(ဘုန်းကြီးတွေ ဘုန်းကြီးဖို့)
ဗမာ့နိုင်ငံရေးသဘောက လူထဲမှာ သူ့လူကိုယ့်လူရှိသလို ဘုန်းကြီးထဲမှာလည်း သူ့ဘုန်းကြီး ကိုယ့်ဘုန်းကြီးဆိုတာ တောက်လျှောက်ရှိခဲ့တာပါ။ ဒီနေရာမှာ ဓသူဓ ဓကိုယ်ဓ စသည်ဖြင့်ပြောတာရတာက ဓသူ“က ဖိနှိပ်အုပ်စိုးသူ၊ “ကိုယ်“က ဖိနှိပ်အုပ်စိုးခံသဘောကို ညွှန်းပါတယ်။ လူထုဘုန်းကြီးနဲ့ အစိုးရဘုန်းကြီးလို့ဆိုလည်း မမှားပါ။
ဘယ်ဘက်မှမပါဘဲ မိမိဘာသာ ပရိယတ္တိ ပရိပတ္တ ပရိဝေဒနဲ့နေပြီး လွတ်လွတ်ကင်းကင်း သီတင်းသံုးတဲ့ကိုယ်တေ်ာတွေလည်း ရှိမှာပါ။ ရှိမှာပါလို့ပြောရတာက မသေချာလို့ပါ။ လူတွေကိုအမှီပြုပြီး ရပ်တည်ရှင်သန်ရတဲ့ပုဂ္ဂိုလ်တွေဆိုတော့ လူတွေဒုက္ခရောက်တဲ့အခါ လူတွေ(ဒကာ ဒကာမတွေ)ရဲ့လူမှုရေးဘဝ စီးပွားရေးဘဝ စားဝတ်နေရေးဘဝတွေကို ကိုယ်နဲ့မဆိုင်သလို လျှစ်လျှူရှုပြီး နေနိုင်အားမယ် မထင်လို့ပါ။
သမိုင်းဆိုင်ရာအထောက်အထားတွေအရ ပုဂံခေတ်ကစလို့ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ ကုန်းဘောင်စတဲ့ မင်းအဆက်ဆက်မှာလည်း “ကိုယ့်ဘုန်းကြီး“တွေကို တွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီခေတ်တွေက ကိုယ့်ဘုန်းကြီးဆိုတာတွေက ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ စစ်အစိုးရအဆက်ဆက်ခေတ်က ဘုန်းကြီးတွေနဲ့ တထပ်တည်းထားတွေးလို့တော့မရပါ။ ပဒေသရာဇ်ခေတ် ကိုယ့်ဘုန်းကြီးဆိုတာ မင်းဆိုးမင်းညစ်ဘက်ကမရပ်တဲ့ဘုန်းကြီးတွေလို့ ယေဘုယျပြောရမယ်ထင်ပါတယ်။
ဒီ့နောက်ပိုင်းပေ်ါထွက်လာတဲ့ ကိုယ့်ဘုန်းကြီးတွေထဲမှာ တပြည်လံုးဗြိတိသျှလက်အောက်ကျသွားတော့ လက်နက်ကိုင်ခုခံခဲ့တဲ့ ဦးဥတ္တမဆိုတဲ့ကိုယ်တေ်ာတပါးဆို အလွန်ထင်ရှားပါတယ်။ ရဟန်းက လက်နက်မကိုင်စကောင်းမို့ လူဝတ်လဲ ဗိုလ်ဥတ္တမဘွဲ့ခံခဲ့ပေမယ့် သူဟာ ကိုယ့်ဘုန်းကြီးပါ။ အလားတူစွာတဘက်မှာလည်း ကိုလိုနီခေတ်မှာ သူ့ဘုန်းကြီးဖြစ်ခဲ့တဲ့ဘုန်းကြီးတေမှ နည်းလား။ ကိုယ့်ဘက်မှာလည်း ဦးဥတ္တမကိုယ်တေ်ာကြီး အာဇာနည်ဦးဝိစာရစသည်ဖြင့် ကိုယ့်ဘုန်းတေ်ာကြီးတွေ အထင်အရှားရှိသလို မထင်မရှားကိုယ်တေ်ာတွေလည်း မနည်းပါ။
ဖက်ဆစ်ဂျပန်အုပ်စိုးတဲ့ ကာလတိုလေးမှာတောင် ကိုယ့်ဘုန်းကြီးကအများစုပေမယ့် သူ့ဘုန်းကြီးတချို့လည်း ရှိခဲ့ပါတယ်။ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ်၊ အိမ်စောင့်၊ တေ်ာလှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ၊ ကြံ့ဖွံ့၊ ၿီဴ စသည်ဖြင့် အစိုးရနံမည်တွေ ဘယ်လိုပြောင်းပြောင်း “သူ“ “ကိုယ်“ဆိုတဲ့သဘောက အထင်အရှားရှိပါတယ်။
နဝတ နအဖ ခေတ် ကိုယ့်ဘုန်းကြီးလှုပ်ရှားမှုတွေထဲမှာ သပိတ်ကံဆောင်မှုဟာ ထင်ရှားသလို ၂ဝဝ၇ ရွှေဝါရောင်တေ်ာလှန်ရေးဆိုလည်း ကမ္ဘာနဲ့ချီ ကြီးကျယ်ခဲ့တာပါ။ တဘက်မှာလည်း အစိုးရတွေက သူ့ဘုန်းကြီးတွေ အစွမ်းကုန်ပါဝပေး အနမတဂ္ဂမွေးပြီး ဖေ်ာခဲ့ စုခဲ့ လူထုကို အတွေးအခေ်ါအရ ပိပြားနေအောင်လုပ်ခဲ့တာလည်း မနေမနားပါ။
သူ့ဘုန်းကြီးတွေလှုပ်ရှားစုဖွဲ့မှုမှာ ၉၆၉၊ မဘသနဲ့ ဝီရသူဂိုဏ်းဟာ ဘာသာရေး လူမျိုးရေးအခြေခံအကြမ်းဖက် လုယက်သတ်ဖြတ်မှုတွေမှာ နံမည်ဆိုးနဲ့အလွန်ကျေ်ာကြားပါတယ်။ ခုမှသာ ဂိုဏ်းခေါင်းဆောင်အဖြစ် ဝီရသူတယောက်တည်း ထီးတည်းကြီးလိုဖြစ်နေပေမယ့် ဝိုင်းလက်ညှိုးထိုးကြပေမယ့် လက်မွန်မဆွကတော့ သီတဂူတို့ ရွှေညဝါတို့ အင်းစိန်ရွာမကျောင်းဆရာတေ်ာတို့ မကွေးကျောင်းပါမောက္ခတို့ဟာ ထိပ်သီးကြီးတွေပါ။ အခြေအနေကြည့်ပြီး လက်လျှိုတန်လျှို အချိုသပ်တန်သပ် နောက်တန်းပြန်ဆင်းတန်ဆင်း လုပ်နေကြတာပါ။ ဒါတွေက လူတိုင်းသိပြီးသားပါ။
စေ့စေ့တွေးကြည့်ရင် ဘာမှ အဆန်းတကြယ်လည်း ဖြစ်စရာတော့မရှိပါ။ နိုင်ငံရေးသဘောမို့ သူ့ဘက်ကိုယ့်ဘက် သူ့လူကိုယ်လူကတော့ ခေတ်တိုင်းစနစ်တိုင်းမှာရှိရမှာပါ။ ဗမာ့လူ့အဖွဲ့အစည်းလို ဘာသာရေးရေးနဲ့နိုင်ငံရေး ဒွေးရောယှက်တင် နှစ်ပင်လိမ်နေတဲ့ပြည်မျိုး ထားပါဦး ဘာသာရေးနဲ့နိုင်ငံရေး တနည်းပြောရရင် ွနစေမေအငသည သ္ ဃ့ကမခ့ ေညိ ွအေအန လို့ဆိုတဲ့နိုင်ငံတွေမှာတောင် အဲ့ဒီ ၂ ခုဟာ အခြားပံုစံတွေနည်းတွေနဲ့ တကောင့်အမြီး တကောင်ချည်ထားတာမျိုးပါ။
တနည်းပြောရရင် နှစ်ဦးနှစ်ဖလှယ်ရဲ့ အကျိုးစီးပွားတွေပါ။ ဒီနေရာမှာ ဗမာပြည်ဗုဒ္ဓဘာသာဘုန်းတေ်ာကြီးတွေအနေနဲ့ဆိုရင်တော့ အကျိုးစီးပွားလို့ ဆိုတာက ဘုန်းကြီးဝတ်ပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ သင်္ကန်းဝတ်တွေကိုပြောတာလို့ မှတ်စေ့ချင်ပါတယ်။ အခွင့်ထူးခံ ဘုန်းကြီးခရိုနီတွေကို ဆိုလိုတာပါ။
ကိုယ့်ဘုန်းကြီးတွေမှာလည်း အကျိုးစီးပွားရှိပါတယ်။ သူတို့အကျိုးစီးပွားက အဖိနှိပ်ခံလူထု(ဒကာ ဒါယိကာမ)တွေရဲ့ အကျိုးစီးပွားကိုရှေးရှုပါတယ်။ သူတို့ တဦးချင်းပုဂ္ဂလသဘော ကိုယ်ကျိုးစီးပွားမဟုတ်ပါ။
ဆိုတော့ ကျနေ်ာတို့ဟာ သူ့ဘုန်းကြီး ကိုယ့်ဘုန်းကြီးဆိုတာကို ဘာသာရေးနဲ့နိုင်ငံရေး၊ အစိုးရနဲ့ပြည်သူပြည်သား၊ ဖိနှိပ်အုပ်စိုးသူနဲ့ ဖိနှိပ်ခံအုပ်ချုပ်ခံဆိုတဲ့သဘောကနေ ချဉ်းကပ်ရှုမြင်ဖို့လိုမယ်ထင်ပါတယ်။ အဲ့သလိုမြင်နိုင်မှသာ အတွေးအခေ်ါအရ ရှင်းလင်းသွားမှာပါ။ အဲ့သလိုရှင်းလင်းသွားမှ “ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းတယ်“တို့၊ “နိုင်ငံရေးသမားက ဘာသာရေးကို အသံုးချတယ်“တို့ ဆိုတဲ့ပြောစကားတွေဟာ အကာပြဲ့ပြဲ့အနှစ်မဲ့တွေမှန်း တွေ့မြင်လာမှာဖြစ်ပါတယ်။ အဲ့သလိုရှင်းလင်းသွားမှသာ “ဘာသာရေးနဲ့နိုင်ငံရေး မပတ်သက်ရဘူးတို့၊ ပတ်သက်ရမယ်တို့“ ဆိုတဲ့ကိစ္စဟာ လောလောဆယ်မှာ စကားလုပ်ပြောနေစရာအကြောင်းမဟုတ်မှန်း ထင်း သွားမှာပါ။
ကျနေ်ာတို့ ဒီမိုကရေစီရေးမှာ၊ လက်ဝါးကြီးအုပ် စစ်ဗျူရိုကရက်အရင်းရှင်စနစ်ဆန့်ကျင်ရေးမှာ၊ ၂ဝဝ၈ ဖွဲ့စည်းပံုဖျက်သိမ်းရေးမှာ၊ ချုပ်ပြောရရင် ကျနေ်ာတို့နိုင်ငံရေးမှာ၊ ကျနေ်ာတို့တိုင်းပြည်မှာ၊ ကျနေ်ာတို့ဗမာ့လူ့အဖွဲ့အစည်းမှာ “ကိုယ့်ဘုန်းကြီးတွေ ပါဝင်မြဲပါဝင်နေဖို့ လိုအပ်နေပါသေးတယ်“။
“ကိုယ့်ဘုန်းကြီးတွေ ဘုန်းကြီးဖို့လိုပါတယ်“
“ကိုယ့်ဘုန်းကြီးတွေ သက်ရှည်ဖို့လိုပါတယ်“
မျိုးမြင့်ချို
မေ ၃၁၊ ၂ဝ၁၉

0 comments:
Post a Comment