Wednesday, November 23, 2011

ကုလသမဂ္ဂမှတ်တမ်းရုပ်ရှင်ပွဲတော်နဲ့ Burma Soldier film

0 comments

မိတ်ဆွေများခင်ဗျား

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၁၄ ကြိမ်မြောက်မှတ်တမ်းရုပ်ရှင်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက စတင်န်းဖို့တက္ကသိုလ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၁ ကနေ ၃၀ အထိကျင်းပခဲ့ပါတယ်။ အဲဒီမှတ်တမ်းရုပ်ရှင်ပွဲတော်မှာ ကမ္ဘာတဝှမ်းကမှတ်တမ်းကားပေါင်း ၇၀ ကိုရွေးချယ်ပြသခဲ့ပါတယ်။ ပွဲတော်အပိတ်မှာ Grand Jury အဖွဲ့နဲ့ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ကားကို ရွေးချယ်ဆုံးဖြတ်ပြီး ဆုချီးမြှင့်ခဲ့ပါတယ်။
ကျနော့်ဘဝအကြောင်းနောက်ခံကို ရိုက်ကူးထားတဲ့ Burma Soldier documentary film ကို ဒီနှစ်အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ အသေးစိတ်အချက်အလက်ကလေးတွေ သိချင်ရင်တော့ ဒီလင့်ခ် http://www.unaff.org/2011/awards.html မှာသွားရောက်ကြည့်ရှူနိုင်ကြောင်း ပြောပါရစေ။ ဒီလင့်ခ်တွေမှာတော့ http://vimeo.com/32036445  (In Burmese)
http://vimeo.com/32037933 (In English) ကျနော် နိုဝင်ဘာ ၁၂ ရက်နေ့ကမှ စီစဉ်ထုတ်လုပ်တဲ့ ဗမာ့တပ်မတော်ထဲက စစ်သည်များသို့ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကားတိုလေးကို အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ကြည့်ရှူနိုင်ကြောင်းပါခင်ဗျား။ မျိုးမြင့်ချို

0 comments:

Post a Comment