Saturday, July 12, 2014

၂ဝ၁၄ ဂျူလိုင်လလည်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၃-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဂျူလိုင်လလည်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၃-(မျိုးမြင့်ချို)
(အညှာကိုင်တဲ့ အညှာများ)
နယ်ပယ်တိုင်းမှာ အညှာကိုင်တာရှိတယ်။ မကောင်းတဲ့အနက်နဲ့သုံးတာများတယ်။ အချင်းချင်းကို ဒါမှမဟုတ် ပြိုင်ဘက်ကို လိုအပ်လို့ ချတော့မယ်ဖြိုတော့မယ်ဆိုရင် ထုတ်သုံးတဲ့ နောက်ဆုံးလက်နက်ပဲ။ ပွဲသိမ်းတိုက်ကွက်ပဲ။ လက်ဦးဖို့တော့လိုတယ်။ ပြင်လည်းပြင်ထားရတယ်။ တည်လည်း တည်ဆောက်ထားရတယ်။ အောက်လမ်းနည်းလို့ပြောလည်း ရတာပါပဲ။ နောက်ဆုံးနည်း ဒါမှမဟုတ် အပြီးသတ်တိုက်ကွက်လည်းဖြစ်တယ်။ ဒါကို သွားပြီး မသူတော့်အကျင့်လို့ပြောရအောင် နဂိုကတည်းက သူတော်ကောင်းတရားမှ မဟုတ်တာ။ အာဏာလုကြတာ နိဗ္ဗန်ရောက်ကြောင်းကျင့်တာမှ မဟုတ်တာ။ မကောင်းကောင်းကောင်း ကောင်း ကောင်းကောင်း လက်တွေ့အရ လူမှု၊ နိုင်ငံရေး၊ စီးပွားရေးဘဝတွေမှာ လူတွေ ဒီအတိုင်းကျင့်ကြံနေကြတာပဲ။ ရန်သူလည်းသုံးတယ်၊ မိတ်ဆွေလည်း သုံးတယ်။ ရန်သူမိတ်ဆွေအဖွဲ့အစည်းတွေ အတွင်းမှာလည်းသုံးတယ်။ ခင်ဗျားမကြိုက်ရင် မသုံးရုံပဲ။ အဲ့နည်းကို ဒီမိုကရေစီနဲ့ကြိုက်သလောက်ဖုံး မလုံဘူး။ ပေါ်တာပဲ၊ အနှေးနဲ့အမြန်သာကွာမယ်။ ဒါပေမယ့် ပေါ်ချိန်ကြ လက်ကလွန်သွားပြီ။ ပွဲကပြီးသွားပြီ။
ဟီးဟီးဟားဟားနဲ့ အရူးကွက်နင်းပြလိုက်ရုံပဲကျန်တယ်။
အာဏာကိစ္စမှာ ဒီအဖြစ်တွေ ပိုပီပီပြင်ပြင်ပြင်မြင်ရတယ်။ ပိုလည်း ပိပိရိရိရှိကြတယ်။
ဒါပေမယ့် ဒါဟာ ဝှက်ဖဲမဟုတ်ဘူး။ အချင်းချင်း အနိုင်ပိုင်းဖို့ကိုင်ထားတဲ့ နိုင်ဖဲ။
ဗိုလ်အောင်ရွှေတို့ ဗိုလ်အောင်ကြီးတို့ ဗိုလ်တင်ဖေတို့လိုဆိုရှယ်လစ်တပ်မှူးကြီးတွေအစ မဆလအတွင်းရေးမှူးများအဖွဲ့ဝင်သိန်းစိန် ထွန်းလင်း တင်ဝင်းညိုတို့အလယ် ဗိုလ်တင်ဦး(မျက်မှန်ကြီး)တို့ (ဝန်ကြီး)ဘိုနီတို့အဆုံး ဗိုလ်နေဝင်း ဘယ်လို အညှာကိုင်ခဲ့သလဲကြည့်ပေါ့။
ဗိုလ်သန်းရွှေ ဗိုလ်ရွှေမန်း ဗိုလ်သိန်းစိန်တို့အုပ်စုက ဗိုလ်ခင်ညွန့်ဂိုဏ်းကို အသည်းအသန်ရှင်းထုတ် ပစ်တာလည်း အဲ့ဒီ အညှာကိုင်ကိစ္စကြောင့်ပဲ။ နဝတ နအဖထဲမှာ ခင်ညွန့်ဟာ နိုင်ငံရေးအရတွင်ကျယ်တာ၊ ခေါင်းကိုင်ဖြစ်တာ၊ ခေါင်းရင်းရဲတာမှန်ပေမယ့် တပ်မရှိဘူး သေနတ်ကိုအမိန့်မပေးနိုင်ဘူး။ ဆိုတော့ သူလုပ်နိုင်တာက တပ်ကိုင်ထားတဲ့ သေနတ်ပြောင်းအမိန့်ပေးနိုင်တဲ့ကောင်တွေကို အညှာကိုင်ထားပြီး နံပတ်ဝမ်းနဲ့ပေါင်း တကောင်ခြင်းတကောင်ခြင်း အမှည့်ချွေချွေဖို့ပဲ။ သူ့နိုင်ငံရေးသြဇာနဲ့ အရှိန်အဝှာကို တပ်ထဲမှာ တည်ဆောက်ဖို့ပဲ။ လွှမ်းမိုးထားဖို့ပဲ။ ပြဿ နာက သူကိုင်မိတဲ့အညှာတွေထဲ နံပတ်ဝမ်း(သန်းရွှေ) လည်းပါတော့ ကိုယ့်သေတွင်း ကိုယ်တူးမိသွားတာပဲ။ အညှာကိုင်မယ့်ကောင် အမြစ်ကျွတ်ပြီး အမျိုးပြုတ်အလှန်ခံလိုက်ရတာပဲ။
ခုကြည့် ၂ဝ၁၅ မတိုင်ခင်မှာ အညှာကိုင်ပွဲကြီး လာလိမ့်မယ်တွေးတယ်။ မြေအလှန်ခံရမယ့်ကောင်လည်း ရှိတယ်။ တပယ့်တပယ်ရှင်းရင်း နှစ်ပယ်ရှင်းတွေလည်း ဖြစ်လာမယ်ထင်ပါတယ်။ မင်းအောင်လှိုင်က အကိုကြီးတွေစကား နားထောင်ရပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို အသက်ပေးကာကွယ်မယ်ပြောထားပြီးသားပါ။ ထင်တိုင်းကြဲလို့ မရသေးပါ။ တိုင်းမှူးတွေအကုန် သူ့လူမဖြစ်သေးပါ။ သုတ်သင်မယ့်အထဲမှာ ကြံ့ဖွံ့ထဲကရော တပ်ထဲကရော အတွင်း/အပြင်လူစုံပါတယ်။ ရွှေမန်း ဌေးဦး အောင်သောင်းတို့ ၃ ယောက်ပေါင်းလူလုံးထွက်ပြတာ အလကားမဟုတ်ပါ။ သိန်းစိန်က သမ္မတဆိုတော့ ပါတီအနေနဲ့ ထွက်ပြလို့မဖြစ်ပါ။ အောင်မင်းတို့ မျက်ခုံးလှုပ်တာအမှန်ပါ။ အောင်မင်းနားရင် အပစ်ရပ်ခေါင်းဆောင်တွေ ကားပါမစ်၊ အရက်ပါမစ်တွေပြန်အပ်မလား လက်နက်တွေ အပြီးအပ်မလားဖြေရမယ်ထင်တယ်.။
ခု ဗမာပြည်တဝှမ်းမှာ ကြံ့ဖွံ့ပါတီဝင်တွေ အသုတ်လိုက်အသုတ်လိုက် လူထွက်ပွဲတွေ တိုးတိုးတိတ်တိတ်ဖြစ်နေတယ်။ တချို့လည်း ကြံ့ဖွံ့လူထွက်ပွဲသာ ဗြောင်မလုပ်တာ ပါတီကင်းကွာဖြစ်ကုန်ကြပြီ။ ကြံ့ဖွံ့ရဲ့ စည်းရုံးရေးနိုင်ငံရေးရေချိန် ဇောက်ထိုးဆင်းနေချိန်မှာ ကျနော်တို့ဘက်က(အင်န်အယ်လ်ဒီအပါအဝင် ဒီမိုကရေစီပါတီတွေ) အတွေးအခေါ်အရ နိုင်ငံရေးအရ စည်းရုံးပြင်ဆင်တည်ဆောက်ထားမှ တော်ရုံကျမယ်ထင်တယ်။
တခုပဲရှိတယ် အာဏာယူဖို့နိုင်ငံရေးလုပ်တာမဟုတ်ဘူး၊ အာဏာရယူရေးသဘောထားမရှိဘူးဆို အာဏာလည်းဘယ်တော့မှမရပါ။

(အယူမှားဖျောက်ဖို့ဆို)
ငါးဖယ်ကပြောင်းပြန်
ဒညင်းသီးကအီးတပြန် ဝါဒဖြန့်ချက်ပါလား။
ဘယ့်နှယ် ဝီရသူကိုဖမ်းရမတုန်း
ဘယ့်နှယ် နေမျိုးဝေကိုဖမ်းရမတုန်း
ဗိုလ်သိန်းစိန်တို့ကို ဖမ်းဝရမ်းထုတ်ရမှာ
ဗိုလ်သိန်းစိန်တို့ ပေါ်စေဆိုလို့
နေမျိုးဝေတို့ ဝီရသူတို့လို
အကျိုးစီးပွားအတွက်
ဗိုက်အငှားနဲ့ ဓါးအထိုးခံတဲ့ကောင်တွေရှိနေတာ။

ဗိုလ်သိန်းစိန်တို့ ပျောက်စေဆို
အဲ့ကောင်တွေအမြီးတောင်မမြင်ရဘူး

နာဇီအယူ
အစွန်းရောက်ဘာသာလူမျိုးအခြေခံအတွေးအခေါ်ပျောက်ဖို့ကြ
သိန်းစိန်စစ်အုပ်စုရော
ဝီရသူတို့ဘုန်းကြီးဆိုးတွေရော
နေမျိုးဝေတို့ လူမသမာတွေရော
အကုန်ဖျောက်ဖျက်ပစ်နိုင်မှ 

ပျောက်မှာ။

(အတိုက်အခံမကြားချင်တဲ့ပညာရေးလွတ်လပ်ခွင့်)
ဆရာဦးသိန်းလွင်တို့လုပ်နေကြတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးကိစ္စ၊ ပညာရေးလွတ်လပ်ခွင့်ကိစ္စ၊
လူမျိုးစုတွေမိမိတို့ဘာသာစကားတွေနဲ့ သင်ကြားခွင့်ပြဌာန်းရေးကိစ္စ၊ 

ပညာရေးမှာဗဟိုချုပ်ကိုင်မှုလျှော့ချရေးကိစ္စ၊
အလယ်တန်းအထိ အခမဲ့ ပညာမသင်မနေရကိစ္စစတာတွေကို အသေးစိတ်သိချင်လှပါတယ်။

လောလောဆယ်မှာ သိန်းစိန်တို့က
မူလတန်းအထိပဲ မသင်မနေရ၊
ကျောင်းချိန်ပြင်ပမှာပဲအချိန်ပိုအနေနဲ့ လူမျိုးစုဘာသာစကားနဲ့သင်ကြားရေး၊ ဗဟိုထိန်းချုပ်မှုတင်းတင်းကြပ်ကြပ်ထားရှိရေးသဘော
စတာတွေမှာကွဲလွဲနေတယ်လို့ သိရတယ်။
ရှင်းရှင်းဆိုရရင် ပညာရေးကိစ္စမှာ ဦးသိန်းလွင်တို့နဲ့စစ်အုပ်စု
အတိုက်အခံ အခြေအတင်ဖြစ်နေတာပဲ။

ဒေါ်စုကတော့ ဆရာဦးသိန်းလွင်တို့ပြောနေတာတွေဟာ
လောလောဆယ် မဖြစ်နိုင်ဆိုတဲ့အကြောင်းပြချက်နဲ့
လွှတ်တော်ထဲမဲခွဲဆုံးဖြတ်တဲ့အခါ အင်န်အယ်လ်ဒီကိုယ်စားလှယ်တွေဘက်ကပဲ ရပ်တည်မယ်ဆိုတဲ့အကြောင်း ဦးသိန်းလွင်တို့ကို ခေါ်ဆွေးနွေးတယ်လို့လည်း သတင်းထွက်နေတယ်။ ဒေါ်စုကတော့ အတိုက်အခံဆိုတဲ့အသံတောင်မကြားချင်သူဆိုတော့ စစ်အုပ်စုနဲ့အတိုက်အခံဖြစ်သူတွေနဲ့ အတိုက်အခံဖြစ်ရမှာသဘာဝကျတာပါပဲ။

https://www.facebook.com/NNER.mmr က အချက်အလက်တွေဖတ်ရင်းတွေးရင်း ရလာတဲ့အမြင်ပါ။

(၈၈ နောက်လိုက်များ)
တို့ ၈၈ ခမျာမလည်း ခေါင်းဆောင်တွေများလိုက်တာ။
လင်များတဲ့မိန်းမလိုပါ့လား။
လင်စံလည်းမရွေးရ လင်ခွေးနဲ့လည်းမညားရ။
မခင်မင်းဇော် Kyi Kyi Khin ကပြောနေတယ် ၈၈-နောက်လိုက်များအဖွဲ့ ဖွဲ့ရကောင်းမလားဆိုပြီး။
ကောင်းတယ် မခင်မင်းဇော် ဖွဲ့ပါ။ နောက်လိုက်တွေလည်း စုစုစည်းစည်းရှိဖို့လိုပါတယ်။ ဒါနဲ့ နောက်လိုက်များအဖွဲ့မှာ ခေါင်းဆောင်ဘယ်သူ့တင်မယ်တွေးထားလဲ။ တခုတော့ ခေါင်းထဲထည့်ထားစေချင်တယ်။ ၈၈-နောက်လိုက်များအဖွဲ့ ဖွဲ့ဖို့ ပြည်တော်မပြန်ခင်ကတည်းက ကင်မရာလေးတစ်လုံးနဲ့ ငွေလေးနည်းနည်းကြိုပို့ထား။
လေဆိပ်လာကြိုဖို့ လက်ဝါးလေးလည်း နည်းနည်းရိုက်ထားဗျ။ မမေ့နဲ့။
နောက်လိုက်စာရင်းတွေ စကောက်ပြီလား။ ကောက်ပြီဆို ကျနော့်လည်း တို့ထားပါဦးဗျာ။
ခုက ၈၈ က ကျောင်းသားခေါင်းဆောင်နဲ့ ကျောင်းသားမဟုတ်တဲ့ခေါင်းဆောင်တွေချည်း ဗုံးဘောလအောဖြစ်နေတာဆိုတော့ နောက်လိုက်က ဘုရားချေးထက်တောင် ရှားပါ့။ ဖွဲ့လို့ကတော့ ပေါက်မယ်ထင်တာပဲ။


0 comments:

Post a Comment