ကုန်သွယ်ရေးစစ်စတင်ခြင်း - ၁၅ (နိဂုံး - ၂)
ထင်သလိုဖြစ်မလာတဲ့ဘဏ်တိုးနှုန်း နဲ့ နှစ်နိုင်ငံနည်းပညာ
အများမျှော်လင့်နေကြတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ FMOC အစည်းအဝေးကို ဇွန် ၁၉
ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တယ်။ လက်ရှိ ၂.၂၅ ကနေ ၂.၅% ကြားသွားနေတဲ့
ဘဏ်တိုးနှုန်းကို FED က ဒီအတိုင်းဆက်ထိန်းထားခဲ့တယ်။ ဒေါ်နယ်ထရမ့်
ကတချိန်လုံးဖိအားပေးထားတဲ့အတွက်ကော၊ ၁၀နှစ်ဘွန်းတိုးဂရပ်တွေ
အခြေအနေမကောင်းတဲ့ အတွက်ကော၊ ဘဏ်တိုးချမယ်လို့ အများစုကမျှော်လင့်
ထားချိန်မှာ အဖွဲ့ဝင်အများစုသဘောတူညီချက်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပို၀ဲ က
ဘဏ်တိုးကိုထိန်းထားခဲ့တာဖြစ်တယ်။ ပို၀ဲကို
ဖြုတ်လို့ရတဲ့ပါဝါသူ့မှာရှိမှာပါလို့ ထရမ့်ကဆိုခဲ့သလို
သူ့သက်တမ်းက၄နှစ်ဖြစ်ပြီး ၄နှစ်သက်တမ်းပြည့်လုပ်ဖို့
သူဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပို၀ဲကတုန့်ပြန်ခဲ့တယ်။ သမ္မတနဲ့
နီးစပ်တဲ့အသိုင်းအဝန်းက ဒီကိစ္စတွေ (ဖြုတ်မယ်မဖြုတ်ဘူး) က
လွန်ခဲ့တဲ့၆လလောက်ကဟာတွေ။ ခုဒါတွေကို ဘယ်သူမှပြန်ပြောနေတာ မဟုတ်တော့ဘူးလို့
ကြားမကျတကျ အသံထွက်လာတယ်။ ပို၀ဲဘက်ကပြောတာကတော့ သူကြည့်ရမှာ
တိုင်းပြည်ရဲ့ငွေကြေးအခြေအနေနဲ့ ဗဟိုဘဏ်ကချမှတ်ရမယ့်
ငွေကြေးပေါ်လစီပဲဖြစ်တယ်။ နိုင်ငံရေးကသူတို့ဆီလာပြီးသက်ရောက်မှုရှိလာတာကို
သူသိပေမယ့် သူထဲ့သွင်းစဉ်းစားရမယ့်ကိစ္စမဟုတ်ဘူးလို့ဆိုတယ်။ ဇူလိုင်ထဲမှာ
ဘဏ်တိုးချပေးလိုက်ရင် ဒီနှစ်ထဲမှာ ဘဏ်တိုးတွေထပ်ကျဦးမှာပဲ
ဆိုတဲ့မျှော်လင့်ချက်နဲ့ ဘွန်းရင်းနှီးမြုပ်နှံသူတွေက ဘွန်းတွေမဝယ်ပဲ
အချိန်ဆိုင်းထားစောင့်ထားတာမျိုးဟာ
လက်ရှိအနေအထားမှာမဖြစ်သင့်ဘူးလို့သူယူဆတယ်လို့ဆိုပြန်တယ်။
ထရမ့်အတွက် ဗဟိုဘဏ်တိုးနှုန်းကျမသွားပေမယ့်
သတင်းကောင်းတခုတော့ထွက်လာခဲ့တယ်။ ဂျပန် G20 ဆွေးနွေးပွဲလုပ်နေချိန်အတွင်း
ထရမ့်နဲ့ရှီကျင်းပင် ထိပ်သီးဆွေးနွေးပွဲဖြစ်မယ်လို့ တရုတ်ဘက်က ဒီအပတ်
ဇွန်တတိယပတ်ထဲမှာအတည်ပြုခဲ့တယ်။ ကုန်သွယ်စစ်ဟာနှစ်ဘက်အပြန်အလှန်
အခွန်အတုတ်တွေ တိုးမြှင့်ကောက်ခံနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာ
နည်းပညာလက်ဦးဖို့၊ နည်းပညာအသာစီးရမှုနဲ့အတူ
စီးပွားရေးနဲ့အမျိုးသားလုံခြုံရေးအခြေအနေတွေမှာအားသာမှုရယူထားဖို့ဖြစ်တယ်။
ဒီအကြောင်းရင်းခံကြောင့် ဟွာဝေးရဲ့ 5G နက်ဝပ်၊
တရုတ်ပြည်မှာရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန်ကုမဏီတွေရဲ့နည်းးပညာကို တရုတ်က
ဖိအားပေးရယူတာတွေ၊ တရုတ်ကအမေရိကန်ကုမဏီတွေရဲ့
ဉာဏပစ္စည်းပိုင်ဆိုင်မှုခိုးယူတာတွေ (intellectual property theft)
ဟာကုန်သွယ်စစ်ရဲ့အလယ်ဗဟိုကိုရောက်ရှိလာခဲ့တာဖြစ်တယ်။
ကုန်သွယ်ရေးစစ်စတင်ခြင်းရဲ့အပိုင်းတခုမှာ အမေရိကန်နဲ့တရုတ်
စစ်အင်အားခြင်းနှိုင်းယှဉ်ပြခဲ့ပြီးပြီ။ တကမ္ဘာလုံးမှာတွင်ကျယ်နေတဲ့
အမေရိကန်နည်းပညာကုမဏီတွေရဲ့အနေအထားတွေကိုလည်းတင်ပြခဲ့ပြီးပြီ။ ခုတခါ
အမေရိကန်နဲ့တရုတ်နည်းပညာတိုးတက်မှု နဲ့ လက်ရှိအခြေအနေတွေကို
နှိုင်းယှဉ်ကြည့်ဖို့လိုလာ တယ်။ ဇွန်၂၀ရက်ထုတ် ဘလွန်းဘတ်ဆောင်းပါးရှင်
သုံးဦးပေါင်းရေးတဲ့ နည်းပညာစစ်အေးကိုဘယ်သူနိုင်မလဲ (Who is winning the
Tech cold war) ကိုအခြေခံပြီးကြည့်ရအောင်။
၁။ တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီတွေပိုင်ဆိုင်မှု
အမေရိကန်ကတရုတ်ထက်သာတယ်။ လက်ရှိကမ္ဘာ့တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီ ၁၀ခုမှာ ရှေ့ဆုံးကပြေးနေတဲ့ ၅ခုဟာ အမေရိကန်ကုမဏီတွေဖြစ်တယ်။ အစဉ်လိုက်ကြည့်ရင် မိုက်ကရိုဆော့၊ အာမေဇုံ၊ အက်ပဲ၊ အယ်လ်ဖာဘက်၊ ဖေ့စ်ဘုတ်။ နံပါတ် ၆ နဲ့ ၇ က တရုတ်ကုမဏီတွေဖြစ်တဲ့ အလီဘာဘာနဲ့ တင်းဆင့်။ နှစ်နိုင်ငံစလုံးနဲ့မပါတ်သက်တဲ့ ဆမ်ဆောင်းကနံပါတ်၉ဖြစ်ပြီး သူ့ကိုခွထိုင်ထားတဲ့ နံပါတ် ၈ နဲ့ ၁၀ ဟာ အမေရိကန်ကုမဏီတွေပါပဲ။ စစ်စကိုစစ်စတမ် (Cisco Systems) နဲ့ အင်တဲ တို့ဖြစ်တယ်။

၂။ အင္တာနက္သုံးစြဲမွဳ
တရုတ်လူဦးရေက ဒီအင်တာနက် အခြေကျမှု (internet base) မှာအားသာစေတယ်။ လက်ရှိမှာ တရုတ်အင်တာနက်သုံးစွဲသူဦးရေဟာ အမေရိကန်ထက် ၄ဆလောက်ပိုများတယ်။ ဒါတွေကအွန်လိုင်းဝန်ဆောင်မှု၊ အီးကောမတ်၊ ဒစ်ဂျစ်တယ်ငွေပေးယူမှု၊ မက်ဆေ့ချ်ပေးပို့မှုတွေကစလို့ ဂိမ်းစီးပွားရေးတွေအထိ အားသာမှုရစေတယ်။ ပြည်တွင်းစျေးကွက်ကြီးမားကျယ်ပြန့်မှုမှာတရုတ်ကိုမယှဉ်နိုင်။ အင်တာနက်ဝိုင်ယာလက် ချိတ်ဆက်သူ အမေရိကန်မှာသန်း၄၀၀လောက်ရှိချိန်မှာ တရုတ်မှာ ပြည်ပကြီးနဲ့ ဆက်စပ်နက်ဝပ်တွေအရ ၁.၅ဘီလီယံကျော်ရှိနေတယ်။

၃။ ဝင်ငွေကွာဟမှု
တဦးချင်းဝင်ငွေမှာတော့ အမေရိကန်ကို တရုတ်ဟာနောင်ဆယ်စုနှစ်သုံးလေးခုလောက်ကြာတောင်မှီဖို့ ခက်ပါဦးမယ်။ စုစုပေါင်းဂျီဒီပီတော့ ကုန်သွယ်စစ်ကိုပုံစံတမျိုးနဲ့လက်စသတ်နိုင်ရင် အရင်ခန့်မှန်းထားခဲ့ကြသလို ၂၀၃၀ မတိုင်ခင်လောက်မှာ တရုတ်ကအမေရိကန်ကိုကျော်သွားနိုင်ပေမယ့် တဦးချင်းဝင်ငွေဖြစ်တဲ့ ဂျီဒီပီကို လူဦးရေနဲ့စားတဲ့ကိန်းဂဏ္ဍန်းမှာတော့ ရွှေပြည်တော်မျှော်တိုင်းဝေးပါဦးမယ်။ လက်ရှိ အမေရိကန်က တနှစ်ဝင်ငွေပျမ်းမျှ ၆သောင်းကျော် (တလကို ဒေါ်လာ ၅၀၀၀ ကျော်) ရှိနေပြီး တရုတ်က ၁သောင်းပတ်ဝန်းကျင်မှာရှိတယ် (တလကို ဒေါ်လာ ၈၄၀ပတ်ဝန်းကျင်)။

၄။ နည်းပညာကုမဏီတွေ
နံပါတ်၁က တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီတွေအမေရိကန်မှာရှိနေသလို တခြားဒိတ်ဒိတ်ကျဲသူ့လိုင်းနဲ့သူ အောင်မြင်နေတဲ့ နည်းပညာကုမဏီတွေလည်း အများကြီးရှိနေတယ်။ တဘက်ကိုကြည့်တော့ တရုတ်ကလည်း ပြီးခဲ့တဲ့ငါးနှစ်လောက်ကမှစတဲ့ နည်းပညာကုမဏီတွေ အများကြီးပေါ်လာတယ်။ အထိုင်ကျစပြုလာပြီ။ ဒီအပိုင်းမှာတော့ သူမသာကိုယ်မသာ အခြေအနေလောက်မှာရှိနေတယ်။

၅။ ခ်စ္ပ္ထုတ္လုပ္မွဳ
ရှေ့ပိုင်းတနေရာမှာပြောခဲ့သလို မိုဘိုင်းနဲ့ကွန်ပြူတာ ချစ်ပ်ပြားလေးတွေထုတ်လုပ်မှုဖြစ်တဲ့ ဆီမီးကွန်ဒတ်တာ လုပ်ငန်းဟာ နည်းပညာပစ္စည်းတွေရဲ့အခြေခံအသုံးကိုကောင်းကောင်း ကျောထောက်နောက်ခံပေးထားတာ ဖြစ်တယ်။ တရုတ်ရဲ့ နာမည်ကျော် ဟွာဝေးနဲ့ နောက်ထပ်ပေါ်လာတဲ့ ဟိုင်းဆီလီကွန် (HiSilicon) အပါအဝင် ဆီမီးကွန်ဒတ်တာလုပ်ငန်းတွေအားလုံးရဲ့ဝင်ငွေ (revenue) ဟာ မနှစ်က ၇.၆ဘီလီယံလောက်ရှိတယ်လို့ ခန့်မှန်းတယ်။ ဒီကိန်းဂဏ္ဍန်းဟာ အမေရိကန်ရဲ့ချစ်ပ် ဘုရင်ကြီးအင်တဲတခုထဲရဲ့ ၁၀ပုံတပုံလောက်ပဲရှိတယ်။ ကွန်ပြူတာသုံးသူတွေသိပါတယ်။ စျေးကွက်ထဲမှာ ကွန်ပြူတာသမားတွေက အင်တဲပရိုဆက်စာ (processor) ကိုပဲသုံးလိုကြတယ်။

၆။ 5G နဲ့ အနာဂတ်ဆက်သွယ်ရေး
လူငယ်လေးတဦးပါ၊ တယ်လီဖုန်းလေးလုပ်ခဲ့တယ် နဲ့ တီထွင်နိုင်သူအမည်နာမည်ဟာ ဂရေဟမ်ဘဲလ်တဲ့ကွယ် စတဲ့ မြန်မာသီချင်းတွေထဲမှာပါသလို အမေရိကန်ဟာ ဆက်သွယ်ရေးနဲ့ပါတ်သက်ပြန်တော့လည်း ကမ္ဘာ့အစောဆုံးစွန့်ဦးတီထွင်သူ ပိုင်အိုးနီးယားကြီးဖြစ်တယ်။ အမေရိကန်ကုမဏီ မိုက်ကရိုဆော့ဖ်က ကွန်ပြူတာထွင်ခဲ့တယ်။ အက်ပဲမိုဘိုင်းတွေဟာ မိုဘိုင်းနည်းပညာကိုတခေတ်ဆန်းစေ ခဲ့တယ်။ သို့သော် အနာဂတ်ဆက်သွယ်ရေးရဲ့ 5G နက်ဝပ်မှာ ဟွာဝေးကလက်ဦးထားနိုင်တဲ့သဘောရှိတယ်။ ပြီးခဲ့တဲ့ ၁၀စုနှစ် ၂ခုလောက်မှာ အမေရိကန်တွေက တရုတ်အခြေအနေတွေကိုပေါ့ပေါ့ဆဆ သဘောထားခဲ့တဲ့ အကျိုးဆက်ပဲ။

၇။ လူတော်တွေ
အမေရိကန်က တရုတ်ထက်အင်တာနက်နဲ့ နည်းပညာပိုင်းမှာ လူတော်တွေပိုများတာတော့ ငြင်းလို့မရနိုင်ဘူူး။ လက်ရှိ အမေရိကန်မှာနည်းပညာဒိတ်ဒိတ်ကျဲတွေ ၃သောင်းနီးပါးရှိတယ်လို့ခန့်မှန်းထားပြီး တရုတ်က ၂သောင်းမပြည့်ချင်သေးဘူး (ဒါက တကယ့်ကျွမ်းကျင်သူ expert အိတ်စပတ်စာရင်းကိုယှဉ်ပြတာပါ)။ ဒါပေမယ့် ၂၀၁၆စီးပွားရေးဖိုရမ်ကထုတ်တဲ့ရီပို့တခုမှာတော့ တရုတ်ကသိပ္ပံနည်းပညာ နဲ့ သချာင်္ကျောင်းသား ၄.၇သန်းမွေးထုတ်ပေးနေချိန်မှာ အမေရိကန်မှာ ၆သိန်းလောက်ပဲ ထွက်လာတယ်လို့ဆိုတယ်။ ဒီလူဦးရေ အချိုးအစားဟာ အနာဂတ်မှာ နည်းပညာကျွမ်းကျင်သူ ဦးရေကွာဟမှုအချိုးကို တရုတ်ကကျဉ်းမြောင်းစေမှာ ဖြစ်ပြီး အမေရိကန်သာနောက်ထပ်မလိုက်နိုင်ရင်ကျော်တက်ခံသွားရနိုင်တဲ့ အနေအထားဖြစ်တယ်။ လက်ရှိ တကမ္ဘာလုံးမှာရှိတဲ့ AI ကျွမ်းကျင်သူတွေ အချိုးအစားကိုကြည့်ရင် အမေရိကန်က ၁၃.၉%၊ တရုတ်က ၈.၉%၊ အိန္ဒိယ ၈.၅%၊ ဂျာမနီ ၄.၆%၊ အင်္ဂလန် ၃.၉% နဲ့ ကျန်တာတွေက တကမ္ဘာလုံးမှာပျံ့နှံ့နေတဲ့သဘောပါ။

၈။ ထုတ်လုပ်မှုပိုင်း (Manufacturing)
လွန်ခဲ့တဲ့ ၁၀စုနှစ် ၂ခု အမေရိကန်ရဲ့ အက်ပဲနဲ့အခြားကုမဏီတွေဟာ သူတို့ရဲ့ထုတ်လုပ်မှုပိုင်းတွေကို တရုတ်ကိုရွှေ့ခဲ့တယ်။ လုပ်ခစျေးချိုလို့ပါ။ အဲသည်အကျိုးဆက်က အခုလက်ရှိတရုတ်ရဲ့ ထုတ်လုပ်မှုကို အမေရိကန်က လိုက်လို့မမှီဘူးဖြစ်နေတယ်။

ခုနှိုင်းယှဉ်ကြည့်တဲ့ အချက် ၈ချက်မှာ သိသာထင်ရှားတဲ့ကွာဟမှုတွေဖြစ်ပြီး
တော်တော်နဲ့ ဒီကွာဟမှုကေ ပြာင်းလဲဖို့မလွယ်တဲ့ လူဦးရေကြောင့်ဖြစ်တဲ့
အင်တာနက်သုံးစွဲမှု နံပါတ် ၂ နဲ့ တဦးချင်ဝင်ငွေကွာဟမှု နံပတ်၃
တွေကိုထဲ့မတွက်ဘူးဆိုရင် ကျန်တာ ၆ခုရှိနေတယ်။ ၁ နဲ့ ၄ က
နည်းပညာကုမဏီတွေကိုယှဉ်တာ။ တန်ဖိုးအကြီးဆုံးနည်းပညာကုမဏီတွေကော
တကယ်စျေးကွက်လိုအပ်ချက်ကို ဖြည့်စီးပေးနေတဲ့ အခြားကုမဏီလေးတွေကော
ကိုကြည့်ရင် အမေရိကန်ကအသာစီးရထားတယ်။ ဆရာကြီးအင်တဲရဲ့ ချစ်ပ်ထုတ်လုပ်မှု
ဆီမီးကွန်ဒတ်တာပိုင်းနဲ့ နည်းပညာလူတော်တွေရှိတဲ့အပိုင်းမှာလည်း အမေရိကန်က
သာပြန်တယ်။ တရုတ်ရှေ့ရောက်နေတာက 5G နက်ဝပ်နဲ့ အမေရိကန်ကုမဏီတွေကို
အမှီပြုပြီး ရခဲ့တဲ့ နည်းပညာပစ္စည်းထုတ်လုပ်မှုပိုင်းအားသာချက်တွေပါ။
ဒီတော့ အမေရိကန်မဟာဗျူဟာကို ရှင်းရှင်းမြင်သာမယ် ထင်ပါတယ်။
ဟွာဝေးကိုပိတ်ဆို့ပြီး တရုတ်မှာရှိတဲ့ အမေရိကန်ထုတ်လုပ်မှုကို
တခြားနိုင်ငံတွေရွှေ့အောင် လုပ်တာပဲဖြစ်တယ်။
ပါရှန်းပင်လယ်ကွေ့ကတင်းမာမှု
ဇွန်လအတွင်းမှာလည်း သတင်းတွေကစုံလင်နေခဲ့ပြီး လူအများစုအာရုံစိုက်ရတဲ့
သတင်းတွေဟာ ကုန်သွယ်စစ် နဲ့ အနည်းနဲ့အများပတ်သက်မှုရှိနေတာကိုတွေ့ရတယ်။
ဟောဇမုဒ်ရေလက်ကြားမှာ ရေနံတင်သဘောင်္၂စီး တိုက်ခိုက်ခံရတဲ့နောက်ကွယ်က
လက်သည်ဟာ အီရန်လို့အမေရိကန်ကစွတ်စွဲလိုက်တယ်။ အီရန်ပြဿနာက
လွယ်လွယ်နဲ့ငြိမ်းသွားမှာမဟုတ်လို့ ဇတ်ရည်လည်အောင် အီရန်နျူကလီးယား
အစီအစဉ်ကို ပြန်ကြည့်ဖို့ လိုလာတယ်။ အီရန်ကနျူကလီးယားလက်နက်
ထုတ်ချင်တဲ့ဆန္ဒဟာ မနေ့တနေ့ကမှစပေါ်လာတာမဟုတ်ဘူး။
၁၉၅၀ပြည့်နှစ်တွေကတည်းကစခဲ့တာ။ အီရန်မှာ အဲသည်အချိန်က
ရှားဘုရင်အုပ်ချုပ်နေတဲ့အချိန်ဖြစ်ပြီး အမေရိကန်နဲ့ရွှေလမ်းငွေလမ်းဖောက်
ထားကြတဲ့အချိန်ဖြစ်တယ်။ ဒီတော့ အမေရိကန်ကအကူအညီပေးတယ်။
ဘယ်မှာရပ်သွားလည်းဆိုတော့ ၁၉၇၉မှာ အီရန်မှာတော်လှန်ရေးတရပ်ပေါ်ပေါက်လာပြီး
ရှားဘုရင်ပြုတ်သွားတဲ့ အချိန်အထိပဲ။ ဒါပေမယ့် အီရန်မှာနျူကလီးယားစက်ရုံတွေက
အခြေအနေအဆင့်တခု အထိခိုင်မာမှုရ သွားတယ်။ တော်လှန်ရေးဖြစ်တော့
အီရန်နျူကလီးယားပညာရှင်တွေကနိုင်ငံထဲကနေ ထွက်ပြေးကြတယ်။ ခိုမေနီအာဏာရလာပြီး
သူကနျူကလီးယားကို အားမပေးတာကြောင့်လည်းပါတယ်။ ၁၉၈၄ မှာ
ခိုမေနီစိတ်ပြောင်းပြီး နျူကလီးယားကိုပြန်စတယ်။ သမိုင်းဆရာတွေက ၁၉၅၀တွေကနေ
၁၉၈၈အထိအီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို
ရှေ့တလှမ်းတိုးနောက်နှစ်လှမ်းဆုတ်လို့တင်စားပြောကြတယ်။
အီရန်ဟာ ပါကစ္စတန်နဲ့ ၁၉၈၇မှာ တရုတ်နဲ့ ၁၉၉၀မှာ ရုရှားနဲ့ ၁၉၉၂မှာ
နျူကလီးယားပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုးတယ်။ ဆိုတော့ တရုတ်နဲ့အီရန်ဟာ
၁၉၉၀ထဲက မဟာမိတ်ပြုထားကြတယ်ဆိုတာပဲ။ ၁၉၉၂ ဆိုတာက အမေရိကန်မှာ
ကလင်တန်လက်ထက်၊ ရုရှားမှာ ဘောရစ်ယဲ့ဆင်လက်ထက်။ အီရန်နျူကလီးယား အစီအစဉ်ဟာ
၁၉၈၉ ဘာလင်တံတိုင်းပြိုတဲ့ အချိန်လောက်ကနေစတက်လာတာ ၂၀၀၂ ရောက်တော့
တော်တော်တိုးတက်လာပြီး ၂၀၀၃ မှာ
အပြည်ပြည်ဆိုင်ရာနျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA – International Atomic
Energy Agency) သဘောတူညီချက်နဲ့စစ်ဆေးမှုတချို့လုပ်ခဲ့တယ်။
ဒါပေမယ့်နောက်ပိုင်းမှာ အီရန်နဲ့အိုင်အေအီးအေ အဆင်မပြေဘူး။
နှစ်ဘက်အပြန်အလှန်အပစ်တင်ကြပြီး ၂၀၀၆ ရောက်တော့ အိုင်အေအီးအေ က
အီရန်နျူကလီးယားအစီအစဉ်ဟာ အန္တရယ်ရှိတဲ့အခြေအနေတခုကို
ရောက်ရှိလာတော့မယ်ဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်လိုက်တယ်။
လုံခြုံရေးကောင်စီရောက်သွားတဲ့အချိန်က အီရန်မှာခိုမေနီခေတ်မဟုတ်တော့ပဲ
မိုဟာမက်အာမာဒီနာဂျဒ် သမ္မတဖြစ်နေတဲ့အချိန်ဖြစ်တယ်။
အာမာဒီနာဂျဒ် က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ အီရန်နျူကလီးယားအစီအစဉ် ရပ်ဆိုင်းထားဖို့ကိုလစ်လျူရှုခဲ့တယ်။ အမေရိကန်မှာ ဂျော့ရှ်ဘွတ်ချ် လက်ထက်။ ၂၀၀၉ အထိ ကုလသမဂ္ဂ၊ အမေရိကန် နဲ့ ဥရောပ တို့အီရန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် သံတမန်ရေးဆောင်ရွက်ချက် တွေလည်းအရာမထင်ခဲ့ဘူး။ ၂၀၁၀ ကနေ ၂၀၁၃ ဟာ အီရန်မှာ P5+1 လို့လူသိများတဲ့ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ P5+1 ဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် (Permanent ကနေ P ကိုယူတယ်) တွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ အမြဲတမ်းအဖွဲ့ဝင်ထဲမပါတဲ့ ဂျာမနီ တို့ဝင်ဆွေးနွေးတာတွေကိုခေါ်တာ။ အီးယူဘက်က ဒါကို E3+3 လို့လည်းခေါ်တယ်။ ဥရောပ၃နိုင်ငံနဲ့ အခြား၃နိုင်ငံဆိုတဲ့သဘော (နာမည်ပေးတာတွေကိုလျော့မတွက်နဲ့)။ ၂၀၁၀ကျော်ဆိုတာ အမေရိကန်မှာ အိုဘားမားလက်ထက်ကိုရောက်လာပြီ။ အိုဘားမားအစိုးရက ၂၀၁၂ ဇူလိုင်မှာ အီရန်ဗဟိုဘဏ်ကပိုင်တဲ့ အက်ဆက်အားလုံးကိုထုတ်ယူခွင့်ပိတ်တယ်။ အီရန်ရေနံတင်သွင်းနေတာတွေအားလုံးကိုရပ်ဆိုင်းတယ်။

၂၀၁၃ ဇွန်မှာ အီရန်မှာ ဟတ်ဆန်ရိုဟာနီ အနိုင်ရပြီးသမ္မတဖြစ်တော့ အီရန်ရဲ့
နျူကလီးယားလမ်းကြောင်း ပြောင်းလာတယ်။ ၂၀၁၃ အောက်တိုဘာမှာ ဂျနီဗာမှာ
ဆွေးနွေးပွဲတွေပြန်စတယ်။ ၂၀၁၆ မှာ
ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (JCPOA – Joint Comprehensive
Plan of Action) ကိုလက်မှတ်ထိုးနိုင်ခဲ့တယ်။ အဲသည်ကတည်းက အိုင်အေအီးအေ က
အီရန်နျူကလီးယားအစီအစဉ် နဲ့ပါတ်သက်တဲ့အခြေအနေတွေကို ၃လတကြိမ်အစီရင်ခံစာတွေ
ထုတ်ပေးတယ်။ ဒါပေမယ့် ထရမ့်တက်လာတဲ့ နောက်ပိုင်း ၂၀၁၇မှာ
အီရန်နဲ့လုပ်ထားတဲ့ JCPOA ကိုသူလက်မခံနိုင်ဘူးဆိုပြီးသဘောတူညီချက်ထဲက
ထွက်မယ်ဆိုတယ်။ အဲဒါ ၂၀၁၇ အောက်တိုဘာ။ အရပ်စကားနဲ့ပြောရရင်
ဖော်ရှိုးတွေလုပ်နေတယ်ဆိုတဲ့ သဘော။ ဒါပေမယ့် အမေရိကန်ကွန်ကရက်က
ဘာမှမလုပ်တော့ သူ့အဆိုပျက်ပြယ်သွားတယ်။ ဒီဇတ်လမ်းကို ပြန်အသက်သွင်းသူက
နေတန်ညာဟူ။
အစ္စရေးထောက်လှမ်းရေးစာရွက်စာတမ်းတွေကို ကိုးကားပြီး အီရန်ဟာ
နျူကလီးယားလက်နက်ပရိုဂရမ်ကို ဘယ်တုန်းကမှမရပ်ခဲ့ဘူး။
နောက်ကွယ်မှာဆက်လုပ်နေတယ် အခုဆိုရင် ၁၀ကီလိုတန်ချိန်ရှိတဲ့ နျူလက်နက်တွေ
ပိုင်ဆိုင်နေပြီလို့ဆိုတယ်။ နေတန်ညာဟူရဲ့ အေပယ် ၂၀၁၈ တင်ပြချက်အပြီး ၂၀၁၈
မေလမှာအီရန်နဲ့ JCPOA ကိုဖျက်သိမ်းတယ်။ ဒီဆုံးဖြတ်ချက်ဟာ
အီရန်နဲ့အဆက်အစပ်ရှိတဲ့ အမေရိကန်ကုမဏီအားလုံးကို
၃လအတွင်းကန်ထရိုက်စာချုပ်တွေအားလုံးကို ရပ်ဆိုင်းစေခဲ့တာဖြစ်တယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက
အီရန်ဗဟိုဘဏ်ကိုပြန်ပြီးအဆက်ဖြတ်တောက်ခဲ့တယ်။
ပြီးခဲ့တဲ့အပတ်တွေကပြောခဲ့တဲ့ ဟွာဝေးက အမေရိကန်ကုမဏီတွေဆီကဝယ်တဲ့
ပစ္စည်းနဲ့နည်းပညာတွေကို အီရန်မှာကုမဏီတခုတဆင့်ခံရောင်းချနေတဲ့အတွက်
အမေရိကန်က ဟွာဝေးဒုဥက္ကဋ္ဌကိုကနေဒါမှာ ထိမ်းသိမ်းလိုက်တယ်။ ပြီးတော့
ကနေဒါအမေရိကန် အမှုသည်လွှဲပြောင်းခွင့်သဘောတူစာချုပ် (Extradition treaty)
အရ ထိမ်းသိမ်းထားတဲ့ ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ်ကို
အမေရိကန်ကိုမေလမှာလွှဲပြောင်းစစ်ဆေးဖို့ ကနေဒါတရားရုံးကအမိန့်ချမှတ်ခဲ့တယ်။
ဒါပေမယ့် ဒီအချက်ကို ထရမ့်ကတရုတ်နဲ့ကုန်သွယ်စစ်ဆွေးနွေးပွဲ
ဖဲတချပ်အဖြစ်သုံးလိုပုံရတယ်။ အခြေအနေကခုထိရှေ့ဆက်ထွက်မလာဘူး။ ဒါပေမယ့်
ဒီအမှုသည်လွှဲပြောင်းရေးသဘောတူညီချက်ဟာ တရုတ်ကိုအနည်းနဲ့အများ
မျက်စိစပါးမွှေးစူးခဲ့ပုံပေါ်တယ်။ ဟောင်ကောင်ပြဿနာဖြစ်တဲ့
ဟောင်ကောင်တရုတ်အကျဉ်းသား(တရားခံ) လဲလှယ်စစ်ဆေးခွင့်ဟာ ဟွာဝေး
ပြဿနာကိုဆင်ခြင်ကြည့်ရာကနေ ဆက်စပ်ပေါ်လာတယ်လို့ယူဆကြည့်နိုင်တယ်။
အီရန်ပြဿနာပြန်ဆက်ရရင် ရေနံတင်သဘောင်္တွေပစ်ချတာကိုငြင်းခဲ့တဲ့အီရန်ဟာ
ပါရှန်ပင်လယ်ကွေ့နားက အမေရိကန်စပိုင်ဒရုန်း၂ဆင်းကို
ဇွန်၂၀ရက်နေ့ကပစ်ချခဲ့တယ်။ အီရန်ကသူ့ပိုင်နက်တောင်ဘက်
ကမ်းရိုးတန်းထဲဝင်လာလို့ ပစ်ချတယ်လို့ဆိုတယ်။ အမေရိကန်က
ဒါဟာနိုင်ငံတကာလေကြောင်းပိုင်နက်
ထဲမှာပဲရှိနေသေးတယ်လို့ဖြေရှင်းချက်ထုတ်တယ်။ ပစ်ချခံရပြီးး
နောက်ရက်ပိုင်းအတွင်းတက်လာတဲ့ သတင်းတွေအရ ထရမ့်ကအီရန်ကို
တိုက်မိန့်ပေးပြီးမှပြန်ရပ်တန့်ခိုင်းတယ်ဆိုတယ်။ ထိုးမယ့်ဆင်နောက်
တလှမ်းဆုတ်တဲ့သဘောပဲ။ ထရမ့်ကတဦးတယောက်ရဲ့မိုက်မဲတဲ့ ဆုံးဖြတ်မှုဖြစ်တယ်
ဆိုပြီးစကားခေါ်ထားပေမယ့် အီရန်ကဘယ်သူကပစ်ချလိုက်တာပါ။
ဘယ်လိုအပစ်ပေးလိုက်တယ်ဆိုတဲ့ လိုက်ဖဲပြန်ထွက်မလာတာတွေ့ရတယ်။
အီရန်ဟာဒေါ်လာသန်းရာချီတန်တဲ့ အမေရိကန်ထောက်လှမ်းရေး
ဒရုန်းတွေကိုပစ်ချလိုက်တဲ့အတွက် စစ်ရေးအရမဟုတ်ဘူးဆိုရင်တောင်
စီးပွားရေးအရကောင်းစွာ ပေးဆပ်ခံရဖို့ရှိနေတယ်။ အမေရိကန်မှာ
အီရန်ပြဿနာဝင်နေချိန်မှာ ရုရှားကပြန်လာပြီးခါစ ရှီကျင်းပင်က
မြောက်ကိုရီးယားကို ခုအပတ်ထဲခရီးဆက်ခဲ့တယ်။
အိုဆာကာထိပ်သီးဆွေးနွေးပွဲဆီသို့
အမေရိကန်ဟာ ကုန်သွယ်စစ်စခါစက တရုတ်ကိုအမေရိကန်ထုတ်လုပ်ရေး (manufacturing)
အလုပ်တွေ ရောက်ကုန်တဲ့အတွက် ကုန်သွယ်ခွန်ကောက်လို့
တရုတ်ကုန်တွေစျေးမြင့်ရင် ပြည်တွင်းကို အလုပ်တွေ ပြန်ဝင်လာလိမ့်မယ်လို့
အနည်းနဲ့အများတော့ယူဆထားခဲ့တယ်။ ဒါပေမယ်ထင်သလိုဖြစ်မလာဘူး။ တရုတ်မှာ
ရှိတဲ့ထုတ်လုတ်ရေးလုပ်ငန်းတွေဟာ ကမ္ဘာကြီးရဲ့အခြားစျေးသက်သာတဲ့
နေရာတွေကိုရွှေ့တော့မှာဖြစ်တယ်။ ထိုနည်းတူ တဘက်ကုန်တဘက်အပြန်အလှန်
မှာယူတာလျော့ချနေတဲ့အတွက် လစ်ဟာသွားတဲ့ ကုန်အရည်အတွက်တွေနေရာမှာ
အခြားနိုင်ငံတွေကနေတိုးမြှင့်မှာယူနေရတယ်။ ဒီအရွှေ့အပြောင်းနှစ်ခုစလုံး မှာ
အကျိုးရှိလာတာကတော့ ဗီယက်နမ်ဖြစ်တယ်။
အခုဟောင်ကောင်ပြဿနာပေါ်ပြန်တော့ ဟောင်ကောင်ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့
ဟောင်ကောင်ကိုဗဟိုပြုပြီး အာရှမှာရင်းနှီးမြုပ်နှံမှုတွေလုပ်နေတဲ့
ကုမဏီတွေဟာ နိုင်ငံရေးတင်းမာမှုနည်းပြီး တည်ငြိမ်မှုရှိတဲ့၊ အင်တာနက်၊
ဘဏ်နဲ့ အခြားဆက်သွယ်မှုနဲ့ မြို့ပြအဆောက်အအုံပိုင်းမှာအရမ်းကောင်းတဲ့
စင်္ကာပူကိုရွှေ့ဖို့စစဉ်းစား လာတာကိုတွေ့ရတယ်။
အိုဘားမားလက်ထက်ကစီစဉ်ခဲ့တဲ့ အာရှ၊ လက်တင်အမေရိကနဲ့ အမေရိကန်လုပ်မယ့်
ပစ္စဖိတ်တဘက်တချက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (TPP – Trans-Pacific
Partnership) ကိုဖျက်ခဲ့တဲ့ ထရမ့်ဟာ အင်ဒိုပစ္စဖိတ်စီးပွားရေးပုံစံကို
ဝင်မယ့်အရိပ်အရောင်တွေတွေ့နေရတယ်။ ဆိုတော့ အရှေ့တောင်အာရှမှာ
စီးပွားရေးအကောင်းဆုံးတွေဖြစ်တဲ့ စင်္ကာပူနဲ့ အင်ဒိုနီးရှား။
ဒီဘက်၁၀စုနှစ်စကတည်းက တရိပ်ရိပ်စီးပွားဖြစ်လာတဲ့ ဗီယက်နမ်တွေနဲ့အတူ
တောင်တရုတ်ပင်လယ်အခြေအနေ နဲ့ တရုတ်နဂါးပတ်လမ်းတွေဟာ ကုန်သွယ်စစ်နဲ့အတူ
မြန်မာတွေသေချာလေ့လာရမယ့် နယ်ပယ်တွေ ဖြစ်လာတယ်။
ဇွန်လကုန် ဂျပန်ထိပ်သီးဆွေးနွေးပွဲဟာရှေ့အပတ်ရောက်ရှိလာပါတော့မယ်။
ကုန်သွယ်စစ်ရဲ့ ဇတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်လာနိုင်ပြီး
ဇတ်သိမ်းခန်းကိုငွေရောင်ပိတ်ကားထက်မှာဆက်ကြည့်ကြပါစို့။
Kyaw Zaaw Khine
0 comments:
Post a Comment