Saturday, June 29, 2019

သမၼတေတာ့ သမၼတပဲ(မ်ိဳးျမင့္ခ်ိဳ)

0 comments
(သမၼတေတာ့ သမၼတပဲ)
အိုဘားမားက စစ်အုပ်စုနဲ့ ဒေါ်စုဦးဆောင်တဲ့ လစ်ဘရယ်လ်ဒီမိုကရက်တွေကို နားဖေါက်ပေးလိုက်နိုင်တာ တနည်းပြောရရင် အဲ့ဒီလူတွေကို ၂ဝဝ၈ ဖွဲ့စည်းပုံအောက် မောင်းသွင်းပေးလိုက်နိုင်တာကို သူ့အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီ အောင်ပွဲတွေကတခုဆိုပြီး ဗြောင်လက်ခမောင်းခတ်ပြတယ်။ ကိုယ်တိုင်လည်း သွားလည်တယ်။ အိမ်ဖြူတော်ခေါ်ပြီးလည်း ၂ ဘက်လုံးကို ကျောသပ်ရင်သပ်လုပ်ပေးတယ်။ Trans-Pacific Partnership(TPP)လုပ်ပြီး ဖေါရိမ်းပေါ်လစီဖိုးကပ်စ်ကို အရှေ့အလယ်ပိုင်းကနေ အာရှပစိဖိတ်ဒေသဘက်ရွှေ့လာတယ်။ အဓိက က တရုတ်ကို Engagement လုပ်ထားဖို့ဖြစ်တယ်။ နေတိုးရော အခြား အမေရိကန်မဟာမိတ်နိုင်ငံတွေကပါ သောင်းသောင်းဖျဖျ အားပေးကြတယ်။ အိုဘားမားလက်ထက်မှာ Illegal Immigrants လို့ဆိုတဲ့ မက္ကဆီကန်တွေနဲ့ ဗဟိုအမေရိကနိုင်ငံတွေကလူတွေကို မူရင်းနိုင်ငံတွေကို အကြီးအကျယ်ပြန်ပို့တယ်။ ဒီဘက်ခေတ် အမေရိကန်သမိုင်းမှာ အဲ့သလောက်အချိန်အတွင်း အဲ့သလောက်လူတွေကို ပြန်ပို့လိုက်တာ တခါမှ မရှိဖူးဘူးလို့ဆိုတယ်။ ဒါပေမယ့် ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ဘာအသံမှ မထွက်ခဲ့ဘူး။ သိသိနဲ့ အားလုံး ဝစီပိတ်နေခဲ့ကြတယ်။ သူ့ ဒုတိယသက်တမ်းမှာ အမေရိကန်စီးပွားရေး ပြန်ထောင်လာတယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါလာတယ်၊ လိင်တူလက်ထပ်ခွင့်လို၊ ဆေးခြောက် တရားဝင်ကိစ္စလို၊ အိုဘားမားကဲယားခေါ်တဲ့ ကျန်းမားရေးစောင့်ရှောက်မှုလို၊ အီရန်နဲ့ နူကလီးယားစာချုပ်လို စတဲ့ကိစ္စတွေပါ အောင်အောင်မြင်မြင် ကိုင်တွယ်သွားနိုင်တော့ လူတွေက အင်မီးဂရန့်ကိစ္စမှာ ရေငုံပေးကြတယ်။ သဘောက ပြည်တွင်းပေါ်လစီနဲ့ နိုင်ငံခြားရေးပေါ်လစီတွေမှာ အမှတ်ကောင်းနဲ့ အောင်တယ်ဆိုပါတော့။ ကျရှူံးခဲ့တာ မအောင်မမြင်ဖြစ်တာတွေရှိပေမယ့် အာဖရိကန်အမေရိကန်(လူမည်း)သမ္မတလည်းဖြစ် မျက်နှာလည်းချို အပြောလည်းကောင်းတော့ လူအပြစ်တင်သိတ်မခံလိုက်ရဘူး။
ခု ထရမ့်ပ်လည်းကျရော မက္ကဆီကို အမေရိကန်နယ်စပ်တံတိုင်း ဘတ်ဂျတ်ကိစ္စကြောင့် စံချိန်တင်ဂါးဗမင်န့်ရှပ်ဒေါင်းဖြစ်တယ်၊ ထိန်းသိမ်းရေးစခန်းတွေ အဆမတန်တိုးချဲ့ လူတွေဖမ်း အတင်းပြန်ပို့တွေလုပ်တယ်ဆိုပေမယ့် အိုဘားမားပြန်ပို့ခဲ့တာနဲ့ယှဉ်တော့ စာမဖွဲ့လောက်ဘူးလို့ဆိုတယ်။ ဒါပေမဲ့ ကမ္ဘာနဲ့ချီပြီး နံမည်ဆိုးထွက်တယ်။ တရုတ်ပတ်ချာလည်နိုင်ငံတွေ(ဗမာပြည်လည်း အဓိက ထောက်ပြတဲ့အထဲပါပါတယ်)ကို ကိုယ့်ဘက်ပါအောင်ဖဲ့ယူပြိး တရုတ်ဝိုင်းပတ်ထားရေး မလုပ်နိုင်ဘူး။ တချို့နေရာတွေမှာ တရုတ်ဘက်တောင် တွန်းပို့သလိုဖြစ်နေတယ်။ မသိရင် အမေရိကန်သမ္မတအဖြစ် လာမြှုပ်ထားတဲ့ တရုတ်ဒလျှိုလားလို့တောင် ထင်စရာဖြစ်နေတယ်။ မြောက်ကိုးရီးယားကိစ္စ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး၊ ဗင်နီဇွဲလားကိစ္စ အဖျားရှူးသွားတယ်၊ တရုတ်နဲ့ကုန်သွယ်စစ်ကိစ္စ လေတလုံးမိုးတလုံးတွေပြောပြီး မျက်ကန်းတစ္ဆေမကြောက် လျှောက်လုပ်တယ်၊ အီရန်နဲ့လုပ်ထားတဲ့နူကလီးယားစာချုပ်ကနေ တဘက်သတ်နှုတ်ထွက်ပြီး ရန်သွားလုပ်တယ်၊ TPP စာချုပ်ကိုဖျက်တယ်။ မက္ကဆီကို၊ အမေရိကန်၊ ကနေဒါတွဲချုပ်ထားတဲ့ မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်ခွင့်စာချုပ်ကို ဖျက်ပစ်တယ်။ ဂျေရုဆလင်ကိုမြိ့ုတော်ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ်ကြေညာပေးတယ် ဂိုလန်ဟိုက်ကို အစ္စရေးလ်အချုပ်အခြာပိုင်နယ်မြေဆိုပြီးလုပ်တယ်၊ အရှေ့အလယ်ပိုင်းပြဿနာတွေ မီးလောင်ရာလေပင့်လုပ်တယ်၊ ရုရှကို အမေရိကန်နိုင်ငံရေးထဲဆွဲသွင်းတယ်၊ ပြည်တွင်းမှာ လူမျိုးရေး ဘာသာရေးပြဿနာတွေ များများလာသလို မုန်းတီးရန်လိုမှုအခြေခံရာဇဝတ်မှုတွေ တိုးလာတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု လူမှုဖူလုံရေးခံစားခွင့်စတာတွေဖြတ်တောက် လျှော့ချတယ် စသည်ဖြင့် စုံနေတယ်။ နိုင်ငံခြားရေးပေါ်လစီကို လက်ပြဲကြီးနဲ့ ဆန်စင်ရာကျည်ပွေ့လိုက်တွေ လိုက်လုပ်ရင်းလုပ်ရင်း ဘာတခု ဘယ်တခုကိုမှ နံမည်ကောင်းနဲ့ ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုပြီး ပြောကြတယ်။ အထူးသဖြင့် အိုဆာကာ က ဂျီ ၂ဝ အစည်းအဝေးနဲ့ အစည်းအဝေးပြင်ပ ဆွေးနွေးပွဲတွေမှာ သူလေလုံးထွားခဲ့သလို ဖြစ်မလာဘူး စတာတွေလည်းပါတယ်။ ကျန်တာတွေလည်းရှိပါသေးတယ်။
ဒါ ဒီမနက် လိုက်ဖတ်မိ နားထောင်မိတာလေးတွေထဲက Current ဖြစ်တဲ့သတင်းအချက်အလက်လေးတွေပါ။
မျိုးမြင့်ချို
ဇွန် ၂၉၊ ၂ဝ၁၉

Thursday, June 27, 2019

ကုန်သွယ်ရေးစစ်စတင်ခြင်း - ၁၅ (နိဂုံး - ၂)

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း - ၁၅ (နိဂုံး - ၂)
ထင်သလိုဖြစ်မလာတဲ့ဘဏ်တိုးနှုန်း နဲ့ နှစ်နိုင်ငံနည်းပညာ
အများမျှော်လင့်နေကြတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ FMOC အစည်းအဝေးကို ဇွန် ၁၉ ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တယ်။ လက်ရှိ ၂.၂၅ ကနေ ၂.၅% ကြားသွားနေတဲ့ ဘဏ်တိုးနှုန်းကို FED က ဒီအတိုင်းဆက်ထိန်းထားခဲ့တယ်။ ဒေါ်နယ်ထရမ့် ကတချိန်လုံးဖိအားပေးထားတဲ့အတွက်ကော၊ ၁၀နှစ်ဘွန်းတိုးဂရပ်တွေ အခြေအနေမကောင်းတဲ့ အတွက်ကော၊ ဘဏ်တိုးချမယ်လို့ အများစုကမျှော်လင့် ထားချိန်မှာ အဖွဲ့ဝင်အများစုသဘောတူညီချက်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပို၀ဲ က ဘဏ်တိုးကိုထိန်းထားခဲ့တာဖြစ်တယ်။ ပို၀ဲကို ဖြုတ်လို့ရတဲ့ပါဝါသူ့မှာရှိမှာပါလို့ ထရမ့်ကဆိုခဲ့သလို သူ့သက်တမ်းက၄နှစ်ဖြစ်ပြီး ၄နှစ်သက်တမ်းပြည့်လုပ်ဖို့ သူဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပို၀ဲကတုန့်ပြန်ခဲ့တယ်။ သမ္မတနဲ့ နီးစပ်တဲ့အသိုင်းအဝန်းက ဒီကိစ္စတွေ (ဖြုတ်မယ်မဖြုတ်ဘူး) က လွန်ခဲ့တဲ့၆လလောက်ကဟာတွေ။ ခုဒါတွေကို ဘယ်သူမှပြန်ပြောနေတာ မဟုတ်တော့ဘူးလို့ ကြားမကျတကျ အသံထွက်လာတယ်။ ပို၀ဲဘက်ကပြောတာကတော့ သူကြည့်ရမှာ တိုင်းပြည်ရဲ့ငွေကြေးအခြေအနေနဲ့ ဗဟိုဘဏ်ကချမှတ်ရမယ့် ငွေကြေးပေါ်လစီပဲဖြစ်တယ်။ နိုင်ငံရေးကသူတို့ဆီလာပြီးသက်ရောက်မှုရှိလာတာကို သူသိပေမယ့် သူထဲ့သွင်းစဉ်းစားရမယ့်ကိစ္စမဟုတ်ဘူးလို့ဆိုတယ်။ ဇူလိုင်ထဲမှာ ဘဏ်တိုးချပေးလိုက်ရင် ဒီနှစ်ထဲမှာ ဘဏ်တိုးတွေထပ်ကျဦးမှာပဲ ဆိုတဲ့မျှော်လင့်ချက်နဲ့ ဘွန်းရင်းနှီးမြုပ်နှံသူတွေက ဘွန်းတွေမဝယ်ပဲ အချိန်ဆိုင်းထားစောင့်ထားတာမျိုးဟာ လက်ရှိအနေအထားမှာမဖြစ်သင့်ဘူးလို့သူယူဆတယ်လို့ဆိုပြန်တယ်။
ထရမ့်အတွက် ဗဟိုဘဏ်တိုးနှုန်းကျမသွားပေမယ့် သတင်းကောင်းတခုတော့ထွက်လာခဲ့တယ်။ ဂျပန် G20 ဆွေးနွေးပွဲလုပ်နေချိန်အတွင်း ထရမ့်နဲ့ရှီကျင်းပင် ထိပ်သီးဆွေးနွေးပွဲဖြစ်မယ်လို့ တရုတ်ဘက်က ဒီအပတ် ဇွန်တတိယပတ်ထဲမှာအတည်ပြုခဲ့တယ်။ ကုန်သွယ်စစ်ဟာနှစ်ဘက်အပြန်အလှန် အခွန်အတုတ်တွေ တိုးမြှင့်ကောက်ခံနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာ နည်းပညာလက်ဦးဖို့၊ နည်းပညာအသာစီးရမှုနဲ့အတူ စီးပွားရေးနဲ့အမျိုးသားလုံခြုံရေးအခြေအနေတွေမှာအားသာမှုရယူထားဖို့ဖြစ်တယ်။ ဒီအကြောင်းရင်းခံကြောင့် ဟွာဝေးရဲ့ 5G နက်ဝပ်၊ တရုတ်ပြည်မှာရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန်ကုမဏီတွေရဲ့နည်းးပညာကို တရုတ်က ဖိအားပေးရယူတာတွေ၊ တရုတ်ကအမေရိကန်ကုမဏီတွေရဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုခိုးယူတာတွေ (intellectual property theft) ဟာကုန်သွယ်စစ်ရဲ့အလယ်ဗဟိုကိုရောက်ရှိလာခဲ့တာဖြစ်တယ်။
ကုန်သွယ်ရေးစစ်စတင်ခြင်းရဲ့အပိုင်းတခုမှာ အမေရိကန်နဲ့တရုတ် စစ်အင်အားခြင်းနှိုင်းယှဉ်ပြခဲ့ပြီးပြီ။ တကမ္ဘာလုံးမှာတွင်ကျယ်နေတဲ့ အမေရိကန်နည်းပညာကုမဏီတွေရဲ့အနေအထားတွေကိုလည်းတင်ပြခဲ့ပြီးပြီ။ ခုတခါ အမေရိကန်နဲ့တရုတ်နည်းပညာတိုးတက်မှု နဲ့ လက်ရှိအခြေအနေတွေကို နှိုင်းယှဉ်ကြည့်ဖို့လိုလာ တယ်။ ဇွန်၂၀ရက်ထုတ် ဘလွန်းဘတ်ဆောင်းပါးရှင် သုံးဦးပေါင်းရေးတဲ့ နည်းပညာစစ်အေးကိုဘယ်သူနိုင်မလဲ (Who is winning the Tech cold war) ကိုအခြေခံပြီးကြည့်ရအောင်။
၁။ တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီတွေပိုင်ဆိုင်မှု
အမေရိကန်ကတရုတ်ထက်သာတယ်။ လက်ရှိကမ္ဘာ့တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီ ၁၀ခုမှာ ရှေ့ဆုံးကပြေးနေတဲ့ ၅ခုဟာ အမေရိကန်ကုမဏီတွေဖြစ်တယ်။ အစဉ်လိုက်ကြည့်ရင် မိုက်ကရိုဆော့၊ အာမေဇုံ၊ အက်ပဲ၊ အယ်လ်ဖာဘက်၊ ဖေ့စ်ဘုတ်။ နံပါတ် ၆ နဲ့ ၇ က တရုတ်ကုမဏီတွေဖြစ်တဲ့ အလီဘာဘာနဲ့ တင်းဆင့်။ နှစ်နိုင်ငံစလုံးနဲ့မပါတ်သက်တဲ့ ဆမ်ဆောင်းကနံပါတ်၉ဖြစ်ပြီး သူ့ကိုခွထိုင်ထားတဲ့ နံပါတ် ၈ နဲ့ ၁၀ ဟာ အမေရိကန်ကုမဏီတွေပါပဲ။ စစ်စကိုစစ်စတမ် (Cisco Systems) နဲ့ အင်တဲ တို့ဖြစ်တယ်။
၂။ အင္တာနက္သုံးစြဲမွဳ
တရုတ်လူဦးရေက ဒီအင်တာနက် အခြေကျမှု (internet base) မှာအားသာစေတယ်။ လက်ရှိမှာ တရုတ်အင်တာနက်သုံးစွဲသူဦးရေဟာ အမေရိကန်ထက် ၄ဆလောက်ပိုများတယ်။ ဒါတွေကအွန်လိုင်းဝန်ဆောင်မှု၊ အီးကောမတ်၊ ဒစ်ဂျစ်တယ်ငွေပေးယူမှု၊ မက်ဆေ့ချ်ပေးပို့မှုတွေကစလို့ ဂိမ်းစီးပွားရေးတွေအထိ အားသာမှုရစေတယ်။ ပြည်တွင်းစျေးကွက်ကြီးမားကျယ်ပြန့်မှုမှာတရုတ်ကိုမယှဉ်နိုင်။ အင်တာနက်ဝိုင်ယာလက် ချိတ်ဆက်သူ အမေရိကန်မှာသန်း၄၀၀လောက်ရှိချိန်မှာ တရုတ်မှာ ပြည်ပကြီးနဲ့ ဆက်စပ်နက်ဝပ်တွေအရ ၁.၅ဘီလီယံကျော်ရှိနေတယ်။
၃။ ဝင်ငွေကွာဟမှု
တဦးချင်းဝင်ငွေမှာတော့ အမေရိကန်ကို တရုတ်ဟာနောင်ဆယ်စုနှစ်သုံးလေးခုလောက်ကြာတောင်မှီဖို့ ခက်ပါဦးမယ်။ စုစုပေါင်းဂျီဒီပီတော့ ကုန်သွယ်စစ်ကိုပုံစံတမျိုးနဲ့လက်စသတ်နိုင်ရင် အရင်ခန့်မှန်းထားခဲ့ကြသလို ၂၀၃၀ မတိုင်ခင်လောက်မှာ တရုတ်ကအမေရိကန်ကိုကျော်သွားနိုင်ပေမယ့် တဦးချင်းဝင်ငွေဖြစ်တဲ့ ဂျီဒီပီကို လူဦးရေနဲ့စားတဲ့ကိန်းဂဏ္ဍန်းမှာတော့ ရွှေပြည်တော်မျှော်တိုင်းဝေးပါဦးမယ်။ လက်ရှိ အမေရိကန်က တနှစ်ဝင်ငွေပျမ်းမျှ ၆သောင်းကျော် (တလကို ဒေါ်လာ ၅၀၀၀ ကျော်) ရှိနေပြီး တရုတ်က ၁သောင်းပတ်ဝန်းကျင်မှာရှိတယ် (တလကို ဒေါ်လာ ၈၄၀ပတ်ဝန်းကျင်)။
၄။ နည်းပညာကုမဏီတွေ
နံပါတ်၁က တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီတွေအမေရိကန်မှာရှိနေသလို တခြားဒိတ်ဒိတ်ကျဲသူ့လိုင်းနဲ့သူ အောင်မြင်နေတဲ့ နည်းပညာကုမဏီတွေလည်း အများကြီးရှိနေတယ်။ တဘက်ကိုကြည့်တော့ တရုတ်ကလည်း ပြီးခဲ့တဲ့ငါးနှစ်လောက်ကမှစတဲ့ နည်းပညာကုမဏီတွေ အများကြီးပေါ်လာတယ်။ အထိုင်ကျစပြုလာပြီ။ ဒီအပိုင်းမှာတော့ သူမသာကိုယ်မသာ အခြေအနေလောက်မှာရှိနေတယ်။
၅။ ခ်စ္ပ္ထုတ္လုပ္မွဳ
ရှေ့ပိုင်းတနေရာမှာပြောခဲ့သလို မိုဘိုင်းနဲ့ကွန်ပြူတာ ချစ်ပ်ပြားလေးတွေထုတ်လုပ်မှုဖြစ်တဲ့ ဆီမီးကွန်ဒတ်တာ လုပ်ငန်းဟာ နည်းပညာပစ္စည်းတွေရဲ့အခြေခံအသုံးကိုကောင်းကောင်း ကျောထောက်နောက်ခံပေးထားတာ ဖြစ်တယ်။ တရုတ်ရဲ့ နာမည်ကျော် ဟွာဝေးနဲ့ နောက်ထပ်ပေါ်လာတဲ့ ဟိုင်းဆီလီကွန် (HiSilicon) အပါအဝင် ဆီမီးကွန်ဒတ်တာလုပ်ငန်းတွေအားလုံးရဲ့ဝင်ငွေ (revenue) ဟာ မနှစ်က ၇.၆ဘီလီယံလောက်ရှိတယ်လို့ ခန့်မှန်းတယ်။ ဒီကိန်းဂဏ္ဍန်းဟာ အမေရိကန်ရဲ့ချစ်ပ် ဘုရင်ကြီးအင်တဲတခုထဲရဲ့ ၁၀ပုံတပုံလောက်ပဲရှိတယ်။ ကွန်ပြူတာသုံးသူတွေသိပါတယ်။ စျေးကွက်ထဲမှာ ကွန်ပြူတာသမားတွေက အင်တဲပရိုဆက်စာ (processor) ကိုပဲသုံးလိုကြတယ်။
၆။ 5G နဲ့ အနာဂတ်ဆက်သွယ်ရေး
လူငယ်လေးတဦးပါ၊ တယ်လီဖုန်းလေးလုပ်ခဲ့တယ် နဲ့ တီထွင်နိုင်သူအမည်နာမည်ဟာ ဂရေဟမ်ဘဲလ်တဲ့ကွယ် စတဲ့ မြန်မာသီချင်းတွေထဲမှာပါသလို အမေရိကန်ဟာ ဆက်သွယ်ရေးနဲ့ပါတ်သက်ပြန်တော့လည်း ကမ္ဘာ့အစောဆုံးစွန့်ဦးတီထွင်သူ ပိုင်အိုးနီးယားကြီးဖြစ်တယ်။ အမေရိကန်ကုမဏီ မိုက်ကရိုဆော့ဖ်က ကွန်ပြူတာထွင်ခဲ့တယ်။ အက်ပဲမိုဘိုင်းတွေဟာ မိုဘိုင်းနည်းပညာကိုတခေတ်ဆန်းစေ ခဲ့တယ်။ သို့သော် အနာဂတ်ဆက်သွယ်ရေးရဲ့ 5G နက်ဝပ်မှာ ဟွာဝေးကလက်ဦးထားနိုင်တဲ့သဘောရှိတယ်။ ပြီးခဲ့တဲ့ ၁၀စုနှစ် ၂ခုလောက်မှာ အမေရိကန်တွေက တရုတ်အခြေအနေတွေကိုပေါ့ပေါ့ဆဆ သဘောထားခဲ့တဲ့ အကျိုးဆက်ပဲ။
၇။ လူတော်တွေ
အမေရိကန်က တရုတ်ထက်အင်တာနက်နဲ့ နည်းပညာပိုင်းမှာ လူတော်တွေပိုများတာတော့ ငြင်းလို့မရနိုင်ဘူူး။ လက်ရှိ အမေရိကန်မှာနည်းပညာဒိတ်ဒိတ်ကျဲတွေ ၃သောင်းနီးပါးရှိတယ်လို့ခန့်မှန်းထားပြီး တရုတ်က ၂သောင်းမပြည့်ချင်သေးဘူး (ဒါက တကယ့်ကျွမ်းကျင်သူ expert အိတ်စပတ်စာရင်းကိုယှဉ်ပြတာပါ)။ ဒါပေမယ့် ၂၀၁၆စီးပွားရေးဖိုရမ်ကထုတ်တဲ့ရီပို့တခုမှာတော့ တရုတ်ကသိပ္ပံနည်းပညာ နဲ့ သချာင်္ကျောင်းသား ၄.၇သန်းမွေးထုတ်ပေးနေချိန်မှာ အမေရိကန်မှာ ၆သိန်းလောက်ပဲ ထွက်လာတယ်လို့ဆိုတယ်။ ဒီလူဦးရေ အချိုးအစားဟာ အနာဂတ်မှာ နည်းပညာကျွမ်းကျင်သူ ဦးရေကွာဟမှုအချိုးကို တရုတ်ကကျဉ်းမြောင်းစေမှာ ဖြစ်ပြီး အမေရိကန်သာနောက်ထပ်မလိုက်နိုင်ရင်ကျော်တက်ခံသွားရနိုင်တဲ့ အနေအထားဖြစ်တယ်။ လက်ရှိ တကမ္ဘာလုံးမှာရှိတဲ့ AI ကျွမ်းကျင်သူတွေ အချိုးအစားကိုကြည့်ရင် အမေရိကန်က ၁၃.၉%၊ တရုတ်က ၈.၉%၊ အိန္ဒိယ ၈.၅%၊ ဂျာမနီ ၄.၆%၊ အင်္ဂလန် ၃.၉% နဲ့ ကျန်တာတွေက တကမ္ဘာလုံးမှာပျံ့နှံ့နေတဲ့သဘောပါ။
၈။ ထုတ်လုပ်မှုပိုင်း (Manufacturing)
လွန်ခဲ့တဲ့ ၁၀စုနှစ် ၂ခု အမေရိကန်ရဲ့ အက်ပဲနဲ့အခြားကုမဏီတွေဟာ သူတို့ရဲ့ထုတ်လုပ်မှုပိုင်းတွေကို တရုတ်ကိုရွှေ့ခဲ့တယ်။ လုပ်ခစျေးချိုလို့ပါ။ အဲသည်အကျိုးဆက်က အခုလက်ရှိတရုတ်ရဲ့ ထုတ်လုပ်မှုကို အမေရိကန်က လိုက်လို့မမှီဘူးဖြစ်နေတယ်။
ခုနှိုင်းယှဉ်ကြည့်တဲ့ အချက် ၈ချက်မှာ သိသာထင်ရှားတဲ့ကွာဟမှုတွေဖြစ်ပြီး တော်တော်နဲ့ ဒီကွာဟမှုကေ ပြာင်းလဲဖို့မလွယ်တဲ့ လူဦးရေကြောင့်ဖြစ်တဲ့ အင်တာနက်သုံးစွဲမှု နံပါတ် ၂ နဲ့ တဦးချင်ဝင်ငွေကွာဟမှု နံပတ်၃ တွေကိုထဲ့မတွက်ဘူးဆိုရင် ကျန်တာ ၆ခုရှိနေတယ်။ ၁ နဲ့ ၄ က နည်းပညာကုမဏီတွေကိုယှဉ်တာ။ တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီတွေကော တကယ်စျေးကွက်လိုအပ်ချက်ကို ဖြည့်စီးပေးနေတဲ့ အခြားကုမဏီလေးတွေကော ကိုကြည့်ရင် အမေရိကန်ကအသာစီးရထားတယ်။ ဆရာကြီးအင်တဲရဲ့ ချစ်ပ်ထုတ်လုပ်မှု ဆီမီးကွန်ဒတ်တာပိုင်းနဲ့ နည်းပညာလူတော်တွေရှိတဲ့အပိုင်းမှာလည်း အမေရိကန်က သာပြန်တယ်။ တရုတ်ရှေ့ရောက်နေတာက 5G နက်ဝပ်နဲ့ အမေရိကန်ကုမဏီတွေကို အမှီပြုပြီး ရခဲ့တဲ့ နည်းပညာပစ္စည်းထုတ်လုပ်မှုပိုင်းအားသာချက်တွေပါ။ ဒီတော့ အမေရိကန်မဟာဗျူဟာကို ရှင်းရှင်းမြင်သာမယ် ထင်ပါတယ်။ ဟွာဝေးကိုပိတ်ဆို့ပြီး တရုတ်မှာရှိတဲ့ အမေရိကန်ထုတ်လုပ်မှုကို တခြားနိုင်ငံတွေရွှေ့အောင် လုပ်တာပဲဖြစ်တယ်။
ပါရှန်းပင်လယ်ကွေ့ကတင်းမာမှု
ဇွန်လအတွင်းမှာလည်း သတင်းတွေကစုံလင်နေခဲ့ပြီး လူအများစုအာရုံစိုက်ရတဲ့ သတင်းတွေဟာ ကုန်သွယ်စစ် နဲ့ အနည်းနဲ့အများပတ်သက်မှုရှိနေတာကိုတွေ့ရတယ်။ ဟောဇမုဒ်ရေလက်ကြားမှာ ရေနံတင်သဘောင်္၂စီး တိုက်ခိုက်ခံရတဲ့နောက်ကွယ်က လက်သည်ဟာ အီရန်လို့အမေရိကန်ကစွတ်စွဲလိုက်တယ်။ အီရန်ပြဿနာက လွယ်လွယ်နဲ့ငြိမ်းသွားမှာမဟုတ်လို့ ဇတ်ရည်လည်အောင် အီရန်နျူကလီးယား အစီအစဉ်ကို ပြန်ကြည့်ဖို့ လိုလာတယ်။ အီရန်ကနျူကလီးယားလက်နက် ထုတ်ချင်တဲ့ဆန္ဒဟာ မနေ့တနေ့ကမှစပေါ်လာတာမဟုတ်ဘူး။ ၁၉၅၀ပြည့်နှစ်တွေကတည်းကစခဲ့တာ။ အီရန်မှာ အဲသည်အချိန်က ရှားဘုရင်အုပ်ချုပ်နေတဲ့အချိန်ဖြစ်ပြီး အမေရိကန်နဲ့ရွှေလမ်းငွေလမ်းဖောက် ထားကြတဲ့အချိန်ဖြစ်တယ်။ ဒီတော့ အမေရိကန်ကအကူအညီပေးတယ်။ ဘယ်မှာရပ်သွားလည်းဆိုတော့ ၁၉၇၉မှာ အီရန်မှာတော်လှန်ရေးတရပ်ပေါ်ပေါက်လာပြီး ရှားဘုရင်ပြုတ်သွားတဲ့ အချိန်အထိပဲ။ ဒါပေမယ့် အီရန်မှာနျူကလီးယားစက်ရုံတွေက အခြေအနေအဆင့်တခု အထိခိုင်မာမှုရ သွားတယ်။ တော်လှန်ရေးဖြစ်တော့ အီရန်နျူကလီးယားပညာရှင်တွေကနိုင်ငံထဲကနေ ထွက်ပြေးကြတယ်။ ခိုမေနီအာဏာရလာပြီး သူကနျူကလီးယားကို အားမပေးတာကြောင့်လည်းပါတယ်။ ၁၉၈၄ မှာ ခိုမေနီစိတ်ပြောင်းပြီး နျူကလီးယားကိုပြန်စတယ်။ သမိုင်းဆရာတွေက ၁၉၅၀တွေကနေ ၁၉၈၈အထိအီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ရှေ့တလှမ်းတိုးနောက်နှစ်လှမ်းဆုတ်လို့တင်စားပြောကြတယ်။
အီရန်ဟာ ပါကစ္စတန်နဲ့ ၁၉၈၇မှာ တရုတ်နဲ့ ၁၉၉၀မှာ ရုရှားနဲ့ ၁၉၉၂မှာ နျူကလီးယားပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုးတယ်။ ဆိုတော့ တရုတ်နဲ့အီရန်ဟာ ၁၉၉၀ထဲက မဟာမိတ်ပြုထားကြတယ်ဆိုတာပဲ။ ၁၉၉၂ ဆိုတာက အမေရိကန်မှာ ကလင်တန်လက်ထက်၊ ရုရှားမှာ ဘောရစ်ယဲ့ဆင်လက်ထက်။ အီရန်နျူကလီးယား အစီအစဉ်ဟာ ၁၉၈၉ ဘာလင်တံတိုင်းပြိုတဲ့ အချိန်လောက်ကနေစတက်လာတာ ၂၀၀၂ ရောက်တော့ တော်တော်တိုးတက်လာပြီး ၂၀၀၃ မှာ အပြည်ပြည်ဆိုင်ရာနျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA – International Atomic Energy Agency) သဘောတူညီချက်နဲ့စစ်ဆေးမှုတချို့လုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အီရန်နဲ့အိုင်အေအီးအေ အဆင်မပြေဘူး။ နှစ်ဘက်အပြန်အလှန်အပစ်တင်ကြပြီး ၂၀၀၆ ရောက်တော့ အိုင်အေအီးအေ က အီရန်နျူကလီးယားအစီအစဉ်ဟာ အန္တရယ်ရှိတဲ့အခြေအနေတခုကို ရောက်ရှိလာတော့မယ်ဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်လိုက်တယ်။ လုံခြုံရေးကောင်စီရောက်သွားတဲ့အချိန်က အီရန်မှာခိုမေနီခေတ်မဟုတ်တော့ပဲ မိုဟာမက်အာမာဒီနာဂျဒ် သမ္မတဖြစ်နေတဲ့အချိန်ဖြစ်တယ်။
အာမာဒီနာဂျဒ် က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ အီရန်နျူကလီးယားအစီအစဉ် ရပ်ဆိုင်းထားဖို့ကိုလစ်လျူရှုခဲ့တယ်။ အမေရိကန်မှာ ဂျော့ရှ်ဘွတ်ချ် လက်ထက်။ ၂၀၀၉ အထိ ကုလသမဂ္ဂ၊ အမေရိကန် နဲ့ ဥရောပ တို့အီရန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် သံတမန်ရေးဆောင်ရွက်ချက် တွေလည်းအရာမထင်ခဲ့ဘူး။ ၂၀၁၀ ကနေ ၂၀၁၃ ဟာ အီရန်မှာ P5+1 လို့လူသိများတဲ့ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ P5+1 ဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် (Permanent ကနေ P ကိုယူတယ်) တွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ အမြဲတမ်းအဖွဲ့ဝင်ထဲမပါတဲ့ ဂျာမနီ တို့ဝင်ဆွေးနွေးတာတွေကိုခေါ်တာ။ အီးယူဘက်က ဒါကို E3+3 လို့လည်းခေါ်တယ်။ ဥရောပ၃နိုင်ငံနဲ့ အခြား၃နိုင်ငံဆိုတဲ့သဘော (နာမည်ပေးတာတွေကိုလျော့မတွက်နဲ့)။ ၂၀၁၀ကျော်ဆိုတာ အမေရိကန်မှာ အိုဘားမားလက်ထက်ကိုရောက်လာပြီ။ အိုဘားမားအစိုးရက ၂၀၁၂ ဇူလိုင်မှာ အီရန်ဗဟိုဘဏ်ကပိုင်တဲ့ အက်ဆက်အားလုံးကိုထုတ်ယူခွင့်ပိတ်တယ်။ အီရန်ရေနံတင်သွင်းနေတာတွေအားလုံးကိုရပ်ဆိုင်းတယ်။
၂၀၁၃ ဇွန်မှာ အီရန်မှာ ဟတ်ဆန်ရိုဟာနီ အနိုင်ရပြီးသမ္မတဖြစ်တော့ အီရန်ရဲ့ နျူကလီးယားလမ်းကြောင်း ပြောင်းလာတယ်။ ၂၀၁၃ အောက်တိုဘာမှာ ဂျနီဗာမှာ ဆွေးနွေးပွဲတွေပြန်စတယ်။ ၂၀၁၆ မှာ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (JCPOA – Joint Comprehensive Plan of Action) ကိုလက်မှတ်ထိုးနိုင်ခဲ့တယ်။ အဲသည်ကတည်းက အိုင်အေအီးအေ က အီရန်နျူကလီးယားအစီအစဉ် နဲ့ပါတ်သက်တဲ့အခြေအနေတွေကို ၃လတကြိမ်အစီရင်ခံစာတွေ ထုတ်ပေးတယ်။ ဒါပေမယ့် ထရမ့်တက်လာတဲ့ နောက်ပိုင်း ၂၀၁၇မှာ အီရန်နဲ့လုပ်ထားတဲ့ JCPOA ကိုသူလက်မခံနိုင်ဘူးဆိုပြီးသဘောတူညီချက်ထဲက ထွက်မယ်ဆိုတယ်။ အဲဒါ ၂၀၁၇ အောက်တိုဘာ။ အရပ်စကားနဲ့ပြောရရင် ဖော်ရှိုးတွေလုပ်နေတယ်ဆိုတဲ့ သဘော။ ဒါပေမယ့် အမေရိကန်ကွန်ကရက်က ဘာမှမလုပ်တော့ သူ့အဆိုပျက်ပြယ်သွားတယ်။ ဒီဇတ်လမ်းကို ပြန်အသက်သွင်းသူက နေတန်ညာဟူ။
အစ္စရေးထောက်လှမ်းရေးစာရွက်စာတမ်းတွေကို ကိုးကားပြီး အီရန်ဟာ နျူကလီးယားလက်နက်ပရိုဂရမ်ကို ဘယ်တုန်းကမှမရပ်ခဲ့ဘူး။ နောက်ကွယ်မှာဆက်လုပ်နေတယ် အခုဆိုရင် ၁၀ကီလိုတန်ချိန်ရှိတဲ့ နျူလက်နက်တွေ ပိုင်ဆိုင်နေပြီလို့ဆိုတယ်။ နေတန်ညာဟူရဲ့ အေပယ် ၂၀၁၈ တင်ပြချက်အပြီး ၂၀၁၈ မေလမှာအီရန်နဲ့ JCPOA ကိုဖျက်သိမ်းတယ်။ ဒီဆုံးဖြတ်ချက်ဟာ အီရန်နဲ့အဆက်အစပ်ရှိတဲ့ အမေရိကန်ကုမဏီအားလုံးကို ၃လအတွင်းကန်ထရိုက်စာချုပ်တွေအားလုံးကို ရပ်ဆိုင်းစေခဲ့တာဖြစ်တယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက အီရန်ဗဟိုဘဏ်ကိုပြန်ပြီးအဆက်ဖြတ်တောက်ခဲ့တယ်။
ပြီးခဲ့တဲ့အပတ်တွေကပြောခဲ့တဲ့ ဟွာဝေးက အမေရိကန်ကုမဏီတွေဆီကဝယ်တဲ့ ပစ္စည်းနဲ့နည်းပညာတွေကို အီရန်မှာကုမဏီတခုတဆင့်ခံရောင်းချနေတဲ့အတွက် အမေရိကန်က ဟွာဝေးဒုဥက္ကဋ္ဌကိုကနေဒါမှာ ထိမ်းသိမ်းလိုက်တယ်။ ပြီးတော့ ကနေဒါအမေရိကန် အမှုသည်လွှဲပြောင်းခွင့်သဘောတူစာချုပ် (Extradition treaty) အရ ထိမ်းသိမ်းထားတဲ့ ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ်ကို အမေရိကန်ကိုမေလမှာလွှဲပြောင်းစစ်ဆေးဖို့ ကနေဒါတရားရုံးကအမိန့်ချမှတ်ခဲ့တယ်။ ဒါပေမယ့် ဒီအချက်ကို ထရမ့်ကတရုတ်နဲ့ကုန်သွယ်စစ်ဆွေးနွေးပွဲ ဖဲတချပ်အဖြစ်သုံးလိုပုံရတယ်။ အခြေအနေကခုထိရှေ့ဆက်ထွက်မလာဘူး။ ဒါပေမယ့် ဒီအမှုသည်လွှဲပြောင်းရေးသဘောတူညီချက်ဟာ တရုတ်ကိုအနည်းနဲ့အများ မျက်စိစပါးမွှေးစူးခဲ့ပုံပေါ်တယ်။ ဟောင်ကောင်ပြဿနာဖြစ်တဲ့ ဟောင်ကောင်တရုတ်အကျဉ်းသား(တရားခံ) လဲလှယ်စစ်ဆေးခွင့်ဟာ ဟွာဝေး ပြဿနာကိုဆင်ခြင်ကြည့်ရာကနေ ဆက်စပ်ပေါ်လာတယ်လို့ယူဆကြည့်နိုင်တယ်။
အီရန်ပြဿနာပြန်ဆက်ရရင် ရေနံတင်သဘောင်္တွေပစ်ချတာကိုငြင်းခဲ့တဲ့အီရန်ဟာ ပါရှန်ပင်လယ်ကွေ့နားက အမေရိကန်စပိုင်ဒရုန်း၂ဆင်းကို ဇွန်၂၀ရက်နေ့ကပစ်ချခဲ့တယ်။ အီရန်ကသူ့ပိုင်နက်တောင်ဘက် ကမ်းရိုးတန်းထဲဝင်လာလို့ ပစ်ချတယ်လို့ဆိုတယ်။ အမေရိကန်က ဒါဟာနိုင်ငံတကာလေကြောင်းပိုင်နက် ထဲမှာပဲရှိနေသေးတယ်လို့ဖြေရှင်းချက်ထုတ်တယ်။ ပစ်ချခံရပြီးး နောက်ရက်ပိုင်းအတွင်းတက်လာတဲ့ သတင်းတွေအရ ထရမ့်ကအီရန်ကို တိုက်မိန့်ပေးပြီးမှပြန်ရပ်တန့်ခိုင်းတယ်ဆိုတယ်။ ထိုးမယ့်ဆင်နောက် တလှမ်းဆုတ်တဲ့သဘောပဲ။ ထရမ့်ကတဦးတယောက်ရဲ့မိုက်မဲတဲ့ ဆုံးဖြတ်မှုဖြစ်တယ် ဆိုပြီးစကားခေါ်ထားပေမယ့် အီရန်ကဘယ်သူကပစ်ချလိုက်တာပါ။ ဘယ်လိုအပစ်ပေးလိုက်တယ်ဆိုတဲ့ လိုက်ဖဲပြန်ထွက်မလာတာတွေ့ရတယ်။ အီရန်ဟာဒေါ်လာသန်းရာချီတန်တဲ့ အမေရိကန်ထောက်လှမ်းရေး ဒရုန်းတွေကိုပစ်ချလိုက်တဲ့အတွက် စစ်ရေးအရမဟုတ်ဘူးဆိုရင်တောင် စီးပွားရေးအရကောင်းစွာ ပေးဆပ်ခံရဖို့ရှိနေတယ်။ အမေရိကန်မှာ အီရန်ပြဿနာဝင်နေချိန်မှာ ရုရှားကပြန်လာပြီးခါစ ရှီကျင်းပင်က မြောက်ကိုရီးယားကို ခုအပတ်ထဲခရီးဆက်ခဲ့တယ်။
အိုဆာကာထိပ်သီးဆွေးနွေးပွဲဆီသို့
အမေရိကန်ဟာ ကုန်သွယ်စစ်စခါစက တရုတ်ကိုအမေရိကန်ထုတ်လုပ်ရေး (manufacturing) အလုပ်တွေ ရောက်ကုန်တဲ့အတွက် ကုန်သွယ်ခွန်ကောက်လို့ တရုတ်ကုန်တွေစျေးမြင့်ရင် ပြည်တွင်းကို အလုပ်တွေ ပြန်ဝင်လာလိမ့်မယ်လို့ အနည်းနဲ့အများတော့ယူဆထားခဲ့တယ်။ ဒါပေမယ်ထင်သလိုဖြစ်မလာဘူး။ တရုတ်မှာ ရှိတဲ့ထုတ်လုတ်ရေးလုပ်ငန်းတွေဟာ ကမ္ဘာကြီးရဲ့အခြားစျေးသက်သာတဲ့ နေရာတွေကိုရွှေ့တော့မှာဖြစ်တယ်။ ထိုနည်းတူ တဘက်ကုန်တဘက်အပြန်အလှန် မှာယူတာလျော့ချနေတဲ့အတွက် လစ်ဟာသွားတဲ့ ကုန်အရည်အတွက်တွေနေရာမှာ အခြားနိုင်ငံတွေကနေတိုးမြှင့်မှာယူနေရတယ်။ ဒီအရွှေ့အပြောင်းနှစ်ခုစလုံး မှာ အကျိုးရှိလာတာကတော့ ဗီယက်နမ်ဖြစ်တယ်။
အခုဟောင်ကောင်ပြဿနာပေါ်ပြန်တော့ ဟောင်ကောင်ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ဟောင်ကောင်ကိုဗဟိုပြုပြီး အာရှမှာရင်းနှီးမြုပ်နှံမှုတွေလုပ်နေတဲ့ ကုမဏီတွေဟာ နိုင်ငံရေးတင်းမာမှုနည်းပြီး တည်ငြိမ်မှုရှိတဲ့၊ အင်တာနက်၊ ဘဏ်နဲ့ အခြားဆက်သွယ်မှုနဲ့ မြို့ပြအဆောက်အအုံပိုင်းမှာအရမ်းကောင်းတဲ့ စင်္ကာပူကိုရွှေ့ဖို့စစဉ်းစား လာတာကိုတွေ့ရတယ်။ အိုဘားမားလက်ထက်ကစီစဉ်ခဲ့တဲ့ အာရှ၊ လက်တင်အမေရိကနဲ့ အမေရိကန်လုပ်မယ့် ပစ္စဖိတ်တဘက်တချက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (TPP – Trans-Pacific Partnership) ကိုဖျက်ခဲ့တဲ့ ထရမ့်ဟာ အင်ဒိုပစ္စဖိတ်စီးပွားရေးပုံစံကို ဝင်မယ့်အရိပ်အရောင်တွေတွေ့နေရတယ်။ ဆိုတော့ အရှေ့တောင်အာရှမှာ စီးပွားရေးအကောင်းဆုံးတွေဖြစ်တဲ့ စင်္ကာပူနဲ့ အင်ဒိုနီးရှား။ ဒီဘက်၁၀စုနှစ်စကတည်းက တရိပ်ရိပ်စီးပွားဖြစ်လာတဲ့ ဗီယက်နမ်တွေနဲ့အတူ တောင်တရုတ်ပင်လယ်အခြေအနေ နဲ့ တရုတ်နဂါးပတ်လမ်းတွေဟာ ကုန်သွယ်စစ်နဲ့အတူ မြန်မာတွေသေချာလေ့လာရမယ့် နယ်ပယ်တွေ ဖြစ်လာတယ်။
ဇွန်လကုန် ဂျပန်ထိပ်သီးဆွေးနွေးပွဲဟာရှေ့အပတ်ရောက်ရှိလာပါတော့မယ်။ ကုန်သွယ်စစ်ရဲ့ ဇတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်လာနိုင်ပြီး ဇတ်သိမ်းခန်းကိုငွေရောင်ပိတ်ကားထက်မှာဆက်ကြည့်ကြပါစို့။
Kyaw Zaaw Khine

Tuesday, June 25, 2019

(ရှိစေ့ ရစေ့ချင်တာပါ)

0 comments
(ရှိစေ့ ရစေ့ချင်တာပါ)
ကျနော့်ဖေ့စ်ဘွတ်ခ်အကောင့်က Gmail လိုဆို Two Steps Verification လုပ်ထားတာဖြစ်ပါတယ်။ ပါ့စ်ဝါ့ဒ်ပြောင်းမယ် ဆက်တင်ပြောင်းမယ် စတာတွေ လုပ်မယ်ဆို ကျနော့်ဖုန်းကို လှမ်းပြီး ကျနော်ဟုတ်မဟုတ် အတည်ပြုခိုင်းပါတယ်။ ဟုတ်တယ်ဆို ကုဒ်နံပတ်ပေးပါတယ်။ ကုဒ်နံပတ်အမှန်ဖြည့်ပေးလိုက်မှ ဟိုဘက်ကို ဆက်သွားလို့ရပါတယ်။ ကိုယ့်ဖုန်းရော ဝင်နေကြကွန်ပြူတာနဲ့ရောမဟုတ်ရင် အီးမေးလ်ကနေ လှမ်းမေးပါတယ်။ ဝင်နေကြမဟုတ်တဲ့ Device တခုခုက မင်း အကောင့်တ်ကိုဝင်နေတယ် အဲ့ဒါ မင်းဟုတ်လား မဟုတ်လားဆိုပြီးတော့ပါ။ ဟုတ်တယ် ငါပါဆိုရင် အိုကေပါတယ်။ မဟုတ်ဘူးဆို ပစ်ထားလိုက်ရုံပါ။ ဘာမှလုပ်စရာမလိုပါ။ အကောင့်တ်ထဲဝင်ပြီးမှ တခုခုပြင်တာဆိုရင်တော့ လူတိုင်းလုပ်ရသလို ကျနော်လည်း Setting Privacyကိုသွား၊ အဲ့ဒီကမှ Code Generator ဝင်ကကြည့်ပြီး စက္ကန့် ၆ဝ တိုင်း တခါပြောင်းပြောင်းပေးတဲ့ ကုဒ်ကိုကြည့် မှန်အောင်ရိုက်ထည့်ပြီးမှ ပြင်စရာရှိပြင်လို့ရပါတယ်။ ဒါက လူတိုင်းလိုလို သိပြီးသားဖြစ်ပါတယ်။ ဒီနေရာမှာ “လိုလို“ကို ထည့်ပြောရတာက မသိတဲ့လူရှိနေသေးလို့ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ပါ့စ်ဝါ့ဒ်ကို တပတ်ဆယ်ရက်ရှိတိုင်း တခါတခါပြောင်းပါတယ်။
ခုတလော(၂ နှစ်နီးပါးရှိပါပြီ) တပ်ပိုင်အစိုးရနဲ့ပတ်သက်လို့ တခုခု ဖိဖိစီးစီးရေးရေး ပြောင်ချော်ချာ်လုပ်လုပ် အကောင့်တ်ထဲ ဖေါက်ဝင်ဖို့လုပ်တာတွေက အတော်များလာပါတယ်။ ဟိုတနေ့က “မင်းတို့အစိုးရ ဘာမှ မှ မရှိတာ၊၊ ဘာလုပ်လို့ရမှာလဲ“လို့ ရွှတ်တွတ်တွတ်လေးပြောပါတယ်။ တခါ ဒီမနက် ဘာမှမရှိရင် ဘာမှလုပ်မရပါဆိုပြီး အတည်ပေါက်တခုပြောပါတယ်။ ဟိုနေ့က ရွှတ်တာကို ၃ ကြိမ်ဖေါက်ဝင်ဖို့လုပ်ပြီး ဒီနေ့ကျ အတည်ပြောတာကိုကျ တမနက်ခင်းလေးတင် ၅ ကြိမ်လောက် ဝင်ဖောက်ပါတယ်။ အကောင့်တ်ကို ကျနော်က အပေါ်မှာပြောခဲ့သလိုလေးတွေ လုပ်လုပ်ထားတာဆိုတော့ ဝင်ဖောက်တဲ့လူတွေလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ အဆင်မပြေမယ့်အတူတူကတော့ အပင်ပမ်းခံပြီး လုပ်မကြည့်စေချင်ပါ။
နောက်တခုက ဘာမှန်းမသိတဲ့လင့်ခ်တွေ ပို့ပို့လာတာမျိုးပါ။ တခါတလေ တကယ့်ကို အပြင်မှာလည်းသိ ဖေ့စ်ဘွတ်ခ်မှာလည်းရင်းတဲ့လူတွေဆီကပါ လာပါတယ်။ အဲ့ဒီလင့်ခ်တွေဖွင့်လိုက်ရင် အန္တရာယ်များပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျျဖွင့်မာကည့်ဖြစ်အောင် သတိထားပါတယ်။ ထားတဲ့ကြားက တကြိမ်ထိလိုက်ပါသေးတယ်။ ပို့တဲ့လူတွေ ပြန်မေးကြည့်တော့ ကျနော်မပို့ဘူးဗျ၊ ကျနော့်လည်း ပို့လာလို ဖွင့်တော့ကြည့်မိတယ်၊ အဲ့ဒါ ခင်ေျားဆီ ဘယ်လိုရောက်သွားလဲမသိဘူးဗျလို့ ပြောပါတယ်။ ဆိုတော့ ပို့သူကိုယ်တိုင် အပို့ခံလိုက်ရတယ်ဆိုတဲ့သဘောပါဘဲ။ အေးဗျာ ဒါဆို နောက်ကို ခင်ဗျားလည်းသတိထားဗျို့၊ ဖွင့်မကြည့်ခင် ပို့သူကို အရင်မေးကြည့်ဗျလို့ အချင်းချင်း လက်တို့ထားရပါတယ်။ ခုရက်ပိုင်းအတွင်း ကျနော်မသိတဲ့လူတွေဆီက အဲ့သလို လင့်ခ်တွေ အဝင်နည်းနည်းများပါတယ်။
ပြန်ချုပ်ရရင် “တပ်ပိုင်အစိုးရ“အကြောင်း အတည်ပေါက်နဲ့ နင့်နင့်နဲနဲပြောပြော ဟာသလွှမ်းပြီးအရွှမ်းဖေါက်ဖေါက် နောက်ပြောင်ချော်ချွတ်လုပ်လုပ် မရဘူးကွဆိုတဲ့သဘောတွေ ကဲလာတာဖြစ်ပါတယ်။ သည်းခံစိတ်ပါးရှားပါးလာတယ်ဆိုတဲ့သဘောပါ။ ဟို “လူကြမ်း“ဖြစ်အောင်မလုပ်နဲ့ဆိုတဲ့ “လူယုတ်မာ“တွေကတောင် အတော်လေးအရေထူပြီး “ရင့်ကျက်တဲ့စစ်အာဏာရှင်“နီးနီးဖြစ်နေပြီ “တပ်ပိုင်အစိုးရ“အလိုတော်ရိတွေအနေနဲ့က ခုထိ အကဲဆတ်တုန်း ထွန့်ထွန့်လူးတုန်းဆိုသလို ဖြစ်မနေပေဘူးလားဗျာ။ မိမိအလိုတော်ရိတွေ အဲ့သလိုလုပ်နေတာ မိမိကိုယ်တိုင်အလိုပါမှဖြစ်ပါတယ်။
အဲ့ကြောင့် “လူတွေက ဒီမိုကရေစီလိုချင်ပြီး၊ တပ်ပိုင်အစိုးရက ဒီမိုကရေစီမလိုချင်တာ“လို့ ကျနော်ပြောတာပါ။ အစိုးရက ဒီမိုကရေစီမပေးတာမဟုတ်ပါ။ ပေးတယ်ဆိုတာ ရှိမှဖြစ်တာပါ။ တပ်ပိုင်အစိုးရ ဒီမိုကရေစီရစေ့ချင်ပါတယ်။ ရတဲ့အခါကျ လူတွေကို ပေးလည်းပေးရပါလိမ့်မယ်။
မျိုးမြင့်ချို
ဇွန် ၂၄၊ ၂ဝ၁၉

Monday, June 24, 2019

(ဟောင်ကောင်ကိစ္စ ဆက်စပ်အတွေး) မ်ိဳးျမင့္ခ်ိဳ

0 comments
(ဟောင်ကောင်ကိစ္စ ဆက်စပ်အတွေး)
ကနေဒါက ဟွာဝေးကုမ္ဗဏီထူထောင်သူရဲ့သမီးလည်းဖြစ် ကုမ္ပဏီရဲ့ဘဏ္ဏာရေးအကြီးအကဲလည်းဖြစ်သူကို အမေရိကန်အလိုကျ ဖမ်းပေးတယ်။ အကြောင်းပြချက်က အမေရိကန်က အီရန်ကိုမရောင်းရလို့သတ်မှတ်ထားတဲ့နည်းပညာတွေကို ဟွာဝေးကရောင်းလို့ဆိုပြီး။ အဲ့ဒီ အမျီုးသမီးကို အမေရိကန်ကိုလွှဲပေးပါ အမေရိကန်တရားရုံးမှာ စစ်ဆေးအရေးယူမယ်လို့အမေရိကန်တောင်းဆိုတယ်။ ခုထိတော့ ကနေဒါက လွှဲမပေးသေးပါ။ တရုတ်ကလည်း သူ့နိုင်ငံသားကို ပြန်လွှတ်ပေးဖို့ တောင်းတယ်။ ကနေဒါအတွက်က ဒီပြဿနာဟာ ပဒိုင်းသီးပါ။ ကြားကနေ ဝင် မြွေဖမ်းမိတာပါ။ အဲ့သလိုဖြစ်နေတုန်း တရုတ်က သူ့နိုင်ငံထဲလာပြီး စပိုင်လုပ်နေတယ်ဆိုတဲ့စွဲချက်နဲ့ မြောက်ကိုးရီးယားနယ်စပ်မှာ စီးပွားရေးလုပ်တယ်ဆိုတဲ့ ကနေဒီယန်တချို့ကို ဖမ်းလိုက်တယ်။ တခါ မူးယစ်ဆေးဝါးမှုနဲ့ဖမ်းထားတဲ့ ကနေဒီယန်တယောက်ကို သေဒဏ်ချလိုက်တယ်။ သတ်တော့ မသတ်သေးဘူး။
တပြိုင်တည်းမှာ စပိန်နဲ့ ဥရောပနိုင်ငံတချို့က ထိုင်ဝမ်နိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့တရုတ်တွေ (သူ့တို့အခေါ် ထိုင်ဝမ်းနီးစ်)ကို ဖမ်းတယ်။ ဖမ်းတာက ရာဇဝတ်မှုတွေက အများစုပါ။ အဲ့ဒီအထဲမှာ စီးပွားရေးအကြောင်းပြပြီး ဥရောပရောက်နေကြတဲ့ ထိုင်ဝမ်၊ ဟောင်ကောင်၊ ပြည်မကြီး၊ စီအိုင်အေ လေးဘက်ခွ ဒလျှိုတချို့လည်းပါတယ်လို့ဆိုတယ်။ ဖမ်းထားတဲ့နိုင်ငံတွေက အဲ့ဒီတရုတ်တွေကို ပြည်မကြီးပြန်ပို့တယ်။ ပို့ရတာကလည်း ထိုင်ဝမ်ဟာ One China ပေါ်လစီအရ တရုတ်ရဲ့ ကွဲကွာနေတဲ့ပိုင်နက်နယ်မြေဖြစ်နေလို့၊ ထိုင်ဝမ်းနီးစ်တွေ၊ ထိုင်ဝမ်ပါ့စ်ပို့တွေ ကိုင်ထားကြပေမယ့် တရားခံအလွှဲအပြောင်းတွေ လဲလှယ်ရေးတွေလုပ်ရင် ပြည်မကြီးနဲ့ လုပ်ကြတယ်။ ဟောင်ကောင်ကျတော့လည်း ဗြိတိသျှကို ငှားရမ်းစားချုပ်ပြည့်အပြီး ၁၉၉ရ မှာ ပြည်မကြီး အချုပ်အခြာအာဏာအောက်ပြန်ရောက်တယ်ဆိုပေမယ့် ဟောင်ကောင်အနာဂတ်အတွက် နှစ်အကန့်အသတ်တွေနဲ့ သဘောတူထားကြတဲ့ စာချုပ်တွေရှိတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေက ပြည်မကြီးနဲ့ တထပ်တည်းမကျဘူး။ သီးခြားဖြစ်တယ်။ ဒါကို One Country Two System လို့သိကြပါတယ်။
ဟောင်ကောင်မှာနေတဲ့ ဟောင်ကောင်သားတွေထဲမှာ စီအိုင်အေ အပါအဝင် တခြားနိုင်ငံတွေအတွက် စပိုင်လုပ်ပေးနေသူကို ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ကဖမ်းတယ်၊ ဟောင်ကောင်တရားစီရင်ရေးနဲ့စီရင်တယ်။ ဟိုတပတ်က စီအိုင်အေအတွက် အနှစ် သုံးဆယ်လောက် အလုပ်လုပ်နေတဲ့ ဟောင်ကောင်သားတယောက်ကိုဖမ်းမိတယ်။ အလားတူ ဖမ်းထားတွေလည်း ရှေ့မှာရှိသေးတယ်။ ဒီဒလျှိုတွေကို ပြည်မကြိးက သူ့ဆီလွှဲစေ့ချင်တယ်။ သူ့ဥပဒေ၊ သူ့တရားရုံးနဲ့စစ်ဆေးပြီး သူ့ဆီမှာဘဲအပြစ်ပေးအရေးယူမယ်။ ဒါကို ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က လွှတ်တော်တင်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့နေရာမှာ အဓိက က နိုင်ငံရေးထဲ ဝင်ခြေရှုပ်နေကြတဲ့ စီးပွားရေးသမားတွေနဲ့ ဒလျှိုဒလန်တွေကိစ္စဖြစ်တယ်။ သာမန်ရာဇဝတ်မှုတွေမပါဘူး။ ဒါကို ပြစ်မှုကျူးလွန်သူများ လွှဲပြောင်းရေးဥပဒေလို့ အကြမ်းဖျဉ်းသိထားကြတယ်။
တရုတ်က ဟောင်ကောင်နေပြီး ဒါမှမဟုတ် ဟောင်ကောင်လာပြီး သူ့ကို စပိုင်လုပ်နေသူတွေ နိုင်ငံရေးစီးပွားရေးခြေရှုပ်နေသူတွေကို ဟောင်ကောင့်လက်ထဲ မထားချင်ဘူး။ သူ ကိုင်ထားချင်တယ်။ လိုအပ်လို့ တရားခံအလဲအလှယ်လုပ်ကြမယ်ဆို သူလုပ်ချင်တယ်။ ခက်နေတာက ဟောင်ကောင်ကလည်း နိုင်ငံတနိုင်ငံမဟုတ်သလို တရုတ်အပါအဝင် တခြားဘယ်နိုင်ငံမှနဲ့လည်း တရားခံလွှဲပြောင်းပေးရေး၊ တရားခံလဲလှယ်ရေး စာချုပ်စာတမ်းတွေ ဥပဒေတွေ ရှိမနေဘူး။ ဒီတော့ ခုနပြောတဲ့အမှုတွေနဲ့ ဖမ်းထားတဲ့လူတွေကို အမှုစစ်ဆေးပြီး ခိုင်လုံရင် အရေးယူပြီး ဟောင်ကောင်ထောင်တွေထဲမှာ ထားရုံကလွဲပြီး ဘာမှလုပ်မရဘူး။ အဲ့ဒီမျာတင်ရပ်သွားတာ။ ဟောင်ကောင်သားက တခြားနိုင်ငံမှာ အမှုသွားဖြစ်လို့ တရားခံချင်းလဲရအောင်လုပ်လို့လည်း မရဘူး။ ဒီတော့ တခြားမှာ အဖမ်းခံထားရတဲ့လူတွေကလည်း ဟိုကထောင်တွေထဲမှာဘဲ နေ။ ဟောင်ကောင်လာပြီး အမှုဖြစ်တဲ့လူတွေကလည်း ဟောင်ကောင်ထောင်ထဲမှာဘဲနေပြီး ဖြစ်နေတာကြာပြီ။
အမေရိကန်အပါအဝင် တခြားနိုင်ငံတွေက အခု ဟောင်ကောင်လွှတ်တော်ဆင်ဆွေးနွေးနေတဲ့ ပြစ်မှုကျူးလွန်သူများလွှဲပြောင်းရေးဥပဒေအတည်ဖြစ်သွားလို့ သူတို့အတွက်အလုပ် လုပ်နေသူတွေတရုတ်လက်ထဲပါသွားမှာ အတော်ကြီး စိုးရိမ်နေတယ်။ မရ ရအောင်ဖျက်ဖို့ အစောကြီးကတည်းက လှုံ့ဆော်နေတယ်။ အဝါရောင်ထီးကိစ္စမှာတောင် အဲ့ဒီကိစ္စ ရိုးတိုးရိပ်တိတ်ပါတယ်။ ကြားညှပ်ပြီးတင်ချင်တယ်။ ဒါပေမဲ Issue က သီးခြားလိုဖြစ်နေတော့ တပွဲထဲမှာ ခေါင်းစဉ် ၂ ခု မတပ်ဘဲထားလိုက်ရတာ။ အဲ့ပြဿကို တရုတ်ရော ဟောင်ကောင်ပါရှင်းဖို့ကြိုးစားကြပေမယ့် အမယ်ဘုတ်ကဲ့သူ့ချည်မျှင်ဖြစ်နေတာ။ ခု လတ်တလောမှာ ဟွာဝေးပိုင်ရှင့်သမီးကိစ္စက ထိပ်တက်လာတော့ ခုနပြောတဲ့ “ပြစ်မှုကျူးလွန်သူများ လွှဲပြောင်းရေးဥပဒေ“ကို ဟောင်ကောင်နဲ့တရုတ် ၂ ဘက်လုံးက မြန်မြန်ထက်ထက် လုပ်လာတာ။ တရုတ်ဖိအားက အဓိကလို့ပြောရင် မမှားဘူး။ ခုထိတော့ ဟောင်ကောင်ကစ္စ တရုတ်က တရားဝင်အတိအလင်း မပြောသေးဘူး။ အရိပ်အခြေကြည့်နေပုံဘဲ။
ဆန္ဒပြသူတွေဘက်ကတော့ ထုံးစံအတိုင်း ကြွေးကြော်သံတွေ တက် တက် လာမှာဘဲ။ ဥပဒေဆွေးနွေးတာရပ်ထားရေးကနေ ဥပဒေဖျက်သိမ်းရေး၊ ဥပဒေဖျက်သိမ်းရေးကနေ ဖမ်းထားတဲ့တရားခံတွေရော အမှုရင်ဆိုင်ဆဲတွေပါ လွှတ်ပေးရေး၊ အဲ့ဒီကနေ ဟောင်ကောင်အုပ်ချုပ်ရေးမှူးတောင်းပန်ရေး၊ တောင်းပန်ရေးကနေ နှုတ်ထွက်ရေး၊ နှုတ်ထွက်ရေးကနေ အုပ်ချုပ်ရေးပုံစံအစားထိုးရေး၊ အစားထိုးရေးကနေ ခုဆို ဟောင်ကောင်အုပ်ချုပ်ရေးဖျက်သိမ်းရေးအထိဖြစ်လာတယ်။ ကြိုကြားကြိုကြား “လွတ်လပ်တဲ့နိုင်ငံထူထောင်ရေး” အသံပါ ကြားရပါတယ်။
ဘာ ဘယ်အထိဆက်ဖြစ်မလဲကတော့ စောင့်ကြည့်ရမှာပါဘဲ။ လူထုလှုပ်ရှားမှုဆိုတာ အကန့်အသတ်ရှိပါတယ်။ လျှော့တွက် ပိုတွက် မတွက်မိဖို့ အတိုင်းအရှည်ကိုသိဖို့က အလွန်အရေးကြီးပါတယ်။ ဦးဆောင်သူတွေ အမြော်အမြင်ရှိဖို့လိုပါတယ်။ မီဒီယာပေါ်တက်ပြီး အောင်စိတ်နဲ့ လွန်လွန်ကျူးကျူး ဝင့်ဝင့်ဝါဝါတွေ ထိန်းမှဖြစ်ပါတယ်။
ကျနော်တို့ဟာ ၈၈ ကိုဖြတ်ခဲ့ကြပါတယ်။ ကျနော်တို့မှာ လူထုတိုက်ပွဲအတွေအကြုံရှိပါတယ်။ ကျနော်တို့ရင်ဆိုင်ခဲ့တာက စစ်အာဏာရှင်ဖြစ်ပါတယ်။ ရရင်ရ မရရင်ချနဲ့ချခဲ့ကြပါတယ်။ ချနေတုန်းတန်းလန်းမှာ ရရင်ရ မရရင်ချမှာ မရပ်ပဲ ရရ မရရ ချဆိုတဲ့အထိ ကြွေးကြော်သံတွေ ၈၈ အရေးတော်ပုံကြီးမှာ ပြောက်တောက်ကြားတား ပေါ်ခဲ့ဖူးပါတယ်။
မျိုးမြင့်ချို
ဇွန် ၂၄၊ ၂ဝ၁၉

(ဘာမှမရှိရင် ဘာမှလုပ်မရပါ)

0 comments
(ဘာမှမရှိရင် ဘာမှလုပ်မရပါ) မ်ိဳးျမင့္ခ်ိဳ
ရခိုင်နဲ့ချင်းမှာ အင်တာနက်ဖြတ်တဲ့ကိစ္စ အင်္ဂျင်နီယာချုပ်ဦးမျိုးဆွေရှင်းတာက မရှင်းဘူး။ အော်ပရိတ်တာတွေကတော့ ထားတော့ ဝန်ကြီးဌာနက ညွှန်ကြားလို့ လိုက်နာရတယ်။ ဒါကရှင်းတယ်။ မရှင်းတာက အစိုးရအဖွဲ့ကသဘောတူလို့ ဖြတ်ရတာလို့ဆိုတယ်။ အစိုးရအဖွဲ့သဘောတူညီချက်နဲ့ ဝန်ကြီးဌာနကဆောင်ရွက်ရတယ်လို့ ထပ်ပြောတယ်။ “အစိုးရက၊ သမ္မတက ဝန်ကြီးဌာနကိုအမိန့်ပေးလို့ ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ရတယ်၊ ဒါကို အော်ပရိတ်တာတွေက လိုက်နာရတယ်“ဆိုရင်ကတမျိုး။ ဖြစ်ရမှာကလည်း အဲ့ဒီအတိုင်း။
အမေးရှိတာက အစိုးရက ဘယ်သူနဲ့သဘောတူရတာလဲ။ ခုပြောတဲ့ပုံက ဆက်သွယ်ရေးဝန်ကြီးက အင်တာနက်တွေဖြတ်ချင်တယ်၊ အစိုးရအဖွဲ့က သဘောတူတယ် အဲ့သလိုဖြစ်နေတယ်။ အစိုးရအဖွဲ့တွင်းမှာ သဘောတူညီချက်ယူရတာပါလို့လည်း ရှင်းရှင်းလင်းလင်းပြောတာမဟုတ်ဘူး။ ဦးမျိုးဆွေက အင်္ဂျင်နီယာချုပ်မို့ နိုင်ငံရေးရာထူး(ဝန်ကြီး/ဝန်ကလေး စသည်ဖြင့်)မဟုတ်တော့ ခုလို ခုလောက်ပဲပြောတာ နားလည်လို့ရတယ်ထားပါ။ အစိုးရတာဝန်ရှိသူက “ကျုပ်တို့အစိုးရအမိန့်ပေးတာ ညွှန်ကြားတာဖြစ်တယ်“လို့ ဘာ့ကြောင့် ဘွင်းဘွင်းမပြောတာလဲက တွေးစရာပါ။ တပ်ကခိုင်းလို့ လုပ်ရတာပါဆိုတဲ့သဘောရှိနေသလား။ ရှိနေလို့ အဲ့ဒါပေါ်သွားမှာ ကြောက်လို့ရှက်လို့ ဖုံးကွယ်ချင်တာလား စတာတွေက ဆက်တွေးစရာပါ။
နိုင်ငံရေးအာဏာဆိုတာ သေနတ်ပါမှဖြစ်ပါတယ်။ သေနတ်ပါမှဆိုတာက စစ်တပ်၊ ရဲတပ်စတဲ့ လက်နက်ကိုင်တွေကို အမိန့်ပေးနိုင်တာ၊ ထိန်းချုပ်နိုင်တာကို ဆိုလိုပါတယ်။ အဲ့ဒါတွေကို အမိန့်မပေးနိုင်ရင် အာဏာရအစိုးရလို့ ဘယ့်နှယ်ပြောနိုင်ပါ့မလဲ။ အဲ့ဒါကိုဘဲ “အာဏာဆိုတာ သေနတ်ပြောင်းဝမှာရှိတယ်၊ သေနတ်ပြောင်း(လက်နက်ကိုင်တပ်တွေကို) ပါတီကထိန်းကျောင်းရမယ်၊ တပ်ဟာ ပါတီ့လက်အောက်မှာရှိရမယ်၊ ပါတီ့စည်းကမ်းနဲ့အညီ တည်ဆောက်ရမယ်“လို့ မော်စီတုန်းကပြောတာ။ ဒါကို လိုသလောက်လေးဖြတ်ညှပ်ကပ်လုပ်ပြီး ဆန့်ကျင်ဘက်ဝါဒဖြန့်တော့ “အာဏာဆိုတာ သေနတ်ပြောင်းဝကထွက်တာကွ ဒိုင်းညှောင့် ဒိုင်းညှောင့်“ဆိုပြီး သေနတ်တလက်နဲ့ တွေ့ကရလူ လိုက်ပစ်သတ်တဲ့ နိုင်ငံရေးအောက်တန်းစား အောက်လုံးထိုးကာတွန်းတွေ ရုပ်ရှင်တွေ စာတွေဖြစ်လာတယ်။
ခု NLD ကို အာဏာရအစိုးရလို့ ပြောသူပြောကြတယ်။ သေနတ်မပါတပ်မပါအစိုးရမှာ ဘာဏာမျိုးရှိမလဲ။ သူ့ရှိတဲ့အာဏာက ဘာအမျိုးအစားနဲ့ ဘယ်လောက်အကန့်အသတ်ရှိလဲက လုပ်နေတဲ့သူတွေ ကျနော်တို့ထက် ပိုသိ ပိုခံစား ပိုမခံချိမခံသာဖြစ်နေတာလည်း နိစ္စဓူဝ မြင်နေကြားနေ သိနေရတယ်။ အစိုးရက တပ်ကို မပိုင်ဘဲ တပ်က အစိုးရကို ပိုင်နေတဲ့ “တပ်ပိုင်အစိုးရ“သဘောဖြစ်နေတယ်။
ပြန်ချုပ်ရရင် NLD မှာ တပ်ကိုသေနတ်ကို အမိန့်ပေးနိုင်တဲ့ပါဝါမရှိဘူး။ အဲ့ဒီပါဝါဟာ နိုင်ငံရေးအာဏာရဲ့သော့ချက်ပါ။ အဲ့ဒီသော့ချက် အစိုးရမှာမရှိရင် အဲ့ဒီအစိုးရမှာ ဘာမှမရှိပါ။ ဘာမှမရှိတဲ့အစိုးရဟာ ဘာမှလုပ်မရပါ။
စစ်အုပ်စုက အာဏာ ဘယ်နားမှာရှိမှန်းသိပါတယ်။
မျိုးမြင့်ချို
ဇွန် ၂၄၊ ၂ဝ၁၉

Saturday, June 22, 2019

ကုန်သွယ်ရေးစစ်စတင်ခြင်း - ၁၅ (နိဂုံး - ၁)

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း - ၁၅ (နိဂုံး - ၁)
မေ ၁၀ဆွေးနွေးပွဲ ဘွန်းဂရပ်နဲ့အတူလန်ကျခြင်း
ဘွန်းတိုးဖြစ်တဲ့ yield ဂရပ်ကနေအမေရိကန်စီးပွားရေးဆုတ်ယုတ်မှုဟာ ဒီနှစ်စက်တင်ဘာလောက်ကနေ စဖြစ်ဖို့ရှိနေတယ်လို့ခန့်မှန်းထားခဲ့တယ်။ မေလတလလုံးဟာဒီအချက်ရဲ့ဖြစ်နိုင်စွမ်းကို သက်သေပြနေသလိုပါပဲ။ မေလထဲမှာ ဘွန်းတိုးဂရပ်ဟာပြတ်ပြတ်သားသားပြောင်းပြန်လန်သွားတဲ့အတွက် လာတော့မယ့် အမေရိကန်စီးပွားရေးဆုတ်ယုတ်မှု (ရီဆက်ရှင်း) ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ သက်ဆိုင်သူတွေ စဉ်းစားလာရတယ်။ မေလဆန်းထဲမှာ အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲပျက်သွားတဲ့ပြီးတဲ့နောက်မှာ အရေးပါတဲ့ရက်စွဲတွေကို ထုတ်ကြည့်ရအောင်။
မေ ၁၀။ အမေရိကန်က တရုတ်သွင်းကုန်တွေရဲ့ နောက်ထပ် ဘီလီယံ၂၀၀ဖိုးကို အခွန် ၁၀% ကနေ ၂၅% အထိတိုးကောက်တယ်။
မေ ၁၅။ အမေရိကန်ကုမဏီတွေကို ဟွားဝေးနဲ့စီးပွားရေးမလုပ်ဖို့တားမြစ်တယ်။
မေလကုန်ပိုင်းမှာ တရုတ်ဘက်ကလက်တုန့်ပြန်တဲ့အစီအစဉ်တွေထွက်ပေါ်လာတယ်။
၁။ ဒေါ်လာဘီလီယံ ၆၀တန်ဖိုးရှိတဲ့ အမေရိကန်သွင်းကုန်တွေကို ၁၀% ကနေ ၂၀% အခွန်တိုးကောက်တယ်။
၂။ မိုဘိုင်းဖုန်းနဲ့အခြားခေတ်မှီစက်ပစ္စည်းတွေလုပ်ရာမှာ အသုံးပြုရတဲ့ မြေရှားသတ္တု (Rare Earth) ကိုအမေရိကန်ကိုတင်ပို့တာရပ်မယ်လို့ခြိမ်းခြောက်တယ်။
၃။ ဟွာဝေးကိုအမေရိကန်ကတားမြစ်တာကိုလက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်ကုမဏီတွေ တရုတ်မှာစီးပွားရေးလုပ်ခွင့်တွေကိုပိတ်ပင်မယ်လို့ဆိုတယ်။
၄။ အမေရိကန်ကုမဏီတချို့ကို မယုံကြည်ရတဲ့စာရင်း (non-reliable entity) ထဲသွင်းဖို့စီစစ်နေတယ်ဆိုတယ်။ အဲသည်ထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ အက်ပဲ (Apple)၊ မိုက်ကရိုဆော့ဖ် (Microsoft)၊ အင်တဲ (Intel)၊ အိုင်ဘီအမ် (IBM) နဲ့ တက်ဆလာ (Tesla - အယ်လွန်မတ်ရဲ့ကားကုမဏီ၊ လျှပ်စစ်ကားတွေထုတ်မယ်။ လေမှာပျံတဲ့ကားတွေထုတ်မယ်၊ ဆိုတဲ့ကုမဏီ)။
ဖော်ကျွန်းမဂ္ဂဇင်းကလုပ်တဲ့ တရုတ်မှာအမြောက်အများရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန်ကုမဏီတွေဟာ ဘိုးရင်း လိုလေယဉ်ပျံလုပ်တဲ့ကုမဏီတွေ၊ တက်ဆလာ နဲ့ ဖို့ဒ် လိုကားထုတ်တဲ့ကုမဏီတွေ၊ ဝက်စတင်းဟောက်စ် လို လျှပ်စစ်ပစ္စည်းတွေထုတ်တဲ့ကုမဏီတွေ နဲ့ အက်ပဲနဲ့တခြားမိုးဘိုင်းဖုန်းနဲ့နည်းပညာကုမဏီတွေအပြင် စတားဘတ်လို ကမ္ဘာ့နာမည်ကြီးကော်ဖီဆိုင်ကြီးတွေဖွင့်တဲ့လုပ်ငန်းတွေကအစပါနေတယ်။ ပြီးတော့ စိုက်ပျိုးရေး လို ကမ္ဘာဦးကစတဲ့လုပ်ငန်းတွေအပြင် ရေနံနဲ့သဘာဝဓါတ်ငွေ့လို စွမ်းအင်လုပ်ငန်းတွေနဲ့ နောက်ဆုံးပေါ် ဘဏ္ဍာရေးဈေးကွက်နဲ့လုပ်ငန်းကြီးတွေလည်းရှိနေတော့ ကမ္ဘာ့အကြီးဆုံးစီးပွားရေး ၂နိုင်ငံရဲ့ စစ်ဟာ တကမ္ဘာလုံးကိုအနှေးနဲ့အမြန်သက်ရောက်မှုရှိလာတော့မှာဖြစ်တယ်။ ဒီတော့ အမေရိကန်မှာ အချက်ပြနေတဲ့ စီးပွားရေးဆုတ်ယုတ်မှုကြီးဟာ နောက်တခါ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဆုတ်ယုတ်မှုကြီး (Global recession) အဖြစ်အသွင်ပြောင်းသွားဖို့လည်းရှိနေတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ဝယ်လိုအားကိုကြည့်တဲ့ ပီအမ်အိုင် (PMI – Purchasing Manager’s Index) ကိုကြည့်တော့ ၂၀၁၇ နောက်ပိုင်းမှာတဖြည်းဖြည်းနဲလာပြီး လက်ရှိကမ္ဘာ့အကြီးဆုံးစီးပွားရေးတွေထဲက ၁၀နိုင်ငံကိုထုတ်ကြည့်ရင်ခုလိုတွေ့ရမှာဖြစ်တယ်။ (ပီအမ်အိုင်ညွှန်ကိန်းက ၅၀ကျော်ရင် စီးပွားရေးအနေအထား ဆက်သွားနေတာဖြစ်ပြီး ၅၀အောက်မှာဆိုရင် ကျလာတယ်လို့ဆိုလိုတယ်)
ၾသစေတးလွ် - ၅၀.၉
အမေရိကန် - ၅၀.၆
ပြင်သစ် - ၅၀.၆
တရုတ် - ၅၀.၂
ကေနဒါ - ၄၉.၇
ဂျပန် - ၄၉.၆
ကိုရီးယား - ၄၈.၄
ထိုင်ဝမ် - ၄၈.၄
ဥရောပဇုံ - ၄၇.၇
ဂျာမနီ - ၄၄.၃
တို့ဆိုပြီးတွေ့ရမယ်။ အမေရိက၊ ဥရောပ နဲ့ အာရှ ရဲ့စီးပွားရေးကောင်းတဲ့နိုင်ငံတွေကိုရွေးထုတ်ပြလိုက်တော့ အပေါ်၄နိုင်ငံဟာ ၅၀ကျော်ရုံမှာပဲရှိနေတာကိုတွေ့နိုင်တယ်။
ငွေဖောင်းပွနှုန်းကိုကြည့်တော့ အမေရိကန်က ဗဟိုဘဏ်ရဲ့လျာထားချက်ဖြစ်တဲ့ ၂%အောက်မှာရှိနေတယ် (၂၀၀၉ ကနေ ၂၀၁၉အထိ ၂၀၁၂ တနှစ်ကလွဲလို့ ၂%အောက်မှာရှိတယ်)။ ဂျပန်ဟာ ၂၀၁၅ တနှစ်ပဲ ၂%အထက်ကိုတက်လာပြီး ပြီးခဲ့တဲ့ ၁၅နှစ်နီးပါး ဝ.၅% အောက်မှာပဲရှိတယ်။ ယူရိုဇုံရဲ့ လက်ရှိအင်ဖလေးရှင်းက ၁.၇% ဖြစ်တယ်။ ၂၀၀၇၊ ၂၀၀၈ အမေရိကန်ဘဏ္ဍာရေးဈေးကွက်နဲ့ ဘဏ်လုပ်ငန်းတွေ အထိနာကတည်းက ကမ္ဘာ့စီးပွားရေးရဲ့ မောင်းနှင်အားလို့ဆိုတဲ့ တရုတ်ကို ကြည့်တော့ သူ့သွင်းကုန်တွေလည်းကျနေတယ်။ (၂၀၁၇ဆိုတာ ကုန်သွယ်စစ်မဖြစ်သေးဘူး။ ကုန်သွယ်စစ်မဖြစ်ခင်ကတည်းက နိုင်ငံကြီးတွေမှာသုံးဖြုန်းနိုင်အားတက်မလာဘူးဆိုတဲ့သဘောပဲ။ ဒါကို ကုန်သွယ်စစ်က အဆင်းဘီးတပ်မယ့်သဘောဖြစ်နေတယ်)။ မနှစ်က ဒီဇင်ဘာကစပြီး သိသိသာသာကျတယ်။ ပြန်မတက်ဘူး။ တရုတ်ရဲ့ လအလိုက် သွင်းကုန်အတက်အကျတွေကို ရာခိုင်နှုန်းနဲ့ပြရရင်
ဒီဇင်ဘာ အနုတ် ၇%
ဇန္နဝါရီ အနုတ် ၁%
ဖေဖော်ဝါရီ အနုတ် ၅%
မတ် အနုတ် ၇%
အေပယ် + ၅%
ငွေမျောရင်ငွေနဲ့လိုက်၊ ဒေါ်လာဘဏ်တိုးဘယ်တော့ပြန်ချမလဲ
ဝယ်လိုအား၊ ငွေဖောင်းပွနှုန်း နဲ့ သွင်းကုန်တွေကိုကြည့်လိုက်တော့ လက်ရှိကမ္ဘာ့ကုန်သွယ်ရေး နဲ့ အရင်းစနစ်မှာ ငွေတွေအများကြီးဖန်တီးထားပေမယ့် အလားအလာတွေကမကောင်းဖူးဖြစ်နေတယ်။ ငွေဖောင်းပွနှုန်းနဲ့ ဝယ်လိုအားတွေနဲနေတယ်ဆိုတဲ့ သဘောဟာ ငွေတွေက ပြန်ထွက်လာဖို့မလွယ်တဲ့ စစ်လက်နက်ပစ္စည်းတွေ စစ်ပွဲတွေနဲ့ နိုင်ငံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းတွေထဲကို အလုံးအရင်းနဲ့လှိမ့်ဝင်သွားသလားစဉ်းစားစရာပါပဲ (နောက်တခုက တကမ္ဘာလုံးကို ဒေါ်လာ၊ ယန်း၊ ယူရိုနဲ့ ယွမ်ငွေတွေပျံ့နှံ့ကုန်တဲ့သဘောလည်းပါတယ်)။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အမေရိကန်ဗဟိုဘဏ်အနေနဲ့ ကတော့ သူ့လုပ်သားနဲ့လုပ်အားဈေးကွက်ကောင်းနေသေးတယ် ဆိုပေမယ့် ဘွန်းဂရပ်လန်အကျနဲ့ အခြားကိန်းဂဏ္ဍန်းတွေ နဲ့ ကုန်သွယ်ရေးစစ်ဟာ ဘဏ်တိုးနှုန်းကို ပြန်ဖြတ်ဖို့နဲ့ ဈေးကွက်ထဲကို ငွေသွင်းဖို့ လိုနေပြီဆိုတဲ့အဓိပ္ပါယ်ကိုတွေ့ရမှာပဲဖြစ်တယ်။ ဒီသဘောကို ဂျိမ်းရစ်ကာ့ဒ် (James Rickards) ရဲ့ နောက်ထွက်မယ့်စာအုပ်နဲ့ပတ်သက်တဲ့အင်တာဗျူးမှာ သူပြောသွားတာက အမြည်းခွက်ကိုပြန်ယူသွား (taking away the punch bowl) လို့မရတော့ဘူးဖြစ်နေတယ်လို့ဆိုတယ်။ (ဂျိမ်းရစ်ကာဒ် ဟာ အရင်းစနစ်နိဂုံးထဲမှာ ကျနော်ကိုးကားခဲ့တဲ့ ငွေကြေးစစ်ပွဲစာအုပ်ကို ရေးတဲ့သူဖြစ်တယ်)။ ပင်တဂွန်ကငွေတန်ဖိုးအပြောင်းအလဲတွေ လုပ်ရင်းငွေစစ်ပွဲတခုဖန်တီးလာရင် ဘယ်လိုတုန့်ပြန်သင့်သလဲလို့ ခေါ်ယူအကြံတောင်းခံရတဲ့ ဂျိမ်းရစ်ကာ့ဒ် ဆိုလိုတဲ့သဘောကဒီလို။ ပါတီတခုအရှိန်ရလာပြီဆိုရင် အမြည်းခွက်တွေပြန်သိမ်းလိုက်တော့၊ လူတွေကသောက်ထားတဲ့အရှိန်လေးရီဝေဝေဖြစ်နေပြီဆိုတော့ စားဖို့သောက်ဖို့သိပ်မစဉ်းစားတော့ဘူး။
သူ့အရှိန်လေးနဲ့သူလိမ့်နေပြီဆိုတဲ့သဘော။ ဒီစကားက ဗဟိုဘဏ်ဥက္ကဋ္ဌတဦးပြောဘူူးတဲ့စကား။ ငွေချောင်ချိတဲ့ပေါ်လစီလုပ်လို့ ဈေးကွက်ထဲငွေတွေတော်တော်ဝင်သွားရင် ပြန်တင်းလို့ရပြီဆိုတဲ့သဘောကို taking away the punch bowl လို့ပြောကြတယ်။ ခုအဲသည်အခွင့်အရေးမျိုး နောင်လာမယ့် ဗဟိုဘဏ်ဥက္ကတွေကလုပ်လို့မရတော့ဘူးတဲ့။ ဂရင်းစပန်နဲ့ ဘင်ဘားနိတ်တို့နှစ်ယောက်လုပ်ခဲ့တဲ့ ငွေထိုးသွင်းခဲ့တဲ့အရှိန်ဟာရပ်ဖို့မလွယ်တော့ဘူးလို့ဆိုတယ်။
အနှစ်ချုပ်ပြောပါဗျာဆိုရင်တော့ အမေရိကန်ဗဟိုဘဏ်ဟာ ဘဏ်တိုးနှုန်းပြန်ချရတော့မယ်။ ဒီနှစ်ထဲမှာကို တကြိမ်ချလို့မရလောက်အောင်ပြန်ချပေးရတော့မယ်လို့ ကျွမ်းကျင်သူတော်တော်များများကသုံးသပ်ကြတယ်။ FED ရဲ့ FMOC အစည်းအဝေးက ဂျူလိုင်ထဲမှာရှိတယ်။ ဝ.၂၅% ချဖို့ရှိလာပြီ။ နောက်အကျဆုံး စက်တင်ဘာဖြစ်ပြီး ဒီဇင်ဘာမှာနောက်တခါထပ်ချကြလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ပေါဝဲ ကလည်း ပြီးခဲ့တဲ့လကအစည်းအဝေးတခုမှာ ဘဏ်တိုးနှုန်းပြန်ချကောင်းချနိုင်တဲ့သဘောပြောခဲ့တယ်။ ထရမ့်ကတော့ ဘဏ်တိုးနှုန်းတွေပြန်ချခိုင်းနေတာကြာပါပြီ။ ဗဟိုဘဏ်ကိုသူ့စကားနားမထောင်လို့တချိန်လုံးပစ်တင်ဝေဖန် နေတာလည်းလုပ်နေတယ်။ တရုတ်မှာတော့ဗဟိုဘဏ်ဥက္ကဋ္ဌဟာ သမ္မတ ရှီကျင်းပင်ပြောစကားအတိုင်း လိုက်နာရတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ဆုံးဖြတ်ချက်တွေဟာတော်တော်မှားခဲ့တယ်လို့ ထရမ့်က ခုရက်ပိုင်းမှာပဲထပ်ဝေဖန်တယ်။ ခုတော့ ဗဟိုဘဏ်ဟာ ဘဏ်တိုးနှုန်းချမှာအပြင် လတိုင်းပြန်သိမ်းနေတဲ့ ဘီလီယံ ၅၀ (မေလကစလို့ ၃၀) ကို ပြန်ရပ်မှာလုပ်မယ့်အပြင် စက်တင်ဘာမှာ ငွေချောင်ချိတဲ့ပေါ်လစီ QE ကိုတောင်ပြန်သွားနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ဒီတော့ ဒေါ်လာဈေးက ဈေးကွက်ထဲမှာ အနဲနဲ့ အများတော့ကျလာဖို့ရှိတယ်။ သို့သော်သိပ်ကြဖို့တော့မရှိနိုင်သေးဘူး။ ဥရောပက ယူရို ကို QE ပြန်လုပ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့သတင်းထွက်လာပြီး တရုတ်က တဒေါ်လာကို ၇ယွမ်တော့ အနဲဆုံးရောက်အောင် သွားနေပါပြီ။ (ယွမ်ဈေးချတော့ ကုန်သွယ်စစ်ဒါဏ်ကိုခံသာတဲ့သဘောပါ)။
နောက်ကြောင်းပြန်ပြီး နဲနဲပြောရရင် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာ ဗြူနိုအေရီးစ်မှာ G20 အစည်းအဝေးအပြီး ခုနောက် ၆လကြာလာတော့ အိုဆာကာမှာ ဇွန် ၂၈-၂၉မှာနောက်ထပ်အစည်းအဝေးတခုရှိပါမယ်။ အဲဒီဆွေးနွေးပွဲမှာ ၃လ ကုန်သွယ်ခွန်မကောက်ပဲ ဆွေးနွေးပွဲတွေပြတ်အောင်လုပ်မယ်ဆိုပေမယ့် မေ ၁၀ရက်မှာခွာပြဲကုန်ကြတယ်။ တရုတ်က စာမျက်နှာ ၁၅၀ရှိတဲ့ ကုန်သွယ်ရေးသဘောတူညီချက် စာမျက်နှာ၁၀၅ အထိပြန်ပြင်ရေးခဲ့တယ်။ ဒေါ်နယ်ထရမ့်က မူရင်းသဘောတူညီချက်တွေကိုသဘောကျတဲ့သူဖြစ်ပြီး တရုတ်ကပြန်ပြီးအဆိုပြုတဲ့ ပြန်ရေးတဲ့သဘောတူညီချက်ကြောင့် ဆွေးနွေးပွဲတွေသဘောတူတဲ့ရလဒ်တွေကြားကပဲ ပြန်လန်ကုန်ကျ တာဖြစ်တယ်။ အဲသည်နောက်ပိုင်း ရှီကျင်းပင်က ဝါရှင်တန်လာပြီးဆွေးနွေးလိုတယ်ဆိုတဲ့ လေသံပစ်တာကို တောင်ငြင်းပယ်ခဲ့ပေမယ့် ခုတော့ ဂျပန်အိုဆာကာဆွေးနွေးပွဲမှာ ရှီကျင်းပင်ကသာနှစ်ဦးတွေ့ဆုံပွဲကို လက်မခံဘူးဆိုရင် နောက်ထပ်ဒေါ်လာဘီလီယံ၃၀၀ကို အခွန်တိုးကောက်ဖို့ ခြိမ်းခြောက်ထားပြန်ပါပြီ။ ဘာသံမှမထွက်ပဲ နှာစေးနေတဲ့တရုတ်တွေဘက်က ကနေ့မနက်သတင်းတွေမှာတော့ အာဂျင်တီးနား ဆွေးနွေးပွဲမှာလို ညစာစားပွဲပါလုပ်ကောင်းလုပ်ဖြစ်နိုင်တဲ့သဘောမျိုး အသံထွက်လာတယ်။
အိုဆာကာဆွေးနွေးပွဲမလာခင် လက်ရှိကုန်သွယ်စစ်နဲ့ရိုက်ခတ်ချက်တွေကို အကျဉ်းချုပ်ပြန်ကြည့်မယ်ဆိုရင် ကုန်သွယ်စစ်ရှည်ကြာမယ်ဆိုတာဟာ ၂နိုင်ငံလုံးရှုံးမယ်ဆိုတဲ့အဓိပ္ပါယ်လို့ ၂ဘက်စလုံးကသဘောပေါက် ထားတယ်။ ဒီတော့ တနေရာမှာရပ်ဖို့လိုနေတယ်။ ဒါပေမယ့် ၂ဘက်စလုံးကအများကြီးအလျော့ပေးစရာမလိုတဲ့ ကြွယ်ဝမှုမျိုးတော့ရှိနေတယ်။ တရုတ်က ရုရှားကိုအဓိကမဟာမိတ်အဖြစ်လက်တွဲထားတယ်။ (BRI ဒုတိယဆွေးနွေးပွဲမှာ ပူတင်ကိုပွဲထုတ်ပြတာနဲ့ မကြာသေးခင်ကမော်စကိုမှာ ဟွာဝေးနက်ဝပ်သုံးဖို့ သဘောတူညီမှုရတာတွေကိုကြည့်ရင်သိနိုင်တယ်)။ ခုတခါ လတ်တလောရွေးကောက်ပွဲမှာ အနိုင်ပြန်ရထားတဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီဆီအလည်အပတ်သွားဖို့လုပ်နေတယ်။ ယွမ်ဈေးချတယ်။ ရွှေဝယ်စုတယ်။ နှစ်ဆန်းပိုင်းကတည်းက စဝယ်စုတဲ့ရွှေဟာ ၅လအတွင်း ၅၈တန်ရှိသွားပြီလို့ဆိုပြီး ဒီနှုန်းအတိုင်း ဆက်ဝယ်မယ်ဆိုရင် ၂၀၁၉မှာ ရွှေတန်ချိန် ၁၅၀လောက်အထိ ဝယ်မယ့်သဘောလို့ သုံးသပ်ကြတယ်။ ဒီတော့ တရုတ်ကရေရှည်စစ်အတွက်ပြင်ဆင်ထားတယ်ဆိုတဲ့သဘောဆိုပေမယ့် ဟောင်ကောင်လတ်တလော ဆန္ဒပြပွဲက အိမ်တွင်းကောအိမ်ပြင်မှာပါ အခြေအနေတွေ မကောင်းဘူးဆိုတဲ့သဘောပါ။
အမေရိကန်တွေဘက်ကတော့ ကုန်သွယ်စစ်ကို အကြောက်အလန့်မရှိတာတွေ့ရတယ်။ ထရမ့်ကို အမြဲကန့်လန့်တိုက်တဲ့ ဒီမိုကရက်တွေကလည်းငြိမ်နေပြီး ဗဟိုဘဏ်ကလည်းငွေကြေးပေါ်လစီနဲ့ ပံ့ပိုးဖို့ဆုံးဖြတ်ထားပုံပေါ်လွင်လာတယ်။ ဒါပေမယ့် ရီပတ်ပလီကန်တွေတွက်နေတာက ၂၀၂၀ ရွေးကောက်ပွဲဖြစ်ပုံရတယ်။ ထရမ့်သာ အသာစီးတချို့နဲ့တရုတ်နဲ့စစ်ကိုသိမ်းနိုင်ခဲ့ရင် ၂၀၂၀ ဟာ သူ့ရွေးကောက်ပွဲပဲပြန်ဖြစ်သွားနိုင်ပါတယ်။ မက္ကစီကို ကို အခွန်နဲ့ခြောက်ပြီး နယ်စပ်လူဝင်မှု သဘောတူညီချက်တွေရယူထားနိုင်ခဲ့ပြီ။ (လွှတ်တော်မှာ ဥပဒေအတည်ပြုဖို့တော့ကျန်နေသေးတယ်)။
တကယ်သာ ဇွန်လကုန်မှာ ရှီကျင်းပင်နဲ့ထရမ့်အကြားသဘောတူညီချက်မရပဲ မေ၁၀ ကလိုနောက်ပြန်လန် သွားမယ်ဆိုရင်တော့ ကမ္ဘာ့အကြီးဆုံး စီးပွားရေး၂ခုရဲ့ကုန်သွယ်စစ်ဟာ အစွမ်းကုန်ဖွင့်တိုက်ကြတဲ့ အနေအထားကို တဖြည်းဖြည်းချင်းရွေ့သွားဖို့ဖြစ်လာပါလိမ့်မယ်။ ဒုတိယစစ်အေးပေါ့။ ကုန်သွယ်စစ်ရဲ့အလှည့်အပြောင်းကို G20 အစည်းအဝေးနဲ့အတူစောင့်ကြည့်ပြီး နောက်ဆုံးပိုင်းကို ဆက်ကြတာကောင်းမယ်ယူဆတယ်။
Kyaw Zaaw Khine

Friday, June 21, 2019

(ပန်းကန်ပြားပျံနဲ့လား) မျိုးမြင့်ချို

0 comments

(ပန်းကန်ပြားပျံနဲ့လား) မျိုးမြင့်ချို
ထရမ့်ပ်က Space Force အာကာတသတပ်ဖွဲ့ရေးတို့ အင်္ဂါဂြိုလူလွှတ်ဖို့တို့ဆိုပြီး လေလုံးအကြီးကြီးတွေပစ်ပြီး အမေရိကန်လေတပ် အင်အားချဲ့ထွင်ရေးခေါင်းစဉ်နဲ့ ကာကွယ်ရေးစရိတ် အဆမတန်ထပ်တင်ချင်တယ်။ သူ့လက်ထက်ထက်မှာ အမေရိကန်ဥပဒေတွေ စည်းကမ်းတွေကို ဘေးချိတ်ပြီး ချိုးဖေါက်ပြီး စစ်လက်နက်ပစ္စည်း အကြီးအကျယ်ထုတ်လုပ်ရောင်းချတဲ့နည်းနဲ့ ငွေရှာချင်တယ်။ သူ့လက်ထက်မှာ အင်္ဂါဂြိုလူမရောက်တောင် သူအစပြုခဲ့တဲ့စီမံကိန်းဆိုပြီး နံမည်တွင်ချင်တယ်။

သမ္မတရဲ့ နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာချက်ကိုကိုင်ပြီး လွှတ်တော်တွေရဲ့အတည်ပြုချက်ယူရမှာကိုရှောင်ပြီး ဆော်ဒီ ဘာရိန်း ယူအေအီးစတဲ့နိုင်ငံတွေကို လက်နက်တွေရောင်းတယ်။ ခု လွှတ်တော်(ဆီးနိတ်)နဲ့ ကတောက်ကဆဖြစ်နေတယ်။ ပြည်တွင်းမှာလည်း စစ်တပ်ထောက်ခံမှုရဖို့ အသည်းအသန်လုပ်တာတာများလွန်းတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ထွက်ပြီး စစ်တပ်ကို နိုင်ငံရေးထဲဆွဲမသွင်းနဲ့ ပြောလာတယ်။ ဒီမိုကရက်တွေနဲ့ စစ်တပ်ကို ရမယ်အမျိုးမျိုးရှာပြီး ရန်တိုက်ပေးတာတွေများလွန်းနေပြီလို့ မီဒီယာတချို့က ထွက်ပြောလာတယ်။

နာဆာကိုလည်း လပေါ်လူလွှတ်ရေးကိစ္စ ဖိအားပေးတယ်။ တွန်းတွန်းထိုးထိုးလုပ်တယ်။ နာဆာကသာ လပေါ်လူလွှတ်ရေးကိစ္စ အင်တိုက်အားတိုက်လုပ်မယ်ဆို ဘတ်ဂျက်တွေရဖို့ သူအာမခံတယ်တို့ဘာတို့ စကားဦးသန်းတယ်။ လွှတ်တော် လေကြောင်းနဲ့အာကာသရေးရာကော်မတီတွေ အပါအဝင် နားလည်သူတွေ ပညာရှင်တွေက ဝင်ဟန့်ထားတော့ နာဆာကလည်း အင်းမလုပ်အဲမလုပ်ဖြစ်နေတယ်။

Space Force တို့ အင်္ဂါဂြိုလ်လူလွှတ်ရေးတို့သာ ချောချောမောမောဖြစ်သွားရင် ကာကွယ်ရေးအသုံးစရိတ်တွေပိပြီး ခုပြနေတဲ့ ဘတ်ဂျက်လိုငွေပြဿနာဟာ ထိန်းဖို့ခက်လောက်အောင်ကြီးသွားမယ်ဆိုတာ လူတွေကလည်းသိတယ်။ ဒီတော့ ထရမ့်ပ်က သူလုပ်ချင်တဲ့ပရောဂျက်တွေ လုပ်မရဘူးဖြစ်နေတယ်။ သူဖန်တီးတဲ့အာဘော်တွေကလည်း လူရယ်စရာဖြစ်လာတယ်။

ဒီတော့ သူ ဘာလုပ်သလဲ။ တနေ့က အထက်လွှတ်တော်က သူ ခေါင်ကောက်ရွေးထားတဲ့ ဆီနိတ်တာတချို့ကိုဖိတ်ပြီး "အာကာသထဲမှာ UFO လို့ခေါ်တဲ့ အမျိုးအမည်မသိပျံသန်းနေတဲ့အရာ (ဗမာတွေကတော့ အလွယ်ဘဲ ပန်းကန်ပြားပျံခေါ်တယ်)တွေကို လေသူရဲတွေ လေယာဉ်မှူးတွေက တွေ့ခဲ့တယ်၊ မယုံရင် ဒီမှာလာကြည့်ကြ၊ ဒါ သိတ်အရေးကြီးတယ်၊ ဒါကို သုတေသနလုပ်ရမယ်၊ တကယ်လို့ ဒီယာဉ်တွေဟာ တခြားဂြိုတွေကနေ ကမ္ဘာမြေကို အန္တရာယ်ပေးဖို့လာတာဆိုရင် ခက်ကုန်မယ်" ဘာညာတွေပြောပြီး မထင်မရှား မှုန်ဝါးဝါးဗီဒီယိုဖိုင်လ်တခုကိုပြတယ်။ လေသူရဲတွေက ရိုက်ယူလာတဲ့ဗီဒီယိုဆိုပြီး လူတွေသိနေကြပြီးသား ဗီဒီယိုပါ။ ဆိုရှယ်မီဒီယာတွေပေါ်တောင် မမြင်ချင့်တဆုံးဖြစ်နေတဲ့ဟာပါ။

အဲ့ဒါကြည့်ပြီးပြန်လာတဲ့ဆီနိတ်တာကို သတင်းသမားကမေးတယ် "UFOs တွေဖြစ်နိုင်လားဗျ"တဲ့။ အမတ်မင်းက "Weather Balloons မိုးလေဝသလေ့လာရေး လေဘောလုံးကြီးတွေဖြစ်ဖြစ်၊ အပြာရောင် လူပုလေးဖြစ်ဖြစ် ဘာလေးပဲဖြစ်ဖြစ်ပေါ့ဗျာ၊ အဲ့ဒါကို သွားပစ်ချပြီး ဒုက္ခမပေးဖို့တော့ လိုလိမ့်မယ်" လို့အရွှမ်းဖေါက်ပြန်ဖြေတယ်။ လူတွေကတော့ ထရမ့်ကို အင်္ဂါဂြိုလူသွားဖို့မသွားဖို့ထက် အာကာသထဲက ဥက္ကာပျံတွေရန်ကို ကြိုကာကွယ်ဖို့က ပိုအရေးကြီးတယ်လို့ ပြောနေကြတယ်။
မျိုးမြင့်ချို
ဇွန် ၂ဝ၊ ၂ဝ၁၉

Wednesday, June 19, 2019

(ကျန်တာအကုန်ရှိဦး မရှိတာတွေရှိနေတုန်း)

0 comments
(ကျန်တာအကုန်ရှိဦး မရှိတာတွေရှိနေတုန်း)
အမေရိကန်နဲ့ဥရောပက အဝတ်အထည်လုပ်ငန်းရှင်တွေစကားဝိုင်းမှာ ကုန်သွယ်စစ်အကြောင်းက အဓိကနေရာက ရှိနေပါတယ်။ အခြေခံအဆောက်အဦး၊ ငွေကြေးခိုင်မာမှု၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးဥပဒေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ မြေယာကိစ္စ၊ အလုပ်သမားဥပဒေ၊ လုပ်ခလစာ၊ လျှပ်စစ်လို့ဆိုတဲ့ “အခြေခံကျတဲ့ကိစ္စတွေ“ကို ခနဘေးချိတ်ပြီးပြောကြတာပါ။ ပညာရှင်စကားဝိုင်းမဟုတ်ပါ။ စီးပွားရေးသမားတွေရဲ့ အတွက်အချက်ဆိုတဲ့အထိုင်က ပြောကြတာပါ။ မန်နေဂျာတွေ၊ စီအီးအိုတွေရဲ့ စကားဝိုင်းမဟုတ်တော့ စီမံခန့်ခွဲ့မှုတွေ ဘဏ္ဏာရေးကိစ္စတွေ၊ အလုပ်သမားကိစ္စတွေလည်း ပါတယ်ဆိုရုံလောက်ပါ။ ပညာရှင်ဆန်ဆန် စကားလုံးကြီးတွေ၊ အရပ်သားနားမလည်တဲ့ ကိန်းဂဏန်းနဲ့အတွက်အချက်တွေ၊ ဟောကိန်းတွေမပါတော့ စကားဝိုင်းကသွက်ပြီး နားထောင်သူတိုင်း တထိုင်တည်းသဘောပေါက်တာမို့ ရောက်လွယ်တယ်လို့ဆိုရမှာပါ။

ဥပမာတခု ပြောပြပါရစေ။ နံမည်ကြီး အမျိုးသားဝတ်ရှပ်အင်္ကျီထုတ်တဲ့ ဥရောပကုမ္ဗဏီပိုင်ရှင်တယောက်ကပြောတဲ့ဟာပါ။ “တရုတ်မှာက ဝါဂွမ်းကနေလုပ်တဲ့ပိတ်စဖြစ်ဖြစ် တခြားဓာတုပစ္စည်းကနေထုတ်တဲ့ပိတ်စဖြစ်ဖြစ် ထုတ်လို့ရတယ်၊ ယက်ကန်းစက်တွေရှိတယ်၊ အထည်အလိပ်စက်ရုံတွေရှိတယ်၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းရှိတယ်၊ အပ်ချည်လုံး ကြယ်သီး၊ အမာသား Sticks တွေထုတ်တယ်၊ ကော်ရှိတယ်၊ အထည်ချုပ်စက်ရုံရှိတယ်၊ ဆိုတော့ ခင်ဗျား အဲ့ဒီမှာ အင်္ကျီတထည်ဖြစ်ဖို့လိုတာ အကုန်ရှိတယ်၊ နိုင်ငံခြားကနေ သတ်သတ် တခုစီလိုက် တင်သွင်းနေစရာမလိုဘူး၊ တထိုင်တည်းနဲ့ ကိစ္စအကုန်ပြီးတယ်၊ ခင်ဗျား တရုတ်ပတ်လည်ကနိုင်ငံတွေမှာ သွားထုတ်မလား၊“အခြေခံကျတဲ့ကိစ္စတွေ“အကုန် တရုတ်နဲ့တူနေတယ်ထားဦး တရုတ်မှာလို အကုန်ရှိပြီး တထိုင်တည်းနဲ့မပြီးဘူး၊ အလုပ်ပိုများမယ်၊ အချိန်ပိုကုန်မယ်၊ အမေရိကန်ပို့လို့ သွင်းကုန်ခွန်ပေးရတာနဲ့ ပြန်ချိန်ကြည့်တော့ မထေမိဘူး၊ ပိုတောင်ဆိုးတယ်၊ ဒီတော့ ၂၅ ရာခိုင်နှုန်း သွင်းကုန်ခွန်တိုးကောက်လည်း တရုတ်ကနေ ထုတ်ရတာကပိုတွက်ခြေကိုက်တယ်၊ ကုန်ဈေးနှုန်းဆိုတာက တက်ချင်တိုင်းတက်လို့မရတာ မှန်ပေမယ့် စီးပွားရေးသမားအတွက် သိတ်စကားလုပ်ပြောနေရမယ့်ကိစ္စမဟုတ်ပါဘူး၊ လူတွေအနေနဲ့ကလည်း လိုတဲ့ပစ္စည်းသာဖြစ်ရိုးမှန်ရင် ပစ္စည်းဈေးတက်လည်း ဝယ်ရမှာဘဲ၊ တရုတ်ကလာရုံမကလို့ ဘယ်ကဘဲလာလာပေါ့၊ လာတာလည်း သူ့ဆီကပဲလာနေတာ မဟုတ်လား၊ ဈေးကြီးတယ်ဆိုပြီး အင်္ကျီမဝတ်ဘဲနေလို့မှ မရတာ၊ ဈေးတွေကြီးလွန်းလို့ လူတွေမကျေမနပ်ဖြစ်လာရင် နိုင်ငံရေးကိစ္စဘဲ၊ နိုင်ငံရေးသမားတွေ ရှင်းရမယ့်ပြဿနာဘဲ၊ စီးပွားရေးသမားက အနေသာကြီး၊ အဲ့ဒါမှ အစိုးရက ဈေးနှုန်းတွေ လာကန့်သတ်ရင် မထုတ်ဘဲနေလိုက်ရုံဘဲ၊ တခြားကိုက်တာ တခုပြောင်းလုပ်ရုံဘဲဟာ၊ လက်ထဲ ပိုက်ဆံသာရှိပေ့စေ အရင်းအနှီးလုပ်ပြီး ဒီ့ပြင်နေရာမှာ စီးပွားရေးလုပ်လို့ရတာဘဲလေ“တဲ့။ ဒါသူပြောတဲ့စကားတွေကို အနှစ်ချုပ်ပြီးပြန်ပြောပြတာပါ။

ကျနော်တို့က တရုတ်ဘက်နေ ကဖြဲကရုန်းဖြစ်ပြီး ကိုယ့်ဘက်လျှံကျလာမယ့် အထည်ချုပ်လုပ်ငန်းတွေကို မျှော်လင့်နေချိန်မှာ အဲ့ဒါတွေက များများစားစား ထွက်ချမလာသေးပါဘူး။ ထွက်လာသမျှလေးကျတော့လည်း ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဗီယက်နမ်ဘက်ရောက်သွားပါတယ်။ ထိုင်းလည်း အထိုက်အလျှောက်ရပါတယ်။ လာအိုတောင် အဖျားအနားလေးရပါတယ်။

အပေါ်ကလူပြောတာကနေ ကောက်ချက်ဆွဲရရင် ကျနော်တို့ဆီမှာ အဝတ်အထည်လုပ်ငန်းအတွက် ဘင်္ဂလားဒေ့ရှ်လောက် ဗီယက်နမ်လောက်တောင် အဆင်သင့်ဖြစ်မနေပါဘူး။ “အခြေခံကျတဲ့ကိစ္စတွေ“ လည်း မပြည့်စုံပါဘူး။ ပြည့်စုံတယ်ထားဦး တရုတ်လို “တထိုင်မတည်းနဲ့မပြီးဘူး“ဆိုတဲ့ အခြေအနေမှာပါလားလို့ တွေးစရာအစထွက်လာပါတယ်။

ဒီကနေ အမေရိကန်တရုတ် အပြန်အလှန်ကုန်သွယ်ခွန်ကောက်တာရဲ့ အကျိုးသက်ရောက်မှုကိုကြည့်ပြီး သာမန်လူတယောက်ရဲ့ အပေါ်ယံကျတဲ့ကောက်ချက်လေးဆွဲဖို့ မြင်ထောင့်တခုတော့ ရတန်ကောင်းတယ်ထင်လို့ ပြောပြတာပါ။
မျိုးမြင့်ချို
ဇွန် ၁၉ ၊ ၂ဝ၁၉

(ပုဂ္ဂိုလ်ရူးများ) မျိုးမြင့်ချို

0 comments
(ပုဂ္ဂိုလ်ရူးများ) မျိုးမြင့်ချို
၅၉(စ)ကိစ္စနဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူး စတဲ့ကိစ္စ၂ ခုတည်းကို အရူးအမူး ကန့်ကွက်/ထောက်ခံနေကြသူတွေဟာ တချက်တချက်ကျ စိတ္တဇဝေဒနာသည်ကြီးတွေပမာ နိုင်ငံရေးသွက်ချာပါဒလိုက်နေကြတာ ထင်ရှားပါတယ်။ ကိစ္စ ၂ ခုလုံး(၅၉(စ)ရော အတိုင်ပင်ခံရော)က လူတဦးတယောက်တည်းကို ရည်မှန်းတာလို့ပြောလို့ရပေမယ့် ဒုတိယကိစ္စက ပိုတောင်ကဲပါသေးတယ်။ ဘာလို့လဲဆိုတော့ ပထမတခုက ဒေါ်စုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နည်းနည်းပါးပါး အပြောင်းအလဲလုပ်ပြီး ဆက်ရှိနေရမှာဖြစ်လို့ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံမှ မဟုတ်ပါ ဒီမိုကရေစီ့ဘိုးအေနိုင်ငံကြီးတွေမှာလည်း တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သူရဲ့ အရည်အချင်းကန့်သတ်ချက်တွေဟာ ၂ဝဝ၈ ပါအချက်အလက်တွေ မနီးရိုးစွဲတွေဖြစ်ပါတယ်။ ဒီမှာ သိသိသာသာ ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်နေတာက ခင်ပွန်းတို့ သားသမီးတို့ စတာတွေပါဆွဲချိတ်ထားလို့ လူပြောစရာပိုဖြစ်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံဥပဒေကိစ္စလည်း ထိုနည်းလည်းကောင်းပါ။ သူက ပိုတောင် ရုပ်ပျက်ဆင်းပျက်နိုင်ပါတယ်။ သမ္မတဖြစ်လိုတဲ့ အာလျပြေအောင် ကိုယ့်လူအများစုရှိနေတုန်း အာဏာအာသာပြေဥပဒေတခု ကောက်ကာငင်ကာပြဌာန်းပြီး ဖန်တီးယူလိုက်တာပါ။ အုပ်ချုပ်သူအစူအစဉ်ပြဇယားမှာလည်း အမှတ်စဉ်ပေးတာက အတော်နေရာမကျပါ။ သမ္မတအောက်ပဲပြန်ရောက်ပါတယ်။ သမ္မတဟာ တိုင်းပြည်ဥသျှောင်လို့ဆိုထားတာကိုး။ ဒါကလည်း ဒီဥပဒေအရ ဒေါ်စုတယောက်တည်းအတွက် ရည်ရွယ်ထားတာပါ။ ဒေါ်စုမရှိတော့ရင် ဒါမှမဟုတ် ဒေါ်စုတော့ရှိနေတယ် ဒါပေမယ့် NLD မှာ ခုလို ပါဝါမရှိတော့ရင် အဖျက်ခံရမယ့်ဥပဒေပါ။
ဆိုတော့ ၂ ခုလုံးက လူတဦးတည်းကိုရည်ရွယ်တယ်လို့ ယေဘုယျသဘောအရပြောရင်မှန်ပါတယ်။ မှန်တာခြင်းအတူတူမှာ ဒုတိယတခုက ပိုတောင်မှန်ပါတယ်။ မှားတာမှန်တာ ခနပြန်ထားပြီး ဒီဥပဒေ ၂ ခုမှာ ဘယ်တခုက “နဂို“ဖြစ်ပြီး ဘယ်တခုက ယာယီဆိုတာကို ထောက်ချင့်ချိန်ဆကြဖို့ပါ။ ပထမတခုက “နဂို“ပါ၊။ ဒုတိယက “ယာယီ“ပါ။
ခုဖြစ်နေတာက အဲ့ဒီ ဥပဒေ ၂ ခုတည်းကိုကွက်ပြီး ဖျတ်ဖျတ်လူးထောက်ခံနေသူတွေ တူးတူးခါးခါးငြင်းဆိုနေသူတွေကို ကြည့်လိုက်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ တကယ့်အနှစ်သာရကိုကျ ခတ်ဖော့ဖော့ပြောတာလောက်ပဲရှိပါတယ်။ ထိတာတောင် ၂ဝဝ၈ ဥပဒေဘောင်ထဲကပဲ ထိဝံ့ကြတာပါ။ ဥပဒေနည်းလမ်းအရဘဲ ပြောကြဆိုကြတာပါ။
တကယ်က ၂ဝဝ၈ ဖွဲ့စည်းပုံကိစ္စတစုံလုံးဟာ နိုင်ငံရေးပါ။ နိုင်ငံရေးပြဿနာပါ။ အာဏာကိစ္စပါ။
၅၉(စ)လောက် အတိုင်ပင်ခံကိစ္စလောက်နဲ့ အချိုကုန်ရုံမက ဆန့်ကျင်ကြ ကန့်ကွက်ကြတခုတည်း ဇောင်းပေးပြောနေလုပ်နေတာတွေကတော့ နိုင်ငံရေးအရ အမြော်အမြင်မရှိရာကျပါတယ်။ ပုဂ္ဂိုလ်ရေးဆန်လွန်းတဲ့ ညာဏ်တိမ်မှုလို့ပြောရမှာပါ။
ပြန်ချုပ်ရရင် ကိစ္စ ၂ ခုလုံးက ဒေါ်စုမရှိတော့ရင် ပြောစရာမရှိတော့ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးက တာ့ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကြီးရှိသရွေ့(ပုံစံတမျိုးမျိုးနဲ့)ဆက်ရှိနေမှာမို့ ဆက်ပြောနေရဦးမှာပါ။
မျိုးမြင့်ချို
ဇွန် ၁၉၊၂၁၉

Tuesday, June 18, 2019

မင်းဖို့ ကျည်ဆန်တစ်တောင့် (ဘာသာပြန်သူ - မောင်ထင်)

0 comments
မင်းဖို့ ကျည်ဆန်တစ်တောင့် (ဘာသာပြန်သူ - မောင်ထင်)ကျွန်တော်တို့သည် အမည်မဖော်လိုသော မြို့ကလေး တစ်မြို့တွင် စခန်း ချကြပါသည်။ စစ်ဖက်အရာရှိတို့၏ ဘဝဟူသည်မှာ အများ သိတော်မူကြသည့် အတိုင်းပင် ဖြစ်ပါသည်။ နံနက်၌ စစ်ရေးပြ၍ မြင်းစီးကြသည်။ ညနေ၌ တပ်မှူးနှင့်အတူ ညစာ စားကြသည်။ ထိုမြို့ကလေးတွင် ကျွန်တော်တို့အား လက်ခံမည့် အိမ်ဟူ၍ တစ်အိမ်မျှပင် မရှိပါ။ လက်ထပ်ရန် အရွယ်ရှိသော မိန်းကလေး ဟူ၍လည်း တစ်ယောက်တလေမျှပင် မရှိပါ။ ကျွန်တော်တို့ အချင်းချင်း၏ စစ်တန်းလျား အခန်းတို့တွင် တစ်လှည့်စီ စုဝေးတွေ့ဆုံ ကြရပါသည်။ ယင်းသို့ ဆုံမိကြရာ၌ ကြည့်ရှုစရာဟူ၍ ကျွန်တော်တို့ ဝတ်စား ဆင်ယင်ထားသော ဆင်တူဝတ်စုံသာ ရှိပါသည်။
ကျွန်တော်တို့အထဲတွင် စစ်ဖက်အမှုထမ်း မဟုတ်သူ တစ်ယောက်သာ ရှိပါသည်။ သူသည် အသက် သုံးဆယ့်ငါးနှစ်ခန့် ရှိပြီဖြစ်၍ သူ့ကို ကျွန်တော်တို့က လူကြီးဟု ယူဆပါသည်။ ထိုသူမှာ အတွေ့အကြုံ ဗဟုသုတ များသဖြင့် ကျွန်တော်တို့ထက် သာပါသည်။ ထိုမှတစ်ပါးလည်း မှုန်တေတေ နေတတ်သော အကျင့်၊ ကြမ်းတမ်းသော အမူအရာနှင့် ပါးစပ်ပေါက်ဆိုးသော အပြောတို့ကြောင့် ကျွန်တော်တို့ ကဲ့သို့သော လူငယ်များအပေါ်၌ အတော်ပင် လွှမ်းမိုးနိုင်ပေသည်။ သို့သော် သူ့ဘဝမှာ လျှို့ဝှက်ချက် တစ်ရပ် ဖြစ်နေသည်။ သူသည် ရုရှလူမျိုး ဖြစ်တန်ရာ၏။ သို့သော် သူ့အမည်မှာ တိုင်းတစ်ပါးသား၏ အမည်ဖြစ်သည်။ တစ်ချိန်က မြင်းတပ်တွင် ထူးထူး ချွန်ချွန် အောင်အောင်မြင်မြင်နှင့် အမှုထမ်းခဲ့ဖူးသည်။ သို့သော် ထို အမှုထမ်းဘဝမှ နှုတ်ထွက်၍ ယခုကဲ့သို့ နုံချာသော မြို့ကလေးတွင် နေထိုင်ကာ ဆင်းပင် ဆင်းရဲလျက်နှင့် သုံးစွဲနိုင်သော အခြေရှိသည်။ ညစ်ထေးသော စုတ်ပြတ်နေသော ဝတ်ရုံအကျႌကို ဝတ်၍ ခြေကျင်လျှောက် နေရလျက်နှင့် ကျွန်တော်တို့ တစ်တပ်လုံးရှိ အရာရှိ အရာခံတို့အား ပြုစုကျွေးမွေးနိုင်သော အခြေလည်း ရှိသည်။ ဤအချက်ကို မည်သူမျှ မည်သို့ကြောင့်ဟု တပ်အပ်သေချာစွာ မပြောနိုင်ကြချေ။ သူ ကျွေးသော ထမင်းပွဲ၌ ဟင်းလျာမှာ နှစ်မျိုး သုံးမျိုးထက် မပိုပါ။ ချက်ကျွေးသူ မှာလဲ စစ်ပြန်ရဲဘော် တစ်ယောက် ဖြစ်ပါသည်။ သို့ရာတွင် ထမင်းပွဲ၌ ရှမ်ပိန် အရက်မှာမူ အဆီးအတား မရှိ ဒလဟော စီးဆင်း နေဘိသို့ ရှိလေသည်။ သူ၏ ဥစ္စာပစ္စည်းနှင့် ဝင်ငွေ မည်မျှရှိသည်ကို မည်သူမျှ မသိကြပါ။ ထိုအကြောင်းနှင့် စပ်လျဉ်း၍လည်း သူ့ကို မည်သူမျှ မမေးဝံ့ကြချေ။ သူ့ထံ၌ သေနင်္ဂဗျူဟာ ဆိုင်ရာ စာအုပ်၊ ဝတ္ထုစာအုပ် စသည်တို့ အများဆုံး ပါဝင်သော စာအုပ် အမျိုးမျိုး ရှိသည်။ ယင်းတို့ကို သူတစ်ပါးအား ငှါးရန်လည်း ဝန်မလေး။ ငှါးလိုက်သော စာအုပ်ကို ပြန်တောင်းသည် ဟုလည်း မရှိ။ သူကိုယ်တိုင် ကလည်း သူတစ်ပါးပိုင် စာအုပ်ကို ငှါးဖတ်ပြီးလျှင် ပြန် မပေးတတ်။ သူ၏ အဓိက လုပ်ငန်း တစ်ရပ်ကား ပစ်စတို သေနတ်ပစ်ခြင်း ဖြစ်၏။ သူ၏ အခန်းနံရံမှာ ပျားသလက်များ၌ အပေါက် အပေါက် ရှိသကဲ့သို့ သေနတ်ရာများဖြင့် ပြည့်နှက် နေလေသည်။ သူနေထိုင်ရာ ရွှံ့မံထားသော တဲအိမ်၌ ပစ်စတို သေနတ်မျိုးစုံကို စုဆောင်း ထားရှိသည့် အရာ၌သာ စည်းစိမ်ရှင်တို့၏ အနေအထိုင်နှင့် တူသယောင်ယောင် ရှိသည်။ သေနတ် ပစ်ရာ၌ သူမတူအောင် လက်တည့်လှသည်။
တစ်စုံတစ်ယောက်သော သူ၏ ဦးခေါင်းထက်၌ သစ်သော့သီးကို တင်၍ သေနတ်ပစ် ပြမည်ဟု သူက ဆိုလိုက်လျှင် ကျွန်တော်၏ တပ်ထဲတွင် ယင်းသို့ သေနတ်ပစ် ခံရန် ဦးခေါင်း ထိုးပေးမည့်သူ မရှားချေ။ သေနတ် ပစ်ရာ၌ ဤမျှ ကျွမ်းကျင်လှ ပါပေသည်။ ကျွန်တော်တို့ စကားလက်ဆုံ ကျသည့်အခါ သေနတ်ချင်း ယှဉ်ပစ်သည့် အကြောင်းသို့ ရောက်သွား တတ်ပါသည်။ သို့သော် ဆစ်လဗီယိုသည် (သူ့ကို ကျွန်တော် ယင်းသို့ပင် ခေါ်ပါရစေတော့။) ထိုအကြောင်းအရာများ ပြောသည့် အထဲတွင် ဘယ်အခါမျှ ဝင်၍မပြောချေ။ “သေနတ်ချင်း ယှဉ်ပြိုင် ပစ်ဖူးပါသလား” ဟု သူ့ကို မေးကြည့်လျှင် “ပစ်ဖူးပါရဲ့” ဟု ခပ်တိုတိုပင် ပြန်ပြောတတ်သည်။ အကျယ်ဝိတ္ထာရကိုမူ ဘယ်နံရော အခါမျှ ပြောမပြဘူးပါ။ အသေးစိတ် ပြောခိုင်းပါလျှင်လည်း သူ မကြိုက်သည်မှာ သိသာလှပါသည်။ တစ်ရံရောအခါက သူ့လက်စွမ်းကြောင့် သူတစ်ပါး ဒုက္ခရောက်ဖူး ပေလိမ့်မည်။ ထို့ကြောင့် သူ စိတ်မလုံဘဲ ရှိပေလိမ့်မည်။ ကျွန်တော်တို့ကား ဤကဲ့သို့သာ တွေးမိပါသည်။ သူ့၌ သူရဲဘော နည်းသောစိတ် ရှိလိမ့်မည်ဟူ၍ ဒွိဟဖြစ်ဖွယ်ရာ အချက်မျိုးကို ကျွန်တော်တို့ ဘယ်နံရော အခါမျှ မတွေ့မိပါ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သူရဲဘော နည်း မနည်း ဆိုသည်ကို အပြင်ပန်း အမူအရာဖြင့် အကဲ မခတ်နိုင်ပါ။ သို့သော် ကျွန်တော်တို့ကို အံ့အားသင့်စေသည့် ကိစ္စ တစ်ရပ်သည် ပေါ်ပေါက် လာပါသည်။
တစ်နေ့သ၌ ကျွန်တော်တို့ အရာရှိထဲမှ ဆယ်ဦးခန့်သည် ဆစ်လဗီယို၏ နေအိမ်တွင် ညစာ စားကြပါသည်။ ကျွန်တော်တို့ ခါတိုင်းကဲ့သို့ပင် အရက် သောက်ကြသည်။ ခါတိုင်းကဲ့သို့ သောက်သည် ဆိုသည်မှာ များများ သောက်သည်ကို ဆိုလိုပါသည်။ ညစာ စားပြီးသော အခါ အိမ်ရှင်အား ဘဏ်ကစားရန် တောင်းပန်ပါသည်။ ထိုအခါ အိမ်ရှင် ဆစ်လဗီယိုက အတန်ကြာမျှ ငြင်းဆန်နေပါ၏။ သို့ရာတွင် နောက်ဆုံး၌ သူသည် ဖဲထုတ်ကို ယူခိုင်းပြီးလျှင် ရူဘယ်ဒင်္ဂါး တစ်ဆယ်တန် ငွေစက္ကူ အချပ် ငါးဆယ်လောက်ကို စားပွဲပေါ်တွင် ပြန့်ကျဲလျက် လက်သည် အဖြစ်ဖြင့် ဖဲကို ဝေပါသည်။ ကျွန်တော်တို့လည်း သူ့အနားသို့ ဝိုင်းလာပြီးလျှင် ဖဲကစားကြပါသည်။ ဖဲချသည့်အခါ ဆစ်လဗီယိုသည် စကားအလျှင်း မပြောပါ။ ငြင်းလည်း မငြင်းတတ်ပါ။ သူတစ်ပါးက ငြင်းလျှင်လည်း ပြန်မဖြေတတ်ပါ။ ဤကား သူ့ဝါသနာ ဖြစ်ပါသည်။ လောင်းသူများက မှားသွားလျှင် ဆစ်လဗီယိုသည် စိုက်၍ လျော်လိုက လျော်ပါသည်။ သို့တည်းမဟုတ် ပိုသွားသော ငွေကို စာရင်းတွင် တို့၍ ထားတတ်ပါသည်။ ဤအချက်ကို ကျွန်တော်တို့ ကောင်းကောင်း သိပြီးဖြစ်၍ သူ့စည်းကမ်း စနစ်အတိုင်း လုပ်ချင်သလို လုပ်ရန် ကျွန်တော်တို့က ခွင့်လွှတ် ထားပါသည်။ သို့သော် ကျွန်တော်တို့ထဲတွင် မကြာမီကမှ တပ်ထဲသို့ ပြောင်းလာသော အရာရှိတစ်ဦး ရှိပါသည်။ ထိုအရာရှိသည် ကစားနေရင်း မတ်တတ်က မေ့မေ့လျော့လျော့နှင့် ဘဏ်မှား၍ ခေါ်ပြီးလျှင် လောင်းကြေးကို ပိုထည့်ပါသည်။ ထိုအခါ ဆစ်လဗီယိုသည် သူ၏ ထုံးစံအတိုင်း မြေဖြူခဲ တစ်ခုကို ယူ၍ လောင်းကြေးကို အမှန်သို့ ရောက်အောင် ရေးမှတ်ပါသည်။ ဤသည်တွင် ဆစ်လဗီယို မှားသည်ထင်၍ အဆိုပါ အရာရှိက ရှင်းပြပါသည်။ သို့သော် ဆစ်လဗီယိုကား စကားမပြောဘဲ ဆက်၍သာ ကစားပါသည်။ အရာရှိလည်း စိတ်မရှည်နိုင်သဖြင့် သူမှားသည် ထင်သည့် ဂဏန်းကို ဖျက်လိုက်ရာ ဆီလဗီယိုသည် မြေဖြူခဲကို ကောက်၍ကိုင်ပြီး သူမှန်သည် ထင်သော ဂဏန်းကို ပြန်ရေးပါသည်။ အရာရှိသစ်မှာ အရက်ကြောင့် လည်းကောင်း၊ ဖဲကြောင့် လည်းကောင်း၊ အများက ဝိုင်း၍ ရယ်ကြခြင်းကြောင့် လည်းကောင်း သွေးဆူ လာပြီးလျှင် သူ့ကို စော်ကားသည်ဟု ယူဆကာ ဖယောင်းတိုင် ထွန်းသော ကြေးတံရှည်ကို စားပွဲပေါ်မှ ဆွဲယူပြီးလျှင် ဆစ်လဗီယိုကို ပေါက်လိုက်လေသည်။ ဆစ်လဗီယိုမှာ လွတ်အောင် ရှောင်နိုင်ရုံမျှ ရှိလေသည်။ ကျွန်တော်တို့ အားလုံး စိတ်နှလုံး တုန်လှုပ် သွားကြပါသည်။ ဆစ်လဗီယိုကား ဒေါသကြောင့် မျက်နှာထား ညိုကာ မျက်စိတို့လည်း ဝင်းဝင်းတောက် လာပြီးလျှင် ထိုင်ရာမှ ထ၍ “ကိုင်း၊ ရဲဘော် တဆိတ်ကလေး ပြန်ပါတော့ဗျာ။ ကျုပ်အိမ်မှာ ဒီလိုဖြစ်ရတာ ခင်ဗျားအတွက် ဘုရား မတယ်လို့ပဲ အောက်မေ့ လိုက်ပါတော့” ဟု ပြောလိုက်လေသည်။
ယခုကဲ့သို့ ဖြစ်ရသည့် အကြောင်းကြောင့် အကျိုး မည်သို့ ရှိလိမ့်မည်ကို ကျွန်တော်တို့ တပ်အပ် သေချာစွာ သိပါသဖြင့် ကျွန်ုပ်တို့၏ ရဲဘော်သစ်ကို သေရွာသို့ လားမည့်သူဟု အမှတ်ပြု လိုက်ကြပါ၏။ ကျွန်တော်တို့၏ ရဲဘော်ကမူ ဘဏ်တွင် လက်သည်ကိုင်သူ အိမ်ရှင် ဆစ်လဗီယို ကြိုက်သည့် အချိန်အခါတွင် ယခုကဲ့သို့ စော်ကားလိုက်သည့် အခြင်းအရာကို လက်တုံ့ ပြန်ရန် အသင့်ရှိကြောင်း ပြောပြပြီးလျှင် ထွက်သွားပါသည်။ ထို့နောက် မိနစ် အတန်ငယ်မျှ ဖဲကို ဆက်၍ ကစားကြပါသည်။ သို့သော် ကျွန်တော်တို့အား ဧည့်ခံသူ အိမ်ရှင်သည် ဖဲတွင် စိတ်မဝင်စားတော့သည်ကို သိရှိ ရိပ်မိကြသည့် အလျောက် ကျွန်တော်တို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြ ပြီးလျှင် ဆိုင်ရာ ဆိုင်ရာ စစ်တန်းလျားသို့ ပြန်ကြ၍ စစ်တန်းလျား၌ မကြာမီ လူတစ်ယောက် လျော့မည့် အရေးကို ဆွေးနွေး ပြောဆိုကြသည်။
နောက်တစ်နေ့တွင် မြင်းစီးကျင့်သော ကျောင်း၌ ကျွန်တော်တို့သည် ဗိုလ်မှူးကလေးမှာ လောက၌ ရှိမှရှိပါ ဦးမည်လောဟု တစ်ဦးကိုတစ်ဦး မေးမြန်း ပြောဆိုနေကြစဉ် ဗိုလ်မှူးကလေးသည် ရုတ်ခြည်းပင် ဝင်လာပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မေးမြန်းနေသည့် အကြောင်းကို သူ့အား မေးကြည့် ပါသည်။ သူက ဆစ်လဗီယိုထံမှ ဘာအကြောင်းမျှ မပြန်သေးဟု ပြောပြပါသည်။ ကျွန်တော်တို့ များစွာ အံ့အားသင့်မိသည်။ ထို့နောက် ကျွန်တော်တို့ ဆစ်လဗီယိုအိမ်သို့ သွားသောအခါ ဆစ်လဗီယိုသည် ခြံတံခါးတွင် ချိတ်ထားသော ညှင်းတစ် ဖဲတစ်ချပ်ကို ညှင်းတည့်တည့် ခွဲအောင် ထပ်ကာ ထပ်ကာ သေနတ်ပစ်၍ နေသည်ကို တွေ့ရလေသည်။ သူသည် ယမန်နေ့က အဖြစ်အပျက် အကြောင်းကို တစ်ခွန်းတစ်ပါဒမျှ မပြောဘဲ ကျွန်တော်တို့အား ခါတိုင်းကဲ့သို့ပင် ဧည့်ခံပါသည်။ သို့နှင့်ပင် သုံးရက်တိတိ ကုန်ခဲ့သည်။ ဗိုလ်မှူးကလေးကား အသက်ရှင်တုန်းပင်။ ကျွန်တော်တို့ကား အံ့အားသင့်စွာဖြင့် ဆစ်လဗီယိုသည် သေနတ်ချင်း ယှဉ်၍ ပစ်ရန် ကြံမှ ကြံရွယ်ပါ ဦးမည်လောဟု တစ်ဦးကိုတစ်ဦး မေးမြန်းမိသည်။ ဆစ်လဗီယိုသည် ယခုတိုင် သေနတ်ချင်းယှဉ်၍ မပစ်သေး၊ ဗိုလ်မှူးကလေးအား အနည်းအကျဉ်း တောင်းပန်၍ သင့်မြတ် ကြေအေး လိုက်ပါသည်။
ဤကိစ္စမှာ လူငယ်များအဖို့ ဆိုလျှင် ဆစ်လဗီယို အပေါ်၌ အတော်ပင် အထင်သေး အမြင်သေး ဖြစ်သွားစေဟန် တူပါသည်။ သတ္တိရှိသူ၌ အပြစ်မရှိဟု ယူဆကြသော လူငယ်တို့အဖို့ သတ္တိကြောင်ခြင်းကို အလွယ်နှင့် ခွင့်လွှတ်နိုင်ကြသည် မဟုတ်ပါ။ သို့ရာတွင် တဖြည်းဖြည်း ဆိုသလို ဤကိစ္စ အလုံးစုံကို မေ့ပစ် လိုက်ကြလေသော် ဆစ်လဗီယိုလည်း ခါတိုင်းကဲ့သို့ပင် လူငယ်များ အပေါ်၌ ဩဇာရှိမြဲ ရှိလာပါသည်။
သို့သော် ကျွန်တော်တစ်ဦးတည်းသာ ဤကဲ့သို့ သူ့ကို အလွယ်နှင့် မေ့မပစ်နိုင် ဖြစ်မိပါသည်။ ကျွန်တော့်သဘာဝမှာ စိတ်ကူးယဉ်တတ်သော သဘာဝဖြစ်၍ ယခင်ကပင်လျှင် ဆစ်လဗီယိုကို အာဇာနည် ပုဂ္ဂိုလ်တစ်ဦးဟု ယုံမှတ်လျက် သူ့ကို အလွန် သိရခက်သော လူစားမျိုးဟူ၍ ယူဆထားလေရာ သူ့ကို ကျွန်တော်သည် သူတစ်ပါးတို့ထက် ကြည်ညိုမိပါ၏။ သူလည်း ကျွန်တော့် အပေါ်မှာ သံယောဇဉ် ကြီးခဲ့ပါ၏။ အမှန်မှာ သူသည် ကျွန်တော် တစ်ဦးတည်း ကိုသာလျှင် စိတ်နာလောက်အောင် ရန်စခြင်း မပြုဘဲထား၍ ဆွေးနွေးစရာ အကြောင်းရပ်များကို ရိုးသားစွာနှင့် အထူးသိမ်မွေ့စွာ ဆွေးနွေးလေ့ ရှိပါသည်။ သို့သော် ထိုကံအကြောင်း မလှသော တစ်နေ့၌ သူ၏ဂုဏ်ကို သူမဆယ်ဘဲ နေခဲ့သည့်အတွက် သူ့အား ကျွန်တော် မေ့ပစ်၍ မရပါ။ ထို့ကြောင့် သူ့ကို ခါတိုင်းကဲ့သို့ ဆက်ဆံရန် အတွက် နောက်တွန့် နေပါသည်။ ကျွန်တော်သည် သူနှင့် မျက်နှာချင်း ဆိုင်ရန်ပင်လျှင် ရှက်သလိုလို ဖြစ်မိသည်။ ဆစ်လဗီယိုမှာ အတွေ့အကြုံနှင့် အလိမ္မာတရား ပြည့်စုံပြီးသူ ဖြစ်လေရာ ဤအချက်ကို ဂရုမထားဘဲ မနေပါ။ အကြောင်းရင်းကို တွေးမိပါသည်။ ဤသို့ တွေးမိသောကြောင့် သူ စိတ်မကောင်းဟန် တူသည်။ အမှန်မှာ သူသည် ကျွန်တော့်အား သူ့စိတ်ထဲ ရှိသမျှကို ဖွင့်ပြောရန် ဆန္ဒရှိသည်ကို ကျွန်တော် တစ်ခါ၊ နှစ်ခါလောက် ဂရုပြုမိသည်။ သို့သော် ကျွန်တော်က ဤသို့ ပြောခွင့် မပေးခဲ့သဖြင့် ဆစ်လဗီယိုသည် ကျွန်တော့်အား ကျွန်တော့် အတွေးနှင့် ကျွန်တော် နေစေရန် လျစ်လျူရှုခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် သူ့အား တွေ့ဆုံမည့်အစား ကျွန်တော်၏ ရဲဘော်ရဲဘက် အပေါင်းနှင့်သာ တွေ့ဆုံ ပါတော့သည်။ ထို့ကြောင့် ရှေးယခင်က ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်းများသည် ဤတွင် တစ်ခန်းရပ် ပါတော့သည်။
ငါးပါးအာရုံ ကာမဂုဏ်၌ နစ်မွန်း နေကြရသော မြို့ကြီးသားတို့မှာ ကျေးလက် တောနယ်၌ နေထိုင်ကြသူတို့ ခံစားအပ်သော ဒုက္ခ သုခ ဝေဒနာတို့ကို သဘောပေါက်လိမ့်မည် မဟုတ်ပါ။ ဥပမာ တောနယ်၌ စာရောက်မည့် နေ့ကို မျှော်ရသည်မှာ မြို့ကြီးသားတို့ နားလည် နိုင်လိမ့်မည် မဟုတ်ပါ။ အင်္ဂါနေ့နှင့် သောကြာနေ့ ကျလျှင် စစ်တပ်ဌာနချုပ်၌ အရာရှိ အရာခံဗိုလ်များ ပြည့်နှက်လျက် ရှိပါသည်။ အချို့မှာ ငွေရောက်မည်ကို မျှော်ကြသည်။ အချို့ကား စာကို မျှော်ကြသည်။ အချို့ကား သတင်းစာကို မျှော်ကြသည်။ စာများကို တစ်ထိုင်တည်းတွင် ဖောက်ကြည့်ပြီးလျှင် ရရှိသော သတင်းစကားတို့ကို အလဲအလှယ် ဖောက်သည် ချကြသည်။ ထို့ကြောင့် ဌာနချုပ် အသက်ဝင် လှုပ်ရှား၍ လာတတ်သည်။ ဌာနချုပ်မှတဆင့် စာရလေ့ရှိသော ဆစ်လဗီယိုသည်လည်း ထုံးစံအားဖြင့် ထိုနေရာတွင် ရှိတတ်ပါသည်။ တစ်နေ့သောအခါ သူသည် စာတစ်စောင်ရ၍ စာအိတ် ချိပ်ပိတ် ထားသည်ကို ကမန်းကတန်း ဖောက်ပါသည်။ စာပါ အကြောင်းရပ် များကို ခပ်သုတ်သုတ် ဖတ်ရာ၌ သူ၏ မျက်စိသည် အရောင် တလျှမ်းလျှမ်း တောက်လာပါသည်။ အရာရှိတို့မှာ မိမိတို့၏ စာကိုသာ မဲ၍ ဖတ်နေခြင်းကြောင့် ဘာမျှ ဂရုမစိုက်မိကြပါ။
ထိုအတွင်း ဆစ်လဗီယိုက “ရဲဘော်တို့၊ အချက်ပေါ်လာတော့ ကျုပ် ဒီက အမြန် ထွက်ခွါသွားဖို့ ဖြစ်လာပြီ။ ကျုပ် ဒီည သွားရလိမ့်မယ်။ ဒီတော့ ခင်ဗျားတို့ ကျုပ်အိမ်မှာ ညစာစားဖို့အတွက် ငြင်းကြလိမ့်မယ်လို့ မယူဆ ပါဘူး။ ခင်ဗျားတို့ကို မျှော်နေမယ်ဗျာ” ဟု အားလုံးကို ပြောရင်း ကျွန်တော့်အား “ခင်ဗျား လာရမယ်နော်” ဟု ဆိုပါသည်။ ဤသို့ ပြောပြီးလျှင် သူသည် ဌာနချုပ်မှ ထွက်သွားပါသည်။ ကျန်ရစ်သူ ကျွန်တော်တို့မှာ ဆစ်လဗီယိုအိမ်၌ ဆုံကြရန် သဘောတူ တိုင်ပင်ပြီးလျှင် အသီးသီး မိမိလိုရာသို့ သွားကြပါသည်။
ချိန်းထားသော အချိန်၌ ဆစ်လဗီယိုအိမ်သို့ ကျွန်တော် ရောက်သွားသော အခါ စစ်တပ် တစ်တပ်လုံးကိုပင် စုဝေးလျက် ရှိကြပါပြီ။ ဆစ်လဗီယို၏ အဝတ်အစား ပစ္စည်းတို့မှာ ထုပ်ပိုးထားပြီး ဖြစ်သည်။ ကျည်ဆန် မှန်ထားသော နံရံမှတစ်ပါး ဘာမျှ မကျန်တော့ပြီ။ ကျွန်တော်တို့လည်း စားပွဲ၌ ဝင်၍ ထိုင်ကြပါသည်။ ဧည့်ခံမည့်သူမှာ အလွန်ပင် စိတ်ရွှင်လန်း နေပါသည်။ ဤသို့ အားရဝမ်းသာ ဖြစ်နေခြင်းသည် သူ၏ ဧည့်သည်များထံသို့ ကူးစက် သွားပါသည်။ ကျွန်တော်တို့ကလည်း ခရီးထွက်မည့်သူ၌ ကံကောင်းပါစေဟု မရပ်မနား ဆုတောင်းဆဲတွင် ပုလင်းဖွင့်သံများ အဆက်မပြတ်တော့ပါ။ ဝိုင်အရက်မှာ အမြှုပ်စီစီ ပုစွန်ဆိတ်ခုန်ရင်း ပလုံ ပလုံ မြည်နေပါသည်။ ကျွန်တော်တို့ ထမင်းစားဝိုင်း သိမ်းသောအခါ ညဉ့်အတော် နက်ပြီ။ ပြန်ရန်အတွက် မိမိ ဦးထုပ်ကို မိမိတို့ ယူကြသောအခါ ဆစ်လဗီယိုသည် ကျွန်တော်တို့အား တစ်ဦးစီ တစ်ဦးစီ နှုတ်ဆက်ပါသည်။ ကျွန်တော် ပြန်မည် ပြုသောအခါ သူက ကျွန်တော့်လက်ကို ဖမ်း၍ ဆွဲထားပြီးလျှင် “ခင်ဗျားကို ကျုပ် ပြောစရာ ရှိတယ်” ဟု တိုးတိုး ပြောပါသည်။ ထို့ကြောင့် ကျွန်တော်သည် နောက်ချန်၍ နေရစ်ခဲ့ပါသည်။
ဧည့်သည်များ ပြန်ကုန်ကြပြီ။ သူနှင့်ကျွန်တော် နှစ်ဦးသား စကား မပြောဘဲ ဆေးတံကို မီးညှိပြီးလျှင် မျက်နှာချင်းဆိုင် ထိုင်၍နေကြပါသည်။ ဆစ်လဗီယိုသည် အတွေးနယ်ထဲဝယ် နစ်မျော၍ နေပါသည်။ ယခင်က ဗြုန်းစား ပေါ်လာသော အားရဝမ်းသာ အမူအရာတို့ ဘယ်ရောက်ကုန်သည် မသိပါ။ သုန်မှုန်၍ ဖြူဖပ်ဖြူရော် နေသော မျက်နှာထားနှင့် တောက်ပသော မျက်လုံးအပြင် သူ့ပါးစပ်မှ ထွက်လာသော မီးခိုးလုံးတို့မှာ သူ့အား ကြောက်မက်ဖွယ်ရာ ဘီလူးနှင့် တူအောင် ဖန်ဆင်း၍ ပေးနေကြပါသည်။ မိနစ် အနည်းငယ်ခန့် ကြာလတ်သော် ဆစ်လဗီယိုသည် တိတ်ဆိတ်ခြင်းကို ခွင်းလိုက်လေသည်။
“ကျုပ်တို့တော့ နောက်ထပ် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတော့ဘူးလို့ ထင်ပါရဲ့။ ဒါကြောင့် လူချင်းမခွဲခင် ခင်ဗျားကို တစ်ခု ပြောချင်တယ်။ ကျုပ်ကို သူတစ်ပါးက ဘာထင်ထင် ကျုပ် ဂရုမစိုက်ဘူး။ အဲသလို ခင်ဗျားကို တစ်ခါတုန်းက ပြောခဲ့ဖူးပါလိမ့်မယ်။ နို့ပေမယ့် ခင်ဗျားကို ကျုပ်က ခင်တယ်ဗျာ့။ ဒီတော့ ကျုပ်အပေါ်မှာ အထင်အမြင် မှားပြီး ကျန်ရစ်အောင် ခင်ဗျားကို ကျုပ် မလုပ်ချင်ဘူး” သူက ဤသို့ ပြောပါ၏။
သူသည် တအောင့်လောက် ရပ်၍ ဆေးဆုံထဲ ဆေးထည့်ပြန်ပါသည်။
ကျွန်တော်ကား စကားတစ်ခွန်းမျှ မတုံ့ပြန်သေးဘဲ စောင့်ကြည့်နေပါသည်။
သူက ဆက်၍ ပြောပါသည်။
“ကျုပ်ဟာ ဟိုအကောင် အရူးအမူးကို လူချင်းချိန်းပြီး မချတဲ့အတွက် ခင်ဗျားက အဆန်းလို့ ထင်နေမှာပဲ။ ခင်ဗျားလဲ နားလည်ပါလိမ့်မယ်။ ကျုပ်က ကျုပ်ကြိုက်တဲ့ လက်နက်ကို ရွေးပိုင်ခွင့် ရှိနေတယ်။ ကျုပ်မှာတော့ ဘာမှ မဖြစ်နိုင်ဘူး။ သင်းရဲ့ အသက်ကတော့ ကျုပ်လက်ခုပ်ထဲမှာ ရှိနေပြီ။ ဒီတော့ ကျုပ်က အလျှော့ပေး လိုက်တာကို ခင်ဗျားကတော့ ကျုပ် သဘောထား ကြီးလွန်းလို့လို့ ထင်မလား မပြောတတ်ဘူး။ နို့ပေမယ့် ကျုပ်က ခင်ဗျားကို လိမ်မပြောချင်ဘူး။ ကျုပ်မှာ မှည့်တစ်ပေါက်မျှ မစွန်းရဘဲ သူ့ကို ကောင်းကောင်း ဆုံးမနိုင်မယ် ဆိုရင် ကျုပ် သူ့ကို ချမ်းသာ မပေးဘူး”
ကျွန်တော်သည် ဆစ်လဗီယိုကို အံ့အားသင့်စွာဖြင့် ကြည့်မိပါသည်။ သူ ယခုကဲ့သို့ ဖွင့်ပြောလိုက်တော့ ကျွန်တော့်မှာ မှင်တက်မိ နေရပါတော့သည်။
သူက ဆက်၍ “ဟုတ်တယ်လေ၊ ကျုပ်ကိုယ်ကို ကျုပ် မှဲ့တစ်ပေါက်စွန်း ခံနိုင်တဲ့အခြေ မရှိဘူး။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက ကျုပ် ပါးရိုက် ခံရဖူးသဗျာ့။ အဲဒီ ပါးရိုက်တဲ့အကောင် ကျုပ်ရန်သူဟာ ယနေ့ထိ အသက်ရှင် နေသေးတယ်” ဟု ပြောသည်။
ကျွန်တော့်၌ သိချင်သောစိတ် ထက်သန်လာပါသည်။ “ဒါနဲ့တောင် ခင်ဗျားက ပြန်မချဘူးလား။ အင်း အခြေအနေကြောင့် ခင်ဗျားလဲ ပြန်မလုပ်ခဲ့ရဘူးနဲ့ တူတယ်” ဟု ကျွန်တော်က မေးသည်။
“သင်းကို ဆော်ခဲ့တာပေါ့။ ကြည့်လေ၊ ဟောဒီမှာ သူနဲ့ နှစ်ယောက်ချင်း ချကြတဲ့ အမှတ်အသား ရှိတယ်” ဟု ဆစ်လဗီယိုက ပြန်ဖြေပါသည်။
ဆစ်လဗီယိုသည် ထိုင်ရာမှ ထ၍ စက္ကူသေတ္တာ တစ်ခုထဲမှ ရွှေပန်းပွါးချ ပိုးချည်ထိုး ဦးထုပ်နီ တစ်လုံးကို ထုတ်ယူ၍ သူ့ဦးခေါင်းထက်၌ ဆောင်းပြပါသည်။ နဖူးစအထက် တစ်လက်မခန့် အကွာတွင် ဦးထုပ်၌ သေနတ်ရာ တစ်ခု ရှိသည်ကို တွေ့ရပါသည်။
“ခင်ဗျားလဲ သိမှာပေါ့၊ ကျုပ်အရင်တုန်းက မြင်းတပ်မှာ လုပ်ဖူးတယ် ဆိုတာ ခင်ဗျားအသိပဲ။ ပြီးတော့ ကျုပ်စိတ်လဲ ခင်ဗျားသိမှာပေါ့။ ကျုပ်က ဘယ်နေရာမှာ ဖြစ်ဖြစ် ရှေ့ဆုံး ထိပ်တန်းကချည်း နေလေ့ ရှိခဲ့တယ်။ ကျုပ်ငယ်ငယ်က ဆိုရင် ဒီလို ထိပ်တန်းကချည်း နေရဖို့ အင်မတန် ဝါသနာ ကြီးတယ်။ ကျုပ်တို့ခေတ်တုန်းက ဆူဆူပူပူ ရန်ဖြစ်တယ် ဆိုတာ အင်မတန် ခေတ်စားတာပဲ။ တပ်ထဲမှာဆိုရင် ကျုပ်ဟာ နှစ်ယောက်ချင်း ယှဉ်ပြီး တိုက်ရ ခိုက်ရမယ်ဆိုရင် ဝိတ်ပဲ။ ပြီးတော့ ဟိုတုန်းက အရက်မူးရတာကိုပဲ ဂုဏ်ယူကြ သဗျာ့။ ပြင်သစ်နဲ့ တိုက်ရတဲ့ အမျိုးသား စစ်ပွဲမှာ နာမည် ကျော်ကြားခဲ့တဲ့ မျိုးချစ် တပ်မတော်သား တစ်ဦးနဲ့ ကျုပ်ဟာ စားပွဲခုံအောက်မှာ အပြိုင် သောက်ခဲ့တာ ကျုပ် အနိုင်ရခဲ့တယ်။ ကျုပ်တို့ တပ်ထဲမှာဆိုရင် နှစ်ယောက်ချင်း ဓားချင်း ယှဉ်ခုတ်တာ၊ သေနတ်ချင်း ယှဉ်ပစ်တာဟာ မိနစ် မလပ်ပါဘူး၊ ခဏခဏပဲ။ အဲဒီပွဲတိုင်းမှာ ကျုပ်ဟာ ဦးဆောင်တဲ့လူလဲ ဖြစ်ရမယ်။ ဒါမှမဟုတ် သူများတကာ ရန်ဖြစ်တဲ့အထဲ ဝင်ကူတဲ့လူ ဖြစ်ရမယ်။ ကျုပ်ရဲဘော်တွေ ဆိုရင် ကျုပ်ကို အာဇာနည်လို ကိုးကွယ်ခဲ့ကြတာပေါ့။ ဒါပေမယ့် တပ်ဦးစီး အရာရှိတွေကတော့ ကျုပ်ကို မတတ်သာလို့ တွေ့ရတဲ့ လူဆိုးကြီးလို့ ယူဆကြသပေါ့ဗျာ”
“ဒီလိုနဲ့ပဲ ကျုပ်လဲ နာမည်ကြီး တစ်လုံးနဲ့ စိတ်ချလက်ချ နေခဲ့တာပေါ့။ ဒါပေမယ့် တကယ်တော့ ကိုယ့်ကိုယ်ကို တယ်ပြီး စိတ်မချရသေးဘူးဗျာ့။ ဘာကြောင့်ဆိုတော့ တစ်နေ့မှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ လူငယ်တစ်ယောက် တပ်ထဲ ဝင်လာတယ်။ သူ့မျိုးရိုးက အတော်ပဲ ကောင်းတယ်၊ အမည်နာမကိုတော့ ကျုပ် မပြောပါရစေနဲ့တော့။ ကျုပ်တော့ဖြင့် ဒီလောက် ကုသိုလ်ကံ ထောက်မပြီး ထက်မြက်တဲ့လူကို မကြုံဖူးသေးပါဘူး။ အရွယ်ကလဲ ကောင်းတုန်း၊ ဉာဏ်ကလဲ ထက်၊ ရုပ်ကလဲ မခေ၊ စိတ်ဓာတ်ကလဲ ရွှင်မြူး၊ သတ္တိလဲ ကောင်း၊ နာမည်လဲ ကြီး၊ ပိုက်ဆံလဲ ဖော၊ ဖောလိုက်တဲ့ ပိုက်ဆံ ကုန်တယ်လို့ကို မရှိ။ ကိုင်း ဒါတွေကိုသာ စဉ်းစားကြည့်တော့။ ဒီတော့ သူဟာ ကျုပ်တို့အပေါ်မှာ ဘယ်လောက် အထင်ကြီးစရာ ဖြစ်တယ်ဆိုတာ စဉ်းစားလို့သာ ကြည့်ပေတော့။ ကျုပ်က တပ်ထဲမှာ နာမည်ကြီး တစ်လုံးနဲ့ နေခဲ့သမျှ အလကား ဖြစ်သွားတာပေါ့။ ကျုပ် နာမည်ကြီးမှန်း သိလို့ သူက ကျုပ်ကို ပထမစပြီး မိတ်ဖွဲ့ပါတယ်။ ဒါပေမယ့် ကျုပ်က သူ့ကို အဖက် မလုပ်ဘူး။ ဒီတော့ သူက ကျုပ်ကိုရှောင်တယ်၊ ကျုပ်နဲ့ အသိ မလုပ်ရလို့လဲ သူ့မှာ အရေးမကြီးဘူး ဆိုတဲ့ သဘောပေါ့လေ။ အဲဒီတော့ ကျုပ်က သူ့ကို အမုန်းကြီး မုန်းတာပဲ။ တပ်ထဲမှာ သူ နာမည် ကျော်လာလေလေ၊ မိန်းမတွေထဲမှာ သူ့နာမည် ကြီးလာလေလေ၊ ကျုပ်လဲ ပိုပြီးတော့ ဒေါသ ဖြစ်မိလေလေပဲ။ ကျုပ်လဲ သူနဲ့ ရန်ဖြစ်ရအောင်လို့ ရန်စတယ်၊ ကျုပ်က ခနဲ့ရင် သူက ပြန်ပြီး ခနဲ့တယ်။ သူ ခနိုးခနဲ့ ပြောတာက ကျုပ်ထက်ပိုပြီး ထိတယ်။ ပိုပြီး ထက်ထက်မြက်မြက် ရှိတယ်။ ပိုပြီးတော့ ရယ်စရာလဲ ကောင်းတယ်။ သူကတော့ ပျော်စေဆိုတဲ့ သဘောလောက်ပါပဲ။ ကျုပ်ကတော့ သူ့ကို စရင် နာကြည်းအောင် ဆွပေးတယ်။ တစ်နေ့တော့ ပိုလန်လူမျိုး မြေပိုင်ရှင်တစ်ဦးက တစ်ညနေမှာ ကပွဲတစ်ခု ကျင်းပတယ်။ အဲဒီအိမ်မှာ ကျုပ်နဲ့ ဖြစ်ပျက်နေတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်။ ကပွဲမှာဆိုရင် အဲဒီ မိန်းကလေးနဲ့အတူ အားလုံးသော မိန်းမတစ်တွေဟာ သူ့ကို မျက်စိ ကျကြတယ်။ ဒါနဲ့ ကျုပ်က ရိုင်းရိုင်းပျပျနဲ့ ရန်စ စကားကို သူ့နားကိုကပ်ပြီး တိုးတိုး ပြောလိုက်တယ်။ သူလဲ မျက်နှာကြီး နီလာပြီး ကျုပ်ကို ပါးရိုက်တယ်။ ကျုပ်တို့လဲ ကိုယ့်ဓား ကိုယ် ဆွဲကြတာပေါ့၊ မိန်းမတစ်တွေဟာ ကြောက်လန့်တကြားနဲ့ မေ့သူမေ့ မြောသူမြောပဲ။ ကျုပ်တို့ နှစ်ဦးကိုလဲ ဝိုင်းပြီး လူချင်း ခွဲပေးကြတယ်။ ဒါနဲ့ အဲဒီ ညတွင်းချင်းမှာ သူနဲ့ ကျုပ်နဲ့ နှစ်ယောက် သေနတ်ချင်း ယှဉ်ပစ်ဖို့ ချိန်းလိုက်တယ်”
“ဒီအချိန်ကတော့ ရောင်နီလာတဲ့ အချိန်ပဲ၊ ကျုပ်လဲ ကျုပ်အဖော် သုံးယောက်နဲ့ ချိန်းတဲ့နေရာမှာ စောင့်တယ်။ ကျုပ်ရန်သူကို ကျုပ်စောင့်ရတာ စိတ်ကို မရှည်နိုင်ဘူး။ ရာသီကလဲ နွေဦးပေါက်ရာသီ ဆိုတော့ နေကလည်း စောစော ထွက်တယ်။ ဒါကြောင့် မိုးသောက်လို့ ဆိုပေမယ့် နေအတော်ပြင်းပြီ။ သူ ဝေးဝေးက လာတာကို ကျုပ်မြင်တယ်၊ သူ လမ်းလျှောက်လာတယ် သူ့ အပေါ်အကျႌက သူ့ဓားပေါ်မှာ ဖုံးနေတယ်။ သူ့မှာ အဖော် တစ်ယောက်လည်း ပါတယ်။ ကျုပ်တို့လဲ သူ့ကို ခရီးဦးကြို ပြုကြတာပေါ့။ သူကတော့ ချယ်ရီသီးတွေ ထည့်ထားတဲ့ သူ့ဦးထုပ်ကိုင်ပြီး ကျုပ်တို့ဆီကို လာတယ်။ ကျုပ်တို့ကို ကူမယ့် အဖော်တွေက ကျုပ်တို့ နှစ်ဦးကို တစ်ဦး တစ်ဦး ခြေလှမ်း ၁၂ လှမ်း ကွာမှာ နေကြဖို့ နေရာချပေးတယ်။ ကျုပ်က သူ့ကို အရင်ပစ်ရဖို့ စည်းကမ်း သတ်ကြတယ်။ နို့ပေမယ့် ကျုပ်ကတော့ ဒေါသကြောင့် ဆတ်ဆတ် တုန်နေတော့ ကျုပ် လက်ငြိမ်ပါ့မလားလို့ စိတ်မချ ဖြစ်မိတယ်။ ဒါကြောင့် သူက အရင်စပြီး ပစ်ပစေလို့ ပြောလိုက်တယ်။ ဒါပေမယ့် ကျုပ်နဲ့ ယှဉ်ပစ်ရမယ့် တစ်ဖက်က ရန်သူက ဒါကို သဘောမတူဘူးလို့ ငြင်းတယ်။ ဒီတော့ မဲချဖို့ ဖြစ်လာတယ်။
သင်းက ကျုပ်နဲ့ ယှဉ်ရင် အင်မတန် ကံကောင်းတဲ့လူ ဆိုတော့ သူအရင် ပစ်ဖို့ မဲကျတယ်။ ဒါနဲ့ သူလဲ သေသေချာချာ ချိန်ပြီး ပစ်လိုက်တာ ကျုပ် ဦးထုပ်ကို သေနတ် လာမှန်တယ်။ ကိုင်း ဒီတော့ ကျုပ်ပစ်ဖို့ အလှည့်ရောက်ပြီ။ သူ့ အသက်ဟာ ကျုပ်လက်ခုပ်ထဲမှာ။ ကျုပ်က သူဟာ သူ့အသက်ကို ဘယ်လောက် စိုးရိမ်နေသလဲလို့ သူ့ကို စိုက်ပြီး ကြည့်လိုက်တယ်။ ဘသားချောက သူ့ဦးထုပ်ထဲက ချယ်ရီသီးတွေကို ရွေးစားပြီးတော့ ကျုပ် သေနတ်ကို မျက်နှာချင်းဆိုင် ရပ်နေတယ်။ သူ ဒီလို မတုန်မလှုပ် နေတာကို ကျုပ်က ပိုပြီး ဒေါသထွက်မိတယ်။ ကိုယ့်အသက်ကို ကိုယ် တန်ဖိုး မထားတဲ့ လူရဲ့ အသက်တစ်ချောင်းကို ဖျက်ဆီးဖို့ဆိုရင် ဘာအရသာ ရှိတော့မှာလဲ။ အဲဒီလို ကျုပ် ပက်ပက်စက်စက် တွေးမိတယ်။ ဒါနဲ့ပဲ ချိန်ထားတဲ့ သေနတ်ပြောင်းဝကို အောက်စိုက်ချပြီးတော့ ကျုပ်က ပြောတယ်။
'မင့်မှာ သေဖို့အရေးကို မတွေးနိုင်လောက်အောင် အလုပ်များနေဟန် တူတယ်။ မင်း နံနက်စာ မစားရသေးလို့ စားချင်သပ ဆိုရင်လည်း ငါ မနှောင့်ယှက်ပါဘူး' အဲသလို ကျုပ်ကပြောတော့ သူက ပြန်ပြောတယ်။ 'မင်း ငါ့ကို အနှောင့်အယှက် ပေးတယ်လို့ သဘောမထားပါဘူး။ မင်း ပစ်မှာသာ ပစ်ပါ။ မင်း သဘောပါပဲ။ မင်းက ငါ့ကို သေနတ်နဲ့ တစ်ချက်ပြန်ပစ်ဖို့ အခွင့်ရှိနေတယ်။ ဘယ်အချိန် ဘယ်အခါမှာ ပစ်ပစ်၊ ငါ မင်းအတွက် အဆင်သင့်ပဲ'။
ဒီလို သူက ပြန်ပြောတော့ ကျုပ်က ကျုပ်အဖော်တွေဘက် လှည့်ပြီး 'ကျုပ် အခု မပစ်ချင်သေးဘူး' လို့ ပြောပြလိုက်တယ်။ ဒါနဲ့ပဲ ဒီရန်ပွဲ ဒီတွင် ပြီးကရော။
“ကျုပ်လဲ တပ်ထဲက ထွက်လိုက်တယ်။ ပြီးတော့ ဒီနေရာမှာ လာပြီး ခိုနေတာပဲ။ အဲဒီကတည်းက စပြီး ဘယ်လို လက်စားချေရ ပါ့မလဲလို့ ကျုပ် နေ့တိုင်း တွေးခဲ့တယ်။ ဟော အခု ကျုပ်အချိန် ကျလာပြီ”
ဆစ်လဗီယိုသည် နံနက်က ရသော စာကို သူ့အိတ်တွင်းမှ ဆွဲထုတ်၍ ကျွန်တော့်အား ဖတ်ရန် ပေးပါသည်။ သူ၏ ရှေ့နေနှင့်တူသော ပုဂ္ဂိုလ်တစ်ဦးက တစ်စုံတစ်ယောက်သော သူသည် လှပသော မိန်းကလေး တစ်ဦးနှင့် လက်ထပ်တော့မည်ဟု မော်စကိုမြို့မှ နေ၍ အကြောင်း ကြားလိုက်သော စာ ဖြစ်ပါသည်။
ဆစ်လဗီယိုက “ကိုင်း တစ်စုံတစ်ယောက်သောသူ ဆိုတာ ဘယ်သူလဲ ဆိုတာ ခင်ဗျား သိရောပေါ့။ သူ လက်ထပ်မယ့် နေ့မှာ တစ်ခါတုန်းက ချယ်ရီသီး ဦးထုပ်ထဲက နှိုက်စားရင်း သေဘေးကို ရင်ဆိုင်ရဲသလို ဒီတစ်ခါ မတုန်မလှုပ်နဲ့ ရင်ဆိုင်ဝံ့ပါ့မလား ဆိုတာ ကျုပ်တို့ သိရတော့မှာပေါ့ဗျာ” ဟု ပြောလိုက်ပါသည်။
ဤသို့ ပြောပြီးနောက် ဆစ်လဗီယိုသည် ထိုင်ရာမှ ထ၍ သူ့ဦးထုပ်ကို ကြမ်းပေါ်သို့ ပစ်ချပြီးလျှင် လှောင်အိမ်ထဲ မိနေသော ကျားကြီးပမာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေပါသည်။ ကျွန်တော်ကား မလှုပ်မယှက် ငြိမ်သက်စွာဖြင့် သူပြောချင်သမျှ စကားကို ပြီးအောင် နားထောင်ရင်း ရင်တွင်း၌ အမျိုးမျိုးသော စိတ်လှုပ်ရှားမှု၏ ဒဏ်ကို ခံစားလျက် နေရပါ၏။
ဤအတွင်း ခရီးထွက်ရန် မြင်းများ အရန်သင့် ရှိကြောင်းကို အစေအပါးတို့က လာ၍ ပြောကြပါသည်။ ဆစ်လဗီယိုသည် ကျွန်တော်၏ လက်ကို အားပါးတရ ဖမ်းကိုင် နှုတ်ဆက်ပါသည်။ ကျွန်တော်တို့ နှစ်ဦးသား ဖက်ယမ်း နှုတ်ဆက်သေး၏။ ထို့နောက် သူသည် မြင်းရထားပေါ်သို့ တက်သွားပါသည်။ ရထားထဲတွင် သေတ္တာနှစ်လုံး ရှိသည်။ တစ်လုံးမှာ သူ၏ အဝတ်သေတ္တာ ဖြစ်သည်။ ကျန်တစ်လုံးမှာ သူ၏ သေနတ်သေတ္တာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် နောက်ထပ်တစ်ဖန် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကြပြန်သည်။ ထို့နောက်၌ကား မြင်းများသည် ကဆုန်ပေါက်၍ ပြေးကြပြီ ဖြစ်ပါသည်။
နှစ်တို့သည် လွန်၍ သွားချေပြီ။ အိမ်တွင်းရေး ကိစ္စတို့ကြောင့် ကျွန်တော်သည် အမည်မဖော်လိုသော ခရိုင်တစ်ခုရှိ ဆင်းရဲသော ကျေးရွာ တစ်ရွာတွင် နေထိုင်ရပါသည်။ ကျွန်တော် ပိုင်ဆိုင်သော ပစ္စည်းပစ္စယတို့ကို ထိန်းသိမ်း စီမံနေရာမှ ယခင်က အပူအပင်မရှိ ဟစ်အော် ပျော်ရွှင်ကာ နေခဲ့ရသော ဘဝကို တမ်းတမိပါသည်။ ဆောင်းဦးနှင့် ဆောင်းရာသီတွင် အလွန်အမင်း တိတ်ဆိတ်လှသော ညနေခင်းများဖြင့် အချိန်ကုန်ရသည်မှာ ကျွန်တော်သည် မခံနိုင်အောင် ဖြစ်ရပါသည်။ သို့သော် ညစာမတိုင်မီ တစ်နည်းနည်းဖြင့် အချိန်ဖြုန်းရန် အလို့ငှါ ရွာခေါင်းနှင့် စကားစမြည် ပြောခြင်း၊ ကျွန်တော့ ပိုင်နက်အတွင်း လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုခြင်း၊ လုပ်ငန်းသစ် ရှိရာ သွားရောက်ခြင်း စသည်တို့ကို ပြုလုပ်ရပါသည်။ သို့ပါလျက် နှင့်လည်း ညချမ်းအချိန် ရောက်လျှင် ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ဘဲ ရှိရှိသမျှသော အိမ်ခန်းနှင့် ပစ္စည်းထားခန်းတို့တွင် ရှိရှိသမျှသော စာအုပ်တို့ကို ဖတ်ရှုရင်းနှင့် စာပါ အကြောင်းအရာများကို အလွတ်နီးနီး အာဂုံဆောင်ပြီး ဖြစ်ပါသည်။ အိမ်တွင်းမှု ထိန်းသိမ်းသူ ကီရိလဗ္ဗနာ ဆိုသော မိန်းမကြီးမှာလည်း သူ ပြောလေ့ပြောထ ရှိသော ပုံဝတ္ထု မှန်သမျှကို ကျွန်တော့်အား ထပ်ကာ ထပ်ကာ ပြောပြ၍ ကုန်ပါပြီ။ အခြားမိန်းမများက သီဆိုပြသော သီချင်းတို့သည်လည်း ကျွန်တော့်အား စိတ်ညစ်အောင်သာ ဖန်တီးနိုင်ပါတော့သည်။
အရက်သောက်လွန်း၍ ခေါင်းမကိုက်ဟု ဆိုလျှင် ကျွန်တော် အရက်ကို ဖိ၍ သောက်မိပါလိမ့်မည်။ သို့သော် ပျင်းရိငြီးငွေ့သော အကြောင်း တစ်ခုကြောင့် အရက်သမား ဖြစ်ရမည်ကို စိုးရိမ်မိကြောင်း ကျွန်တော် ဝန်ခံရပါမည်။ ဤအကြောင်းကြောင့် အရက်သမား ဖြစ်ရခြင်းသည် အလွန် ဆိုးပါသည်။ ကျွန်တော် နေထိုင်ခဲ့ရာ ဒေသတွင် ဤသို့ဖြစ်ရခြင်း နမူနာတို့ကို ကျွန်တော် တွေ့ခဲ့ဖူးလှပါပြီ။ ကျွန်တော်နှင့် အိမ်နီးပါးချင်း ဆို၍ ကျွန်တော့်လို လူမျိုး နှစ်ယောက် သုံးယောက်မျှသာ ရှိပြီးလျှင် အားလုံးဆုံ၍ စကားဝိုင်း ဖွဲ့မိကြလျှင် သက်ပြင်းချ၍ ချောင်းတဟန့်ဟန့်နှင့် ပြီးကြရပါသည်။ စင်စစ် ဤကဲ့သို့သော သူများနှင့် အတူ နေရသည်ထက် တစ်ဦးတည်း အဖော်မဲ့သည့် ဘဝက ပို၍ ကောင်းလိမ့်ဦးမည်။
သုံးမိုင်ခန့် အကွာတွင် မြို့စားကတော် တစ်ဦး၏ မြေယာများ ရှိပါသည်။ သို့သော် ထိုမြေယာပေါ်တွင် စောင့်ထိန်းသူ တစ်ဦးက လွဲ၍ မည်သူမျှ မနေပါ။ မြို့စားကတော် ဆိုသူမှာ အိမ်ထောင်ကျစ နှစ်တွင် တစ်ခါလောက်သာ လာရောက်ပြီး တစ်လ ပြည့်အောင်မျှပင် မနေခဲ့ပါ။ သို့သော် ကျွန်တော် တစ်ဦးတည်း နေထိုင်၍ နွေဦးပေါက်ရာသီ နှစ်ခါလည်မျှ ရှိသောအခါ နွေရာသီ အတွင်းတွင် မြို့စားကတော်သည် သူ၏ ခင်ပွန်းနှင့်အတူ လာရောက်လိမ့်မည်ဟု သတင်းစကား ကြားသိရပါသည်။ ဇွန်လသို့ ရောက်သောအခါ သူတို့ နှစ်ဦး အကယ်ပင် ဆိုက်ရောက်လာကြပါသည်။
တောနေလူထု အဖို့ အိမ်နီးချင်း လူချမ်းသာတစ်ဦး ရောက်လာသည် ဆိုမှဖြင့် သူတို့၏ ဘဝတစ်သက်တာတွင် အခါကြီး ရက်ကြီး တစ်ရက်ပင် ဖြစ်ပါတော့သည်။ သူတို့ ရောက်မလာမီ နှစ်လခန့်က ကြိုတင်၍ မြေပိုင်ရှင်နှင့် ခြွေရံသင်းပင်းတို့သည် သူတို့ရောက်မည့် အကြောင်းကို ပြောဆိုကြ၍ သူတို့ ပြန်သွားပြီးနောက် သုံးနှစ် အတွင်းတွင် သူတို့ အကြောင်းကို ပြောမကုန်နိုင် ဖြစ်ရပါသည်။ ကျွန်တော့် အဖြစ်ကို ဖွင့်ဟ အစီရင်ခံရပါမူ ငယ်ငယ်ရွယ်ရွယ်နှင့် လှလှပပ ရှိသူ အိမ်နီးချင်းတို့ ရောက်လာလိမ့်မည် ဟူသော သတင်းသည် ကျွန်တော့်အား အတော်ပင် လွှမ်းမိုးခဲ့သည်ကို ဝန်ခံရပါမည်။ ကျွန်တော်သည် မြို့စားကတော်ကို တွေ့ချင်ဇောဖြင့် သူရောက်ပြီးနောက် တနင်္ဂနွေနေ့၌ ညစာ စားပြီးလျှင် ပြီးချင်း သူနေထိုင်ရာ ရွာကလေးသို့ ထွက်လာခဲ့ပြီးလျှင် အရှင်နှစ်ပါးတို့၏ အိမ်နီးချင်း ဖြစ်သော ကျွန်တော်မျိုးသည် ဂါရဝတရား ရှေ့ထားသောအားဖြင့် အရှင်တို့၏ အကျိုးကို သည်ပိုးမည့် အကြောင်း ပြောဆို မိတ်ဖွဲ့မိပါသည်။
မြို့စားကြီး၏ မင်းလုလင်သည် ကျွန်တော့်အား မြို့စားကြီး၏ အခန်းသို့ ခေါ်ဆောင် သွားပြီးလျှင် ကျွန်တော် လာရောက်ကြောင်း ပြောကြား၍ အခန်းမှ ထွက်သွားပါသည်။ အခန်းကျယ်ကြီးမှာ စည်းစိမ်ရှင်တို့၏ အိမ်ထောင် ပရိဘောဂဖြင့် မွမ်းမံထားပါသည်။ နံရံတွင် စာအုပ်များ ပြည့်နှက်နေသော စာအုပ်စင်များ ရှိ၍ ထိုစင်များပေါ်၌ ကိုယ်တစ်ပိုင်း ကြေးရုပ်များ ရှိပါသည်။ ကျောက်ဖြင့်ပြီးသော မီးလင်းဖို၏ အပေါ်ဆင့်၌ မှန်တစ်ချပ် တပ်ဆင် ထားပါသည်။ ကြမ်းပြင်၌မူကား ကော်ဇောစိမ်းကြီး ခင်းထား၍ ထိုကော်ဇော ပေါ်၌လည်း အခင်းများ ပြန့်ကျဲလျက် ရှိပါသည်။
ဤကဲ့သို့ ခမ်းနားသည့် စည်းစိမ်တို့မှ ဝေးရာ တဲစုတ်ငယ်၌ နေခဲ့ရသော ကျွန်တော့်မှာ တစ်ပါးသူတို့၏ စည်းစိမ်ချမ်းသာ ကိုလည်း မတွေ့ကြုံဘူး သည်မှာ ကြာပြီဖြစ်၍ အတန်ငယ် ရွံ့မိသောကြောင့် တောနယ်မှ အမှုသည် တစ်ဦးသည် ဝန်ကြီးတစ်ပါးကို တွေ့ရမည်ကဲ့သို့ မြို့စားကြီး ထွက်လာမည်ကို စောင့်မျှော်မိပါသည်။ တံခါးပွင့် လာသောအခါ အသက် သုံးဆယ်နှစ်နှစ်ခန့် ရှိသော အလွန်တရာ လှပတင့်တယ်သည့် ပုဂ္ဂိုလ်တစ်ယောက် ထွက်လာပါသည်။ မြို့စားကြီးသည် ခင်မင်ရင်းနှီးသော မိတ်ဆွေတို့၏ အမူအရာဖြင့် ကျွန်တော့် အပါးသို့ တိုးလာပါသည်။ ကျွန်တော့်မှာ မိမိ၏ ဣန္ဒြေကို ဆည်ရင်း ကျွန်တော် မည်သူမည်ဝါ ဖြစ်ကြောင်း ပြောကြားမည်အပြုတွင် မြို့စားကြီးက ကျွန်တော့်ကို နှုတ်ခွန်း ဆက်ပါသည်။ ကျွန်တော်တို့ နှစ်ဦးသား ထိုင်ပြီးလျှင် စကားပြောကြသော အခါ ကျွန်တော် တစ်ကိုယ်ရေ တစ်ကာယ နေခဲ့ရခြင်းကြောင့် ရှက်ကြောက်တတ်သော အမူအရာတို့မှာ သူ၏ ယဉ်ကျေးဖွယ်ရာ ပြောကြားသော စကားတို့ကြောင့် ပပျောက် သွားပါသည်။ ကျွန်တော် အတော်ကလေး နေသားထိုင်သား ကျသောအခါ မြို့စားကတော် ထွက်လာပါသည်။ ထိုအခါ ကျွန်တော့်မှာ ယခင်ကထက်ပင် ပို၍ အနေရ အထိုင်ရ ခက်လာ ပါတော့သည်။ မြို့စားကတော်မှာ အမှန်ပင် လှပယဉ်ကျေး ပါဘိသည်။ မြို့စားကြီးက မြို့စားကတော်ကို ကျွန်တော်နှင့် မိတ်ဆက် ပေးပါသည်။ ကျွန်တော်ကား အခြေ မပျက်အောင် ဘာမျှ မတုန်လှုပ်သည့် ဟန်ဖြင့် ဣန္ဒြေဆောင်လေလေ၊ ပို၍ ဣန္ဒြေပျက်လေလေ ဖြစ်ရပါတော့သည်။ မတွေ့ဘူး မကြံုဘူးသေးသော သူတို့နှင့် ရင်းနှီးမှု ရှိလာလေအောင် ကျွန်တော် သတိလက်လွတ် ဖြစ်သည်ကိုလည်း ပြန်၍ ဣန္ဒြေ ဆည်နိုင်လေအောင် သူတို့ လင်မယား နှစ်ဦးသား စကားစမြည် ပြောကြ၍ ကျွန်တော့်အား ကိန်းကြီး ခန်းကြီး မလုပ်ဘဲ အိမ်နီးချင်း မိတ်ဆွေကောင်း သဖွယ် ဧည့်ခံကြပါသည်။ ဤအတွင်း ကျွန်တော်ကား ထိုမှ ဤမှ ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး စာအုပ်များ၊ ပန်းချီကားများကို ကြည့်ရှုပါသည်။ ကျွန်တော်သည် ပန်းချီကားများ အကြောင်းကို ဘာမှ မသိပါ။ သို့သော် ကားတစ်ချပ်ကို ကျွန်တော် အလွန် မျက်စိကျမိပါသည်။ ထိုပန်းချီကားမှာ ဆွစ်ဇာလန်နိုင်ငံ၏ ရှုခင်းတစ်ခုကို ခြယ်ထားသော ကားတစ်ချပ်မျှသာ ဖြစ်ပါ၏။ သို့သော် ကျွန်တော့်စိတ်ကို ဆွဲဆောင်သည်မှာ ထိုရှုခင်း မဟုတ်ပါ။ ကားချပ်ပေါ်တွင် သေနတ်ရာနှစ်ခု တစ်ခုပေါ်တစ်ခု ထပ်နေသည့် အချက်သည်သာလျှင် ကျွန်တော့်စိတ်ကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်တော်သည် မြို့စားကြီးဘက်သို့ လှည့်၍ “တယ်ဖြောင့်တဲ့ လက်ပဲ” ဟု ပြောလိုက်မိပါသည်။ မြို့စားကြီးက “ဟုတ်တယ်၊ အင်မတန် ဖြောင့်တဲ့ လက်ပဲ။ ခင်ဗျား သေနတ်ပစ် လက်ဖြောင့်ရဲ့လား” ဟု ကျွန်တော့်အား မေးပါသည်။
ကျွန်တော်သည် ကျွန်တော့်ဝမ်းထဲ၌ အနှစ်သက်ဆုံး ဖြစ်သော အကြောင်းကို ပြောဆိုခွင့် ကြုံလာ၍ ဝမ်းသာအားရ ဖြစ်ပြီးလျှင် ကျွန်တော်မှာ သေနတ်ပစ်ရာ၌ ပထမစွဲသူ ဖြစ်ကြောင်းကို ပြောပြလိုက်ပါ၏။ “ကျွန်တော် ပစ်နေကျ သေနတ်နဲ့သာ ပစ်ရမယ်ဆိုရင် ဖဲတစ်ချပ်ကို ခြေလှမ်း သုံးဆယ်လောက် အကွာက မလွတ်တမ်း ပစ်နိုင်ပါရဲ့” ဟု ကျွန်တော်က ပြောပြပါသည်။
ထိုအခါ မြို့စားကတော်သည် ကျွန်တော့်စကားကို အလွန် အာရုံစိုက်သော အမူအရာဖြင့် “တကယ်လားရှင့်” ဟု မေးပြီးလျှင် သူ၏ ခင်ပွန်းအား “ကိုကိုရယ်၊ ရှင် သူ့လို ခြေလှမ်း သုံးဆယ်ကွာက နေပြီး ဖဲချပ်ကို မှန်အောင် ပစ်နိုင်ပါ့မလား” ဟု မေးလေသည်။
မြို့စားကြီးကမူ “အေးကွယ် ... တစ်နေ့ကျတော့ စမ်းပြီး ပစ်ကြည့် သေးတာပေါ့” ဟု ဆိုပြီးလျှင် “ကျုပ်ခေတ်တုန်းက ဆိုရင် ကျုပ်ဟာ သေနတ်ပစ် မညံ့ခဲ့ပါဘူး။ ဒါပေမယ့် သေနတ်ကို မကိုင်တာ လေးနှစ်လောက် ရှိသွားပြီ” ဟု ကျွန်တော့်အား ပြောပြပါသည်။
ထိုအခါ ကျွန်တော်က “ဟာ ဒီလိုဆိုရင် အရှင်ဟာ ခြေလှမ်း နှစ်ဆယ်ကွာက နေပြီး ဖဲချပ်ကို မှန်အောင် ပစ်နိုင်ဖို့ ဝေးပါသေးတယ်။ ခြောက်လုံးပြူး သေနတ် ပစ်တယ်ဆိုတာ အကျင့်ရှိမှ ခင်ဗျာ့။ ကျွန်တော်က တွေ့ဖူး ကြုံဖူးလို့ သိတာပါ။ ကျွန်တော့် စစ်တပ်ထဲမှာ ဆိုရင် ကျွန်တော်ဟာ လက်အတည့်ဆုံးပါပဲ။ ဒါပေမယ့် တစ်ခါက ကျွန်တော့် သေနတ်ကို ပြင်နေရလို့ တစ်လလုံးလုံး သေနတ်ကို မကိုင်ခဲ့မိဘူး။ အဲဒီတော့ အရှင့်နှယ် ဘာဖြစ်သွားတယ် ထင်သလဲ။ ကျွန်တော် အဲဒီနောက် ပထမဆုံး သေနတ်ပစ် ကြည့်တယ် ဆိုရင်ပဲ ခြေလှမ်းနှစ်ဆယ် အကွာကနေပြီး ပုလင်း ထောင်ထားတာတောင် မှန်အောင် မပစ်နိုင်တော့ဘူး။ ကျွန်တော်တို့ အထဲမှာ အင်မတန် ပျော်တတ်ပြီး ခပ်ရွှန်းရွှန်း ဗိုလ်ကြီးတစ်ယောက် ရှိတယ်။ သူကတောင် ကျွန်တော့်ကို အေးကွယ် ... မင်းဟာ ပုလင်းကိုတောင်မှ သေအောင် သေနတ်နဲ့ မပစ်ချင်ဘူးဆိုတာ ဒို့သိပါတယ်လို့ ပြောင်ပြောသေးတယ်။ ဒီတော့ အရှင် မြို့စားကြီး ခင်ဗျား။ သေနတ်ပစ် ကျင့်တာကို လက်လွှတ်ပြီး ပေါ့ပေါ့တန်တန် မနေပါနဲ့။ မကြာခင် လက်ပျက် သွားပါလိမ့်မယ်။ ကျွန်တော်သိဖူးတဲ့ သေနတ်ပစ် လက်တည့်သူ မိတ်ဆွေ တစ်ယောက်ကတော့ နေ့တိုင်း သေနတ်ပစ် လက်တည့် စမ်းတာပဲ။ အနည်းဆုံး ညစာထမင်းစားချိန် မတိုင်မီ သုံးခါလောက် သေနတ်ပစ် ကျင့်တယ်။ သူ့အတွက်တော့ ထမင်းမစားခင် အရက်တစ်ခွက် သောက်သလို အကျင့် ဖြစ်နေတော့တာပါပဲ”
ဤသို့ ကျွန်တော် စကားအမျှင်မပြတ် ပြောနေလေရာ မြို့စားနှင့် မြို့စားကတော်တို့မှာ ယခုမှ ကျွန်တော် စကားစ ရှာ၍ တွေ့သည်နှင့် ဝမ်းမြောက်လျက် ရှိကြဟန် တူပါသည်။
“ကျုပ်ကို အဲဒီ သေနတ်ပစ်တဲ့ အကြောင်း ပြောပြစမ်းပါဗျာ” ဟု မြို့စားကြီးက စကားစပါသည်။ ထိုအခါ ကျွန်တော်က “ပြောပြဆို ဒီလိုပါ အရှင်၊ တစ်ခါ တစ်ခါမှာ အုတ်နံရံပေါ်မှာ ယင်တစ်ကောင် နားနေတာကို သူ တွေ့ရတယ်။ ဪ ... မြို့စားကြီး ကတော်က ကျွန်တော် ဒီလို ပြောပြတော့ ရယ်မိမှာပဲ။ နို့ပေမယ့် ကျွန်တော် အမှန်အတိုင်း ပြောတာပါ။ ဘုရားစူး ကျိန်ဝံ့ပါတယ်။ အဲ ... သူ ဒီလို ယင်တစ်ကောင်ကို မြင်ရင်ပဲ သူ့တပည့်ကို အော်ခေါ်ပြီး သေနတ်တောင်းတယ်။ သူ့တပည့်ကလဲ ယမ်းထိုးပြီးသား ခြောက်လုံးပြူးကို ပေးတယ်။ ပြီးတော့ ဒိုင်းခနဲ ဆိုရင်ပဲ ယင်ကောင်ကလေးဟာ နံရံမှာ ကြေမွပြီး ကပ်သွားတာပဲ” ဟူ၍ ပြောလိုက်ပါသည်။
ထိုအခါ မြို့စားကြီးက “တယ်ဟုတ်ပါကလား၊ သူ့နာမည်က ဘယ်သူတဲ့တုံး” ဟု မေးပါ၏။ ကျွန်တော်က “အရှင်ရယ် သူ့နာမည်ကတော့ ဆစ်လဗီယို ပါပဲ” ဟု ပြန်ပြော လိုက်သောအခါ မြို့စားကြီးသည် “ဆစ်လဗီယို” ဟု အော်ကာ ထခုန်လိုက်ပါသည်။
“မင်း ဆစ်လဗီယိုကို သိသလား”
“သိတာပေါ့ အရှင်၊ သူနဲ့ ကျွန်တော်ဟာ အင်မတန် ခင်တဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ တပ်ထဲမှာ ဆိုရင် ကျွန်တော်တို့ရဲ့ တပ်သားတစ်ဦးလိုပဲ အင်မတန် အရေးပေး ကြပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ငါးနှစ်လောက် ရှိသွားပါပြီ။ သူ့အကြောင်းကို မကြားရတာ။ ဪ ဒါထက် အရှင်ကလဲ သူ့ကို သိသကိုး”
“သိပါတယ်၊ သူ့ကို ကျုပ်သိသမှ သိပ်သိတာပေါ့ဗျာ။ သူက ခင်ဗျားကို ... အင်း ဖြစ်နိုင်မယ်တော့ မထင်ပါဘူး။ သူက ခင်ဗျားကို သူ့အကြောင်း ထူးထူးခြားခြား အဖြစ်အပျက် တစ်ခုခုများ ပြောပြဖူးသလား”
“အရှင် ပြောချင်တာက သူ့ကို လူပေါ်ကြော့ တစ်ယောက်က ပါးရိုက်ဖူးတဲ့ အကြောင်းလား”
“အဲဒီ လူပေါ်ကြော့ ဆိုတဲ့ လူရဲ့နာမည်ကို ခင်ဗျားကို ပြောဖူးသလား”
“ပြောတော့ မပြောဖူးပါဘူး၊ အရှင်ရယ်”
သည်တွင်မှ ကျွန်တော်လည်း အမှန်ကို ရိပ်မိပါတော့သည်။
“အို ... ဖြစ်မှ ဖြစ်ရပလေ ... အရှင်ရယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က အရှင်မှန်း မရိပ်မိပါဘူး။ အရှင်ပါပဲလား”
မြို့စားကြီးလည်း စိတ်မချမ်းမြေ့စွာဖြင့် “ဟုတ်တယ်၊ ကျုပ်ပဲဗျာ” ဟု ပြန်ပြောပါသည်။ ပြီးတော့လည်း “ဟောဟိုမှာ ရှိတဲ့ ပန်းချီကားရဲ့ အပေါက်ဟာ သူနဲ့ ကျုပ်နဲ့ နှစ်ဦးသား နောက်ဆုံးအကြိမ် တွေ့ရတဲ့ အထိမ်းအမှတ်ပဲဗျာ့” ဟု ဆက်၍ ပြောပါသေးသည်။
ဤတွင် မြို့စားကတော်က “အချစ်ရယ် ဒီအကြောင်း မပြောပါနဲ့တော့။ ကျွန်မ တောင်းပန်ပါရစေ။ ဒီအကြောင်းပြောရင် ကျွန်မ ရင်တုန်လွန်းလို့ပါ။ ရှင် အသိသားနဲ့” ဟု ဝင်၍ ပြောပြန်ပါသည်။
“ဟာ ဒါပေမယ့် ငါ အားလုံးကို ပြောပြမယ်။ သူက သူ့မိတ်ဆွေကို ငါ ဘယ်လို စော်ကားမော်ကား လုပ်မိတယ်ဆိုတာ သိသွားပြီ။ ဒီတော့ ငါ့ကို ဆစ်လဗီယိုက ဘယ်လို လက်စားချေတယ် ဆိုတာ ငါ ပြောပြ လိုက်တော့မယ်” ဟု မြို့စားကြီးက ပြောရင်း ကျွန်တော် ထိုင်ရန် ကုလားထိုင် တစ်လုံးကို ဆွဲယူ လိုက်ပါသည်။ ကျွန်တော်လည်း အောက်ပါ အဖြစ်အပျက်ကို သိချင်ဇောဖြင့် ကောင်းစွာ နားထောင်မိပါသည်။
“ဟိုလွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ် အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျစ ပထမလမှာ ကျုပ် ဒီရွာကို လာပြီး နေတယ်။ ကျုပ်တစ်သက်မှာ ကျုပ် ဒီအိမ်မယ် နေရတာ ပျော်လဲ အပျော်ဆုံးပဲ။ တွေးလိုက်တိုင်း ဝမ်းနည်းစရာလဲ အကောင်းဆုံးပဲ။
တစ်ညနေမှာ ကျုပ်တို့ လင်မယား နှစ်ယောက် မြင်းစီး ထွက်ကြတယ်။ ကျုပ်မိန်းမ စီးတဲ့ မြင်းဟာ ဂနာမငြိမ်ဘူး။ ဒါကြောင့် သူက ကြောက်ရွံ့ လာပြီးတော့ မြင်းဇက်ကြိုးကို ကျုပ်လက်ထဲ ထည့်ခဲ့ပြီး အိမ်ကို ခြေကျင်ပြန်တယ်။ ကျုပ်ကတော့ သူ့အရင် အိမ်ရောက်အောင် မြင်းနှင်ခဲ့တယ်။ အိမ်ရောက်တော့ အိမ်ဝင်းထဲမှာ မြင်းရထားတစ်စီး ဆိုက်ရောက်နေတာ တွေ့ရတယ်။ လူတစ်ယောက်က ကျုပ်နဲ့ ကိစ္စရှိလို့တဲ့။ သူ့နာမည်ကိုလဲ မပြောဘူးတဲ့။ ကျုပ်ရဲ့ စာကြည့်ခန်းထဲမှာ စောင့်နေတယ် ဆိုပဲ။ ဒါနဲ့ ကျုပ်လဲပဲ အခန်းထဲ ဝင်သွားတယ်။ မီးလင်းဖိုရဲ့ ဟောဒီအနားလောက်မှာ ဖုန် အလိမ်းလိမ်းနဲ့ အမွေးအမှင် မသရသေးတဲ့ လူတစ်ယောက်ကို မှောင်ရိပ်ထဲမှာ မြင်လိုက်ပါတယ်။ ဒါနဲ့ ကျုပ်ကလဲ အနားကပ်ပြီး သူ ဘယ်သူပါလိမ့်မလဲလို့ သတိရအောင် စဉ်းစားနေမိတယ်။
သူက အသံတုန်တုန်နဲ့ 'ဟေ့ မြို့စားကြီးရဲ့၊ ငါ့ကို မသိတော့ဘူးလား' လို့ မေးလိုက်တယ်။
ကျုပ်ကလဲပဲ 'ဆစ်လဗီယို' လို့ အော်ခေါ်လိုက်မိတယ်။ ကျုပ် မှန်တဲ့အတိုင်း ဖွင့်ပြောလိုက်မယ်။ ကျုပ် ဘယ်လောက် ကြောက်သလဲ ဆိုရင် ကြက်သီး မွေးညင်းတွေ ထလာတယ်။
'ဟုတ်ပါတယ်၊ ငါ ဆစ်လဗီယိုပဲကွ။ မင်းကို သေနတ်နဲ့ ပစ်ဖို့ ငါ့အလှည့် ရောက်လာပြီလေ။ ဒါကြောင့် လာခဲ့တာပဲ။ မင်း အဆင်သင့် ဖြစ်ပလား' သူက အဲသလို မေးလိုက်တယ်။
သူ့ရင်ပတ် အကျႌအိတ်ထဲက ခြောက်လုံးပြူး သေနတ်ကြီး ထွက်နေတယ်။ ကျုပ်ကလဲ ခြေလှမ်း ဆယ့်နှစ်လှမ်းတိတိ လှမ်းပြီး အခန်းထောင့်နားမှာ ကပ် နေလိုက်တယ်။ 'ကျုပ်မိန်းမ ပြန်မလာခင် မြန်မြန် ပစ်စရာရှိတာ ပစ်ပါ' လို့ မြန်မြန်သာ ကိစ္စတုံးစေဖို့ အတွက် သူ့ကို တောင်းပန်ပါတယ်။ သူက မီးထွန်း ပေးရဦးမယ် ဆိုပြီး အချိန်ကြာအောင် လုပ်နေတယ်။ ကျုပ်လဲပဲ ဖယောင်းတိုင်ကို ယူပေးတယ်။ အခန်းတံခါးကိုလဲ သော့ပိတ်ပြီး အပြင်က ဘယ်သူမှ ဝင်မလာဖို့ အမိန့်ပေးပြီး 'မြန်မြန်သာ ပစ်ပါလိုက်ပါတော့' လို့ သူ့ကို ပြောတယ်။ သူလည်း သေနတ်ကို ထုတ်ယူလိုက်ပြီး ကျုပ်ကို ချိန်တယ်။ ကျုပ်လဲပဲ ကုန်သွားတဲ့ အချိန်ကို တစ်စက္ကန့် နှစ်စက္ကန့်နဲ့ ရေကြည့်တယ်။ ကျုပ်မိန်းမကို သတိရမိတယ်။ ဒါနဲ့ပဲဗျာ စိတ်ထဲမှာ အင်မတန် ကြောက်စရာ ကောင်းတဲ့ မတင်မကျ အချိန်တွေဟာ လွန်သွားလိုက်တာ နောက်ဆုံးတော့ ဆစ်လဗီယိုက သူ့သေနတ်ကို ပြန်ချပြီး ...
'ဟေ့ ... ငါ့သေနတ်ထဲမှာ ချယ်ရီစေ့တွေ ထည့်ထားတာ မဟုတ်ဘူးကွ။ ကျည်ဆန်တွေ ... ကျည်ဆန်တွေ။ အင်မတန် အလေးချိန်စီးတဲ့ ကျည်ဆန်တွေ ဆိုတော့ ယခုလို ပစ်ရတာ နှစ်ယောက်ချင်း တိုက်ပွဲမျိုး မဟုတ်ဘဲ သက်သက် လူကို သတ်သလို ဖြစ်နေတယ်။ ဒါဟာ ဝမ်းနဲစရာပဲ၊ ငါကလဲ လက်နက် မပါတဲ့လူကို သေနတ်နဲ့ ချိန်တတ်တဲ့ လူစားမျိုး မဟုတ်တော့ ခက်သကွာ။ မင်းနဲ့ ငါနဲ့ ဟိုအရင် တစ်ခါတုန်းက လိုပဲ၊ ပထမ ဘယ်သူကစပြီး ပစ်ရမယ်ဆိုတာ မဲနှိုက်ရင် ကောင်းမယ်'
ဆစ်လဗီယိုက အဲသလို ပြောတော့ ကျုပ်ဦးနှောက်ဟာ ပတ်ချာ လည်သလို ဖြစ်သွားတာပဲ။ ကျုပ် မှတ်မိသရွေ့တော့ သူပြောတာကို ကျုပ် သဘောမတူဘူး။ နို့ပေမယ့် နောက်ဆုံးမှာ ကျုပ်လဲ သေနတ် တစ်လက်ကို နောက်ထပ် ယူပြီး ကျည်ဆန် ထည့်တော့ပါပဲ။ ပြီးတော့ မဲလိပ်နှစ်လိပ် လိပ်တယ်။ လိပ်ပြီးတော့ အရင်တုန်းက ကျုပ်သေနတ်နဲ့ ပစ်လို့ အပေါက် ပေါက်နေတဲ့ သူ့ဦးထုပ်ထဲကို မဲထည့်တယ်။ ဒီအကြိမ်မှာလဲ ကျုပ်ပဲ ကံကောင်းတယ်။ ပထမ စ ပစ်ဖို့ မဲကျတယ်။
'ဟေ့ ... မြို့စားရဲ့၊ မင်း ဒီတစ်ခါလဲ ကံကောင်းတာပဲ' လို့ ဆစ်လဗီယိုက ပြုံးပြီး ပြောတယ်။ သူပြံုးပုံမျိုးကို ကျုပ် တစ်သက်လုံး မမေ့နိုင်ပါဘူး။ ကျုပ်တော့ ဘယ်လိုဖြစ်သလဲ မပြောတတ်တော့ပါဘူး။ သူ စေရာကို ကျုပ် လိုက်လုပ်မိတော့ တာပဲ။ ဒါနဲ့ပဲ သူ စီမံတဲ့အတိုင်း ကျုပ်က စတင်ပြီး ပစ်တယ်။ ဟောဟိုမှာသာ ကြည့်ပါတော့။ ကျုပ်ကျည်ဆံက အဲဒီ ပန်းချီကားကို သွားမှန်တယ်။
(ဤနေရာတွင် မြို့စားကြီးသည် သေနတ်ကျည်ဆံ ဖောက်ထွင်းထားသော ပန်းချီကားရှိ အပေါက်ကို ကျွန်တော့်အား ပြသပါသည်။ သူ၏ မျက်နှာမှာ နီမြန်းလျက် ရှိပါ၏။ မြို့စားကတော်၏ မျက်နှာကား သူြုခုံထားသော စောင်ဖြူထက်ပင် ဖြူဖပ်ဖြူရော် ရှိနေသည်။ ကျွန်တော်ကား 'ဟယ်' ဟူသော အာမေဋိတ်သံကိုမျှပင် ပြုရန် သတိမရနိုင်ပါ။ မြို့စားကြီးကား ဆက်လက်၍ ပြောပြန်ပါသည်။)
ကျုပ်က သေနတ်နဲ့ ပစ်လိုက်ပေမယ့် ဘုရားသိကြား မလို့ မထိဘူးဗျာ။ ဒီတော့ ဆစ်လဗီယိုကတော့ အင်မတန် ကြောက်စရာကြီးပဲဗျို့။ သူက ကျုပ်ကို ပစ်ဖို့ ချိန်တယ်။ အဲဒီအခါမှာ ဗြုံးခနဲဆို တံခါးပွင့်လာတယ်။ ပွင့်လာပြီး ကျုပ်ဇနီး မာရှာ ပြေးဝင်လာတယ်။ ပြေးရင်းနဲ့ အော်ပြီး ကျုပ်ပခုံးကို ဖက်တွယ်ထားတယ်။ သူ့ကို မြင်တော့မှပဲ ကျုပ်လဲ တင်္ခဏုပ္ပတ္တိဉဏ်ကလေး ဘာကလေး ရလာပြီး 'အချစ်ရယ်၊ ငါတို့ ကျီစား နေကြတာကို မင်း မမြင်ဘူးလား။ မင်း ဘယ့်နှယ် ဖြစ်လာတာတုံး။ သွား သွား ရေကလေး တစ်ပေါက်လောက် သောက်ပြီးမှ တို့ဆီကို ပြန်လာခဲ့။ ပြီးမှ ငါ မင်းကို ဟောဒီက မိတ်ဟောင်းဆွေဟောင်း ရဲဘော်ဟောင်းနဲ့ မိတ်ဆက်ပေးမယ်'
အဲဒီလို သူ့ကို ကျုပ်က ပြောတယ်။ မာရှာကတော့ ကျုပ်ပြောတာ မယုံချင်ဘူး။ ဒါနဲ့ပဲ ကြောက်စရာ ကောင်းလှတဲ့ ဆစ်လဗီယို ဘက်ကို လှည့်ပြီး 'ရှင်တို့နှစ်ယောက် ကျီစား နေကြတယ် ဆိုတာ အဟုတ်ပဲလား' လို့ ကျုပ်ဇနီးက မေးတယ်။
ဆစ်လဗီယိုက 'ခင်ဗျား ခင်ပွန်းသည်ဟာ ဒီလိုချည်းပဲ ကျီစား နေကျပဲဗျာ။ ဟိုအခါတုန်းက သူဟာ ကျုပ်ပါးကို ကျီစားရင်းနဲ့ ရိုက်ခဲ့တယ်။ ပြီးတော့ ကျုပ်ဦးထုပ်ကို ပေါက်သွားအောင် ကျီစားရင်းနဲ့ သေနတ်နဲ့ ပစ်သဗျာ။ ယခုလဲပဲ ကျုပ်ကို ကျီစားရင်းနဲ့ သေနတ်နဲ့ မထိအောင် ပစ်သဗျာ့။ ဒီတော့ ကျုပ်လဲပဲ သူ့ကို ကျီစားချင်တဲ့စိတ် ပေါက်လာတယ်' လို့ ပြောပါလေရော။
အဲသလို ပြောပြီး သူက ကျုပ်ဇနီးသည်ရှေ့မှာ သေနတ်နဲ့ ပစ်တော့မလို ချိန်ပြန်ပါကရော။ ဒီတော့ မာရှာက သူ့ရှေ့မှာ တောင်းပန်တဲ့ သဘောနဲ့ ကိုယ်ကို ပစ်လှဲလိုက်တယ်။ ကျုပ်ကလဲ တုန်တုန်လှုပ်လှုပ်နဲ့ 'မာရှာ၊ ရှက်စရာကြီးကွယ်၊ ထ ထ' လို့ ပြောပြီး ဆစ်လဗီယိုဘက် လှည့်လို့မို့ 'ကိုင်း ... ဒီမယ် ခင်ဗျားဟာ ကံအကြောင်း မလှတဲ့ မိန်းမသားတစ်ဦး အပေါ်မှာ ဒီလိုပဲ ပြောင်ရ လှောင်ရ သလားဗျာ။ ကိုင်း ကျုပ်ကို ပစ်ချင်သလား၊ မပစ်ချင်ဘူးလား' အဲဒီလို မေးလိုက်တယ်။
ဒီတော့ ဆစ်လဗီယိုက ပြန်ပြောသဗျာ့။
'ငါ ကျေနပ်ပြီ။ ငါ မပစ်ချင်ဘူး။ ငါဟာ မင်း ထိတ်လန့် ကြောက်ရွံ့ပုံကို မြင်ရပြီ။ မင်း ငါ့ကို သေနတ်နဲ့ ပစ်အောင် ငါလုပ်ခဲ့ပြီ။ တော်ပါပြီ။ မင်း ငါ့ကိုသာ သတိရစမ်းပါ။ မင်းကိုတော့ မင်း အသိတရားနဲ့ မင်း ငါထားရစ်ခဲ့မယ်'
အဲဒီလို ပြောရာက သူပြန်မယ် လုပ်တယ်။ နို့ပေမယ့် တံခါးဝ ရောက်တော့ ကျုပ် သေနတ်နဲ့ မှန်တဲ့ ပန်းချီကားကို လှမ်းကြည့်ပြီး မချိန်ဘဲနဲ့ ပစ်လိုက်တယ်။ ပြီးတော့ သူလဲ ဘယ်ပျောက်သွားမှန်း မသိဘူး။ ကျုပ်ဇနီးလည်း တစ်ခါတည်း မေ့မျော သွားတာပဲ။ ကျုပ်အစေခံတွေလဲ ဆစ်လဗီယိုကို မဟန့်တားဝံ့ကြဘဲ ကြောက်အား လန့်အားနဲ့ ဒီအတိုင်း ကြည့်နေကြတယ်။ သူလည်း ဆင်ဝင်ဘက်ဆီကို သွားပြီး သူ့ရထားသမားကို သူခေါ်တယ်။ ပြီးတော့ ကျုပ်ဟာ ဘာဖြစ်သွားမှန်း မသိခင် ဆစ်လဗီယိုလည်း ထွက်သွားပါလေရော။
မြို့စားကြီးသည် နောက်ထပ် စကားကို မဆက်တော့ပါ။ ဤနည်းဖြင့် ကျွန်တော်လည်း အစတွင် အလွန် စိတ်ဝင်စားစေသော ဇာတ်လမ်း၏ အဆုံးသတ်ပုံကို တွေ့ရှိ ကြားသိခဲ့ရပေပြီ။ ကျွန်တော်သည် ဤဇာတ်လမ်း၏ ဇာတ်လိုက်ဖြစ်သူကို နောက်ထပ် မတွေ့ရတော့ပါ။ ဆစ်လဗီယိုသည် ဗိုလ်ချုပ် အယ်လက်ဇန္ဒာ အစ်ပဆီလန္တီ ဆိုသူ ကြီးမှူးသော စစ်ပွဲတစ်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ရာ စကူလျာနီ တိုက်ပွဲ၌ ကျဆုံးသည်ဟုသာ ကြားသိရ ပါတော့သည်။
(The Shot by Alexander Pushkin)
-----------
မောင်ထင်
မြဝတီ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၅၆။
(မုန်တိုင်းထဲကနဖူးစာနှင့် အခြားဝတ္ထုတိုများ