တရက် ဘိုကြည်နဲ့ကျနော်အတူထိုင်နေတုန်း
ကိုသူရ(ဇာဂနာ့)မိန်းမ(ဆိုသူဆီက)ဆီက ဖုန်းဝင်လာတယ်။
ဘယ်မိန်းမလဲတော့
ကျနော်လည်းမပြောတတ်ဘူး။
ကျနော်တို့ဘေးမှာ ဘိုကြည့်မိန်းမ
မုန့်ဟင်းခါးရောင်းတယ်ဆိုတဲ့စစ်သားမယားဟောင်း မလဲ့လည်း ရှိနေတယ်။
ကိုသူရ(ဇာဂနာရဲ့)မိန်းမတဲ့။ ထောင်ဝင်စာသွားတွေ့ဖို့ ပိုက်ဆံလှမ်းတောင်းတာ။
အေအေပီပီကနေ ငွေတောင်းတာ လေသံကခတ်မာမာပဲ။ ဘိုကြည့်မျက်နှာ သိတ်မကောင်းဘူး။
ချိုထားချင်ပေမယ့် မပေးလို့ကလည်းမဖြစ်ဘူး။ တခြားသူတွေမပေးမိရင်
ဘာမှမဖြစ်ပေမယ့် သက်ဇော်တို့ ဇာဂနာတို့အပါအဝင် လူသိများသူတွေကိုကြ ခေါက်လိုက်လို့ကလည်း...
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
-
▼
2016
(198)
-
▼
May
(25)
- ထောင်ဝင်စာဇာဂနာ(မျိုးမြင့်ချို)
- ကမိုးသီးနဲ့ပါးချောင်နားချောင်(မျိုးမြင့်ချို)
- မကသ(မျိုးမြင့်ချို)
- မနေတတ်မထိုင်တတ်(မျိုးမြင့်ချို)
- ကွန်မြူနစ်တစ္ဆေ (မြစမ်းအေး)
- ဘညွန့်ခေတ်(မျိုးမြင့်ချို)
- ပြောင်းလဲချိန်အမြည်း(မျိုးမြင့်ချို)
- အမေရူးတွေ(မျိုးမြင့်ချို)
- ကိုယ့်စရိတ်နဲ့ကိုယ်(မျိုးမြင့်ချို)
- လုပ်စားခြေရှုပ် (မောင်ကျော်မော်)
- အရာရာကိုတားဆီးနေတာ စစ်အုပ်စုနဲ့ကာချုပ်ပဲ (တူမောင်ည...
- အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်မယ်ဆိုရင်အမေရိကန်နဲ့အဂ...
- အားနည်းသူကို ဖေးကူမစေချင် (ဗကပဝဘ်ဆိုက်မှကူးယူဖော်ြ...
- ဓမ္မဒယ်အိုး(မျိုးမြင့်ချို)
- ဒီလောက်တောင်ချစ်လှတာ(မျိုးမြင့်ချို)
- ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကိုဂုဏ်ပြုခြင်း(ဗက...
- ဘေဘီစစ်တာနိုင်ငံရေး(မျိုးမြင့်ချို)
- အရိုးကို အရွက်ဖုံးကြပါ(အောင်နိုင်မိုး)
- လူထုနိုင်ငံရေး(ဒဂုန်တာရာ) ရှုထောင့်ဂျာနယ်၊ အမှတ်-၁...
- ပင်လုံငါးစာ(မျိုးမြင့်ချို)
- အမျိုးသားရေးဂန်ဒူးများ(မျိုးမြင့်ချို)
- အမှန်တကယ်ပြောင်းလဲပစ်ရမယ့် အရင်းခံကိစ္စနှစ်ခု(ဗကပ ဝ...
- မေဒေးအစဉ်အလာထွန်းပြောင်စေရမယ်
- ဓာတ်သိချင်းဆိုတော့ အထဲမှာလောက်အတိပြီးတဲ့ သဖန်းသီးတ...
- ထောင်ချမယ့်ဝန်နဲ့ အရင်အစိုးရ(မျိုးမြင့်ချို)
-
▼
May
(25)
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Friday, May 27, 2016
ကမိုးသီးနဲ့ပါးချောင်နားချောင်(မျိုးမြင့်ချို)


အေဘီအက်စ်ဒီအက်ဖ်မြောက်ပိုင်း(ပါဂျောင်)ကိစ္စက မိုးသီးဇွန်လုပ်တာ
မဟုတ်သလို အဲ့ဒီကိစ္စနဲ့စပ်ပြီးသူပြောခဲ့တာတွေ အဲ့ဒီအချိန်က သူထုတ်ပြန်ခဲ့တဲ့ အေဘီဗဟိုကထုတ်ပြန်ခဲ့တဲ့သဘောထားတွေ စာတွေ အထင်အရှားရှိပါရက်နဲ့
အဲ့ဒီလူသတ်မှုတွေ ဖော်ထုတ်ပေး ဖော်ထုတ်ပေးနဲ့
ကိုမိုးသီးနားသွားအော်ဟစ်နေတဲ့ ရူးသလိုကြောင်သလိုလုပ်နေတဲ့မအေရိုးတွေကို သိတ်မသင်္ကာတော့ဘူး။
ခု
ကိုမိုးသီး အထဲပြန်ဝင်ခွင့်ရဖို့ကြိုးစားနေချိန်မှာ ပါဂျောင်ကိစ္စဖွခဲ့ကြတဲ့
ပုံတွေသတင်းတွေ မဟားဒရားတက်လာတယ်။ မတော်တဆမဟုတ်သလို
တိုက်ဆိုင်မှုလည်းမဟုတ်ဘူး။
အဲ့တုန်းက တကယ်...
မကသ(မျိုးမြင့်ချို)


ပြောပြီးပြီနော် ကျနော်က ဗကသလူလို့။
မင်းဇေယျတို့
ကိုထွန်းကြည်တို့ကို လူအရခင်ပါတယ်။ ထောင်ထဲလည်း အတူနေခဲ့ဖူးတယ်။ ၉ဝ စက်တင်ဘာ
၂၅ ကိစ္စမှာလည်း မချိမဆန့်အတူခံခဲ့ဖူးတယ်။ လူချင်းလည်း ရင်းချာတယ်။
နိုင်ငံရေးအရတော့ ပြဒါးတလမ်းသံတလမ်းပဲ။ မူအရတော့ ဂျင်းစိမ်းနဲ့မိတ်သလင်ပဲ။
ကိုထွန်းကြည် ဒီလာတုန်းကလည်း တတ်နိုင်သလောက်ကူညီတယ်။ သူတွေ့ချင်သူတွေနဲ့
လိုက်တွေ့ပေးတယ်။ ဖို့တ်ဝိန်းနေ
ဗမာမွတ်စလင်မ်တွေရဲ့ချွေးနှဲစာနဲ့ဆောက်တဲ့ပလီသစ်ကြီး သွားကြည့်ချင်တယ်ဆိုလို့ လိုက်ပို့ပေးတယ်။ ကိုယ့်ဘာသာဆို ရှောင်သလားမမေးနဲ့ အဲ့နေရာမျိုး...
Monday, May 23, 2016
မနေတတ်မထိုင်တတ်(မျိုးမြင့်ချို)


တသက်လုံး အာဏာရှင်စနစ်အောက်မှာ လူမွှေးလူတောင်မပြောင်နေခဲ့ရတဲ့ပြည်သူတွေက
ခု အရပ်တပိုင်းဦးထင်ကျော်အစိုးမရတရကို ရှင်းရှင်းမြင်တယ်။
ပြောင်းလဲချိန်တန်ပြီ အသံပြာအောင်အော်ပြီး ဖွဲ့စည်းပုံပြင်၊
ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးကြွေးကြော်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအောက်
ခေါင်းလျှိုသွားတာဆိုပြီး။ ဒါပေမယ့် တဘက်မှာလည်း
မရဲတရဲအားကိုးကြည့်ချင်စိတ်ကလေးကလည်းရှိနေတော့ ဒါလောက်တော့
နားလည်ပေးရမှာပေါ့ဆိုပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်လိုစိတ်ကို
ကြိတ်မှိတ်မြိုချ သည်းခံပေးနေရတာပဲ။
ဖွဲ့စည်းပုံပြင်မယ့်လေသံ
...
Friday, May 20, 2016
ကွန်မြူနစ်တစ္ဆေ (မြစမ်းအေး)


ကွန်မြူနစ်တစ္ဆေ(မြစမ်းအေး)
ကွန်မြူနစ်ဆန့်ကျင်ရေးမှာ ပြည်တွင်းဖောက်ပြန်ရေးသမားများက
နယ်ချဲ့သမားထက်သာတယ်။ ဒါဟာ ဗမာပြည်အဖို့ သမိုင်းနဲ့ချီလာတဲ့ဖြစ်ရပ်ပါ။
ဘာကြောင့်လဲဆိုတော့ အာဏာနဲ့တိုက်ရိုက်ပတ်သက်နေလို့ ဖြစ်တယ်။ အာဏာရှိမှ
ကြီးပွားမယ်၊ အာဏာပိုင်နဲ့ပိုင်မှ အဆင်ချောမယ်ဆိုတာ ဗမာပြည်အတွက်
တက်ကျမ်းဖြစ်နေလို့ပဲ။
သမိုင်းကြောင်းကို နည်းနည်းပြန်ကြည့်ရအောင်။
ဒုတိယကမ္ဘာစစ်ပြီးစ အာရှကိုလိုနီနိုင်ငံများအတွင်း
နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲနဲ့အတူ လွတ်လပ်ရေးတိုက်ပွဲ ဒီရေမြင့်လာတယ်။
ဗြိတိသျှနယ်ချဲ့သမားဟာ စစ်နိုင်တဲ့...
ဘညွန့်ခေတ်(မျိုးမြင့်ချို)


ပြောင်းလဲချိန်တန်ပြီနဲ့ ခေတ်နည်းနည်းအပွင့်မှာ ဖုံးမနိုင်ဖိမရ
ပွင့်ကျလာတဲ့အချက်အလက်တွေ နေရာအတော်များများကနေ ကျယ်ကျယ်လောင်ထွက်လာတယ်။
အထူးသဖြင့် အင်န်ဂျီဆိုင်းဘုတ် ပရဟိတဆိုင်းဘုတ်တွေနဲ့
သပိတ်ဝင်အိတ်ဝင်သမားတို့နယ်ပယ်မှာ ပိုသိသာတယ်။
ဒါကလည်း
ဒေါ်အောင်ဆန်းစုကြည်က အင်န်ဂျီအိုတွေကို ငွေပံ့ပိုးပေးနေတဲ့ အလှူရှင်တွေကို
ချိန်ချိန်ဆဆလုပ်ကြဖို့မေတ္တာရပ်ခံတာကနေ စလိုက်တာလို့ ထင်တယ်။
စရတဲ့အကြောင်းကလည်း သုံးလူထွက်သိန်းစိန်တို့တသိုက် လာသမျှအင်န်ဂျီအိုနဲ့
ယူရိုစီးကြောင်း ဒေါ်လာစီးကြောင်းကြီးတွေကို သူတို့ဆီကမှတဆင့်...
ပြောင်းလဲချိန်အမြည်း(မျိုးမြင့်ချို)


အလုပ်သမားတွေ သူတို့ရဲ့နစ်နာမှုတွေအတွက် အစိုးရက ကြားဝင်ပြီး
မျှမျှတတဖြေရှင်းပေးဖို့ ကြပ်ပြေးအထိလမ်းလျှောက်နေတုန်း
သွေးသားရင်းလိုဖြစ်နေတဲ့ မိန်းမငယ်လေးတယောက်ကပြောတယ်
ဒီအကြောင်းမရေးတော့ဘူးလားဆိုပြီး။
ရေးဖို့ အချက်အလက်ရှာတာလည်းပါသလို
စာတပုဒ်ဖြစ်အောင်ရေးဖို့ အချိန်မရတာလည်းပါတယ်။ ပိုဆိုးတာက လမ်းတလျှောက်
နေပူကျဲတဲက သားသည်အမေတွေ၊ ကိုယ်ဝန်ဆောင်မိခင်က ကလေးမီးဖွားတာမျိုးတွေ၊
အရည်ပျော်နေတဲ့ကတ္တထက်ကခြေဗလာတွေတွေ့ပြီး စိတ်ထိခိုက်ရ နာကျင်ရတာတွေကဲပြီး
ရေးဖို့ထက် မချိမဆန့်ခံစားရတာကြောင့် မရေးဖြစ်သွားတာ။
ဟော...
အမေရူးတွေ(မျိုးမြင့်ချို)


ဒီနေ့အလုပ်က အိမ်အပြန် လမ်းဆုံမီးပွိုင့်တနေရာမှာ
ကောင်းကောင်းမွန်မွန်ဝတ်စားထားတဲ့လူ ၂ ယောက် လက်ကိုင်ဆိုင်းဘုတ်တွေ
ကိုယ်စီကိုင်မြှောက်ပြီး ဒီဘက်လမ်းလမ်းနဲ့ဟိုဘက်လမ်း မီးစိမ်းမီးနီအလိုက်
ကူးကလန်ခတ်ပြီးဆန္ဒပြနေလေရဲ့။
မီးစိမ်းမီးနီအလိုက် လူကူးရမယ့်အချိန်
လူကူးရမယ့်နေရာကနေ လွန်းထိုးနေတာဆိုတော့ ဘယ်ကားသွားကားလာနဲ့
ဘယ်လူသွားလူလာကိုမှလည်း အနှောင့်အယှက်တော့မဖြစ်ဘူးပေါ့။
ဒါပေမယ့်
ကိုယ့်ရှေ့လာလုပ်နေတာဆိုတော့ မျက်စေ့နောက်မယ်ဆိုနောက်ချင်စရာပေါ့လေ။
ကျနော်ကတော့ မနောက်တဲ့အပြင် ဒီလူ ၂ ယောက် ဘာတွေများ
ဘယ်သူ့ကိုများ...
ကိုယ့်စရိတ်နဲ့ကိုယ်(မျိုးမြင့်ချို)


မိတ်ဆွေကြီးတွေရော မိတ်ဆွေလေးတွေရော သိထားစေ့ချင်တာက ကျနော်ဟာ
ခင်ဗျားတို့ထဲကတချို့လို နိုင်ငံရေးနဲ့ထမင်းစားတာမဟုတ်သလို ပရဟိတနဲ့
စီးပွားရှာသူလည်း မဟုတ်ပါ။ ကျနော်တို့ခေတ်က နိုင်ငံရေးဆိုတာ
ကိုယ့်ထမင်းကိုယ်စားလုပ်ရတာဖြစ်ပြီး ကိုယ့်စားရိတ်နဲ့ကိုယ် ထောင်အကျ
ခံရတာပါ။ ခုခေတ် လူတချို့အဖို့လို နိုင်ငံရေးဟာ “အလုပ်“ မဖြစ်သေးပါဘူး။
အသက်မွေးဝမ်းကြောင်း မဟုတ်ပါဘူး။ ရှိသမျှဘဝ အကုန်အပျက်ခံပြီး
လုပ်ရတာမျိုးပါ။
ခုလည်း မိမိတတ်စွမ်းသမျှပညာလေး ဘာသာစကားလေးနဲ့ စကားပြန်အဖြစ် ဘာသာပြန်အဖြစ် အသက်မွေးပါတယ်။
တနေ့တနေ့...
လုပ်စားခြေရှုပ် (မောင်ကျော်မော်)


"လုပ်စားခြေရှုပ်" ဆိုတာ နိဗ္ဗာန်မရောက်ဖူးသေးတော့
နိဗ္ဗာန်မှာရှိ/မရှိတော့ မပြောတတ်ပါဘူး။ လူ့ဘောင်လောကမှာတော့ သူတို့နဲ့
မကင်းနိုင်ပါဘူး။
- အလုပ်သမားသပိတ်ထဲမှာ "လုပ်စားသူတွေပါတယ်"
ဆိုတဲ့စကားဖြစ်ပါတယ်။ ဒီကနေ့ ဥပဒေဘောင်ထဲမှာ"လှုပ်ရှားနေကြတဲ့"အဖွဲ့တွေမှာ ဒါမျိုးတွေနဲ့ အင်မတန် ကင်းရှင်း၊သန့်စင်ပါကြောင်းပြစမ်းပါလို့မေးခဲ့ရင် ဘယ်အဖွဲ့ကိုလက်ညှိုးထိုးပြကြမလဲ။
- (အစိုးရဖားစော်နံသူ/ စစ်တပ်ဖားစော်နံသူရ သံရုံးညှီစော်နံသူ/ အန်ဂျီအို ညှီစော်နံသူ/ခရိုနီ စပွန်ဆာစော်နံသူတွေနဲ့ ဒီကနေ့ မြန်မာ့အရေးလှုပ်ရှားမှု လောကကြီးဟာ...
Thursday, May 19, 2016
အရာရာကိုတားဆီးနေတာ စစ်အုပ်စုနဲ့ကာချုပ်ပဲ (တူမောင်ညို –)


တူမောင်ညို – အရာရာကို တားဆီးနေတာ စစ်အုပ်စု နဲ့ ကာချုပ် ပ
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအပါအဝင် ပြည်တွင်းသတင်းဌာန ၂၇ ခုနဲ့ “
ကာချုပ်၊ ဒုကာချုပ်၊ ကာဝန်၊ ကာချုပ် လောင်းလျာတွေ”ပါဝင်တဲ့အဖွဲ့ မေလ ၁၃
ရက်နေ့က တွေ့ဆုံကြတယ်။ ဒီတွေ့ဆုံမှုမှာ ပြည်ပသတင်းဌာန တစ်ခုမှမပါဘူး။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးပွဲတက်ခဲ့ကြတဲ့ မီဒီယာတွေက
ကိုယ့်ရှု့ဒေါင့်နဲ့ကိုယ်၊ ကိုယ့်စပွန်ဆာနဲ့ကိုယ် သန်ရာသန်ရာ ဖော်ပြကြတယ်။
အဲဒီလိုဖော်ပြချက်တွေထဲမှာ အဆိုးဆုံးကတော့ “ငြိမ်းချမ်းရေးရရင် လွှတ်တော်ကနေ
တပ်မတော်ထွက်မယ် — လူထုခေါင်းဆောင်ကို...
Tuesday, May 17, 2016
အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်မယ်ဆိုရင်အမေရိကန်နဲ့အင်္ဂလန်ကစတာ


(မိတ်ဆွေရင်းချာတဦး အီးမေးလ်နဲ့ပို့လိုက်တဲ့စာပါ။ သူကတော့
ခေါင်းစားကြည့်ဖို့လို့ ဆိုပါတယ်)
အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်မယ်ဆိုရင်အမေရိကန်နဲ့အင်္ဂလန်ကစတာ
အဲဒီမှာကဗြောင်ခွင့်ပြုထားတာပါ။ ဂျက်ဖရီဆက်ခ်ျ (Jeffrey Sachs)
၂ဝ၁၆ခုနှစ်၊ မေ ၁၂ရက်။ ဗြိတိန်ထုတ်ဂါးဒီးယန်းသတင်းစာ
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆိုတာမှာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်တွေအများကြီးပါဝင်နေပါတယ်။
အကြောင်းကတော့ အကျင့်ပျက်လာဘ်စားတာတွေဟာ
နေ့ခင်းကြောင်တောင်မှာ ဗြောင်ဖြစ်နေလို့ပါပဲ။ အကျင့်ပျက်ခြစားမှုဟာ
ဗြောင်ကျလွန်း၊ တားဆီးလို့မရလွန်းလို့ ဒါတွေကို...
Monday, May 16, 2016
အားနည်းသူကို ဖေးကူမစေချင် (ဗကပဝဘ်ဆိုက်မှကူးယူဖော်ပြပါသည်)


အားနည်းသူကို ဖေးကူမစေချင်
“လူတိုင်းမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတယ်”ဆိုတာဟာ ကုလသမဂ္ဂလူ့အခွင့်အရေး ပဋိညာဉ်စာတမ်းမှာဖော်ပြထားတဲ့
အခြေခံလူ့အခွင့်အရေး ဖြစ်ပါတယ်။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ဟာ
လူတိုင်းလူတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးဖြစ်ပါတယ်။
အခြေခံလူ့အခွင့်အရေးလို့ ဥပဒေမှာသုံးပါတယ်။ အခြေခံလူ့အခွင့်အရေးဆိုတာဟာ
အနိမ့်ဆုံးအဆင့်အနေနဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ပြောတာပါ။ နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်၊ စနစ်တခုဟာ ဒီမိုကရေစီအခွင့်အရေးကို
စစ်စစ်မှန်မှန်မပေးဘူးဆိုရင်တောင်မှ...
ဓမ္မဒယ်အိုး(မျိုးမြင့်ချို)


(ဒယ်အိုးစီးတဲ့ဓမ္မ)
အဟဲ ဒယ်အိုးက ဘီအမ်ဒဗလျူနဲ့ ဒေသစာရီကြွမလို့နဲ့တူတယ်။ ကျနော်တော့ သဘောကျတယ်။ ဘုန်းကြီးတွေ ကားမောင်း ဆိုင်ကယ်စီးတင်မက လူတွေလုပ်တာအကုန် လုပ်စေ့ချင်တယ်။ သူတို့ခမျာ လူဖြစ်ရဲ့သားနဲ့ လူလိုမနေရတော့ လူ့စကားနားမလည် လူလိုမသိဖြစ်နေကြတာ။ လူလိုနေဖူးမှ လူစိတ်ကလေးဝင်၊ လူ့အသိတရားလေးရ၊ လူကျင့်တရားလေးဘာလေး ကျင့်ရကောင်းမှန်း နားလည်သွားမယ်၊ ကိုယ်ချင်းစာတတ်သွားမယ်။ လူလူချင်း ဖေမကူညီယိုင်းပင်းရကောင်းမှန်းလည်း သိသွားမယ်။ လူနဲ့ဘုန်းကြီး တနေ့ ထမင်း ၂ နပ် စားတာချင်းအတူတူ ထမင်းတလုပ်အတွက် လူတွေဘယ်လောက်...
ဒီလောက်တောင်ချစ်လှတာ(မျိုးမြင့်ချို)


(ဒီလောက်တောင်ချစ်လှတာ) ကျနော်လည်း ခွေးချစ်ပါတယ်ဗျ။ ချစ်လို့ ၂
ကောင်တောင်မွေးထားပါတယ်ဗျ။ ခွေးမှမဟုတ်ပါဘူး တိရိစ္ဆာန်တော်များများကို
ချစ်ပါတယ်ဗျ။ ဒါပေမယ့် လူနဲ့ယှဉ်ပြီးချစ်ရမယ်ဆို လူကိုပိုချစ်ပါတယ်ဗျ။
ကားမောင်းနေတုန်း လမ်းပေါ်မှာ အကောင်ပလောင်လေးတွေ ဖြတ်ပြေးတာမြင်တိုင်း
မတိုက်မိအောင် အမြဲရှောင်ပါတယ်ဗျ။
မြို့ထဲလမ်းတွေမှာ အကောင်လေးတွေ
မတိုက်မိအောင်ရှောင်ရင်း ကိုယ့်ကား သူများလာတိုက်မှာ၊ သူများကား
ကိုယ့်လာတိုက်မှာတော့ သတိထားပါတယ်ဗျ။ မတော် အကောင်ရှောင်ရင်း
အက်ဆီးဒင့်န့်ဖြစ်မှ ကားလည်းထိ
လူလည်းထိဆို...
Wednesday, May 11, 2016
ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကိုဂုဏ်ပြုခြင်း(ဗကပ ဝဘ်ဆိုက်မှ)


ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကို ဂုဏ်ပြခြင်း
လွတ်လပ်ရေးရပြီး ၆၈ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံ၊ ၅၄ နှစ်ကြာ စစ်ဗျူရိုကရက် အာဏာရှင်စနစ်အောက်
ကျရောက်နေတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်းစီးပွားရေးထဲမှ
ရုန်းမထွက်နိုင်သေးတဲ့နိုင်ငံဟာ ယခုအခါ လူးလွန့်လှုပ်ရှားနိုးထလာမှုနှင့်အတူ ကမ္ဘာကအာရုံစိုက်မှုကို ရရှိလာတယ်။
ဈေးကွက်အသစ်ကလေးဖြစ်လို့၊ နိုဘယ်လ်ဆုရှင်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရပေါ်ပေါက်လာလို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဝိုင်းဝန်းကူညီဖို့ဆိုတာထက် ပထဝီနိုင်ငံရေး ပထဝီစီးပွားရေးအရစိတ်ဝင်စားကြတာက...
ဘေဘီစစ်တာနိုင်ငံရေး(မျိုးမြင့်ချို)


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိ၊ မိမိပါတီနဲ့ တိုင်းပြည်အပေါ်
ရိုးဖြောင့်စွာသစ္စာတည်ကြည်ဖို့
စိတ်ချယုံကြည်မှုနဲ့ရွေးချယ်အပ်နှင်းပြီးသားဆို ဦးထင်ကျော်သွားလေရာ
တကောက်ကောက်လိုက်တာမျိုး၊ (နိုင်ငံခြားရေးဝန်ကြီးတက်ဖို့မလိုတဲ့)
သမ္မတအဆင့်တူနိုင်ငံ့ခေါင်းဆောင်ခြင်း အစည်းအဝေးနဲ့ဆွေးနွေးပွဲတွေမှာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးသုံးပြီး လိုက်ထိုင်တာမျိုးတွေဟာ
လိုအပ်မလိုအပ် တွေးတတ်စဉ်းစားတတ်ပြီးသားလို့ ယုံကြည်ယူဆပါရစေ။
အဲ့ဒီအပြုအမူနဲ့လုပ်ရပ်တွေဟာ သံခင်းတမန်ခင်းထုံးဓလေ့တွေ နိုင်ငံခြင်းဆက်ဆံရေးဆိုင်ရာကျင့်ဝတ်ကျင့်ထုံးတွေနဲ့...
အရိုးကို အရွက်ဖုံးကြပါ(အောင်နိုင်မိုး)


အရိုးကို အရွက်ဖုံးကြပါ =============
အရိုးကို
အရွက်မဖုံးစေနဲ့ဆိုတဲ့စကား ဘယ်ခေတ်ကစလိုက်တဲ့ ဝါဒမှိုင်းလဲတော့မသိ။
အသစ်အဆန်းကို လက်ခံချင်တဲ့စိတ်၊ ဆန်းသစ်တီထွင်ချင်တဲ့စိတ်တွေကို အတော်ပဲ
သင်းကွပ်နိုင်တဲ့အယူအဆတရပ်ပါပဲ။
Gone with the wind ကို
မြသန်းတင့်ဘာသာပြန်တဲ့ လေရူးသုန်သုန်ဝတ္ထုကြီးထဲမှာ ဇာတ်လိုက် ရက်ထ်ဘတ်တလာက
ပြင်သစ်ကပြန်လာတော့ အထည်စ တမျိုးပါလာတယ်။ ဘယ်လောက်တောင်
ပါးလျပျော့ပျောင်းတဲ့အဝတ်စလည်းဆိုရင် လူတဝတ်စာအရွယ်အစားကို လက်သီးဆုပ်ထဲ
လုံးပြီး ဝှက်ထားလို့ရသတဲ့။ ဒါကို ဝါခင်းတွေသာရှိတဲ့
အမေရိကန်တောင်ပိုင်းသူတွေမြင်တော့...
လူထုနိုင်ငံရေး(ဒဂုန်တာရာ) ရှုထောင့်ဂျာနယ်၊ အမှတ်-၁၊ (၂၇ မတ် ၁၉၆၉)


"လူထုကို ဓနရှင်အတွေးအခေါ်ရှိသူများက အထင်သေးတတ်ကြသည်။
ဓနရှင်
အတွေးအခေါ်ဆိုရာ၌ ဓနရှင်အဖွဲ့အစည်းခေါင်းဆောင်များသာမက အလုပ်သမား
လယ်သမားအဖွဲ့အစည်းများ၌ပင် ယင်းသို့ဓနရှင်အတွေးအခေါ်ရှိသူ
ခေါင်းဆောင်များပါရှိနိုင်သည်။
ခေါင်းဆောင်ဆိုသည်မှာ အခြေအနေအမျိုးမျိုး၊
အကြောင်းအမျိုးမျိုးကြောင့် လုပ်သားလူတန်းစား အဖွဲ့အစည်းများ၌
အခိုက်အတန့်အားဖြင့် ခေါင်းဆောင်နေရာသိမ်းပိုက်ရရှိနိုင်ကြသည်။
ယင်းဓနရှင် အတွေးအခေါ်ရှိသူခေါင်းဆောင်များက လူထုသည် စည်းမဲ့ကမ်းမဲ့
အသိဥာဏ်မရှိ၊ မရင့်ကျက်သေး စသည်ဖြင့် ထင်မှတ်နေကြသည်။
တစ်ဦးတစ်ယောက်ချင်းအနေဖြင့်...
ပင်လုံငါးစာ(မျိုးမြင့်ချို)


အင်န်အယ်လ်ဒီက စစ်အုပ်စုဒဏ်ခံနေရတဲ့လူမျိုးစုတွေကို
ဗိုလ်ချုပ်အောင်ဆန်းတံဆိပ်ကပ်ပြီး ၂၁ ရာစုပင်လုံနဲ့ သွားမျှားတာ
ရေချိုးပြန်ရတဲ့ကိန်းဆို အရှက်ဗြန်းဗြန်းကွဲမယ်။
ဘယ်လိုပုံစံပြည်ထောင်စုကြီးတည်ဆောက်ဖို့ လက်နက်ကိုင်တွေကို
ဘယ်ပုံစီမံခန့်ခွဲဖို့ ဘတ်ဂျတ်ကိုဘယ်လိုခွဲဝေသုံးစွဲဖို့ သယံဇာတတွေကို
ဘယ်နည်းထုတ်ယူဝေမျှသုံးစွဲကြဖို့စတဲ့ ပြည်ထောင်စုကိတ်စ္စ
ဖက်ဒရယ်လ်ကိတ်စ္စဆွေးနွေးမယ်လို့ ဖြောင့်ဖြောင့်မပြောပဲ
ဖေဖေနဲ့ထောင်ဖမ်းသလိုလုပ်တာ မကောင်းဘူးထင်တယ်။
နောက်ပြီး အဲ့ဒီတုန်းကပင်လုံဟာလည်း တကယ့်ပြည်ထောင်စုတည်ဖို့ထက်
...
အမျိုးသားရေးဂန်ဒူးများ(မျိုးမြင့်ချို)


လိင်တူဆက်ဆံသူဖြစ်ဖြစ် မဖြစ်ဖြစ် “မ“စိတ်ဝင်နေတဲ့ယောက်ျားကို ကျနော်
ဘယ်တော့မှ အခြောက်လို့ နောက်ချင်စိတ်နဲ့တောင်မခေါ်ဖူးဘူး။ ခုတော့ အခြောက်တွေ
ဂန်ဒူးတွေ မိန်းမလျှာကောင်တွေလို့ နင့်နင့်သီးသီး ပိုးစိုးပက်စက်
မဖြစ်မနေခေါ်ကိုခေါ်ရမယ့် အကောင်ထီးတွေရှိလာတယ်။
ကိုယ့်အတွက်ကြတော့ တစုံတရာ ပွင့်လာတဲ့အဟလေးလေးထဲကနေ အတင်းတိုးဝင်ပြီး မလူးသာမလွန့်သာ အနေအထားလေးထဲကနေ
တရားဝင် -င်ခံခွင့်လေး မရသေးတောင် လူတွေအသိအမှတ်ပြုလာအောင် Equal Rights
အတွက် မနည်းလုပ်နေကြရတုန်း၊ ပြည်ပမှာနေသူတွေဆီက ရုပ်ဝတ္ထု ငွေကြေး စာနာမှု စိတ်ဓာတ်ရေးရာထောက်ခံမှု...
အမှန်တကယ်ပြောင်းလဲပစ်ရမယ့် အရင်းခံကိစ္စနှစ်ခု(ဗကပ ဝဘ်ဆိုက်မှ)


အမှန်တကယ် ပြောင်းလဲပစ်ရမယ့် အရင်းခံကိစ္စနှစ်ခုကွန်မြူနစ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊
အရင်းရှင်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် စစ်တပ်ဟာ နိုင်ငံတော်အစိုးရရဲ့အမိန့်ကို
နာခံရတာချည်းပဲ ဖြစ်တယ်။ ယုတ်စွအဆုံး ဘုရင့်နိုင်ငံတော်မှာလည်း စစ်တပ်ဟာ
ဘုရင့်အမိန့်ကို နာခံရတာဖြစ်တယ်။ ဒါဟာ အစဉ်အလာတရပ်လို၊
လုပ်ထုံးလုပ်နည်းတစ်ရပ်လို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးကြတယ်။
စစ်တပ်နဲ့ကာချုပ်ဆိုတာ အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီးရဲ့
လက်အောက်မှာရှိရတာဖြစ်တယ်။
၁၉၆၂ ခုနှစ်ကစပြီး ဗမာပြည်မှာတော့ ဒီအစဉ်အလာ
ဗိုလ်နေဝင်းကစပြီး...
Wednesday, May 4, 2016
မေဒေးအစဉ်အလာထွန်းပြောင်စေရမယ်


မေဒေးအစဉ်အလာထွန်းပြောင်စေရမယ်
မေဒေးဆိုတာကို ၁၈၉ဝ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြတာဆိုတော့
အခုဆိုရင် ဒီကမ္ဘာပေါ်မှာမေဒေးအခမ်းအနားကို ကျင်းပဆင်နွှဲကြတာဟာ
နှစ်အားဖြင့်၁၂၆နှစ်မြောက်၊
အကြိမ်အားဖြင့် ၁၂၇ကြိမ်မြောက်ဖြစ်ပါလိမ့်မယ်။
တနေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေးတောင်းဆိုချက်နဲ့
စတင်ကျင်းပခဲ့တဲ့ကမ္ဘာ့အလုပ်သမားနေ့
မေဒေးဆိုတာဟာ
ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြတဲ့ အလုပ်သမားတိုက်ပွဲတွေရဲ့အဆက်၊
မှတ်တိုင်တခုသာဖြစ်ပါတယ်။
စက်မှုတော်လှန်ရေး (ဗြိတိန်မှာ ၁၇၆ဝ စုနှစ်များ၊
ပြင်သစ်မှာ ၁၈ ရာစုအကုန်ပိုင်းနဲ့...
Sunday, May 1, 2016
ဓာတ်သိချင်းဆိုတော့ အထဲမှာလောက်အတိပြီးတဲ့ သဖန်းသီးတဲ့(တူမောင်ညို)


"မေတ္တာမွန် ဗိုလ်လုပွဲ တော့စပြီ” လို့ ရေးရမှာလည်း “မေတ္တာမွန်”ဆိုတဲ့
စကားလုံးလေးနုနုလေးကို အလွန်ပဲ အားတုံ့အားနာဖြစ်မိပါတယ်။ ဓါးပြဗိုလ်အချင်းချင်းဗိုလ်လုပွဲကို ဒီလို နူးညံ့တဲ့စကားလုံးဝေါဟာရနဲ့ ဘယ်လိုတွဲပြီး
ဖော်ပြဖို့သင့်တော်မှာလဲ။ “မေတ္တာမွန်”ဆိုတဲ့ စကားလုံးလေးသာ
စကားပြောတတ်မယ် ဆိုရင်၊ “တူးပို့” ဆိုတဲ့ သံစဉ်စကားလုံးလေးလိုသာ
မြတ်နိုးနှစ်သက်တန်ဖိုးထား ကိုယ်စားပြုသူတွေသာရှိမယ်ဆိုရင်
“မေတ္တာမွန်”ဆိုတဲ့ စကားလုံးလေးကလည်း သူ့ကို ဒီလို လူဆိုးဗိုလ်တွေရဲ့ သူသေကိုယ်သေထိုးနှက်ကြတဲ့ပွဲမှာ မသုံးဖို့၊မရေးဖို့...
ထောင်ချမယ့်ဝန်နဲ့ အရင်အစိုးရ(မျိုးမြင့်ချို)


အရင်အစိုးရလုပ်ခဲ့တာ ငါတို့လုပ်တာမဟုတ်ဘူးဆိုတဲ့ဆင်ခြေဟာ
အစိုးရတွေပေးရတဲ့ဆင်ခြေမဟုတ်ဘူး။
ရှေ့လူရဲ့ကောင်းမွေရော
ဆိုးမွေပါခံမယ်လို့မရည်ရွယ်ရင် စကတည်းက နိုင်ငံရေးမလုပ်တာ ပိုကောင်းတယ်။
သူ့ဆိုးမွေကို ကိုယ့်လက်ထက်မှာကောင်းအောင် ဘယ်လိုလုပ်မလဲက
နောက်လူရဲ့ဝန်တာဖြစ်တယ်။ အဲသလို တာဝန်ခံမှု တာဝန်ယူမှုမရှိရင် အချိန်မရွေး
နှုတ်ထွက်သွားလိုက်ပါ။ ပြည်သူဟာ အစိုးရကောင်းကို မျှော်လင့်ယုံကြည်နေတာပါ။
အစိုးရဆိုးဆို အသံတောင်မကြားချင်တော့ပါ။ မင်းဆိုးမင်းညစ်အောက်မှာ
လူဖြစ်ရတာထက် ပျက်နေတဲ့ပြည်မှာ လုယက်စားသောက်ရတာကမှ စိတ်လက်ချမ်းသာဦးမှာပါ။
ရှေ့လူကိုထိုးချကြေးဆို...
Subscribe to:
Posts (Atom)