ကျနော့်ခြံ
ဟိုးအနောက်ခြမ်းက ပန်းသီးပင်တွေ သစ်သော့သီးပင်တွေ
မက်မုံသီးပင်တွေချထားတဲ့နေရာမှာ မှိုတွေပေါက်နေတယ်။ စားလို့ရတဲ့ဟာတွေဟုတ်လား
မဟုတ်လားတော့ သေချာပေါက် မပြောတတ်ဘူး။
တနှစ်က ဒီအချိန်ပဲ
ဘာ့ဖလိုးက ဒေါ်ဌေးဌေးဝင်း အိမ်လာလည်တော့ ဘေးခြံမှာ
အဲ့လိုမှိုကြီးတွေပေါက်နေတာလည်း မြင်ရော။ ဟဲ့..အဲဒါစားမှိုဟဲ့။ သူတို့
မသိကြတာလား သိရက်နဲ့မစားတာလား မသိဘူး။ နင်နဲ့လည်း အဲ့မိသားစုက
လူချင်းရင်းနေတာပဲ။ မေးပြီး သူတို့မစားဘူးဆို တို့တွေ သွားနှုတ်ကြရအောင်လေ။
ကန်စွန်းရွက်လေးနဲ့စပ်ပြီး ကြော်ချက်လေးလုပ်စားရင်
အဆိပ်ရှိဦးတောင်ပြေတယ်ဟဲ့။...
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
-
▼
2016
(198)
-
▼
September
(9)
- ကျဉ်တုပ်မခံဝံ့တဲ့ကောင်(မျိုးမြင့်ချို)
- စာရေးစာဖတ်ဘာလုပ်ဖို့
- မငြိမ်းချမ်းသော ၂၁ ရာစု ပင်လုံညီလာခံကြီး
- အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့် (မျိုးမြင့်ချို)
- ၂ဝ ရာစုမှ ၂၁ ရာစုသို့ယူလာရသော မပြတ်သေးသည့်ပြဿနာမျာ...
- ၂၀ ရာစုမှ ၂၁ ရာစုသို့ယူလာရသော မပြတ်သေးသည့်ပြဿ နာမျ...
- (အဆိပ်နွယ်သင့်ခြင်း) မျိုးမြင့်ချို
- အဝင်လွယ်အထွက်လွယ်(မျိုးမြင့်ချို
- ဝိ လုပ်လို့မရတော့ပါ (မျိုးမြင့်ချို)
-
▼
September
(9)
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Wednesday, September 14, 2016
Saturday, September 10, 2016
စာရေးစာဖတ်ဘာလုပ်ဖို့


စာရေးစာဖတ်ဘာလုပ်ဖို့
ဟိုနေ့က အမေ့ကိုသွားတွေ့ရင်း မရင်နှစ်ထူး၏ မိနီကလေးကဗျာ ရွတ်သံကြားရပါသည်။
ကဗျာအဆုံးတွင် စာရေးစာဖတ်ဘာလုပ်ဖို့ မိနီကလေး လိမ္မာဖို့ဟု ပါပါသည်။
မိနီစာဖတ်ခြင်းသည် လိမ္မာရေးခြားရှိဖို့မှန်သော်လည်း မရင်နှစ်၏ဘကြီးဖြစ်သော
ကျနော်၏စာရေးစာဖတ်ခြင်း၌မူ လိမ္မာဖို့ မလိမ္မာဖို့ပါသလား မပါသလားတွေးမိ၍
ဤစာရေးဖြစ်သွားပါသည်။
အများမြင်သာမည့်နေရာမှာ
တခုခုရေးပြီဆိုကတည်းက အများသိစေချင်၍ဖြစ်မှန်း တွေးနေစရာမလိုဟု
ကျနော်ထင်ပါသည်။ ဂူနံရံများမှအစ ပုံနှိပ်စာမျက်နှာများအလယ် အင်တာနက်အဆုံး၏
လူတို့ ရေးခဲ့ဖတ်ခဲ့၊...
Friday, September 9, 2016
မငြိမ်းချမ်းသော ၂၁ ရာစု ပင်လုံညီလာခံကြီး


မ ငြိ မ်းချမ်းသော ၂၁ ရာစု ပင်လုံညီလာခံကြီး
အေးငြိမ်း (၁) အချီး။ ။ ‘ပြည်တွင်းစစ်’အကြောင်း ရေးပြီးတဲ့နောက် ရဲဘော်ကြင်မောင်က‘ပြည်ထောင်စုပြဿနာ’ခေါင်းစီးနဲ့ ဆက် ရေးရာမှာ -
“မျိုးဆက်ဟောင်း မရှင်းနိုင်ခဲ့တဲ့၊ မျိုးဆက်သစ် ဆက်ရှင်းရမယ့်
ဒုတိယပြဿနာက ‘ပြည်ထောင်စု ပြဿနာပဲ’- ရှင်းရတာ ပိုတောင် ခက်ပါလိမ့်မယ်”လို့
နိဒါန်းချီထားပါတယ်။ “၁၉၈၈ လူထုအုံကြွမှုကြီး မဖြစ်မီက ပြည်ထောင်စု
လိုလားသူဘက်နှင့် တပြည်ထောင်စနစ် လိုလားသူဘက် ဟူ၍ ပြက်ပြက်ထင်ထင်
ရှိခဲ့ပါသည်။ -၁၉၉၀ ရွေးကောက်ပွဲ ပြီးသည့်နောက်တွင်ကား...
Thursday, September 8, 2016
အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့် (မျိုးမြင့်ချို)


(အပြင်လူရဲ့ဘားမားရုဒ်ထဲက စာစု သုံးပါခင်ဗျ) အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့်
အင်္ဂလန်က မြန်မာ့အရေးဆောင်ရွက်နေသူ(အသက်မွေးနေသူ)ဓာတ်ပုံဆရာ James Mackay က
တရက်တွင် ကျနော့်ဆီ အီးမေးလ်ပို့ပြီး ဆက်သွယ်လာ၏။ သူက
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ဓာတ်ပုံကမ်ပိန်းတခုလုပ်နေသည်။
မကြာခင် အမေရိကန်က ဖို့ဝိန်းမြို့ကို လာမည်။ ဒီက နိုင်ကျဉ်းဟောင်းတွေနှင့်
တွေ့ချင်သည်။ မိမိလွတ်စေ့ချင်သူ နိုင်ကျဉ်းတဦးဦး၏အမည်ကို
လက်ဖဝါးတွင်ရေးပြီး ဓာတ်ပုံရိုက်ယူမည်။ ပြီးလျှင် ထိုပုံတွေကိုစုပြီး
ဓာတ်ပုံပြပွဲလုပ်မည်။ ပြီးလျှင်...
Tuesday, September 6, 2016
၂ဝ ရာစုမှ ၂၁ ရာစုသို့ယူလာရသော မပြတ်သေးသည့်ပြဿနာများ(နှစ်)


Normal
0
false
false
false
EN-US
X-NONE
X-NONE
MicrosoftInternetExplorer4
၂ဝ ရာစုမှ ၂၁ ရာစုသို့ယူလာရသောမပြတ်သေးသည့်ပြဿနာများ
(ကောက်နုတ်ချက် ၂)
ပြည်ထောင်စုပြဿနာများ
(ကောက်နုတ်တင်ပြနေတာသာ ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရှုလိုပါက ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက် ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၂
တွင် ကြည့်ပါ။)
“လက်စားချေရေး” စိတ်မှာ အင်္ဂလိပ်ထားခဲ့သည့်သမိုင်းအမွေ
ဖြစ်သည်။ အပြည့်အစုံပြောမှ...
၂၀ ရာစုမှ ၂၁ ရာစုသို့ယူလာရသော မပြတ်သေးသည့်ပြဿ နာများ(တစ်)


၂၀ ရာစုမှ
၂၁ ရာစုသို့ယူလာရသော မပြတ်သေးသည့် ပြဿ နာများ
ပြည်ထောင်စု ပြဿ နာ
(ပြည်သူ့အာဏာ ဂျာနယ်- အမှတ် ၂၂ - ၂၀၀၂ အောက်တိုဘာ) ပါ အစီရင်ခံတင်ပြချက်ဆောင်းပါးမှ)
စဉ်းစားကြံဆရာမှာ အထောက်အကူဖြစ်စေရန် ထုတ်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
(ကောက်နုတ်ချက် ၁)
ပြည်ထောင်စုပြဿနာ
(မျိုးဆက်ဟောင်းမရှင်းနိုင်ခဲ့တဲ့ မျိုးဆက်သစ်ရှင်းရမယ့် ဒုတိယပြဿနာက
ပြည်ထောင်စုပြဿနာပဲ။ ရှင်းရတာ ပိုတောင်ခက်ပါလိမ့်မယ်) (ပထမ ပြဿ
နာအဖြစ် ပြည်တွင်းစစ်ကို သီးသန့်ဖော်ပြထားပါတယ်။)
(၁) ပြဿနာမိတ်ဆက်။
၁၉၈၈/၁၉၉၀ မတိုင်မီကပြဿနာ...
Friday, September 2, 2016
(အဆိပ်နွယ်သင့်ခြင်း) မျိုးမြင့်ချို



(အဆိပ်နွယ်သင့်ခြင်း) မျိုးမြင့်ချို
မနေ့ကနဲ့တနေ့က
၂ ရက်တိတိ ကျနော်တို့နဲ့ခြံစည်းရိုးခြင်းကပ်လျက် ၂ ခြံကြား
စည်းရိုးနေရာတွေကို သူ့ဘက်ကိုယ့်ဘက် ခွပေါက်ကျော်ကျ ခြုံထနေတဲ့
နွယ်တွေပိတ်ပေါင်းတွေ သစ်ပင်ငယ်တွေကို စက်လွှရော
လက်ထိုးကိုင်းဖျဉ်လွှရောသုံးပြီး ရှင်းချလိုက်တာ အတော်လေး
ကြည့်ကောင်းသွားတယ်။ ပင်စည် ရှစ်ထွာဆိုင်လောက်ရှိတဲ့
လဲပြီးသားသစ်ခြောက်ပင်ကိုလည်း ဗုံတိုဆိုက်ဖြတ်ပိုင်း ၁၂ ပိုင်းလောက်
ပိုင်းလိုက်ရတယ်။ တော်တော်တော့ မသက်သာတာပဲ။ ဘေးအိမ်က SIGN LANGUAGE
သင်တဲ့ဆရာက အပြင်ထွက်ကာနီး ကားစက်...
အဝင်လွယ်အထွက်လွယ်(မျိုးမြင့်ချို


ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ကြတော့ ပါတီအဝင်အထွက်ကိစ္စကို
အလေးအနက်ထားစဉ်းစားကြကြောင်း ရေးထားတာတွေဖတ်ဖူးသလို လူကြီးသူမတွေပြောတာလည်း
မှတ်သားဖူးတယ်။
ပါတီအဝင်အထွက်ကိစ္စကို ဘယ်လိုစဉ်းကြသလဲဆိုတော့
“အဝင်လွယ်ပြီး အထွက်ခက်တဲ့ပါတီ” အဖြစ်သွားမလား၊ “အဝင်ခက်ပြီး
အထွက်လွယ်တဲ့ပါတီ”အဖြစ်သွားမလား။ “အဝင်ရောအထွက်ပါ
ခက်တဲ့ပါတီ”အဖြစ်သွားမလား၊ “အဝင်ရောအထွက်ပါ
လွယ်တဲ့ပါတီ”အဖြစ်သွားမလားဆိုတဲ့သဘောမျိုးပဲ။
နောက်ဆုံးတော့
“အဝင်ခက်ပြီး အထွက်လွယ်တဲ့ပါတီ“လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသတဲ့။
ကွန်မြူနစ်တယောက်ဖြစ်ဖို့ဆိုတာ
မာ့က်စ်ဝါဒအတွေးအခေါ်အဘိဓမ္မာပေါ်...
ဝိ လုပ်လို့မရတော့ပါ (မျိုးမြင့်ချို)


“ဝ“ အဖွဲ့ဟာ ၂၁ ရာစုပင်လုံဆိုတဲ့ အခင်းအကျင်းသစ်ထင်ရတဲ့ အိုးဟောင်းထဲက
ဗျစ်ရည်ဟောင်းညီလာခံဟာ
တန်းတူညီမျှဆွေးနွေးခွင့်မျိုးရှိတဲ့ဆွေးနွေးပွဲမဟုတ်လို့ စစ်အုပ်စုကို
ကျောခိုင်းထွက်ခွာသွားတာဖြစ်တယ်။ ပြည်သူကိုကျောခိုင်းတာမဟုတ်သလို
တိုင်းပြည်ကိုကျောခိုင်းတာမဟုတ်သလို ငြိမ်းချမ်းရေးကိုကျောခိုင်းတာလည်း
မဟုတ်ဘူး။ ဒါကို ရှင်းရှင်းလင်းလင်းမြင်ဖို့လိုတယ်။
ဒီညီလာခံဟာ
အင်န်အယ်လ်ဒီဆိုင်းဘုတ် ဒေါ်အောင်ဆန်းစုကြည်အမည်ခံ
ဦးထင်ကျော်စစ်တပိုင်းအစိုးရရုပ်ပြတွေနဲ့ မွမ်းမံထားပေမယ့်
သိန်းစိန်အစိုးရနံမည်တပ်ပြီး
စစ်အုပ်စုလုပ်ခဲ့တဲ့...
Subscribe to:
Posts (Atom)