ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(အပိုင်း၃-ဆ)
ကာကွယ်ရေးဌာန(အရပ်သား) အလုပ်သမားသမဂ္ဂသပိတ်
(၁၉၄၇)
Defense Department (Civilian Personal) Employee Federation ဒုတိယကမ္ဘာစစ်ပြီးခါးနီး တွင်
ဗြိတိသျှနယ်ချဲ့သည် မြန်မာနိုင်ငံအားပြန်လည် သိမ်းပိုက်ပြီး၊ ကျွန်ပြုလုပ်ရန် ကြည်း၊
ရေ၊ လေစစ်အင်အားဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။ စစ်တပ်အသီးသီးတွင် စစ်သားမဟုတ်သည့်အမှုထမ်း(အရပ်သားအလုပ်သမား)
ထောင်ပေါင်းများစွာကိုခန့်ထားပြီး ခိုင်းစေခဲ့သည်။ စစ်အာဏာပိုင်များသည် စစ်စည်းကမ်းများဖြင့်တင်းကြပ်စွာချုပ်ကိုင်ထားသည်။
ထိုအချိန်က မြန်မာနိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းအားထုတ်မှုတိုက်ပွဲများက နေရာအနှံ့ဖြစ်နေချိန်ဖြစ်သည်။ စစ်အာဏာပိုင်များအတွက်
စိုးရိမ်ရချိန်ဖြစ်သည်။ ထိုအကြောင်းအချက်ကြောင့် တပ်တွင်းအမိန့်များ၊ စည်းကမ်းများ
တင်းကြပ်စွာထုတ်ပြန်ထားရသည်။ ထိုတင်းကြပ်သည့် အမိန့်များစည်းကမ်းများကို လစ်လျှူထားပြီး
ကာကွယ်ရေးဌာန(အရပ်သား)အလုပ်သမားသမဂ္ဂကို (၁၉၄၆)ခုနှစ်တွင် ဖွဲ့စည်းလိုက်ကြသည်။
စစ်ဖက်အာဏာပိုင်တို့၏အဆင့်ဆင့်ဖိနှိပ်မှုကို
မခံနိုင်တော့ခြင်း၊ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေရခြင်းကြောင့် ကန်တော်မင်ပန်းခြံတွင်
၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အင်အား (၁ဝဝဝဝ)ကျော်တို့ဖြင့် စုဝေးဆန္ဒပြကြသည်။
ထိုနေ့မှာပင် သပိတ်တိုက်ပွဲကိုဆင်နွှဲလိုက်ကြပြီး ရွှေတိဂုံ အလုပ်သမားသပိတ်စခန်းနှင့်ဆက်သွယ်ပူးပေါင်းလိုက်ကြသည်။ ဗြိတိသျှစစ်အာဏာပိုင်များက စစ်ရေးသက်သက်အမြင်ဖြင့် အလုပ်သမား(၂ဝဝဝ)ကျော်ကို
စစ်တပ်အင်အားအသုံးပြုပြီး ဖမ်းဆီးခေါ်သွားသည်။ အလုပ်သမားများကလည်း ငြိမ်သက်မနေဘဲ ဖမ်းဆီးခေါ်ဆောင်သွားသောနေရာ သို့
ကြွေးကြော်သံများဖြင့်ချီတက်ဆန္ဒပြကြသည်။ အာဏာပိုင်များက အဖမ်းဆီးခံအလုပ်သမားများအား
ချက်ခြင်းလွှတ်ပေးလိုက်ရတော့သည်။
တိုက်ပွဲဝင်စိတ်ဓါတ်များဖြင့်
တက်ကြွနေသော ကာကွယ်ရေးဌာနမှအလုပ်သမားများ၏အရေးကိစ္စကို ကိုင်တွယ်ရန် ဘုရင့်အတိုင်ပင်ခံaကာင်စီ(အစိုးရ)အဖွဲ့တွင် လုံးဝအာဏမရှိချေ။ အကြောင်းမှာ ထိုအလုပ်သမားများကို စစ်ဌာနချုပ်၊
ဗဟိုစစ်ဦးစီးအဖွဲ့က တိုက်ရိုက်အုပ်ချုပ်ထားသောကြောင့်ဖြစ်သည်။ သပိတ်တိုက်ပွဲတွင် အလုပ်သမား ၉၅ ရာခိုင်နှုန်းကျော်၏ညီညွတ်ရေးစွမ်းအားကြောင့်
စစ်အာဏာပိုင်များကလက်လျှော့လိုက်ရပြီး ဘုရင်ခံမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းအကူအညီကို
ရယူလိုက်ရတော့သည်။ အာဏာပိုင်များသည် စေ့စပ်ဖြေရှင်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး
သပိတ်ကိုယ်စားလှယ်များနှင့်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်စေသည်။ သပိတ်၏တောင်းဆိုချက်များ
အသင့်အတင့် ပြေလည်မှုရှိခဲ့သည်။ ကျန်ရှိသောတောင်းဆိုချက်များကို အစိုးရမှ ဆက်လက်ဖြေရှင်းပေး မည်ဟုဆုံးဖြတ်လိုက်သည်။ ထိုနောက် ဖေဖော်ဝါရီ ၂၇
ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံတွင်ပြုလုပ်သော လူထုအစည်းအဝေးမှ သပိတ်လှန်ရန်ဆုံးဖြတ်လိုက်ကြသည်။
(၁၉၄၇)ခုနှစ် နိုင်ငံခြားကုမ္ပဏီကြီးများ သပိတ်(၁၉၄၆ )ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင်
ရန်ကုန်၊ ကျုံးကြီးလမ်းမစ္စက်လှအောင်ကျောင်း၌ ဥက္ကဌဦးသာကြွယ်၊ အတွင်းရေးမှုးဦးကျော်ငြိမ်းတို့ဦးစီးသည့်အလုပ်သမားအစည်းအရုံး(United Trade Union Organization)ယူတီယူအို ကိုဖွဲ့စည်းတည်ထောင်လိုက်သည်။
နိုင်ငံခြားလက်ဝါးကြီးအုပ်အရင်းရှင်ကြီးများပိုင် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီများမှ
စာရေး၊ စာချီ၊ မင်းစေ၊ ဒရဝမ်တို့ပါဝင်သော အမှုထမ်း၊ အလုပ်သမား (၁ဝဝဝ)ကျော်တို့ဖြင့်ဖွဲ့စည်းခြင်းဖြစ်သည်။
(၁၉၄၇) ခုနှစ် ဖေဖော်ဝါရီ
၁၂ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံ၌ စုံညီလူထုအစည်းအဝေးကြီးတရပ် ကျင်းပခဲ့သည်။ အထွေထွေသပိတ်ကြီး၏aတာင်းဆိုချက် (၂၄)ချက်ကိုထောက်ခံခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီအမှုထမ်းများနှင့်
တိုက်ရိုက်သက်ဆိုင်သော စစ်ပြေးလစာအပါ တောင်းဆိုချက်(၁၇)ချက်ကို တင်သွင်းဆုံးဖြတ်ခဲ့ကြသည်။
ထိုတောင်းဆိုချက်ကို(၂၇ရက်) ဂျန္နဝါရီ ၄၇ ရက်စွဲဖြင့် သက်ဆိုင်ရာကုမ္ပဏီများ (ဗြိတိသျှ၊
အိန္ဒိယ၊ တရုတ်ကုန်သည်ကြီးများအသင်း)သို့ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ (၁၅) ရက်အတွင်းပြန်ကြားရန် အချိန် သတ်မှတ်ပေးထားသည်။ သို့သော် မည်သို့မျှတုန့်ပြန်မှုမရှိသဖြင့်
(၁၂ ဖေဖော်ဝါရီ ၄၇)နေ့တွင် သပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။
ဦးစွာအတွင်းဝန်ရုံးကို တပတ် ပတ်ဆန္ဒပြကြွေးကြော်ပြီး ရွှေတိဂုံ အလယ်ပစ္စယံတွင် စုဝေးစခန်းချတိုက်ပွဲဝင်လိုက်ကြသည်။ ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်များနှင့် သပိတ်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကြပြီးနောက်
သဘောတူညီချက်ရလိုက်သည်။ ထိုနောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် သပိတ်လှန် လိုက်သည်။
ဤသို့ဖြင့် (၁၉၄၇)ခုနှစ်သည်
အထွေထွေသပိတ်ကြီးများ၏ နှစ်တနှစ်ဖြစ်ခဲ့တော့သည်။
အလုပ်သမားများ၏ အခွင့်ရေးနှင့်ရပိုင်ခွင့်များ အတွက်တောင်းပွဲ၊ တိုက်ပွဲများနှင့်
ပြည့်နှက်နေမှုကြောင့် စစ်ပြီးနယ်ချဲ့အစိုးရသည် အကြပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်နေရတော့သည်။
အလုပ်သမားများ၏ တောင်းပွဲ၊ တိုက်ပွဲများသည်လည်း လွတ်လပ်ရေးရသည်အထိ အဆက်မပြတ်ဖြစ်ပေါ်တိုးပွားခဲ့သည်။
ယခုတင်ပြခဲ့သော အကြောင်းအရာများသည်၊ မြန်မာနိုင်ငံအလုပ်သမားလူတန်းစားများ မည်သို့ပေါ်ပေါက်လာခဲ့ပုံ၊
ကိုလိုနီခေတ် အလုပ်သမား လူတန်းစားများ၏အခြေအနေနှင့် အလုပ်သမားလူတန်းစား၏ တော်လှန်တိုက်ပွဲဆင်မှုများအကြောင်းကို
အကြမ်းဖျဉ်းဖော်ပြခြင်းမျှသာဖြစ်ပါ သည်။ ဆက်လက်၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း အလုပ်သမားလူတန်းစားအခြေအနေနှင့်
အလုပ်သမားလူတန်းစား၏ တိုက်ပွဲအခြေ အနေများကို ဆက်လက်လေ့လာသင့်သည်ဟု ယူဆပါသည်။
0 comments:
Post a Comment