Wednesday, March 22, 2017

အရူးနဲ့မယ်နု(မျိုးမြင့်ချို)

0 comments
ပြည်တွင်းကနေရော ပြည်ပနိုင်ငံတချို့ဆီကရော ဒေါ်ကြီးလောက် လူမလေးခွေးမခန့်အလုပ်ခံရတဲ့ နှပ်ပစ်ခံရတဲ့သမ္မတမျိုး အမေရိကန်သမိုင်းမှာ ရှိမယ်မထင်ဘူး။

လွှတ်တော် ၂ ရပ်လုံးကိုစီးထားပြီး တချို့ကိစ္စတွေမှာ ငါ့မြင်းငါစိုင်းလို့ရပေမယ့် တချို့ကိစ္စတွေကြ လက်လျှိုပေးထားတာတော့ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။

ခန့်လိုက်တဲ့ဝန်ကြီးဆိုတဲ့ အကောင်တွေအကောင်မတွေကလည်း ကိုယ့်နယ်ပယ်အကြောင်း ဘာမှ ရေရေရာရာ ထဲထဲဝင်ဝင်မရှိတဲ့ဟာတွေ။ နိုင်ငံခြားရေးဝန်ဆိုတဲ့အကောင်က မြောက်ကိုရီးယားကို စစ်ရေးအရအရေးယူသင့်ယူရမယ်လို့ သွားအာချောင်လို့ ဟိုကပြန်ပက်တော့ ရှက်ရှက်နဲ့မှိတ်ခံရတာပဲ။ ရှက်ရမ်း တကယ်သွားရမ်းကြည့်လည်း ကမ္ဘာနဲ့ချီတဲ့ စစ်မီးတွေ ထတောက်ဦးမှာပဲ။ 

ယူအင်နဲ့မတိုင်ပင်၊ ကွန်ဂရစ်ရဲ့အတည်ပြုချက်မယူ၊ ဆီးရီးယားအစိုးရရဲ့သဘောထားမပါတဲ အမေရိကန်မြေပြင်တိုက်ခိုက်ရေးတပ်တွေ ကြိတ်ပို့တာ ခုမှ လူမိသွားသလိုလို အရူးကွက်က နင်းပြနေရတယ်။ မြေပြင်တိုက်ခိုက်ရေး စစ်သည်အင်အား အယောက် ၄ဝဝ ကျော်ဆိုတာ အမေရိကန်လို အဆင့်မြင့်နည်းပညာလက်နက် ချပ်ဝတ်တန်ဆာတွေဆင်ထားတဲ့ နိုင်ငံအဖို့ နည်းတဲ့ပမာဏလား။ အမှန်က ကွန်ဂရက်စ်ကလည်း သိပါတယ်။ ယူအင်န်ကလည်း မသိပဲမနေပါဘူး။ ဆီးရီးယားကတော့ သိသိမသိသိ ဘာမှပြောလို့မရတဲ့အနေအထားပါ။ အမေရိကန် ပင်မမီဒီယာကြီးတွေကလည်း ခုမှ ထသိရသယောင်ယောင် လုပ်တာကလည်း Conspiracy ပါတဲ့သဘောပါ။ အင်အား ၄ဝဝ ကျော်ဆိုတာ သင်္ဘောကွန်တိန်နာတခုထဲ ထည့်ပြီး သယ်သွားလို့ရတဲ့ကိစ္စမှမဟုတ်တာ။ ဘာဘီအရုပ်မလေးတွေမှ မဟုတ်တာ။ ထားပါတော့လေ။

ဒေါ်ကြီးလက်ထက်မှာ ဘာတွေဆက်ဖြစ်ဦးမယ်မှန်း ဘာမှ ခန့်မှန်းတွက်ဆလို့ မရသေးဘူး။ မေမေ့သားသမီးတွေပြောသလို ဝှက်ဖဲတို့ အကွက်သိတ်လှတယ်လို့ ပြောချင်တာမဟုတ်ဘူး။ အမေရိကန်ဟာ အရူးလင်လုပ်မိတဲ့ပြည်လိုဖြစ်နေပြီ။ ဗမာပြည်လည်း သိတ်တော့မထူးပါဘူး။ မယ်နုလက်ထဲ ဝကွက်အပ်မိတဲ့အဖြစ်။
မတ်ခ်ျ ၂၂၊ ၂ဝ၁၇

0 comments:

Post a Comment