Wednesday, November 30, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၃) ဒေါက်တာသန်းထွန်း

0 comments
ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၃)ပုဂံသည်မြန်မာ၊ မြန်မာသည်ပုဂံစာရေးသူတို့နိုင်ငံရဲ့သမိုင်းနဲ့ပတ်သက်လို့ လေ့လာတွေ့ရှိချက်ကိုရေးရမယ် ဆိုရင် ပုဂံမတိုင်မီမှာရှိခဲ့တာက ပျုနိုင်ငံသရေခေတ္တရာ ဖြစ်ပါတယ်။ ပျုမင်းတွေစိုးစံခဲ့တဲ့ အဲဒီသရေခေတ္တရာခေတ်တုန်းက မြန်မာဆိုတဲ့နာမည် လည်းမရှိသေးသလို၊ မြန်မာစာပေလည်း မပေါ်သေးပါ။ ပျုရွာ (၁၉) ရွာနဲ့ သမုဒ္ဒရာဇ်မင်းတည်ခဲ့တဲ့ပုဂံမှာ ပျုစာကို အဓိကပြောဆိုရေးသားကြတယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။ ပုဂံမင်း (၅၅) ဆက်ရှိတာမှာ အနုရုဒ္ဓလို့သိကြတဲ့ အနော်ရထာမင်းလက်ထက်မှာတော့...

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၉) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၉) နိုဝင်ဘာ ၃၀ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။             ပန်းတိုင်တူတဲ့ခင်မင်သူတချို့ သူတို့ယုံကြည်ရာလမ်းတွေဆီ ထွက်ခွာခဲ့ကြ တယ်ဆိုတာဟာ ကိုယ်လွတ်ရုန်းသွားကြတာလို့ပြောရင် လုံးဝကို မှန်ကန်မျှတမှုမရှိတဲ့ အပြောပဲဖြစ်မှာပါ။ လက်နက်ကိုင်ဖိနှိပ်နေသူကို လက်နက်နဲ့ပြန်ခုခံတိုက်ပွဲဝင်တာ မှန်တယ်လို့ မထောက်ခံဝံ့သူaတာင် မှားတယ်လို့ပြောမရတဲ့ တရားတခုလို့ ထင်ပါတယ်။ သူတို့တွေ ထွက်ခွာသွားကြပြီးသိတ်မကြာခင်မှာပဲ...

Tuesday, November 29, 2011

ပုဂံမတိုင်မီ မြန်မာအစနှင့်သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၂) ဒေါတ်တာသန်းထွန်း

0 comments
ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၂)▪ ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူမြန်မာလို့သိကြတဲ့ လူမျိုးတစ်မျိုး စပြီးပေါ်လာရပုံကို အချိန်ရရင်ရသလို လေ့လာနေမိပါတယ်။ ဒါကို သေချာလေ့ လာဖို့ လိုတယ်လို့လည်းထင်ပါတယ်။ မြန်မာတွေပြောနေကြတာတော့ ကြာပါပြီ။ “မြန်မာအစ တကောင်းက” တို့၊ “မြန်မာအစ ကျောက်ဆည်က” တို့။ တချို့ကလည်း ပျုနိုင်ငံဖြစ်တဲ့သရေခေတ္တရာတို့ အမျိုးမျိုးပါပဲ၊ ပြောဆိုနေခဲ့ကြတာ။ တိတိကျကျ၊ သေသေချာချာသိချင်စိတ်နဲ့ မြန်မာရယ်လို့ဖြစ်လာမယ့် မြန်မာအစကိုလေ့လာမယ်ဆိုရင်...