ဘောင်းဘီဝတ်မိုးတိမ်
မာယာကော့ဖ်စကီး
(စကားချီး)
အဆီပြန်ဆိုဖာပေါ် ဝဝြပဲပြဲ လက်ပါးစေလို
နူးညံ့ပျော့အိ ဦးနှောက်ထက်မှာ အိပ်မက်မက်နေတဲ့
ခင်ဗျားတို့ရဲ့ စိတ်ကူးကို
သွေးစွန်းတဲ့ နှလုံးသားရဲ့ အဝတ်စုတ်နဲ့ လှောင်ပြောင်လိုက်
မထီလေးစား စပ်ပူစပ်လောင်
ဝလန်အောင် သရော်လိုက်မယ်။
ကျုပ်ဝိညာဉ်မှာ ဆံဖြူတစ်ပင် မရှိဘူး
အဘိုးအိုဆန်တဲ့ နူးညံ့ သိမ်မွေ့မှုမျိုး ဝေလာဝေး၊
ခွန်အားပြည့်ဝတဲ့ အသံနဲ့ လောကကို ထစ်ချုန်းလို့
ကျုပ်သွားနေတယ်၊
လူချော လူလှ နှစ်ဆယ့်နှစ်နှစ်သားကလေး။
လူသိမ်လူမွေ့တို့ . . .
ခင်ဗျားတို့က ချစ်ခြင်းမေတ္တာကို
တယောပေါ် တင်ကြတယ်။
အရိုင်းအစိုင်းတို့ကတော့ မေတ္တာကို
ဗုံပေါ် တင်ကြရဲ့။
ဒါပေမယ့် ထူထဲထဲ နှုတ်ခမ်းတွေချည်း ဖြစ်သွားအောင်
ကျုပ်လို ပြောင်းပြန် လှန်ပစ်ဖို့တော့
တတ်နိုင်မယ် မဟုတ်ဘူး။
ပိုးဖဲထည်လွှမ်း ဧည့်ခန်းထဲက
ပညာယူဖို့ ထွက်လာခဲ့ကြ။
နတ်မျိုးနွယ်ဂိုဏ်းဝင် ဗျူရိုကရက် ကိုလူချောတို့။
ထမင်းချက်ဟာ ချက်ပြုတ်နည်းစာအုပ်စာမျက်နှာတွေ လှန်သလို
နှုတ်ခမ်းတွေကို ငြိမ်ဆိတ်ဆိတ် လှန်လှောတတ်သူတို့။
ဆန္ဒရှိကြရင် ဒေါသမာန်ထန်ပြင်းတဲ့ သွေးနဲ့သားနဲ့ ဖြစ်ပြမယ်။
ပြီး ကောင်းကင်လို အသံပြောင်းလို့မို့
ဆန္ဒရှိကြရင် ပြောစရာမရှိအောင် နူးညံ့ပြလိုက်မယ်။
ယောင်္ကျားမဟုတ်-ဘောင်းဘီဝတ် မိုးတိမ်ရယ်လို့။
ပန်းဝေဝေနဲ့ နိစ္စရှိတယ်လို့ ကျုပ်မယုံဘူး
တစ်ခါထပ်ပြီး ကျုပ် ဟိမဝန္တာ ချီးကျူးခန်း ဖွင့်လိုက်ဦးမယ်
ဆေးရုံလို လျောင်းစက်နေကြတဲ့ ယောင်္ကျားတွေကို
စကားပုံလို ဟောင်းမြင်းနေတဲ့ မိန်းမတွေကို။
ကျုပ်ကို ထောပနာကြ
ကျုပ်နဲ့ ပုဂ္ဂိုလ်ကြီးတွေ အတွဲ မဟုတ်ဘူး။
ကျုပ်က လုပ်ဆောင်ပြီးသမျှအပေါ်
[ငူ]ရေးထည့်တဲ့သူ။
ဘယ်တုန်းကမှ
ဘာကိုမှ မဖတ်ချင်ဘူး
ဘာလုပ်ဖို့လဲ စာအုပ်တွေ။
ကျုပ် အရင်က ထင်ခဲ့ဖူးတယ်။
စာအုပ်တွေကို ဒီလို လုပ်တာလို့
ကဗျာဆရာ ရောက်လာ၊
ခပ်ပေါ့ပေါ့နှုတ်ခမ်းဟ၊
ပြီး ဗြုန်းဆို ဈာန်ဝင်လာ ငတုံးဟာ တေးစသီသမို့
ဟောဒီမှာပါ ခင်ဗျ။
ဒီလိုနဲ့၊ တွေ့ရတာကတော့
ဘေးစတင်မသီခင်မှာ၊
အချဉ်ပေါက်မှုကြောင့် အသားမာထရင်း၊
အကြာကြီး လာသွား။
ပြီး နှလုံးရဲ့ ရွှံ့ညွန်ထဲမှာ ငြိမ်ဆိတ်လူးလိမ့်လေပေါ့
စိတ်ကူးရဲ့ ရူးမိုက်မိုက် ဗော်ဘလာငါး။
အချစ်တွေ နိုင်တင်ဂေးလ်တွေနဲ့ ဟင်းချိုတစ်မျိုး
ကာရန်တွေနဲ့ ခြစ်ယူကာ ကျိုချက်ကြစဉ်၊
လမ်းမကြီး လျှာမဲ့မဲ့ လိမ်တွန့်နေတော့သကိုး..
အော်ဟစ်စရာ၊ စကားပြောစရာ ဘာမှ မရှိဘဲသာ၊
မြို့တွေရဲ့ ဗာဗိလုန် မျှော်စင်ကြီးတွေ၊
မာန်ဝင့်ကာ တည်ဆောက်ကြပြန်တယ်၊
ဒါပေမယ့် ဘုရားက
မြို့တွေကို လယ်ဖြစ်အောင်
ဖြိုပစ်သမို့
စကား ရှုပ်ထွေးရတယ်။
လမ်းမ နာကျင်သမို့ အသံတိတ်
ပျို့တက်လာပေါ့၊
လည်ချောင်းထဲမှာ အော်သံ မတ်မတ်ရပ်လာပ၊
လည်မှာ ကန့်လန့်အစ်ကာ၊
ထောင်ထလာချေပေါ့။
ဝဖိုင့်ဖိုင့် အထောင် နဲ့ အရိုးငေါငေါ မြင်းလှည်းတွေ။
ရင်အုံပေါ် ခြေကျင်လျှောက်ကြပြီ။
အဆုတ်နာထက် ဆိုးရဲ့။
မြို့က လမ်းမကို အမှောင်နဲ့ ပိတ်ပေါ့။
ဒါပေမယ့်..
ဒါတောင်မှ
လည်ချောင်းကို ဖိစီးနေတဲ့ တံခါး မုခ်ကိုတွန်းဖယ်ပြီး၊
ကြိတ်ကြိတ်တိုးသဟာကို ပန်းခြံထက် အန်ထုတ်လိုက်တဲ့အခါ၊
ထင်ရတယ်..
တမန်တော် သံပြိုင်အဖွဲ့ သံပြိုင်ဟစ်ခိုက်၊
ဘုရားသခင် အလုခံရသမို့၊
အပြစ်ဒဏ်ခတ်ဖို့ ကြွလို့လာ။
ဒါပေမယ့် လမ်းမ ထိုင်ချပြီး အော်ပါလေရော..
[မျိုကြရအောင်]တဲ့။
ကရုပ်တို့ ကရုပ်ကီတို့ မြို့ကို ချယ်သကြတယ်။
မျက်မှောင်ကုပ်ကာ ခြိမ်းခြောက်ကြရဲ့။
ပါးစပ်ထဲမတော့
သေဆဲစကားလုံးတို့ အလောင်းများ ပုပ်သိုးပြီ၊
နှစ်လုံးပဲရှင်တယ် ဝလို့..
(သေနာကောင်)
ပြီးတော့ နောက် တစ်လုံးက
ထင်ရတာပဲ [ဘောရရှ]တဲ့။
ကဗျာဆရာတို့၊
မျက်ရည်တွေ၊ အငိုအရှိုက်တွေ စိုရွဲကာ၊
လမ်းမထဲက ထွက်ပြေးလာကြ၊
လည်ဆံမွေးတွေ ဖွာလို့၊
ဘယ့်နှယ် စကားနှစ်လုံးနဲ့ ဒီလို တေးသီနိုင်ပါ့မလဲ
လုံမပျိုရယ်၊
အချစ်ရယ်၊
[ဆီးနှင်းအောက်က ပန်းပွင့်လေးရယ်]လို့။
ကဗျာဆရာတွေရဲ့ နောက်ကတော့
လမ်းပေါ်သား အထောင်ထောင်..
ကျောင်းသားတွေ၊
ပြည့်တန်ဆာမတွေ၊
ကန်ထရိုက်တာတွေ။
လူကြီးမင်းတို့
ရပ်တန့်ကြပါဘိ။
ခင်ဗျားတို့ သူတောင်းစား မဟုတ်ဘူး။
ပေးစာကမ်းစာ မတောင်းရဲကြပါနဲ့လေ။
ကျုပ်တို့ သန်စွမ်းသူတွေ
ယူဇနာခြေလှမ်းတွေနဲ့လေ။
နားထောင်စရာမလို ဆွဲဖျက်ပစ်ရမယ် သူတို့ကို။
သူတို့ကို
နှစ်ယောက်အိပ် ခုတင်တိုင်းမှာ
အခမဲ့တွဲပိုအဖြစ် တွယ်ကပ်နေသူတွေ။
သူတို့ကို အောက်ကျို့ပြီး တောင်းရမလား၊
(ငါ့ကိုကယ်ပါ)လို့။
ဓမ္မတေးတွေ
ဂီတသံစဉ်တွေ တောင်းခံရမယ်လား။
ငါတို့ ကိုယ်တိုင်က
မီးဟုန်းဟုန်းတေးတွေ ဖန်ဆင်းနေသူတွေ၊
စက်ရုံတွေ၊ ဓာတ်ခွဲခန်းတွေရဲ့ ပွက်လောထသံများ။
ငါ့အဖို့ ဖော်စ်တုစ် ဘာလုပ်ဖို့လဲ။
ကောင်းကင်ရဲ့ ကွက်ရိုက်ကြမ်းမှာ
မဲဖိစတောဖဲလဲစ်နဲ့ လွင့်မျောနေတဲ့ နတ်ဒေဝါဒုံးပျံမျှ။
ငါသိတယ်..
ငါ့ဘွတ်ဖိနပ်က သံမှိုက
ဂည်ထယ်ရဲ့ စိတ်ကူးယဉ်ထက်
ထမင်းလုံးတစ္ဆေ ဆန်သေးသပ။
ငါ၊
ရွှေနှုတ်တော်ရှင်၊
စကားလုံးတိုင်းက
ဝိညာဉ်ကို အသစ်မွေးဖွား၊
ကိုယ်ကို ပိုင်ခွင့်ပေးသူက
ပြောလိုက်ပါရဲ့သက်ရှိ
သတ္တဝါရဲ့ အသေးဆုံးမြူမှုန်ဟာ
ငါ လုပ်နေတာ၊ လုပ်ခဲ့တာ အားလုံးထက်
တန်ဖိုးရှိတယ်။
နားထောင်ကြ။
ဟောကြားနေလေပေါ့။
တုန်ရီ၊ မြည်တမ်းကာ
ကနေ့ခေတ်ရဲ့ ဆူညံနှုတ်အာရှင် ဇာရာသူစတာ။
ငါတို့ဟာ
တက်အိပ်ထားတဲ့ အိပ်ရာခင်းလို မျက်နှာတွေနဲ့၊
မီးပဒေသာလို ချိတ်ဆွဲထားတဲ့ နှုတ်ခမ်းတွေနဲ့၊
ငါတို့ဟာ
ရွှေနဲ့ အညစ်အကြေးက နူနာကို ပေါက်ဖွားလာစေတဲ့
မြို့တော်အနူရုံတွေက အကျဉ်းသားတွေ..
ငါတို့ဟာ ဗင်းနစ်မြို့အပြာရောင်ထက် သန့်စင်ရဲ့။
ပင်လယ်တွေ၊ နေတွေက တစ်ခါတည်း
ဆေးကြော ပစ်နေသလေ။
ဟိုမားတို့၊ ဩဗဲဒတို့မှာ
ကျောက်ပေါက်ခွက်ကျပ်ခိုးနဲ့
ကျုပ်ဆိုလို့ လူမျိုးတွေ
မရှိဘူး၊ မမှုပါဘူး။
ကျုပ်သိတယ်..
ကျုပ်တို့ဝိညာဉ်ရဲ့ ရွှေတွင်းတွေကိုသာ
မြင်ရရင်၊ နေ မှောင်သွားမယ်။
အကြောတို့ ကြွက်သားတို့က သူတောင်းစားထက်
သစ္စာရှိတယ်။
ငါတို့ခေတ်ရဲ့ အသနားကို တောင်းခံကြမတဲ့လား။
ငါတို့..
လူတိုင်း..
ကမ္ဘာကြီးရဲ့ စက်လည်ကြိုးတွေကို
တို့လက်ငါးချောင်းနဲ့ ကိုင်လို့ထား။
ဒါနဲ့ပဲ ထရောဂရာဒ်၊ မော်စကို၊ ဩဒဲဆာ၊ ကိယဲဗ်
ခန်းမဆောင် ဂေါလသာလတော့
ငါ့တွေပေါ် တက်ခဲ့ရတာပါပဲ။
ကားစင်တင်ကြ၊
[သူ့ကို ကားစင်တင်ကြ]လို့
မအော်တဲ့သူ
တစ်ဦးတစ်လေမှ မရှိခဲ့ဘူး။
ဒါပေမယ့် ကျုပ်အဖို့တော့
လူတွေ၊
နာကြည်းအောင်လုပ်သူတွေ
ခင်ဗျားတို့ ကျုပ်အချစ်ဆုံး၊
အနီးဆုံးတွေပဲပေါ့။
မြင်ဖူးကြတယ် မဟုတ်လား၊
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျက်နေတာလေ။
ငါဟာ
ရှည်လျား၊ ရုန့်ရင်းတဲ့ ဟာသပုံပြင်လို
ကနေ့ခေတ်လူမျိုးစုရဲ့
အရယ်အမောခံနေရတဲ့ ငါဟာ
အချိန်ရဲ့ တောင်တန်းတွေ ဖြတ်ပြီးလာနေတာကို
ဘယ်သူမှ မမြင်တာကို မြင်ပြီ။
လူတွေရဲ့ မျက်စိများ တိုနံ့နံ့
ပြတ်တောင်းနေကြရာ၊
ငတ်ပြတ်နေတဲ့ လူအုပ်ကြီးရဲ့ ရှေ့ဦးဆီ၊
တော်လှန်ရေးရဲ့ ဆူးသရဖူကို ဆောင်းတဲ့ကာ
ဆယ့်ခြောက်ခုနှစ် ချဉ်းလို့လာနေပြီ။
ကျုပ်က ခင်ဗျားတို့ထဲမှာ သူရဲ့ ရှေ့တော်ပြေး။
ကျုပ်က နာကျင်မှု ရှိလေရာတိုင်းမှာပေါ့။
မျက်ရည်တစ်စက်စက် ယိုစိမ့်လေရာရာ
ကိုယ့်ကိုကိုယ် ကားစင်တင်ခဲ့ပေါ့။
ဘာကိုမှ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။
နူးညံ့ခြင်း ပေါက်ပွားရာ ဝိညာဉ်တို့ကို
ကျုပ်မီးရှို့ပစ်ခဲ့။
ဒါဟာ ဘာစတယ် အသိန်းအသန်းကို
သိမ်းပိုက်ရတာထက် ခဲခက်ရဲ့။
အဲဒီအခါ
သူရောက်လာတဲ့အခါ၊
ပုန်ကန်မှု ကြေငြာလို့လေ၊
ကယ်တင်ရှင်ဆီ ထွက်သွားချေကြ။
ခင်ဗျားတို့ကို ကျုပ်လေ
ဝိညာဉ်ကို ဆွဲထုတ်
ကြီးလာအောင်
နင်းချေ
သွေးအစွန်းစွန်းနဲ့ ပေးလိုက်မယ်၊ အလံအဖြစ်လေ။
(၃)
အလို၊ ဘာကြောင့်လဲ ဒါ၊
ဘယ်ဆီကလဲ ဒါ၊
ဝင်းပပရွှင်မြူးရာ၊
ညစ်ပေပေလက်သီးတို့ ခြိမ်းခြောက်လာခဲ့။
ရောက်လို့လာ၊
အရူးထောင်တို့ရဲ့ စိတ်ကူးက
ခေါင်းကို စိတ်ပျက်ခြင်းနဲ့ ကန့်လန့်ကာ ချလိုက်ရဲ့။
ပြီး
လက်နက်သင်္ဘောအပျက်ထဲကနေ
ပွန်းပိတ်အကြောဆွဲမှုတွေနဲ့
ဟနေတဲ့ ထွက်ပေါက်ဆီ ပြေးထွက်လာကြသလို
မိမိရဲ့
အော်ငိုရအောင် စုတ်ပြတ်နေတဲ့ မျက်လုံးထဲကနေ
ထွက်လာပေါ့။ ရူးသွပ်သွားသူ။ ဘူရလျက်။
မျက်ရည်စိုရွှဲ မျက်ခမ်းတွေ သွေးစွန်းလုနီး
တက်လာ၊
ရပ်လာ၊
ရောက်လာ
ပြီး ဝတုတ်ပြဲလူမျိုးမှာ မမျှော်လင့်မိတဲ့ နူးညံ့မှုနဲ့
ထုတ်လို့ ပြောတော့တယ်
[ကောင်းဗျာ]တဲ့။
ကောင်းဗျာ၊ စပ်စုကြည့်၊ ကြည့်ကြစဉ်
အင်္ကျီဝါဝါထဲ ဝိညာဉ်ကို ထွေးထားရတဲ့အခါ။
ကောင်းဗျာ၊
ကြိုးစရဲ့ သွားတွေထဲ ပစ်ထည့်လိုက်စဉ်။
[ဗန်ကူတင်ရဲ့
ကိုကိုးကို သောက်ပါ]အော်ရတဲ့အခါ။
ဘင်္ဂလားမီးရှူးလို
ကျယ်ကျယ်လောင်လောင်
အဲဒီစက္ကန့်ကိုတော့၊
ငါ ဘာနဲ့မှ လဲလိမ့်မယ် မဟုတ်ဘူး
ငါ ဘာနဲ့မှ-
ဒါပေမယ့် ဆေးလိပ်မီးခိုးထဲကနေ
အရက်ဖန်ခွက်လို၊
အရက်ပြည့်ဝနေတဲ့ ဆဲဗဲရယာနင်ရဲ့ မျက်နှာ
ဆန့်ထွက်လာသပ။
ဘယ့်နှယ် ခင်ဗျား ကိုယ့်ကိုကိုယ်
ကဗျာဆရာ ခေါ်ရဲရတာလဲ။
မွဲပြာပြာနဲ့ ငုံးလို တကြော်ကြော် အော်ရတာလဲ။
ဒီနေ့
လိုနေတာက
သံလက်သီးနဲ့
ကမ္ဘာ့ဦးခေါင်းခွံကို ရိုက်ခွဲပစ်ဖို့ပဲ။
ခင်ဗျားဟာ
အတွေးတစ်ခုနဲ့ပဲ စိုးရိမ်နေသေး-
ကျွန်တော် ကတာ ယဉ်ရဲ့လားတဲ့။
ကြည့်စမ်း၊ ဘယ်လိုပျော်မွေ့နေရသလဲ။
ငါ့ပန်းခြံဘေး
လူပွဲစားနဲ့ ဖဲသုံးချပ်သမား။
ချစ်စိတ်မွှန်ကာ စိုစိုရွှဲနေတဲ့
ခင်ဗျားဆီက၊
ကျုပ် ခွဲခွာတော့မယ်၊
နေကို မျက်လုံးတစ်ဘက်တပ်မှန်အဖြစ်
ကျယ်ဝန်းပြန့်ကားတဲ့ မျက်လုံးမှာ တပ်မယ်။
မယုံနိုင်အောင် ကိုယ့်ကိုကိုယ် သလိုမို့၊
မြေပြင်တလွှား လျှောက်သွားမယ်၊
ကျေနပ်ဖို့၊ နေလောင်ဖို့
ရှေ့မှာတော့
သံကြိုးလေးနဲ့ ခွေးပုလေးလို နပိုကျံကို
ခေါ်သွားလို့။
ကမ္ဘာမြေ တစ်ခုလုံး မိန်းမလို
ပက်လက်လှဲပေးတယ်၊
အသားစိုင် မရိုးမရွ လိုက်လျောမယ့် ဟန်ပန်နဲ့၊
အရာတို့ အသက်ပြန်ရှင်လာကြ
နှုတ်ခမ်းတို့ ဟီးလေးခို
မပီကလာပြောကြ
[စာစာ၊ စာစာ၊ စာစာ]တဲ့
ဗြုန်းဆို
မိုးသားတွေ
မိုးတိမ် စတာတွေဟာ
မယုံနိုင်ဖွယ် အလူးအလိမ့်နဲ့ ကောင်းကင်မှာ
တက်လာကြ၊
ကောင်းကင်ကို ဒေါမာန်ပြင်း သပိတ်သံကြေငြာကာ၊
အလုပ်သမား ဖြူဖြူဖွေးတွေ ပြိုကွဲလာကြသလိုပ။
မိုးတိမ်နောက်ဆီက မိုးချုန်းသံ
ရိုင်းပြပြထွက်လာ၊
ဧရာမနှာခေါင်းကြီး နှာချီလိုက် အားပါးတရ၊
ကောင်းကင်ရဲ့ မျက်နှာ တစ်စက္ကန့်အတွင်း မဲ့ရွဲ့သွား၊
သံမဏိတစ်မာ့က်ရဲ့ ခက်ထန်တဲ့ မျက်နှာရှုံ့တွ။
ပြီး တစ်စုံတစ်ယောက်
မိုးတိမ်လမ်းတွေထဲ ရှုပ်ပွေငြိရာက
ကဖေးဆီ လက်တွေဆန့်ထုတ်လိုက်ရဲ့။
မိန်းမဟန်လိုလို၊
နူးညံ့ညင်သာသလိုလို၊
အမြောက်တင်ရထားလိုနဲ့။
မင်းတို့ ထင်နေသလား။
ဒါ နေက ယုယုယယ
ကဖေးရဲ့ ပါးပေါ် ဆော့ကစား နေတာလို့ပဲ။
ဒါ ပုန်ကန်သူတွေကို သေနတ်နဲ့ ပစ်သတ်ဦးမယ်လို့
ဗိုလ်ချုပ်ကြီး ဂါလီဖေးလာနေတာဟဲ့။
လမ်းလျှောက်လာသူတို့၊ ဘောင်းဘီထဲက
လက်ထုတ်ကြ။
ကျောက်တုံး၊ ဓား၊ ဒါမှမဟုတ် ဗုံးယူခဲ့ကြစမ်း။
လက်မရှိတဲ့လူ ဆိုခဲ့ရင်လည်း
လာ နဖူးနဲ့ တိုက်လှည့်ကြစမ်း..
လာကြ၊ ငတ်ပြတ်နေကြသူတို့၊
ချွေးရွှဲသူတို့၊
ကျိုးနွံရသူတို့၊
သန်းထူတဲ့ အညစ်အကြေးထဲ အချဉ်ပေါက်နေသူတို့။
လာကြ။
တနင်္လာနေ့တွေ၊ အင်္ဂါနေ့တွေ
ပွဲနေ့ဖြစ်အောင် သွေးနဲ့ ခြယ်စို့လေ။
ဓားတို့ရဲ့ အောက်မှာ ကမ္ဘာမြေကို သတိရပစေ၊
ဘယ်သူ့ကို
အောက်တန်းကျစေချင်တာလဲ သူ၊
ကမ္ဘာမြေ
ရှော့တရှီးလ်ဒ် မြတ်နိုးတော်မူတဲ့
အမြှောင်မယားပမာ အစားကြူး ဝဖီးနေသူ။
လျော်ကန်တဲ့ ပွဲနေ့တိုင်းမှာလို
အလံတွေ ပစ်ဖောက်သံ အဖျားရှိန်နဲ့ တလူလူ
လွင့်စေဖို့
စပါးကုန်သည်တွေရဲ့
သွေးအလိမ်းလိမ်း အလောင်းတွေကို
မြောက်မြောက်ကလေး မြှောက်ပေးကြစမ်း၊
ဓာတ်မီးတိုင်တို့၊
ဆဲရေးလိုက်၊
အသနားခံလိုက်၊
ခုတ်ထစ်လိုက်၊
ဘေးကို ကိုက်ခဲဖို့၊
တစ်ယောက်ကို တစ်ယောက် တက်လို့။
ကောင်းကင်မှာ မာဆေးလေးစ်လို၊ ရဲရဲနီလို့
အသက်ငင် လူးလွန့်လေပေါ့ နေဝင်ဆည်းဆာ။
အခုပဲ ရူးသွပ်မှု
ဘာမှ ဖြစ်လာမယ် မဟုတ်ဘူး။
ညလာမယ်၊
ကိုက်ဖြတ်လိမ့်မယ်၊
စားပစ်တော့မယ်။
ကြည့်ကြစမ်း-
ကောင်းကင် ယုဒ လုပ်ပြန်ရဲ့
လက်တစ်ဆုပ်စာ လွင့်စဉ်နေတဲ့ ကြယ်တို့ရဲ့
သစ္စာဖောက်မှုနဲ့ရယ်။
လာပြီလေ။
မာမာအီလို ပွဲတော်တည်ရဲ့
မြို့ပေါ် တင်ပါးလွှဲထိုင်လို့။
ကျုံ့ကျုံ့ကလေး အရက်ဆိုင်နောက်ထဲ
ဝင်ထိုင်နေမိပါ၊
စပျစ်ရည်ကို ဝိညာဉ်နဲ့ စားပွဲပေါ် ဖိတ်စဉ်မိ။
မြင်ရတော့တယ်၊
ထောင့်ထဲကို မျက်လုံးဝိုင်းစက်စက်တွေရယ်သာ၊
နှလုံးသားကို မျက်လုံးတွေနဲ့ စားလေပေါ့
မယ်တော်မိ။
ဘာကြောင့် သာမန်ခြယ်သလို့ အရောင်အဝါကို
အရက်ဆိုင်လူအုပ်ကို ပေးအပ်နေပါသလဲ။
ကြည့်လေ-ထပ်ပြီး
တံတွေးထွေးခံ ဂေါလဂေါသသားထက်
ဗာရဗ္ဗကို နှစ်သက်ပိုကြပြန်ပြီပဲ။
ဖြစ်ကောင်းဖြစ်မယ်၊ တမင်ကိုပဲ ငါဟာ
လူသောင်းပြောင်းထွေလာထဲ
မျက်နှာ ဘယ်သူ့ထက်မှ မသစ်လွင်ဘူးပေါ့။
ငါဟာ၊
ဖြစ်ကောင်းဖြစ်မယ်၊
သင့်သားအားလုံးထဲ
အချောအလှဆုံး ဖြစ်ချင်လဲ ဖြစ်မှာပေါ့။
ပေးလိုက်ပ သူတို့ကို၊
ရွှင်မြူးမှုထဲ မှိုတက်နေသူတို့ကို၊
အချိန်ရဲ့ မြန်ဆန်တဲ့ သေခြင်းတရားကို။
ဒါမှ ကလေးတွေ ထိုက်သင့်သလို ကြီးပြင်းလာကြမယ်ကို။
ကောင်လေးတွေက-အဖေတွေ
ကောင်မလေးတွေက-ကိုယ်ဝန်ဆောင်ကြစေလို။
ပြီး အသစ်မွေးဖွားလာသူတွေမှာ ပေါက်စေလို
မာဂုတို့ရဲ့ စူးစမ်းတတ်တဲ့ ဆံဖြူဖွေး၊
ပြီး၊ သူတို့လာကြမယ်
ကလေးတွေကို ကင်ပွန်းတပ်ကြမယ်
ငါ့ကဗျာများရဲ့ နာမည်တွေနဲ့လေး။
ယန္တရားနဲ့ အဂွလန်ကို ချီးကျူးတေးသီတဲ့ ငါဟာ
ဖြစ်ကောင်းဖြစ်မယ်၊ ရိုးရိုးလေးပ၊
သာမန်အကျဆုံး ဧဝံဂေလိတရားတော်မှာ
ဆယ့်သုံးယောက်မြောက် သာဝက။
ပြီး ငါ့ရဲ့အသံ
ညစ်ညမ်းပေါက်ကွဲတဲ့အခါ
တစ်နာရီက တစ်နာရီ
နှစ်ဆယ့်လေးနာရီလုံးလုံးကို၊
ဖြစ်ကောင်းဖြစ်မယ်၊ မွှေလိမ့် ယေရှုခရစ်တော်ဟာ
ငါဝိညာဉ်ရဲ့ မမေ့တဲ့နိုင်ပန်းများကို။
(၄)
မာရီယာ၊ မာရီယာ၊ မာရီယာ။
ဝင်ခဲ့ပါရစေ မာရီယာ။
ငါ လမ်းတွေပေါ် မနေနိုင်ဘူး။
မလိုချင်ဘူး၊ ဟုတ်စ။
စောင့်တော့ပ၊
လူတကာ မြည်းစမ်းကြည့်ကြသမို့
ပေါ့ပျက်ပျက်သာ
ပါးတွေဟောက်ပက် ပြိုဆင်းကုန်တဲ့အထိ၊
ငါ ရောက်လာ၊
ကနေ့ ငါ [အံ့ဩစဖွယ် ရိုးသားနေ]ကြောင်း
သွားမဲ့မဲ့နဲ့
ပြောပြတဲ့အထိ စောင့်တော့ပ၊
မာရီယာ၊
ကြည်စမ်း..
ငါ ခုကို ခါးကုန်းစပြုပေါ့။
လမ်းတွေပေါ်မှာ
လူတွေ လေးထပ်တိုက် ဇလုပ်တို့မှာ
အဆီကို ဖောက်ထွင်း၊
နှစ်လေးဆယ် ဆင်မြန်းခဲ့သမို့
စုတ်ပြတ်နေတဲ့ မျက်လုံးတွေကို ထုတ်ယူကြလို့၊
တခိခိ ရယ်သွမ်းသွေးကြရဲ့
ငါရဲ့ သွားတွေကြားမှာ
လာပြန်ပြီ..
မနေ့က အနမ်းရဲ့ ပေါင်မုန့်သိုးရယ်လို့။
မိုး ပလက်ဖောင်းတွေကို စိုစွတ်စေပြီး၊
ရေအိုင်လေးတွေနဲ့ ပိညပ်နေတဲ့ လူလိမ်၊
စိုရွှဲလို့၊ ကျောက်ခဲနဲ့ ဖိနှိပ်ထားတဲ့ လမ်းတို့ရဲ့
အလောင်းကောင်ကို လျက်ရဲ့
ပြီး ဖြူဖွေးဖွေး မျက်တောင်တွေမှာ
မျက်လုံးအစုံက မျက်ရည်တွေ-
ဟုတ်ကဲ့..
ရေပိုက်တို့ရဲ့ ငိုက်စိုက်မျက်လုံးအစုံကကွဲ့။
ခြေကျင်သမားအားလုံးကို မိုးရဲ့ နှုတ်သီးက
လျက်နေတယ်။
ယာဉ်များပေါ်မှာ အားကစားသမား ပြီး ခပ်ဝ၀
အားကစားသမား တဖိတ်ဖိတ်နဲ့။
လူတွေ ပေါက်ကွဲကြပြီ၊
ဗောင်းလန်ပေါက်ပြဲတာပ၊
အက်ကြောင်းထဲက အဆီ စိမ့်ထွက်လာတယ်၊
ဝါးစားပြီးသားပေါင်မုန့်ဖတ်နဲ့အတူ၊
ကတ်ကလက်ဟောင်းရဲ့ ဝါးဖတ်
နောက်ကျိကျိမြစ်အဖြစ် စီးဆင်းလာရဲ့။
မာရီယာ
ဘယ်လိုများ သူတို့ရဲ့ အဆီပိတ် နားထဲ
ငြိမ်ဆိတ်တဲ့ စကားလုံး သွတ်သွင်းရပါ့မလဲ။
ငှက်ဟာ
သီချင်းနဲ့ တောင်းရမ်းတယ်၊
ဆာဆာလောင်လောင်
ကျယ်ကျယ်လောင်လောင် တေးသီရဲ့။
ငါ့မှာတော့ လူ၊ မာရီယာရဲ့
ရှင်းရှင်းလေးရယ်၊
အဆုတ်ရောဂါသည် ညက ပရဲဆညာရဲ့
ညစ်ပတ်ပေရေလက်ထဲ အန်ထုတ်လိုက်သူ။
မာရီယာ၊ ဒီလိုလူမျိုး အလိုရှိသလား။
ဝင်ခွင့်ပြုပါ၊ မာရီယာ။
ကြောဆွဲနေတဲ့ လက်ချောင်းတွေနဲ့
ငါခေါင်းလောင်းရဲ့
သံလည်မျိုကို ညှစ်လိုက်မယ်။
မာရီယာ
လမ်းများရဲ့ စားကျက်မြေများ တိရစ္ဆာန်
ဆန်လာကြပြီ။
လည်ပင်းမှာ လက်ချောင်းတွေ တင်းတင်း
ဆုတ်ဖြဲကြပြီ။
ဖွင့်ပါ။
နာလှချည့်။
ကြည့်လေ၊ မျက်လုံးထဲကို
အမျိုးသမီး ဦးထုပ်အပ်တွေ စိုက်ထားကြပြီ။
ဝင်ခွင့်ပြုလိုက်တယ်။
အချစ်
မကြောက်ပါနဲ့၊ ငါ့နွားသိုး လည်ပင်းပေါ်မှာလေ
ချွေးရွှဲဗိုက်တွေနဲ့ မိန်းမတွေ မိုးစိုတောင်တန်းလို
ထိုင်နေကြ-
ဒါဘဝတလျှောက်လုံး ငါ ဆွဲသွားရမှာပဲ
အသန်းသန်းကြီးမား သန့်စင်အချစ်တွေ၊
သန်းပေါင်းအသန်းသန်း သေးငယ်ညစ်ပတ်
အချစ်တွေပ။
မကြောက်ပါနဲ့၊
တဖန်၊
သစ္စာမဲ့မှု မိုးလေထဲမှာ၊
ငါ ချစ်စရာ မျက်နှာတစ်ထောင်ကို
ငြိတွယ်နေမိရင်လဲ။
[မာယာကော့ဖ်စကီးလ်ရဲ့ ချစ်သူများ]-
ဘယ့်နှယ် ဒါ သူရူးရဲ့ နှလုံးသားထက်
စိုးစံတော်မူသွားကြတဲ့ ဧကရီမ
မင်းဆက်ပေကပဲ။
မာရီယာ၊ တိုးခဲ့စမ်းပါ။
ဝတ်လစ်စလစ် အရှက်မဲ့မှု
ကြောက်ရွံ့ရွံ့ တုန်ရီမှုတို့နဲ့၊
မင်းနှုတ်ခမ်းတို့ရဲ့ ပန်းဦးမချွေရသေးတဲ့
နှစ်လိုဖွယ်ကို ပေးပ။
ငါ့နှလုံးသားဟာ တစ်ခါမှ မေလအထိ မနေရခဲ့၊
နေခဲ့ဖူးသမျှ ဘဝမှာလဲ
ရှိခဲ့ရဲ့ ဧပြီတစ်ရာမျှ။
မာရီယာ။
ကဗျာဆရာဟာ တျာနာအဖို့ ဆောနဲတ်တွေ သီခဲ့တယ်။
ငါကတော့..
သွေးသားနဲ့ လုံးဝ၊
လုံးဝလူသားမျှ..
မင်းကိုယ်ကာယသက်သက်ကို တောင်းတယ်၊
ခရစ်ယာန်တွေ တောင်းကြသလိုနှယ်
[ယနေ့အဖို့ စားစရာအစာကိုလည်း
ကျွန်ုပ်တို့အား ပေးသနားတော်မူပါ]
မာရီယာ..ပေးတော့။
မာရီယာ။
မင်းနာမည်ကို မေ့သွားမှာ ငါစိုးတယ်၊
ညရဲ့ဒုက္ခထဲ မွေးဖွားလာခဲ့ပြီး
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး။
မင့်ကိုယ်ခန္ဓာကို
ငါစောင့်ရှောက်မယ်-ချစ်မယ်
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့၊ လိုသူမဲ့တဲ့
ပိုင်သူမဲ့တဲ့
စစ်သားဟာ
သူ့ရဲ့ တစ်ချောင်းတည်း ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး။
မာရီယာ
မလိုချင်ဘူး-ဟုတ်စ။
မလိုချင်ဘူး-
ဟား။
အဓိပ်ပါယျက-ခုတစျခါ
သုန်မှုန်မှုန်နဲ့ ခေါင်းငိုက်စိုက်
နှလုံးသားကို ယူသွားရတော့မယ်
မျက်ရည်တွေနဲ့ ထွေးပိုက်လို့
သယ်ရလိမ့်၊
မီးရထား နင်းကြိတ်
ခံရတဲ့ လက်ကိုကွယ်
ခွေးအိမ်ဆီ
သယ်သွားရှာတဲ့ ခွေးပမာနှယ်။
နှလုံးသားရဲ့ သွေးနဲ့ လမ်းကို ရွှင်လန်းစေမယ်၊
အပေါ်အင်္ကျီရဲ့ ဖုန်တွေကို ပန်းတွေက နမ်းကြရဲ့
အကြိမ်တစ်ထောင်မျှ ဟဲရုဒ်ရဲ့ သမီး နေက
ဗတ္တိဇံဆရာရဲ့ ဦးခေါင်း
ကမ္ဘာမြေကို ဝိုင်းပတ် ကလိမ့်မကွဲ့။
ငါ့ရဲ့ သက်တမ်း နှစ်အရေအတွက်
အဆုံးထိ ဝိုင်းပတ် ကပြီးတဲ့အခါ
သွေးစက်တစ်သိန်း လမ်းကြောင်းကလေး
ဆန်သွားမယ်
ငါအဖရေဲ့ အိမအြထိသာ။
(၅)
မြောင်းတွေထဲ
ညအိပ်ခဲ့ရသမို့ ညစ်ပေကာ တက်လာမယ်၊
ဘေးချင်း ယှဉ်ကာရပ်၊
ငုံ့ကိုင်းတဲ့ကာ
သူ့နားထဲ ပြောပြလိုက်မယ်..
နားထောင်စမ်း၊ ဦးဘုရားသခင်။
ခင်ဗျား မပျင်းဘူးလား၊
မိုးတိမ် ကျောက်ကျောပြင်ထဲ
နေ့စဉ်နဲ့အမျှ ကြင်နာတဲ့ နှလုံးတွေ နှစ်နေရတာများ။
ဒီမယ်-သိလား
ကောင်းမှု၊ မကောင်းမှု အသိတရားရဲ့
သစ်ပင်ပေါ်မှာ ချားရဟတ် တည်ဆောက်ရအောင်လား။
သဗ္ဗဘူတဆိုတော့ ခင်ဗျား ကြောင်အိမ်တိုင်းမှာ
ရှိပေမယ်။
ညှိုးလျလျ ရှင်ပေတရုတောင်မှ
ကိ-ကာ-ပူအကနဲ့ မြူးကြွလာချင်စေမယ့် စပျစ်ရည်မျိုး
စားပွဲပေါ် တင်ထားကြမယ်။
ပြီး ကောင်းကင်မှာ ဧဝကလေးတွေ နေရာချပြန်ဦးစို့။
အမိန့်သာပေး-
ကနေ့ညကိုပဲ
လမ်းမကြီးအားလုံးက အလှဆုံးကောင်မလေးတွေကို
ကျုပ် ခင်ဗျားဖို့ ခေါ်ပေးမယ်။
လိုချင်ပါစ။
မလိုချင်ဘူး၊ ဟုတ်စ
ခေါင်းကို ခါသလား၊ ဆံပင်စုတ်ဖွားကြီး။
မျက်ခုံးဖြူ ရှုံ့သလား။
ခင်ဗျား ထင်သပ အဲဟို
ခင်ဗျားနောက်က တောင်ပံကားကြီး။
အချစ်ဆိုတာ ဘယ်လိုလဲ သိတယ်လို့များ။
ကျုပ်လဲ ကောင်းကင်တမန်ပဲ။ ကျုပ် ဖြစ်ဖူးသပေါ့ အမြင်မှာ
သကြားချိုသိုးကလေးလို ငေးကြည့်လို့ပ၊
ဆဲဖရရဲ့ ဒုက္ခနဲ့ ထွင်းထုထားတဲ့ ပန်းအိုးတွေကိုတော့
မြင်းမတွေကို လက်ဆောင် မပေးချင်တော့ဘူးပေါ့။
အနန္တတန်ခိုးတော်ရှင်၊ လက်အစုံကို ခင်ဗျား တီထွင်ခဲ့၊
လူတိုင်းပဲ
ဦးခေါင်းရှိအောင်လုပ်ပေးခဲ့တယ် ဘာပြုလို့
ခင်ဗျား မတီထွင်ရတာလဲ၊
ဒုက်ခမခံစားရဘဲနဲ့
နမ်းပြီးရင်း နမ်းပြီးရင်း နမ်းနေနိုင်အောင်တော့။
ကျုပ် ထင်ခဲ့တယ်-ခင်ဗျားဟာ
အနန္တစွမ်းအားရှင် ဘုရားကြီးလို့၊
ခင်ဗျားဟာ ပညာမစုံလင်၊ သေးသေးမွှားမွှား
ဘုရားပေါက်စလေးပဲ။
ကြည့်နော် ကျုပ် ငုံ့ကိုင်းလိုက်ပြီ၊
ဘွတ်ဖိနပ်ထိပ်က
ဖိနပ်ချုပ်သမား ဓားကလေး ဆွဲထုတ်လိုက်ပြီပဲ။
တောင်ပံကားကား လူဆိုးသူခိုးတို့။
ကောင်းကင်မှာ ဝပ်လို့နေ၊
ကြောက်လန့် တုန်လှုပ်လို့မို့ အမွှေးအတောင်တွေ
ထကြွဘိ။
အမွှေးနံ့ ထုံသင်းနေတဲ့ နင့်ကို ငါခုတ်ပိုင်းလိုက်မလေ
ဒီကနေ အလာဆကာအထိ။
ဝင်ခွင့်ပြုပါ ကျုပ်ကို
မရပ်တန့်ကြနဲ့။
မှားမယ် ကျုပ်၊
မှန်ချင်လဲ မှန်မယ်
ဒါပေမယ့် ကျုပ် ငြိမ်ငြိမ်နေဖို့ မတတ်နိုင်ဘူး။
ကြည့်ကြစမ်း-
ကြယ်တွေ ခေါင်းပြတ်ကုန်ကြပြန်ပြီ။
ကောင်းကင်လဲ လူသတ်ပွဲကြောင့် သွေးရဲရဲ
ဖြစ်ရပေါ့။
ဟေး၊ ကိုယ့်လူ၊
ကောင်းကင်ကြီး။
ဦးထုပ်ချွတ်လေ။
ကျုပ် လာနေပြီ။
တိတ်ဆိတ်လို့။
စကြဝဠာ အိပ်ပေါ့၊
ကြယ်အစက်အပြောက်တွေနဲ့၊
ဧရာမနားရွက်ကြီးကို လက်ပေါ်တင်လို့။
မာယာကော့ဖ်စကီးလ်
(၁၉၁၄-၁၉၁၅ မှာ ရေးခဲ့) [ဘာသာပြန် မောင်သာနိုး]
မာယာကော့ဖ်စကီး
(စကားချီး)
အဆီပြန်ဆိုဖာပေါ် ဝဝြပဲပြဲ လက်ပါးစေလို
နူးညံ့ပျော့အိ ဦးနှောက်ထက်မှာ အိပ်မက်မက်နေတဲ့
ခင်ဗျားတို့ရဲ့ စိတ်ကူးကို
သွေးစွန်းတဲ့ နှလုံးသားရဲ့ အဝတ်စုတ်နဲ့ လှောင်ပြောင်လိုက်
မထီလေးစား စပ်ပူစပ်လောင်
ဝလန်အောင် သရော်လိုက်မယ်။
ကျုပ်ဝိညာဉ်မှာ ဆံဖြူတစ်ပင် မရှိဘူး
အဘိုးအိုဆန်တဲ့ နူးညံ့ သိမ်မွေ့မှုမျိုး ဝေလာဝေး၊
ခွန်အားပြည့်ဝတဲ့ အသံနဲ့ လောကကို ထစ်ချုန်းလို့
ကျုပ်သွားနေတယ်၊
လူချော လူလှ နှစ်ဆယ့်နှစ်နှစ်သားကလေး။
လူသိမ်လူမွေ့တို့ . . .
ခင်ဗျားတို့က ချစ်ခြင်းမေတ္တာကို
တယောပေါ် တင်ကြတယ်။
အရိုင်းအစိုင်းတို့ကတော့ မေတ္တာကို
ဗုံပေါ် တင်ကြရဲ့။
ဒါပေမယ့် ထူထဲထဲ နှုတ်ခမ်းတွေချည်း ဖြစ်သွားအောင်
ကျုပ်လို ပြောင်းပြန် လှန်ပစ်ဖို့တော့
တတ်နိုင်မယ် မဟုတ်ဘူး။
ပိုးဖဲထည်လွှမ်း ဧည့်ခန်းထဲက
ပညာယူဖို့ ထွက်လာခဲ့ကြ။
နတ်မျိုးနွယ်ဂိုဏ်းဝင် ဗျူရိုကရက် ကိုလူချောတို့။
ထမင်းချက်ဟာ ချက်ပြုတ်နည်းစာအုပ်စာမျက်နှာတွေ လှန်သလို
နှုတ်ခမ်းတွေကို ငြိမ်ဆိတ်ဆိတ် လှန်လှောတတ်သူတို့။
ဆန္ဒရှိကြရင် ဒေါသမာန်ထန်ပြင်းတဲ့ သွေးနဲ့သားနဲ့ ဖြစ်ပြမယ်။
ပြီး ကောင်းကင်လို အသံပြောင်းလို့မို့
ဆန္ဒရှိကြရင် ပြောစရာမရှိအောင် နူးညံ့ပြလိုက်မယ်။
ယောင်္ကျားမဟုတ်-ဘောင်းဘီဝတ် မိုးတိမ်ရယ်လို့။
ပန်းဝေဝေနဲ့ နိစ္စရှိတယ်လို့ ကျုပ်မယုံဘူး
တစ်ခါထပ်ပြီး ကျုပ် ဟိမဝန္တာ ချီးကျူးခန်း ဖွင့်လိုက်ဦးမယ်
ဆေးရုံလို လျောင်းစက်နေကြတဲ့ ယောင်္ကျားတွေကို
စကားပုံလို ဟောင်းမြင်းနေတဲ့ မိန်းမတွေကို။
(၁)
ဒါ ငှက်ဖျားငန်းဖမ်း ဇာတ်လို့များ ထင်ကြသလား။
ဒါ ဖြစ်ခဲ့တယ်။
ဩဒိဆာမှာ ဖြစ်ခဲ့တယ်။
[လေးနာရီမှာ လာခဲ့မယ်]တဲ့ မာရီယာက။
ရှစ်
ကိုး
တစ်ဆယ်။
ညနေခင်းလည်း ညရဲ့ ကြောက်ဖွယ်မှုဆီ
ပြတင်းပေါက်က ထွက်ပြေးပေါ့၊
မှိုင်းညို့၊
ဒီဇင်ဘာပြီးလို့။
အိုမင်းမစွမ်း ကျောပြင်နောက်မှာ
ဟားတိုက် ရယ်မောရစ်ကြပြီ။
ဖယောင်းတိုင်တွေ။
ကျုပ်ကို အခု မှတ်မိနိုင်ကြမယ် မဟုတ်ဘူး
အကြောပြိုင်းပြိုင်း အစုအပုံကြီး။
ညည်းညည်းညူညူ
တွန့်တွန့်လိမ်လိမ်နဲ့
ဘာများ ဒီအသားတုံးက လိုချင်ပါလိမ့်။
အသားတုံးကလဲ အများကြီး လိုချင်ပေရဲ့။
ငါ့အဖို့ အရေးမကြီးပါဘူး
ငါ့ကိုယ်ငါဟာ ကြေးဝါနဲ့ လုပ်ထားတာ၊
နှလုံးသားဟာလဲ အေးစက်စက်သံထည် ဖြစ်နေနေ။
ညမှာ ကိုယ့်အသံက
ပုန်းချင်ရဲ့ နူးညံ့ရာမှာ၊
မိန်းမ ဆန်ရာမှာ။
ဒီလိုနဲ့ ခု
အစုအပုံကြီး
ပြတင်းပေါက်မှာ ခါးကုန်းကုန်း၊
ပြတင်းမှန်မှာ နဖူးနဲ့လူ လာနေပေါ့။
ချစ်ခြင်းမေတ္တာ ရမယ်လား၊ မရဘူးလား။
ဘယ်လိုမျိုးလဲ အကြီး
ကြီးလား သေးသေးမွှားမွှားလေးလား။
ဒီလို ကိုယ်ခန္ဓာမျိုးမှာ ဘယ်ကြီးကြီးမားမား ရမလဲ။
သေးသေးမွှားမွှားပဲ ဖြစ်မှာပေါ့။
နုံချာချာ အချစ်ပေါက်စလေး နေမှာပါပဲ
သူက မော်တော်ကားဟွန်းသံကို လန့်တတ်တယ်။
မြင်းချူသံကိုမှ ချစ်သတဲ့။
ဆက်လို့ဆက်လို့သာ
မျက်နှာကို မိုးရဲ့ ကျောက်ပေါက်မာမျက်နှာထဲ မြှုပ်ရင်း၊
စောင့်နေမိတယ်၊
မွို့တျာဒီလှိုငျးရဲ့ အောျသံရဲ့ အပကျခံရငျး။
ဓားကို မြှောက်ချီလို့ သန်းခေါင်လိုက်မီလာပေါ့၊
ခုတ်ထစ်ချေပေါ့-
ဟိုမှာ သူ။
တစ်ဆယ့်နှစ်နာရီ ကျလာပေါ့၊
စဉ်းနှီးတုံးပေါ်က မင်းပြစ်ဒဏ်ခံရဲ့ ဦးခေါင်းလို။
မှန်ချပ်တွေပေါ် မဲပြာပြာ မိုးစက် မိုးပေါက်များ
အော်မြည်ကြွေးနေကြ၊
မဲ့ရွဲ့ရွဲ့မျက်နှာထားတွေ စုပုံလို့ ထားကြ
ပါရီက မယ်တော်မြတ် ဘုရားကျောင်းမှာ
ဘီလူးရုပ်တွေ အူနေကြသလိုပ။
သောက်ကျိုးနဲ။
ဘယ့်နှယ်၊ ဒီလောက်နဲ့ မတော်သေးဘူးလား။
မကြာခင် ကွေးကွေးလေး နှုတ်ခမ်းက ရွဲ့လာခဲ့။
ကြားရတယ်..
တိုးတိတ်တိတ်
လူမမာ ခုတင်ပေါ်က
နာဗ်ကြော ခုန်ထလေပေါ့။
ပြီးတော့
ပထမ မရွေ့သလိုလို
ရွေ့သလိုလို
နောက်တော့ ထပြေးလေရဲ့
စိတ်စက် လှုပ်ရှားလို့၊
တဒုတ်ဒုတ် မြည်လို့။
ခုတော့ သူရယ် အသက်နှစ်ခုရယ်၊
အရူးအမူး ထကြွခုန်ပေါက်ကြပေါ့။
အောက်ထပ်မှာ အင်္ဂတေ ပြိုကျလေပေါ့။
နာဗ်ကြောတွေ
အကြီးကြီးတွေ
အသေးလေးတွေ
အများကြီးပဲ
အရူးအမူး ခုန်ကြပေါက်ကြ၊
ခုတော့
နာဗ်ကြောရဲ့ ခြေတွေ ပုံလဲကျကုန်တော့တယ်။
အခန်းထဲမှာ ညဟာ စေးပျစ်စေးပျစ်လို့ လာတော့တယ်။
ရွံ့စေးထဲက လေးလံတဲ့ မျက်လုံးကို ဆွဲနှုတ်လို့ မရဘူး။
တံခါးတွေ ဗြုန်းဆို သွားချင်းကြိတ်ကြ
တကတည်း ဟိုတယ်မှာ သွားချင်သွား ထိမရသလိုပဲ။
မင်းဝင်လာတယ်
[ကိုင်း-ရော့]ဆိုသလို ဗြုန်းစားဟန်မျိုး၊
ဆိတ်ရေလက်အိတ်လေးတွေ နှိပ်စက်ရင်း ပြောပြတယ်
[သိပလား
ကျွန်မ လက်ထပ်တော့မယ်]တဲ့။
ဒီလိုလား၊ လုပ်ပေါ့လေ။
ကိစ္စမရှိပါဘူး။
စိတ်တင်းပါ့မယ်။
ကြည့်လေ-တည်ငြိမ်နေပုံများ။
လူသေကောင်ရဲ့
သွေးခုန်ပုံမျိုးပ။
မှတ်မိသေးလား။
မင်း ပြောခဲ့တာတွေ
[ဂျက်လန်ဒန်၊
ငွေ၊
အချစ်၊
ရမ္မက်]တဲ့
ငါ တစ်ခုပဲ မြင်မိတယ်
မင်းဟာ ဂျီယကောန်ဒါ၊
ခိုးယူမှ ရမယ့် သူပဲ။
ခိုးယူသွားကြပြီပေါ့။
တစ်ခါ ချစ်စိတ်မွှန်လို့ ကစားဖက် လိုက်ဦးတော့မယ်။
မျက်ခုံးကွေးတွေ မီးလျှံနဲ့ ဝင်းလက်လို့ပေါ့။
ဒီတော့ကော။
မီးလောင်ပျက်ယွင်း အိမ်ထဲမှာ
တစ်ခါတလေ အိုးမဲ့ အိမ်မဲ့ တေလေတို့ နေကြသပ။
ပြောင်လှောင်ကြတယ်လား။
[သူတောင်းစားရဲ့ ပြားစေ့ထက်တောင်
မင်းရူးသွပ်မှုရဲ့ မြတွေက အဖိုးနည်းလေရဲ့]တဲ့။
မှတ်မိကြရဲ့လား။
ဗဲဆုဗိယုစ်ကို ပြောင်လှောင်ကြတဲ့အခါ
ပေါမ်ပဲယီ ပျက်သုန်းခဲ့ရတာကော။
ဗျိုး။
အမျိုးကောင်းသားတို့။
သာသနာထိပါးမှု၊
ရာဇဝတ်မှု၊
သတ်ဖြတ်မှုတွေကို မြတ်နိုးသူကြီးတို့
ကြောက်စရာ အကောင်းဆုံးကို မြင်ဖူးကြရဲ့လား
ကျုပ်
လုံးလုံးလျားလျား ငြိမ်ဆိတ်နေတဲ့အခါ
ကျုပ်မျက်နှာလေ။
ထင်ပါတယ်လေ
[ကျုပ်]ဆိုတာ
ကျုပ်အဖို့ သေးငယ်ပါတယ်။
တစ်စုံတစ်ဦး ကျုပ်အထဲက ချိုးနှိမ်မရ
ထွက်လာလိမ့်မဗျ
ဟယ်လို။
ဘယ်သူစကား ပြောနေပါလဲ။
မမေလေား။
မေမေ။
မေမေ သားတော့ လှလှပပ ဖျားပေါ့။
မေမေ။
သူ့နှလုံးသားကို မီးလောင်နေပြီ။
ညီမလေး ယျူဒ်နဲ့ အော်လျာကို ပြောလိုက်ပါ..
သူလွတ်လမ်း မမြင်တော့ဘူးလို့။
စကားလုံးတိုင်းဟာ
ပြက်လုံးတောင်မှပဲပေါ့
ပူလောင်ကျွမ်းနေတဲ့ ပါးစပ်က
သူ အန်ထုတ်လိုက်သမို့
ထိုးထွက်လာလိုက်တာ ဝတ်လစ်စလစ် ပြည့်တန်ဆာမ
မီးလောင်နေတဲ့ နတ်နန်းထဲက ပြေးထွက်လာသလိုပ။
လူတွေ အနံ့ခံနေကြတယ်..
ညှော်စော်နံသဟ။
ဘယ်သူတွေမှန်း မသိရောက်လို့လာ
ပြောင်ပြောင်လက်လက်ပဲ။
ဘွတ်ဖိနပ်တွေနဲ့ မရဘူး။
မိးသတ်သမားတွေကို ပြောလိုက်ပ..
မီးလောင်နေတဲ့ နှလုံးသားပေါ် အနမ်းနဲ့
တက်ရတယ်လို့
ကျုပ်ဘာသာပဲ လုပ်မယ်။
မျက်ရည်ရွှဲ မျက်လုံးတွေကို
စည်ပိုင်းတွေနဲ့ စုပ်ယူမယ်။
နံရိုးတွေပေါ် မှီထားပါရစေ။
ခုန်လိုက်မယ်။ ခုန်လိုက်မယ်။ ခုန်လိုက်မယ်။
ခုန်လိုက်မယ်။
ပြိုကျကုန်ပြီ။
နှလုံးထဲက ခုန်ထွက်မရပါလား။
လောင်ကျွမ်းနေတဲ့ မျက်နှာပေါ်မှာ
အက်နေတဲ့ နှုတ်ခမ်းကနေ
မီးသွေးဖြစ်နေတဲ့ အနမ်းကလေး
ထွက်ပြူလာလေရဲ့။
မေမေ
ကျုပ်တေးမသီနိုင်တော့ဘူး
နှလုံးသားရဲ့ ဘုရားကျောင်းထဲ တေးအဖွဲ့
မီးစွဲလောင်ခဲ့။
မီးလောင်နေတဲ့ အဆောက်အဦးထဲက
ကလေးများနှယ်
ဦးခေါင်းခွံထဲက
မီးသင့်စကားလုံးနဲ့ ကိန်းဂဏန်း အရုပ်များ။
အဲသလိုနဲ့ ကြောက်ရွံ့စိတ်ဟာ
ကောင်းကင်ကို လှမ်းကိုင်ဖို့
မြှောက်ချီခဲ့သပ
[လူဇီတာနီယာ]ရဲ့ လောင်ကျွမ်းနေတဲ့ လက်များ။
အိမ်ခန်း ဆိတ်ငြိမ်မှုထဲမှာ
လူတွေ တုန်တုန်ရီရီ
မျက်လုံးတစ်ရာ အလင်းဆိပ်ကမ်းကနေ
ဆုတ်ဖြဲနေပေါ့။
နောက်ဆုံးအော်သံတို့
ယုတ်စွအဆုံး အသင်
ငါ မီးလောင်ခဲ့ကြောင်း ရာစုနှစ်အဆက်ဆက်
အော်ရစ်တော့။
(၂)ဒါ ငှက်ဖျားငန်းဖမ်း ဇာတ်လို့များ ထင်ကြသလား။
ဒါ ဖြစ်ခဲ့တယ်။
ဩဒိဆာမှာ ဖြစ်ခဲ့တယ်။
[လေးနာရီမှာ လာခဲ့မယ်]တဲ့ မာရီယာက။
ရှစ်
ကိုး
တစ်ဆယ်။
ညနေခင်းလည်း ညရဲ့ ကြောက်ဖွယ်မှုဆီ
ပြတင်းပေါက်က ထွက်ပြေးပေါ့၊
မှိုင်းညို့၊
ဒီဇင်ဘာပြီးလို့။
အိုမင်းမစွမ်း ကျောပြင်နောက်မှာ
ဟားတိုက် ရယ်မောရစ်ကြပြီ။
ဖယောင်းတိုင်တွေ။
ကျုပ်ကို အခု မှတ်မိနိုင်ကြမယ် မဟုတ်ဘူး
အကြောပြိုင်းပြိုင်း အစုအပုံကြီး။
ညည်းညည်းညူညူ
တွန့်တွန့်လိမ်လိမ်နဲ့
ဘာများ ဒီအသားတုံးက လိုချင်ပါလိမ့်။
အသားတုံးကလဲ အများကြီး လိုချင်ပေရဲ့။
ငါ့အဖို့ အရေးမကြီးပါဘူး
ငါ့ကိုယ်ငါဟာ ကြေးဝါနဲ့ လုပ်ထားတာ၊
နှလုံးသားဟာလဲ အေးစက်စက်သံထည် ဖြစ်နေနေ။
ညမှာ ကိုယ့်အသံက
ပုန်းချင်ရဲ့ နူးညံ့ရာမှာ၊
မိန်းမ ဆန်ရာမှာ။
ဒီလိုနဲ့ ခု
အစုအပုံကြီး
ပြတင်းပေါက်မှာ ခါးကုန်းကုန်း၊
ပြတင်းမှန်မှာ နဖူးနဲ့လူ လာနေပေါ့။
ချစ်ခြင်းမေတ္တာ ရမယ်လား၊ မရဘူးလား။
ဘယ်လိုမျိုးလဲ အကြီး
ကြီးလား သေးသေးမွှားမွှားလေးလား။
ဒီလို ကိုယ်ခန္ဓာမျိုးမှာ ဘယ်ကြီးကြီးမားမား ရမလဲ။
သေးသေးမွှားမွှားပဲ ဖြစ်မှာပေါ့။
နုံချာချာ အချစ်ပေါက်စလေး နေမှာပါပဲ
သူက မော်တော်ကားဟွန်းသံကို လန့်တတ်တယ်။
မြင်းချူသံကိုမှ ချစ်သတဲ့။
ဆက်လို့ဆက်လို့သာ
မျက်နှာကို မိုးရဲ့ ကျောက်ပေါက်မာမျက်နှာထဲ မြှုပ်ရင်း၊
စောင့်နေမိတယ်၊
မွို့တျာဒီလှိုငျးရဲ့ အောျသံရဲ့ အပကျခံရငျး။
ဓားကို မြှောက်ချီလို့ သန်းခေါင်လိုက်မီလာပေါ့၊
ခုတ်ထစ်ချေပေါ့-
ဟိုမှာ သူ။
တစ်ဆယ့်နှစ်နာရီ ကျလာပေါ့၊
စဉ်းနှီးတုံးပေါ်က မင်းပြစ်ဒဏ်ခံရဲ့ ဦးခေါင်းလို။
မှန်ချပ်တွေပေါ် မဲပြာပြာ မိုးစက် မိုးပေါက်များ
အော်မြည်ကြွေးနေကြ၊
မဲ့ရွဲ့ရွဲ့မျက်နှာထားတွေ စုပုံလို့ ထားကြ
ပါရီက မယ်တော်မြတ် ဘုရားကျောင်းမှာ
ဘီလူးရုပ်တွေ အူနေကြသလိုပ။
သောက်ကျိုးနဲ။
ဘယ့်နှယ်၊ ဒီလောက်နဲ့ မတော်သေးဘူးလား။
မကြာခင် ကွေးကွေးလေး နှုတ်ခမ်းက ရွဲ့လာခဲ့။
ကြားရတယ်..
တိုးတိတ်တိတ်
လူမမာ ခုတင်ပေါ်က
နာဗ်ကြော ခုန်ထလေပေါ့။
ပြီးတော့
ပထမ မရွေ့သလိုလို
ရွေ့သလိုလို
နောက်တော့ ထပြေးလေရဲ့
စိတ်စက် လှုပ်ရှားလို့၊
တဒုတ်ဒုတ် မြည်လို့။
ခုတော့ သူရယ် အသက်နှစ်ခုရယ်၊
အရူးအမူး ထကြွခုန်ပေါက်ကြပေါ့။
အောက်ထပ်မှာ အင်္ဂတေ ပြိုကျလေပေါ့။
နာဗ်ကြောတွေ
အကြီးကြီးတွေ
အသေးလေးတွေ
အများကြီးပဲ
အရူးအမူး ခုန်ကြပေါက်ကြ၊
ခုတော့
နာဗ်ကြောရဲ့ ခြေတွေ ပုံလဲကျကုန်တော့တယ်။
အခန်းထဲမှာ ညဟာ စေးပျစ်စေးပျစ်လို့ လာတော့တယ်။
ရွံ့စေးထဲက လေးလံတဲ့ မျက်လုံးကို ဆွဲနှုတ်လို့ မရဘူး။
တံခါးတွေ ဗြုန်းဆို သွားချင်းကြိတ်ကြ
တကတည်း ဟိုတယ်မှာ သွားချင်သွား ထိမရသလိုပဲ။
မင်းဝင်လာတယ်
[ကိုင်း-ရော့]ဆိုသလို ဗြုန်းစားဟန်မျိုး၊
ဆိတ်ရေလက်အိတ်လေးတွေ နှိပ်စက်ရင်း ပြောပြတယ်
[သိပလား
ကျွန်မ လက်ထပ်တော့မယ်]တဲ့။
ဒီလိုလား၊ လုပ်ပေါ့လေ။
ကိစ္စမရှိပါဘူး။
စိတ်တင်းပါ့မယ်။
ကြည့်လေ-တည်ငြိမ်နေပုံများ။
လူသေကောင်ရဲ့
သွေးခုန်ပုံမျိုးပ။
မှတ်မိသေးလား။
မင်း ပြောခဲ့တာတွေ
[ဂျက်လန်ဒန်၊
ငွေ၊
အချစ်၊
ရမ္မက်]တဲ့
ငါ တစ်ခုပဲ မြင်မိတယ်
မင်းဟာ ဂျီယကောန်ဒါ၊
ခိုးယူမှ ရမယ့် သူပဲ။
ခိုးယူသွားကြပြီပေါ့။
တစ်ခါ ချစ်စိတ်မွှန်လို့ ကစားဖက် လိုက်ဦးတော့မယ်။
မျက်ခုံးကွေးတွေ မီးလျှံနဲ့ ဝင်းလက်လို့ပေါ့။
ဒီတော့ကော။
မီးလောင်ပျက်ယွင်း အိမ်ထဲမှာ
တစ်ခါတလေ အိုးမဲ့ အိမ်မဲ့ တေလေတို့ နေကြသပ။
ပြောင်လှောင်ကြတယ်လား။
[သူတောင်းစားရဲ့ ပြားစေ့ထက်တောင်
မင်းရူးသွပ်မှုရဲ့ မြတွေက အဖိုးနည်းလေရဲ့]တဲ့။
မှတ်မိကြရဲ့လား။
ဗဲဆုဗိယုစ်ကို ပြောင်လှောင်ကြတဲ့အခါ
ပေါမ်ပဲယီ ပျက်သုန်းခဲ့ရတာကော။
ဗျိုး။
အမျိုးကောင်းသားတို့။
သာသနာထိပါးမှု၊
ရာဇဝတ်မှု၊
သတ်ဖြတ်မှုတွေကို မြတ်နိုးသူကြီးတို့
ကြောက်စရာ အကောင်းဆုံးကို မြင်ဖူးကြရဲ့လား
ကျုပ်
လုံးလုံးလျားလျား ငြိမ်ဆိတ်နေတဲ့အခါ
ကျုပ်မျက်နှာလေ။
ထင်ပါတယ်လေ
[ကျုပ်]ဆိုတာ
ကျုပ်အဖို့ သေးငယ်ပါတယ်။
တစ်စုံတစ်ဦး ကျုပ်အထဲက ချိုးနှိမ်မရ
ထွက်လာလိမ့်မဗျ
ဟယ်လို။
ဘယ်သူစကား ပြောနေပါလဲ။
မမေလေား။
မေမေ။
မေမေ သားတော့ လှလှပပ ဖျားပေါ့။
မေမေ။
သူ့နှလုံးသားကို မီးလောင်နေပြီ။
ညီမလေး ယျူဒ်နဲ့ အော်လျာကို ပြောလိုက်ပါ..
သူလွတ်လမ်း မမြင်တော့ဘူးလို့။
စကားလုံးတိုင်းဟာ
ပြက်လုံးတောင်မှပဲပေါ့
ပူလောင်ကျွမ်းနေတဲ့ ပါးစပ်က
သူ အန်ထုတ်လိုက်သမို့
ထိုးထွက်လာလိုက်တာ ဝတ်လစ်စလစ် ပြည့်တန်ဆာမ
မီးလောင်နေတဲ့ နတ်နန်းထဲက ပြေးထွက်လာသလိုပ။
လူတွေ အနံ့ခံနေကြတယ်..
ညှော်စော်နံသဟ။
ဘယ်သူတွေမှန်း မသိရောက်လို့လာ
ပြောင်ပြောင်လက်လက်ပဲ။
ဘွတ်ဖိနပ်တွေနဲ့ မရဘူး။
မိးသတ်သမားတွေကို ပြောလိုက်ပ..
မီးလောင်နေတဲ့ နှလုံးသားပေါ် အနမ်းနဲ့
တက်ရတယ်လို့
ကျုပ်ဘာသာပဲ လုပ်မယ်။
မျက်ရည်ရွှဲ မျက်လုံးတွေကို
စည်ပိုင်းတွေနဲ့ စုပ်ယူမယ်။
နံရိုးတွေပေါ် မှီထားပါရစေ။
ခုန်လိုက်မယ်။ ခုန်လိုက်မယ်။ ခုန်လိုက်မယ်။
ခုန်လိုက်မယ်။
ပြိုကျကုန်ပြီ။
နှလုံးထဲက ခုန်ထွက်မရပါလား။
လောင်ကျွမ်းနေတဲ့ မျက်နှာပေါ်မှာ
အက်နေတဲ့ နှုတ်ခမ်းကနေ
မီးသွေးဖြစ်နေတဲ့ အနမ်းကလေး
ထွက်ပြူလာလေရဲ့။
မေမေ
ကျုပ်တေးမသီနိုင်တော့ဘူး
နှလုံးသားရဲ့ ဘုရားကျောင်းထဲ တေးအဖွဲ့
မီးစွဲလောင်ခဲ့။
မီးလောင်နေတဲ့ အဆောက်အဦးထဲက
ကလေးများနှယ်
ဦးခေါင်းခွံထဲက
မီးသင့်စကားလုံးနဲ့ ကိန်းဂဏန်း အရုပ်များ။
အဲသလိုနဲ့ ကြောက်ရွံ့စိတ်ဟာ
ကောင်းကင်ကို လှမ်းကိုင်ဖို့
မြှောက်ချီခဲ့သပ
[လူဇီတာနီယာ]ရဲ့ လောင်ကျွမ်းနေတဲ့ လက်များ။
အိမ်ခန်း ဆိတ်ငြိမ်မှုထဲမှာ
လူတွေ တုန်တုန်ရီရီ
မျက်လုံးတစ်ရာ အလင်းဆိပ်ကမ်းကနေ
ဆုတ်ဖြဲနေပေါ့။
နောက်ဆုံးအော်သံတို့
ယုတ်စွအဆုံး အသင်
ငါ မီးလောင်ခဲ့ကြောင်း ရာစုနှစ်အဆက်ဆက်
အော်ရစ်တော့။
ကျုပ်ကို ထောပနာကြ
ကျုပ်နဲ့ ပုဂ္ဂိုလ်ကြီးတွေ အတွဲ မဟုတ်ဘူး။
ကျုပ်က လုပ်ဆောင်ပြီးသမျှအပေါ်
[ငူ]ရေးထည့်တဲ့သူ။
ဘယ်တုန်းကမှ
ဘာကိုမှ မဖတ်ချင်ဘူး
ဘာလုပ်ဖို့လဲ စာအုပ်တွေ။
ကျုပ် အရင်က ထင်ခဲ့ဖူးတယ်။
စာအုပ်တွေကို ဒီလို လုပ်တာလို့
ကဗျာဆရာ ရောက်လာ၊
ခပ်ပေါ့ပေါ့နှုတ်ခမ်းဟ၊
ပြီး ဗြုန်းဆို ဈာန်ဝင်လာ ငတုံးဟာ တေးစသီသမို့
ဟောဒီမှာပါ ခင်ဗျ။
ဒီလိုနဲ့၊ တွေ့ရတာကတော့
ဘေးစတင်မသီခင်မှာ၊
အချဉ်ပေါက်မှုကြောင့် အသားမာထရင်း၊
အကြာကြီး လာသွား။
ပြီး နှလုံးရဲ့ ရွှံ့ညွန်ထဲမှာ ငြိမ်ဆိတ်လူးလိမ့်လေပေါ့
စိတ်ကူးရဲ့ ရူးမိုက်မိုက် ဗော်ဘလာငါး။
အချစ်တွေ နိုင်တင်ဂေးလ်တွေနဲ့ ဟင်းချိုတစ်မျိုး
ကာရန်တွေနဲ့ ခြစ်ယူကာ ကျိုချက်ကြစဉ်၊
လမ်းမကြီး လျှာမဲ့မဲ့ လိမ်တွန့်နေတော့သကိုး..
အော်ဟစ်စရာ၊ စကားပြောစရာ ဘာမှ မရှိဘဲသာ၊
မြို့တွေရဲ့ ဗာဗိလုန် မျှော်စင်ကြီးတွေ၊
မာန်ဝင့်ကာ တည်ဆောက်ကြပြန်တယ်၊
ဒါပေမယ့် ဘုရားက
မြို့တွေကို လယ်ဖြစ်အောင်
ဖြိုပစ်သမို့
စကား ရှုပ်ထွေးရတယ်။
လမ်းမ နာကျင်သမို့ အသံတိတ်
ပျို့တက်လာပေါ့၊
လည်ချောင်းထဲမှာ အော်သံ မတ်မတ်ရပ်လာပ၊
လည်မှာ ကန့်လန့်အစ်ကာ၊
ထောင်ထလာချေပေါ့။
ဝဖိုင့်ဖိုင့် အထောင် နဲ့ အရိုးငေါငေါ မြင်းလှည်းတွေ။
ရင်အုံပေါ် ခြေကျင်လျှောက်ကြပြီ။
အဆုတ်နာထက် ဆိုးရဲ့။
မြို့က လမ်းမကို အမှောင်နဲ့ ပိတ်ပေါ့။
ဒါပေမယ့်..
ဒါတောင်မှ
လည်ချောင်းကို ဖိစီးနေတဲ့ တံခါး မုခ်ကိုတွန်းဖယ်ပြီး၊
ကြိတ်ကြိတ်တိုးသဟာကို ပန်းခြံထက် အန်ထုတ်လိုက်တဲ့အခါ၊
ထင်ရတယ်..
တမန်တော် သံပြိုင်အဖွဲ့ သံပြိုင်ဟစ်ခိုက်၊
ဘုရားသခင် အလုခံရသမို့၊
အပြစ်ဒဏ်ခတ်ဖို့ ကြွလို့လာ။
ဒါပေမယ့် လမ်းမ ထိုင်ချပြီး အော်ပါလေရော..
[မျိုကြရအောင်]တဲ့။
ကရုပ်တို့ ကရုပ်ကီတို့ မြို့ကို ချယ်သကြတယ်။
မျက်မှောင်ကုပ်ကာ ခြိမ်းခြောက်ကြရဲ့။
ပါးစပ်ထဲမတော့
သေဆဲစကားလုံးတို့ အလောင်းများ ပုပ်သိုးပြီ၊
နှစ်လုံးပဲရှင်တယ် ဝလို့..
(သေနာကောင်)
ပြီးတော့ နောက် တစ်လုံးက
ထင်ရတာပဲ [ဘောရရှ]တဲ့။
ကဗျာဆရာတို့၊
မျက်ရည်တွေ၊ အငိုအရှိုက်တွေ စိုရွဲကာ၊
လမ်းမထဲက ထွက်ပြေးလာကြ၊
လည်ဆံမွေးတွေ ဖွာလို့၊
ဘယ့်နှယ် စကားနှစ်လုံးနဲ့ ဒီလို တေးသီနိုင်ပါ့မလဲ
လုံမပျိုရယ်၊
အချစ်ရယ်၊
[ဆီးနှင်းအောက်က ပန်းပွင့်လေးရယ်]လို့။
ကဗျာဆရာတွေရဲ့ နောက်ကတော့
လမ်းပေါ်သား အထောင်ထောင်..
ကျောင်းသားတွေ၊
ပြည့်တန်ဆာမတွေ၊
ကန်ထရိုက်တာတွေ။
လူကြီးမင်းတို့
ရပ်တန့်ကြပါဘိ။
ခင်ဗျားတို့ သူတောင်းစား မဟုတ်ဘူး။
ပေးစာကမ်းစာ မတောင်းရဲကြပါနဲ့လေ။
ကျုပ်တို့ သန်စွမ်းသူတွေ
ယူဇနာခြေလှမ်းတွေနဲ့လေ။
နားထောင်စရာမလို ဆွဲဖျက်ပစ်ရမယ် သူတို့ကို။
သူတို့ကို
နှစ်ယောက်အိပ် ခုတင်တိုင်းမှာ
အခမဲ့တွဲပိုအဖြစ် တွယ်ကပ်နေသူတွေ။
သူတို့ကို အောက်ကျို့ပြီး တောင်းရမလား၊
(ငါ့ကိုကယ်ပါ)လို့။
ဓမ္မတေးတွေ
ဂီတသံစဉ်တွေ တောင်းခံရမယ်လား။
ငါတို့ ကိုယ်တိုင်က
မီးဟုန်းဟုန်းတေးတွေ ဖန်ဆင်းနေသူတွေ၊
စက်ရုံတွေ၊ ဓာတ်ခွဲခန်းတွေရဲ့ ပွက်လောထသံများ။
ငါ့အဖို့ ဖော်စ်တုစ် ဘာလုပ်ဖို့လဲ။
ကောင်းကင်ရဲ့ ကွက်ရိုက်ကြမ်းမှာ
မဲဖိစတောဖဲလဲစ်နဲ့ လွင့်မျောနေတဲ့ နတ်ဒေဝါဒုံးပျံမျှ။
ငါသိတယ်..
ငါ့ဘွတ်ဖိနပ်က သံမှိုက
ဂည်ထယ်ရဲ့ စိတ်ကူးယဉ်ထက်
ထမင်းလုံးတစ္ဆေ ဆန်သေးသပ။
ငါ၊
ရွှေနှုတ်တော်ရှင်၊
စကားလုံးတိုင်းက
ဝိညာဉ်ကို အသစ်မွေးဖွား၊
ကိုယ်ကို ပိုင်ခွင့်ပေးသူက
ပြောလိုက်ပါရဲ့သက်ရှိ
သတ္တဝါရဲ့ အသေးဆုံးမြူမှုန်ဟာ
ငါ လုပ်နေတာ၊ လုပ်ခဲ့တာ အားလုံးထက်
တန်ဖိုးရှိတယ်။
နားထောင်ကြ။
ဟောကြားနေလေပေါ့။
တုန်ရီ၊ မြည်တမ်းကာ
ကနေ့ခေတ်ရဲ့ ဆူညံနှုတ်အာရှင် ဇာရာသူစတာ။
ငါတို့ဟာ
တက်အိပ်ထားတဲ့ အိပ်ရာခင်းလို မျက်နှာတွေနဲ့၊
မီးပဒေသာလို ချိတ်ဆွဲထားတဲ့ နှုတ်ခမ်းတွေနဲ့၊
ငါတို့ဟာ
ရွှေနဲ့ အညစ်အကြေးက နူနာကို ပေါက်ဖွားလာစေတဲ့
မြို့တော်အနူရုံတွေက အကျဉ်းသားတွေ..
ငါတို့ဟာ ဗင်းနစ်မြို့အပြာရောင်ထက် သန့်စင်ရဲ့။
ပင်လယ်တွေ၊ နေတွေက တစ်ခါတည်း
ဆေးကြော ပစ်နေသလေ။
ဟိုမားတို့၊ ဩဗဲဒတို့မှာ
ကျောက်ပေါက်ခွက်ကျပ်ခိုးနဲ့
ကျုပ်ဆိုလို့ လူမျိုးတွေ
မရှိဘူး၊ မမှုပါဘူး။
ကျုပ်သိတယ်..
ကျုပ်တို့ဝိညာဉ်ရဲ့ ရွှေတွင်းတွေကိုသာ
မြင်ရရင်၊ နေ မှောင်သွားမယ်။
အကြောတို့ ကြွက်သားတို့က သူတောင်းစားထက်
သစ္စာရှိတယ်။
ငါတို့ခေတ်ရဲ့ အသနားကို တောင်းခံကြမတဲ့လား။
ငါတို့..
လူတိုင်း..
ကမ္ဘာကြီးရဲ့ စက်လည်ကြိုးတွေကို
တို့လက်ငါးချောင်းနဲ့ ကိုင်လို့ထား။
ဒါနဲ့ပဲ ထရောဂရာဒ်၊ မော်စကို၊ ဩဒဲဆာ၊ ကိယဲဗ်
ခန်းမဆောင် ဂေါလသာလတော့
ငါ့တွေပေါ် တက်ခဲ့ရတာပါပဲ။
ကားစင်တင်ကြ၊
[သူ့ကို ကားစင်တင်ကြ]လို့
မအော်တဲ့သူ
တစ်ဦးတစ်လေမှ မရှိခဲ့ဘူး။
ဒါပေမယ့် ကျုပ်အဖို့တော့
လူတွေ၊
နာကြည်းအောင်လုပ်သူတွေ
ခင်ဗျားတို့ ကျုပ်အချစ်ဆုံး၊
အနီးဆုံးတွေပဲပေါ့။
မြင်ဖူးကြတယ် မဟုတ်လား၊
ခွေးဟာ ရိုက်နှက်နေတဲ့လက်ကို လျက်နေတာလေ။
ငါဟာ
ရှည်လျား၊ ရုန့်ရင်းတဲ့ ဟာသပုံပြင်လို
ကနေ့ခေတ်လူမျိုးစုရဲ့
အရယ်အမောခံနေရတဲ့ ငါဟာ
အချိန်ရဲ့ တောင်တန်းတွေ ဖြတ်ပြီးလာနေတာကို
ဘယ်သူမှ မမြင်တာကို မြင်ပြီ။
လူတွေရဲ့ မျက်စိများ တိုနံ့နံ့
ပြတ်တောင်းနေကြရာ၊
ငတ်ပြတ်နေတဲ့ လူအုပ်ကြီးရဲ့ ရှေ့ဦးဆီ၊
တော်လှန်ရေးရဲ့ ဆူးသရဖူကို ဆောင်းတဲ့ကာ
ဆယ့်ခြောက်ခုနှစ် ချဉ်းလို့လာနေပြီ။
ကျုပ်က ခင်ဗျားတို့ထဲမှာ သူရဲ့ ရှေ့တော်ပြေး။
ကျုပ်က နာကျင်မှု ရှိလေရာတိုင်းမှာပေါ့။
မျက်ရည်တစ်စက်စက် ယိုစိမ့်လေရာရာ
ကိုယ့်ကိုကိုယ် ကားစင်တင်ခဲ့ပေါ့။
ဘာကိုမှ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။
နူးညံ့ခြင်း ပေါက်ပွားရာ ဝိညာဉ်တို့ကို
ကျုပ်မီးရှို့ပစ်ခဲ့။
ဒါဟာ ဘာစတယ် အသိန်းအသန်းကို
သိမ်းပိုက်ရတာထက် ခဲခက်ရဲ့။
အဲဒီအခါ
သူရောက်လာတဲ့အခါ၊
ပုန်ကန်မှု ကြေငြာလို့လေ၊
ကယ်တင်ရှင်ဆီ ထွက်သွားချေကြ။
ခင်ဗျားတို့ကို ကျုပ်လေ
ဝိညာဉ်ကို ဆွဲထုတ်
ကြီးလာအောင်
နင်းချေ
သွေးအစွန်းစွန်းနဲ့ ပေးလိုက်မယ်၊ အလံအဖြစ်လေ။
(၃)
အလို၊ ဘာကြောင့်လဲ ဒါ၊
ဘယ်ဆီကလဲ ဒါ၊
ဝင်းပပရွှင်မြူးရာ၊
ညစ်ပေပေလက်သီးတို့ ခြိမ်းခြောက်လာခဲ့။
ရောက်လို့လာ၊
အရူးထောင်တို့ရဲ့ စိတ်ကူးက
ခေါင်းကို စိတ်ပျက်ခြင်းနဲ့ ကန့်လန့်ကာ ချလိုက်ရဲ့။
ပြီး
လက်နက်သင်္ဘောအပျက်ထဲကနေ
ပွန်းပိတ်အကြောဆွဲမှုတွေနဲ့
ဟနေတဲ့ ထွက်ပေါက်ဆီ ပြေးထွက်လာကြသလို
မိမိရဲ့
အော်ငိုရအောင် စုတ်ပြတ်နေတဲ့ မျက်လုံးထဲကနေ
ထွက်လာပေါ့။ ရူးသွပ်သွားသူ။ ဘူရလျက်။
မျက်ရည်စိုရွှဲ မျက်ခမ်းတွေ သွေးစွန်းလုနီး
တက်လာ၊
ရပ်လာ၊
ရောက်လာ
ပြီး ဝတုတ်ပြဲလူမျိုးမှာ မမျှော်လင့်မိတဲ့ နူးညံ့မှုနဲ့
ထုတ်လို့ ပြောတော့တယ်
[ကောင်းဗျာ]တဲ့။
ကောင်းဗျာ၊ စပ်စုကြည့်၊ ကြည့်ကြစဉ်
အင်္ကျီဝါဝါထဲ ဝိညာဉ်ကို ထွေးထားရတဲ့အခါ။
ကောင်းဗျာ၊
ကြိုးစရဲ့ သွားတွေထဲ ပစ်ထည့်လိုက်စဉ်။
[ဗန်ကူတင်ရဲ့
ကိုကိုးကို သောက်ပါ]အော်ရတဲ့အခါ။
ဘင်္ဂလားမီးရှူးလို
ကျယ်ကျယ်လောင်လောင်
အဲဒီစက္ကန့်ကိုတော့၊
ငါ ဘာနဲ့မှ လဲလိမ့်မယ် မဟုတ်ဘူး
ငါ ဘာနဲ့မှ-
ဒါပေမယ့် ဆေးလိပ်မီးခိုးထဲကနေ
အရက်ဖန်ခွက်လို၊
အရက်ပြည့်ဝနေတဲ့ ဆဲဗဲရယာနင်ရဲ့ မျက်နှာ
ဆန့်ထွက်လာသပ။
ဘယ့်နှယ် ခင်ဗျား ကိုယ့်ကိုကိုယ်
ကဗျာဆရာ ခေါ်ရဲရတာလဲ။
မွဲပြာပြာနဲ့ ငုံးလို တကြော်ကြော် အော်ရတာလဲ။
ဒီနေ့
လိုနေတာက
သံလက်သီးနဲ့
ကမ္ဘာ့ဦးခေါင်းခွံကို ရိုက်ခွဲပစ်ဖို့ပဲ။
ခင်ဗျားဟာ
အတွေးတစ်ခုနဲ့ပဲ စိုးရိမ်နေသေး-
ကျွန်တော် ကတာ ယဉ်ရဲ့လားတဲ့။
ကြည့်စမ်း၊ ဘယ်လိုပျော်မွေ့နေရသလဲ။
ငါ့ပန်းခြံဘေး
လူပွဲစားနဲ့ ဖဲသုံးချပ်သမား။
ချစ်စိတ်မွှန်ကာ စိုစိုရွှဲနေတဲ့
ခင်ဗျားဆီက၊
ကျုပ် ခွဲခွာတော့မယ်၊
နေကို မျက်လုံးတစ်ဘက်တပ်မှန်အဖြစ်
ကျယ်ဝန်းပြန့်ကားတဲ့ မျက်လုံးမှာ တပ်မယ်။
မယုံနိုင်အောင် ကိုယ့်ကိုကိုယ် သလိုမို့၊
မြေပြင်တလွှား လျှောက်သွားမယ်၊
ကျေနပ်ဖို့၊ နေလောင်ဖို့
ရှေ့မှာတော့
သံကြိုးလေးနဲ့ ခွေးပုလေးလို နပိုကျံကို
ခေါ်သွားလို့။
ကမ္ဘာမြေ တစ်ခုလုံး မိန်းမလို
ပက်လက်လှဲပေးတယ်၊
အသားစိုင် မရိုးမရွ လိုက်လျောမယ့် ဟန်ပန်နဲ့၊
အရာတို့ အသက်ပြန်ရှင်လာကြ
နှုတ်ခမ်းတို့ ဟီးလေးခို
မပီကလာပြောကြ
[စာစာ၊ စာစာ၊ စာစာ]တဲ့
ဗြုန်းဆို
မိုးသားတွေ
မိုးတိမ် စတာတွေဟာ
မယုံနိုင်ဖွယ် အလူးအလိမ့်နဲ့ ကောင်းကင်မှာ
တက်လာကြ၊
ကောင်းကင်ကို ဒေါမာန်ပြင်း သပိတ်သံကြေငြာကာ၊
အလုပ်သမား ဖြူဖြူဖွေးတွေ ပြိုကွဲလာကြသလိုပ။
မိုးတိမ်နောက်ဆီက မိုးချုန်းသံ
ရိုင်းပြပြထွက်လာ၊
ဧရာမနှာခေါင်းကြီး နှာချီလိုက် အားပါးတရ၊
ကောင်းကင်ရဲ့ မျက်နှာ တစ်စက္ကန့်အတွင်း မဲ့ရွဲ့သွား၊
သံမဏိတစ်မာ့က်ရဲ့ ခက်ထန်တဲ့ မျက်နှာရှုံ့တွ။
ပြီး တစ်စုံတစ်ယောက်
မိုးတိမ်လမ်းတွေထဲ ရှုပ်ပွေငြိရာက
ကဖေးဆီ လက်တွေဆန့်ထုတ်လိုက်ရဲ့။
မိန်းမဟန်လိုလို၊
နူးညံ့ညင်သာသလိုလို၊
အမြောက်တင်ရထားလိုနဲ့။
မင်းတို့ ထင်နေသလား။
ဒါ နေက ယုယုယယ
ကဖေးရဲ့ ပါးပေါ် ဆော့ကစား နေတာလို့ပဲ။
ဒါ ပုန်ကန်သူတွေကို သေနတ်နဲ့ ပစ်သတ်ဦးမယ်လို့
ဗိုလ်ချုပ်ကြီး ဂါလီဖေးလာနေတာဟဲ့။
လမ်းလျှောက်လာသူတို့၊ ဘောင်းဘီထဲက
လက်ထုတ်ကြ။
ကျောက်တုံး၊ ဓား၊ ဒါမှမဟုတ် ဗုံးယူခဲ့ကြစမ်း။
လက်မရှိတဲ့လူ ဆိုခဲ့ရင်လည်း
လာ နဖူးနဲ့ တိုက်လှည့်ကြစမ်း..
လာကြ၊ ငတ်ပြတ်နေကြသူတို့၊
ချွေးရွှဲသူတို့၊
ကျိုးနွံရသူတို့၊
သန်းထူတဲ့ အညစ်အကြေးထဲ အချဉ်ပေါက်နေသူတို့။
လာကြ။
တနင်္လာနေ့တွေ၊ အင်္ဂါနေ့တွေ
ပွဲနေ့ဖြစ်အောင် သွေးနဲ့ ခြယ်စို့လေ။
ဓားတို့ရဲ့ အောက်မှာ ကမ္ဘာမြေကို သတိရပစေ၊
ဘယ်သူ့ကို
အောက်တန်းကျစေချင်တာလဲ သူ၊
ကမ္ဘာမြေ
ရှော့တရှီးလ်ဒ် မြတ်နိုးတော်မူတဲ့
အမြှောင်မယားပမာ အစားကြူး ဝဖီးနေသူ။
လျော်ကန်တဲ့ ပွဲနေ့တိုင်းမှာလို
အလံတွေ ပစ်ဖောက်သံ အဖျားရှိန်နဲ့ တလူလူ
လွင့်စေဖို့
စပါးကုန်သည်တွေရဲ့
သွေးအလိမ်းလိမ်း အလောင်းတွေကို
မြောက်မြောက်ကလေး မြှောက်ပေးကြစမ်း၊
ဓာတ်မီးတိုင်တို့၊
ဆဲရေးလိုက်၊
အသနားခံလိုက်၊
ခုတ်ထစ်လိုက်၊
ဘေးကို ကိုက်ခဲဖို့၊
တစ်ယောက်ကို တစ်ယောက် တက်လို့။
ကောင်းကင်မှာ မာဆေးလေးစ်လို၊ ရဲရဲနီလို့
အသက်ငင် လူးလွန့်လေပေါ့ နေဝင်ဆည်းဆာ။
အခုပဲ ရူးသွပ်မှု
ဘာမှ ဖြစ်လာမယ် မဟုတ်ဘူး။
ညလာမယ်၊
ကိုက်ဖြတ်လိမ့်မယ်၊
စားပစ်တော့မယ်။
ကြည့်ကြစမ်း-
ကောင်းကင် ယုဒ လုပ်ပြန်ရဲ့
လက်တစ်ဆုပ်စာ လွင့်စဉ်နေတဲ့ ကြယ်တို့ရဲ့
သစ္စာဖောက်မှုနဲ့ရယ်။
လာပြီလေ။
မာမာအီလို ပွဲတော်တည်ရဲ့
မြို့ပေါ် တင်ပါးလွှဲထိုင်လို့။
ကျုံ့ကျုံ့ကလေး အရက်ဆိုင်နောက်ထဲ
ဝင်ထိုင်နေမိပါ၊
စပျစ်ရည်ကို ဝိညာဉ်နဲ့ စားပွဲပေါ် ဖိတ်စဉ်မိ။
မြင်ရတော့တယ်၊
ထောင့်ထဲကို မျက်လုံးဝိုင်းစက်စက်တွေရယ်သာ၊
နှလုံးသားကို မျက်လုံးတွေနဲ့ စားလေပေါ့
မယ်တော်မိ။
ဘာကြောင့် သာမန်ခြယ်သလို့ အရောင်အဝါကို
အရက်ဆိုင်လူအုပ်ကို ပေးအပ်နေပါသလဲ။
ကြည့်လေ-ထပ်ပြီး
တံတွေးထွေးခံ ဂေါလဂေါသသားထက်
ဗာရဗ္ဗကို နှစ်သက်ပိုကြပြန်ပြီပဲ။
ဖြစ်ကောင်းဖြစ်မယ်၊ တမင်ကိုပဲ ငါဟာ
လူသောင်းပြောင်းထွေလာထဲ
မျက်နှာ ဘယ်သူ့ထက်မှ မသစ်လွင်ဘူးပေါ့။
ငါဟာ၊
ဖြစ်ကောင်းဖြစ်မယ်၊
သင့်သားအားလုံးထဲ
အချောအလှဆုံး ဖြစ်ချင်လဲ ဖြစ်မှာပေါ့။
ပေးလိုက်ပ သူတို့ကို၊
ရွှင်မြူးမှုထဲ မှိုတက်နေသူတို့ကို၊
အချိန်ရဲ့ မြန်ဆန်တဲ့ သေခြင်းတရားကို။
ဒါမှ ကလေးတွေ ထိုက်သင့်သလို ကြီးပြင်းလာကြမယ်ကို။
ကောင်လေးတွေက-အဖေတွေ
ကောင်မလေးတွေက-ကိုယ်ဝန်ဆောင်ကြစေလို။
ပြီး အသစ်မွေးဖွားလာသူတွေမှာ ပေါက်စေလို
မာဂုတို့ရဲ့ စူးစမ်းတတ်တဲ့ ဆံဖြူဖွေး၊
ပြီး၊ သူတို့လာကြမယ်
ကလေးတွေကို ကင်ပွန်းတပ်ကြမယ်
ငါ့ကဗျာများရဲ့ နာမည်တွေနဲ့လေး။
ယန္တရားနဲ့ အဂွလန်ကို ချီးကျူးတေးသီတဲ့ ငါဟာ
ဖြစ်ကောင်းဖြစ်မယ်၊ ရိုးရိုးလေးပ၊
သာမန်အကျဆုံး ဧဝံဂေလိတရားတော်မှာ
ဆယ့်သုံးယောက်မြောက် သာဝက။
ပြီး ငါ့ရဲ့အသံ
ညစ်ညမ်းပေါက်ကွဲတဲ့အခါ
တစ်နာရီက တစ်နာရီ
နှစ်ဆယ့်လေးနာရီလုံးလုံးကို၊
ဖြစ်ကောင်းဖြစ်မယ်၊ မွှေလိမ့် ယေရှုခရစ်တော်ဟာ
ငါဝိညာဉ်ရဲ့ မမေ့တဲ့နိုင်ပန်းများကို။
(၄)
မာရီယာ၊ မာရီယာ၊ မာရီယာ။
ဝင်ခဲ့ပါရစေ မာရီယာ။
ငါ လမ်းတွေပေါ် မနေနိုင်ဘူး။
မလိုချင်ဘူး၊ ဟုတ်စ။
စောင့်တော့ပ၊
လူတကာ မြည်းစမ်းကြည့်ကြသမို့
ပေါ့ပျက်ပျက်သာ
ပါးတွေဟောက်ပက် ပြိုဆင်းကုန်တဲ့အထိ၊
ငါ ရောက်လာ၊
ကနေ့ ငါ [အံ့ဩစဖွယ် ရိုးသားနေ]ကြောင်း
သွားမဲ့မဲ့နဲ့
ပြောပြတဲ့အထိ စောင့်တော့ပ၊
မာရီယာ၊
ကြည်စမ်း..
ငါ ခုကို ခါးကုန်းစပြုပေါ့။
လမ်းတွေပေါ်မှာ
လူတွေ လေးထပ်တိုက် ဇလုပ်တို့မှာ
အဆီကို ဖောက်ထွင်း၊
နှစ်လေးဆယ် ဆင်မြန်းခဲ့သမို့
စုတ်ပြတ်နေတဲ့ မျက်လုံးတွေကို ထုတ်ယူကြလို့၊
တခိခိ ရယ်သွမ်းသွေးကြရဲ့
ငါရဲ့ သွားတွေကြားမှာ
လာပြန်ပြီ..
မနေ့က အနမ်းရဲ့ ပေါင်မုန့်သိုးရယ်လို့။
မိုး ပလက်ဖောင်းတွေကို စိုစွတ်စေပြီး၊
ရေအိုင်လေးတွေနဲ့ ပိညပ်နေတဲ့ လူလိမ်၊
စိုရွှဲလို့၊ ကျောက်ခဲနဲ့ ဖိနှိပ်ထားတဲ့ လမ်းတို့ရဲ့
အလောင်းကောင်ကို လျက်ရဲ့
ပြီး ဖြူဖွေးဖွေး မျက်တောင်တွေမှာ
မျက်လုံးအစုံက မျက်ရည်တွေ-
ဟုတ်ကဲ့..
ရေပိုက်တို့ရဲ့ ငိုက်စိုက်မျက်လုံးအစုံကကွဲ့။
ခြေကျင်သမားအားလုံးကို မိုးရဲ့ နှုတ်သီးက
လျက်နေတယ်။
ယာဉ်များပေါ်မှာ အားကစားသမား ပြီး ခပ်ဝ၀
အားကစားသမား တဖိတ်ဖိတ်နဲ့။
လူတွေ ပေါက်ကွဲကြပြီ၊
ဗောင်းလန်ပေါက်ပြဲတာပ၊
အက်ကြောင်းထဲက အဆီ စိမ့်ထွက်လာတယ်၊
ဝါးစားပြီးသားပေါင်မုန့်ဖတ်နဲ့အတူ၊
ကတ်ကလက်ဟောင်းရဲ့ ဝါးဖတ်
နောက်ကျိကျိမြစ်အဖြစ် စီးဆင်းလာရဲ့။
မာရီယာ
ဘယ်လိုများ သူတို့ရဲ့ အဆီပိတ် နားထဲ
ငြိမ်ဆိတ်တဲ့ စကားလုံး သွတ်သွင်းရပါ့မလဲ။
ငှက်ဟာ
သီချင်းနဲ့ တောင်းရမ်းတယ်၊
ဆာဆာလောင်လောင်
ကျယ်ကျယ်လောင်လောင် တေးသီရဲ့။
ငါ့မှာတော့ လူ၊ မာရီယာရဲ့
ရှင်းရှင်းလေးရယ်၊
အဆုတ်ရောဂါသည် ညက ပရဲဆညာရဲ့
ညစ်ပတ်ပေရေလက်ထဲ အန်ထုတ်လိုက်သူ။
မာရီယာ၊ ဒီလိုလူမျိုး အလိုရှိသလား။
ဝင်ခွင့်ပြုပါ၊ မာရီယာ။
ကြောဆွဲနေတဲ့ လက်ချောင်းတွေနဲ့
ငါခေါင်းလောင်းရဲ့
သံလည်မျိုကို ညှစ်လိုက်မယ်။
မာရီယာ
လမ်းများရဲ့ စားကျက်မြေများ တိရစ္ဆာန်
ဆန်လာကြပြီ။
လည်ပင်းမှာ လက်ချောင်းတွေ တင်းတင်း
ဆုတ်ဖြဲကြပြီ။
ဖွင့်ပါ။
နာလှချည့်။
ကြည့်လေ၊ မျက်လုံးထဲကို
အမျိုးသမီး ဦးထုပ်အပ်တွေ စိုက်ထားကြပြီ။
ဝင်ခွင့်ပြုလိုက်တယ်။
အချစ်
မကြောက်ပါနဲ့၊ ငါ့နွားသိုး လည်ပင်းပေါ်မှာလေ
ချွေးရွှဲဗိုက်တွေနဲ့ မိန်းမတွေ မိုးစိုတောင်တန်းလို
ထိုင်နေကြ-
ဒါဘဝတလျှောက်လုံး ငါ ဆွဲသွားရမှာပဲ
အသန်းသန်းကြီးမား သန့်စင်အချစ်တွေ၊
သန်းပေါင်းအသန်းသန်း သေးငယ်ညစ်ပတ်
အချစ်တွေပ။
မကြောက်ပါနဲ့၊
တဖန်၊
သစ္စာမဲ့မှု မိုးလေထဲမှာ၊
ငါ ချစ်စရာ မျက်နှာတစ်ထောင်ကို
ငြိတွယ်နေမိရင်လဲ။
[မာယာကော့ဖ်စကီးလ်ရဲ့ ချစ်သူများ]-
ဘယ့်နှယ် ဒါ သူရူးရဲ့ နှလုံးသားထက်
စိုးစံတော်မူသွားကြတဲ့ ဧကရီမ
မင်းဆက်ပေကပဲ။
မာရီယာ၊ တိုးခဲ့စမ်းပါ။
ဝတ်လစ်စလစ် အရှက်မဲ့မှု
ကြောက်ရွံ့ရွံ့ တုန်ရီမှုတို့နဲ့၊
မင်းနှုတ်ခမ်းတို့ရဲ့ ပန်းဦးမချွေရသေးတဲ့
နှစ်လိုဖွယ်ကို ပေးပ။
ငါ့နှလုံးသားဟာ တစ်ခါမှ မေလအထိ မနေရခဲ့၊
နေခဲ့ဖူးသမျှ ဘဝမှာလဲ
ရှိခဲ့ရဲ့ ဧပြီတစ်ရာမျှ။
မာရီယာ။
ကဗျာဆရာဟာ တျာနာအဖို့ ဆောနဲတ်တွေ သီခဲ့တယ်။
ငါကတော့..
သွေးသားနဲ့ လုံးဝ၊
လုံးဝလူသားမျှ..
မင်းကိုယ်ကာယသက်သက်ကို တောင်းတယ်၊
ခရစ်ယာန်တွေ တောင်းကြသလိုနှယ်
[ယနေ့အဖို့ စားစရာအစာကိုလည်း
ကျွန်ုပ်တို့အား ပေးသနားတော်မူပါ]
မာရီယာ..ပေးတော့။
မာရီယာ။
မင်းနာမည်ကို မေ့သွားမှာ ငါစိုးတယ်၊
ညရဲ့ဒုက္ခထဲ မွေးဖွားလာခဲ့ပြီး
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး။
မင့်ကိုယ်ခန္ဓာကို
ငါစောင့်ရှောက်မယ်-ချစ်မယ်
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့၊ လိုသူမဲ့တဲ့
ပိုင်သူမဲ့တဲ့
စစ်သားဟာ
သူ့ရဲ့ တစ်ချောင်းတည်း ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး။
မာရီယာ
မလိုချင်ဘူး-ဟုတ်စ။
မလိုချင်ဘူး-
ဟား။
အဓိပ်ပါယျက-ခုတစျခါ
သုန်မှုန်မှုန်နဲ့ ခေါင်းငိုက်စိုက်
နှလုံးသားကို ယူသွားရတော့မယ်
မျက်ရည်တွေနဲ့ ထွေးပိုက်လို့
သယ်ရလိမ့်၊
မီးရထား နင်းကြိတ်
ခံရတဲ့ လက်ကိုကွယ်
ခွေးအိမ်ဆီ
သယ်သွားရှာတဲ့ ခွေးပမာနှယ်။
နှလုံးသားရဲ့ သွေးနဲ့ လမ်းကို ရွှင်လန်းစေမယ်၊
အပေါ်အင်္ကျီရဲ့ ဖုန်တွေကို ပန်းတွေက နမ်းကြရဲ့
အကြိမ်တစ်ထောင်မျှ ဟဲရုဒ်ရဲ့ သမီး နေက
ဗတ္တိဇံဆရာရဲ့ ဦးခေါင်း
ကမ္ဘာမြေကို ဝိုင်းပတ် ကလိမ့်မကွဲ့။
ငါ့ရဲ့ သက်တမ်း နှစ်အရေအတွက်
အဆုံးထိ ဝိုင်းပတ် ကပြီးတဲ့အခါ
သွေးစက်တစ်သိန်း လမ်းကြောင်းကလေး
ဆန်သွားမယ်
ငါအဖရေဲ့ အိမအြထိသာ။
(၅)
မြောင်းတွေထဲ
ညအိပ်ခဲ့ရသမို့ ညစ်ပေကာ တက်လာမယ်၊
ဘေးချင်း ယှဉ်ကာရပ်၊
ငုံ့ကိုင်းတဲ့ကာ
သူ့နားထဲ ပြောပြလိုက်မယ်..
နားထောင်စမ်း၊ ဦးဘုရားသခင်။
ခင်ဗျား မပျင်းဘူးလား၊
မိုးတိမ် ကျောက်ကျောပြင်ထဲ
နေ့စဉ်နဲ့အမျှ ကြင်နာတဲ့ နှလုံးတွေ နှစ်နေရတာများ။
ဒီမယ်-သိလား
ကောင်းမှု၊ မကောင်းမှု အသိတရားရဲ့
သစ်ပင်ပေါ်မှာ ချားရဟတ် တည်ဆောက်ရအောင်လား။
သဗ္ဗဘူတဆိုတော့ ခင်ဗျား ကြောင်အိမ်တိုင်းမှာ
ရှိပေမယ်။
ညှိုးလျလျ ရှင်ပေတရုတောင်မှ
ကိ-ကာ-ပူအကနဲ့ မြူးကြွလာချင်စေမယ့် စပျစ်ရည်မျိုး
စားပွဲပေါ် တင်ထားကြမယ်။
ပြီး ကောင်းကင်မှာ ဧဝကလေးတွေ နေရာချပြန်ဦးစို့။
အမိန့်သာပေး-
ကနေ့ညကိုပဲ
လမ်းမကြီးအားလုံးက အလှဆုံးကောင်မလေးတွေကို
ကျုပ် ခင်ဗျားဖို့ ခေါ်ပေးမယ်။
လိုချင်ပါစ။
မလိုချင်ဘူး၊ ဟုတ်စ
ခေါင်းကို ခါသလား၊ ဆံပင်စုတ်ဖွားကြီး။
မျက်ခုံးဖြူ ရှုံ့သလား။
ခင်ဗျား ထင်သပ အဲဟို
ခင်ဗျားနောက်က တောင်ပံကားကြီး။
အချစ်ဆိုတာ ဘယ်လိုလဲ သိတယ်လို့များ။
ကျုပ်လဲ ကောင်းကင်တမန်ပဲ။ ကျုပ် ဖြစ်ဖူးသပေါ့ အမြင်မှာ
သကြားချိုသိုးကလေးလို ငေးကြည့်လို့ပ၊
ဆဲဖရရဲ့ ဒုက္ခနဲ့ ထွင်းထုထားတဲ့ ပန်းအိုးတွေကိုတော့
မြင်းမတွေကို လက်ဆောင် မပေးချင်တော့ဘူးပေါ့။
အနန္တတန်ခိုးတော်ရှင်၊ လက်အစုံကို ခင်ဗျား တီထွင်ခဲ့၊
လူတိုင်းပဲ
ဦးခေါင်းရှိအောင်လုပ်ပေးခဲ့တယ် ဘာပြုလို့
ခင်ဗျား မတီထွင်ရတာလဲ၊
ဒုက်ခမခံစားရဘဲနဲ့
နမ်းပြီးရင်း နမ်းပြီးရင်း နမ်းနေနိုင်အောင်တော့။
ကျုပ် ထင်ခဲ့တယ်-ခင်ဗျားဟာ
အနန္တစွမ်းအားရှင် ဘုရားကြီးလို့၊
ခင်ဗျားဟာ ပညာမစုံလင်၊ သေးသေးမွှားမွှား
ဘုရားပေါက်စလေးပဲ။
ကြည့်နော် ကျုပ် ငုံ့ကိုင်းလိုက်ပြီ၊
ဘွတ်ဖိနပ်ထိပ်က
ဖိနပ်ချုပ်သမား ဓားကလေး ဆွဲထုတ်လိုက်ပြီပဲ။
တောင်ပံကားကား လူဆိုးသူခိုးတို့။
ကောင်းကင်မှာ ဝပ်လို့နေ၊
ကြောက်လန့် တုန်လှုပ်လို့မို့ အမွှေးအတောင်တွေ
ထကြွဘိ။
အမွှေးနံ့ ထုံသင်းနေတဲ့ နင့်ကို ငါခုတ်ပိုင်းလိုက်မလေ
ဒီကနေ အလာဆကာအထိ။
ဝင်ခွင့်ပြုပါ ကျုပ်ကို
မရပ်တန့်ကြနဲ့။
မှားမယ် ကျုပ်၊
မှန်ချင်လဲ မှန်မယ်
ဒါပေမယ့် ကျုပ် ငြိမ်ငြိမ်နေဖို့ မတတ်နိုင်ဘူး။
ကြည့်ကြစမ်း-
ကြယ်တွေ ခေါင်းပြတ်ကုန်ကြပြန်ပြီ။
ကောင်းကင်လဲ လူသတ်ပွဲကြောင့် သွေးရဲရဲ
ဖြစ်ရပေါ့။
ဟေး၊ ကိုယ့်လူ၊
ကောင်းကင်ကြီး။
ဦးထုပ်ချွတ်လေ။
ကျုပ် လာနေပြီ။
တိတ်ဆိတ်လို့။
စကြဝဠာ အိပ်ပေါ့၊
ကြယ်အစက်အပြောက်တွေနဲ့၊
ဧရာမနားရွက်ကြီးကို လက်ပေါ်တင်လို့။
မာယာကော့ဖ်စကီးလ်
(၁၉၁၄-၁၉၁၅ မှာ ရေးခဲ့) [ဘာသာပြန် မောင်သာနိုး]
0 comments:
Post a Comment