေရိကန်ကိုတင်သွင်းခွင့် ပိတ်ပြီးပါပြီ။ ဒါပေမယ့် မပြီးသေးပါ။ နောက်ထပ် ကုန်စည်တွေအပေါ်မှာ စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံသွားဖို့ ခြေလှမ်းပြင်နေပါပြီ။ ဘယ်ကုန်တွေလဲ ဘယ်လောက်အထိ ကောက်မှာလဲ ဘယ်တော့စမလဲကတော့ အတိအကျမသိရသေးပါ။ အမေရိကန်ကုန်သွယ်ရေးလိုငွေပြမှု ဇယားကိုစဉ်လိုက်ရင် ထိုင်းဟာ နံပတ် ၁၁ မှာရှိပါတယ်။ ထိုင်းဘက်က အမေရိကန်တွေ စိတ်ပြေရာပြေကြောင်း ငွေကြေးဈေးကွက်ဖွင့်ပေးတာနဲ့ ဘဏ္ဏာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တာ၊ ဘိုးရင်း လူစီးခရီးသည်တင်ဂျက်လေယဉ်ကြီးတွေ ဝယ်ပြီး ဖြေဆေးကျွေးတာတွေလုပ်ပေမယ့် မရပါ။ မကြာခင်မှာ စည်းကြပ်ခွန်လက်နက်နဲ့ ပစ်ခတ်တော့မယ် ယူဆပါတယ်။ ထိုင်းကို ထိရင် ဗမာပြည်လည်း တောင်ပြိုရာမြက်ပြတ် အဆစ်ပါပါလိမ့်မယ်။ ထိုင်းနဲ့ဗမာက နယ်စပ်ကုန်သွယ်ရေးကတင် မနည်းဘူး ကြီးနေတာပါ။ ဗီယက်နမ်ကိုလည်း အလားတူစည်းကြပ်ခွန်တွေ တိုးမြှင့်မယ့်အလားအလာတွေ မြင်နေရပါပြီ။ ဗီယက်နမ်လည်း ထိုင်းနည်းတူ ဘိုးရင်းဂျက်လေယဉ်ကြီးတွေအပါဝင် အမေရိကန် ကုန်စည်တချို့တိုးပြီး ဝယ်ခဲ့ပါသေးတယ်။
ဗီယက်နမ်စီးပွားရေးက တိုးတက်နေတာမှန်ပေမယ့် ထိုင်းလို အခြေတကျ ငြိမ်ငြိမ်ဆိမ်ဆိမ် တပြေးညီမဟုတ်ပါ။ လမ်းပမ်းဆက်သွယ်ရေးအပါအဝင် အခြေခံအဆောက်အဦတွေက မပြည့်စုံရုံမက လိုအပ်ချက် အကြီးကြီးရှိနေတာပါ။ ထိုင်းက စစ်အာဏာ ခနခနသိမ်းတယ်ဆိုပေမယ့် ဓနရှင်ဗျူရိုကရေစီယန္တယား (ခေတ်အခေါ် အင်စတီကျူးရှင်း)ကြီးတွေက ခိုင်ခိုင်မာမာရှိနေပါတယ်။ စစ်အာဏာသိမ်းပြီး စစ်ဗိုလ်ကြီးတွေ စီးပွားရှာကြ အရင်းအနှီးစုဆောင်းကြပေမယ့် ဗမာပြည်လို ရှိသမျှသယံဇာတအကုန်ထုတ်ရောင်းတာ ရှိသမျှစီးပွားရေးအကုန် လက်ဝါးကြီးအုပ်တာလောက်ကြီးအထိ ရုပ်ပျက်ဆင်းပျက်တော့ လုပ်မရပါ။ သူ့ဟာနဲ့သူ ထိမ်းကွပ်ထားတာရှိပါတယ်။ စစ်အာဏာသိမ်းတယ်လို့ဆိုလိုက်ရင် စစ်ဗိုလ်တွေ တလှည့်စီးပွားရှာဦးမယ်ဆိုတဲ့သဘောလောက်ပါ။
ခုထိုင်းကို အမေရိကန်က နင်မဟုတ် နင့်အမေဆိုပြီးရမယ်ရှာနေပါတယ်။ ကျနော်တို့ တွေးဆစရာက ထိုင်းမှာ (တရားဝင်ရော တရားမဝင်ပါ)ဗမာအလုပ်သမား ၂ သန်းလောက်ရှိတယ်ဆိုတာပါ။ ထိုင်းအထိနာလို့ စီးပွားယွင်းရင် အဲ့ဒီလူတွေ ဘယ်နိုင်ငံကိုကူးကြမလဲဆိုတာပါ။ ဗမာပြည်ပြန်လာဖို့ကတော့ အနည်းစုလောက်သာ စဉ်းစားကြမယ်ထင်ပါတယ်။ ကူးသွားမယ့်နိုင်ငံမှာရော ဘယ်ပုံ ဘဝတွေပြန်တည်ဆောက်ကြမလဲ ဗပြည်ပြန်လာမယ့်အနည်းစုကရော ပြည်တွင်းမှာ အလုပ်အကိုင်ရရေး စားဝတ်နေရေးတွေ ဘယ်လိုဖန်တီးကြမလဲဆိုတာတွေပါ။
အမေရိကန်စီးပွားရေးကောင်းနေတဲ့ကာလတလျှောက်လုံး မက္ကဆီကိုနဲ့ လက်တင်အမေရိကနိုင်ငံတွေက တရားမဝင်လာရောက် အလုပ်လုပ်ကိုင်သူတွေကို တမင့်ကို ဟပေးပြီးအဝင်ခံခဲ့တာပါ။ အမေရိကန်တွေမလုပ်ချင်တဲ့ လုပ်ခနည်း အန္တရာယ်များ အလုပ်ကြမ်းတွေအပါအဝင် သစ်သီးဝလံခူးတဲ့ ရာသီပေါ်အလုပ်တွေကို အဲ့ဒီလူတွေလုပ်တာပါ။ လုပ်ငန်းခွင်အာမခံချက်မရှိ လျော်ကြေးနစ်နာကြေးမရှိ ကျန်းမာရေးအာမခံကို အလုပ်ရှင်ဘက်ကတာဝန်မယူရတာမျိုး စတာတွေအပြင် အချိန်ပိုလုပ်ခ မဖြစ်စလောက်ပေးခိုင်းတာတွေအပြင် လူမသိသူမသိ အနိုင်ကျင့် နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်မှုတွေလည်း တပုံကြီးပါ။ ဒါပေမယ့် တိုင်းပြည်စီးပွားက ဒီရေလိုတိုးနေတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေအရေးက ရှေ့တန်းရောက်မလာပါ။ မရောက်တဲ့အပြင် အလုပ်ရှင်တွေက လူတွေခိုးသွင်းတာ တရားမဝင် ခိုးခိုင်းနေတာကို မသိမသာအားပေးအားမြှောက်လုပ်တာတောင်ရှိပါတယ်။ နိုင်ငံရေးသမားတွေလည်း မဲဆွယ်တဲ့နေရာမှာ ဒီ ရွှေ့ပြောင်းအလုပ်သမားတွေ ဒီလိုပြုမူနေတာတွေကို နှုတ်ဆိတ်နေခဲ့ကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေ လူ့အခွင့်အရေးသမားတွေနဲ့ ဘုရားကျောင်းတွေဆီကတော့ ဒီအရေးတွေနဲ့ပတ်သက်လို့ အသံခတ်ယဲ့ယဲ့ထွက်ပါတယ်။
ဟော အခု အမေရိကန်စီးပွားလည်းကျရော ရွှေ့ပြောင်းအလုပ်သမားတွေဘက် လှည့်ရန်လုပ်လာပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကြောင့် တို့အလုပ်အကိုင်တွေဆုံးရှူံးရတာ ဒီလူတွေလာပြီး တို့အလုပ်တွေခိုးသွားလို့ တို့အလုပ်လက်မဲ့ဖြစ်ရတာ၊ ဒါ့ကြောင့် တိုင်းပြည်မှာ ရာဇဝတ်မှုတွေထူပြောရတာဆိုပြီး ရန်စွယ်ငေါငေါလုပ်လာတာပါ။ ဒီ့ထက်ပိုလာတော့ ထရမ့်လက်ထက်မှာ ရွှေ့ပြောင်းလာသူတွေက ရာဇဝတ်ကောင်တွေ မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေဆိုတာကနေ အမေရိကန်ဟာ လူဖြူတွေတိုင်းပြည် အင်္ဂလိပ်စကားပြောတဲ့လူတွေနေတဲ့ပြည် ဘာညာတွေအထိ ရောက်လာပြီး လူမျိုးရေးခွဲခြားမှုတွေ အမုန်းတရားအခြေခံ ရာဇဝတ်မှု ကျူးလွန်တာတွေ လူဖြူခရစ်ယာန်မဟုတ်သူတွေရဲ့ ဘုရားကျောင်းအပါအဝကင် စုဝေးရာအရပ်တွေကို တိုက်ခိုက်တဲ့အထိတွေဖြစ်လာပါတယ်။ မက္ကဆီကို အမေရိကန်နယ်စပ် တံတိုင်းခတ်တာ နယ်စပ်လုံခြုံရေးတွေတင်းကျပ်လာတာအပြင် မြိ့ုကြီးတွေမှာ စီမံချက်နဲ့ လူဖမ်းပွဲကြီးတွေလုပ်တာ၊ မူရင်းနိုင်ငံတွေဆီ မိတကွဲဖတကွဲ သားတကွဲ မယားတကွဲ အတင်းအကျပ်ပြန်ပို့တာတွေလုပ်နေတာပါ။ ခုဆို ဒီ လူမျိုးရေးခွဲခြားမှုစည်းက ထိတ်လန့်စရာကောင်းလောက်အောင်ကို ထူနေတာပါ။ ဒါတောင် အမေရိကန်ဟာ ရွှေ့ပြောင်းအခြေချလာသူတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်သလို ပထမဆုံးသမ္မတကနေ လက်ရှိသမ္မတအထိ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ သားစဉ်မြေးဆက်တွေပါ။
ထိုင်းနိုင်ငံကျ အဲ့သလိုမဟုတ်ပါ။ ပဒေသရာဇ်တွေ နယ်ပယ်ချဲ့ထွင်ရာကနေ စလာလိုက်တဲ့အမုန်းမီးဟာ ခုထိ တောက်လောင်နေတုန်းပါ။ နှစ်နိုင်ငံလုံးက အာဏာရအစိုးရတွေကလည်း ဒီမီးကို အမြဲတမ်းမွှေးထားတာပါ။ ဗမာပြည်က အောက်ကသာနေတာ ဟာဒီးကလည်းမလျှော့ဆိုတဲ့ပြည်ပါ။ ကျနော်ထိုင်းမှာနေခဲ့ရုံမက ဗမာအလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့အစည်း တခုမှာ ဗော်လန်တီယာလုပ်ခဲ့ဖူးသူမို့ ဗမာပြည်သားအလုပ်သမားတွေ ထိုင်းမှာ ဘယ်လောက်အနေကျပ် အသေကျပ်ကို ထိုက်သလောက်သိပါတယ်။ အထူးသဖြင့် တရားမဝင်ဆိုတဲ့အလုပ်သမားတွေဘဝက ရင်နာစရာကောင်းပါတယ်။ နာကျင်ခံစားခဲ့ရတာတွေကို ဖော်ပြဖို့စကားလုံးတောင် ကျနော့်မရှိပါ။
ခု ထိုင်းစီးပွားရေးက အကျဘက်တိမ်းနေပြီးသားပါ။ စီးပွားတက်နေချိန်ကဝင်လာတဲ့ဗမာပြည်သားတွေအပေါ်တောင် နိုင်လိုမင်းထက် စိတ်ထင်သလိုပြုမူဆက်ဆံခဲ့တာ စီးပွားကျတဲ့အချိန်မှာ ပိုတောင် အညှိုးတကြီးလုပ်လာပါလိမ့်မယ်။ နိုင်ငံရေးသမားတွေကလည်း ရွှေ့ပြောင်းဝင်ရောက်လာသူတွေကြောင့်လို့ လက်ညှိုးထိုးပြီး လူမျိုးရေးမုန်းတီးမှုအခြေခံတွေကနေ မဲဆွယ်ပါလိမ့်မယ်။ ဝါဒဖြန့်ပါလိမ့်မယ်။ အဓိကရုဏ်းတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာပါလိမ့်မယ်။
ပြန်ကောက်ရရင် အမေရိကန်က ထိုင်းကို ရမယ်ရှာနေပါပြီ။ ရွှေပြောင်းအလုပ်သမားတွေကိုအကြောင်းပြုပြီး လူမျိုးရေးမီးတွေ မွှေးလာနိုင်စရာရှိပါတယ်။ ဒါကိုအခြေခံတဲ့ အမုန်းစကားပြောတာ ဝါဒဖြန့်တာတွေကို နိုင်ငံရေးသမားတွေပါးစပ်က ကြားရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သတိတော့ရှိကြပါ။ သတိနဲ့ နိုးနိုးကြားကြားနေကြပါ။ စည်းစည်းလုံးလုံးရှိကြပါ။ လူမျိုး ဘာသာမတူသူတွေအပေါ် ဗမာစစ်အုပ်စုလောက် မိုက်မိုက်ကမ်းကမ်း ရမ်းရမ်းကားကားတွေ မလုပ်လောက်ပေမယ့် သူ့အတိုင်းအတာနဲ့သူတော့ ပြဿနာတွေဖန်တီးနိုင်ပါတယ်။
မျိုးမြင့်ချို
ဒီဇင္ဘာ ၆၊ ၂ဝ၁၉

Thursday, December 5, 2019

စံဦး (ကျောက်တံခါး) - ''မေ့မရသောအာဇာနည်နေ့''

0 comments
စံဦး (ကျောက်တံခါး) - ''မေ့မရသောအာဇာနည်နေ့''(မျှဝေလာတာကို ဖတ်ရှုရလို့ ထပ်ဆင့်မျှဝေလိုက်ပါတယ်)
စံဦး (ကျောက်တံခါး) - ''မေ့မရသောအာဇာနည်နေ့ (၁၉၆၃)''
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၉
၁၉၆၃ ဇူလိုင်၁၉ ရက်
နှစ်ပေါင်း ၅၆ နှစ်ကြာခဲ့ပြီ။ထိုစဉ်ကအကြောင်းအရာများကို ပြန်စဉ်းစားမိတိုင်း မိမိ၏ငယ်ဘဝကိုပြန်ရောက်သွားသည့် အလားရုပ်ပုံလွှာကားချပ်များသဖွယ် အစီအရီတလွှာခြင်းပုံပေါ်၍လာသည်။ အချို့ကမှုန်တရီဝိုးတဝါးမထင်မရှား။ အချို့ကပီပီပြင်ပြင် ထင်ထင်ရှားရှား ရုပ်လုံးကြွလျှက်။ ယခုပင်လျှင်ဖြတ်သန်းနေ သကဲ့သို့ မြင်ယောင်လာသည် ။
ကျွန်တော်သည် ရန်ကုန်မြို့ကန်တော်ကလေး ၉၃ လမ်းရှိ နာရီမှန်လုပ်ငန်း လုပ်၍ ကြီးပွါးနေသော အဖေ့ညီ ဦလေးတော်သူအိမ်မှာနေလျှက်။ ထိုမှ ရန်ကုန်တက္ကသိုလ်ဝင်း ပြည်လမ်းမဘက်ရှိ ပြည်ဆောင် တကေါင်း နှင့်ပုဂံ ဆောင်များ မျက်စောင်းထိုးရှိ "လှ အလွတ် ပညာသင်ကျောင်း" ဒေါ်လှယဉ်နု၊ဒေါ်လှယဉ်မေ ၊ဒေါလှခင်မကြီး ၊ဒေါ်လှခင်မလေး ၊ဦးလှစိုးလွင် ၊ဒေါ်ယဉ်မွန် နိုင်ငံရေးစိတ်ဓါတ် ထက်သန်ကြသော 'လှ' မိသားစု ထံတက် ရောက်ပညာသင်ယူနေစဉ်ဖြစ်သည်။
၁၉၆၃ ခု ဇူလိုင် ၁၉ ရက်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီများအား ဂဠုံ ဦးစောခေါင်းဆောင်သော နယ်ချဲ့လက်ပါးစေ အာဏာရူး တစ်စု၏အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံရသည့်( ၁၆ ) နှစ်မြောက်သောနေ့ ။
အာဇာနည် နေ့
ထိုနေ့ကမိုးလင်းပြီဆိုကတည်းက မိုးကတဖွဲဖွဲစွေနေသည် ။ ရွှဲနစ် သွားလောက် အောင် သဲသဲမဲမဲရွာသည်တော့မဟုတ် တဖျောက်ဖျောက် ပါးပါးလေး ရွာချလိုက် နေလေးပွင့်လိုက် လုပ်နေသည် ။ ချိန်းဆိုထား သောလုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်းအား ခပ်စောစောကထဲကပင် ရေမိုးချိုးအဝတ်အစားလဲကာ စောင့်နေခြင်း
ဖြစ်သည် ။ အနီးဝန်းကျင်နေအိမ်များဆီကရေဒီယိုသံများပျံ့လွင့်၍ လာသည် ။ဒီနေ့ ဒီရက်ရောက်တိုင်း မရိုးနိုင်အောင်ဖြစ်ရသော အဆိုတော် ဒေါ်မေလှမြိုင် ၏အသံသည် ယနေ့ ပို၍ ပင် လွမ်းဆွေး ဆွတ်ပျံ့ဖွယ်ရာကောင်း နေသည်ဟုထင်ပါသည် ။
"မောင်လေးဘယ်သွားမလို့လဲ"
အကျင်္ ီလက်ရှည်အဖြူ ဂန့်ဂေါ နှစ်နံစပ်အနက်ရောင်ကွက်ဝတ် ထားသောကျွန်တော်အား အထူးအဆန်းသဖွယ် စူးစမ်းသော အကြည့်ဖြင့် မမက မေးသည် ။
" အာဇာနည်နေ့ ပန်းခွေသွားချ မလို့လေ'' မမက ကျွန်တော့ကိုနားခေါင်းရှုံ့ကာ လှည့် ထွက်သွားသည် ။ ထိုစဉ်အိမ်ရှေ့မှ "လာဟေ့ သွားမယ်"ဟုခေါ်နေသော ကျောက်တံခါး ကိုမျိုးဝင်း၏အသံကိုကြားလိုက်သည် ။ ကိုမျိုးဝင်းသည်ကျွန်တော်နှင့်ငယ်ပေါင်းကြီးဖေါ် တစ်မြို့ထဲနေ တစ်တယာက်ကို တစ်ယောက်အင်မတန် ရင်းနှီးချစ်ခင်သောအိမ် နီးနားချင်းငယ်သူငယ်ချင်းဖြစ်သည်။
ဒါကိုပင်လျင် ဦးလေးနှင့်အေဒါ်ကမကြိုက် ဒီအထဲ မမ လဲပါသည် ။သူတို့မကြိုက်ကြသည်မှာလည်းမှန်သည်။
၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်းစစ် အစိုးရအာဏာသိမ်း တက်လာပြီး နှစ်လကြာ မေလ ၉ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသက် တကသတပ်ဦးမှ ကိုမြသန်း (ကျူ ရှင်ဆရာကွယ်လွန်)၊ ကိုသာဘန်း (ကွယ်လွန်)၊ကိုဇော်ဝင်း(ဗကသ ဥက္ကဌဟောင်းကွယ်လွန်)၊စိုင်းအောင်ဝင်း (တကသ ဒုဥက္ကဌ)တို့နှင့်အတူ ဒတ်( ချ် ) သံရုံးကိုဝိုင်း၍ ဆန္ဒပြကန် ကွက်ပွဲတွင် ကိုမျိုးဝင်းပါဝင်ခဲ့သည်။ ဒါတွင်မက သံရုံးအလံတက်ဖြုတ်၍ မီးရှို့ဖျက်ဆီးလိုက်သူမှာလည်း သူနှင့် ကိုမြသန်း (ကျူရှင် ဆရာ) တို့ပင်ဖြစ်သည် ။နောက်တစ်နေ့ကြေးမုံသတင်းစာတွင် ကိုမျိုးဝင်း အလံဖြုတ်ပြေးနေပုံပါလာသည် ။ထိုဓါတ်ပုံသည် အကောင်းဆုံး ဓါတ်ပုံဆုကိုပင် ဆွတ်ခူးရရှိခဲသေးသည် ။
သိုသော် ဗကသ ဥက္ကဌ ကိုသက်၊ကိုမြသန်းနှင့်ပါဝင်သူခေါင်းဆောင်များအဖမ်းခံရပြီး ဘားလမ်းအချုပ် တွင်ထိန်းသိမ်းကါ ရုံးတင်စစ်ဆေးနေဆဲ ၁၉၆၃ ဧပြီ ၁ ရက်နေ့တွင် ပြည်တွင်ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲအတွက် ဗိုလ်ချုပ်နေဝင်းအစိုးရမှှ လွတ်ငြိမ်ချမ်းသာခွင့် ကြေငြာခြင်းနှင့် အတူလွတ်မြောက်လာခဲ့သူဖြစ်သည် လွတ်လာသည်မှာသုံးလသာရှိသေးသည် ။
ယင်းဖြစ် စဉ်များကိုသိနေသော ကျွန်တော့ဦးလေးမိသားစုက သူ့ကိုမကြိုက်။
"ဒီကောင်နဲ့ တွဲရင်ထောင်စော်နံတယ် ကြီးပွားမယ့်ပုံမမြင်ဘူး" ဟုအဆူခံထိဘူးသည် ။
၁၉၆၂ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်းအပြီး ထုတ်ပြန်သော သမဂ္ဂ၏ကြေငြာချက်များ လေးဦးကော်မတီ မှ ဝေါ ကိုစိုးသိန်း (မောင်ဝံသ ) ၊ပခုက္ကူ ကိုကြည်ဝင်း (ယူနီယံပျက်ဟောင်း တနေရာသီ
ချင်းရေးသူ )၊ မြင်းခြံကိုတင်အေး၊ ကျောက်တံခါး ကိုတင်ထွန်း တို့ထုတ်ဝေသော လက်ကမ်းစာစောင်များနှင့်ရင်ပြင်နီခွပ်ဒေါင်းနီ စသောကဗျာစာ အုပ်များကိုမကြာမကြာ အိမ်ယူလာသည့်အခါတိုင်း မမက ကြိတ်ပြီးဆူ
သည်။ အသက်ငယ်သေးသည် ပညာရေးမပြည့်မစုံ တစ်ပိုင်းတစ်စနှင့် နိုင်ငံရေးထဲပါခြင်းကို လုံးဝမနှစ်မြို့။ နောက် ဆုံးတော့ လက်ထိပ်နှင့် ထောင်သာ ဆုလာဒ်အဖြစ် ရရှိခံစားရမယ် ပာုဆိုသည် ။
ကျွန်တော်တို့နှစ်ယောက် ကာလပတ် လမ်းမကြီး(မြန်မာ့ဂုဏ်ရည်လမ်း) အတိုင်းလျှောက်လာစဉ် မိုးဖွဲလေးများတဖျောက်ဖျောက်ကျေနသည။် နှစ်ယောက်စလုံးအဆောင်းမပါ ထိုမှ မန္တလေးလမ်းအတိုင်းချိုး၍ ဘူတာကြီးကုန်းကျော် အရောက်တွင် နေအနည်းငယ်ပွင့်နေပြီသို့နှင့် စပါခ်လမ်း (ဗိုလ်အောင်ကျော်လမ်း)သို့ဦးတည်လျှောက်ရင်း အရှေ့တိုင်း ပရိဘောဂဆိုင်ကြီးသို့ဝင်လိုက်ကြသည် ။ အဆိုပါပရိ ဘောဂဆိုင်ကြီးတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦသစ် တဲနန်းရှည်ကြီးတွင် အသုံးပြုရန် ခုံတန်းလျားများနှင့် စားပွဲကုလားထိုင်များ အော်ဒါ အပ်နှံထားခြင်းကြောင့် ကိုမျိုးဝင်း ဆိုင်ရှင်နှင့် စကါးပြောရန်ရှိသဖြင့် ခဏဝင်ရ ခြင်းဖြစ်သည်။
ကိုမျိုးဝင်းသည် စာရေဆရာမောင်စည်သူ ဖွင့်လှစ်ထားသော ၄၉လမ်းရရှိ စည်သူပညာရိပ်သာ၌ ကျောင်းတက်နေသူဖြစ်၍ ၎င်း ဗိုလ်တထောင် သတင်းထောက်ဖြစ်သည်ပြင် ဦးစိန်လှဦး၊ ဦးကိုလေး(မောင်ဒေါန)စသည့်သတင်းစာအယ်ဒီတာကြီးများနှင့် တရင်းတနှီးနေသူ ဖြစ်ခြင်းကြောင့် ဤအနီးတဝိုက်သူ့ကိုခင်မင်သူများပါသည်။
သမဂ္ဂအဆောက်အဦးသစ်မှ ပရိဘောဂများအတွက်သူကတာဝန် ယူအလှူခံပေးရပြီး ဖြည့်ဆည်းပေးရာ ကျောင်းသားခေါင်းဆောင်များကသူ့ရဲ့တက်ကြွစွာပါဝင်မှု့ကိုအသိ အမှတ်ပြုကြသည် ရင်းနှီးခင်မင်ကြသည်။
သမဂ္ဂဥက္ကဌထိုင်သော ကဒေါင်းအမှီပါထိုင်ခုံ အမြင့်ကြီးကိုပင် စစ်အစိုးရ မှ ဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲဖျက်ဆီးရာ၌ပါသွားခဲ့သော မူလထိုင်ခုံကြီးပုံစံကဲ့သို့တူအောင် ထိုပရိဘာဂဆိုင် ကပင် လုပ်ကိုင်ပေးခဲ့သည် ။
ပြောစရာဆိုစရာကိစ္စများ ပြီစီးသွားချိန်မှာ မနက်၈နာရီခန်ြ့ဖစ်သည်။စောနေသြဖင့် စပတ်လမ်းမှ ထွက်ခါ ဗိုလ်ချုပ်လမ်း အတိုင်း ရွိုင်ရယ်ရုပ်ရှင်ရုံအထိ လျှောက်ခဲ့ကြသည် ။ရည်ရွယ်သည်မှာ အမှတ် ၂ လိုင်းကားစီးရန်ဖြစ်ပြီးထိုမှတဆင့် ရန်ကုန် ဆေးတက္ကသိုလ်ကွေ့တွင် နံပတ် ၈ တံဆိပ်ကားပြောင်းစီး၍ ပြည်လမ်းရှိ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဘက်သို့ သွားရန်ဖြစ်သည် ။
လမ်း လျှောက်လာစဉ်မိုးရွာချလိုက်သည့်ပြင် လေပါတိုက်နေသဖြင့် နှစ်ယောက်လုံး အနည်းငယ်မိုးရေစိုလျှက် ချမ်းစိမ်စိမ့်ဖြစ်နေကြသည် ။ ကျွန်တော်တို့နှစ်ယောက် တက္ကသိုလ် သမဂ္ဂ အဆောက်အဦးယာယီတဲနန်းသို့ ရောက်ရှိချိန်တွင် လူ၂၀ခန့် ရောက်နေကြသည်ကိုတွေ့ရသည်။ အများအားဖြင့်တာဝန် ရှိကျောင်းသားခေါင်းဆောင်များဖြစ်ကြသည် ။
ကျွန်တော်တို့အဆောက်အဦးတံစက်မြိတ်အောက် ဝင်မည်အပြု တဲခေါင်မိုးဆီမှ နုတ်ဆက်သံကြောင့်မော့ကြည့်မိရာ ရွှေကျင်သားကိုညိုဝင်း( အင်းစိန်းထောင်တွင်ကျဆုံး ကျွန်းပြန် ) ကို ခါးတောင်းကြိုက် နှီးတုတ်နေသော ကျောင်သားအဖေါ်တယောက်နှင့်အတူူတွေ့ရသည် ။တဲကြီး၏ခေါင်မိုးထိပ်တွင်နီရဲသော ခွပ်ဒေါင်းအလံက တလွင့်လွင့် ။
ကျွန်တော်တို့နှစ်ယောက် အဆောက်အဦးအတွင်း ဝင်လိုက်သည်နှှင့် ကိုဗဆွေလေးနှင့်အတူ ထိုင်နေသော ဗကသ ဥက္ကဌ ကိုသက်သည် အကိုကြီးက ညီငယ်ကိုဆက်ဆံသည့် ရင်းနှီးဖေါ်ရွေသော အပြုံးဖြင့် ကျွန်တော် ပုခုံးကို ကိုင်၍ကြိုသည်။ အနားတွင် ဘိုကလေးကိုလှကြည်( ဗ က သ )ရပ်နေသည် ။ကိုမျိုးဝင်းနှင့် စားပွဲခုံ ကိစ္စ တစ်လုံးစ နှစ်လုံးစ ပြောပြီး ခဏနေတော့ ကိုဗဆွေလေး အပြင်ထွက်သွားသည်။ကိုဗဆွေလေးသည် အပြုံးအရယ် နည်းသည်။ စကားနည်းသည်။ အလွန်တည်ကြည်သော ရုပ်သွင်ရှိသူ ဟုကျွန်တော်ထင်မိသည်။ ဘာရယ်မသိ။ စတင်တွေ့ဖူးစဉ်ကထဲက သူ့ကို အလိုလို ကြည်ညိုလေးစားမိသလိုခံစားရပါသည်။
(ကိုဗဆွေလေးမှာ တက္ကသိုလ် သမဂ္ဂရွေးကောက်ပွဲတွင် အမှုဆောင် ဥက္ကဌဖြစ်လာသည် ။ အစဉ်အလာအရ နိုင်ငံတော် ၏ အဓိပတိ သို့မဟုတ် နိုင်ငံတော် ဝန်ကြီးချုပ်က ကျမ်းကျိန် ပေးရစမြဲမို့ ကိုဗဆွေလေး ဥက္ကဌ ဖြစ်လာစဉ် ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်တက်ရောက်ကျမ်းကျိန် ဆိုပေးခဲရသော နောက်ဆုံး တကသ ဥက္ကဋ္ဌ ဖြစ်သည်။)
ကိုဗဆွေလေး ကဲ့သို့ပင် မျက်နှာတည်၍ စကားနည်းသူမှာ ပိန်းဇလုပ် ကိုလှမြင့် (ဇီးကုန်းတွင်ကျဆုံး) ဖြစ်သည်။ သူတိုနှစ်ယောက်လုံးခန္ဓာကိုယ် ပိန်လှီကြသည့်ပြင် နှုတ်ခမ်း စေ့ထားပုံခြင်းလည်း တူသည်ဟုထင်မိသည် ။ ကိုဗဆွေလေးကို ကိုလှမြင့်က ကူညီလုပ်ကိုင် ပေးနေသည်။
နံပတ် ၇ လိုင်းကါးအဝါကြီးများမိန်းတံခါးကြီးရှေ့ တက္ကသိုလ်အဝိုင်းလေးကိုပတ်၍တစ်စီးပြီးတစ်စီးအဓီပတိလမ်းအတိုင်းဝင်လာသညါ။ကားများပေါ်တွင် ကျောင်းသားအချို့ပါလာသည်။ သမဂ္ဂဝင်းအရှေ့ ထိုးဆိုက်လာသောဘတ်စကား၏ဘော်ဒီတစ်ဖက်တစ်ချက်တွင် ကိုဗဆွေလေးကိုယ်တိုင် တပ်ဦးစာလုံး (လက်ဝဲစာလုံးဟုလည်း ခေါ်ကြသည။်)နှင့် ရေးထားသော ကျောင်းသားသမဂ္ဂ ကြွေးကြော်သံ စာများ ကပ်နေသည်ကိုတွေ့ရသည် ။
ယင်းမြင်ကွင်းကိုအာရုံ စိုက်မိရာမှ ကိုမျိုးဝင်းသွားရာဘက်သို့ပြန်ကြည့်မိရာ တဲအတွင်း ဘက်ကျကျတွင် တောင်ငူကိုသက်ဝင်း(ကျွန်းပြန်) နှင့် ဗကသအတွင်းရေးမှုး ကိုတင်ထွန်း ၊ကိုသာဒိုး(ပဲခူးရိုးမတွင်ကျဆုံးကြ ) ၊ကိုကျော်လှိုင် (ဝန်ကြီး ဦးညိုထွန်းသား)တို့စကားဝိုင်းဖွဲရာမှ ကိုမျိုးဝင်းအား ကိုသက်ဝင်း နှင့် ကိုတင်ထွန်း ကစကားလှမ်းပြောလိုက် သည်ကိုတွေ့လိုက်ရသည် ။
တစ်နေရာတွင် အသားမည်းမည်း ကိုမျိုးမြင့်၊ကိုမြင့်ဦးနှင့်( မောင်လင်းယုန် ရှမ်းပြည်)အခြားကျွန်နော်နှင့် မရင်းနှီးသော ကျောင်းသားကြီးလေးငါးယောက်ကိုတွေ့လိုက်သည်။ကိုမြင့်ဦးကိုတော့ ၎င်း၏ညီဖြစ်သူ မြင့်ဆွေ မုန့်ဖိုးလို၍ တစ်ကြိမ် နှစ်ကြိမ်မက တက္ကသိုလ် အဆောင်ထိ အဖေါ်လိုက်သွားဘူးပါသည်။ကိုမျိုးမြင့်ကို စာရေးဆရာသိန်းသန်းထွန်း (မပန်ပါနဲ့ကြွေချင်တယ် ) ကဘူတာလိုက်ပို့သဖြင့်သူကမန္တလေး ကျွန်တော်က ကျောက်တံခါးကို ရထားနှင့်အိမ်အပြန် တစ်ခရီးထဲ အတူတူမို့ လမ်းတွင်စကားပြောရင်းဖြင့်ရင်းနှီးစွာသိနေသည် ။
ထိုစဉ် ကျောင်းသားတစ်စု သမဂ္ဂ အတွင်းသို့ လွယ်အိတ်ကိုယ်စီဖြင့် လွယ်လျှက် ဝင်လာကြသည်။ ရှေ့မှဝင်လာသူမှာ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဘိုးထင် (အလင်းဝင်) အတွင်းရေးမှူး ကိုဉာဏ်ဝင်း(နောင်အခါ ကျွန်တော်နှင့်အတူတောခို၍ ပဲခူးရိုးမ အရှေ့ခြမ်းတွင်ကျဆုံး)နှင့်ကဗျာဆရာ ကိုလေးအောင် သူတို့နောက်က မှ မြတ်လေးအုန်းမောင် (ကျွန်းပြန်)တို့စကးတပြောပြောနှင့်ဝင်လာကြသည် ။(ကိုအုန်းမောင်မှာ မင်းသားမြတ်လေးကို နှစ်ခြိုက်၍ဆံပင်ပုံထားရာမှ မြတ်လေးအုန်းမောင် ဟုတွင်သည်။) သူကိုတွေ့မှတစ်စုံတစ်ယောက်ကို ရှာမိသည်။ သူကား ကျွန်တော်နှင့် United Christian High Schoolကျောင်းတွင်အတူနေ သူငယ်ချင်း။ကျောင်းအခေါ် ကျီးကန်း။ နာမည် အရင်းက ခင်မောင်ညို ။ကျောင်းသား အရေး တက်ကြွလှုပ်ရှားသူ ဖြစ်ပြီး အများနှင့်မတူ။ သူ့ပုံက အရပ်ကပုပု မျက်နှာဝိုင်းဝိုင်း ပုလင်းဖင် မျက်မှန်ကြီးနှင့် ဆံပင်အရှည်ကုတ်ဝဲ ပုဆိုးကို ခြေသလုံးပေါ် တိုတိုဝတ်လျှက်သွားတတ်၏။ ကျောင်းသားအစည်းအဝေးများရှိလျင် လာလာဆွယ်တတ်သည။ ယနေ့ သူ့ကိုမတွေ့မိ။
(နောက်တစ်ကြိမ် အစည်းအဝေးတခုလာဖိတ်ပြီးနောက်ပိုင်းသူ့ကို ယနေထိမတွေ့တော။့ဘယ်မှလည်စုံစမ်း၍့မရ ထောင်ကျသလား တောခိုသလား။ မည်သူမှမပြောနိုင်။ အညတရ ကျောင်းသားတစ်ယောက် ပျောက်ဆုံးခဲ့ပါပြီ)
သမဂ္ဂတဲနန်းကြီး၏ အပြင်ဘက်တွင် မိုးတဖွဲဖွဲလေးရွာနေသည် ။သမဂ္ဂရှေ့ မျက်ခင်းပြင်မှာစိမ်းမှောင်နေသည်။ ဗြိတိသျှနယ်ချဲ့သမားများ လက်ချက်ဖြင့်ကျဆုံးခဲ့ရသော ကျာင်းသားခေါင်းဆောင် သံမဏိဗိုလ်အောင်ကျော် ကျောက်တိုင်နှင့် ဗိုလ်ချုပ်နေဝင်း စစ်အစိုးရ လက်ချက်ဖြင့်ကျဆုံးခဲကြသော 7 Julyကျောင်းသားများသွေးမြေကျ အထိမ်းအမှတ်ကျောက်တိုင် နှစ်ခုသည် မျက်ခင်းစိမ်းအလယ်၌ ဂုဏ်သိက္ခာရှိရှိ တင့်တယ်ခန့်ငြားစွာ ရပ်နေသည် နှယ် ။
သမဂ္ဂဝင်းခြံစည်းရိုး သံတိုင်များတွင် ခေတ်အဆက်ဆက် တိုက်ပွဲဝင် ခွပ်ဒေါင်း အလံများ လွှင့်ထူထားသည်မှာ စိတ်ဓါတ်ကို နိုးကြားတက်ကြွအောင် စေ့ဆော် နေသကဲ့သို့ရှိပေသည်။
ကျောင်းသား အတော်များများရောက်နေကြသည်။တချို့ကါးပေါ်တက်နှင့်သည်။တချို့က တဲအတွင်းမှာ။ တိုက်ပုံအနက်နှင့်လွယ်အိပ်ကိုယ်စီလွယ်ထားသောကျောင်းသားသုံးယောက် အဆောက်အဦးရှိရာဘက်သို့ခပ်သုတ်သုတ်ဝင်လာနေသည်။တစ်ယောက်က ကိုစိုးသိမ်း NLD CEC ဖြစ်လာသူ စာရေးဆရာမောင်ဝံသ)၊နောက်က ပြွန်တန်ဆာ ခင်မောင်မြင့်( ပြိုမှာလေလားမိုးရယ်ဝတ္ထုဖြင့် နာမည်ရ လာသူ စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့် )၊နောက်တစ်ယောက်က ကိုကြင်ဥ ( ကျွန်တော့အား စည်းရုံးသိမ်းသွင်း
ခဲ့သူ နောက်ပိုင်း ဗိုလ်ချုပ်နေဝင်း တည်ထောင်သောလမ်းစဉ်ပါတီသို့ကူးပြောင်းသွားသည်။)နောက်ဆုံး ဝင်လာသူ မျက်မှန်ကြီးတဝင်းဝင်းနှင့် လူထုဒေါ်အမာသား ကိုစိုးဝင်း(ပဲခူးရိုးမတွင် ကျဆုံး) ပင်ဖြစ်သည်။
ထိုအချိန် သုံးဘီးအငှါးကါးပေါ်မှပန်းခွေများကိုင်ပြီး အမျိုးသမီးကျောင်းသူသုံးလေးယောက် ဆင်းလာသည်။ မစိန်စိန် နှင့် မခင်စုလှိုင် (လှိုင်မိသားစု )။ ကျောင်သားများစုမိကြသောအခါ ဟိုမှသည်မှစကားပြောသံများညံလာသည် ။
" ကားးပေါ်တက်ကြ သွားကြမယ် ရဲဘော်တို့ " ဟုကျောင်းသားများကြားမှအောင်မြင်သောအသံပေါ်ထွက်လာပြီး ကားများဆီ အလျှိ ုလျှိ ုတက်ကုန်ကြသည် ။
ကျွန်တော်နှင့်ကိုမျိုးဝင်းလည်း ကိုသက်နှင့်အတူ သူတက်ရာ ကားတစ်စီးပေါ်လိုက်တက်မိသည် ။ကျွန်တော်တို့ စီးသည်မှာ အစဉ်အတိုင်းဆိုပါက သုံးစီးမြောက်တတိယကား။ ကားများ အားလုံးဆယ်စီးခန့်ရှိမည်ထင်သည် ။ကားများတွင် နီရဲနေသော ခွပ်ဒေါင်းအလံများ တလွင့်လွင့်လှုပ်ခတ်လျက်။ ကားထွက်လာစဉ် ကျောင်းသားများတိတ်ဆိတ်ငြိမ်သက်စွာအတွေးကိုယ်စီဖြင့်လိုက်ပါလာကြသည် ။
ရုတ်တရက်နောက်နားဆီမှအ သံတစ်ခုထွက်လာသည် ။တစ်ဖက်ခုံရှိ ကျောင်းသားအချင်းချင်း ပြောသံ
" ဒို့အခု ကန်တော်ကြီး ဗိုလ်ချုပ် ပန်းခြံသွားကြမှာ "
" ဟင် ဘာလို့လဲ အာဇာနည်ကုန်းသွားမှာ မဟုတ်ဘူးလား "
" မဟုတ္ဘူးကြ "
စသည့် အခြေအနေတို့ကို ကျောင်းသားခေါင်းဆောင်များ အချင်းချင်း ပြောနေ ဆိုနေစဉ်ကပင်ကျွန်တော် သိထားပြီးဖြစ်သည်။
အာဏာသိမ်းစစ်အစိုရက အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ပန်းခွေချရန် နိူင်ငံရေးပါတီများ နှင့် တည်ရှိဆဲအဖွဲ့အစည်းများအားလုံးသို့ဖိတ်ကြားထားခဲ့သော်လည်း ကျောင်းသားများသမဂ္ဂကိုမဖိတ်။ အာဇာနည်နေု့အခမ်းအနားတွင် တက်ရောက်ပန်း ခွေချခွင့်မပြု ဟူ၍သိထားသည် ။
ယင်းကြောင့်ပင် အာဇာနည် နေ့အခမ်းအနားကို ကိုယ့်အစီအစဉ်နှင့်ကိုယ် ကန်တော်ကြီးပန်းခြံ မျက်နှာစာရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ရှေ့တွင်ကျင်းပပြီး လွမ်းသူပန်းခွေချရန် အတွက် ကားများနှင့် ထွက်လာခဲ့ကြခြင်း ဖြစ်သည် ။
ကြေးရုပ်ရှိရာ ပန်းခြံရှေ့ရောက်သောအခါ ကားပေါ်မှဆင်းကြပြီး ဗိုလ်ချုပ်ရုပ်တု ပလ္လင်ခုံ ဝဲယာတွင် ဝိုင်းပတ်၍ ကျောင်းသားများ အသီး သီးနရာယူ လိုက်ကြသည် ။
တချို့က ကြိုရောက်နေကြသည်။သတင်းကြိုတင်ရထားသော သတင်းထောက်များရောက်နှင့်နေကြသည်။ တချို့က ကျာင်သားများနှင့်အတူ အလေးပြု ပန်းခွေချလို၍ ကြိုစောင့်နေကြသည် ။အခမ်းအနားစရန် အချိန်ကား တဖြေးဖြေးနီးကပ်၍ လာနေပြီဆယ်နာရီခွဲ လုပြီ ။
မိုးမရွာ ရာသီဥတုက သာယာသည်ဟု ဆိုရမည် ။ ပရိသတ်ထဲသို့ ကြည့်မိရာ ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ဟိုမှာဘက်ခြမ်းတွင် ရုပ်ရှင်မင်း သားကိုမြတ်လေး နှင့် အဆိုတော် စန္ဒရားချစ်ဆွေ ထုံးစံအတိုင်း နေကာမျက်မှန် ကိုယ်စီနဲ့။ မြတ်လေးက ကင်မရာတစ်လက်နှင့် ဓါတ်ပုံများတဖြတ်ဖြတ်ရိုက်၍ မှတ်တမ်း တင်နေဟန်တူသည် ။ မျက်နှာချင်းဆိုင်က ရိုက်တာဆိုတော့ ငါပုံပါမှာပဲ ဟုကြံဖန်အတွေးဝင်မိသည် ။
အလေးပြုခြင်း အခမ်းအနားကားစတင်လေပြီ။
ထိုစဉ်မြန်မာ့အသံရေဒီယိုမှ ဥသြ သံရှည်စတင်ဆွဲလိုက်ရာ တစ်ဦးတစ်ယောက်၏ အမိန့်သံပေါ်ထွက်လာသည်။
"အားလုံး သတိ "
" ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်များအား အလေးပြု "
" ေနၿမဲ "
အလေးပြုခြင်းအခမ်းအနားများပြီးသောအခါ ကျောင်းသားများသမဂ္ဂ အသီးသီးမှ ဗိုလ်ချုပ်ရုပ်တု ရှေ့တွင်ပန်းခွေချ ဦးညွတ်အလေးပြုကြသည် ။ အခမ်းအနားအစီအစဉ်အရ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသက် မိန့်ခွန်းပြောသည် ။ ထိုနောက် ရန်ကုန်တက္ကသိုလ် ကျောင်သားသမဂ္ဂ ဥက္ကဌ ကိုဗဆွေလေးက အဓိဌာန် စာတမ်းဖတ်ကြားပါသည် ။အလေးပြုခြင်းအခမ်းအနားပြီးဆုံးသောအခါ ကျောင်းသားများ လူစုခွဲလိုက်ကြသည် ။
အချို့က အလာတွင်စီးလာခဲ့သောဘတ်ကားနှင့်ကျောင်းကိုပြန်ကြသည် ။အချို့ကမြို့ထဲ သုံးဘီးကါးစီးသွားကြသည် ။ကျောင်းသားခေါင်းဆောင် အချို့ကားဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူ ရို သခင်ချစ်၏ ဇနီး စျာပနသို့သွားကြလေသည်။
( ထိုအချိန်ကား ပြည်တွင်ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲအတွက် တောတွင်းတော်လှန်ရေး အဖွဲ့များ ရန်ကုန်သို့တဖွဲဖွဲဖြင့်ရောက်လာ နေသည်။)
ကျွန်တော်နှင့်ကိုမျိုးဝင်း သူငယ်ချင်းနှစ်ယောက် မြို့ထဲဘက်သို့ရုပ်ရှင်ကြည့်ရန် ထွက်လာခဲ့ပါတော့သည် ။
* * * *
စံဦး (ကျောက်တံခါး)
မှတ်ချက်။ ထိုအချိန်က ကျွန်တော်အသက် ၁၇ နှစ်သာရှိသေးရာ အနှစ်ငါးဆယ်ကျော်ကသမိုင်းကို မှတ်မိသမျှရေးသားခြင်းဖြစ်ပါသည်။ တော်လှန်ရေး ရဲဘော်များအား အလေးပြုရင်း စစ်အာဏာရှင်များ ကျဆုံးပါစေ။

Wednesday, December 4, 2019

(သူတို့နှူတ်က သူတို့စကားထွက်ပါတယ်)

0 comments
(သူတို့နှူတ်က သူတို့စကားထွက်ပါတယ်)
မကင်းရာမကင်းကြောင်းတွေဆီက နသားပါယားစကားတွေ ဆီပွတ်ကျည်ပွေ့ထွက်နေတာ အဆန်း မဟုတ်ပါ၊ အဲ့သလိုမှမထွက်ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲမကွဲ အာမမခံနိုင်ပေမယ့် စားအိုးကွဲကြမှာ သေချာပါတယ်။
ဒီ မကင်းရာမကင်းကြောင်းတွေကို နိုင်ငံရေးလိုဆိုတော့ လက်ဝေခံတွေလို့ ခေါ်ပါတယ်။ လက်ဝေခံဆိုတာ ပိုက်ဆံရှိမယ်၊ သူ့အသိုင်းအဝိုင်းမှာ ငွေကြေး ဒါမှမဟုတ် အရှိန်အဝါတခုခုနဲ့ သြဇာရှိမယ်၊ တွင်ကျယ်နိုင်မယ် ဒါပေမယ့် အာဏာတော့မရှိပါ။ လက်ဝေခံဟာ ခေတ်တိုင်း အဆက်ဆက် ရှိခဲ့ပါတယ်။ အာဏာကိုင်ထားသူ အဆက်ဆက်ကလည်း လက်ဝေခံကို မွေးရပါတယ်။ စီးပွားရေး အတွက်ပါ။
လက်ဝေခံနဲ့ ဗျူရိုကရက်ယန္တယားမရှိရင် အစိုးရရဲ့အာဏာစက် ဘယ်လိုမှဖြန့်ကျက်လို့မရပါ။ အရပ်သား အစိုးရအရာရှိကြီးတွေ(ဒီနေရာမှာ နိုင်ငံရေးရာထူး ဝန်ကြီးဝန်ကလေးတွေ၊ အမတ်တွေ၊ နိုင်ငံဝန်ထမ်း ရာထူးကြီးကြီးမားမားရှိသူတွေကို ဆိုလိုတာပါ) စီးပွားရေးပါ ဝင်လုပ်တော့ အာဏာနဲ့ အရင်းပေါင်းမိပြီး အာဏာရှင်သူကြွယ်ကြီးတွေ ဖြစ်ကြတာပါ။ ဗျူရိုကရက်ရင်းရှင်ကြီးတွေ ဖြစ်ကုန် ကြတာပါ။ လက်ဝေခံအရင်းရှင်နဲ့ ဗျူရိုကရက်အရင်းရှင်ကွာတာက အာဏာရှိတာနဲ့ မရှိတာပဲ ကွာပါတယ်။
ခု အင်န်အယ်လ်ဒီခေတ်မှာတော့ ဒီ ဗျူရိုကရက်အရင်းရှင်ကြီးတွေ စီးပွားရေးသောင်းကြမ်းကြတာ ဘာတာညာတာ သိတ်မကြားမိပါဘူး။ ဒါကလည်း ကျနော်က အဝေးမြင်မို့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တချက်က သူတို့တွေဟာ ယူနီဖောင်းချွတ်ပြီး “ဦး“အမည် ခံကုန်ကြတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စစ်အာဏာသိမ်း သေနတ်ခါးထိုးပြီး စစ်ဗိုလ်တွေ စီးပွားရှာတော့ စစ်ဗျူရိုကရက်တွေ ဖြစ်လာပါတယ်။ စစ်ဗျူရိုကရက်တွေက ရှိသမျှစီးပွားနဲ့အရင်းအနှီးအားလုံးကို ချုပ်ကိုင်လိုက်တော့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖြစ်သွားပါတယ်။ ဒါက စီးပွားရေးအရ သတ်မှတ်ချက်ပါ။ နိုင်ငံရေးအရတော့ စစ်အာဏာရှင်စနစ်ပါ။
ဒီနေရာမှာ နည်းနည်းထပ်ဖြည့်ချင်တာက လက်ဝေခံကိုရော ဗျူရိုကရက်ကိုပါ အစိုးရတွေက မွေးကြတာတူပေမယ့် အစိုးရတွေအာဏာမဲ့သွားတဲ့အခါ လက်ဝေခံက ချက်ခြင်းမတ်တပ် သေ မသွားပေမယ့် အခြေတော့ယိုင်ထွက်သွားပါတယ်။ ဘာလို့လဲဆိုတော့ တက်လာတဲ့အစိုးရသစ်က သူနဲ့ ပုလဲနံပသင့်ရာ လက်ဝေခံအသစ်တွေကို မွေးရလို့ပါပဲ။ ဒါ့ကြောင့်ပဲ အစိုးရဟောင်းရဲ့ လက်ဝေခံ ဟောင်းကြီးတယောက်ဖြစ်တဲ့ ဦးခင်ရွှေက “မျက်ရည်တောက်တောက် ကျရတယ်“ ပြောတာပါ။ ကျလောက်ပါတယ်။ လက်ဝေခံအသစ်တွေလောက် သူတို့ မစားသာတော့လို့ပါ။ လူလဲပြီး စားသွားတာကြောင့်မို့ပါ။ လက်ဝေခံတွေရဲ့သက်တမ်းဟာ အစိုးရတွေရဲ့သက်တမ်းအပေါ် တည်နေပါတယ်။ ဗျူရိုကရက်ကျတော့ အဲ့သလိုမဟုတ်ပါ။ တက်လာတဲ့အစိုးရက ရှိနေနှင့်ပြီးသား ဗျူရိုကရေစီယန္တယားကြီးကို တွန်းလှန်ဖယ်ရှားဖြိုချဖို့ခက်ပါတယ်။
(ဒီနေရာမှာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ အာဏာရလာတဲ့အစိုးရမျိုးတွေကို သီးခြား ကြည့်မြင်ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ အာဏာရလာတာခြင်းတူတာတောင် တရုတ်နဲ့ ဆိုဗီယက်မတူပါ။ မော်စီတုန်းက ပြည်တွင်းစစ်နဲ့ တော်လှန်ရေးကာလတလျှောက်လုံး ချန်ကေရှိတ်ရဲ့ ဗျူရိုကရေစီယန္တယားကြီးကို တတိတိဖြိုချအစားထိုးလာခဲ့ပြီး လုံးလုံးလျားလျား အာဏာဆုပ်ကိုင်မိသွားတဲ့အချိန်မှာ အစိုးရယန္တယားသစ်နဲ့ ချက်ခြင်းအစားထိုးနိုင်ခဲ့ပါတယ်။ လီနင်တို့ကြတော့ အရင်ယန္တယားဟောင်းကို ကာလတခု ဆက်သုံးခဲ့ရလို့ ပုန်ကန်အာခံမှူတွေ နည်းမျိုးစုံ ဒုက္ခပေး ပညာပြမှူတွေကြုံခဲ့ရပါတယ်။ နောက်ဆုံးမှာ ယန္တယားဟောင်းကို အပြီးဖြိုချ အသစ်နဲ့အစားထိုးလိုက်တော့မှ ပုန်ကန်မှူ အာခံမှူ နည်းမျိုးစုံ ဒုက္ခပေး ပညာပြမှူတွေကနေ လွတ်သွားတာပါ)။ ဗမာပြည်မှာ NLD အစိုးရ ပညာအပြခံနေရ ဒုက္ခအပေးခံနေရတာ ဒါ့ကြောင့်ပါ။ ယန္တယားအဟောင်းကို မဖြိုချနိုင်လို့ပါ။ ယန္တယားအသစ်နဲ့ အစားမထိုးနိုင်လို့ပါ။ NLD အာဏာရတာ လက်နက်ကိုင်တော်လှန်ရေးလိုရတာ မဟုတ်ပါ။ ရွေးကောက်ပွဲနဲ့ပါ။ ရွေးကောက်ပွဲမှာတောင်မှ ၁၉၉၀ ပြည့်ရွေးကောက်ပွဲလို အာဏာ ၃ ရပ်လုံး အပြည့် ရနိုင်ခြေအောက်ကနေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲမျိုးနဲ့ ရလာတာမဟုတ်ပါ။ လက်ရှိမှာ အာဏာ ၃ ရပ်လုံးကလည်း အပြည့်မပိုင် ဗျူရိုကရေစီ ယန္တယားဟောင်းကြီးနဲ့လည်း ဆက်လည်ပတ်ရတော့ အင်န်အယ်လ်ဒီ မရှူနိုင်မကယ်နိုင်ဖြစ်တာ မဆန်းပါ။
လက်ဝေခံကိစ္စပြန်ဆက်ရရင် နဝတ/အနဖ/ကြံ့ဖွံ့/ခု အင်န်အယ်လ်ဒီအထိ ကိုယ်ပိုင် အရပ်သား စီးပွားရေးလက်ဝေခံတွေ မွေးကြပါတယ်။ ကိုယ်စီကိုယ်ငှ ရှိကြပါတယ်။ ဒီမှာထူးခြားတာက အပစ် ရပ်တယ်ဆိုတဲ့အဖွဲ့တွေပါ။
သူတို့ဟာ စီးပွားရေးအရ စစ်အစိုးတွေခေတ်မှာရော ခု NLD ခေတ်မှာပါ သေနတ်ကိုင်ထားပေမယ့် နိုင်ငံတော်အာဏာမရှိတဲ့ စီးပွားရေးလက်ဝေခံတွေသဘော ဖြစ်နေတာပါ။ အာဏာမရှိတော့ ဗျူရိုကရက်စာရင်းလည်း မဝင်ပါ။ အရပ်သားမဟုတ်တော့ အရပ်သားလက်ဝေခံလည်း မဟုတ်ပါ။ အစိုးရတွေပြောင်းပေမယ့် လက်နက်မဲ့အရပ်သား လက်ဝေခံတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်သလို သူတို့ မဖြစ်ပါ။ မျက်ရည်တောက်တောက် မကျကြပါ။ သူတို့အားလုံး အဲ့သလိုလက်ဝေခံတွေ မဟုတ်ကြပေမယ့် ဟုတ်တဲ့လူတွေ များများလာတာပါ။ ကျနော့်အဖို့တော့ သူတို့ဟာ လက်နက်ကိုင်ထားပြီး နိုင်ငံ့ အာဏာမရှိတဲ့ တက်လာသမျှအစိုးရရဲ့ “စီးပွားရေးလက်ဝေခံ“တွေပါ။ ကျနော်နဲ့ အမြင်မတူတာ တွေ ခြားနားတာတွေ ရှိနိုင်ပါတယ်။ ရှိတယ်ဆို ရေးသားပြောဆို ဆွေးနွေးကြစေချင်ပါတယ်။
ကျနော့်အမြင်မှာတော့ သူတို့ဟာ လက်ဝေခံတွေပါ။ လက်ဝေခံတွေဆီက လက်ဝေခံစကားပဲ ထွက်ရပါတယ်။ အစိုးရ နားခါးမယ့်စကားထွက်ရင် မျက်ရည်တောက်တောက် မကျရတောင် အိုးစား ကွဲမှာပါ။ အနေအစား မချောင်ပါ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၃၊ ၂ဝ၁၉

Sunday, December 1, 2019

(ကာလပြောင်းပြန် မဖြစ်ဖို့)

0 comments
(ကာလပြောင်းပြန် မဖြစ်ဖို့)
အမှန်တကယ်ဖြစ်ရမှာက စစ်အုပ်စုနဲ့အစိုးရက လူထုကိုဝန်ချတောင်းပန်ရမှာပါ။ ICJ အတင်ခံရတာ ICC မှာ ရင်ဆိုင်ရမှာတွေဟာ (သူတို့ပြောသလို) အမျိုးသားအကျိုးစီးပွားကို ထိခိုက်တယ်တို့၊ နိုင်ငံ့ဂုဏ်သိက္ခာတို့ ပုံရိပ်တို့ကို ကျဆင်းစေတယ်တို့ဆိုရင် အဲ့ဒီကိစ္စတွေဟာ ပြည်သူတွေလုပ်ခဲ့တာ ဖန်တီးခဲ့တာ မဟုတ်ပါ။ တပ် သေနတ်နဲ့ အာဏာကိုင်ထားတဲ့သူတွေ ပူးပေါင်းကြံစည်မှုကြီးပဲဖြစ်တယ်။
ခုက ပြောင်းပြန်ဖြစ်နေတယ်။ တပ် သေနတ်နဲ့ အာဏာကိုင်ထားတဲ့လူတွေက လူမဆန်အောက် ရက်စက်မှုကမ်းကုန်တဲ့ပြစ်မှုကြီးတွေကို ကျုးလွန်တုန်းက ကျူးလွန်ခဲ့ကြပြီး ခုလိုတရားအစွဲခံရ သူတို့အကျိုးစီးပွားကို ထိခိုက်လာတော့မှ ပြည်သူတွေကိုတရားစွဲတာ နိုင်ငံကိုတရားစွဲတာဆိုပြီး တဘက်လှည့်နဲ့ခြိမ်းခြောက်ပြီး တိုင်းပြည်နဲ့လူထုကိုပါ အလိုတူအလိုပါတွေ ကြံဖော်ကြံဘက်တွေဖြစ်အောင် မိုက်ရာပါအမှုတွဲတွေဖြစ်အောင်လုပ်ရုံတင်မက နောက်တလှမ်းတိုးပြီး ပစ်စက်တဲ့အကြံဆိုးနဲ့ ထောက်ခံပွဲတွေလုပ်ခိုင်းနေတာပါ။
ICJ က သူ့စည်းမျဉ်းအရ နိုင်ငံအမည်တပ်ပြီး စွဲဆိုရတာမှန်ပေမယ့် အရေးယူတဲ့အခါ အမိန့်ပေးသူ၊ လက်တွေ့အကောင်အထည်ဖော်သူ၊ ကျူးလွန်ရာမှာပါဝင်သူတွေကိုသာ ပစ်မှတ်ထားအရေးယူမှာပါ။
နောက်တချက်က ဘေးကနေ ဝင်လှော်ပြီး ဖျာခင်းတဲ့ နိုင်ငံရေးသမားတွေပါ။ အပစ်အခတ်ရပ်စဲရေးကိုလည်း နိုင်ငံတော်ကိစ္စလို့ထားပါပြောခဲ့ဖူးပြီး ခုလည်း ICJ ကိစ္စကို နိုင်ငံတော်ကိစ္စအဖြစ်ထားရမယ်လို့ ပြောနေတဲ့လူတွေပါ။ သူတို့တွေဟာ ဘာသာရေး လူမျိုးရေးပြဿနာကြီးငယ်ရှိတိုင်း အမျိုးသားရေး လက်မောင်းကြွက်သားညှစ်ပြပြီး ဝင်နေရာယူတတ်သူတွေဖြစ်ပါတယ်။ နေရာယူချင်ရုံသက်သက်ထက် အမျိုးသားရေးအခြေခံဝါဒီတေွရဲ့ စရိုက်လက္ခဏာတွေနဲ့ လူထုကို လိမ်လည်လှည့်ဖျားပြီး မလိမ့်တပတ်နဲ့ အာဏာရယူရေးအထိ ကြံစည်ကြမယ့်သူတွေပါ။ သူတို့တွေပြောနေတဲ့ နိုင်ငံတော် နိုင်ငံတော်ဆိုတာက တိုင်းပြည်နဲ့လူထုကိုဆိုလိုတာလား၊ စစ်တပ်၊ ရဲ၊ အကျဉ်းထောင်၊ တရားရုံးစတဲ့ လူတန်းစားဖိနှိပ်ရေးယန္တယားတွေကို အမိန့်ပေးနိုင်တဲ့အာဏာရှိတဲ့အစိုးရကို ပြေတာလားက မသဲကွဲပါ။ လုံးရိုက်ပြီး လှန့်လုံးထွင်ရင်း တဘက်ကနေ စစ်အုပ်စုကိုလည်း မျက်စပြစ်နေတာပါ။
နိုင်ငံတော်ဆိုတဲ့အယူအဆဟာ အလွန်အန္တရာယ်ကြီးပါတယ်။ အစွန်းရောက်အမျိုးသားရေးမှာ အခြေတည်ပါတယ်။ ဖက်ဆစ်တွေ အဖနိုင်ငံတော်ကြွေးကြော်ပြီး ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းခဲ့တာပါ။ နိုင်ငံတော်အယူအဆ ခုချိန်မှာ ပြန့်ပွားမလာဖို့ လူထုအနေနဲ့ သတိကြီးကြီးထားရမှာပါ။ အမျိုးသားရေးဝါဒတို့၊ ကိုယ့်ကိုယ်ကိုယ် အမျိုးသားရေးဝါဒီတို့ဆိုပြီး ကြွေးကြော်လာရင် သတိကြီးကြီးထားပြီး စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။ အမျိုးသားရေးဝါဒဟာ တိုင်းပြည်နိုင်ငံတွေ လူတွေကို စုစည်းရာမှာ အသုံးတည့်သလို၊ တိုင်းပြည်နိုင်ငံတွေ လူတွေကို ကွဲအောင်ပြဲအောင် ပြည်ကြီးတွေမီးလောင် မြိ့ုကြီးတွေသွေးချောင်းစီးအောင် လုပ်ရာမှာလည်း အသုံးတည့်ပါတယ်။
ICJ ကိစ္စဟာ စစ်အုပ်စုအကျိုးစီးပွားကိုတိုက်ရိုက်ထိခိုက်မယ့်အရေးဖြစ်ပါတယ်။ စစ်အုပ်စုအကျိုးစီးပွားဟာ ပြည်တွင်းမှာကြီးသလို ပြည်ပတွေမှာလည်းရှိပါတယ်။ ကျနော်တို့ဟာ စစ်အုပ်စုအကျိုးစီးပွားနဲ့ တိုင်းပြည်လူထုအကျိုးစီးပွား(အမျိုးသားအကျိုးစီးပွား)ကို ခွဲမြင်ဖို့လိုပါတယ်။
ICJ ကိစ္စဟာ စစ်အုပ်စုအကျိုးစီးပွားပါ။ တပ် သေနတ်နဲ့ အာဏာကိုင်ထားသူတွေရဲ့အကျိုးစီးပွားပါ။ သူတို့အကျိုးစီးပွားအတွက် လူမဆန်မှုတွေကျူးလွန်ရင်း နံမည်ဆိုးနဲ့ကျော်ကြားသွားတာလည်း သူတို့ပါ။ တိုင်းပြည်နံမည်မပျက်ပါ။ တိုင်းပြည်အတွက် အဖတ်ဆည်ပေးစရာမလိုပါ။
တဘက်မှာလည်း ICJ မှာ အမှန်ကိုအမှန်အတိုင်း ဝန်ခံဖို့လိုပါတယ်။ ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖို့လိုပါတယ်။ နောက်နောက်မဖြစ်ရေးအတွက် အာမဘန္တေခံဖို့လိုပါတယ်။ လက်တွေ့လည်း လုပ်ပြပါ။ တဘက်မှာလည်း ပြည်သူလူထုကို တိုင်းပြည်ကို ဝန်ချတောင်းပန်ဖို့လိုပါတယ်။
ပြန်ချုပ်ရရင် ICJ မျာ ကျူးလွန်ခဲ့ကြောင်းဝန်ခံပါ။ နောင်မဖြစ်ရေး အာမဘန္တေ ကတိပေးပါ။ ပြည်တွင်းမှာလည်း တိုင်းပြည်နဲ့လူထုကို မိမိတို့မှားယွင်းခဲ့ကြောင်း တရားဝင်အတိအလင်း ဝန်ချတောင်းပန်ပါ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၊ ၂ဝ

(မရှင်းကြတာများလား)

0 comments
(မရှင်းကြတာများလား)
၂ဝ၁၂ မတိုင်မီအထိ ပြည်ပရောက်ဆန္ဒပြသမားများအဖို့ ရှင်း၏။ ရန်သူမိတ်ဆွေ ပြောစရာရှိ၏။ ဆန္ဒပြပွဲကို သတင်းလုပ်ဖို့ မီဒီယာတွေက မေးလာလျှင်လည်း ဘာကိုပြ ဘယ့်သူ့ကိုပြ ဘယ့်အတွက်ကြောင့်ပြကို ဒက်ကနဲဒက်ကနဲ ချက်ကျလက်ကျ ချက်ချက်ခြာခြာပြောနိုင်၏။ တင်းတင်းရင်းရင်းလည်းရှိ၏။ ၂ဝ၁၂ တွင် NLD က ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ထဲ ရောက်သွားသည်မှစ၍ သူတို့ အကျပ်စရိုက်ကြသည်ထင်၏။ သို့သော် ဆန္ဒပြစရာတွေကား ရှိနေသေး၏။ ထို့ကြောင့် အရင်ကလောက် အုံးအုံးကျက်ကျက်မရှိတော့သည့်တိုင် ပြောက်တောက်ကြားတားတော့ ပြနေကြသေး၏။
သူတို့အတွက် အတော်ကြီး ကျပ်ကျပ်တည်းတည်းဖြစ်ခဲ့ရသည့် ပြဿနာ ၂ ခုမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပညာရေးသပိတ်စစ်ကြောင်းကိစ္စဖြစ်၏။ လက်ပန်းတောင်အရေးတွင် ဒေါ်စုက မီးခိုးဗုံးဟုပြောပြီး အစီရင်ခံစာဖတ်ပြီးပြီလား ရန်ကုန်ကလူတွေနဲ့စကားမပြောဘူးတွေဘာတွေ လုပ်ချလိုက်သည့်အခါ သူတို့တတွေ လက်ပန်းတောင်းတောင်အရေးကို စားပွဲအောက်သွင်းလိုက်ရတော့၏။
ပညာရေးသပိတ်ကိုလည်း ဗိုလ်သိန်းစိန်အစိုးရက ဖြိုခွင်းခဲ့သည်အထိ အသံခတ်ပြော့ပြော့နှင့် ပြောလို့ဆိုလို့ရနေသေး၏။ နောက်ပိုင်း ရှစ်ပူးငြိမ်းပွင့်တွေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ဗကသကို သရက်သီးဖြင့်လည်းကောင်း ပရိုပိုဆယ်လ်ဖြစ်လည်းကောင်း အူနှုတ်သွားသည့်အခါ ဆန္ဒပြသူများ ရင်ခေါင်း ဟောင်းလောင်းပက်လက်ကြီးနှင့် ကျန်ခဲ့တော့၏။ သို့သော် ဆန္ဒပြစရာ မြစ်ဆုံကိစ္စကြီးရှိသေး၏။ တရုတ်တို့၏စီးပွားရေးစီမံကိန်းများ ရှိသေး၏။ မသီတာထွေးကိစ္စ၊ ရခိုင်ပြည်နယ်အကြမ်းဖက်မှုများ၊ ဘုန်းကြီးဆိုးတို့၏ ၉၆၉ နှင့် မဘသ၊ မိတ္ထီလာအရေးအခင်းအပါအဝင် တပြည်လုံးအနှံ့ဖြစ်ခဲ့သည့် လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုများတွင်တော့ သူတို့ထဲတွင် ဘယ်ဘက်မှမလိုက်သလိုလိုနှင့် စစ်အုပ်စုကို ကြိတ်အားပေးခဲ့ကြသူများရှိခဲ့၏။ လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့ပါသည်ဆိုသူ၏အိမ်တွင် ၉၆၉ စတေကာ အိမ်ဦးခန်းတွင် ကပ်ထားသည်အထိဖြစ်ကြ၏။ စစ်အစိုးရတော့မကြိုက်ဘူး ဒါပေမယ့်ဆိုကာ လူမျိုးရေးဘာသာရေးစိတ်အစွဲတွေနှင့် စစ်အုပ်စုဘက် ခတ်ပင်းပင်းလေးပြောသံကြားရ၏။ တချို့က မိုက်မိုက်ကန်းကန်းကို ထောက်ခံပြောသည်အထိပင်။
မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က စာချုပ်ပြပါပြောနေသည့်အချိန်တွင် အသိတယောက်က ကျနော့်အား ဆန္ဒပြရန် လာနားချဖူး၏။ ဒေါ်စု နိုင်ငံတော်အတိုင်ပင်ခံဖြစ်ပြီး BRI ကိစ္စများ တရုတ်မြန်မာစီးပွားရေးစင်္ကြန်ကိစ္စများ ပီကင်းနှင့်ကြပ်ပြေးလွန်းပျံခရီးများ ချောင်းပေါက်မတတ်ဖြစ်လာသောအခါ ထိုမိတ်ဆွေလည်း နှုတ်ဆိတ်သွားတော့၏။ လက်လျှော့သွားတော့၏။
ကျနော်က အမေရိကန်ရောက်တည်းက လိုအပ်ချက်တခုအရ ရှစ်လေးလုံးနှစ်ပတ်လည်သွားတက်ရင်း နူးယော့ခ်မြိ့ုကြီးတွင် ဆန္ဒတကြိမ်ဝင်ပြခဲ့ရဖူး၏။ ဆန္ဒပြရန် လာလာအဖော်စပ်တတ်သည့်မိတ်ဆွေတချို့အား ဗမာပြည်က ထွက်ခွာလာချိန်ကစပြီး ကျနော့်တွင်ပြစရာဆန္ဒ မရှိတော့ပါ၊ ၁၉၈၈ တွင် ပြစရာရှိသမျှအကုန်ပြခဲ့ပြီးပါပြီ၊ ကျနော် အခု ဒီကနေ ဆန္ဒပြတာမဟုတ်တဲ့အလုပ်တခုခု ဘာလုပ်လို့ရမလဲကြည့်ပြီး အဲ့ဒါလုပ်တော့မယ်ဟု အပြီးပြောလိုက်တော့မှ ပြောရအတော်လက်ဝင်တဲ့လူဟုဆိုကာ နောက် ဘယ်သူမှအဖော်လာမစပ်တော့။ ဟုတ်၏ ကျနော့်တွင် ပြစရာဆန္ဒလက်ကျန် တစိုးတစေ့မှမရှိတော့။
နောက်တချက်က ပြည်ခြားပြီး ပြနေကြသည့်ဆန္ဒကို ကျနော် သိတ်နားမလည်။ အလုပ်သမားတွေ အလုပ်ရှင်ကို ဆန္ဒပြကြ၏။ ဆန္ဒပြကြတာက လုပ်ငန်းခွင်တွင်၊ စက်ရုံအလုပ်ရုံဝင်းတွင်၊ ထိုမျှနှင့် မလုံလောက်တော့မှ လမ်းပေါ်ထွက်လာပြီး အခြားအလုပ်သမားများ ပြည်သူများနှင့် လက်တွဲမိကြခြင်းဖြစ်၏။ လူထုမှာလည်း အထွေထွေ အကျပ်အတည်းကြီးများရှိနေပြီး ထိန်းချုပ်မရလောက်အောင် ခံစားနေကြရပြီဆိုလျှင်တော့ နိုင်ငံရေးလက္ခဏာဆောင်သည့် လူထုလှုပ်ရှားမှုကြီးအထိ တက်သွားတော့၏။ ခုတော့ ဆန္ဒပြသူကတနေရာ ဆန္ဒအပြခံရသူကတနေရာ။ ဒါကို ကျနော် နားမလည်တာဖြစ်သည်။ သူတို့မှာတော့ သူတို့ အကျိုးသင့်အကြောင်းသင့်တွေ အချက်အလက်တွေ အကိုးအကားတွေနှင့် ပြောစရာရှိလိမ့်မည် ယုံ၏။
ကျနော်လည်း စစ်အစိုးရ၊ စစ်အာဏာရှင်၊ စစ်ဗျူရိုကရေစီယန္တယားတွေကို မကြိုက် ဆန့်ကျင်၏။ မကြိုက်ကြောင်း ရှိသမှဆန္ဒအကုန်ထုတ်ကာ ၁၉၈၈ တွင် ကျနော်ပြခဲ့၏။ စက်တင်ဘာအာဏာသိမ်းပြီးနောက်ပိုင်းလည်း စွမ်းသမျှဆန္ဒ ပြခဲ့သေး၏။ နိုင်ငံရေးကိုလည်း ယူဂျီရော မြေပေါ်ပါတီရောလုပ်ခဲ့၏။ ကျနော့်ဆန္ဒအတိုင်းလုပ်ဆောင်မှုတို့ကား ထောင် ၁၅ နှစ်ဖြင့် နိဌိတံသွား၏။ ဤတွင် ကျနော့်မှာ ပြစရာဆန္ဒလည်း အကုန် ကုန်သွားတော့၏။ လုပ်စရာကျန်တာလေးတွေကို စုပေါင်း၍ရော တပိုင်တနိုင်ရောလုပ်၏။ ဤအထဲတွင် စာဖတ်ခြင်းနှင့် စာရေးခြင်းလည်းပါ၏။ ခု ကျနော့်ကို ဘာလုပ်နေလဲမေးလျှင် လေ့လာရေးလုပ်နေသည် စာရေးနေသည်ဟု ရဲရဲတင်းတင်းဖြေပါမည်။ အဲ့ဒါ ကျနော့်အလုပ် ဖြစ်ပါသည်။ ကျနော် စာရေးနေပါသည်။ ကျမ်းကြီးကျမ်းခိုင်တွေ စာကြီးပေကြီးတွေတော့ မဟုတ်။ တောက်တိုမယ်ရမျှ။
ဆန္ဒပြသူများ ဆန္ဒတွေ တခြိမ်းခြိမ်းပြနေတုန်း ကျနော် စာရေးစာဖတ်လုပ်သည်။ ခု သူတို့ ဆန္ဒအပြပါးလျားသွားတော့လည်း ကျနော့်အလုပ် ကျနော်လုပ်နေတုန်းပင်။ ကျနော့်အလုပ်က အပြောင်းအလဲ အတိုးအဆုတ်မရှိ။ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ဆန့်ကျင်မြဲပင်။ စစ်အစိုးရနေရာမှာ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင် ဒါပဲ ပြောင်းသွား၏။ ဒါကလည်း စစ်အစိုးရ ပျောက်နေချိန်ဖြစ်သဖြင့်ဖြစ်၏။
သူတို့ဘက်မှာ ဘာတွေ ပြောင်းသွားလည်း မပြောင်းသွားလည်းကတော့ သူတို့ပြောနေဆိုနေတာတွေကြည့်၍လည်းကောင်း သူတို့ ရပ်တည်ချက်နှင့် ကိစ္စတခုခြင်းအပေါ် သူတို့ရပ်ခံချက်များကိုမြင်ရ၍လည်းကောင်း အထိုက်အလျှောက် ခန့်မှန်းမိ၏။ ဆဝါးမိ၏။ ဒီအပေါ်မှာလည်း ပြောစရာမရှိ။ လူဆိုသည်မှာ ဘဝကပြဌာန်းလိုက်သည့်အသိအတိုင်းသာ တွေးခေါ်မြော်မြင်ကြသည်မဟုတ်လား။ ထိုပြဌာန်းချက်အတိုင်းသာ လိုက်လျှောက်ကြသည်မဟုတ်လား။
သို့သော် သူတို့တွင် အရင့်အရင်ဆန္ဒပြပွဲတွေနှင့်မတူသော သိသာသည့် ခြားနားမှုတခုကိုကားတွေ့၏။ ထိုအရာကား မီဒီယာများနှင့် အမေးအဖြေလုပ်သည့်အခါတွင်ဖြစ်၏။ အရင်က ရှင်း၏။ ရန်သူ မိတ်ဆွေ ကြားလူရှိ၏။ ယခုကား ထိုသို့မဟုတ်တော့ပြီ။
အထူးသဖြင့် ယခု စစ်အုပ်စု ငယ်ထိပ်မြွေပေါက်နေသည့် ရခိုင်ရိုဟင်ဂျာကိစ္စတွင် ပိုသိသာ၏။ ကိစ္စကြီး၏ စလယ် ဆုံးကို လူတိုင်းသိပြီးသားဆိုသော်ငြားလည်း ဒေါ်စုပါလာသည့်ဇာတ်လမ်းက ခုမှစခါစရှိသေး၏။ ဒေါ်စုမပါခဲ့ပါက ဘယ်သို့ဖြစ်မည်ကို မတွေးတတ်သော်လည်း ပါလာခဲ့သဖြင့် ဆန္ဒပြသမားတွေ လမ်းပေါ် တခါထွက်ကြပြန်၏။ သိတ် မာမာချာချာကြီးတော့မဟုတ်။ ထုံ့ပိုင်းထုံ့ပိုင်းလည်း ဖြစ်နေတာတွေ့ရ၏။ အရင်လို ဟုန်းကနဲ့ ထကြွလာတာမျိုးမဟုတ်။ ရှေ့နောက်ကြည့်နေကြ၏။ မီဒီယာတွေက မေးတော့လည်း ဟိုး အရင့်အရင်တွေတုန်းကလို တင်းတင်းရင်းရင်း ချက်ချက်ခြာခြာနှင့် တိတိပပ မပြောသာတော့။ သွယ်ဝိုက်ကွေ့ပတ်ပြောနေကြရ၏။ အပြောတွေ မရှင်းတော့။ သူတို့နှုတ်ထွက်စကားတို့သည် သူတို့တကယ့်ဆန္ဒအမှန် ဟုတ်မဟုတ်ကလည်း ယတိပြတ်ပြောဖို့ခက်နေ၏။ ဝေခွဲရ ခက်၏။ သူတို့ရင်ထဲ တကယ် ဘာရှိနေသလဲက အပြင်ကမြင်ရဖို့မလွယ်။ ပြောစကားတွေက ဝေ့လည်ကြောင်ပတ်တွေ ဖြစ်နေ၏။ လိုရင်းမရောက်။ အင်္ဂလိပ်လိုတော့ Beat about the bush ဟုဆိုရမည်လားမပြောတတ်။
လူသည် အတွေးရှင်းလျှင် အပြောရှင်း၏။ အလုပ်လည်း ရှင်း၏။ သူတို့ အခု အတွေးမရှင်းကြတာများလားဟု ကျနော်တွေးနေမိ၏။
မျိုးမြင့်ချို
နိုဝင္ဘာ ၃ဝ၊ ၂ဝ၁၉