Wednesday, August 31, 2016

ဖိနပ်တဘက် (မျိုးမြင့်ချို)

0 comments
(ဖိနပ်တဘက်) အမေရိကန်မှာ နွေရာသီ သောကြာ စနေလိုနေ့တွေဆို Garage Sale တို့ Yard Sale တို့ ဆိုတာတွေ မိုးဦးကျမှိုတွေလို တဖျောဖျာပေါက်တော့တာကလား။ ကားဂိုထောင်ထဲ၊ အိမ်ဘေး ဒါမှမဟုတ် အိမ်နောက်ဘက်ကွက်လပ်လေးတွေထဲ အိမ်မှာ မသုံးလိုတော့တဲ့ ပစ္စည်းအဟောင်းအမြင်းလေးတွေ အဝတ်အထည်တွေ စက်ပစ္စည်းလေးတွေ စသည်ဖြင့်ပေါ့လေ ဈေးချိုချိုနဲ့ ချချက်ရောင်းကြတာမျိုးပဲ။ ဒါကလည်ဒး နွေဦးပေါက်နဲ့ နွေတရာသီစာရာလေးပဲ ဥတုလေးပါးလုံးရှိနေတာတော့မဟုတ်ဘူး။ ဟိုးအရင်ကာလများဆီကတော့ ဒါတွေဟာ ကလေးတွေ မုန့်ဖိုးပဲဖိုးရဖို့ အပျော်လုပ်ကြတဲ့အလုပ်ပဲ။...

ဝင်းထိန်မထနဲ့(မျိုးမြင့်ချို)

0 comments
(ဝင်းထိန် မထနဲ့) အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်နေ မိတ်ဆွေတယောက်ရဲ့သားတော်မောင်က ဖုန်းဆက်တယ်။ (သူ ဒီရောက်တော့ ၁၁ နှစ်သားလောက်ရှိမယ်ထင်တယ်။ ခုတော့ တက္ကသိုလ်တောင်ရောက်နေပါပြီ။ အလုပ်လည်းအချိန်ပိုင်းလုပ်နေပါတယ်။ ဗမာစာမတတ်တာတော့ထားပါတော့။ ကလေးအများစုဖြစ်နေတဲ့ ကိစ္စပါ။ မတတ်လို့လည်းဘာမှမဖြစ်သလို တတ်လို့လည်း ဘာမှတော့ သိတ်မဖြစ်ပါ။ ဗမာစကားကို ပုံကျပန်းကျမပြောတတ်တာတော့ အကြားရဆိုးတာတခုပဲ။ ကိုယ့်ဘာသာပဲ ဖြည့်နားလည်ပေးရတယ်။ ထားပါတော့လေ။ ဒါလည်း သူ့ကိုအပြစ်ပြောနေတာမဟုတ်ပါ။ အင်္ဂလိပ်စကားက သူတို့အတွက် First...

Tuesday, August 30, 2016

ကာတစ်တုပြဿဿနာစီရင်ခန်း(မျိုးမြင့်ချိ)

0 comments
(ကာတစ်တုပြဿာစီရင်ခန်း) အမျိုးသမီးတဦး၏တင်ကို အပြင်မှကြည့်ရုံဖြင့် အတုအစစ်ဧကန်ပြောနိုင်သည့် ဖင်တုရေးရာကျွမ်းကျင်သူများတွင် ကျနော် မပါ ပါ။ လှန်လှောကြည့်ခွင့်ကြုံခဲ့ပါမှု ဤအရာကားအတုတည်း၊ ဤအရာကား အစစ်တည်းဟု မုချပြောနိုင်မည်မှာ သေချာပါသည်။ ထိုအခါတွင် ဖင်တုဆိုသည်မှာ ဘယ်လိုဝတ်ထားရကြောင်း ဘယ်လိုဆင်ထားရကြောင်း၊ ဘာနှင့်လုပ်ကြောင်း၊ ဘယ်လိုနေကြောင်းလေးတွေပါ ကာယကံရှင်အားမေးမြန်းကြည့်ပြီး သင်တို့ကို တဆင့်ပြန်ဖေါက်သည်ချရန် စိတ်ကောင်းစေတနာ ကျနော့်တွင်ရှိမှန်း ကျနော် သေသေချာချာ့ကို သိပါသည်။ အလားတူပင် ကျနော့်တွင်...

ဘားမားရုဒ်အတွက် ဒေါက်တာလှကျော်ဇောရဲ့ အမှာစာ။

0 comments
(ကျနော့်ရဲ့ အပြင်လူရဲ့ဘားမားရုဒ်စာအုပ်လေးမှာပါတဲ့ စာ အပုဒ် ၃ဝ ကို ဒီနေ့ကစပြီး တနေ့တပုဒ်နှုန်းလောက် (တခါတလေလည်းပိုချင်ပိုမှာပါ) ခွဲခွဲတင်ပေးပါ့မယ်။ ဒါက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇော ချီးမြှင့်တဲ့အမှာစာပါခင်ဗျား။ ခင်မင်ရင်းချာစွာ(မျိုးမြင့်ချို) ဒေါတ်တာလှကျော်ဇော၏အမှာစာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက“ဆရာမသေခင် ဗမာပြည်ကြီး ငြိမ်းချမ်းရေးရတာ မြင်ချင်တယ်”လို့ အကြိမ်ကြိမ်ဆိုခဲ့ဖူးပါတယ်။ ဖေဖေကလည်း သူ(၉၁)နှစ်ပြည့်မွေးနေ့ (၂ဝ၁ဝ ဒီဇင်ဘာ(၃)ရက်နေ့)က ထုတ်ပြန်ခဲ့တဲ့ “မျိုးချစ်ပြည်ချစ်တပ်မှူးတပ်သားများသို...

မေမေ အကဲကြည့်ကုန်းမှာ ထိုင်နေတယ်(မျိုးမြင့်ချိ)

0 comments
(မေမေ အကဲကြည့်ကုန်းမှာ ထိုင်နေတယ်) သံလွင်သီးချဉ်ဖတ်စားရင်း ဗမာပြည်က သံလွင်ခက်ချီလာတဲ့ ချိုးဖြူငှက်အကြောင်း စိတ်ကရောက်သွားတယ်။ အဲ့ဒီအကောင် လေးဂွစာမိမိသွားတာလည်း ခနခနပဲ။ အကင်စားခံရတာလည်း မရေနိုင်တော့ဘူး။ ဒါလည်း သောက်မှတ်ကမရှိဘူး။ ဒီတခါတော့ ၂၁ ရာစုပင်လုံအမြောက်စာပါ မိမလားမပြောတတ်ဘူး။ အမြောက်စာမိလို့ကတော့ ရှားမီးခဲတင် ရဲရဲကင်သို့တောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။ ဖင်တခြားခေါင်းတခြား၊ ပေါင်တံတခြား တောင်ပံတခြား၊ အူတခြား အသည်းတခြားနဲ့ ကာလနာပါတိုက်မယ်ထင်တယ်။ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာမဟုတ်လား။  အမြောက်ဆိုတာ...

ရန်သူတော်အမှတ်(၁၂)ရဲ့ဖိုင်တွဲပါ။ အပိုင်းနှစ်

0 comments
(အပိုင်းနှစ်) သခင်သန်းထွန်းဟာ ဗြိတိသျှနယ်ချဲ့သမားတို့ရဲ့ ရန်သူတော်စာရင်းမှာ နံပတ် ၁၂ ပါ။ သြဂုတ်လ ၂၃ ရက်၊ ၁၉၃၉ နေ့မှာ ဗြိတိသျှအစိုးရရဲ့ထုတ်ပြန်ချက် ဖိုင်တွဲအမှတ် (က) ဝ၁၉၃၇ မှာ သခင်သန်းထွန်းနဲ့ပတ်သက်လို့ ခုလိုဖော်ပြထားပါတယ်။ (အပိုင်းတစ်) ၇ ရက်၊ မတ်လ၊ ဘုံဘေမြို့ ဖို့ဒ်ရပ်ကွက်- အမှတ် ၁ဲဒိုးစ်လမ်းရှိ “ကွန်ဂရက်ဆိုရှယ်လစ်”စာစောင်အယ်ဒီတာ၊ ထိုစာစောင်တွင်ဖော်ပြရန် “သခင်ဝါဒနှင့်ရှေ့ရေး” အမည်ရှဗိဆောင်းပါးတစောင် ပေးပို့ခဲ့သည်။ ဆောင်းပါးတွင်“သခင်ဝါဒ” ပေါ်ပေါက်လာပုံကိုဖော်ပြရာ သခင်ဝါဒကို နစ်ရှေးနှင့်ဂျာမန်အဘိဓမ္မာဆရာကြီးများ၏အတွေးအခေါ်များမျ...

ရန်သူတော် အမှတ် (၁၂)ရဲ့ ဖိုင်တွဲပါ။ အပိုင်းတစ်။

0 comments
သခင်သန်းထွန်းဟာ ဗြိတိသျှနယ်ချဲ့သမားတို့ရဲ့ ရန်သူတော်စာရင်းမှာ နံပတ် ၁၂ ပါ။ သြဂုတ်လ ၂၃ ရက်၊ ၁၉၃၉ နေ့မှာ ဗြိတိသျှအစိုးရရဲ့ထုတ်ပြန်ချက် ဖိုင်တွဲအမှတ် (က) ဝ၁၉၃၇ မှာ သခင်သန်းထွန်းနဲ့ပတ်သက်လို့ ခုလိုဖော်ပြထားပါတယ်။ (အပိုင်းတစ်) အမည်- မောင်သန်းထွန်း(ခ)သခင်သန်းထွန်း။ ဖခင်အမည်- ဦးဘိုမောင်။ မွေးရပ်- တောင်ငူခရိုင် ကညွှတ်ကွင်းမြို့။ မွေးနှစ်- ၁၉၁၁ လက်ရှိနေရပ်- အမှတ် ၂၊ ဘိုးလိန်းလမ်း၊ ရန်ကုန်မြို့၊ အလုပ်အကိုင်- ကျောင်းဆရာ။ ပုံသဏ္ဍန်များ- အမြင့်- ၅ ပေ ၂ လက်မ။ ကိုယ်နေ- တောင့်သည်။ ဆံပင်- နက်သည်။ မျက်ခုံး- သေးသည်။ မျက်လုံးများ-...

ရန်သူတော်နံပတ် ၁ (ရဲဘော်ဖိုးသံချောင်း)

0 comments
ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ်ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ သူ့ကို ဗမာပြည်နိုင်ငံရေးလိုအပ်ချက်က ပြဋ္ဌာန်းဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ သူလို့လူ နောက်ထပ် မပေါ်နိုင်တော့ပါဘူး။ ဆရာကြီးရဲ့ဂုဏ်ပုဒ်တွေကို ပြောမယ်ဆိုလို့ရှိရင် အများကြီးပါ။ စာပေပညာရှင်ကြီးအနေနဲ့ ပြောမလား၊ လွတ်လပ်ရေးတိုက်ပွဲဝင်ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ ပြောမလား၊ ငြိမ်းချမ်းရေးဗိသုကာကြီးအနေနဲ့ပြောမလား ပြောစရာတွေ အများကြီးပါ။ သူဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတဆောင်သူတဦးဖြစ်ခဲ့တာလည်း အမှန်ပါပဲ။...

Friday, August 26, 2016

ခေတ်ဆိုးမှာ တွင်ကျယ်သူ(မျိုးမြင့်ချို)

0 comments
မြတ်စံဆိုတဲ့ကောင်အကြောင်း ကျနော်ပြောပါ့မယ်။ တောင်ငူထောင်မှာနေတုန်းကပေါ့။ ကိုကျော်မြ ၄၈၂၈ ဗကပယူဂျီခေါင်းဆောင်ကို တိုက်မှာခွဲချုပ်ထားတယ်။ ကျနော်တို့ကို အဆာင်မှာထားတယ်။ ကျနော်တို့နဲ့ အဆက်အသွယ်ဖြတ်ထားတယ်။ ကိုကျော်မြဟာ နိုင်ငံရေးတင်မက အရာရာမှာချွန်သူပါ။ ဒါ့ကြောင့် မင်းဘူးသား စာမတတ်ပေမတတ် ထောင်ပိုင်စစ်ဗိုလ်အောင်နိုင်က ကျနော်တို့နဲ့ကိုကျော်မြကို ဆက်မရအောင်လုပ်ထားတယ်။ သူက ဗကပအသည်းခွဲစားခဲ့တာဆိုပြီး မျိုးဆက်သစ်နိုင်ငံရေးလူငယ်များအစည်းအရုံးဆိုလားဘာလား သေချာမမှတ်မိတော့တဲ့ (ခု အင်္ဂလန်ရောက်နေတဲ့ ကိုထက်မိုးညီမ...

Thursday, August 25, 2016

ငါးပိရည်ကျိုခြင်း(မျိုးမြင့်ချို)

0 comments
ဒီမနက် လေလုံပိတ်ပုလင်းနဲ့ ထိုင်းကလာတဲ့ ဗမာငါးပိဆိုတဲ့ ငါးပိအနှစ်တိုက်အပျစ်ရည် ထမင်းစား ဇီးဘရားဇွန်း ငါးဇွန်းမောက်မောက်ထဲ ရွှေဖရုံသီးလို အမြှောင်းအမြှောင်းထနေတဲ့ လူကြီးလက်သီးတဆုပ်စာ ခရည်းချဉ်သီးမှည့်ကြီးတလုံးရယ်၊ ငရုပ်သီးစိမ်းနည်းနည်း၊ အချိုမှုန့်နည်းနည်း၊ ဆနွင်းမှုန့်နည်းနည်း။ ကြည်သွန်ဖြူ လေးငါးခြောက်တက်၊ ကြက်သွန်နီ ဥလတ်လတ်တလုံး၊ နံနံပင် လက်တဆုတ်မရှိတတ်ရှိတတ်ရယ်ကို ရေအလောတော်ထည့် အိုးအဖုံးလုံအောင်ပိတ် မီးနွေးနွေး နာရီဝက်စာချိန်ပြီး မီးဖိုပေါ်ပြစ်တင်လိုက်တယ်။ အမေပြောဖူးတဲ့နည်းနဲ့ ပဲနီလေး လက်တဆုပ်စာလောက်ကိုလည်း...

Saturday, August 13, 2016

မြစ်ဆုံကို ချစ်ရုံပဲလား(မျိုးမြင့်ချိ)

0 comments
“အစိုးရသစ်“ကို ကူညီလို့ ကျေးဇူးတင်တယ်ဆိုပဲ ရွှေကြီးက။ သူ ရှုပ်ထားတဲ့ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်တွေကို စိတ်လိုလက်ရဗိုက်အငှားနဲ့ဓားအထိုးခံပေးလို့၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဓားခုတ်ရာ ဝင် လက်လျှိုပေးလို့ ကျေးဇူးတင်ရင်းတင် “အစိုးရသစ်“ဆိုတာကို တင်ရမှာ။ ဗမာ့နိုင်ငံရေးမှာ စစ်အုပ်စုရဲ့အရေးပါမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထား၊ အစိုးရသစ်ဆိုတာရဲ့ ၂ဝဝ၈ အကန့်အသတ်အောက်က ပိန်မသာလိန်မသာသွားနေရတဲ့ အတိုင်းအတာတွေကို တရုတ်ကွန်မြူနစ်ပါတီရော အမေရိကန်ရော ကောင်းကောင်းသိကြပါတယ်။ သမ္မတဆိုတဲ့ဦးထင်ကျော်ကို မတွေ့သွားတာကလည်း...

မြစ်ဆုံကို ချစ်ရုံပဲလား(မျိုးမြင့်ချိ)

0 comments
“အစိုးရသစ်“ကို ကူညီလို့ ကျေးဇူးတင်တယ်ဆိုပဲ ရွှေကြီးက။ သူ ရှုပ်ထားတဲ့ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်တွေကို စိတ်လိုလက်ရဗိုက်အငှားနဲ့ဓားအထိုးခံပေးလို့၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဓားခုတ်ရာ ဝင် လက်လျှိုပေးလို့ ကျေးဇူးတင်ရင်းတင် “အစိုးရသစ်“ဆိုတာကို တင်ရမှာ။ ဗမာ့နိုင်ငံရေးမှာ စစ်အုပ်စုရဲ့အရေးပါမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထား၊ အစိုးရသစ်ဆိုတာရဲ့ ၂ဝဝ၈ အကန့်အသတ်အောက်က ပိန်မသာလိန်မသာသွားနေရတဲ့ အတိုင်းအတာတွေကို တရုတ်ကွန်မြူနစ်ပါတီရော အမေရိကန်ရော ကောင်းကောင်းသိကြပါတယ်။ သမ္မတဆိုတဲ့ဦးထင်ကျော်ကို မတွေ့သွားတာကလည်း...