(နည်းပညာနဲ့ဆောက်တဲ့စင်)
ဖင်ဂေါင်းကျယ်တာ မဟုတ်ပါ ကျနော် Apple Products တွေကို တခြားဟာတွေထက်ပိုကြိုက်ပါတယ်။ ဒါပေမယ့် အကုန်တော့ မသုံးနိုင် မဝယ်နိုင် မတတ်နိုင်ပါ။ ခု ကျနော်ကြိုက်တဲ့အက်ပဲလ်ဟာ နည်းပညာလက်ဝါးကြီးအုပ်တယ်ဆိုပြီး တရားအစွဲခံထားရပါတယ်။ နည်းပညာလက်ဝါးကြီးအုပ်မှု ပါချီပါချက်အုပ်မှုကလေးလို့ဆိုပေမယ့် သိထားရင်ကောင်းမယ်ထင်လို့ ပြောပြပါရစေ။
ဖင်ဂေါင်းကျယ်တာ မဟုတ်ပါ ကျနော် Apple Products တွေကို တခြားဟာတွေထက်ပိုကြိုက်ပါတယ်။ ဒါပေမယ့် အကုန်တော့ မသုံးနိုင် မဝယ်နိုင် မတတ်နိုင်ပါ။ ခု ကျနော်ကြိုက်တဲ့အက်ပဲလ်ဟာ နည်းပညာလက်ဝါးကြီးအုပ်တယ်ဆိုပြီး တရားအစွဲခံထားရပါတယ်။ နည်းပညာလက်ဝါးကြီးအုပ်မှု ပါချီပါချက်အုပ်မှုကလေးလို့ဆိုပေမယ့် သိထားရင်ကောင်းမယ်ထင်လို့ ပြောပြပါရစေ။
 ဒီလိုပါ အက်ပဲလ်ပစ္စည်းတွေမှာ  App Store ဆိုတာ ပါပါတယ်။ အဲ့ဒီ 
အပ်က်စတိုးကနေ မိမိလိုချင်တဲ့ဆော့ဖ်ဝဲတွေ ဒေါင်းလုဒ်လုပ် အင်စတောလ်လုပ် Run
 လို့ရပါတယ်။ အဲ့ဒီမှာ အက်ပဲလ်ကိုယ်ပိုင်ဆော့ဖ်ဝဲတွေအပြင် 
တခြားဆော့ဖ်ဝဲရေးသူ Developers တွေရဲ့ အပလီကေးရှင်းတွေလည်းရှိပါတယ်။ 
တချို့အသေးစားလေးတွေက Free ရပေမယ့် ပိုက်ဆံပေးဝယ်ရတာတွေက အကုန်လိုလိုပါ။ 
ခင်ဗျားက အပလီကေးရှင်းတခုရေးလိုက်မယ်။ အက်ပဲလ်ကလည်း သူ့ 
အော်ပရိတ်တင်န်းစစ္စတမ်နဲ့ကိုက်တယ် ကြိုက်တယ်ဆို သူ့ပရောဒတ်စ်တွေက App 
Store မှာ တင်ပေးပြီး ရောင်းချပေးပါတယ်။ အကျိုးအမြတ်ခံစားခွင့်တွေကတော 
အမျိုးမျိုးရှိပါတယ်။ အပြီးဝယ်လိုက်တာ၊ တင်ရောင်းခွင့်ပေးတာ 
စတာတွေပေါ်မူတည်ပြီး မူလရေးသူ(မှတ်ပုံတင်ထားသူ)အတွက် ခံစားခွင့်နဲ့ 
အက်ပဲလ်ရဲ့ဝေစုကို ခွဲခြားသတ်မှတ်ပါတယ်။ 
 ဆိုတော့ ခင်ဗျားက အပလီကေးရှင်းတခုရေးလိုက်မယ် ပရိသတ်လည်း 
အထိုက်အလျှောက်ရှိမယ် အက်ပဲလ်ပရောဒတ်စ်တွေနဲ့ ကိုက်အောင်လုပ်ထားမယ် 
ဒါပေမယ့် အက်ပဲလ်ကုမ္ဗဏီက မကြိုက်ဘူးဆို သူ့ပရောဒတ်စ်တွေက App Store မှာ 
ဝင်ပြီးတင်လို့မရအောင် ရောင်းလို့မရအောင် သူ့ပစ္စည်းတွေနဲ့သုံးလို့မရအောင် 
လုပ်ထားပါတယ်။ သူသဘောကျတယ်ဆိုရင်တော့ တင်လို့ရမယ် 
အကျိုးအမြတ်လည်းခွဲယူကြမယ်၊ သူမကြိုက်ရင် သူ့ပစ္စည်းတွေမှာ 
အဲ့ဒီအပလီကေးရှင်းန်း ဘယ်လိုမှရောက်မလာနိုင်ဘူး သုံးလို့မရဘူးဆိုတဲ့သဘောပါ။
 သဘောက ပိုက်ဆံဘယ်လောက်ရရ မရရ ပေးရရ မပေးရရ ငါ ဆောက်ထားတဲ့စင် ငါဘဝင်ကျမှ 
ဆိုခွင့်တီးခွင့်ပေးမယ်ဆိုတာပါဘဲ။ နည်းပညာအရ သူ့ iOS ပလက်ဖေါင်းမှာ 
လာကစားမယ်ဆို သူ့စည်းမျဉ်းနဲ့ညီမှ သူသဘောတူမှ ခွင့်ပြုမှဆိုပြီး 
လုပ်ထားတာပါ။ သူ မလိုရင် ဘယ်သူမှ သူ့ iOS ထဲ ဘယ်သူ့မှ ဝင်ကြော်ငြာခွင့် 
ရောင်းဝယ်ဖေါက်ကားခွင့်မပေးဘူးလို့ လုပ်ထားတာပါ။
 အခု သူ့ပြန်တရားစွဲတဲ့ကုမ္ဗဏီကလည်း သူ့ပရောဒတ်စ်တွေအတွက် 
အပလီကေးရှင်းတွေရေးပြီး သူ့ App Store မှာ တင်ရောင်းနေတဲ့ကုမ္ဗဏီပါ။ 
တင်ရောင်းခွင့်နျစ်စဉ်ကြေးပေးရသလို ရောင်းရတဲ့ငွေပေါ်ကနေ ၂ဦး 
သဘောတူသတ်မှတ်ထားတဲ့ငွေပမာဏလည်း အဖြတ်ခံရပါတယ်။ ခု အဲ့ဒီကုမ္ဗဏီက 
ကလေးတွေနံမည်ရွေးပေးတဲ့အပလီကေးရှင်န်း၊ ဘတ်စ်ကက်ဘောကစားနည်းစတဲ့ 
အပလီကေးရှင်န်းတွေရေးပြီး အက်ပဲလ်ရဲ့ App Store မှာတင်ရောင်းချင်ပါတယ်။ 
အက်ပဲလ်က တင်ရောင်းခွင့်မပေးပါ။ တခြားနေရာတွေကနေ ဒေါင်းလုဒ်လုပ်ပြီး 
အက်ပဲလ်ပရောဒတ်စ်တွေမှာ အင်စတောလ်လုပ်မရ သုံးမရပါ။ ဒါကို 
အပီလီကေးရှင်းရေးတဲ့ Developer ကုမ္ဗဏီက မကျေနပ်တာပါ။ ဒါဟာ 
နည်းပညာလက်ဝါးကြီးအုပ်မှုဖြစ်တယ်ဆိုပြီး တရားစွဲတာဖြစ်ပါတယ်။
 အလားတူ နည်းပညာလက်ဝါးကြီးအုပ်မှုတွေောကာင့် 
အပြန်အလှန်စွဲထားတဲ့အမှုတွေမနည်းသလို လွှတ်တော်တွေထဲခေါ်ယူသတိပေးတာ 
စုံစမ်းမေးမြန်းတာတွေလည်း တပုံကြီးပါ။ တချို့ cases တွေက 
အရေးယူလို့မရသေးပါ။ မရ ရတာက အရေးယူရမယ့်ဥပဒေ နည်းဥဒေတွေမရှိသေးလို့ပါ။ 
ခေတ်က ဘယ်လိုဖြစ်နေလဲဆိုတော့ နည်းပညာတွေကရှေ့ကသွားနေပြီး နိုင်ငံရေးသမားတွေ
 ဥပဒေပညာရှင်တွေက နောက်ကလိုက်နေရတာမျိုးပါ။ နည်းပညာတွေ 
တနေ့တမျိုးပေါ်နေသလောက် ဥပဒေတွေက အမီမလိုက်နိုင်သေးတာပါ။
(မှတ်ချက်။ တရားစွဲလိုက်တာနဲ့ အမှုတွေရှူံးပြီး ကုမ္ပဏီကြီးပြုတ် လူတွေထောင်ကျဘာညာတွေချည်းတော့ ဖြစ်မနေပါ)
မျိုးမြင့်ချို
ဇွန် ၁၃၊ ၂ဝ၁၉
(မှတ်ချက်။ တရားစွဲလိုက်တာနဲ့ အမှုတွေရှူံးပြီး ကုမ္ပဏီကြီးပြုတ် လူတွေထောင်ကျဘာညာတွေချည်းတော့ ဖြစ်မနေပါ)
မျိုးမြင့်ချို
ဇွန် ၁၃၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment