Thursday, April 30, 2020

"ဗမာပြည်သားတွေပြောနေကြတဲ့ တရုတ်ပြည်ပြဿနာ-ရဲဘော်ဖိုးသံချောင်း

0 comments
"ဗမာပြည်သားတွေပြောနေကြတဲ့ တရုတ်ပြည်ပြဿနာ-ရဲဘော်ဖိုးသံချောင်း
ဒီနေ့အခါမှာ တချို့လူတွေအဖို့ တရုတ်ဆန့်ကျင်ရေးစကားပြောတာဟာ ပြည်ချစ်ဝါဒဖော်ပြသလိိုလိုဖြစ်နေတယ်။ တချို့လူတွေကတော့လည်း မန္တလေးမှာ တရုတ်တွေ အများကြီး ရောက်လာတာကိုမြင်ပြီး တရုတ်လွှမ်းမိုးတော့မယ်လို့ ရိုးရိုးသားသားပဲ စိုးရိမ်နေကြပါတယ်။
တကယ်က ဒီနေ့ တရုတ်ပြည်ကြီး အဖက်ဖက်က အားကြီးလာနေတဲ့ကိစ္စဟာ သာမန် အလွယ်ပြောဆိုလို့ ပြီးမယ့်ကိစ္စ မဟုတ်ပါဘူး​။ ကွန်မြူနစ်ဆန့်ကျင်လိုစိတ်၊ မျက်ကန်းမျိုးချစ်စိတ်လောက်နဲ့ ရင်ဆိုင်လို့လည်း မပြီးပါဘူး။ တရုတ်ပြည်ကြီး စီးပွားရေးအရ တိုးတက်လာ၊ ဒါနဲ့ တဆက်တည်း စစ်ရေးအပါ ဘက်ပေါင်းစုံမှာ အင်အားကြီးထွားလာနေ၊ သြဇာကျယ်ပြန့်လာနေတာတို့ဟာ တကယ်တည်ရှိနေတဲ့ ပကတိရုပ်အခြေအနေပါ။ တရုတ်ပြည်ရဲ့ အခုလို တိုးတက်မှုနှုန်းကို ဒုတိယကမ္ဘာစစ်အပြီးက အနောက်ဥရောပနိုင်ငံတွေရဲ့ တိုးတက်မှုနဲ့နှိုင်းယှဥ်ရင် ရမယ်လို့ ထင်ပါတယ်။ မတူတာက အဲဒီနိုင်ငံတွေဟာ ဒီလို တိုးတက်မှုနှုန်းကို နှစ်အနည်းငယ်သာထိန်းသိမ်းနိုင်ပြီး တရုတ်ပြည်ကတော့ ဆယ်စုနှစ်သုံးစုမျှ တောက်လျှောက်ကြီး ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအနေအထားကို ရှေ့မှာလည်း ကာလတစ်ခုအထိ ထိန်းထားနိုင်ဦးမယ့်ပုံတွေ မြင်နေရဆဲပါ။
ဒါဟာ ကျနော်တို့ခေတ်၊ ကျနော်တို့ မျက်စိအောက်မှာ အရှင်လတ်လတ် တွေ့မြင်နေရ​တဲ့ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်ပေါ်လာနေတဲ့ ဖြစ်စဥ်ပါပဲ။ ကိုယ့်ဆန္ဒနဲ့မဆိုင်၊ ဘယ်သူမှ တားမရ ဆီးမရ ဖြစ်ပေါ်နေတဲ့ လက််တွ့ကိစ္စရပ်ကြီးဖြစ်တယ်။ တရုတ်တွေကို ဒီလောက်၊ ဒီလို မတိုးတက်ပါနဲ့လို့ သွားပြောလို့ရပါ့မလား။ ကိုယ်သာ သူ့နေရာဆိုရင် ဘယ်လိုစဥ်းစားမလဲ။ ဒါကို အလန့်တကြားအော်ပြီး လျှောက်လုပ်နေလို့ မဖြစ်ပါဘူး​။ ခေါင်းအေးအေးနဲ့ စဥ်းစားရင်ဆိုင်ကြရမှာပါ။
တရုတ်ပြည် ကြီးထွားလာတဲ့ကိစ္စဟာ ​ဗမာတစ်ပြည်တည်း ကြုံတွေ့နေရတဲ့ကိစ္စ မဟုတ်ပါဘူး​။ တစ်ကမ္ဘာလုံး ကြုံတွေ့နေရတာပါ။ အမေရိကန်လည်းကြုံရ၊ အီးယူနိုင်ငံတွေလည်းကြုံရ၊ ရုရှားလည်းကြုံရ၊ အိန္ဒိယလည်းကြုံရ၊ အားလုံး ကြုံကြရတာပါ။ သူ့အိမ်နီးနားချင်းတွေနဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနိုင်ငံတွေဆိုတာတော့ မပြောနဲ့တော့။ ဂယက်ဟာ တစ်နေရာနဲ့ တစ်နေရာ အတိုင်းအတာအရရော၊ ပုံသဏ္ဍာန်အရပါ မတူဘူး။ ဒါဟာ အသစ်ဖြစ်ပေါ်လာမယ့် ကမ္ဘာ့အခင်းအကျင်းသစ်နဲ့လည်း ဆက်နေတယ်လို့ ဆိုနိုင်တယ်။ အဲဒီနိုင်ငံတွေဟာ ကိုယ့်အနေအထားအလိုက် ဒီအခြေအနေသစ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
​ဗမာပြည်ဟာ ကိုယ့်နိုင်ငံရဲ့ ပထဝီအနေအထား၊ လက်ရှိ​နိုင်ငံ့အင်အား-ဆိုလိုတာ ဓနအင်အား၊ စစ်အင်အား၊ နိုင်ငံစည်းလုံးမှုအင်အား၊ တရုတ်​-မြန်မာ နှစ်နိုင်ငံဆက်ဆံမှု သမိုင်းအစဥ်အလာ စတာတွေကို ထည့်သွင်းစဥ်းစားရမယ်။ မူသဘောပြောရရင် အင်အားမကြီးတဲ့ နိုင်ငံတွေအနေနဲ့ နိုင်ငံတကာရေးရာတွေမှာ ဘယ်နိုင်ငံကြီးနောက်ကမှ တပည့်ခံမလိုက်ပဲ ပြေပြေလည်လည် ဆက်ဆံနိုင်ဖို့ဟာ အရေးအကြီးဆုံးပဲ။
အင်အားကြီးနိုင်ငံတစ်ခု ကိုယ့်အနားမှာကပ်ပြီး ပေါ်လာတာကို ကိုယ့်အတွက် ဘယ်လို အကောင်းဆုံးဖြစ်အောင် အသုံးချမလဲဆိုတာ သေချာစဥ်းစားရပါမယ်။ နိုင်ငံရေးသဘောအရ အနေအထိုင်မတတ်ရင် မြေဇာပင်ဖြစ်သွားနိုင်တယ်ဆိုတာ အထူးပြောစရာ မလိုဘူး။အရင်ကဆိုရင် အနောက်နိုင်ငံကြီးတွေဟာ တရုတ်ပြည်ကို ဧရာမစျေးကွက်ကြီး ရှိတဲ့နိုင်ငံလို့ သဘောထားခဲ့ကြတယ်။အဲဒီနောက်ကျတော့ ရင်းနှီး​​​​​​​​​​​မြုပ်နှံလို့ကောင်းတဲ့၊ လုပ်အားပေါပေါ ရနိုင်တဲ့နေရာလို့ သဘောထားလာပြန်တယ်။ ဒါတွေအားလုံးဟာ တရုတ်ပြည်ရဲ့ ပြောင်းလဲမှုအနေအထားအရ လိုက်လံပြောင်းလဲသတ်မှတ်ရတာတွေ ဖြစ်တယ်။အခုဆိုရင် တရုတ်ပြည်ကို စီးပွားကုန်သွယ်ဖက်လို့တောင် ပြောတဲ့လူက ပြောနေပါပြီ။
တိုင်းပြည်တစ်ခု အလျင်အမြန်တိုးတက်လာပြီး ကိုယ့်ကို စီးပွားရေးအရ
ပခုံးချင်းယှဥ်လာတာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံမှာ ကြီးမားတဲ့သင်ခန်းစာ ရှိဖူးပါတယ်။အဲဒါက ၁၉၆၀ခုနှစ်များမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ အနောက်ဥရောပနိုင်ငံတွေကို ဖြတ်ပြီးတက်လာတော့
အဝါရောင်​ခြိမ်းခြောက်မှုဆိုပြီး အကြီးအကျယ် စဥ်းစားပြင်ဆင်ကြပါတယ်။ မီဒီယာတွေကနေ လူထုဆန္ဒ ကောက်ခံကြည့်တာတွေမှာ အမေရိကန်နိုင်ငံသား ၈၀ ရာခိုင်နှုန်းလောက်က သူတို့နိုင်ငံအတွက် ဂျပန်ဟာ ဆို​ဗီယက်ယူနီယံထက် ပိုပြီး အန္တရာယ်ရှိတယ်လို့ ဖော်ပြခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အနေအထားတွေကို ထိန်းညှိရင်း ဒီလိုပဲ ပြီးသွားတာပဲ။ အခုအခါမှာလည်း အမေရိကန်ပညာရှင်တွေဟာ အဲဒီသင်ခန်းစာထောက်ပြပြီး တရုတ်ကိစ္စကို ချဥ်းကပ်ကိုင်တွယ်ဖို့ ပြောနေကြတယ်။
​ဗမာပြည်ကတော့ရော ဘယ်လိုသဘောထားမလဲ။ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး ဘက်စုံနောက်ကျနေမှုနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုမရှိဘူးဆိုတဲ့ အခြေအနေတွေကို မေ့လို့ မဖြစ်ဘူး။ တရုတ်နဲ့စာရင် ဗမာဟာ သမိုင်းမှာလည်း ဘယ်တုန်းကမှ ပိုအင်အားတောင့်တင်း၊ စီးပွားရေးဖွံ့ဖြိုးတယ်လို့ မပြောနိုင်ခဲ့ဘူး။ ​ဗမာစကားမှာ "တရုတ်ပြည်ကို အပ်ရောင်းသွားတယ်"ဆိုတဲ့ စကားပုံပဲကြည့်ပါ။ အထက်မှာရေးခဲ့တဲ့ အနောက်နိုင်ငံတွေက တရုတ်ပြည်အပေါ် သဘောထားခဲ့တာမျိုး ကျနော်တို့နိုင်ငံက မထားနိုင်​ခဲ့တာကို ပြနေတယ်။
ဒီနေ့အခါ ​ဗမာပြည်ထဲကို တရုတ်ပြည်က စီးပွားရေးအရ ဝင်ရောက်နေတာတွေကို စံအဖြစ်ထားရင် မှားပါတယ်။ လက်ရှိ တည်ရှိနေတာအားလုံးဟာ စစ်အစိုးရ အသုံးမကျလို့ နည်းလမ်းမကျဖြစ်ပေါ်နေတာချည်း ဖြစ်ပါတယ်။ တည်ငြိမ်တဲ့နိုင်ငံတစ်ခု၊ နိုင်ငံတကာပတ်ဝန်းကျင်တစ်ခုမှာ ဒီလို မဟုတ်ပါဘူး​။ အခု ကိုယ်က အင်မတန် နောက်ကျကျန်တာမို့ ကုန်ကြမ်းတင်ပို့ပြီး ကုန်ချောတင်သွင်းရတဲ့နိုင်ငံသက်သက် ဖြစ်နေရတယ်။ နောက်ပြီး အရင်းအနှီးတွေ တဖက်စောင်းနင်း စီးဆင်းနေတဲ့ အနေအထားကိုလည်း လက်ခံထားနေရတယ်။ နအဖစစ်​ဗိုလ်တွေနဲ့ ငြိမ်းအဖွဲ့ခေါင်းဆောင်တွေက ကိုယ်ငွေရရင်ပြီးရောဆိုပြီး စာချုပ်တွေချုပ် လုပ်ကိုင်နေကြတာတွေပါ။ ဒီနေရာမှာ ငြိမ်းအဖွဲ့ဒေသတစ်ခုက လူတစ်ဦးပြောတာကို ကိုးကားချင်ပါတယ်။ သူက "ဒီဖက်ကတင်ပို့ရတာက သစ်တို့၊ ကျောက်မျက်ရတနာတို့ဆိုတော့ ဟိုဖက်မှာတင်ကျန်ရစ်တယ်။ ကိုယ့်ဘက်ကသွင်းတာကတော့ ဘီယာတွေဆိုတော့ သောက်ပြီး သေးဖြစ် စီးထွက်သွားတာပဲ၊ ဘာမှ အဖတ်တင်မကျန်ဘူး"။
တကယ်က လက်ရှိအနေအထားမှာ တရုတ်ကုန်တွေစီးဆင်းဝင်နေတာဟာ ကိုယ့်နိုင်ငံတစ်နိုင်ငံထဲရဲ့ ပြဿနာမဟုတ်ဘူးဆိုတာ မမေ့သင့်ဘူး။ တင်သွင်းရတာချင်းအတူတူ အရည်အချင်းတူရင် တန်ဖိုးနည်းပြီး သယ်ယူပို့ဆောင်ရေးစရိတ်သက်သာတဲ့ တရုတ်ပစ္စည်းတွေကို လက်ခံနေတာ မမှားပါဘူး။ အရင်းအနှီးစီးဝင်မှု သဘောမှာလည်း အိမ်နီးချင်းမို့ ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်​။ အမှန်ပဲ၊ နိုင်ငံတစ်ခုတည်းက အရင်းအနှီးချည်းဝင်နေရင်တော့ မကောင်းဘူးပေါ့။
၂၀၀၅ ခုနှစ် ဇွန်လထုတ် လစ်ဗင်းကာလာ(Living Colour)မဂ္ဂဇင်းမှာပါတဲ့ ၂၀၀၄ ခုနှစ်အတွင်း တိုက်ရိုက်ရင်းနှီးမြှပ်နှုံသူများစာရင်းဆိုတဲ့ စာရင်းဇယားအရဆိုရင် နိုင်ငံပေါင်း ၂၇ နိုင်ငံအနက် တရုတ်ဟာ နံပါတ် ၁၃ ပဲ နေရာယူထားပါတယ်။ နံပါတ် ၁ က စင်ကာပူပါ။ သူ့နောက်မှာ ​​​​​​ြဗိတိန်၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင်၊ ပြင်သစ်၊ အမေရိကန် စသည်ဖြင့် တန်းစီနေကြပါတယ်။ စင်ကာပူရဲ့ အရင်းအနှီးတန်ဖိုးဟာ နိုင်ငံအားလုံး စုစုပေါင်းတန်ဖိုးရဲ့ ၂၀.၅၇%၊ ​ြဗိတိန်က ၁၈.၇၁%၊ အမေရိကန်က ၃.၁၉% ရှိပြီး တရုတ်ကတော့ ၁.၂၂% ပဲ ရှိပါတယ်​။ ဒါကိုကြည့်ရင် ဗမာ့စီးပွားရေးကို တရုတ်က လွှမ်းမိုးလိမ့်မယ်ဆိုတာဟာ နည်းနည်း အစိုးရိမ်ကဲတဲ့သဘော ဖော်ပြနေပါတယ်။
အထက်မှာပြောတဲ့ ကောင်းတယ်ဆိုတဲ့ကိစ္စက အဝေးကနိုင်ငံတွေက မလုပ်လို၊ အရင်းအနှီး မမြှုပ်နှံလိုတဲ့ လုပ်ငန်းတွေအတွက် အိမ်နီးနားချင်းဆီက အရင်းအနှီးရနိုင်တဲ့ ကိစ္စပါ။ ဥပမာတစ်ခုပြောရရင် ဖားကန့်၊ တာမခန်းနားမှာ တော်တော်ကြီးတဲ့ ကသိုဏ်းတောင် သံသတ္ထုသိုက် ရှိပါတယ်​။ နအဖဟာ သြစတြေးလျကုမ္ပဏီတွေနဲ့ အဲဒီသိုက်ကို ကန်ထရိုက်ယူလုပ်ရေး ဆွေးနွေးပါတယ်။ ဟိုက ကျွမ်းကျင်သူတွေ ကွင်းဆင်းပြီး လေ့လာတိုင်းထွာကြတယ်။ သူတို့က ဒီမှာ သတ္ထုသိုက် ကြီးကြီးမားမားရှိတာ အမှန်ပဲ။ ဒါပေမယ့် သယ်ယူပို့ဆောင်ရေးစရိတ် စတာတွေနဲ့တွက်လိုက်ရင် မကိုက်ဘူးလို့ အထက်ကို ပြန်အစီရင်ခံလို့ ဟိုက မလုပ်တော့ပါဘူး။ သူတို့ပြောတာလည်း မှန်ပါတယ်၊ ဗမာပြည်မှာ လောလောဆယ် သံရိုင်းကို တစ်ဆင့် အချောကိုင်ဖို့ လောင်စာ လုံလုံလောက်လောက် မရှိဘူး။ ကျောက်မီးသွေး မလုံလောက်ဘူး။ ဒီတော့ သံရိုင်းအဖြစ်နဲ့သာ ပြည်ပကို ဆွဲထုတ်ရရင် စရိတ်က (လုံးဝ) မကာမိတော့ဘူး။ တရုတ်ကျတော့ သူ့နယ်စပ်ကနီးတယ်။ ဆွဲထုတ်နိုင်တယ်။ နယ်စပ်မှာတင် သံရိုင်းကို တစ်ဆင့် အချောကိုင်နိုင်တယ်။ ဒါ့ကြောင့် ယူနန်နယ် ပေါက်ဆန်းက ကုမ္ပဏီကြီးတစ်ခုက ထုတ်လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ နို့ပေမယ့် စစ်အစိုးရဘက်က အခက်အခဲတွေ ထပ်ဖန်တီးနေတာနဲ့ အခုထက်ထိ လုပ်ငန်းမစနိုင်သေးပဲဖြစ်နေလို့ တရုတ်တွေ စိတ်ပျက်နေတယ်လို့ ကြားရပါတယ်။
အဲဒီလိုပဲ လုပ်ငန်းခပ်သေးသေးတွေ၊ ဥပမာ- ရွှေတူးတဲ့လုပ်ငန်းအတွက် အရင်းအနှီးလိုတယ် ဆိုပါစို့။ ဟိုနည်းနည်း ဒီနည်းနည်း ကြဲကွဲနေလို့ ကောက်သင်းကောက်သလို ကောက်ပြီး လုပ်ရမယ့်လုပ်ငန်းတွေကို အဝေးက နိုင်ငံကြီးတွေက လုပ်ချင်ပါ့မလား။ ဒါမျိုးကို အိမ်နီးချင်းတွေကသာ လုပ်တာပါ။
ဒါကြောင့် ​ဗမာပြည်ဟာလည်း တခြားနိုင်ငံများနည်းတူ တရုတ်ပြည် အင်အားကြီးထွားလာတာကို လက်တွေ့ အသုံးချရင်ဆိုင်ဖို့ ဉာဏ်အမြော်အမြင်ကြီးမားစွာနဲ့ ရေရှည်ကိုလှမ်းကြည့်ပြီး သဘောထားချမှတ်ရမယ် ထင်ပါတယ်။ စစ်အစိုးရလုပ်နေသလို ဒီအကွေ့ ဒီတက်နဲ့လှော်မယ်။ နောက်အကွေ့ ကြည့်လုပ်တာပေါ့ ဆိုတာမျိုးနဲ့တော့ မဖြစ်ပါဘူး​။
ဒီနေရာမှာ မျိုးချစ်စိတ်အကြောင်း နည်းနည်းပြောဖို့ လိုပါမယ်။ မျိုးချစ်စိတ်ဆိုတာ ရှိသင့်ပါတယ်။ ဒါပေမယ့် ဒါကို လွန်လွန်ကဲကဲ အတိုင်းအတာနဲ့ မဟုတ်တဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုတယ်ဆိုရင်တော့ မကောင်းပါဘူး။ ​ဗမာပြည်ဟာ သမိုင်းတစ်လျှောက်လုံး အင်မတန် လူဦးရေများတဲ့ ကုလားနဲ့ တရုတ်တွေအကြား နေခဲ့ရတာပဲ။ တရုတ်တပ်တွေက ဝင်သိမ်းတာလည်း ခံရဖူးတယ်။ ကုလားတွေကို အင်္ဂလိပ်တွေက အစီအစဉ်ရှိရှိနဲ့ သိန်းနဲ့ချီ တင်သွင်းလာတာ၊ နောက် ခိုးဝင်လာကြတာတွေလည်း ကြုံဖူးပါတယ်။ ဒါပေမယ့် လူမျိုးတုံးတယ်ဆိုတဲ့ပြဿနာ မရှိခဲ့ပါဘူး။ ကိုယ်ကပဲ သူတို့ကိုလွှမ်းပြီး ကိုယ့်လက္ခဏာတွေကို ထိန်းသိမ်းခဲ့ကြတယ် မဟုတ်လား။
ဖိလစ်ပိုင်သမ္မတ ကိုရာဇွန်အကွီနို တရုတ်ပြည်ကိုရောက်တော့ ဖုကျင့်ပြည်နယ်မှာ သူ့ဘိုးဘေးတွေရဲ့အုတ်ဂူကို သွားကန်တော့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း အလားတူပဲ ကန်တော့ပါတယ်။ သူတို့သွေးထဲမှာ တရုတ်သွေးပါတာမှန်ပေမယ့် သူတို့နိုင်ငံတွေကို ဒီကိစ္စကို ရေးကြီးခွင်ကျယ် ဘယ်သူမှ မပြောပါဘူး။ အလားတူ အရင်​ဗမာပြည်က ဖဆပလအမတ်တွေထဲမှာလည်း တရုတ်သွေးပါသူ၊ ကုလားသွေးပါသူတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ချင်းကွဲတော့တောင် လူမျိုးရေးကိစ္စကို စကားလုပ်မပြောခဲ့ပါဘူး။
တကယ်က ဗမာပြည် ဒီဘက်ခေတ်သမိုင်းမှာ လူမျိုးရေးကို နိုင်ငံရေးအတွက် အသုံးပြုပြီး မျိုးချစ်စိတ်ဆိုတဲ့ စကားလုံးကို အလွဲသုံးစားလုပ်တာဟာ မဆလခေတ်ကစတယ်လို့ ဆိုရမှာပါ။ "မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်တယ်"ဆိုတဲ့ ကြွေးကြော်သံကို မဆလစစ်​ဗိုလ်ချုပ်တွေ တင်ခဲ့တာပါ။ အဲဒီတုန်းကတော့ တရုတ်ကို စောင်းပြောတာပါ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲဒီလို အပြောမျိုးနဲ့ပဲ လူမျိုးရေးစကားတွေနဲ့ တိုက်ခိုက်နေတယ်မဟုတ်လား။ ဒါတွေဟာ စံကျတဲ့ မျက်ကန်းမျိုးချစ်လက္ခဏာ ဖြစ်ပါတယ်။
​ဗမာပြည်ဟာ အာရှတိုက်မကြီးပေါ်က နိုင်ငံလတ်တစ်ခုပါ။ ပဒေသရာဇ်စနစ်နဲ့ အရင်းရှင်စနစ်ဆိုတာ ခေတ်ချင်း သိပ်ကွာလှတာ မဟုတ်ပါဘူး​။ အမေရိကတိုက်ကြီးမှာ ဌာနေလူမျိုးတွေနဲ့ အသစ်ဝင်လာတဲ့ လူဖြူတွေလို၊ အာဖရိကတိုက်မှာ ကျွန်ဖြစ် အဖမ်းခံကြရတဲ့ လူမည်းတွေနဲ့ လူဖြူတွေလို စီးပွားရေးစနစ်ချင်း မကွာပါဘူး။ သူတို့မှာက အရင်းရှင်စနစ်နဲ့ ရှေးဦးဘုံစနစ်လို ဖြစ်နေတာပါ။ အမေရိကန်မှာ လူမည်းတွေဟာ အသွေးအရောင်ကလွဲပြီး အကုန်ပျောက်သွားပါပြီ။ နာမည်၊ ကိုးကွယ်မှု၊ ရိုးရာယဥ်ကျေးမှု အကုန်ပျောက်ကုန်ပါပြီ။ လူနီတွေလည်း အလားတူပါပဲ။ သူတို့နဲ့ပြောင်းပြန်၊ ​ဗမာပြည်သားများကတော့ ကိုယ့်​ဗမာပြည်ထဲမှာ နေသရွေ့ ကိုယ့်အမျိုးသားလက္ခဏာတွေ မပျောက်နိုင်ပါဘူး။ ပြည်ပမှာ အနေကြာရင်သာ သီပေါအဆက်၊ မြင်းကွန်းအဆက်၊ လင်းပင်အဆက်တွေလို မျိုးဆက်တွေ ပျောက်ကုန်နိုင်ပါတယ်။
ချုပ်ပြောလိုက်ရင် တရုတ်ပြည်အားကြီးလာလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အလွယ်တကူ သူများအပေါ် အပြစ်ပုံချပြီး ကိုယ့်ဘက်က လုပ်သင့်တာ မလုပ်ရင်၊ ကိုယ်ပဲ သမိုင်းကပေးတဲ့ အခွင့်အရေးတွေ လက်လွတ်ကုန်မှာပါ။

Wednesday, April 29, 2020

တော်လှန်ရေးတဖန်ရှင်သန်ထမြောက်စေဖို့

0 comments
ရဲဘော်ထွန်း
၁၉၀၅-ခု၊ ရုရှားတော်လှန်ရေးရှုံးတော့ လီနင်(၁၉၀၇) ခုနှစ်မှာ နိုင်ငံခြားထွက်ပါတယ်။ ဆွစ်ဇာလန် ဂျီနီဗာ သွားနေပါတယ်။ နိုင်ငံခြားမထွက်ခင် ၁၉၀၆ မတ်လမှာ ဆောင်းပါးတပုဒ် ရေးသွားပါတယ်။ အဲ့ဒီဆောင်းပါးမှာ “တော်လှန်ရေးကိုမြေမြှုပ်သင်္ဂြိုလ်လိုက်ရပြီ အခုလောက်ဆိုရင် လောက်တဖွားဖွား တက်နေ ရော့မယ်။ ဒါပေမဲ့ တော်လှန်ရေးဆိုတာ ရှင်သန်ထမြောက်တာမြန်တတ်ပါတယ်။ ကောင်းကောင်းပြုပြင် ပြင်ဆင်ထားတဲ့ မြေပေါ်မှာ ရှင်သန်ပွင့်လန်းလာ အောင်လုပ်ရမယ် ” လို့ ရေးပြီး ပြည်ပ ထွက်သွားခဲ့တာ ဖြစ်တယ်။
ဂျီနီဗာရောက်တော့ တော်လှန်ရေးတဖန်ရှင်သန်ထမြောက်ဖို့ လုံးပန်းပါတယ်။ အဓိကလုပ်ရတာက “ တော်လှန်ရေးသစ်အတွက် ပြည်တွင်းမှာ ကေဒါ မွေးမြူရတာပါပဲ။ 
တန်ပြန်တော်လှန်ရေးကလည်း ငြိမ်နေတာ မဟုတ်ပါဘူး။ မာက်စ်ဝါဒကို တိုက်ခိုက်တဲ့ခါတော်မှီ စာရေးဆရာတွေ မွေးပါတယ်။ တော်လှန်ရေးကို သရော်စေပါတယ်။ သစ္စာဖေါက်သူကို မြှောက်စားပါတယ်။ အဲ့ဒီလိုနဲ့ စိတ်ဓါတ်ကျရောဂါ လူထုထဲ ပြန့်ပွားစေပါတယ်။
ကျွန်တော်တို့ ဗမာပြည်တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်လောက်တူလိုက်ပါသလဲ။ မတူတာက နိုင်ငံတကာ့ အခြေအနေပါ။
မတူတဲ့ နိုင်ငံတကာ့အခြေအနေ
ကြီးကြီးကျယ်ကျယ် 
နိုင်ငံတကာ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာတာ လုပ်မှာမဟုတ်ပါဘူး။ လီနင်နဲ့ ကျွန်တော်တို့ မတူတဲ့အခြေအနေမှာလုပ်ရတာ ပြောမလို့ပါ။ လီနင်က ဆွစ်ဇာလန်မှာ ကူညီမဲ့သူမရှိ ရပ်တည်ရင်း “ တော်လှန်ရေးသစ် ” အတွက်ကေဒါမွေးရတာပါ။ သက်တမ်းမရှည်တဲ့ စာစောင်တွေ တခုပြီးတခုထုတ်တယ်။ ရုရှားပြည်တွင်း ခိုးသွင်းတယ် ။ ဒူးထောက်ရင်း“ တော်လှန်ရေး ” လုပ်နေကြတဲ့ လှေကြုံစီး “ တော်လှန်ရေးသမား” တွေနဲ့ အတွေးအခေါ်တိုက်ပွဲတိုက်တယ်။
ကျွန်တော်တို့လီနင်လောက်မခက်ပါဘူး ။ အသံလွှင့်ရုံတွေ ပေါ်နေတဲ့ခေတ်။ အိမ်တိုင်းစေ့လောက် ရေဒီယိုနားထောင်နိုင်တဲ့ခေတ်။ ကွန်ပြူတာခေတ်၊ ဗမာပြည်သားတွေသိန်းသန်းချီပြီး နိုင်ငံခြားထွက်နေတဲ့ခေတ်မှာ အိမ်ရှင်က (အကြောင်းအမျိုးမျိုးကြောင့် )ကျွန်တော်တို့ကိုလက်ခံထားတဲ့ခေတ်မှာ လုပ်နေရတာပါ။ 
ခက္တာာကဘာလဲ
ကေဒါတွေကို တော်လှန်တဲ့လက်နက် တပ်ဆင်ရတာ ခက်ပါတယ်။ ပထမကမ္ဘာစစ်တောင် မဖြစ်သေးတဲ့ခေတ်ကနဲ့ အခု ဂလိုဘယ်လိုက်ဇေးးရှင်းခေတ် အတွေးအခေါ်ရှုပ်ထွေးပုံချင်း သိတ်ခြားနားပါတယ်။
နောက်တခုက လီနင်ကဘယ်သူ့ကိုမှ မှီခိုပြီး နေထိုင်စားသောက်တာ ၊ နိုင်ငံရေးလုပ်နေတာမဟုတ်ပါဘူး။ ကျပ်တည်းပါတယ်။ ဒါပေမဲ့ လွတ်လပ်အမှီခိုကင်းတယ်၊ နိုင်ငံခြားရောက် ရုရှားတွေကလည်း ကိုယ့်အသိုင်းအဝန်းနဲ့ကိုယ် စည်းခြားနေကြတာဖြစ်တယ်။ ရောရောနှောနှောမဟုတ်ဘူး။ လီနင် ဆန့်ကျင်ရတဲ့နိုင်ငံရေးသမားကလည်း ကိုယ်လိုဆိုရှယ်ဒီမိုကရက် (ကွန်မြူနစ် )တွေချည်းပဲ။ ကျွန်တော်တို့ခေတ်မှာလို အရောရောအထွေးထွေး မဟုတ်ဘူး။ ငြင်းကြ ခုံကြ ရန်ဖြစ်ကြရင်လည်း အဘိဓမ္မာကိစ္စလို ကြီးကြီးကျယ်ကျယ် တွေချည်းပဲ။ 
ကျွန်တော်တို့ခေတ်မှာတော့ နိုင်ငံရေးစတန့် လုပ်ဖို့လွယ်တယ်။ ပြည်တွင်းမှာ ဘာမှ လူထုအခြေခံမရှိတဲ့လူကလည်း စတန့်ထပြီးလုပ်နိုင်တာပဲ။
ရှည်ရှည်ဝေဝေးကိစ္စထားလိုက်ပါ။ အခုတလောမှာသမ္မတစောဝ်ရွှေသိုက် သားကြီးစတန့်ထွင်လိုက်တာ အတော် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကြည့်ပါ။ “ ဗျူး”ကြ၊ “ဖြေ”ကြနဲ့ အတော်လှုတ်ခတ်သွားပါတယ်။ အဲ့ဒီလိုဘာကြောင့်ဖြစ်တာလဲ။ ပြည်တွင်းမှာ ငြိမ်နေလို့ပါ။
လူထုအခြေအနေ
မစို့မပို့လုပ်လို့ကတော့ သရဲမရဲစီးနေတဲ့ စစ်အစိုးရကို မနိုင်နိုင်ဘူးဆိုတာ လူထုက ဘဝပေးအသိအရသိနေတယ်။ (၁၇-နှစ်ပဲရှိတော့မယ်။ မသိဘဲနေပါ့ မလား။) ဒါကြောင့်ငြိမ်နေတယ်။ 
လူထုလိုချင်တာ ကြွေးကြော်သံမဟုတ်ဘူး။ ပြည်ပက စတန့်မဟုတ်ဘူး လူထုထဲမှာနေပြီး လူထုကိုစည်းရုံးတဲ့သူကို လိုချင်တာ ဖြစ်တယ်။
လီနင် ပြည်ပမထွက်ခင်ကတည်းက ပြည်တွင်းမှာ လူထုထဲနေပြီး လူထုကိုစည်ရုံးမယ့် ယူဂျီကလာပ်စည်းတွေအများကြီး ဖွဲ့ပေးထားတယ်။ ဆက်သွယ် ရေးလမ်းကြောင်းတွေဖွင့်ထားတယ်။ ဒါတွေပြင်ပြီးမှ သူ ပြည်ပထွက်တာပဲ။ ကျွန်တော်တို့ရဲ့ဂျပန်ဖက်ဆစ်တော်လှန်ရေးတုန်းကလည်း ပြည်ပမှာပါတီကိုယ် စားလှယ်ထားတယ်။ ဗဟိုက ပြည်တွင်းမှာနေပြီး ယူဂျီလုပ်တယ်။ နယ်မှာယူဂျီတွေ ဖွဲ့တယ်။ 
ကျွန်တော်တို့ရဲ့ ၁၉၈၈-၈၉။ ၉၀ အဖြစ်နဲ့ တခြားစီပဲ။ စိတ်ကူးနဲ့လက်တွေ့ကွာဟသွားတော့ ကျွန်တော်တို့မှာ တတိယနိုင်ငံထွက်ရေးလမ်းပဲ ပွင့်နေတော့ တယ်။ အဲဒီတော့ ပြည်ပရောက်တဲ့ကိုယ်စားလှယ်အဖွဲ့တွေကများသွားတယ်။အပြစ်ပြောတာမဟုတ်ပါ။ အဖြစ်ကိုပြောတာပါ။
ပြည်တွင်းမှာ လုပ်မဲ့လူ ကေဒါနည်းသွားတယ်။ ပြည်တွင်းမှာနေလို့ ဘာမှမလုပ်နိုင်ဘူး။ ပြည်ပထွက်တာကမှ လုပ်နိုင်ဦးမယ်ဆိုတဲ့ အတွေးအခေါ်ဝင်တော့ “ အဂ္ဂ ” တွေ ပြည်ပထွက်တယ်။ လူထုကတော့ပြည်ပထွက်နိုင်တာ မဟုတ်ဘူး ။ ထွက်ရင်လည်း ဘယ်တိုင်းပြည်ကမှ လက်ခံမှာမဟုတ်ဘူး။ 
လူထုနဲ့ကင်းကွာတော့
ကြွေးကြော်သံပဲ ထုတ်နိုင်တယ်။ “ ၁၀ နှစ်ပြည့်လို့ ရှမ်းပြည်ခွဲထွက်လိုက်ပြီ ”ဆိုတာဟာ ၁၉၅၈-၅၉ မှာ နွံစစ်ဟန်ပေါ်ကတည်းက ပေါ်တာပါ။ မြို့ပေါ်က ဗမာအစိုးးရတပ်ကို ရန်မရှာဝံံ့ပါဘူး ။ တောထဲက ဗပက တပ်ကိုရန်လုပ်ပါတယ်။ “ နောင်ချို နဲ့ မေမြို့ကြား နယ်ခြားဟိုဘက်အထိဆုတ်ပေးရမယ်။ မဆုတ်ရင် တိုက်မယ် ” လို့ ရာဇသံပေးလာပါတယ်။ ဗပက တပ်က ၁၉၄၉-၅၀ ကတည်းက ရောက်နေတာပါ။ ဗပက က ပြန်ပြီး “ မဆုတ်ဘူး။ လာရင်တိုက်မယ် ” လို့ ရာဇသံပြန်ပေးပါတယ်။ သူတို့မလာလို့ မတိုက်ရပါဘူး။ ယောင်ပြ ဟန်ရေးပြပြီး တိုက်လွှတ်လိုက်တာနဲ့ တပ်လန်ပြီး ပြန်ပြေးပါတယ်။ သစ်ခုတ်လွှဆွဲ ဗမာ အလုပ်သမားတွေတော့ တချို့ အသတ်ခံရရှာပါတယ်။
စစ်အုပ်စု ( ဗမာလူမျိုးကြီး ဝါဒ) က အဲဒီလို သင်္ကြန်အမြောက်ဖေါက်တာကို မကြောက်ရုံမက ကြိုက်ပါတယ်။
လူထုနဲ့ကင်းကွာရင် သင်္ကြန်အမြောက်ပဲ ဖေါက်နိုင်ပါတယ်။
လူထုနဲ့အဆက်ရရေး
တတိယနိုင်ငံရောက်နေသူတွေ ဗမာပြည် ပြန်မှ အဆက်ရတာမဟုတ်ပါဘူး။ နည်းမျိုးစုံနဲ့ အဆက်ရနိုင်ပါတယ်။ ဗမာပြည်ထဲမှာ ၃ ဦးပါတဲ့ ယူဂျီ ကလာပ်စည်းတခုဖွဲ့နိုင်တာဟာ ကြေညာချက် သောင်း-သိန်းထုတ်တာထက် အကျိုးများပါတယ်။
အဲဒီယူဂျီကလာပ်စည်း လူထု၊ စစ်တပ်ထု၊ ကျောင်းသားထုထဲမှာ တထောင်ရှိရင် စစ်အစိုးရကို ထိထိမိမိ ထိုးနှက် ဖြုတ်ချနိုင်မှာဖြစ်ပါတယ်။
(၂၀၁၅-ခုနှစ် ဇွန်လ ထုတ် ၂၁-စာစဉ်မှာပါရှိတဲ့ ရဲဘော်ညိုမင်းနံမည်နဲ့ရေးထားတဲ့(ရဲဘော်ထွန်း) ရဲ့ဆောင်းပါးကို ကူးယူဖေါ်ပြလိုက်တာဖြစ်ပါတယ်။ )

Sunday, April 26, 2020

ဘုရားတည်ပြီးရင် ငြမ်းတွေဖျက်ရတာပဲ (မောင်မိုးဦး)

0 comments
ဘုရားတည်ပြီးရင် ငြမ်းတွေဖျက်ရတာပဲ မောင်မိုးဦး
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၃)
--------
ဗမာပြည်လွတ်လပ်ရေးရတာ နှစ် ၇ဝ ကျော်ပြီ။ ပြည်တွင်းစစ်ဖြစ်တာလည်းနှစ် ၇ဝ ကျော်ပြီ။ အုပ်စိုးသူတွေရဲ့ဖိနှိပ်အုပ်ချုပ်မှုကို အဖိနှိပ်ခံတွေက ခေါင်းငုံ့မခံဘဲ ခုခံတွန်းလှန်တဲ့ စစ်ပွဲဖြစ်တယ်။ အုပ်စိုးသူဘက်ကလည်း မျိုးဆက်တဆက်ပြီးတဆက် အဆက်မပြတ် ဖိနှိပ် စိုးမိုးနိုင်သလို အဖိနှိပ်ခံတွေဘက်ကလည်း မျိုးဆက်တဆက်ပြီးတဆက် ခုံခံဆန့် ကျင်နိုင်လို့ လည်း ရေရှည်စစ်ပွဲဖြစ်နေတာပါပဲ။
အင်္ဂလိပ်နယ်ချဲ့သမားရဲ့ကျွန်ဘဝ၊ဖက်ဆစ်ဂျပန်ရဲ့ကျွန်ဘဝကလွတ်မြောက်လိုတဲ့ အမျိုးသားစိတ် (လွတ်လွတ်လပ်လပ်နေထိုင်လုပ်ကိုင်စားသောက်နိုင်တဲ့ဘဝ၊ ဒီမိုကရေစီအခွင့် အရေးပြည့်ဝတဲ့ဘဝ၊ တန်းတူရည်တူအခွင့်အရေးရှိတဲ့ဘဝ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ ဘဝ၊ ဖွံ့ဖြိုးတိုးတက်တဲ့ဘဝ၊ အေးချမ်းသာယာတဲ့ဘဝတို့ကို ရရှိလိုတဲ့ပြင်းပြတဲ့စိတ်) ဟာ ဗမာပြည်မှာနေထိုင်နေတဲ့ လူမျိုးပေါင်းစုံမှာ ဘဝပေးအသိအရ တညီတညွတ်တည်း ရှိလာတဲ့အခါမှာ အမျိုးသားစည်းလုံးညီညွတ်မှုရရှိလာပါတယ်။
အမျိုးသားစည်းလုံးညီညွတ်မှုအားနဲ့ လက်တွေဘဝကို ဖြတ်သန်းလုံးပန်းတဲ့အခါမှာ လွတ်လပ်ရေးလည်း ရရှိခဲ့တယ်။ လွတ်လပ် ရေးရပြီးတဲ့နောက် တိုင်းပြည်ကို ဘယ်လိုထူ ထောင်မယ်ဆိုတာမှာ သဘောထားကွာဟမှုတွေရှိလာတယ်။ ဒီနေရာမှာ အင်္ဂလိပ်နယ်ချဲ့ သမားဟာ မစားရတဲ့အမဲ -သဲနဲ့ပက်တဲ့အလုပ်ကိုလုပ်ခဲ့တယ်။ အမျိုးသားခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်လိုက်တယ်။ အမျိုးသားစည်းလုံးညီညွတ်မှု အက်ကြောင်းပေါ်ချိန်မှာ လွတ်လပ်ရေးကိုပေးလိုက်တယ်။
လွတ်လပ်ရေးရရှိလာတဲ့အခါမှာ အာဏာရရှိလာတဲ့ လူတွေဟာ အဖိနှိပ်ခံဘဝကနေ ဖိနှိပ်သူလူတန်းစားဘဝကိုပြောင်းသွားပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမား ကျင့်သုံးတဲ့ဗျူရိုကရေစီ စနစ်ကို ဆက်ခံလိုက်တယ်။ အင်္ဂလိပ်နယ်ချဲ့သမား ကိုလိုနီအုပ်ချုပ်ရေးစနစ်နေရာမှာ ပြည်တွင်းဖြစ် ဗျူရိုကရေစီစနစ်ကို လက်ခံအစားထိုးလိုက်တယ်။ အင်္ဂလိပ်နယ်ချဲ့သမားနေရာကို ပြည်တွင်းဖြစ် ဗျူရိုကရက်အရင်းရှင်လူတန်းစားက အစားထိုးဆက်ခံလိုက်တယ်။
ဗမာပြည်ဟာ အဲဒီအချိန်ကစပြီး ကိုလိုနီနိုင်ငံဘဝကနေ ကိုလိုနီတပိုင်း၊ ပဒေသရာဇ် တပိုင်းတိုင်းပြည်ဘဝကို ကျရောက်သွားရပါတယ်။ အမျိုးသားစည်းလုံးညီညွတ်မှုဟာလည်း ပြိုကွဲသွားပါတော့တယ်။ တမျိုးသားလုံးရည်မှန်းထားတဲ့၊ လွတ်လပ်ရေးရပြီးရင် သာယာ ဝပြောတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ တန်းတူမှုရှိတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ပြည်ထောင်စုနိုင်ငံသစ်တခုထူထောင်မယ်ဆိုတာဟာလည်း အကောင်အထည်မပေါ်လာတော့ပါ။ ဗမာပြည် လူမျိုးပေါင်းစုံအဖိနှိပ်ခံပြည်သူလူထုကြီး ခံစားကြုံတွေလိုက် ရတာက အမျိုးသားပြိုကွဲမှုနဲ့ပြည်တွင်းစစ်ဖြစ်ပါတယ်။
အာဏာရဖဆပလအစိုးရဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလတုန်းက အတူတိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအပေါ် ငါနဲ့မတူ၊ ငါ့ရန်သူလို သဘောပိုက်လာပါတယ်။ ဖဆပအစိုးရကိုဝေဖန်တဲ့အဖွဲ့အစည်းတွေကို လက်ဦးမှုရှိရှိ ဖမ်းဆီးဖိနှိပ်ချေမှုန်းဖို့ ကြိုးပမ်းရာကနေ ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ဖြစ်လာတော့ ဖဆပလ အစိုးရက သူ့ကိုခုခံဆန့်ကျင်သူတွေကိုဆူပူသောင်းကျန်းသူတွေ၊ ရောင်စုံသူပုန်တွေဆိုပြီး သုံးနှုန်းပါတယ်။ အဓိပ္ပာယ်က နိုင်ငံရေးအင်အားစုတွေအဖြစ် အသိအမှတ်မပြုတာပါ။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့သူမနာကိုယ်မနာငြိမ်းချမ်းရေးဆွေးနွေးရေးကို ဖဆပလ အစိုးရက ပယ်ချခဲ့ပါတယ်။ ဒီအပြင် မတရားအသင်းတွေအဖြစ်ကြေညာပါတယ်။
ပြည်သူလူထုဘဝ၊ လူမျိုးစုံပြည်သူလူထုရဲ့ဆန္ဒတွေကို ထင်ဟပ်ပြီး လူမျိုးစုံပြည် သူလူထုအကျိုးအတွက် နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးရည်မှန်းချက်နဲ့ လှုပ်ရှားနေတဲ့ အင်အားစုအားလုံးဟာ တော်လှန်ရေးအင်အားစုတွေဖြစ်ပါတယ်။ ဗမာပြည်ရဲ့ပဋိပက္ခဟာ
ဖိနှိပ်အုပ်စိုးသူအစိုးရနဲ့အဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့ရုန်းကန်တဲ့တော်လှန်ရေးအင်အားစုတွေဖြစ်နေတဲ့ပဋိပက္ခဖြစ်ပါတယ်။ ဒီအဓိကပဋိပက္ခဟာ ပြည်တွင်းစစ်အဖြစ် ဖေါ်ပြနေပါတယ်။ ဒီအဓိကပဋိပက္ခရဲ့အဓိကဘက်ဟာဖိနှိပ်အုပ်စိုးသူအစိုးရအဆက်ဆက် ဖြစ်ပါတယ်။
ဒါကြောင့်ပြည်တွင်းစစ်ရပ်စဲရေးဟာ အုပ်စိုးသူအစိုးရအဆက်ဆက်ရဲ့ ချမှတ်တဲ့ ပေါ်လစီ အရပ်ရပ်ပေါ် မူတည်ပါတယ်။ အုပ်စိုးသူအစိုးရအဆက်ဆက်ကပြည်တွင်းစစ်ဟာ နိုင်ငံရေးပြဿနာဖြစ်ပြီး နိုင်ငံရေးအရဆွေးနွေးဖြေရှင်းမယ်လို့ မူဝါဒမချမှတ် မလုပ်ဆောင် မချင်း ပြည်တွင်းစစ်ဟာရှည်ကြာနေဦးမှာဖြစ်ပါတယ်။
အုပ်စိုးသူတွေဖြစ်တဲ့ ဖဆပလအစိုးရကအစ စစ်အစိုးရအဆက်ဆက်တို့ဟာ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ပတ်သက်ရင် သဘောချင်း တူကြ၊ သဘောထားကိုက်ညီကြပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးအင်အားစုတွေကို ဆူပူသောင်းကျန်းသူ၊ အမြစ် ပြတ်ရှင်းပစ်ရမယ့်သူလိုသဘောထားတာပဲ။ဒါကြောင့် လက်နက်ချအညံ့ခံရင်ခံ၊ မခံရင်အချေမှုန်းခံရမယ်ဆိုတဲ့မူဝါဒကိုတလျှောက်လုံးကျင့်သုံးခဲ့ကြတာကနေ့အထိပါပဲ။
၁၉၅၈ ခုနှစ်မှာ အစိုးရက လက်နက်နဲ့ဒီမိုကရေစီလဲမယ်ဆိုတုန်းက ရခိုင်ဘက်မှာ ဦးစိန္တာအဖွဲ့တဖွဲ့လုံး၊ မွန်လက်နက်ကိုင် တဖွဲ့လုံး (နိုင်ရွှေကျင်မှအပ) ၊ ပြည်သူ့ရဲဘော် တဖွဲ့လုံး၊ ရှမ်းပြည်ဘက်မှာ “ပအမဖ”တဖွဲ့လုံး လက်နက်အပ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအဖွဲ့အစည်းတွေလက်နက်ချအလင်းဝင်တယ်ဆိုတာပဲအဖတ်တင်ပြီးဒီမိုကရေစီလည်းမရဘဲအဖွဲ့အစည်းဖျက်သိမ်းတာခံလိုက်ရတယ်။ ဒါကြောင့်ဒီအင်အားစုတွေထဲက တချို့ဟာတနည်းနည်းနဲ့ပြန်လည်ဖွဲ့တည်ကြပြီးလက်နက်ကိုင်တော်လှန်ရေးကိုဆက်လက်ဆင်နွှဲကြပြန်တယ်။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုအာဏာသိမ်းပြီး ၁၉၆၃ ခုနှစ်မှာ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တယ်။ တွေ့ဆုံဆွေးနွေးပွဲမှာအပစ်အခတ်ရပ်စဲရေးကိစ္စဆွေးနွေးစဉ်မှာပဲ ဗိုလ်နေဝင်းက ဆွေးနွေးပွဲကို တဖက်သတ်ဖျက်သိမ်းလိုက်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားပြီးတဲ့နောက်မှာ ဗမာပြည်နေရာအနှံ့မှာ လက်နက်ကိုင်တပ်ဖွဲ့ အသစ်တွေ ပေါ်ထွက်လာပါတယ်။ ကျောင်းသားလူငယ်တော်တော်များများလက်နက်ကိုတော်လှန်ရေးထဲပါဝင်လာကြပါတယ်။ အထူးသဖြင့်ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်းနဲ့ရခိုင်ဒေသတို့မှာ လက်နက်ကိုင်အင်အားစုအသစ်တွေထပ်မံပေါ်ပေါက်လာပါ တယ်။
၁၉၆၃ ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာ စောဟန်တာသာမွှေးခေါင်းဆောင်တဲ့ ကေ၊အာရ်၊စီအဖွဲ့၊ သခင်စိုးခေါင်းဆောင် တဲ့ အလံနီပါတီ (ကွန်မြူနစ်ပါတီ၊ ဗမာပြည်) နဲ့အလံနီပါတီအနွယ်တွေ တသုတ်ပြီးတသုတ်လက်နက်ချအညံ့ခံပါတယ်။ ဥပဒေဘောင်ထဲဝင်လာတယ်။ ကြိုဆိုပါတယ်ဆိုတဲ့ စကားလုံးတွေနဲ့ကြိုဆိုခံရတာပဲရှိပါတယ်။ အကျိုးဆက်ကတော့ အဖွဲ့အစည်းဖျက်သိမ်းခံရတယ်။ တပ် ဖျက်သိမ်းပစ်တာခံရတယ်။
၁၉၈၈ ခုနှစ်မှာ မဆလတပါတီစစ်အာဏာရှင် စနစ်ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီ အရေးအတွက်တိုက်ပွဲဝင်တဲ့ ၊ လူထုအုံကြွမှု အရေးအခင်းကြီးပေါ်ပေါက်ခဲ့တယ်။ ဗိုလ်နေဝင်း နှုတ်မိန့်နဲ့ ဗိုလ်စောမောင်ကနဝတကိုဖွဲ့စည်းပြီးစစ်အာဏာသိမ်းတယ်။ လူထုကြီးကို သွေးချောင်းစီး နှိမ်နင်းခဲ့တယ်။
ဒီအရေးအခင်းမှာကျောင်းသားလူငယ်အပါအဝင် လူအများအပြားအသတ်ခံရ၊ ဖမ်းဆီးနှိပ်စက်ထောင်ချခံရ၊ လက်နက်ကိုင် တော်လှန်ရေးထဲရောက်သူရောက်၊ မကဒတ ကိုထူထောင်သူကထောင်၊ ပြည်ပထွက်ပြီးတိမ်းရှောင်သူကရှောင်၊ ပြည်ပမှာ နိုင်ငံရေး ပါတီအဖွဲ့အစည်းသစ်တွေထူထောင်သူကထောင်ကြသလို၊ ပြည်တွင်းမှာပဲ နိုင်ငံရေးပါတီ သစ်တွေ ထူထောင်သူကထောင်ကြပါတယ်။ တကယ်တော့ ဒါတွေအားလုံးဟာ (၈) လေးလုံး လူထုအုံကြွမှုကြီးရဲ့ အကျိုးဆက်အသီးအပွင့်တွေဖြစ်ပါတယ်။
နဝတစစ်အစိုးရကပါတီစုံ ဒီမိုကရေစီစနစ်ကိုထူထောင်မယ်၊ အထွေထွေရွေး ကောက်ပွဲကျင်းပပေးမယ်ဆိုပြီး နိုင်ငံရေးပါတီအဖွဲ့ အစည်းတွေကို မှတ်ပုံတင်စေပါတယ်။ စစ်အုပ်စုဘက်က မဆလတဖြစ်လဲ တစညပါတီကိုထူထောင်တယ်။ ပြည်သူလူထုကြီးဘက်က အင်အားစုတွေအနေနဲ့ ဒီချုပ်ပါတီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အပါအဝင် နိုင်ငံရေးပါတီအများအပြား ဖွဲ့စည်း ထူထောင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်စည်းကမ်း ကန့်သတ်မှုအရ နိုင်ငံရေးပါတီအတော်များများ ဖျက်သိမ်းခံရပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာရွေးကောက် ပွဲကျင်းပပါတယ်။ ဒီချုပ် အပြတ်သတ်အနိုင်ရပါတယ်။ နဝတစစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ငြင်းဆန်ပါတယ်။ ဒီချုပ်အပါအဝင် အနိုင်ရပါတီအဖွဲ့အစည်းတွေစုစည်းပြီးလွှတ်တော်ခေါ်ပြီးအစိုးရဖွဲ့ဖို့လုံးပန်းမှုကို နဝတ က ဖြိုခွဲပြီးလူဖမ်းပွဲတွေ လုပ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်အချို့ ပြည်ပထွက်ခွာပြီးအမျိုးသားညွှန့်ပေါင်းအစိုးရဖွဲ့တာတွေလုပ်လာပါတယ်။ လက်နက် ကိုင်အဖွဲ့အစည်းအချို့နဲ့ ပြည်ပရောက်နိုင်ငံရေးအဖွဲ့အစည်းတွေစုစည်းကြပြီး DAB ဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစုပေါ်လာတယ်။ နယ်စပ်ဒေသနိုင်ငံရေးပေါ်လာတယ်။
၁၉၈၉ ခုနှစ်မတ်လမှာ ကိုးကန့်လွတ်မြောက်ဒေသကတပ်တွေ ဗမာပြည် ကွန်မြူနစ် ပါတီက ခွဲထွက်ပါတယ်။ ဧပြီလမှာ ဝ ဒေသနဲ့ ဝ တပ်ဖွဲ့တွေကခွဲထွက်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ၈၁၅ စစ်ဒေသ (နောင်မှာမိုင်းလာအဖွဲ့) ခွဲထွက်တယ်။ ကချင်ပြည်နယ်ဘက် က ၁ဝ၁ စစ်ဒေသကလည်းခွဲထွက်သွားပါတယ်။ အဲဒီလိုခွဲထွက်တဲ့တပ်တွေကို နဝတစစ်အစိုးရကသီးခြားအဖွဲ့အစည်းနဲ့ သီးခြားတပ် ဖွဲ့တွေအဖြစ် အသိအမှတ်ပြုတယ်။ အဲဒီအဖွဲအစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးအထူးဒေသတွေအဖြစ်သတ်မှတ်ပေးတယ်။
ဒီအတွေ့အကြုံအရ နဝတစစ်အစိုးရဟာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေကိုသွေးခွဲသပ်လျှိုပြီး ကွဲထွက်တဲ့ အင်အားစုနဲ့တပ်ဖွဲ့တွေကို သီးခြား အဖွဲ့ အစည်းနဲ့ သီးခြားတပ်ဖွဲ့တွေအဖြစ် အသိအမှတ်ပြုပြီး တဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။အထူးဒေသတွေသတ်မှတ်ပေးတယ်။ ဒေသငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါ၊ နိုင်ငံရေးကိစ္စကိုနောက်တက်လာတဲ့အစိုးရနဲ့ဆွေးနွေးပါဆိုပြီးလုပ်တယ်။ ဒီလိုနဲ့အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးလုပ်တဲ့အဖွဲ့အစည်းတွေအများအပြားပေါ်လာတယ်။ အဲဒီအဖွဲ့အစည်းတွေကိုစီးပွားရေးလုပ်ငန်းတွေချပေးတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းထဲပါဝင်လာအောင်လမ်းဖွင့်ပေးတယ်။ ဒီနည်းနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးလုပ်တဲ့အဖွဲ့အစည်းတွေ နွံနစ်ပျက်စီးအောင် နဝတ က လုပ်ဆောင်ပါတယ်။ တဖက်မှာအပစ်အခတ် ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးမလုပ်တဲ့အဖွဲ့အစည်းတွေကိုအတိုင်းအတာကြီးတဲ့ထိုးစစ်ဆင်ပါတယ်။ ဖြတ် ၄ ဖြတ် စနစ်နဲ့ စစ်ဆင်ပါတယ်။ အဲဒီအကျိုးဆက်ကတော့ နယ်စပ်တဖက်နိုင်ငံထဲမှာ ဒုက္ခသည်စခန်းတွေအလျှိုလျှိပေါ်ပေါက်လာတာပါပဲ။
နဝတစစ်အစိုးရကို နအဖစစ်အစိုးရအဖြစ်ပြောင်းလဲဖွဲ့စည်းပါတယ်။ စစ်အုပ်စုမှာ ဗိုလ်သန်းရွှေနံပတ် (၁) နေရာရလာပါတယ်။ နဝတလက်ထက်ကစတင်ကျင်းပတဲ့ ညောင်နှစ်ပင်အမျိုးသားညီလာခံဆိုတာကိုလည်း ရပ်ဆိုင်းလိုက်၊ ကျင်းပလိုက်နဲ့ မာရသွန် ညီလာခံကြီးကျင်းပပါတယ်။ အချိန်ကုန်လူပန်းအောင်လုပ်ပြီး ၂၀၀၈ အခြေခံဥပဒေကိုရေးဆွဲချမှတ်အတည်ပြုနိုင်အောင်လုပ်တယ်။ လူသိန်းနဲ့ချီပြီးသေဆုံးစေတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်မှာအဓမ္မအတည်ပြုတာကြောင့်လည်း နာဂစ်အခြေခံဥပဒေလို့ လူသိများပါတယ်။ စစ်အုပ်စုနဲ့ သူ့အနွယ်တွေမှအပ ဘယ်သူမှလက်မခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ စစ်အုပ်စုဟာ ဒီအချိန်ကာလအတွင်းမှာ ကြံ့ဖွံ့ကိုနောက်မျိုးဆက်စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတခုအသွင် ထူထောင်လိုက်ပါ တယ်။ မျိုးဆက်ဟောင်းစစ်ခေါင်းဆောင်ပါတီဖြစ်တဲ့ တစညပါတီကိုလည်းဆက်ထားပါတယ်။ ဒီလိုစစ်အာဏာရှင်စနစ်ကို နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ အုပ်ချုပ်ရေးအရထိန်းသိမ်းနိုင် အောင်ဘက်စုံပြင်ဆင်ပြီးမှ ၂ဝ၁ဝ မှာရွေးကောက်ပွဲလုပ်ပါတယ်။ ဒီချုပ်အပါအဝင် ၂ဝဝ၈ အခြေခံဥပဒေကိုလက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေက ရွေးကောက်ပွဲမဝင်ပါ။ ရွေးကောက်ပွဲ မှာ ကြံ့ဖွံ့ပါတီအနိုင်ရပါတယ်။ ရွေးကောက်ပွဲအပြီးအဆင့်ဆင့်လွှတ်တော်တွေ ပေါ်ပေါက်ပါတယ်။ သမ္မတဦး (ဗိုလ်)သိန်းစိန်အစိုးရတက်လာပါတယ်။ ပထမအကြိမ်လွှတ်တော်အစည်းအဝေးတခုမှာမတရားသင်းဥပဒေပုဒ်မကိုရုပ်သိမ်းဖို့အဆိုတင်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအဆိုအပယ်ခံရပါတယ်။
၂၀၀၈ အခြေခံဥပဒေကိုအတည်ပြုပြီးရွေးကောက်ပွဲကျင်းပနိုင်လို့ လွှတ်တော်တွေပေါ်လာပြီးအစိုးရသစ်ဖွဲ့လာနိုင်တာကြောင့် ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုကအပြီးတိုင်ဖျက်သိမ်းနိုင်ပြီးဖြစ်လို့ စစ်အုပ်စုထိပ်သီးတွေ ကန့်လန့်ကာနောက်ကွယ် ကိုဝင်သွားပါတယ်။ ဒါပေမဲ့ ဒီချုပ်အပါအဝင်အတိုက်အခံအင်အားစုအားလုံးက ၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုဆုပ်ကိုင်ထားမြဲဖြစ်တော့ သမ္မတဦး (ဗိုလ်)သိန်းစိန်အစိုးရအကျပ်တွေ့ပါတယ်။ တချိန်တည်းမှာအပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့အဖွဲ့အစည်းတွေကိုနောက်တက်လာတဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတာလုပ်ဖို့ပြောထားတာကြောင့်လည်းဦး (ဗိုလ်) သိန်းစိန်အစိုးအကျပ်တွေ့ပါတယ်။ အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေကိုနယ်ခြားစောင့်တပ်ဖွဲ့နဲ့ပြည်သူ့စစ်အဖွဲ့တွေအဖြစ်ပြောင်းလဲဖွဲ့စည်းဖို့လုပ်ပါတယ်။ အဲဒီလိုဖွဲ့ဖို့ လက်ခံတဲ့အဖွဲ့အစည်းတွေ ကာချုပ်ရဲ့ကွပ်ကဲမှုအောက်ရောက်သွားတဲ့အတွက် နိုင်ငံရေးအရ ဆွေးနွေးစရာမလို တော့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့နဲ့ပြည်သူ့စစ်အဖြစ်လက်မခံတဲ့ အဖွဲ့အစည်းတွေကိုတော့ ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဒီလိုသမ္မတဦး (ဗိုလ်) သိန်းစိန်အကျပ်တွေ့တော့ ကာချုပ်က အပစ်အခတ်ရပ်ထားတဲ့နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်လုပ်ဖို့လုပ်ဖို့ငြင်းဆန်တဲ့အဖွဲ့အစည်းတွေကို ထိတွေ့မှုဖြစ် အောင်လုပ်တယ်။ ဒီနည်းနဲ့တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်ပါတယ်။
ဒီချုပ်ဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ဒီချုပ်ကိုနိုင်ငံရေးဇာတ်ခုံ ပေါ်တင်ပေးလိုက်တဲ့ (၈) လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ ကြီးမြတ်တဲ့နိုင်ငံရေးအဓိပ္ပာယ်ကိုသေးသိမ်သွားအောင် ဒီချုပ်ကလုပ်လိုက်တာပါပဲ။ ၉ဝ ခုနှစ်ရွေးကောက်ပွဲကတခဲနက်ဖော်ပြခဲ့တဲ့ လူမျိုးပေါင်းစုံပြည်သူလူထုရဲ့ ဆန္ဒကိုကျောခိုင်းလိုက်တာလည်း ဖြစ်သွားပါတယ်။ ၈၈ ခုနှစ်ကစပြီးသေအတူရှင်အတူလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပြုတ်သွားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ထဲကို ရောက်သွားတဲ့အခါမှာတော့ ဒီချုပ်ဟာ ၂ဝဝ၈ အခြေခံဥပဒေအောက် ခေါင်းလျှိုမိရက်သားဖြစ် သွားပါတော့တယ်။
သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရကအပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအပစ်အခတ်ရပ်စဲရေးမလုပ်ရသေးတဲ့အဖွဲ့တွေနဲ့ထိတွေ့အောင်လုပ်ဆောင်ပါတယ်။ ဒီဆွေးနွေးပွဲကတွေမှာကာချုပ်မူ (၆) ချက်ချမှတ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) သဘောတူညီချက်ကိုလက်မှတ်ရေးထိုးတဲ့အထိဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ အဖွဲ့တချို့လက်မှတ်မထိုးပါ။ အဲ့ဒီဆွေးနွေးပွဲကို ကိုးကန့်အဖွဲ့၊ တအာင်းပလောင်အဖွဲ့ ( TNLA) ၊ ရခိုင်တပ်မတော် (AA) အဖွဲ့တွေ တက်ခွင့်မပေးပါ။ အဲ့ဒီအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ရေးမလုပ်နိုင်ဘဲအပြတ်ချေမှုန်းမယ်လို့ ကာချုပ်ကသဘောထားပါတယ်။ ဒါဟာ အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ ချေမှုန်းရေးနည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းအချို့ကို တနည်းနည်းနဲ့ချိုထားလိုက်ပြီး ဦးတည်ချက်ထားတဲ့အဖွဲ့အစည်းတချို့ကိုဝိုင်းပတ်ပိတ်ဆို့ချေမှုန်းတဲ့ နည်းအတိုင်းလုပ်တာပါပဲ။
သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရဟာတဖက်မှာစစ်ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားကိုပိုခိုင်မြဲအောင်လုပ်ပါတယ်။ အဲဒါကတော့ အမြဲတမ်းအတွင်းဝန်စနစ်ထားတာပါပဲ။ အဲဒီအမြဲ တမ်းအတွင်းဝန်ဆိုသူတွေကို စစ်ဗျူရိုကရက်တွေ၊ ဒါမှမဟုတ် စစ်အာဏာရှင် စနစ်အတွက် အာမခံနိုင်တဲ့ အရပ်သားဗျူရိုကရက်တွေကိုသာခန့်ထားတာပါ။
ပြောင်းလဲချိန်တန်ပြီ၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်မယ်။ အခြေခံဥပဒေပြင် ဆင်မယ်၊ ငြိမ်းချမ်းရေးဖော်ဆောင်မယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မယ်ဆိုတဲ့ လှုံ့ဆော်စည်းရုံးချက်တွေနဲ့ ဒီချုပ်အစိုးရဟာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲဝင်ခဲ့တယ်။ အနိုင်ရပါတယ်။ လွှတ်တော်ခေါ်အစိုးရဖွဲ့နိုင်တယ်။ နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ နေရာတခုကိုဖန်တီးနိုင်တယ်။
အမျိုးသားရင်ကြားစေ့ရေးကိုဘယ်လိုအကောင်အထည်ဖော်တာမသိရပေမယ့် စစ်အုပ်စုနဲ့ဒီချုပ်စေ့စပ်ရင်ကြားစေ့ပုံပေါ်ပါ တယ်။ ဒီချုပ်တွင်းမှာ ဆူဆူညံညံသံတွေထွက်လာတယ်။ ဒီချုပ်နဲ့လက်တွဲခဲ့တဲ့ နိုင်ငံရေးပါတီတွေလမ်းခွဲသွားတယ်။ ဒီချုပ်အစိုးရက NCA လမ်းကြောင်းကိုဆက်ခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းကိုပထမလုပ်မယ်။ အခြေခံဥပဒေပြင်တာနောက်မှလုပ်မယ်ဆိုပြီး ၂၁ ရာစုပင်လုံဆိုတာကိုလုပ်တယ်။ ခရီးမပေါက်ပါ။ အခြေခံဥပဒေပြင်ဆင်ရေးလည်း ဘာမှဖြစ်မလာပါ။ သမ္မတဦး (ဗိုလ်) သိန်းစိန်ကသမ္မတဦးထင်ကျော် သို့၊ သမ္မတဦးထင်ကျော်မှ သမ္မတဦးဝင်းမြင့်သို့ဆိုတဲ့အပြောင်းအလဲတွေတော့တွေ့ရပါတယ်။
ပြောင်းလဲခြင်းမကပြောင်းလဲသွားတာကတော့ ဒီချုပ်ဥက္ကဋ္ဌပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံနေရာ၊ နိုင်ငံခြားရေးဝန်ကြီးနေရာကိုပါ ယူလိုက်ကတည်းက ဒီချုပ်ပါတီအလုပ်လုပ်ခွင့်မရှိတော့ပါ။ ဒီမိုကရေစီခေါင်းဆောင်ဘဝကနေ စစ်ဗျူရိုကရေစီယန္တရားထဲမှာ စစ်ဝတ်စုံမဝတ်ထားတဲ့ဗျူရိုကရက်တယောက်ဘဝကို ပြောင်းသွားပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဘဝ ပြည်တွင်းစစ်ကိုရက်ရက်စက်စက် ဆင်နွှဲသူဘဝကို ပြောင်းသွားတာပါပဲ။ ICJ ကိစ္စမှာလည်း စစ်အုပ်စုအဆက်ဆက်ကျင့်သုံးတဲ့ဆူပူသောင်းကျန်းသူ၊အဖျက်သမား၊ အကြမ်းဖက်သမားကို အမြစ်ပြတ်ချေမှုန်းရေးသဘောထားကိုအတက်ကြွဆုံးထောက်ခံအားပေးခြင်းဖြင့် စစ်အုပ်စုကိုအလုပ်အကျွေးပြုနေတယ်။ ဒီချုပ်ဥက္ကဋ္ဌက ဒီလိုလုပ်လေလေ ဒီချုပ်ဟာလူမျိုးစုံပြည်သူလူထုကြီးနဲ့ ပိုပြီးကင်းကွာသွားလေဖြစ်မှာပါပဲ။
လတ်တလောအကျိုးဆက်တခုကတော့ ပြည်တွင်းဒီချုပ်လှုပ်ရှားမှုကိုအထောက်အကူပြုတဲ့ အဝေးရောက်အမျိုးသားညွန့် ပေါင်းအစိုးရရဲ့ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကုပ်ချောင်းချောင်းနဲ့ပြည်တွင်းကိုပြန်ဝင်လာရတာပါပဲ။
ဒါတွေကိုကြည့်ရင် စစ်အုပ်စုဟာ စစ်ရေးဘက်မှာ လက်နက်ချအညံ့ခံငြိမ်းချမ်းရေးကိုပဲလိုလားသလို နိုင်ငံရေးဘက်မှာလည်း ဦးညွတ်ဒူးထောက်တဲ့ငြိမ်းချမ်းရေးကိုပဲလိုလားတာတွေ့ရပါတယ်။
စစ်အုပ်စုဟာစစ်အာဏာရှင်စနစ်နဲ့စစ်ဗျူရိုကရေစီယန္တရားကိုခိုင်မြဲအောင်လုပ်နေတာဖြစ်တယ်။ စစ်ရေးဘက်မှာတပ်ကိုလက်ကိုင်တုတ်တပ်ပီသသည်ထက်ပီသအောင်လုပ်နေပါတယ်။ စစ်အုပ်စုအနွယ်ဝင်နိုင်ငံရေးပါတီအဖွဲ့အစည်းများကိုလည်းထူထောင် နေပါတယ်။ စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီတို့၊ အမျိုးသားနိုင်ငံရေးတို့၊ ပါတီနိုင်ငံရေးတို့ဆိုတာတွေနဲ့လည်း အတွေးအမြင်တွေ ရှုပ်ထွေးအောင်လုပ်နေတယ်။ နိုင်ငံတော်အချုပ်အခြာအာဏာကိုထိပါးတယ်အကြောင်းပြပြီး ပြည်တွင်းစစ်ကိုရှည်ကြာသည်ထက်ရှည်ကြာအောင်လုပ်နေပါတယ်။
ဒီချုပ်ကအမျိုးသားရင်ကြားစေ့ရေးဆိုပြီးစစ်အုပ်စုနဲ့ရင်ကြားစေ့ရေးကိုပဲဦးစားပေးလုပ်နေတာတွေဟာလူမျိုးစုံပြည်သူလူထု ကြီးရဲ့ဘဝနဲ့ဆန္ဒကိုကျောခိုင်းလိုက်တာပဲဖြစ်လိမ့်မယ်။ အမေရိကန်နိုင်ငံတို့၊ အင်္ဂလန်နိုင်ငံတို့မှာလိုဒီမိုကရက်တစ်နဲ့ ရီပတ်ဗလစ်ကကန်၊ ကွန်ဆာဗေးတစ်နဲ့လေဘာပါတီတို့ တလှည့်စီအာဏာယူသလို ဗမာပြည်မှာလည်း ကြံ့ဖွံ့နဲ့ ဒီချုပ်တလှည့်စီအာဏာယူဖို့ ဒီချုပ်ကမျှော်လင့်နေရင် စိတ်ကူးယဉ်တာပဲဖြစ်မယ်။ စစ်အုပ်စုက လက်တွေ့ကျကျပဲကျင့်သုံးလိမ့်မယ်။ စစ်အုပ်စုမှာ ဘုရားတည်ပြီးရင် ငြမ်းဖျက်ပစ်တဲ့ အတွေ့အကြုံတွေအတော်များခဲ့ပြီပဲ။
မောင်မိုးဦး
၂၃၊၄၊၂၀၂၀။

Saturday, April 25, 2020

အမေရိကန်ရဲ့ ဒေါ်လာလက်နက်(အပိုင်း၃)

0 comments
အမေရိကန်ရဲ့ ဒေါ်လာလက်နက်(အပိုင်း၃)
ဒေါ်လာရှားပါးလာပြီး ဗိုလီဗာငွေတန်ဖိုးကျလာတာကြောင့် ဒေါ်လာနဲ့ဝယ်သွင်းရတဲ့ကုန်စည်တွေ ဈေးကြီးလာတယ်။ များများလည်း မသွင်းနိုင်လို့ ကုန်ပစ္စည်းတွေဈေးကြီးရုံမက ရှားပါးပြတ်လပ်တာတွေဖြစ်တယ်။ အခြေခံစားကုန်သောက်ကုန်တွေ ဆေးဝါးတွေ ပြတ်လပ်ကုန်တယ်။ စက်ရုံအလုပ်ရုံတွေလည်းလိုအပ်တဲ့ကုန်ကြမ်းတွေ၊ စက်ပစ္စည်းစတာတွေ မတင်သွင်းနိုင်တော့လို့ လုပ်ငန်းချုံ့ပစ်တာ ဒါမှမဟုတ် ပိတ်ပစ်ရတာတွေဖြစ်လာတယ်။ အလုပ်လက်မဲ့တွေများလာတယ်။ တိုင်းပြည်စီးပွားရေးလည်း ကမောက်ကမတွေဖြစ်လာတယ်။ ကျပ်တည်းမှုဒဏ်မခံနိုင်တော့လို့ အိမ်နီးခြင်းနိုင်ငံထွက်ခွာသူတွေ သန်းနဲ့ချီရှိလာတယ်။
တိုင်းပြည်ငွေတန်ဖိုးထိုးကျပြီး မတည်မငြိမ်ဖြစ်နေပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီက ဗင်နီဇွဲလားဟာ ငွေချေးလို့မရပါဘူး။ ဒီအဖွဲ IMF ဟာ နိုင်ငံတနိုင်ငံငံ စီးပွားရေးအကျပ်အတည်းဖြစ်ရင် ငွေချေးငှားကူညီဖို့ဖွဲ့ထားတာလို့ဆိုတယ်။ ဒါပေမယ့် ဒီအဖွဲ့မှာ အမေရိကန်နဲ့ သူ့မဟာမိတ် ဥရောပနိုင်ငံတွေက မဲအများစုကိုချုပ်ကိုင်ထားတာမို့ အမေရိကန်သဘောမတူတာမှန်သမျှ ဒီအဖွဲ့ကမလုပ်ပါဘူး။ အမေရိကန်နဲ့အလွမ်းသင့်တဲ့ အာဂျင်တီးနားနိုင်ငံကတော့ မကြာသေးခင်ကပဲ ဒီအဖွဲ့ကြီးဆီက စံချိန်တင်ချေးငွေဒေါ်ဘာ ဘီလီယံ ၅၀ ရခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို တဘက်မှာ ဗင်နီဇွဲလားအစိုးရကို အကျပ်ဆိုက်အောင်လုပ်ပေးပြီး တဘက်မှာတော့ သူတို့လူ အတိုက်အခံခေါင်းဆောင်ဆိုတဲ့ ဂွိုင်ဒို ကို ငွေကြေးအကူအညီတွေပေးတယ်။ နောက်ပြီး မီဒီယာတွေကလည်း ဗင်နီဇွဲလားအစိုးရ စီမံခန့်ခွဲမှုမကောင်းလို့၊ ခြစားလိုံ အခုလို တိုင်းပြည်ကျမောက်ကမဖြစ်ရတာလို့ ဝါဒဖြန့်တယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ စစ်ရေးနည်းလမ်းကိုလည်း ပစ်ပယ်မထားဘူးဆိုပြီး ခြိမ်းခြော က်ပါတယ်။ ဗင်နီဇွဲလားစစ်တပ်ကိုလည်း အစိုးရကိုသစ္စာမခံပဲ အတိုက်အခံဘက်ကူးပြောင်းဖို့ ဗြောင်ရော ခိုးကြောင်ခိုးဝှက်ပါ လုပ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ ကြံ့ကြံ့ခံရပ်တည်နေတုန်းဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအမေရိကန်က နိုင်ငံငယ်လေးတနိုင်ငံကို ဒေါ်လာလက်နက်သုံးပြီး ဘယ်လိုအနိုင်ကျင့် ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားနေသလဲဆိုတာကို ဖော်ပြလိုက်တာပါ။ အမေရိကန်ဟာ သူ့ရဲ့ အခုလို ကမ္ဘာကြီးငကို ဗိုလ်ကျစိုးမိုးနေနိုင်တဲ့အနေအထားကို ဆက်လက်ထိန်းသိမ်းထဖားလိုတယ်။ တနည်းအားဖြင့် ဝန်ရိုးတခုတည်းကမ္ဘာစနစ်ကို ထူထောင်ချင်တယ်။ ဒါပေမဲ့ ဒါကို သူ့နောက်လိုက်နိုင်ငံတချို့ကလွဲလို့ ကမ္ဘာ့နိုင်ငံအများစုကလက်မခံကြပါဘူး။ ဝန်ရိုးအများရှိတဲ့ကမ္ဘာစနစ်ကိုသာ လိုလာားကြပါတယ်။
အမေရိကန်တနိုင်ငံတည်းက ဗိုလ်ကျစိုးမိုးမယ့် ဝန်ရိုးတခုကမ္ဘာစနစ်ကို မိမိတို့အနေဖြင့်လည်း မလိုလားပါ။ ဝန်ရိုးတခုကမ္ဘာစနစ်ကို ကမ္ဘာ့ပြည်သူအားလုံး သွေးစည်းညီညွတ်စွာဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
(စက်တင်ဘာ ၁၅ ၂၀၁၉ ထုတ် ပြည်သူ့အာဏာဂျာနယ်မှဆောင်းပါးဖြစ်ပါသည်)

အမေရိကန်ရဲ့ဒေါ်လာလက်နက်(အပိုင်း ၂)

0 comments
အမေရိကန်ရဲ့ဒေါ်လာလက်နက်(အပိုင်း ၂)
ဆိုရှယ်မီဒီယာတွေအားကောင်းလာတော့လည်း သူတို့လိုချင်တဲ့အာဘော်၊ ဦးတည်ချက် စတဲ့ဘက်တွေဆီရောက်အောင်ဆိုရှယ်မီဒီယာတွေကနေ တွန်းဆော်ကြတယ်။ ငွေအင်အားနဲ့နည်းပညာတွေ ကောင်းကောင်းအသုံးချကြတယ်။ ကမ္ဘာမှာတွင်ကျယ်နေတဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဟာလည်း အမေရိကန်နိုင်ငံကပါပဲ။ ဥရောပမှာဖြစ်ခဲ့တဲ့ အရောင်တော်လှန်​ေိရးဆိုတာတွေမှာ ဆိုရှယ်မီဒီယာတွေကို ကောင်းကောင်းအသုံးချခဲ့တယ်လို့ဆိုပါတယ်။ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်ဆိုရမလားပဲ၊ ၂၀၁၆ အမေရိကန်သမ္မရွေးကောက်ပွဲမှာ သမ္မတလောင်းထရမ့်အနိုင်ရအောင် ရုရှက ဆိုရှယ်မီဒီကနေတဆင့် ဝင်နှောက်ခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာ မပြီးနိုင်ဖြစ်နေပါတယ်။
ဒါဟာ ကမ္ဘာ့ဗိုလ်ကြီးအဆင့်နေရာကို အမေရိကန်နိုင်ငံက ဘယ်လိုနည်းတွေသုံးပြီးရရှိလာတယ်၊ ဘယ်လိုထိန်းသိမ်းနေတယ်ဆိုတာကို အကြမ်းဖျင်းဖော်ပြတာဖြစ်ပါတယ်။ အခြေခံအားဖြင့် အထက်ပါနည်းလမ်း ၃ သွယ်ကို လက်ကိုင်ထားသုံးပါတယ်။
အဓိက က စစ်ရေးပါ။ စစ်အင်အားမပါပဲ ကျန်နည်းသက်သက်နဲ့ ကမ္ဘာကြီးကို မစိုးမိုးနိုင်ပါဘူး။ ဒီဆောင်းပါးမှာတော့ ဒီနည်းလမ်းတွေထဲက ဘဏ္ဍာရေးနည်း ဝါ ဒေါ်လာလက်နက်ကို ဘယ်လိုသုံးသလဲဆိုတာကို တင်ပြသွားမှာဖြစ်ပါတယ်။
၂၁ ရာစုမှာ အမေရိကန်ရဲ့စီးပွားရေးအင်အပါယာအတွင်းမှ ခွဲထွက်ဖို့ကြိုးစားတဲ့နိုင်တနိုင်ငံ ဒါမှမဟုတ် သူ့ဩဇာကိုမနာခံတဲ့နိုင်ငံတနိုင်ငံကို အမေရိကန်က ဘယ်လို ဘဏ္ဍရေးနည်းလမ်းတွေသုံးပြီး ချေမှုန်းသလဲဆိုတာကို ဗင်နီဇွဲလားနိုင်ငံကိုကို နမူနာထား ဖော်ပြလိုပါတယ်။ ဒီနေရာမှာ ပစ်မှတ်အထားခံရတဲ့နိုင်ငံရဲ့ပထဝီအနေအထား၊ စီးပွားရေး−နိုင်ငံရေး−လူမှုရေးအနေအထား စတာတွေဟာလည်း အရေးပါပါတယ်။ ကမ္ဘာပေါ်မှာအမေရိကန်အရင်းရှင်စနစ်က အဓိကကြီးစိုးခြယ်လှယ်နေနိုင်တာမှာ အမေရိကန်ဒေါ်လာဟာ ဗဟိုအချက်အခြာနေရာမှာရှိပါတယ်။ ဒီအကြောင်း အထက်မှာ ဖော်ခဲ့ပြပြီးဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုနဲ့ နိုင်ငံတကာအရန်ငွေကြေးဟာ ဒေါ်လာဖြစ်နေတာကြောင့် ဒေါ်လာဈေးအတက်အကျဟာ နိုင်ငံအသီးသီးရဲ့ငွေတန်ဖိုးအပေါ် ဂယက်ရိုက်ပါတယ်။ ဒေါ်လာဈေးတက်ရင် ကျန်ငွေကြေးတွေ ဈေးကျတယ်၊ ဒေါ်လာကျရင် ကျန်ငွေတွေ ဈေးတက်ပါတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းအတက်အကျကို နိုင်ငံအသီးသီးက စောင့်ကြည့်နေရတာဖြစ်တယ်။ အမေရိကန်က နှာချေတာနဲ့ တကမ္ဘာလုံး နာမကျန်းဖြစ်ကုန်ကြတယ်။လို့ ဆိုရိုးရှိတယ်မဟုတ်လား။
ပစ်မှတ်ထားတဲ့နိုင်ငံရဲ့ငွေကြေးပြိုလဲအောင် အမေရိကန်နိုင်ငံက အရင်လုပ်ပါတယ်။ အဲ့ဒီနိုင်ငံရဲ့ငွေတန်ဖိုးထိုးကျအောင်လုပ်တာ ဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့ ပစ်မှတ်နိုင်ငံပိုင်ဆိုင်တဲ့ အရန်နိုင်ငံခြားငွေဒေါ်လာတွေ ခန်း​ြေခာက်သွားအောင်လုပ်ပါတယ်။ ဒေါ်လာတွေ အထွက်များပြီး အဝင်နည်းအောင် ဒါမှမဟုတ် မရှိအောင်လုပ်ပါတယ်။ 
ဗင်နီဇွဲလားနိုင်ငံကိုကြည့်ပါ။ ဗင်နီဇွဲလားနိုင်ငံမှာ ဒေါ်လာတွေရှားပါးသွားအောင် အမေရိကန်က နှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံထဲကဒေါ်လာတွေ ပြည်ပထွက်သွားအောင်လုပ်တယ်။ ပြည်ပကဒေါ်လာတွေ ဗင်နီဇွဲလားထဲမရောက်အောင် နည်းမျိုးစုံနဲ့ပိတ်ဆို့ဟန့်တားတယ်။
ဗင်နီဇွဲလားမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေကို ဖိအားပေးပြီး သူတို့အမြတ်ငွေဒေါ်လာတွေ အမေရိကန်ကိုပြန်ပို့စေတယ်။ ဒါမှမဟုတ် တခြားနိုင်ငံရှိ သူတို့ရဲ့ကုမ္ပဏီခွဲတွေဆီပို့စေပါတယ်။ ဗင်နီဇွဲလားမှာ လုပ်ငန်းမလုပ်တော့ပဲ ပြန်လည်ထွက်ခွားသွားစေဖို့လည်း လုပ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံသားများကို သူတို့ပိုင် ဒေါ်လာငွေတွေကို ကိုလံဘီယာနိုင်ငံမှာ ပြောင်းလဲရင်းနှီးမြှုတ်နှံကြဖို့ ဝါဒဖြန့်တိုက်တွန်းတယ်။ အဲ့ဒီလိုလုပ်ဖို့ လွယ်ကူအဆင်ပြေအောင် အွန်လိုင်းပေါ်မှာ ရင်းနှီးမြှုတ်နှံနိုင်တဲ့ကုမ္ပဏီတခုကို အမေရိကန်ဘက်က ထောင်ပေးထားတယ်။ ဒီလိုမှမဟုတ်ရင်လည်း အမေရိကန်နိုင် မိုင်ယာမီဘဏ်တွေမှာ အဲ့ဒီဒေါ်လာတွေပြောင်းအပ်ကြဖို့ တိုက်တွန်းအားပေးတယ်။ ဗင်နီဇွဲလားသူကြွယ်ကြီးတွေကလည်း အမေရိကန်ဇာတ်ညွှန်းအတိုင်း လိုက်ကကြတယ်။ ရှိတဲ့ ဗင်နီဇွဲလားငွေ ဗိုလီဗာနဲ့ မှောင်ခိုဈေးကွက်တွေမှာ ဒေါ်လာတွေဝယ်ကြတယ်။ ဒီလိုနဲ့ ဗင်နီဇွဲလားငွေဗိုလီယာလည်း တန်ဖိုး ကျပြီးရင်းကျဖြစ်လာတယ်။
တဘက်မှာ ပြည်တွင်းဒေါ်လာ ခန်းခြောက်သွားအောင်လုပ်သလို နောက်တဘက်မှာလည်း ပြည်တွင်းဒေါ်လာဝင်လမ်းတွေကို ပိတ်ဆို့ဟန့်တားတယ်။ ဗင်နီဇွဲလားကို ဒေါ်လာငွေမချေးကြဖို့ အမေရိကန်နဲ့ နိုင်ငံတကာဘဏ်ကြီးများကို အမေရိကန်ကဟန့်တားတယ်။ ဗင်နီဇွဲလားနိုင်ငံက တင်ရှိနေတဲ့အကြွေးတွေ မလျှော်ပစ်ဖို့တားတယ်။ ဗင်နီဇွဲလားနိုင်ငံကထုတ်တဲ့ ဒေါ်လာနဲ့သတ်မှတ်ထားတဲ့ ငွေချေးစာချုပ်တွေမဝယ်ကြဖို့တားတယ်။ ဒီလိုနဲ့ ဗင်နီဇွဲလားဟာ ဘဏ်ချေးငွေတွေမရတော့သလို ငွေချေးစာချုပ်တွေလည်း ရောင်းမထွက်ဖြစ်လာတယ်။
ဗင်နီဇွဲလားနိုင်ငံကနေ ရေနံဝယ်ရင် ဝယ်တဲ့နိုင်ငံတွေကို စီးပွားရေးပိတ်ဆို့အရေးယူမှုတွေလုပ်မယ်လို့ အမေရိကန်က ရာဇသံပေးတယ်။ ရေနံရောင်းရငွေဟာ ဗင်နီဇွဲလားနိုင်ငံအတွက် နံပတ်တစ် ဒေါ်လာငွေရရှိရာလမ်းဖြစ်တယ်။ ဗင်နီဇွဲလားအစိုးရဘဏ္ဍာငွေရဲ့ ၉၅% ဟာ ရေနံရောင်းရငွေအပေါ်မှာ တည်မှီနေတာဖြစ်တယ်။ အမေရိကန်ရာဇသံကြောင့် တရုတ် ရုရှနဲ့အခြားနိုင်ငံအနည်းငယ်ကိုပဲ ဗင်နီဇွဲလားဟာ ရေနံရော င်းနိုင်တော့တယ်။ ၂၀၁၈ မှာ ရေနံဈေးကျလာလို့ အ​ြေခအနေကပိုဆိုးသွားတယ်။ ဒါ့အပြင် အရင်အကြွေးတွေအတွက် ပြန်ဆပ်ရမယ့်အတိုးအရင်းတွေနဲ့ အရင်ကထုတ်ရောင်းထားတဲ့ ဒေါ်လာနဲ့သတ်မှတ်ထားတဲ့ငွေချေးစာချုပ်တွေအတွက် အတိုးတွေကိုတော့ ဒေါ်လာနဲ့ပြန်ဆပ်ရမှာတွေလည်းရှိတယ်။ အဲ့ဒါတွေကိုလည်း ဒေါ်လာအစား ရေနံနဲ့ပေးချေရတာတွေဖြစ်လာတယ်။
အမေရိကန်က နောက်ထပ်တဆင့်တက်လိုက်တာကတော့ အမေရိကန်နိုင်ငံမှာအ​ြေခစိုက်ထားတဲ့ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံဖြန့်ဖြူးရေးကုမ္ပဏီ CTIGO ကို သိမ်းလိုက်တာပဲဖြစ်တယ်။ ပိုဆိုးတာက ကုမ္ပဏီသိမ်းလို့ရတဲ့ဒေါ်လာတွေကို အမေရိကန်စိတ်ကြိုက်ရွေးထားတဲ့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွိုင်ဒါ ကို ထောက်ပံ့ပေးတာပဲဖြစ်တယ်။ CITGO ကုမ္ပဏီကိုသိမ်းရုံတင်မကပဲ ဗင်နီဇွဲလားနိုင်ငံက အမေရိကန်ဘဏ်တွေမှာအပ်နှံထားတဲ့ ဒေါ်လာငွေတွေ၊ အရင်းအနှီးစတာတွေ အားလုံးကိုလည်းသိမ်းဆည်းလိုက်တယ်။ အခြားနိုင်ငံတွေကိုလည်း အလားတူလုပ်ဖို့ ဖိအားတွေတိုးပေးတယ်။
ဒေါ်လာတွေသိမ်းဆည်းရုံနဲ့တင်မရပ်ပဲ နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့ ဗင်နီဇွဲလားပိုင်ရွှေတွေကိုလည်း သိမ်းဆည်းပြန်တယ်။ ဒါဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာပဲဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ဖိအားကြောင့် အမေရိကန်မဟာဘဏ်ကြီး Citigroup သူနဲ့ ဗင်နီဇွဲလားနိုင်ငံအကြားက သဘောတူစာချုပ်ကိုချိုးဖေါက်ပြီး ဗင်နီဇွဲလားပိုင်ရွှေတွေကို ထိန်းချုပ်ထားလိုက်တယ်။ အင်္ဂလန်ဗဟိုဘဏ် Bank of England ကလည်း အမေရိကန်ရဲ့တိုက်တွမန်းချက်ကိုလိုက်နာပြီး ဗင်နီဇွဲလားက အပ်နှံထားတဲ့ရွှေတွေကို အေးခဲ Freeze (ထုတ်မရ သွင်းမရ ရွှေ့ပြောင်းမရအောင်) လိုက်ပါတယ်။ အဘူဒါဘီ Abu Dhabi စတဲ့ ကမ္ဘာ့ရွှေဈေးကွက်တွေမှာလည်း ဗင်နီဇွဲလားရွှေတွေအရောင်းအဝယ်မလုပ်ဖို့ တားဆီးပိတ်ပင်တယ်။ ရွှေရောင်းပြီး ဒေါ်လာရနိုင်တာကြောင့် အခုလို ပိတ်ပင်လိုက်တာပါပဲ။
(ဆက်ပါမည်)

အမေရိကန်ရဲ့ဒေါ်လာလက်နက်။ (အပိုင်း ၁)

0 comments
အမေရိကန်ရဲ့ဒေါ်လာလက်နက်။ (အပိုင်း ၁)
ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အမေရိကန်ဟာ စီးပွားရေးအရ၊ စစ်ရေးအရ အင်အားကြီးထွားလာခဲ့တယ်။ ကမ္ဘာစစ်အပြီးမှာ စစ်ရှုံးသွားတဲ့ အင်အာကြီးနယ်ချဲ့နိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့သာမက စစ်နိုင်တဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန် ပြင်သစ်စတဲ့ နယ်ချဲ့နိုင်ငံကြီးတွေလည်း စစ်ဘေးဒဏ်ကြောင့် အဘက်ဘက်ကအင်အားချည့်နဲ့ကုန်ကြတယ်။ ဒါ့အပြင် လက်အောက်ခံကိုလိုနီနိုင်ငံတွေမှာလည်း အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ပေါ်ပေါက်လာနေတာကြောင့် သူတို့အတွက် အခြေအနေတွေက ပိုဆိုးသွားခဲ့တယ်။ တချိန်က အင်အားကြီးနယ်ချဲ့နိုင်ငံတွေဖြစ်ခဲ့ကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီစတဲ့နိုင်ငံတွေဟာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် မလွဲမရှောင်သာ အမေရိကန်နိုင်ငံကို မှီခိုလာရတော့တယ်။ အမေရိကန်နိုင်ငံကတော့ စီးပွားရေးအရတောင့်တင်းလာတဲ့အပြင် စစ်ရေးဘက်မှာလည်း အစွမ်းထက်တဲ့အနုမြူဗုံးကို တနိုင်ငံတည်းပိုင်ဆိုင်ထားတာကြောင့် နယ်ချဲ့နိုင်ငံများရဲ့ခေါင်းဆောင်ဗိုလ်ကြီးဖြစ်လာခဲ့တယ်။ ၁၉၄၉ ကျမှ ဆိုဗီယက်ယူနီယံက အနုမြူဗုံး စမ်းသပ်ဖေါက်ခွဲနိုင်ခဲ့တာဖြစ်တယ်.။
ဒီလို ကမ္ဘာ့နယ်ချဲ့ဗိုလ်ကြီး အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ အရင်ပုံစံအဟောင်းအတိုင်းနယ်ချဲ့စနစ်နဲ့ အလုပ်မဖြစ်တော့တာကြောင့် ပုံစံသစ်နယ်ချဲ့စနစ်အတွက် ကမ္ဘာ့စနစ်တရပ်ကိုထူထောင်ဖို့ အမေရိကန်နိုင်ငံဟာ စိုင်းပြင်းလုပ်ဆောင်လာတယ်။ တဘက်မှာလည်း ဒုတိယကမ္ဘာစစ်မှာ အင်အားကြီးထွားလာရုံမက ဩဇာပါတက်လာတဲ့ဆိုဗီယက်ယူနီယံနဲ့ အသစ်ပေါ်လာတဲ့ဆိုရှယ်လစ်နိုင်ငံများကိုရင်ဆိုင်ဖို့လည်း ပြင်ဆင်ရပါတယ်။
အနိုင်နိုင်ငံရဲ့ငွေကြေးတွေဟာ သူတို့တန်ဖိုးတွေကို ဒေါ်လာနဲ့ချိတ်ဆက်ထားရတာကြောင့် နိုင်ငံတကာမှာ ဒေါ်လာဟာ အရေးပါတဲ့ငွေကြေးတရပ်ဖြစ်လာခဲ့တယ်။ စစ်အပြီး နိုင်ငံအများအပြားဟာ ပြန်လည်ထူထောငက်ရေးအတွက် အမေရိကန်နိုင်ငံမှအကူအညီနဲ့ ချေးငွေဒေါ်လာတွေ ရယူကြတယ်။ ဥရောပမှာ မာရှယ်စီမံကိန်းဆိုပြီးလုပ်ခဲ့တယ်။ ဒီလိုနဲ့ အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာငွေကြေးအဆင့်နေရာကို ရရှိလာခဲ့တယ်။
၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတနစ်က်ဆင်က ဒေါ်လာတန်ဖိုးကို ရွှေနဲ့ချိတ်ဆက်ထားတာကို ဖျက်ပစ်ခဲ့တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးအရ စိုးမိုးခြယ်လှယ်ထားနိုင်မှုကြောင့် ဒေါ်လာငွေရဲ့ တန်ဖိုးခိုင်မာမှုကို ဆက်ပြီး အာမခံပေးထားနိုင်ခဲ့တယ်။ နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို အမေရိကန်နိုင်ငံကစိုးမိုးထားနိုင်တာကြောင့် ဒေါ်လာရဲ့အခန်းဟာလည်း ဆက်ပြီး ခိုင်မာအားကောင်းနေတယ်။
ဒါ့ကြောင့်လည်း အမေရိကန်နိုင်ငံအနေနဲ့ ကုန်သွယ်မှုမှာ နိုင်ငံတကာငွေပေးငွေယူရှင်းတမ်းနဲ့ ဘတ်ဂျက်မှာပါ လိုငွေအကြီးအကျယ်ပြမှုကို နှစ်ပေါင်းရှည်ကြာစွာ ထားနိုင်နေတာဖြစ်တယ်။ တဘက်မှာ ရရန်ပိုင်ခွင့် Assets တန်ဖိုးနဲ့ ဂျီဒီပီဖေါင်းပွ၊ ကြွေးမြီဟာ ဂျီဒီပီနဲ့ အချိုးကျမြင့်ြတက်လာ၊ အမေရိကန်အလုပ်သမားတွေရဲ့ဝင်ငွေဟာ နှစ်ပေါင်းများစွာတိုးလာခြင်းမရှိပဲ ရပ်တန့်နေတာဖြစ်တယ်။ အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာသုံးငွေကြေး ဖြစ်လာတာနဲ့အမျှ အကြွေးဟာလည်း တက်ပြီးရင်းတက်ရင်းဖြစ်နေတယ်။ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံးမြီစားနိုင်ငံဖြစ်တယ်။
အခုလို အမေရိကန်ဒေါ်လာက ကမ္ဘာ့ငွေကြေးဈေးကွက်မှာစိုးမိုးထားနိုင်ဟာ အမေရိကန်နယ်ချဲ့ရဲ့ စီးပွားရေး၊စစ်ရေးနဲ့ နိုင်ငံရေးပါဝါတွေကြောင့်ပဲဖြစ်တယ်။
အမေရိကန်နိုင်ငံဟာ စစ်ရေးဘက်မှာလည်း အခုဆိုရင်တကမ္ဘာလုံးမှာ စစ်စခန်းပေါင်း ၈၀၀ ခန့်ရှိတယ်။ ဒါဟာ နေတိုးစတဲ့ မဟာမိတ်အဖွဲ့တွေရဲ့ စစ်စခန်းတွေမပါသေးဘူး။ နောက်ပြီး ကမ္ဘာကြီးကိုလည်း ဒေသအလိုက် စစ်ဌာနချုပ်တွေခွဲထားပြီး စိုးမိုးထားတယ်။ ညူကလီးယားစစ်ဌာနချုပ်နဲ့ အာကာသစစ်ဌာနချုပ်တောင်ဖွဲ့ထားပါတယ်။ ကမ္ဘာ့သမုဒ္ဒရာအသီးသီးမှာလည်း အမေရိကန်ရေတပ်တွေ လှည့်လည်နေကြတာဖြစ်တယ်။ (ဆက်ပါ့မယ်)

(စတေးဟုမ်း ဘူးစင်)

0 comments
(စတေးဟုမ်း ဘူးစင်)
အင်ဒီယားနားပြည်နယ်လည်း စတေးဟုမ်းလုပ်ထား၏။ မသွားမဖြစ်ကိစ္စမှတပါး ကျနော်တို့လည်း အိမ်တွင်းအောင်းနေကြ၏။ အလုပ်လည်းမသွားရ အိမ်ပြင်လည်းမထွက်ရမည့်အတူတူဆိုကာ လင်မယားနှစ်ယောက်တိုင်ပင်ပြီး ဘူးစင်ထိုးရန် အကြံပေါ်၏။ ခြံအလုပ်လေးတွေရှိသမျှလည်း လုပ်ကြမည်တွေး၏။ ကြက်သွန်ခင်းလေး စထရော်ဘယ်ရီခင်းလေးတွေလည်း ပေါင်းသင်ကြ၏။ လွန်ခဲ့သည့် ၂ ပတ်က ချထားသည့် ကိုက်လန် မုန်ညင်းနှင့် စပင်န်းနစ်ချ်တွေလည်း အပင်ပေါက်စပြုလာသဖြင့် ကြက်ဝင်မယက်စေရန် ခြံကာပေးရ၏။ အိမ်ဘေးက ပန်းခင်းလည်း ပေါင်းလိုက်ကြ၏။ တခြံလုံးလည်း မြက်ရိပ်ရ၏။ ခြံဝယ်စက အလုပ်ကောင်းသဖြင့် လက်ထဲ ငွေယားလေးနည်းနည်းစုမိတုန်း လူမောင်း၍ရိပ်ရသည့် မြက်ရိပ်စက်ကလေးဝယ်ထားမိလိုက်တာ အတော်ဟန်ကျနေ၏။ 
ကျနော့်ခြံက တဧကခွဲခန့်ကျယ်သဖြင့် လက်တွန်းစက်ဖြင့်သာ ရိပ်ရမည်ဆိုလျှင် တော်တော်မလွယ်ကြောဆိုက်မည့်ကိန်းရှိ၏။ ဒီကြားထဲ ကျနော်တို့က မနေနိုင် မထိုင်နိုင် သီးပင်စားပင် ပန်းသီးပင် သစ်သော့သီးပင် ချယ်ရီသီးပင် စတာတွေကလည်း အပင် ၃ ဆယ်ကျော်စိုက်ထားသေး၏။ မြက်ရိပ်လျှင် စိုက်ခင်းတွေ စိုက်ပေါင်လေးတွေ ပန်းသီးပင် သစ်သော့သီးပင်တွေကို ရှောင်ရ ကွင်းရ ပတ်ရလှည့်ရသဖြင့် ခရီးသိတ်မတွင်တတ်။ အချိန်အလွန်ကုန်၏။ တခါရိပ်လျှင် အိမ်ရှေ့အိမ်နောက် တနာရီကျော်တော့ စား၏။ ခု ဘူးစင်ပါထပ်ထည့်လိုက်တော့ မြက်ရိပ်က ပို ကသီလင်တနိုင်ဦးမည်ဖြစ်၏။ ဘူးစင်ကလည်း သေးသေးမဟုတ် ဆရာအောင်မော်နှင့် ကိုလူမွန်ပြောသလို မိသားစုလေးယောက်စာအိမ်လောက်ရှိပြီး ရွှေပြည်သာက အိမ်တချို့ထက်တောင့်၏။ စင်ဆောက်ရာတွင် မိတ်ဆွေတယောက်ကလည်း အတော်များများ လာကူပေး၏။
ဘူးစင်ထိုးတာက ဘူးပင်စိုက်ဖို့သက်သက်မျှတော့ မဟုတ်။ ရေရှည်လည်းခံအောင် ခဝဲတို့ ဗုံလုံတို့လို အခြားအပင်များလည်း တင်လို့ရရန်ဆိုကာ သစ်ကောင်းကောင်းနှင့် စင်တောင့်တောင့် ကျယ်ကျယ်ထိုးလိုက်၏။ "မိသားစု ပါတီလေးတွေလုပ်တဲ့အခါ စင်အောက်မှာထိုင်လို့လည်းရတာပေါ့'ဟု ဇနီးက ဘူးစင်ကိုကြည့်ရင်း စိတ်ကူးယဉ်၏။ "နွေရောက်လို့ အသီးသီးချိန်ကျ တို့နှစ်အောက် အဲ့စင်အောက်ထိုင်ရင်း ဝိုင်လေးဘာလေးသောက်ကြရအောင်"ဟုလည်း ပြောသေး၏။ 
အမေ့အိမ်က ကိုရဲမော်ထူးထိုးထားသည့် ဘူးစင်က ကျနော်တို့လောက်မကြီး မတောင့်သော်လည်း ဘူးသီးသီးချိန် အရွက်ဖားဖားကြီးတွေ အုပ်ဆိုင်းထားသဖြင့် စင်အောက်ကအရိပ်မှာ အလွန်အေး၏။ မြက်တွေကလည်း သန့်၏။ ထိုအချိန်မျိုး အမေ့အိမ်သွားလျှင် ကျနော့်ဇနီးက ဘူးစင်အောက်ကမြက်တွေပေါ် မှောက်လိုက်လှန်လိုက် လူးလိုက်လှိမ့်လိုက်လုပ်တတ်၏။ အမေက "သူမို့လို့ မြက်တွေနဲ့ မယားတယ်"ဟု မှတ်ချက်ပေးတတ်၏။ တခါတလေ ခွေးလေးတွေခေါ်သွားလျှင်လည်း ဆော့လို့မောသည့်အခါ ခွေးလေးတွေက ဘူးစင်အောက်မှာ အငြိမ့်သား နားနားနေနေ နေကြ၏။ ကျနော်က ခွေးကိုချစ်သလောက် အမေက ခွေးမွေးတာမကြိုက်။ သို့သော် အိမ်လာလည်သည့်ဧည့်သည် ခွေးပါလာလို့ အိမ်ထဲခေါ်လာလျှင်တော့ ဘာမှမပြော။ မကြိုက်ကြောင်းလည်း အမူအယာနှင့်ပင် မပြ။ သည်းခံ၏။ ကျနော်ကတော့ အမေ့အိမ်ထဲ တခါမှ ကျနော့်ခွေးလေးတွေကို မသွင်းတတ်။ ကျနော်သွားသည့်အခါတိုင်း "မင်း ခွေးလေးတွေရော နေကောင်းကြရဲ့လား"ဟု တခုတ်တရ အမြဲမေး၏။ ဇနီးက "နင့်အမေက ခွေးမွေးတာသာ မကြိုက်တာနော်၊ ခွေးလေးတွေအကြောင်းတော့ အမြဲမေးတတ်တယ်"ဟုပြောသဖြင့် အမေ ကြောင်ချစ်တတ်ကြောင်း၊ သတ္တဝါလေးတွေကို ကြင်နာတတ်ကြောင်း ပြောပြဖြစ်၏။
မနက်ဖြန်လောက် အမေ့အိမ်သွားလျှင် ဘူးစင်ပုံတွေပြမည်စိတ်ကူးထား၏။ အမေဘာပြောမည်မသိသေးသေည်လည်း "အင်း ကယ်ရင်ကတော့ ဘူးစင်အောက် စိတ်ကြိုက် လူးတော့လှိမ့်တော့မှာပေါ့"လောက်တော့ ပါမည်ထင်၏။ အမေသည် ကျနော့်ဇနီးကို ရှေ့တွင်နံမည်ခေါ်ပြီး ကွယ်ရာတွင် ငါ့ချွေးမကြီးဟုခေါ်၏။ အမေ့အိမ်က ဘူးစင်လည်း ရှင်းပေးခဲ့ရမည်။ ဘောင်လည်း တူးဆွ ကြက်ချေး​မြေဩဇာထည့်ပေး မြေပြင်ပေးခဲ့ရမည်။ အမေ့ ခရမ်းချဉ်စိုက်အိုးကြီးတွေလည်း ပြင်ပေးခဲ့ရမည်။ ရှေ့လ ၁၅ လောက်ဆို ဗမာသီးနှံတွေ စစိုက်လို့ရမည်ဟု အမေ့ကိုပြောထားသော်လည်း အမေက ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက မုန်လာနှင့် နံနံပင်တွေကြဲထားနှင့်ပြီ။ "အမေ့ မုန်လာလေးတွေကတော့ မပြောတတ်ဘူး၊ နံနံတွေကတော့ သေကုန်မှာပဲအမေ၊ လာမယ့်အပတ် ပြန်အေးဦးမှာ"ဆိုတော့ "အမေ့မှာ နံနံ​စေ့တွေ အများကြီးရှိသေးတယ်၊ သေသွားလည်း ဘယ်တတ်နိုင်မလဲ ထပ်စိုက်ရတာပေါ့"ဟုပြောတော့ ကျနော့်ညီမက "ကျနော်ပြောတယ်အကို စောသေးတယ်ဆိုတာ၊ ဘယ်အချိန် ထွက်စိုက်လိုက်မှန်းမသိဘူး၊ ဟိုနေ့ကလည်း အကိုပေးခဲ့တဲ့ ပန်းဥတွေ အပြင်ထွက်စိုက်နေလို့ အမေ အပြင်မှာအေးသေးတယ်၊ မထွက်နဲ့နော်ဆိုပြီး အထဲပြန်ခေါ်ရသေးတယ်"ဟုဆို၏။ ညီမက အမေ့ကို အရိပ်တကြည့်ကြည့်နေတာဖြစ်၏။ အမေက တခါတခါ သူ စိုက်ချင်ပျိုးချင်တာလေးရှိလျှင် ညီမအလစ်တွင် အိမ်အပြင်လှစ်ကနဲထွက်ကာ အပင်စိုက်၏။ တောက်တိုမယ်ရလေးတွေ လုပ်တတ်၏။ ညီမက တခုခုဖြစ်မှာ အလွန်စိုးရိမ်၏။ အထူးသဖြင့် ခုလို စတေးဟုမ်းနေရသည့်အခိုက်ကြီးတွင် အမေ့ကို ဘာဆိုဘာမှ ဘာတခုခုမှ မဖြစ်စေချင်။ ဖြစ်လိုက်လို့ ဆေးရုံဆေးခန်းသွားရလျှင်လည်း လူအပိုလိုက်ဖို့ခက်သလို မတော်ဆေးရုံတွေဘာတွေတက်ရလျှင်လည်း အနားမှာ အချိန်ပြည့် လူနာစောင့်နေလို့မရဆိုသည့် ဆေးရုံစည်းကမ်းတွေကလည်း တင်းကျပ်ထားသည်မဟုတ်လား။ 
ကျနော်က အမေ့ကို "စိုက်တာပျိုးတာတွေ ဘာမှမလုပ်နဲ့ဦီး အမေ။ စိုက်ချိန်က ကျနော်တို့ လာစိုက်ပေးမယ်။ နွေကျ အမေရေပဲလောင်း၊ ခုတော့ ဘာမှမစိုက်နဲ့။ အိမ်ပြင်လည်း မထွက်နဲ့"ဟုပြောရသေး၏။ အမေ့ကိုသာပြောရသော်လည်း ကိုယ်ချင်းစာစိတ်ဖြင့် ကျနော်လည်း မသက်သာလှ။ ကျနော်ကရော ဘာများထူးသနည်း အိမ်ထဲမှာနေပါဆိုတာကို ခြံထဲဆင်းပြီး ထွေရာလေးပါ တောက်တိုမယ်ရလေးတွေလုပ်ရုံမက ဘူးစင်ပါထိုးလိုက်သေး၏။
ကိုဗစ် ၁၉ ကြောင့် စတေးဟုမ်းနေရတာက ဘယ်အထိနေရမည် ဘယ်သူမှမပြောတတ်။ ကျနော်တို့ တပြည်နယ်လုံးရော ကျနော်တို့ခရိုင်တခုလုံးရော ရောဂါကူးစက်သူတွေ သေသူတွေက တနေ့တခြားတိုးတိုးနေ၏။ အဆုတ်မရှိ အတက်ချည်းသာ။ "ကပ်ကြီးပြီးသွားရင်"ဟုသာ အားတင်းနေရသော်လည်း ကပ်ကြီးကဘယ်တော့ပြီးမယ်မှန်း ဘယ်သူမှတပ်အပ်မပြောနိုင်။ မပြီးသေးသရွေ့ စတေးဟုမ်းကလည်း လှည့်လှည့်လာဦီးမည်ထင်ရ၏။ အိမ်နေရင်း အချိန်လည်းကုန်အောင် အလုပ်လည်းဖြစ်အောင် လူလည်း လှုပ်လှုပ်ရှားရှားလေးဖြစ်အောင် တခုမဟုတ်တခုတော့ လုပ်နေရဦးမည်ထင်၏။
မျိုးမြင့်ချို
၂၄ ရက် ဧပြီ ၂၀၂၀

Monday, April 6, 2020

(နိုင်ငံသားတယောက်အကြောင်း)

0 comments
(နိုင်ငံသားတယောက်အကြောင်း)
အမေရိကန်သည် ကျနော်နေသည့်နိုင်ငံဖြစ်ပြီး ကျနော်လည်း အမေရိကန်နိုင်ငံသားဖြစ်သဖြင့် အမေရိကန်ကို ကျနော့်နိုင်ငံဟုခေါ်ပါသည်။ ထို့အတူ အမေရိကန်ကိုကာကွယ်ရန် ကျနော့်တွင်တာဝန်ရှိပြီး အခြား တနိုင်ငံငံနှင့် သို့မဟုတ် ကမ္ဘာနှင့်စစ်ဖြစ်လျှင် ကျနော်အမေရိကန်ဘက်မှ ဝင်တိုက်ရမည့်သူဖြစ်ပါသည်။ သို့သော် (ဤသို့သော်သည် အရေးကြီးပါသည်) ထိုအခြေအနေတွင် စစ်ထဲမလိုက်လို့ စစ်ဝင်မတိုက်လို့လည်းရပါသည်။ လက်ဝှေ့ချန်ပီယံမိုဟာမက်အလီတို့လိုအရေးယူခံကာ ထောင်ထဲသွားနေလို့လည်းရပါသည်။ ထိုအရာသည် အမေရိကန်ဆန်ခြင်း သို့မဟုတ် အမေရိကန်ဆန်ဆန် တသီးပုဂ္ဂလအခွင့်အရေးကို ကာကွယ်ခြင်းဖြစ်ပါသည်။ တပြိုင်တည်းတွင် လူ၏ရွေးချယ်ခွင့်လည်းဖြစ်ပါသည်။ ထို့ကြောင့် မိုဟာမက်အလီမှာ စစ်ပွဲတွင်မသေပဲ သက်တမ်းအတိုင်းအပြည့်နေ၍ သေသွားပါသည်။ မျိုးချစ်စိတ်ဟုန်းဟုန်းတောက်ကာ ဗီယက်နမ်စစ်မြေပြင်သွား နယ်ချဲ့ကျူးကျော်ခဲ့ကြသော သူ့သူငယ်ချင်းတချို့ စစ်ပွဲ၌သေသူသေ ခြေလက်ပြတ်သူပြတ် လက်နက်ချသူချနှင့် နောက်ဆုံးစစ်ရှုံး၍ တိုင်းပြည်သို့မျက်နှာအောက်ချပြန်လာသူ ပြန်ကြရပါသည်။ မိုဟာမက်အလီကား ဗီယက်နမ်စစ်ဆန့်ကျင်ရေးသမားအဖြစ် ငြိမ်းချမ်းရေးသမားအဖြစ် ယခုထက်တိုင် လူသူလေးစားကြသော်လည်း ဗီယက်နမ်ကျောင်းဆင်း (စစ်ရှုံး၍ပြန်လာသော အမေရိကန်စစ်ဗိုလ်များကို Vietnum School ဟု အမေရိကန်စစ်တပ်တွင် ခပ်နှိမ်နှိမ်ခေါ်ပါသည်)များမှာ တနှစ်တခါ လူကြားသူကြားပွဲထုတ်ပေးရုံမှတပါး ဘယ်သူမှ သိတ်အရာမသွင်းချင်ကြပါ။ သို့သော် သူတို့ထဲမှ တချို့သည် ဗီယက်နမ်ကျူးကျော်စစ်ကို ယခုထက်တိုင် မှန်သည့်စစ် ကောင်းသည့်စစ် တရားသည့်စစ်အဖြစ် မြင်ကြပါသည်။ နောက်မျိုးဆက်များက မည်မျှအထင်ကြီးကြီးမကြီးကြီး၊ ဂုဏ်ပြုပြု မပြုပြု၊ အမွှမ်းတင်တင်မတင်တင် သူတို့သည် သူတို့နိုင်ငံအတွက် မျိုးချစ်စိတ်ဖြင့် တကယ်ပဲ စစ်ထွက်ခဲ့ကြသည်ဟုထင်နေဆဲဖြစ်ပါသည်။ 
သူတို့အထဲတွင် မွေးရာပါအမေရိကန်နိုင်ငံသားတွေပါသလို ကျနော့်လို နိုင်ငံသားပြုခွင့်ဖြင့် နိုင်ငံသားဖြစ်လာသူ Nutuaralization တွေလည်း အလွန်များပါသည်။ ကျနော်သည် အမေရိကန်နိုင်ငံသားဖြစ်သွားပြီးကတည်းက ဗမာပြည်ကို ကျနော့်နိုင်ငံ My country ဟုမသုံးတော့ပါ။ လိုအပ်လို့သုံးရမည်ဆိုလျှင် ဇာတိမြေ My native land ဟုသာသုံးပါသည်။ တကယ်လည်း အမေရိကန်အတွက်တော့ ကျနော်သည် ပဝတ္တိသားမှန်သည်မဟုတ်ပါလား။ ကျနော် အမေရိကန်ကို ငါ့နိုင်ငံဟုသုံးသဖြင့် တချို့နှာခေါင်းရှုံံကြပါသည်။ ထိုသူများထဲတွင်လည်း အမေရိကန်နိုင်ငံသားဖြစ်ပြီးသူတွေရှိပါသည်။ ကျနော့်စိတ်တွင် ထိုသူများအား အမေရိကန်ကို ငါ့နိုင်ငံဟုမသုံးရကောင်းလားဟု ငြိုငြင်စိတ် တစိုးတစေ့မှမဖြစ်သော်လည်း ဗမာပြည်ကို အမိမြေတို့ အဖနိုင်ငံတို့လုပ်နေသည်ကိုတော့ နားအလွန်ကလောပါသည်။ ထိုသူအများစုမှာ အမျိုးဘာသာ သာသနာ (မဘသ)တွေဖြစ်နေတာများသောကြောင့် မြင်ပြင်းကပ်တာလည်းဖြစ်နိုင်ပါသည်။ 
ထိုသူတို့တွင် အတွင်းစိတ်ပဋိပက္ခလည်းကြီးပါသည်။ ဗမာပြည်ကို အမိမြေတွေ အဖနိုင်ငံတော်တွေလုပ်နေသော်လည်း အမေရိကန်ထိလျှင် မချိအောင်နာတတ်ကြခြင်းကိုဆိုလိုပါသည်။ ကျနော်က အမေရိကန်နေ အမေရိကန်နိုင်ငံသားဖြစ်နေပြီး အမေရိကန်ကိုဝေဘန်လျှင် အပြစ်ဆိုလျှင် သူတို့မကြိုက်ကြပါ။ အစိုးရကိုဝေဘန်လျှင် ကျေးဇူးကန်းသည်ဟု ထင်ကြသူများလည်းဖြစ်ပါသည်။ ကျနော့်အား သားရေပေါ်အိပ် သားရေနားစားသည်ဟုအထိပင် ယိုးစွပ်တတ်ပါသည်။ တကယ်က သူတို့သည် အမေရိကန်ဆန်ခြင်းသဘောနှင့် အနှစ်သာရကိုနားမလည်ကြတာဖြစ်ဖို့များပါသည်။ အမေရိကန်တွင် တသီးပုဂ္ဂလအခွင့်အရေး Indivitual Rights များ အာမခံထားသလို Civil Rights များလည်း ဥပဒေနှင့်အညီ ခံစားနေရပါသည်။ အမေရိကန်ဒီမိုကရေစီလည်း အပြည့်အဝရှိပါသည်။ အခွန်လည်း အတိအကျထမ်းရပါသည်။ 
ထိုအခွင့်အရေးများ ရပိုင်ခွင့်များသုံးကာ မည်သူမဆို အစိုးရ၏ လုပ်ရပ်များကိူ ဝေဘန်လို့ ပြစ်တင်လို့ ရှုတ်ချလို့ လှောင်ပြောင်လို့ သရော်လို့ရပါသည်။ မိမိဘက်က မှန်နေဖို့တော့လိုပါသည်။ ကျနော်က အမေရိကန်အစိုးရ၏ ထိုချွတ်ချော်ချက်များကို ဝေဘန်ပြစ်တင် လှောင်ပြောင်သရော်လျှင် ထို အမေရိကန်−မြန်မာမဘသများ အလွန်အသည်းနာတတ်ကြပါသည်။ သူတို့သည် မသိစိတ်မှနေ၍ အမေရိကန်ကို ကျိုးနွံခယပျတ်ဝပ်နေကြသူများနှယ် ဖြစ်နေပါသည်။ အငုံ့စိတ်အခံဖြင့် သိမ်ငယ်နေကြသူများလိုလိုလည်း ဖြစ်နေကြပါသည်။ မင်းစိုးရာဇာကို အရှင်သခင်ထင်နေတတ်ကြသောကြောင့်လည်းဖြစ်နိုင်ပါသည်။ အမေရိကန်ဒီမိုကရေစီနှင့် လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးများကိုနားမလည်ခြင်းသက်သက်ကြောင့်မဟုတ်မူပဲ ဦးချိုးခံထားရသည့် စေသည့်ကျွန် ထွန်သည့်နွားစိတ်ကြောင့်လည်းဖြစ်နိုင်ပါသည်။ ကျနော်ကထိုလူတွေကို အမေရိကန်အစိုးရ အချွတ်အချော်အတိမ်းအစောင်းများအကြောင်း ပယ်ပယ်နယ်နယ်ပြောစေ့ချင်သည်။ သူတို့ကမပြော။ ထောက်ပြစေချင်သည်။ သူတို့က မထောက်ပြ။ အမေရိကန်ဆန်စေချင်သည်။ သူတို့ကမဆန်။ ထို့အတွက် စိတ်ထဲ ယားကျိကျိဖြစ်သော်လည်း သိတ်ကြီးတော့ အပြစ်မမြင်မိ။ သူတို့၏ "မဘသ" စိတ်အခံကိုတော့ မသတီမိတာအမှန်။
ပြန်ကောက်ရလျှင် ကျနော်သည် အမေရိကန်ဖြစ်၏။ အမေရိကန်သည် ကျနော့်နိုင်ငံဖြစ်၏။ ကျနော့်နိုင်ငံကို ကောင်းစေချင်၏။ နိုင်ငံကောင်းလျှင် ကျနော်လည်း ကောင်း၏။ ကျနော်လည်း နိုင်ငံအတွက် ကောင်းဖို့လို၏။ ကျနော့်နိုင်ငံအတွက် ကျနော့်တွင်တာဝန်ရှိ၏။ တာဝန်ဆိုတိုင်း ထမ်းမည့်သူတော့မဟုတ်။ အမှားအမှန် တရားမတရားကို ပိုင်းခြားစိတ်ဖြာပြီး ငြင်းဆန်ရမည့်ကိစ္စကို ငြင်းဆန်မည်။ အစိုးရလုပ်နေပြောနေတာတွေကို နိုင်ငံသားပီသစွာ ချီးမွမ်းမည် ကဲ့ရဲ့မည်။ ထောက်ခံမည် ဆန့်ကျင်မည်ဖြစ်၏။ ကျနော့်နိုင်ငံအတွက် ကျနော်လုပ်နိုင်သည်မှာ လောလောဆယ်တွင်ဒါပဲဖြစ်၏။
မျိုးမြင့်ချို
၆၊ ဧပြီ၊ ၂၀၂၀

Wednesday, April 1, 2020

(ငါးကြော်နှပ်)

0 comments
(ငါးကြော်နှပ်)
လူအတော်များများသည် ငါးကြော်နှပ်ကို မချက်ဖူးသာရှိလျှင်ရှိမည် စားတော့စားဖူးကြမည်ထင်ပါသည်။ ငါးကို အကောင်လိုက် သို့မဟုတ် အကွင်းလိုက် သို့မဟုတ် အတုံးလိုက်တုံးကာ အပေါ်ယံကြော ကြွပ်နေအောင်ကြော်ပြီး ကြက်သွန်နီအကွင်းလိုက်ကြီးများနှင့် ပဲငန်ပြာရည်နှင့် ပြန်နှပ်သည့်အနှပ် ဖြစ်ပါသည်။ ပြောတော့ စာတကြောင်းဖြင့်ပြီးသော်လည်း တကယ့်လက်တွေ့တွင် သည်မျှမလွယ်မှန်း ငါးကြော်နှပ်ဖူးသူတိုင်း သိကြပါသည်။
ပြီးခဲ့သည့်အပတ်က အမေနှင့်နှမ အကြေးထိုး ခုတ်ထစ်တုံးတက်ပေးလိုသည့် ငါးကြင်းတုံးများ ကျနော့်တွင်ရှိနေပါသည်။ တမြန်နေ့က ဆယ့်နှစ်တုံးခန့်ကို အပေါ်ယံကြွပ်နေအောင်ကြော်ကာ လေလုံပိတ် ဗူးတဗူးထဲထည့်ပြီး သိမ်းထားပါသည်။ မနေ့ကတော့ ထမင်းပူပူတွင် ငါးကြော်ဆီချက်လေးဆမ်း ဆားလေးဖြူးကာ ငါးကြော်နှင့် ညမနက်စားပါသည်။ ပဲဟင်းချိုတခွက်နှင့် ငရုပ်သီးဆားထောင်းလေးလည်း ပါပါသည်။ နှစ်နပ်ဆက်တိုက် ထိုသို့စားပြီးနောက် ငါးကြော့်မျက်နှာကြည့်ချင်စိတ်ကုန်သွားသဖြင့် ဗူးလိုက်ကြီး ရေခဲသေတ္တာထဲပြန်ထည့်ထားခဲ့ပါသည်။
ဒီနေ့ အမေ့ဆီကပြန်လာတော့ လမ်းတွင် ငါးကြော်နှပ်စားချင်စိတ်ပေါက်ပါသည်။ လူသည် တခါတခါ မဆီမဆိုင် တခုခုကို စားချင်စိတ် လုပ်ချင်စိတ် သူ့အလိုလိုပေါက်တတ်သလား မပြောတတ်ပါ။ ကျနော် ငါးကြော်နှပ်စားချင်စိတ်ပေါက်ချိန်သည် မြို့လည်ကောင် ကားမောင်းနေချိန်ကြီးဖြစ်ပါသည်။ Stay at Home အမိန့်ကြောင့် မြို့လည်မှာ ခါတိုင်းလောက် ကားမရှုပ်သော်လည်း ကားတွေတော့ရှိနေပါသည်။ သတိထားမောင်းရင်း ဘယ်မှအာရုံမပြန့်အောင်ထိန်းရင်းကြားက ငါးကြော်နှပ်စားချင်စိတ် ဝင်လာခြင်းဖြစ်ပါသည်။ လမ်းဘေးဝဲယာတွင် စားသောက်ဆိုင်များလည်းမရှိပါ။ ဘာ ကြော်သံလှော်သံ အညှော်နံ့မှလည်းမရှိပါဘဲ ဗိုက်လည်းမဆာပါပဲလျှက် ဘယ့်နှယ်လို့ ငါးကြော်နှပ် ချဉ်ခြင်းတပ်လာမှန်း မပြောတတ်ပါ။ ဒါနှင့် "အိမ်ရောက်ရင် ငါးကြော်နှပ်မည်"ဟုတွေးမိလိုက်ပါသည်။
ငါးကြော်ဗူးကိုထုတ်ကြည့်တော့ ငါးကြော်တွေမှာ ကြွပ်နေတုန်းဖြစ်ပါသည်။ အနံ့လည်း မွှေးနေပါသည်။ ဒါနှင့် ဂျင်း သုံးလေးလွှာ လွှာပါသည်။ ကြက်သွန်နီဥကြီး ၂ ဥကိုအခွံသင်က မထူမပါးအကွင်းလိုက်လှီးချပါသည်။ ကြက်သွန်ဖြူ ၄ တက်ခန့် ဓားပြားရိုက်ပါသည်။ ခရမ်းချဉ်သီးအလုံးကြီးတလုံးကို ရှစ်စိတ် စိတ်ပါသည်။ ငရုပ်သီးစိမ်းအတောင့်ရှည် ဆယ်တောင်ခန့်ကို အညှာဖြတ်ပြီး ထက်ခြမ်း ခြမ်းပါသည်။ ထက်ခြမ်းဆိုသော်လည်း အခြမ်းမပြတ် ခြမ်းခြင်းဖြစ်ပါသည်။။ ကိုက်လန် ​ြေခာက်ပင်ကို အပင်လိုက် ခါးလည်မှဖြတ်ကာ ရေစင်စင်ဆေးပြီး စစ်ထားလိုက်ပါသည်။
မီးဖိုပေါ် သံကြွပ်ဒယ်တင်ပြီး ဒယ်ပူလာတော့ ငါးကြော်ဆီချက် ဇီးဘရားဇွန်းဖြင့် ၇ ဇွန်းခန့်ထည့်ပါသည်။ ဆီမကျက်တကျက်တွင် သကြားတဇွန်းထည့်ပြီး သကြားပျော်ကာ ညိုလာသည်အထိ မီးနွေးနွေးနှင့် စိတ်ရှည်လက်ရှည်မွှေပါသည်။ ထိုသိုမွှေနေရင်း စစ်ထဲဝင်စက ညဘက် အပြင်ကင်းစောင့်ရင်း ဂေါ်ရခါးသီးတွေခိုးပြီး သကြားနှင့်ကြော်ကာ ထမင်းဂျိုးတွေနှင့်စားခဲ့သည်ကို အောက်မေ့မိပါသည်။ သင်တန်းတက်နေသည့် စစ်သားလူသစ်ဘဝသည် အလွန်ငတ်ပါသည်။ ဗိုက်လည်း အချိန်တိုင်းဆာနေတတ်ပါသည်။
သကြားတွေ ကြာညို့ရောင်ထွက်လာတော့ ကြက်သွန်နှင့် ဂျင်းတွေထည့်ပါသည်။ ကြက်သွန်တွေနွမ်းသွားတော့ ငရုပ်သီးစိမ်းတွေထည့်ပါသည်။ ကြက်သွန်ဖြူနီ ဂျင်းတွေက သကြားကြာညို့နှင့်ငရုပ်သီးစိမ်းတို့ပေါင်းဖက်မိသည့်အနံမှာ အလွန်မွှေးပြီး ဘာနှင့်တူမှန်း ပြောရခက်ပါသည်။ ငရုပ်သီးစိမ်းတွေ တဖေါက်ဖေါက် ဆီပေါက်လာတော့မှ ပဲငန်ပြာရည်အပျစ် သုံးဇွန်းခန့်ထည်ပြီး သမအောင်မွှေကာ အဖုံး ဖုံးပြီး ခန ပစ်ထားလိုက်ပါသည်။ တအောင့်လောက်ကြာတော့ အိုးထဲက ဖျစ်ဖျစ် ဖျစ်ဖျစ်မည်သံထွက်လာသဖြင့် ဖွင့်ကြည့်ရာ အားလုံးရောသမ ပေါက်စေးကျနေသလိုဖြစ်နေပါသည်။ ဆားနည်းနည်း အချိုမှုန့်နည်းနည်းထည့်ကာ တချက်နှစ်ချက်မွှေပြီး ဇွန်းဖျားလေးနှင့်ကော်ယူ မြည်းကြည့်တော့ အတော့်ကို အရသာရှိနေပါသည်။
ဒါနှင့် ခရမ်းချဉ်ရှစ်စိတ်ကွဲကိုထည့်ပြီး တချက်နှစ်ချက်မွှေက အဖုံးပြန်ပိတ်ပြီး တမိနစ်ခန့်နှပ်ထားလိုက်ပါသည်။ အဖုံးလှပ်ကြည့်တော့ ခရမ်းချဉ်တွေ အရာမယွင်းပဲ မနူးတနူးလေးဖြစ်နေတာတွေ့ရပါသည်။ သို့ဖြင့် ကိုက်လန်တွေထည့်ပြီး အနှစ်တွေနှင့်သမသွားအောင် လေးငါး​ြေခာက်ချက်မွှေပြီး ခနပြန်နှပ်လိုက်ပါသည်။ ထိုအချိန်တွင် ခွေးလေးတွေ အစာတောင်းဖြင့် ပွတ်လည်းပွတ်သပ်ပေး အစာလည်း ကျွေးရပါသည်။ လက်လည်းဆေးရပါသည်။ 
အိုးထဲမှာ ဟင်းနှစ်တို့ တဖျစ်ဖျစ်မြည်သံနှင့် အနံ့တို့မှာ မီးဖိုချောင်တခန်းလုံး ကြိုင်လှောက်နေပါသည်။ အိုးအဖုံးဖွင့်ကာ ငါးကြော်တုံးတွေကိုထည့်ပြီး အနှစ်တွေနှင့်ငါးကြော်တွေ သမအောင် နှံ့ပြန့်ကုန်အောင် အကျအနမွှေပြီးနောက် ရေ ရေနွေးကြမ်းပန်းကန် တလုံးစာလောက်ထည့်ပြီး အိုးကိုလှုပ်ပေးပါသည်။ အရည် အနှစ် ငါးကြော်တုံးတွေ သူ့နေရာနှင့်သူ အစီအရီကျသွားတော့ အဖုံးပြန်ဖုံးကာ နှပ်ထားလိုက်ပါသည်။ 
သိမ်းစရာဆည်းစရာများသိမ်းဆည်းပြီးနောက် ဆေးစရာကြောစရာများကို ပန်းကန်ဆေးဇလုံထဲ ဆပ်ပြာရည်နှင့် စိမ်ထားလိုက်ပါသည်။ ကျနော်သည် အချက်အပြုတ်မပျင်းသော်လည်း ပန်းကန်ဆေးရမှာ သေမလောက်ကြောက်သူ ဖြစ်ပါသည်။ လက်အပြည့်အစုံမရှိတာကြောင့်လည်း ပါပါသည်။ ကျနော့်ပန်းကန်ဆေးနည်းမှာ ဇွန်းတွေခွက်တွေကို အင်တုံထဲတွင် ရေနွေး ဆပ်ပြာရည်တို့ဖြင့်စိမ်က အိုးတိုက်ဖတ်နှင့် ပွတ်သပ်မွှေနှောက်ပါသည်။ ပြီးနောက် ဆပ်ပြာရည်တွေသွန်ကာ ရေသန့် သုံးလေးကြိမ်ထည့်လိုက် သွန်လိုက်လုပ်ခြင်းဖြစ်ပါသည်။ ပန်းကန်တချပ်ချင်း တလုံးချင်း ဇွန်းတချောင်းချင်း ကျနော်ဆေးမရပါ။ 
လူသည် စားတတ်လျှင် ရှာတတ်ဖွေတတ် ချက်တတ်ပြုတ်တတ်ဖို့ လိုရုံမက ဆေးတတ်ကြောတတ်ဖို့လည်း လိုမည်ထင်ပါသည်။ ထမင်းပွဲရှေ့ရောက်သမားများ ထိုဒုက္ခကိုမသိပါ။ ထို့ကြောင့်သူတို့သည် ဘဝအကြောင်းနှင့် လောကီထုပ္ပတ်လူတို့ဇာတ်ကို နားမလည်ကြပါ။ သို့သော် အတည်​ေပါက်နှင့် လူတွေကို တရားတွေဟောကြ မေတ္တာတွေထားထားခိုင်းကြ လောဘဒေါသမောတွေ မရှိကြရန်ပြောကြပါသည်။ သူတို့ကိုယ်တိုင်ကတော့ ထိုအရာများဖြင့်အတိပြီးကာ လောင်မီးကျနေကြသည်ကများပါသည်။ လူတွေကလည်း သူတို့ပြောသည်ကို တခုခုမျှော်ကိုးပြီး ဘုမသိဘမသိနှင့် ကိုးစားကြပါသည်။
အားလုံးဆေးကြောပြီးချိန်တွင် ဖိုပေါ်မှအိုးဆီက တဖျစ်ဖျစ်အသံနှင့်အတူ ငါးကြော်နှပ်အနံ့မှာ သင်းနေပါသည်။ အဖုံးဖွင့်ကြည့်တော့ ထပ်မွှေစရာမလိုလောက်အောင် သေချာနေပြီဖြစ်သည့် ငါးကြော်နှပ်တအိုးဖြစ်နေပါပြီ။ ကိုက်လန်အစိမ်း၊ ခရမ်းချဉ်အရောင်၊ ငါးကြော်အဝါရောင်တို့မှာ ကြာညို့ရောင်ကြားတွင်ကျနေပြီး ဆေးရောင်စုံပန်းချီကားတချပ်လို လှပနေပါသည်။ ငါးကြော်တတုံး ကိုက်လန်တဖတ်ဆည်ကာ မြည်းကြည့်တော့ ကောင်းသည့်အရသာမှာ ပြောမပြတတ်အောင်ပင်။ နတ်သုဒ္ဒါ ကိုယ်လည်းမစားဖူးသဖြင့် ဘယ်သို့ရှိမှန်းမသိသော်လည်း ခု ကျနော်ချက်သည့် ငါးကြော်နှပ်မှာမူ ဘယ်သူလာစားစား မကောင်းဘူးဟုတော့ပြောမည်မထင်ပါ။
တကယ်က ငါးကြော်နှပ်သည်ဆိုသည်မှာ အနုပညာတရပ်ဖန်တီးခြင်းလည်းဖြစ်ပါသည်။
မျိုးမြင့်ချို
၂၊ ဧပြီ၊ ၂၀၂၀

(မုန့်ဟင်းခါး မနက်ခင်း)

0 comments
(မုန့်ဟင်းခါး မနက်ခင်း)
မနက်က အမေ့အိမ်သွား၏။ ဘယ်သူမှ မနိုးကြသေးမှန်းသိသဖြင့် ဂိုဒေါင်တံခါး စကားဝှက်သုံးပြီးဖွင့်ကာ ဂိုဒေါင်ကနေ ဝင်မည်အကြံနှင့်ဖွင့်၏။ ပွင့်၏။ သို့သော် ပြဿနာက မီးဖိုခန်းမှဖြတ်ကာ အိမ်မကြီးထဲဝင်သည့် တံခါးက အတွင်းမှ Lock ချထား၏။ ဖွင့်မရ။ အကြံအိုက်နေတုန်း အပေါ်ထပ်မှ တယောက်ယောက် ကမန်းကတမ်း ပြေးဆင်းလာသံကြားသဖြင့် တံခါးကို မခေါက်တော့ပဲ အသာရပ်စောင့်နေ၏။ ဂျလစ်ဂျလောက်မြည်သံနှင့် တံခါးပွင့်လာ၏။ ဖွင့်ပေးသူက ရဲမော်ထူး'။ ဒါနှင့် နေကောင်းလားဘာညာမေးကာ အထဲဝင်၏။ ထမင်းစား စားပွဲထိုင်ကာ အိုင်ပဒ်ထုတ်နေတုန်း ရဲမော်က အင်ဒီယားနားနှင့် ဖို့တ်ဝိန်းတို့တွင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူနှင့် သေဆုံးသူအရေအတွက်တွေ သတင်းတွေပြော၏။ မျက်နှာက သိတ်မကောင်း။ ကျနော်က ဒီလောက်ကြီးလည်းမပူပါနဲ့ပြောရင်း သူ့ကျန်းမာရေးအ​ြေခအနေ၊ ည အိပ်ရေးပျက်မပျက်တွေမေးကာ အိပ်ပျော်မည့်ဆေးလည်းဖြစ်၊ Over the Counter ဝယ်လို့ရမည်လည်းဖြစ်သည့်ဆေးများအကြောင်းပြောတော့ သူ စိတ်နှင့်လိုက်မှတ်ကာ သောက်ဦးမှဖြစ်မယ်ဆိုဟု၏။ ထို့နောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကာ ကမ္ဘာ့သတင်းတွေ ပြောဖြစ်၏။ လူ ငါးထောင်နီးပါးပါသည့် အမေရိကန် လေယဉ်တင်သ​ေင်္ဘ​ာကြီး ယူအက်စ်အက်စ် ရုစဗဲ့လ်တ်အကြောင်းလည်းပါ၏။ ပြောနေရင်း စကားလမ်းကြောင်းက ရှန်ဟိုင်း ကိုအော်ပရေးတစ်ဗ် အော်ဂနိုက်ဇေးရှင်းဆီရောက်ရာ ဒေါ်လာအကြောင်း ဗမာပြည်အကြောင်း နိုင်ငံ့စီးပွားအကြောင်းတွေဘက် ကူးသွား၏။
ထိုအချိန်တွင် ညီမ(သင်းသင်းအေး)ဆင်းလာကာ သူမိတ်ဆွေတချို့အကြောင်း၊ နူးယော့ခ်စီးတီးက ကိုရိုနာကူးစက်မှုအကြောင်း၊ သူချက်ပြုတ်ထားသည်များအကြောင်း၊ ဒီနေ့အဖို့ ကြက်စွတ်ပြုတ်လုပ်မည့်အကြောင်း၊ ကြက်ကြော်များလည်း ကျန်သေးကြောင်းပြောကာ မုန့်ဟင်းခါးလက်ကျန် ကျန်သေးကြောင်းတွင် အဆုံးသတ်၏။ မုန့်ဟင်းခါး အသံကြားတော့ ကျနော်က ချက်ခြင်း စားချင်စိတ်ပေါက်လာ၏။ မစားရတာလည်း တလလောက်တော့ရှိနေပြီဖြစ်၏။ သင်းသင်းအေးသည် မုန့်ဟင်းခါးချက် အလွန်ကောင်း၏။ ရခိုင်မုန့်တီဆိုလည်း သူချက်လျှင် အစပ်အဟပ်အလွန်တည့်၏။ သူနှင့်ပြောရင်း သတင်းစာနှင့်တီဗီတွင် တွင်တွင်ပါနေသည့် သက်ငယ်မုဒိန်းသမား အောင်ဆန်းနေဝင်းအကြောင်းလည်းရောက်၏။ ဒီလူတော့ အနည်းဆုံးထောင်ဆယ်နှစ်ကျမှာနော်ဟုပြောကာ သူ့စကားကိုအဆုံးသတ်ရင်း ရဲမော်ထူးအတွက် ဆေးဝယ်ရန်မေးမြန်း၏။ 
ထိုအချိန်တွင် အမေလည်း အပေါ်ထပ်မှ ညင်ညင်သာသာဆင်းလာ၏။ ဤနေရာ၌ ညင်ညင်သာသာကို သုံးရသည်မှာ အမေသည် ဘယ်တော့မဆို လမ်းလျှောက် အလွန်ပင် ညင်သာအေးဆေး၏။ ကျနော့်ဘဝတွင် ဘယ်တုန်းကမှ အမေ့ခြေသံ တဒုန်းဒုန်းကို မကြားစဖူး။ အရေးကြီး၍ ခြေလှမ်းသွက်ချင်သာသွက်မည် အမေ့ခြေနင်းသည် ဘယ်တော့မှမပြင်း။ အမေသည့် အဖေ့ကိုစိတ်ကောက်လျှင်ပင် ခြေဆောင့်မည်ဟု ကျနော်မထင်။ အမေက တွေ့တွေ့ချင်း သူ့ချွေးမကြီး(ကျနော့်ဇနီး)နေကောင်းလား မင်း ဖုန်းခေါ်ဖြစ်လား ဘာညာအရင်စမေး၏။ ပြီးမှ သူ့မြေးမ မရင်နှစ်အိပ်ကောင်းနေကြောင်း ကျောင်းပိတ်သဖြင့်ပျင်းပျင်းနှင့် အစားတွေ နင်းကန်မစားရအောင် ကြည့်လုပ်နေကြောင်းတွေပြောကာ မင်း ဘာစားလာခဲ့သလဲဟုမေး၏။ ဘာမှ မစားခဲ့သေးဘူး အမေ၊ ခနနေမှ မုန့်ဟင်းခါးတပွဲတော့ စားမည်ဟုပြောတော့ ကောင်းတယ်အမေထည့်ပေးမယ်ဟုပြောကာ လက်ဆေးကြွေဇလုံထဲက ပန်းကန်ခွက်ယောက်တချို့ကို ဆေးကြောနေ၏။ 
ကျနော်နှင့် ရဲမော်က စကားပြန်ဆက်၏။ သင်းသင်းအေးက အပြင်သွားဖို့ပြင်၏။ အမေရှိနေချိန်တွင် အမေ့ရှေ့၌ အနိဌာရုံသတင်းများ မပြောမိအောင် ကျနော်တို့ တတ်နိုင်သလောက် ရှောင်ကြသော်လည်း အမေသိထားဖို့လိုသည့် အဆိုးသတင်းများကိုမူ ထိန်းထိန်းသိမ်းသိမ်းနှင့်ပြောကျင့် ကျနော်တို့တွင် ပါနေကြပြီ။ ကျနော်တို့သည် အမေ့အား ဣဌာရုံများချည်းရွေးပြီးတော့ စိတ်ချမ်းသာဖို့သက်သက်လည်း မပြောကြ။ ကျနော်တို့ကသာ အမေ့စိတ်အနာထင်မည်စိုးပြီး ထိုသို့ထိန်းသော်လည်း အမေ့တွင် ကျနော်တို့ထက်တရားရှိ၏။ ကျနော်တို့ထက် တည်ငြိမ်၏။ အမေသည် စစ်ကိုလည်းဖြတ်ခဲ့၏၊ ခေတ်ဆိုးခေတ်ကျပ်တွေကိုလည်း ဖြတ်ခဲ့၏။ နာနာဘာဝ ဝိနာဘာဝ ဘဝတွေကိုလည်း ရင်ဆိုင်ခဲ့၏။ သို့သော် အမေ့နှလုံးသားသည် မမာကြောသွားခဲ့။ မခက်ထန်သွားခဲ့။ နုနုညံညံ့နှင့် တရားပြည့်ကာ ခိုင်ခိုင်ကြည်ကြည်ရှိနေသဖြင့် အတုလည်းယူရ၏။ ဩလည်း ချရ၏။ အမေခံခဲ့သည့်လောကဓံမျိုး ကျနော်သာခံရလျှင် စိတ်သည် ထောင်းလမောင်း ကြေနေမလားမပြောတတ်။ ယခုလည်း ခရိုခယိုင်ပင်။
ခနနေတော့ ညီမ အပြင်ထွက်သွား၏။ အမေက ကျနော့်အတွက် မုန့်ဟင်းခါးတပွဲထည့်ကာ မိုက်ခရိုဝေ့ဗ်နှင့် နွှေးပေးရင်း အဲ့ဒီမှာ ကြက်သွန်ကြော် ပဲကြော် ဂေါ်ရခါးသီးကြော် ငှက်ပျောကြော်တွေရှိတယ်။ မင်းညီမကြော်ထားတာ။ သူ့သမီးကတော့ ယောင်လို့တောင် မတို့ဘူး။ မင်း မုန့်ဟင်းခါးထဲထည့်စားပေါ့ဟု လှမ်းပြော၏။ ထိုအချိန်တွင် ရဲမော်ထူးက ဒေါက်တာလှကျော်ဇော၏ဆောင်းပါးတပုဒ်အကြောင်းပြော၏။ ကျနော့်စိတ်က ကိုမြင့်ရီဆိုသည့် ဗမာပြည်ကအမှုတွဲလည်းအမှုတွဲ သူငယ်ချင်းလည်း သူငယ်ချင်းဖြစ်သူထံရောက်နေ၏။ စိတ်က တချက်တချက် သာယာဝတီထောင် တောင်ငူထောင်တွေဆီ လွင့်ပျံ့နေ၏။ အမေ မုန့်ဟင်းခါးပွဲလာချတော့မှ လွင့်မျောနေသည့်စိတ်အလျဉ်သည် ပြတ်တောက်သွား၏။
အမေက မုန့်ဟင်းခါးထဲ သံပုရာသီးညှစ်ပေး၏။ ကျနော်က ငရုပ်သီးမှုန့်နည်းနည်း ငန်ပြာရည်နည်းထည့်ကာ မွှေနှောက်ပြီးစားရန်ပြင်တော့မှ ပျစ်နှစ်နေလွန်းနေတာကို သတိထားမိ၏။ ဒါနှင့် ဟင်းရည်နည်းနည်းထပ်ဆမ်းကာ သမလိုက်တော့မှ အလောတော်ဖြစ်သွား၏။ မုန့်ဟင်းခါးသည် ချက်ပြီးစ ပူပူလောလောတွင်စားရသည့်အရသာကတမျိုးဖြစ်ကာ နောက်နေ့လက်ကျန် ပြန်နွှေးစားရသည့်အရသာကတမျိုးဖြစ်၏။ မတူ။ ကျနော်က မနက်လက်ကျန်ကို ပိုကြိုက်၏။ မုန့်ဟင်းခါး တပွဲလုံးကုန်အောင်စားပြီးတော့ ငရုပ်သီးကြောင့် နှာရည်မျက်ရည် နည်းနည်းထွက်၏။ ကျနော်က အချိုသမား။ အစပ်ကြောက်၏။ အစပ်ကလေး နည်းနည်းစားလိုက်မိသည်နှင့် စားဝိုင်းတွင်အိန္ဒြေပျက်မတတ်ဖြစ်တတ်သူ။ ဒါကိုသိသည့်အမေက ဟိုမှာ မုန့်အချိုတွေရှိတယ် နည်းနည်းစားလိုက် ပြီးရင်ရော့ ရေသောက်ဆိုကာ ရေပုလင်းချပြီးနောက် စားပြီးသားပန်းကန်လည်း သိမ်းသွား၏။
ဤသို့ဖြင့် သည်မနက် ကျနော့် အမေရိကန် ဘရိခ်ဖာ့စ်မှာ ဗမာမုန့်ဟင်းခါးဖြစ်သွား၏။ ကျနော်လည်း အတော် တင်းတိမ်သွား၏။ အာသာလည်း ပြေသွား၏။ သို့ဖြင့် ဤအကြောင်း ကြည်နူးစိတ်ဖြင့် ပြန်ပြောဖြစ်ပါ၏။
မျိုးမြင့်ချို
၁၊ ဧပြီ၊ ၂၀၂၀