၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက
တိုနန့်နန့်လေးတွေ ၅(မျိုးမြင့်ချို)
(မလုပ်နိုင်တဲ့အလုပ်)
“ကျုပ်တို့ပရောဂျက်က ရွေးကောက်ပွဲစောင့်ကြည့်ရေးဗျ”
“စောင့်ကြည့်တာတော့ ဟုတ်ပါပြီ၊ ပြီးတော့ ဘာလုပ်မှာလဲဗျ”
“ဘာလုပ်မယ် ညာလုပ်မယ်လို့ ခင်ဗျားကို ဘယ်သူကပြောနေလို့လဲဗျ”
“ဒါဆို စောင့်ကြည့်ပြီး ပြီးပြီပေါ့”
“အဲ့လိုလည်း မဟုတ်ဘူးလေဗျာ၊ လုပ်စရာရှိတာတော့ လုပ်မှာပေါ့ဗျ”
“လုပ်စရာက ဘာတွေများလဲဗျာ၊ လုပ်ပါဦး”
“ဒါကတော့ဗျာ အစီရင်ခံရေးတာတို့ သတင်းထုတ်ပြန်တာတို့ပေါ့”
“အစီရင်ခံစာက ဘယ်သူ့ကို ခံမှာလဲဗျ”
“ပရိုပိုဆယ်လ်ချပေးတဲ့ ဒိုနာကိုပေါ့ဗျ”
“သတင်းထုတ်ပြန်မယ် ဆိုတာကရော”
“အဲ့ဒါကတော့ အများပြည်သူကိုပေါ့ဗျာ”
“ရွေးကောက်ပွဲကြီးက မတရားမမျှတကြီး လုပ်သွားတာဆိုရင်ရော ကန့်ကွက်တာတို့ဘာတို့ရော လုပ်မလားဗျ”
“ဘာဆိုင်လို့လဲဗျ အဲ့ဒါ နိုင်ငံရေးသမားတွေအလုပ် ပါတီတွေအလုပ်ပဲဟာ။ ကျူပ်တို့အလုပ်က စောင့်ကြည့်မယ်။ တွေ့တာတွေကိုတွေ့တဲ့အတိုင်း မခြွင်းမချန်အစီရင်ခံစာရေးမယ် သတင်းထုတ်ပြန်မယ်။ ဒါပဲ။ သမာသမတ်ကျကျပေါ့လေ”
“အစီရင်လည်းခံပြီးပြီ သတင်းလည်းထုတ်ပြန်ပြီးပြီဆိုရင် ခင်ဗျားတို့အလုပ် ကုန်ပြီပေါ့ အဲ့ဒီလိုလား”
“ကုန်ပြီလို့တော့ ပြောမရဘူးလေ။ ရွေးကောက်ပွဲတွေရှိနေသမျှ ကျုပ်တို့အလုပ်ကရှိနေရမှာပါ”
“ရွေးကောက်ပွဲတွေ မရှိတော့ရင်ရောဗျ”
“အာဏာရှင်စောင့်ကြည့်ရေးလို လူ့အခွင့်အရေးစောင့်ကြည့်ရေးလိုဟာတွေရှိပါတယ်ဗျ”
“အဲ့ဒါတွေကြည့်ပြီးတော့ရော ဘာလုပ်လဲဗျ”
“ရှေ့မှာပြောခဲ့သလိုပေါ့ဗျာ၊ အစီရင်ခံစာရေးတာ သတင်းထုတ်ပြန်တာတွေလုပ်ရတာပေါ့။ ဒါမှ လူတွေနဲ့နိုင်ငံတွေက သိမှာမဟုတ်လား၊ နို့မို့ဆို ဗမာပြည်မှာ ဘာဖြစ်လို့ဖြစ်နေမှန်း ကမ္ဘာကြီးက ဘယ့်နှယ်လို့သိနိုင်မလဲဗျာ။ အာဏာရှင်တွေကတော့ စောက်မြင်လည်းကပ် မျက်မုန်းလည်း ကျိုးတာပေါ့လေ။ ဒါပေမယ့် မတတ်နိုင်ဘူးဗျာ လုပ်စရာရှိတာတော့လုပ်ရမှာပဲ စောက်မြင်ကပ် မျက်မုန်းကျိုးရုံမကလို့ လဲသေသေဗျာ”
“ဒါဆို ခင်ဗျားတို့မလည်း အလုပ်နဲ့လက်နဲ့ပြတ်ရတယ်လို့ကို မရှိပါလားဗျာ၊ ပင်လည်းပင်ပမ်း လူလည်းစောက်မြင်ကပ်ခံရနဲ့နော်”
“အေးပေါ့ဗျာ အများအတွက်လုပ်နေတာဆိုတော့လည်း အပင်ပမ်းအနစ်နာခံတန် ခံရတာပါပဲ”
“အေးဗျာ ဒါဆိုရင်တော့ ကျနော်နဲ့မကိုက်ဘူးဗျ။ ဝင်မလုပ်ပါရစေနဲ့ဗျာ။ ကိုယ့်ထမင်းကိုယ်စား အပင်ပမ်းအနစ်နာခံပြီးလည်းလုပ်ရသေးတယ် သူတို့စောက်မြင်အကပ်နဲ့ မျက်မုန်းအကျိုးလည်း ခံရသေးတယ် လူထုဘဝလည်း ဘာမှသိတ်မထူးဆိုတော့၊ လူထုဘဝ တိုင်းပြည်အခြေအနေ ထူးထူးခြားခြားအပြောင်းအလဲဖြစ်တယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ”
“ဝင်လုပ်ကြည့်ပါဗျ၊ အနည်းဆုံးတော့ ဘေးကကူပေါ့ဗျာ။ အဲ့သလောက်ကြီးတော့လည်း မဟုတ်ပါဘူး။ လူပဲဗျာ အူမ မတောင့်ရင် သီလမစောင့်နိုင်ဘူးမဟုတ်လား၊ အဲ့သလိုပဲပေါ့ဗျာ လုပ်နေသူတွေမှာ အပင်ပမ်းအနစ်နာ စောက်မြင်ကပ် မျက်မုန်းကျိုးခံရကျိုးနပ်အောင်တော့ ခံစားခွင့်တော့ရှိပါတယ်ဗျ”
“အေးဗျာ ဒါဆိုလည်း မလုပ်ပဲနေပါရစေတော့”
“ကျုပ်တို့ပရောဂျက်က ရွေးကောက်ပွဲစောင့်ကြည့်ရေးဗျ”
“စောင့်ကြည့်တာတော့ ဟုတ်ပါပြီ၊ ပြီးတော့ ဘာလုပ်မှာလဲဗျ”
“ဘာလုပ်မယ် ညာလုပ်မယ်လို့ ခင်ဗျားကို ဘယ်သူကပြောနေလို့လဲဗျ”
“ဒါဆို စောင့်ကြည့်ပြီး ပြီးပြီပေါ့”
“အဲ့လိုလည်း မဟုတ်ဘူးလေဗျာ၊ လုပ်စရာရှိတာတော့ လုပ်မှာပေါ့ဗျ”
“လုပ်စရာက ဘာတွေများလဲဗျာ၊ လုပ်ပါဦး”
“ဒါကတော့ဗျာ အစီရင်ခံရေးတာတို့ သတင်းထုတ်ပြန်တာတို့ပေါ့”
“အစီရင်ခံစာက ဘယ်သူ့ကို ခံမှာလဲဗျ”
“ပရိုပိုဆယ်လ်ချပေးတဲ့ ဒိုနာကိုပေါ့ဗျ”
“သတင်းထုတ်ပြန်မယ် ဆိုတာကရော”
“အဲ့ဒါကတော့ အများပြည်သူကိုပေါ့ဗျာ”
“ရွေးကောက်ပွဲကြီးက မတရားမမျှတကြီး လုပ်သွားတာဆိုရင်ရော ကန့်ကွက်တာတို့ဘာတို့ရော လုပ်မလားဗျ”
“ဘာဆိုင်လို့လဲဗျ အဲ့ဒါ နိုင်ငံရေးသမားတွေအလုပ် ပါတီတွေအလုပ်ပဲဟာ။ ကျူပ်တို့အလုပ်က စောင့်ကြည့်မယ်။ တွေ့တာတွေကိုတွေ့တဲ့အတိုင်း မခြွင်းမချန်အစီရင်ခံစာရေးမယ် သတင်းထုတ်ပြန်မယ်။ ဒါပဲ။ သမာသမတ်ကျကျပေါ့လေ”
“အစီရင်လည်းခံပြီးပြီ သတင်းလည်းထုတ်ပြန်ပြီးပြီဆိုရင် ခင်ဗျားတို့အလုပ် ကုန်ပြီပေါ့ အဲ့ဒီလိုလား”
“ကုန်ပြီလို့တော့ ပြောမရဘူးလေ။ ရွေးကောက်ပွဲတွေရှိနေသမျှ ကျုပ်တို့အလုပ်ကရှိနေရမှာပါ”
“ရွေးကောက်ပွဲတွေ မရှိတော့ရင်ရောဗျ”
“အာဏာရှင်စောင့်ကြည့်ရေးလို လူ့အခွင့်အရေးစောင့်ကြည့်ရေးလိုဟာတွေရှိပါတယ်ဗျ”
“အဲ့ဒါတွေကြည့်ပြီးတော့ရော ဘာလုပ်လဲဗျ”
“ရှေ့မှာပြောခဲ့သလိုပေါ့ဗျာ၊ အစီရင်ခံစာရေးတာ သတင်းထုတ်ပြန်တာတွေလုပ်ရတာပေါ့။ ဒါမှ လူတွေနဲ့နိုင်ငံတွေက သိမှာမဟုတ်လား၊ နို့မို့ဆို ဗမာပြည်မှာ ဘာဖြစ်လို့ဖြစ်နေမှန်း ကမ္ဘာကြီးက ဘယ့်နှယ်လို့သိနိုင်မလဲဗျာ။ အာဏာရှင်တွေကတော့ စောက်မြင်လည်းကပ် မျက်မုန်းလည်း ကျိုးတာပေါ့လေ။ ဒါပေမယ့် မတတ်နိုင်ဘူးဗျာ လုပ်စရာရှိတာတော့လုပ်ရမှာပဲ စောက်မြင်ကပ် မျက်မုန်းကျိုးရုံမကလို့ လဲသေသေဗျာ”
“ဒါဆို ခင်ဗျားတို့မလည်း အလုပ်နဲ့လက်နဲ့ပြတ်ရတယ်လို့ကို မရှိပါလားဗျာ၊ ပင်လည်းပင်ပမ်း လူလည်းစောက်မြင်ကပ်ခံရနဲ့နော်”
“အေးပေါ့ဗျာ အများအတွက်လုပ်နေတာဆိုတော့လည်း အပင်ပမ်းအနစ်နာခံတန် ခံရတာပါပဲ”
“အေးဗျာ ဒါဆိုရင်တော့ ကျနော်နဲ့မကိုက်ဘူးဗျ။ ဝင်မလုပ်ပါရစေနဲ့ဗျာ။ ကိုယ့်ထမင်းကိုယ်စား အပင်ပမ်းအနစ်နာခံပြီးလည်းလုပ်ရသေးတယ် သူတို့စောက်မြင်အကပ်နဲ့ မျက်မုန်းအကျိုးလည်း ခံရသေးတယ် လူထုဘဝလည်း ဘာမှသိတ်မထူးဆိုတော့၊ လူထုဘဝ တိုင်းပြည်အခြေအနေ ထူးထူးခြားခြားအပြောင်းအလဲဖြစ်တယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ”
“ဝင်လုပ်ကြည့်ပါဗျ၊ အနည်းဆုံးတော့ ဘေးကကူပေါ့ဗျာ။ အဲ့သလောက်ကြီးတော့လည်း မဟုတ်ပါဘူး။ လူပဲဗျာ အူမ မတောင့်ရင် သီလမစောင့်နိုင်ဘူးမဟုတ်လား၊ အဲ့သလိုပဲပေါ့ဗျာ လုပ်နေသူတွေမှာ အပင်ပမ်းအနစ်နာ စောက်မြင်ကပ် မျက်မုန်းကျိုးခံရကျိုးနပ်အောင်တော့ ခံစားခွင့်တော့ရှိပါတယ်ဗျ”
“အေးဗျာ ဒါဆိုလည်း မလုပ်ပဲနေပါရစေတော့”
ဇူလိုင် ၄ ၂ဝ၁၅
(မိုင်းဆတ်မပြောင်းချင်ဘူး)
နောက်ဆိုရင် ဗမာပြည်ကနေ
အမေရိကန်ကိုလာလည်မယ့် ပညာတတ်(တက္ကသိုလ်တက်ဖူးသူ) လည်းဖြစ်မယ်၊
နိုင်ငံရေးလည်းစိတ်ဝင်စားမယ်(ကိုယ်တိုင် ထဲထဲဝင်ဝင်လုပ်ဖူးသူတွေအပါအဝင်)
လည်းဖြစ်မယ်၊ လူမှုပြုပြင်ရေးသမား(ကာယကံမြောက်လုပ်လုပ် မလုပ်လုပ်)စိတ်အခံ
ရှိသူမျိုးလည်းဖြစ်မယ်ဆိုရင် လူချင်းမတွေ့ကြခင်(ကြားခံအဆက်ကနေဖြစ်ဖြစ်
ဖုန်းနဲ့ပြောခွင့်ရရင်ဖြစ်ဖြစ်)အရင် မေးချင်တာနဲ့ပြောချင်တာရှိနေပါတယ်။
မေးချင်တာက ဗမာပြည်ကလူတွေနဲ့ ကျနော့်ကို
မိုင်းဆတ်ပြောင်းခိုင်းမလားဖြစ်ပြီး၊ ပြောချင်တာက မိုင်းဆတ်ပြောင်းခိုင်းမယ်ဆို
မပြောင်းနိုင်ဘူးလို့ဖြစ်ပါတယ်။
ဒါဆို စကားဝိုင်းမှာ
မိုင်းဆတ်အကြောင်းမပါတော့မှာမို့ ပြောရဆိုရပိုချောမွေ့သွားမယ်လို့မြင်ပါတယ်။
လူတွေ့တိုင်း မိုင်းဆတ်အတင်းလိုက်ပြောင်းခိုင်းနေရတဲ့
စစ်ဝါဒသွယ်ဝိုက်ဖြန့်ရတဲ့သူတို့ဒုက္ခလည်း သက်သာစရာအကြောင်းမြင်ပါတယ်။
လူတွေ့တိုင်း မိုင်းဆတ်အတင်းလိုက်ပြောင်းခိုင်းနေရတဲ့
စစ်ဝါဒသွယ်ဝိုက်ဖြန့်ရတဲ့သူတို့ဒုက္ခလည်း သက်သာစရာအကြောင်းမြင်ပါတယ်။
သူတို့ပြောင်းခိုင်းတဲ့မိုင်းဆတ်ရဲ့အရင်းခံကို
စေ့စေ့မြင်ပြီး တိုတိုချုပ်လိုက်ရင်“စစ်ဏာရှင်ကို စစ်အာဏာရှင်လိုမြင်နေသမျှ
ဘာမှလုပ်မရဘူး”လို့အဓိပ္ဗါယ်မှတပါး ဘာမှ မထွက်လို့ပါခင်ဗျား။
(မှတ်ချက် မိုင်းဆတ်ဆိုသည်မှာ Mindset ကို
ဗမာလိုအသံထွက်ခြင်းဖြစ်ပါသည်)
ဇူလိုင် ၄ ၂ဝ၁၅
(ဇူလိုင် ၄ မွေးနေ့ရှင်တွေ)
ဒီမနက် အိပ်ယာအထ အီးမေးလ်စစ်တော့ Happy
Birthday America ဆိုပြီး နှုတ်ဆက်ထားတဲ့ အမေရိကန်မိတ်ဆွေတချို့ရဲ့
စာလေးတွေတွေ့တယ်။ ပြီးတော့ မနေ့က မကြည့်ဖြစ်တဲ့ စာတိုက်ပုံးထဲသွားကြည့်တော့
ဖိုတ်ဝိန်းနေ “ဧကကြယ်”အမည်နဲ့ စာ/ကဗျာရေးသူ တယောက်ကပို့ထားတဲ့ ကဗျာတပုဒ်တွေ့တယ်။
ချက်ခြင်းပဲ ဖွင့်ဖေါက်ဖတ်တော့ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်အကြောင်း
လက်ရေးနဲ့ရေးထားတဲ့ကဗျာ ဖြစ်နေတာတွေ့ရပါတယ်။ ပြီးတော့ ကြက်ခြံတံခါးလေးဖွင့်
အစာထည့် ရေလဲလုပ်နေရင်း ပကျိ ပကျိနဲ့အသံလေးတွေ ကြားလိုက်တယ်ထင်ပြီး ဥ ၁၁
လုံးနဲ့ဝပ်နေတဲ့ ကြက်နက်မလေးတင်းကို ကြည့်လိုက်တော့ အမေ့ရင်အုံနဲ့
တောင်ပံအစုံအာက်က ခေါင်းလေးတွေပြူတစ်ပြူတစ် ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့
ကြက်ပေါက်စလေးတွေ မြင်လိုက်ရတယ်။ အသာလေး အမေ့ကိုဖယ်ပြီး ရေကြည့်တော့ ၁ဝ ကောင်
တောင်မှပဲ။ အမဲလေးတွေရော ဂွမ်းဝါဝါလုံးလေးတွေရောပဲ။ ကြည့်နေရင်း ခုန
ဖတ်ခဲ့တဲ့အီးမေးလ်ကို ပြန်သတိရပြီး Happy Birthday Ten More New Hatched လို့
စိတ်ထဲရွတ်မိတာပါပဲ။ အင်း...အမှတ်တရပဲ။
ဇူလိုင် ၄ ၂ဝ၁၅
(စိတ်ထိမ်း သားတို့ စိတ်ထိမ်း)
ခုတလော မေမေ့သားတွေကြည့်ရတာ
သွေးရူးသွေးတမ်း ဖြစ်နေသလိုပဲ။ ခြေမကိုင်မိလက်မကိုင်မိတွေလည်း များလှတယ်။
ကယောင်ခြောက်ခြားတွေလည်း ကဲကဲလာလွန်းတယ်။ စိတ်ထိန်းပါ မေမေ့သားတို့။ စိတ်ထိန်းပါ။
သန်တာ တချို့နေရာတွေမှာ ကောင်းရင်ကောင်းဦးတောင် အဆဲသန်တာတော့
ကောင်းတယ်လို့မထင်ပါ။ အမေ့သားတွေ ဝစီကံ မနောကံ ကာယကံများလည်းထိန်းကြပါ။
သိမ်မွေ့ကြပါ ကိုယ်နှုတ်နှလုံးထိန်းကြပါ မေမေ့သားများ။
ဇွန် ၃ဝ ၂ဝ၁၅
(မြန်မြန်ပြင်နော် မပြင်ရင်)
”၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းပစ်”လိုင်း
တက်လာမစိုးလို့ “မြန်မြန်ပြင်ရေး“လိုင်း ထုတ်လာကြသလားဗျာတို့။
“နိုင်ငံရေးထဲကစစ်တပ်ထွက်သွား လိုင်း တက်လာမစိုးလို့ “အစိတ်သားအမတ်အလိုမရှိ”
ထအော်ပေးရတဲ့ဘဝများလားဗျာတို့။
ကြည့်ရတာ သူတို့ ရုန်းရင်းဆန်ခပ်တွေက
ပျော်စရာကြီး။ ရဲကြီးတွေကလည်း ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်နဲ့။ စစ်တမတ်သားလွှတ်တော်
ကျနော်လည်း မကြိုက်။ စစ်တမတ်သားကို ခြံထဲကမောင်းထုတ်မဟဲ့ဆိုသူတွေ
နဖါးကြိုးတန်းလန်းနဲ့တွေ့တော့ ဆရာဦးဝင်းတင်ကို အောက်မေ့မိအခါခါ။ ခု တကသ က
ကျောင်းသားတွေ နဖါးကြိုးနဲ့ လွဲပါစေ။ဇွန် ၃ဝ ၂ဝ၁၅
(ကေအက်ဖ်စီနဲ့ဒီမိုကရေစီ)
တိုက်တိုက်ဆိုင်ဆိုင်ပဲပြောရမယ်ထင်တယ်။ ကျနော် ကင်န်တပ်ကီပြည်နယ်ကို ခရီး လေးကြိမ်ထွက်ဖူးတယ်။ ၄ ကြိမ်လုံး လည်ချိန်ပတ်ချိန်ရခဲ့ပါတယ်။ ကင်န်တပ်ကီပြည်နယ် လက်ဇင်တန်မြို့နီးချုပ်စပ်က လူသေမမြှုပ်တော့တဲ့သဂျိုင်္င်းဟောင်းလေးတခုအကြောင်းရေးမလို့ တနေ့ကမှ ဓာတ်ပုံဟောင်းတွေပြန်ရှာဖြစ်ပါတယ်။ ကင်န်တပ်ကီနဲ့စပ်တဲ့ တခြား အကြောင်းအရာတွေကတော့ ၅ ပုဒ်လောက်တော့ ရေးဖြစ်ခဲ့တယ်မှတ်တာပဲ။ မှတ်မှတ်ရရ ကြက်ကြော်အကြောင်းတော့ မပါခဲ့ဘူး။ ခေါင်းစဉ်တခုမှာတော့ ကျွန်ဈေး ကြိမ်ဒဏ်နဲ့ကြက်ကြော်တဲ့မြို့လို့တော့ တပ်ဖူးတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲပြောရမယ်ထင်တယ်။ ကျနော် ကင်န်တပ်ကီပြည်နယ်ကို ခရီး လေးကြိမ်ထွက်ဖူးတယ်။ ၄ ကြိမ်လုံး လည်ချိန်ပတ်ချိန်ရခဲ့ပါတယ်။ ကင်န်တပ်ကီပြည်နယ် လက်ဇင်တန်မြို့နီးချုပ်စပ်က လူသေမမြှုပ်တော့တဲ့သဂျိုင်္င်းဟောင်းလေးတခုအကြောင်းရေးမလို့ တနေ့ကမှ ဓာတ်ပုံဟောင်းတွေပြန်ရှာဖြစ်ပါတယ်။ ကင်န်တပ်ကီနဲ့စပ်တဲ့ တခြား အကြောင်းအရာတွေကတော့ ၅ ပုဒ်လောက်တော့ ရေးဖြစ်ခဲ့တယ်မှတ်တာပဲ။ မှတ်မှတ်ရရ ကြက်ကြော်အကြောင်းတော့ မပါခဲ့ဘူး။ ခေါင်းစဉ်တခုမှာတော့ ကျွန်ဈေး ကြိမ်ဒဏ်နဲ့ကြက်ကြော်တဲ့မြို့လို့တော့ တပ်ဖူးတယ်။
ခု ရွှေပြည်ကြီးမှာ
ကင်န်တပ်ကီကြက်ကြော်ဆိုင်ဖွင့်တဲ့အကြောင်း ဝယ်သူတွေများလို့ လူဦးရေခွဲတမ်းချရောင်းရတဲ့အကြောင်း
တံခါးပိတ်လိုက်လို့ ဆိုင့်အပြင်မှာ လူတွေ တန်းစီတိုးကြိတ်နေကြောင်း
ဓာတ်ပုံတွေသတင်းတွေ မြင်ရဖတ်ရပါတယ်။ အနိမ့်ဆုံးလုပ်ခ တနေ့ဘယ်ရွေ့ဘယ်မျှနဲ့
ဘဝအသက်ဆက်နေကြရသူတွေတော့ ဆိုင်နားတောင် သီဖို့မလွယ်ပါ။ ဆင်းရဲသားတွေပါစားနိုင်တဲ့
အနေအထားမျိုးဖြစ်အောင်ဆို နောက် ဘယ်နှဆယ်စုလောက်တောင် စောင့်ရဦးမလဲမပြောတတ်ပါ။
ကျနော်ကတော့ စားဖူးပြီး သိတ်မကြိုက်လှသူမို့ မကောင်းဘူးကောင်းတယ် ဘာမှမပြောလိုပါ။
စားလိုသူတိုင်း စားရစေ့ချင်တဲ့စိတ်တော့ ရင်ထဲမှာရှိပါတယ်။ အဝမဟုတ်တောင်
စားချင်တဲ့အခါ တဆွဲလောက်ဆွဲလာပြီး မိသားစုလေးဝိုင်းထိုင်ဝေမျှ ရော့ဟဲ့ နင်တဖဲ့
ငါတဖတ်လောက်လေးဖြစ်ဖြစ် စားရစေ့ချင်ပါတယ်။
အမေရိကန်ကလူတွေနဲ့တော့ နှိုင်းမပြောလိုပါ။
အမေဒီရောက်စက သူ့မြေးတွေ အသားငါးကြက်ကြော်ကြက်သားစားပုံကြည့်ပြီး လန့်သွားပုံပါပဲ။
"မင်းနှယ်ကွာ ၁၅ ကျပ်သား နှစ်ဆယ်သားလောက်ရှိတဲ့ ကြက်ပေါင်ကြီး ၄-၅
ချောင်းကိုများ ကင်ကက်ပြီးအချဉ်ရည်နဲ့တို့တို့ စားပလိုက်တာ
တထိုင်တည်းနဲ့"လို့ ပြောတော့ ကျနော်က "အမေရာ သူတို့ စားကျင့်သောက်ကျင့်က
ကျနော်တို့အမေတို့လိုမှမဟုတ်တာ" လို့ပြန်ဖြေပြောလေးပြောပြတော့ အမေက
"အင်း..တို့ဆီမှာဆို အဲ့ဒီပေါင် တပေါင်လောက်ကို တုံးတစ်ပြီး အာလူးလေး ၃-၎
လုံးလောက်နဲ့ အရည်စပ်စပ် ဆီပြန်ရေကျန်လေးချက် ဟင်းချိုလေးတခွက်နဲ့ဆို တို့သားအမိ ၃
ယောက် ညမနက်စားလို့ရတာ"လို့ပြောတော့မှ "အမေရေ နားအလည်အလွယ်ဆုံးပြောရရင်
ကျနော်တို့က ကြက်သားကို ဟင်းလုပ်စားရပြီး၊ သူတို့က ကြက်သားကို
ထမင်းလုပ်စားနေကြတာဗျ"လို့ဆိုတော့ အမေမျက်လုံးအပြူးက
နည်နည်းပြန်ကျဉ်းသွားတယ်။ ဒါပေမယ့် ဆက်ပြောတယ် အေးလေ ဒါ့ကြောင့် သူတို့
လူကောင်ကြီးတွေကြည့်ပါဦး။ ဝတုတ်ကြီးတွေ။ အဆီပိုအသားပိုတွေနဲ့
ရောဂါဘယတွေလည်းများကြမယ်ထင်တယ်"လို့ မှတ်ချက်ချပြီး ပွဲပြီးသွားတယ်။
ကျနော့်ရင်ထဲမှာ
ကြက်သားကိုထမင်းလုပ်စားရတဲ့လူတွေဘဝ ရတာမရာ ရောက်တာမရောက်တာထက်
အာလူးရောကြက်သားဟင်းဆီပြန်ရေကျန်လေးနဲ့ ထမင်းနပ်မှန်ရေလက်ချန်လေးနဲ့
စိတ်လုံလုံခြုံခြုံဘဝလုံလုံခြုံခြုံ
မိသားစုသိုက်သိုက်မြုံမြုံလေးတွေနဲ့နေရတယ်ဆိုရင်ပဲ
မဆိုးလှပါဘူးလို့တွေးနေမိတာပါပဲ။
စစ်လက်ဝါးကြီးအုပ်ဓနရှင်ဗျူရိုကရေစီယန္တယားကြီးရှိနေသရွေ့ကတော့
လူဆင်းရဲတွေ ဒီမိုကရေစီရော ကေအက်ဖ်စီပါ ဝကြဖို့လမ်း ဘယ်မမြင်ပါဘူး။ ဇွန် ၃ဝ ၂ဝ၁၅
(ကောက်မကြည့်သင့်ဘူးလား)
တူတော့မတူဘူး ဒါပေမယ့် တွေးထောင့်တခုက
မြင်ကြည့်တာပါ။
ခြေဥပြင်မယ်ဆိုပြီး လွှတ်တော်ထဲဝင်တယ်။
ဘာမှလုပ်မရတော့မှ လူထုသဘောထားယူသလိုလိုနဲ့ ပြင်ရေးထောက်ခံလက်မှတ်တွေတောင်းခံတယ်။
လူထုက ထင်တာထက်တောင် ပို အားတက်သရောနဲ့ ထိုးပေးခဲ့ကြတယ်။ ပြင်လို့ရတာမရတာကတော့
အများသိပြီးသားပါ။
၂ဝ၁၅ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးရော
လူထုသဘောထား တောင်းခံကြည့်သင့်တယ်လို့ မထင်ဘူးလား။
ဇွန် ၂၉ ၂ဝ၁၅
(အိမ်ဝယ်တဲ့အပြင်)
၂ဝဝ၈ ဖွဲစည်းပုံပြင်ရေးက အမေရိကန်မှာ
အိမ်အသစ်ကျပ်ချွတ်တလုံးကို နှစ်သုံးဆယ်စာချုပ်နဲ့ ဝယ်သလိုပဲဗျ။
အိမ် တကယ့်တန်ဖိုးကတစ်သိန်းဆို
နှစ်သုံးဆယ်မှာ ဘဏ်တိုးကတစ်သိန်း ၂ သောင်းကျော်ပေါ့။ သဘောက တစ်သိန်းတန်အိမ်ကို ၂
သိန်း ၂ သောင်းလောက် ပေးဝယ်ရတာမျိုးပါ။ မြေခွန်(ပိုင်ဆိုင်မှုအခွန်)လည်း
ဆောင်ရပါတယ်။ ပါ့ဘလစ်ကျောင်းနားနီးရင် ကျောင်းကြေးလည်းဆောင်ရပါတယ်။
ကြားထဲမှာဘာမှမဖြစ်လို့ နှစ်သုံးဆယ်ကြတဲ့အခါ အိမ်ကို ကိုယ်တော့ပိုင်သွားပြီ။
ဒါပေမယ့် အဲ့အချိန်မျာ အိမ်ဟာ လူနေလို့တော့ရပါသေးရဲ့ အပေါက်အပြဲ အဖာအထေးတွေ လေမလုံ အအေးမလုံ အပူမလုံ ရေဆိုးစွန့်စနစ်ပျက်
ရေကောင်းအဝင်မကောင်း ခနော်နီခနော်နဲ့တွေနဲ့ ကုန်လိုက်တဲ့ပိုက်ဆံမှ။ တက်လာလိုက်တဲ့
မီးဖိုးရေဖိုးတွေမှ။ အိမ်တဆောင်ဟာ မီးတပြောင်တပြောင်ြ ဖစ်ရင်ဖြစ်နေမှာမှန်ပေမယ့်
ပြိုင်းပြိုင်းကျသွားပါပြီ။ အရိုးစုလို ချုံးချုံးကျသွားပါပြီ။
ဇရပ်ပျက်သာသာပဲကျန်ပါတယ်။
ဘဲဥသေတ္တာအစုပ်ကို
ဆေးသုတ်နေရတဲ့သဘောလောက်ပါပဲ။ အဲ့ဒါတွေ ပြန်ဖါရင်းထေးရင်း ကြံ့ခိုင်ရေးလုပ်ရင်း
ကုန်လိုက်တဲ့ငွေမှ သောက်သောက်လဲ။ အဲ့ဒီအခြေအနေရောက်တဲ့အခါ အိမ်ဟောင်းပြင်နေရတာထက်
အိမ်သစ်ဝယ်လိုက်ရတာမှကောင်းသေးဆိုပြီး ကိုယ်ပိုင်လိုက်တဲ့အိမ်ကို
ရတဲ့ဈေးနဲ့ရောင်းထုတ် နောက်အိမ်သစ်တလုံးဝယ်။ မသေလို့ နောက် နှစ် သုံးဆယ်ကြာတဲ့အခါ
နောက်တလုံး။ ဒီလိုနဲ့ ခင်ဗျား ရှာလို့ရသမျှငွေဟာ ဘဏ်တွေ အပေါင်ခံလုပ်ငန်းတွေနဲ့
ဘဏ္ဏာအရင်းရှင်တွေဆီ အတိုးရော အရင်းရော အတိုးအရင်းပေါင်းရော အတိုးပေါ်အတိုးရော
ထိုးပေးရင်းပေးရင်း ခင်ဗျားသေသွားတာပါပဲ။ အဲ့သလိုနဲ့ ခင်ဗျားငွေ ခင်ဗျားဘဝ
လိပ်ပတ်လည်သွားတာပါပဲ။ သေအောင်ရှာ သာမန်အလုပ်သမားဘဝနဲ့သေအောင်လုပ် မိလျံနာမဖြစ်ပဲ
ခင်ဗျားဘဝပြီးသွားတာပါပဲ။ နောက်ဆုံး မသေခင်မှာ လူအိုရုံသွားနေ သေတော့
အသုဘစားရိတ်နဲ့ ကျောတခင်းစာမြေလေးကို ဒေါ်လာ ၅ ထောင်လောက်နဲ့ထပ်ဝယ်ပြီး ဘဝက
ဘယ်မှန်းမသိတာဆီမှာ နိဂျုံးချုပ်ပါတယ်။
လူတွေကို နှစ်သုံးဆယ်ထက်
ပိုမမျှော်လင့်မိအောင် အိမ်ကို နှစ်ဆုံးဆယ်ထက် ပိုမပိုင်မိရအောင်
စနစ်တကျတွက်ချက်ပြီး လုပ်ထားတာပါ။ မသေခင် ခင်ဗျားကတော့ အိမ်တလုံးပိုင်သွားတယ်လို့
ကိုယ့်ဘာသာ ထင်ချင်စရာပါပဲ။ ဒါဆို ဘာလို့ အိမ်ဝယ်နေမလဲဗျာ အပါ့တ်မင်န့်မှာပဲနေရောပေါ့လို့
ပြောစရာရှိတယ်။ အဖြေက အပါ့တ်မင်န့်မှာ မနေချင်လို့မှ အိမ်ဝယ်နေတာပါဆိုတာလောက်ပါပဲ။
သဘောကတော့ အပါ့တ်မင်န့်မှာနေရတာက သူများအိမ်ကိုငှားနေရတာဖြစ်ပြီး
ဝယ်တဲ့အိမ်မှာနေရတာကတော့ ကိုယ့်အိမ် ကိုယ်ပြန်ငှားနေရတဲ့သဘောပဲ။ ကားလည်း
ဒီအတိုင်းပါပဲ။ မိုင် နှစ်သိန်းမောင်းပြီးတဲ့ကားကို ဘယ်သူမှ
စောက်ဖက်မလုပ်ကြတော့ပါဘူး။
ရွှေပြည်ကြီးက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးဟာ
တနေ့အလုပ်မဟုတ်ဘူးဆိုတာ ကျနော် သဘောတူပါတယ်။ ဆွဲတုန်းကလည်း
တနေ့တည်းဆွဲခဲ့တာမှမဟုတ်တာ။ ထောင့်စေ့အောင် လုပ်တဲ့ကြားက
ထပ်ဖြည့်စရာပြင်စရာတွေရှိမှန်း စစ်အုပ်စုလည်းသိပါတယ်။ သိလို့လည်း ရွေးကောက်ပွဲတွေ
လွှတ်တော်တွေ ဖွဲ့စည်းပုံခုံရုံးတွေ အစိုးရတွေ လုပ်ပေးထားတာပါ။
တနေ့တည်းအလုပ်မဟုတ်လို့ အလုပ်ပေးထားတာပါ။ နှစ် သုံးဆယ်စာ အရင်း အတိုး
အတိုးပေါ်အတိုး အခွန်အခပေါင်းစုံ ထည့်တွက်ပြီးသားပါ။ နှစ်ဆုံးဆယ်စေ့လို့
ပြင်နိုင်တဲ့အချိန်ကြ တိုင်းပြည်က ခုထက်ပို ချုံးချုံးကျပါပြီ။
အမေရိကန်ဆိုတာ သံရိုက်တဲ့တူတောင်
သုံးသုံးမသုံးမသုံး တနှစ်ပြည့်တဲ့အခါ သုံးမရအောင်လုပ်ထားတဲ့ပြည်ပါ။
ကွန်ပြူတာပျက်ရင်ပြင်တာထက် အသစ်ဝယ်တာက ပိုကောင်းအောင်လုပ်ထားတဲ့နိုင်ငံပါ။
၂ဝဝ၈ ဖွဲ့စည်းပုံဟာ
အငှားချထားတဲ့စာချုပ်ပါ။ ပြင်ရမယ့်အရာမဟုတ်ပါ။ ဖျက်ရမယ့်ကိစ္စပါ။ ဇွန် ၂၅ ၂ဝ၁၅
(အမေရှိရင် ရေရှိတယ်)
“လွှတ်တော်ထဲကနေ ခြေဥပြင်ရေးကိစ္စတော့
တဇာတ်သိမ်းပြီထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်မယ်ထင်လဲဗျ”လို့
ခုထိအင်န်အယ်လ်ဒီမှာဆက်ရှိနေဆဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်းတယောက်ကို မေးကြည့်တော့
”အမေကတော့ ရှင်းပါတယ်။ အရှိကိုအရှိအတိုင်း လက်ခံမှာပါ။ နောက်ပြီး ဒီမိုကရေစီကို
ယုံကြည်သူမဟုတ်လား။ အများစုသဘောထားကို အမေ နာခံရမှာပေါ့။ ပြင်ရေးဆိုတဲ့
ကိုယ့်မူတော့ ကိုယ် ဆက် ဆုပ်ကိုင်ထားရမှာပဲလေဗျာ။ အများဆုံးဖြတ်ချက်ကို
ဂွတိုက်လို့မဖြစ်ဘူးလေ။ လုပ်မိရင် ဒီမိုကရေစီယဉ်ကျေးမှုနဲ့သွေဖီရုံမက
နောင်လာနောက်သားတွေကိုပါ ဒီမိုကရေစီကို
ဖျက်လိုဖျက်ဆီးပြုတဲ့ အကျင့်ဆိုးညဉ်ဆိုးတွေ နမူနာပေးသလိုဖြစ်သွားမှာပေါ့။ ပြီးတော့
ဆိုင်းဘုတ်အမျိုးမျိုး ထပ်ကပ်ကြဦးမှာလေ။ ခင်ဗျားတို့အဲ့သလောက်အထိ တွေးမိလို့လား။
ကျနော်တို့ကတော့ဗျာ အမေ သမ္မတဖြစ်ဖြစ် မဖြစ်ဖြစ်ပါ၊ လွှတ်တော်ထဲ
အမေရှိနေရုံလေးနဲ့တင် အားရကြေနပ်လှပြီ။ ခင်ဗျားတို့သာ ဒီမိုကရေစီ
ဒီမိုကရေစီပြောနေပြီး လက်တွေ့မကျင့်သုံးသူတွေလိုဖြစ်နေကြတာဗျ”လို့ ပြန်ဖြေတယ်။
အရင်တုန်းက သူလည်း ကျနော်တို့နည်းတူ
ဒေါ်အောင်ဆန်းစုကြည်ကို အန်တီလို့ရှေ့မှာခေါ်ပြီး ကွယ်ရာမှာ အဖွားကြီး ဒါမှမဟုတ် ဘွားတော်လို့ခေါ်သူပါပဲ။
အဲ့ဒီတုန်းကတော့ သူလည်း နွမ်းပါးရှာပါတယ်။ ကိုယ့်ထမင်းကိုယ်စားရင်း
ဆင်းဆင်းရဲရဲနိုင်ငံရေးလုပ်သူပါပဲ။ အဖမ်းတွေဘာတွေတော့ မခံရဖူးဘူး။
ဇွန် ၂၅ ၂ဝ၁၅
(ကြောင်သူတော်ကို ဖြည်ပြခြင်း)
ဒီဘက်ခေတ် သတင်းမီဒီယာ
ထိုက်သလောက်ဖြေလျှော့ထားပေးချိန်မှာ ဘာမဏ္ဍိုင်ညာမဏ္ဍိုင်နဲ့ကြုံးဝါးသူတွေ
လက်သင့်ရာစားတော်ခေါ်ဆုတံဆိပ်နဲ့ပွဲခံနေသူတွေ စင်ပေါ်တက်မိုက်ကိုင်သူတွေ
နံမည်ကြီးတွေနဲ့ပွဲတက်ဓာတ်တွဲပုံရိုက်ခံသူတွေထက်စာရင် ဘဘ ဘဘနဲ့
ကြောင်သူတော်လုပ်နေတဲ့ ခင်ညွန့်လိုအကောင် အထုတ်ပြည်သထက်ပြည်အောင်
ရွံ့ရွံ့နဲ့မေးဝံ့တဲ့ အညတရ သတင်းသမားလေးတွေကို ပိုလေးစားတန်ဖိုးပါတယ်။ ခင်ညွန့်ဆိုတဲ့အကောင်
ဟိုတခေါက်တုန်းကလည်း ဘုရားရွှေချတာ ထေရဝါဒဗုဒ္ဓဘာသာအလုပ်ဆိုပြီး ဘဘတို့က ဘဘတို့ကနဲ့
လူယောင်ဆောင်နေရာက မီဒီယာက ကလေးမလေးတယောက် ထောက်လည်းမေးရော
ပါးစပ်ကခွေးစကားထွက်လာတာပဲ။ ခုလည်းကြည့် ဒေါ်သတွေပေါက်ကွဲ စစ်မန်တွေတက်ပြီး
ချီးပုံပြေးဟပ်ပြပြန်ပြီ။ မီဒီယာတွေ အဲ့သလိုကောင်တွေနဲ့ များများတွေ့
များများမေးလေလေ စစ်အာဏာရှင်သရုပ်တွေ ပွင့်ကျလေလေ။ ခွေးပါးစပ်က ခွေးစကားထွက်လေ။
ကျည်ထောက်ထဲမှာတောင် ကောက်နေတဲ့အမြီးတွေ တွေ့ရလေလေ။ဇွန် ၂၄ ၂ဝ၁၅
(နွယ်မြက်သစ်ပင် ဆေးဘက်ဝင်)
မနှစ်က တပင်ကို ၃ ဒေါ်လာနဲ့
တဇောင်းလက်ပတ်(ရှားဇောင်းလက်ပတ်လည်းခေါ်ကြတဲ့) အပင်ပေါက်လေးတပင်ဝယ်ပြီး
အိမ်ထဲစိုက်အပင်အဖြစ် ပန်းအိုးလေးထဲထည့်စိုက်တာဗျာ အပင်သစ်တွေပွားပွားပြီး
ပန်းအိုးပြည့်တော့မယ်။ ညက အဲ့အပင်လေးထိုင်ကြည့်ကြရင်း ဆေးဘက်ဝင်အပင်ဖြစ်ကြောင်း
ဘာကောင်းကောင်း ညာကောင်းကြောင်းတွေ တယောက်တလှည့်ပြောကြရင်း ကျနော်က
ပညာယှိစတိုင်လ်ဖမ်းပြီး “ကတိသစ္စာတည်သောခါ သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင်
ဆေးဘက်ဝင်၏” ဆိုပြီး ရွတ်လည်းရွတ်ပြ ဒါဒို့ဗမာကွဆိုတဲ့အထာနဲ့ ဟိတ်တာပေါ့ဗျာ။
ဘာသာတွေဘာတွေလည်း ကျကျနနပြန်ပြတာပေါ့။ ဒို့ဆိုရိုးမှာ
ဒီလိုရှိတယ်ဆိုတာလည်းပါသပေါ့။ ကျနော့်စကားလည်းဆုံးရော မယ်မင်းကြီးမက “ဟင်..ဒါဆို
နင်တို့တိုင်းပြည်မှာ ဘာပင်မှ ဆေးဘက်ဝင်မှာ မဟုတ်တော့ဘူးနော်”တဲ့။ ကျနော်က
“ဘာဖြစ်လို့လဲ”လည်းမေးတော့ “နင်တို့ပြည်ကအစိုးရအဆက်ဆက် ဘယ်တုန်းကများ
ကတိတည်တာရှိဖူးလို့လဲ”တဲ့ကျနော်လည်း သေဟနန္ဒိယဆိုပြီး ကိုယ့်နဖူးကိုယ်သာ
ဗြန်းကနဲရိုက်ချလိုက်ချင်စိတ်ပေါက်မိတာပဲ။ ဇွန် ၂၄ ၂ဝ၁၅
(ကွန်မြူနစ်တွေနဲ့ မပေါင်းနဲ့)
ဒီနေ့ (၆ လပိုင်း ၂၃ ရက် ၂ဝ၁၅) အမေ
အမေရိကန်နိုင်ငံသားစာမေးပွဲသွားဖြေတာ အောင်တယ်။ ကျမ်းတော့ နောက် လလောက်မှ
ကျိန်ရမှာပါ။ အမေ့အသက် ၈၃ ထဲရောက်ပြီ။ အိုမင်းလှပြီ။
စစ်တဲ့လူဝင်မှုအရာရှိက မေးခွန်းတွေမေးရင်း
တနေရာရောက်တော့ “စစ်တွေဘာတွေများဖြစ်လို့ တိုင်းပြည်အတွက်လိုအပ်တဲ့အခါ
အမေရိကန်ပြည်ထောင်စုဘက်က ဝင်တိုက်မှာလား” ဆိုတဲ့သဘော အမေနားလည်လွယ်အောင်
ဖြည်းဖြည်းမေးတယ်။ အမေနားမလည်ဘူး။ ဒါနဲ့ ကျနော်က “ငါ ဒါလည်း
စကားပြန်ပေးရမှာပဲလား”ဆိုတော့ သူက ရယ်ကျဲကျဲနဲ့ “အဟဲ မေးရမှာမို့သာ မေးရတာ
ပြန်ကွာ”တဲ့။ ပြန်လည်းပေးရော အမေက ပြုံးတုံးတုံးနဲ့
“အင်း”တဲ့။ သူက နောက်တကြိမ်ထပ် “အဟဲ”ဆိုပြီး ပခုန်းတွန့်ပြတယ်။
ကျနော် “ဟဲဟဲ”ဖြစ်ရတဲ့မေးခွန်းလည်း ရှိသေးတယ်။
အမေ့ကို သူက “ကွန်မြူနစ်တွေနဲ့ အဆက်အသွယ် လုပ်နေတာရှိသလား”ဆိုတော့ အမေက
“မရှိပါဘူး”တဲ့။ ကျနော့်ပါးစပ်က “ဟဲဟဲ”လို့ ထွက်သွားတယ်။ ကျနော်
နိုင်ငံသားဖြေတုန်းက “ကွန်မြူနစ်တွေနဲ့အဆက်အသွယ် လုပ်ခဲ့ဖူးလား”တဲ့ ကျနော်က
“ငါထောင်ကျတာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လျှို့ဝှက်ဆက်သွယ်ပြီး
မြေအောက်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့လို့ပဲ” လို့ပြောတော့ အရာရှိမက “သိပါတယ်
မင်း ကိုယ်ရေးအချက်အလက် ငါတို့ဆီမှာ ရှိပြီးသားပါ”လို့ ဒါလေးများ
ကမ္ဘာအေးသွားဆိုတဲ့ မျက်နှာပေးနဲ့ပြန်ဖြေတယ်။
ဒီ ထွက်မလာခင် ထိုင်းမှာ
အင်တာဗျူးလုပ်တုန်းက အမိမြေလုံခြုံရေးဝန်ကြီးဌာနကအရာရှိက
စီအိုင်အေစတိုင်လ်နဲ့“မင်း ကွန်မြူနစ်ပါတီနဲ့အဆက်အသွယ်လုပ်ခဲ့တာ
ငါတို့သိတယ်”ဆိုပြီး ငါသိပါတယ် သာလိကာရယ်အထာနဲ့မေးတယ်။ ကျနော်က “ငါ
ယူအင်န်အင်တာဗျူး ကတည်းက အဲ့ဒါတွေ ပေးထားပြီးသားပဲလေ”ဆိုတော့
ကျနော့်မျက်နှာမကြည့်ပဲ “အဟမ် အဟမ်”တဲ့။
ကဲ့ကြည့် သားအမိ ၂ ယောက်
နိုင်ငံသားဖြေကြတာ အဟဲရယ် အင်းရယ် ဟဲဟဲရယ် အဟမ်အဟမ်ရယ်နဲ့။ ဇွန် ၂၃ ၂ဝ၁၅
(အိုးချင်းထိတာတဲ့)
"အညာမှာနေရင် ရှင်နဲ့
ညားရင်ညားမှာပေါ့"က ဒေါက်တာမိုက်ကယ်လ်အဲရစ်ကို ဘာ့ကြောင့်
အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့သလဲရဲ့ မှန်ကန်ရိုးသားတဲ့အဖြေမဟုတ်ဘူး။ ဒီအဖြေက
ဘာနဲ့တူသလဲဆိုတော့ ဆတ်စလူးထနေချိန်မို့ နီးရာလူနဲ့သံဝါသပြုမိလိုက်တာပါ
ဆိုတဲ့သဘောအထိ ရောက်နေတယ်။ မိမိကိုယ်မိမိ အပေါစားဆန်ရာရောက်သလို
မိမိအိမ်ထောင်ဖက်ကိုလည်း မလေးမစားပြုရာကျတယ်။ မမှန်တဲ့ဆင်ခြေမှန်း
မဟုတ်တဲ့အဖြေမှန်း ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သိနိုင်တာပါပဲ။
အမေရိကန်နေပြီး
ဗမာပြည်သားအချင်းချင်းပြန်ညားကြတာတာတွေရှိသလို ဗမာပြည်သားမဟုတ်သူတွေနဲ့
အိမ်ထောင်ပြုကြတာတွေလည်းရှိတာပဲ။
အိမ်ထောင်ပြုတယ်ဆိုတာ
(အများစုကြီးမှာ)ချစ်ခြင်းမေတ္တာ လူသားခြင်းမြတ်နိုးတွယ်တာမှု အသိဉာဏ်ပညာနဲ့
အပြန်အလှန်နားလည်မှုကိုအခြေပြုတဲ့ လိင်မှုဘဝ စီးပွားရေးဘဝ
မျိုးဆက်ပြန့်ပွားလိုမှုစတာတွေနဲ့ အိမ်ထောင်သည်ဘဝ တည်ဆောက်လိုခြင်းသာဖြစ်တယ်။
ရွှေပြည်ကြီးမှာလည်း အလားတူအတွေးအခေါ်အသိအမြင်တွေ ပွင့်လင်းကျယ်ပြန့်လာဖို့
ခေါင်းဆောင်တွေက လူထုကိုပွင့်ပွင့်လင်းလင်းပြောပြရင်း လူသားအတွေးအခေါ်
တပ်ဆင်ပေးရမယ်။ တပ်ဆင်ပေးဖို့လိုတယ်။
လူသားအချင်းချင်း ချစ်ခင်စုံမက်ကြ
အိမ်ထောင်သားမွေးလုပ်ကြတာဟာ မကောင်းမှုလုပ်တာမှ မဟုတ်ပဲ။ လူဟာလူလိုနေလိုစိတ်
အရင်းခံကိစ္စပဲ။ ကိုယ့်အိမ်ထောင်ဖက် ကိုယ့်ချစ်သူ ဘယ်သူဖြစ်ဖြစ် ဘာလူမျိုးဖြစ်ဖြစ်
ဘယ်နိုင်ငံမှာနေနေ ဘာ ဘာသာကိုးကွယ်သူဖြစ်ဖြစ် တကယ်ချစ်တယ်ဆို မြတ်နိုးတနာနဲ့
ရဲရဲဝံ့ဝံ့ပြောဖို့ပဲ။ အိမ်ထောင်ဖက်ရွေးချယ်မှုဟာ လူသားတိုင်းရဲ့
အခြေခံအကျဆုံးလူ့အခွင့်အရေးဖြစ်တယ်ဆိုတာ အတိအလင်းချပြဖို့ပဲ။
ကိုယ့်ချစ်သူ ကိုယ့်အိမ်ထောင်ဖက်ကို
ကိုယ့်စိတ်အလို ကိုယ့်အသိဉာဏ်ပညာ ကိုယ့်ချစ်ခြင်းမေတ္တာနဲ့ ရွေးချယ်လက်ခံခဲ့တာလို့
အရင်းခံအတိုင်းပြောခြင်းဟာ ကိုယ့်အိမ်ထောင်ဖက်အပေါ် မစော်ကားမိရာရောက်သလို
လူမျိုးဘာသာအစွန်းရောက် အတွေးအခေါ်ကိုလည်း တိုက်ချွတ်ချေဖျက်ပြီးဖြစ်တယ်။
ဒေါ်စု အခု သူ့အိမ်ထောင်ရေးနဲ့ပတ်သက်လို့
အတိုက်အခိုက်အထိုးအနှက်ခံနေရတာတွေဟာ မိမိကိုယ်ကိုမိမိ မရိုးဖြောင့်မှုရဲ့ဒဏ်တွေပဲ။
ဇွန် ၂၂ ၂ဝ၁၅
(ရှင်ဒိဿပြမောက်ကိုရှက်စရာ)
ပါမောက္ခဆိုတဲ့ သင်္ကန်းခြုံအကြမ်းဖက်ကောင်
ကျနော်နဲ့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေဖြစ်ဖူးတယ်။ သူ့ဘက်က ရီကွပ်စ်လုပ်တာပါ။
အပြန်အလှန်စကားပြောဖြစ်တိုင်း တယောက်နဲ့တယောက် အပေါက်လမ်းတည့်တယ်ရယ်လို့ တခါမှ
မရှိဖူးဘူး။ ရှိစရာလည်း ဘယ့်နှယ်လို့ ရှိနိုင်ပါ့မလဲ။ နောက်ဆုံး ခွာပြဲတာက ဒီလို။
တနေ့သူကပြောတယ် "မင်းက ဘာသာမဲ့ဆိုတော့ပြောရခက်တယ်။ ဒါပေမယ့်
မေးတော့ကြည့်ချင်တယ်"တဲ့။ "မေးလေ ဦးဇင်း"ဆိုတော့ "မင်းသာ
ဗုဒ္ဓဘာသာဆို ခုနေ ဘာလုပ်မလဲ"တဲ့ ဒါနဲ့ "ဦးဇင်းလိုပဲ သင်္ကန်းစည်းစားမှာပေါ့"ဆိုတော့
"မအေလိုး ခွေးကုလား"ဆိုပြီး ဘလော့က်သွားတယ်။ ဉာဏ်နည်းပုံများပြောပါတယ်
ရွဲ့လို့ရွဲ့မှန်းတောင်မသိ။ ဒါ့ကြောင့် မဘသမှာ လူကြီးဖြစ်တာ။ ဇွန် ၂၂ ၂ဝ၁၅
(ပြည်တော်တဲ့အခါ)
တချိန်ချိန်ကြ ရွှေပြည်ကြီးကို
ကိုယ့်အိမ်ကိုယ့်ယာလို ပြန်လာဖို့အမြဲတွေးတယ်။ ချက်မြုတ်ရာမှာ ခေါင်းချဖို့တော့
မဟုတ်ချေဘူး။ သူငယ်ချင်းတွေ မိတ်ဆွေတွေ ဆွေမျိုးတွေ ရပ်ဆွေရပ်မျိုးတွေအပါအဝင် မင်း
ပြန်လွတ်လာပြန်ပြီနော်လို့ မဝံ့မရဲနှုတ်ဆက်ခဲ့ဖူးသူတွေနဲ့ပါ စကားတွေ
အားပါတရပြောမယ်။ ခုထိ နိုင်ငံရေးထဲ(စစ်အာဏာရှင်စနစ်
ဆန့်ကျင်တိုက်ဖျက်ရေးထဲ)ရှိနေတဲ့ ခံဖော်ခံဖက် ရဲဖော်ရဲဖက်တွေနဲ့ အနာဖေး အတူခွာကြမယ်။
ဖြစ်သူအဟောင်းဝါဒကို တို့ကျင့်သုံးကြမယ်။ ငါတို့ကို နားလည်ပါကွာဆိုခဲ့ဖူးလေသူဆို
ဆွေမျိုးရင်းချာကအစရှောင်ကြဉ်မယ်။ ဇွန် ၂၂ ၂ဝ၁၅
(မတရားမှုဟာ နေရာတကာ)
အင်န်အယ်လ်ဒီက
အတိုက်အခံ(ပဲထားပါတော့)အဖြစ် ရွေးကောက်ပွဲဝင်မှာလား။ ဒါမှမဟုတ်
ရွေးကောက်ပွဲကော်မရှင်အလုပ် လုပ်မှာလားက ခုထိ မသဲကွဲသေးပါ။ မဲစာရင်း လူစာရင်း
လုပ်ထုံးလုပ်နည်း ဥပဒေ စည်းမျဉ်းစည်းကမ်းတွေမကိုက်ညီဘူး မှားယွင်းနေတယ်ဆိုရင်
ကျကျနန အချက်အလက်နဲ့ထောက်ပြပြီး ကန့်ကွက်တာ အရေးဆိုတာ ဆန့်ကျင်တာ
(လိုအပ်ရင်)ရွေးကောက်ပွဲမဝင်တာအထိ လုပ်လို့ရတာပဲဟာ။ ခု ဖြစ်နေပုံက ရွေးကောက်ပွဲ
မဝင်လိုက်ရမှာစိုးလို့ မရောင်းဘူးပြောနေသူကို ချိန်သာချိန်ပါပြောနေတာလိုလို
စစ်အုပ်စုနဲ့(တင်အေးကော်မရှင်နဲ့)နိုင်ငံရေး (နွားမြိုင်)
နမြိုင်ပဲထနေတာလိုလိုနဲ့။
မှတ်ထား မတရားမှုဆိုတာ
ရွေးကောက်ပွဲတခုတည်းအပေါ်မှာမှလုပ်နေတာ မဟုတ်ဘူး။ ဇွန် ၂၂ ၂ဝ၁၅
(စိတ်ကူးနဲ့ရိုက်တဲ့ဖဲတောင် မနိုင်ရှာ)
စစ်အုပ်စုက အာဏာနဲ့ပတ်သက်ရင် မလုပ်ရဲတာ
မလုပ်ဝံ့တာ မလုပ်ရက်တာဘာမှမရှိ။ လာမယ့်ရွေးကောက်ပွဲ(ဖြစ်ခဲ့ရင်)မှာ
ဘာတွေလုပ်မယ်ဆိုတာလည်း လူတိုင်းသိနေတာပဲ။ လုပ်တာကတော့ အကုန်လုပ်မှာပဲ။
ကမ်းကုန်အောင် ရစရာမရှိအောင်ကို လုပ်မှာပဲ။၂ဝဝ၈ ခံစစ်စည်းကျိုးဖို့မပြောနဲ့
တိုက်စစ်အဖြစ်တောင်ပြောင်းယူဖို့ ကြိုးစားမှာပဲ။
အင်န်အယ်လ်ဒီကလည်း
လိုက်ပါရစေရွှေနွယ်ရိုးရယ်မူနဲ့ ရတဲ့နေရာဆွဲပြီး ဒယဥ့်တိုက် ငမ်းငမ်းတက်
လိုက်မယ်ထင်တာပဲ။ ရလဒ်ဟာ ၉ဝ တုန်းကလို (ဖွဲ့စည်းပုံကိုယ့်လက်နဲ့ဆွဲပြီး အာဏာ ၃
ရပ်လုံးလည်း ရနိုင်ခြေလည်းရှိတဲ့)တောင်ပြိုကမ်းပြိုတော့
ဘယ်နည်းနဲ့မှမဖြစ်နိုင်။
အလားတူပဲ ကြားဖြတ် ၄၄
နေရာအတွက်(သူ့ဖွဲ့စည်းပုံအောက် ဒူးတုပ်ခေါင်းငုံ့ပြီး
ဘာအာဏာမှမျှော်မှန်းလို့မရပဲ) ဝင်ခဲ့သလို ဝက်ဝက်ကွဲနိုင်မယ်လို့လည်း ဘယ်အခြေခံကမှ
စိတ်ကူးယဉ်ကြည့်လို့မရ။
ဒါပေမယ့် အင်န်အယ်လ်ဒီကို အများစုနေရာတင်မကဘူး
တနေရာမကျန်ကို နိုင်စေ့ချင်တယ်။ ဒေါ်စုကိုလည်း သမ္မတထက်ကြီးတာတောင်ဖြစ်စေ့ချင်တာပဲ။
(စိတ်ကူးနဲ့ဖဲရိုက်ကြည့်ပြီး)နိုင်လည်းနိုင်ပါရဲ့။
ဒေါ်စုလည်း သမ္မတဖြစ်ပါရဲ့။ အဲ့အခါ ခုပြောနေသလို “အာဏာမှ မရှိတာ
ဘာလုပ်လို့ရမှာလဲ”တို့ လွှတ်တော်ထဲမှာ ကိုယ်တွေကလူနည်းစုလေ
ဘာမှလုပ်မရဘူး”တို့တော့ပြောမရတော့ဘူး။ ဘာအစားထိုးပြောမလဲ။
ပြောမယ့်သာပြောတာပါ။
စိတ်ကူးနဲ့ဖဲရိုက်တာတောင် မနိုင်တဲ့ပွဲတွေချည်းဆက်လှပြီ။ ဇွန် ၂၁ ၂ဝ၁၅
(နိုင်ငံရေးဗေဒင်နဲ့ ဗေဒင်နိုင်ငံရေး)
စံဇာဏီဘို ဟောကိန်းကို
နိုင်ငံရေးသုခမိန်တပါးရဲ့ အတွက်အချက်သဖွယ် အားရဝမ်းသာ လာလာ တဂ်နေကြတာ
နှလုံးနောက်စရာပဲ။ စံဇာဏီဘိုနဲ့ လူချင်း သိတ်အကျွမ်းတဝင်မဟုတ်ပေမယ့် အင်းစိန်ထောင်
၁ တိုက်မှာ ၁၉၈၉ ဇူလိုင်ကနေ နိုဝင်ဘာအထိ တတိုက်တည်း အတူနေခဲ့ဖူးတယ်။
နိုင်ငံရေးအထိမ်းသိမ်းခံဘဝတွေနဲ့ပဲ။ အဲ့အချိန်က မင်းသင်္ခလည်း ၃ တိုက်မှာလည်းမသိဘူး
ရှိနေတာပဲ။
ဗေဒင်လက္ခဏာကို ယုံတာမယုံတာက
တဦးချင်းကိစ္စဆိုပေမယ့် ဗေဒင်ပေါ်တင်ဟောတဲ့နိုင်ငံရေးကို
နိုင်ငံရေးလုပ်နေကြသူတွေထဲမယ် တွေးတတ်ခေါ်တတ်တယ်လို့ထင်သူတချို့ပါ
ပါနေပါရောလား။
ပါနေပါရောလား။
ဗေဒင်လက္ခဏာမယုံပေမယ့် ဒီပညာရပ်ဟာ
နှစ်ပရိစ္ဆေဒကြာမြင့်စွာ
တည်ရှိလာခဲ့တာဆိုတာတော့ အသိအမှတ်ပြုတယ်။ နှစ်ပရိစ္ဆေဒကြာမြင့်တိုင်း အမှန်တရားမဟုတ်ဘူးဆိုတာလည်း ဆင်ခြင်သိနဲ့ရော ကိုယ်တွေ့အခြေပြုအသိနဲ့ရောသိတာပါပဲ။
တည်ရှိလာခဲ့တာဆိုတာတော့ အသိအမှတ်ပြုတယ်။ နှစ်ပရိစ္ဆေဒကြာမြင့်တိုင်း အမှန်တရားမဟုတ်ဘူးဆိုတာလည်း ဆင်ခြင်သိနဲ့ရော ကိုယ်တွေ့အခြေပြုအသိနဲ့ရောသိတာပါပဲ။
ကိုယ့်ဘဝအကြောင်းကို ကိုယ့်အတိတ်ကို
ကိုယ့်ပစ္စုပန်ကို ကိုယ့်အနာဂတ်ကို သူတပါးက ကိုယ့်ထက်ပိုသိတယ်လို့မှတ်တယ်ဆို
ဗေဒင်ဆရာဆီသွားပါ။ နိုင်ငံရေးထဲခေါ်လာတော့ မခက်ပေဘူးလား။ လူတယောက်ရဲ့
လက်ဖဝါးပြင်ပေါ်က အရေးအကြောင်းတွေကိုကြည့်ပြီး အဲ့ဒီလူရဲ့ကံကြမ္မာကို ဖတ်လို့ရတယ်ဆို
မျောက်တွေ ချန်ပန်ဇီတွေ ဂေါ်ရီလာတွေမှာလည်း လက္ခဏာဆရာတော့ရှိကို ရှိသင့်တာပါပဲ။
သူတို့ လက်ဖဝါးတွေမှာလည်း အရေးအကြောင်းတွေနဲ့ မဟုတ်လား။
တခုမှတ်ထားဖို့က ဗေဒင်လက္ခဏာဆရာအဖို့
အဲ့ဒီပညာဟာ အသက်မွေးဝမ်းကြောင်းဖြစ်တယ်ဆိုတာပါပဲ။ သူ ကျင်လည်ရာပါပဲ။ သူမြင်တာ
သူဟောမှာပြောမှာပါပဲ။ မှားသွားလို့လည်း တရားမှသွားစွဲလို့မရတာ။ ကိုယ်က
ဆရာတင်မိတာကိုးဗျာ။ မှန်သွားရင်သာ မှန်လိုက်တာဆရာရယ်ပြောပြီး မှားသွားရင်တော့
မှားလိုက်တာဆရာာရယ် ဘယ်သူပြောသလဲ။
သိပ္ပံပညာ ခုထက် အဆတရာထွန်းကားလည်း
ဗေဒင်ဆရာတွေချမ်းသာနေဦးမှာတော့ သေချာတယ်။ ဇွန် ၁၉ ၂ဝ၁၅
0 comments:
Post a Comment