Tuesday, August 30, 2016

မေမေ အကဲကြည့်ကုန်းမှာ ထိုင်နေတယ်(မျိုးမြင့်ချိ)

0 comments
(မေမေ အကဲကြည့်ကုန်းမှာ ထိုင်နေတယ်)
သံလွင်သီးချဉ်ဖတ်စားရင်း ဗမာပြည်က သံလွင်ခက်ချီလာတဲ့ ချိုးဖြူငှက်အကြောင်း စိတ်ကရောက်သွားတယ်။

အဲ့ဒီအကောင် လေးဂွစာမိမိသွားတာလည်း ခနခနပဲ။ အကင်စားခံရတာလည်း မရေနိုင်တော့ဘူး။ ဒါလည်း သောက်မှတ်ကမရှိဘူး။ ဒီတခါတော့ ၂၁ ရာစုပင်လုံအမြောက်စာပါ မိမလားမပြောတတ်ဘူး။ အမြောက်စာမိလို့ကတော့ ရှားမီးခဲတင် ရဲရဲကင်သို့တောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။ ဖင်တခြားခေါင်းတခြား၊ ပေါင်တံတခြား တောင်ပံတခြား၊ အူတခြား အသည်းတခြားနဲ့ ကာလနာပါတိုက်မယ်ထင်တယ်။

စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာမဟုတ်လား။ 

အမြောက်ဆိုတာ အကဲကြည့်ကုန်းကလူ မပါပဲ ဘယ်တော့မှ ပစ်မှတ်ကို မှန်အောင်မပစ်နိုင်ဘူး။ ပစ်တဲ့ကောင်က ပြောင်းအနိမ့်အမြင့်ဒီဂရီ အကွာအဝေး အရပ်ဒေသ လေတိုက်နှုန်းစတာတွေကိုတွက်ချက်ပြီးသာ ပစ်နေတာ။ သူ့ကျည် ဘယ်နားကျလို့ကျသွားမှန်းသိတာ မြင်တာမဟုတ်ဘူး။ အကဲကြည့်ကုန်းကလူက ကျည်ဆန်အကျကို မြင်နိုင်တဲ့အကွာအဝေးကနေကြည့်ပြီး ဘေးဘယ်ညာ ဘယ်လောက်မှာ ရှေ့နောက်ဘယ်လောက်မှာ ကျသွားတယ်၊ ပစ်မှတ်ပေါ် တည့်တည့်ကျတယ်မကျဘူး စတာတွေ စက်နဲ့လှမ်းပြောမှ ပစ်တဲ့ကောင်က ပြန်ချိန်လိုက် ပြန်ပစ်လိုက်နဲ့ ပစ်ရတာ။ 

ဆိုတော့ အကဲကြည့်ကုန်းကလူက အမြောက်ပစ်တဲ့ကောင်ထက် ပိုအရေးပါတယ်။ ဟိုကောင်က ခလုပ်လောက်ပဲနှိပ်တတ်၊ ပြောင်းလောက်ပဲချိန်တတ်တာ။ 

ခု အကဲကြည့်ကုန်းမှာ မေမေထိုင်နေတယ်။ 

ငယ်ထိပ်ပေါ် ကျည်မကျဖို့ ရင်တမတမနဲ့ ဂျိုးငှက်တော့ သံလွင်ခက်လေးချီလို့။

0 comments:

Post a Comment