Saturday, August 13, 2016

မြစ်ဆုံကို ချစ်ရုံပဲလား(မျိုးမြင့်ချိ)

0 comments
“အစိုးရသစ်“ကို ကူညီလို့ ကျေးဇူးတင်တယ်ဆိုပဲ ရွှေကြီးက။ သူ ရှုပ်ထားတဲ့ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်တွေကို စိတ်လိုလက်ရဗိုက်အငှားနဲ့ဓားအထိုးခံပေးလို့၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဓားခုတ်ရာ ဝင် လက်လျှိုပေးလို့ ကျေးဇူးတင်ရင်းတင် “အစိုးရသစ်“ဆိုတာကို တင်ရမှာ။

ဗမာ့နိုင်ငံရေးမှာ စစ်အုပ်စုရဲ့အရေးပါမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထား၊
အစိုးရသစ်ဆိုတာရဲ့ ၂ဝဝ၈ အကန့်အသတ်အောက်က ပိန်မသာလိန်မသာသွားနေရတဲ့ အတိုင်းအတာတွေကို တရုတ်ကွန်မြူနစ်ပါတီရော အမေရိကန်ရော ကောင်းကောင်းသိကြပါတယ်။ သမ္မတဆိုတဲ့ဦးထင်ကျော်ကို မတွေ့သွားတာကလည်း ထူးခြားတယ်။

မြစ်ဆုံအရေးဟာ “အမျိုးသားအကျိုးစီးပွားအရေး“ဖြစ်မှန်း လူတိုင်းသိကြတာပါပဲ။ ဒီနေရာမှာဆိုတဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ငွေကြေးအမြတ်အစွန်း အလုပ်အကိုင်အခွင့်အလမ်း ကိုယ့်ဘက်ကရမယ့် စီးပွားရေးအကျိုးအမြတ် စတာတွေလောက်မျှမဟုတ်ဘူး။

ဗမာ့နိုင်ငံရေးရဲ့ ပြည်ပုတ်သွေးပုတ်တွေနဲ့ ယောင်ကိုင်းဖောင်းပွနေတဲ့ အနာအိုင်းကြီးဖြစ်နေတဲ့ ပြည်တွင်းစစ်ပြသနာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စက
အဓိကနေရာကပါလာတာ ထင်ရှားလာတယ်။

မြစ်ဆုံဟာ စစ်အုပ်စုအကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွား လွန်ဆွဲကြတဲ့ပွဲဖြစ်လာပြီ။
မြစ်ဆုံဟာ “အစိုးရသစ်“ကို သတ်ကွင်းထဲပို့ပြီး လက်တဲ့စမ်းတဲ့ကွင်းဖြစ်လာပြီ။
မြစ်ဆုံဟာ နိုင်ငံရေးပြသနာဖြစ်လာပြီ။
မြစ်ဆုံဟာ“အာဏာပြသနာ“ဖြစ်လာပြီ။
မြစ်ဆုံဟာ ပြည်တွင်းစစ်နဲ့ဆက်လာတဲ့ နှောင်ကြိုးတပင်ဖြစ်လာပြီ။
မြစ်ဆုံဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သော့တချောင်းဖြစ်လာပြီ။
မြစ်ဆုံဟာ မီးမလာပေမယ့် မီးလောင်နေတဲ့ပြည်ကို လေပင့်ရာဖြစ်လာပြီ။

မြစ်ဆုံဟာ လျှပ်စစ်မီးကိစ္စသက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ စီးပွားရေးအကျိုးအမြတ်သက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရုံသက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ သဘာဝပတ်ဝန်းကျင်ပျက်ဆီးမယ့်အရေးသက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ ဘာသာရေးအစွန်းရောက် အကြမ်းဖက်နာဇီဂတုံးတွေနဲ့ စစ်အုပ်စုပေါင်းပြီး တိုင်းပြည်ကိုမီးရှို့ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီနဲ့ “အစိုးရသစ်“ဆိုတွေကို ညှပ်ပူးညှပ်ပိတ်တိုက်ဖို့ မဟုတ်ဘူး။

ကျနော်တို့ မြစ်ဆုံကို ကာကွယ်ရမယ်။ မြစ်ဆုံကိုကာကွယ်သူတိုင်းနဲ့ လက်တွဲရမယ်။ ဒီမိုကရစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ လူမျိုးစုအားလုံး တန်းတူသွေးစည်းညီညွတ်ရေးအတွက် ပြသနာရဲ့အရင်းအမြစ် လက်သည်တရားခံဖြစ်တဲ့စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ဖျက်ရမယ်။
မျိုးမြင့်ချို သြဂတ် ၁၃၊ ၂ဝ၁၆

0 comments:

Post a Comment