(ကမ္ဘာတပတ်က ဗမာပါမှ အပတ်စေ့မှာပါ)
ယူအက်စ်က စတော့ဈေးကွက်တော့ တရှိန်တိုး ထိုးဆင်းနေတယ်။ ဘဏ်တိုးနှုန်းတွေချပေမယ့် ငွေချေးသူက ထင်သလောက် မချေးဘူးလို့ဆိုတယ်။ ငွေတန်ဖိုးလည်း ချတယ်။ ဈေးကွက်ထဲရောက်နေတဲ့ ဒေါ်လာတွေရဲ့ ပမာဏအချို့ကိုပြန်သိမ်းဖို့ ဒါမှမဟုတ်ရင် ထပ်သွန်ထည့်ဖို့ (ငွေပြန်ကျစ်အောင် ဒါမှမဟုတ် ငွေဖောင်းပွအောင်လုပ်ဖို့) ဘယ်ဟာလုပ်သင့် ဘယ်ဟာမလုပ်သင့်ဘူး ပြောဆို ငြင်းခုန်နေကြတယ်။ နံမည်ကျော်ဗဟိုဘဏ်ဥက္ကဌ အလန်ဂရင်န်းစပန်ကတော့ အမေရိကန်ဟာ Recession လို့ခေါ်တဲ့ စီးပွားဆုတ်ယုတ်ကျဆင်းမှု ဖြစ်လာနိုင်ခြေတွေများနေပြီလို့ သတိပေးတယ်။
ယူအက်စ်က စတော့ဈေးကွက်တော့ တရှိန်တိုး ထိုးဆင်းနေတယ်။ ဘဏ်တိုးနှုန်းတွေချပေမယ့် ငွေချေးသူက ထင်သလောက် မချေးဘူးလို့ဆိုတယ်။ ငွေတန်ဖိုးလည်း ချတယ်။ ဈေးကွက်ထဲရောက်နေတဲ့ ဒေါ်လာတွေရဲ့ ပမာဏအချို့ကိုပြန်သိမ်းဖို့ ဒါမှမဟုတ်ရင် ထပ်သွန်ထည့်ဖို့ (ငွေပြန်ကျစ်အောင် ဒါမှမဟုတ် ငွေဖောင်းပွအောင်လုပ်ဖို့) ဘယ်ဟာလုပ်သင့် ဘယ်ဟာမလုပ်သင့်ဘူး ပြောဆို ငြင်းခုန်နေကြတယ်။ နံမည်ကျော်ဗဟိုဘဏ်ဥက္ကဌ အလန်ဂရင်န်းစပန်ကတော့ အမေရိကန်ဟာ Recession လို့ခေါ်တဲ့ စီးပွားဆုတ်ယုတ်ကျဆင်းမှု ဖြစ်လာနိုင်ခြေတွေများနေပြီလို့ သတိပေးတယ်။
လက်ရှိဗဟိုဘဏ်ဥက္ကဌ ဂျရုမ်းပိုဝဲလ်နဲ့ သမ္မတနဲ့ကလည်း အမြဲတမ်းကတောက်ကဆပဲ။
ဟိုတလောလေးကပဲ ဘဏ်တိုးနှုန်း ဒဿမ ၂၅ ချလိုက်တယ်။ ခု ထပ်ချခိုင်းနေပြန်ပြီ။
ချမယ့်သဘောရှိတယ်လို့ ဈေးကွက်ထဲမှာခန့်မှန်းနေကြတယ်။ အချိန်တိုအတွင်း
နှစ်ခါပြန်ချရင် ကမောက်ကမတွေဖြစ်မှာကို စိုးရိမ်သူတွေလည်းရှိနေတယ်။
မြန်မြန်ချလေ များများချလေ ကောင်းလေလေဆိုသူတွေလည်း မနည်းဘူး။ သူတို့က
ပိုတောင်များနေတယ်။
ဒေါ်လာကို နိုင်ငံခြားအရန်ငွေ Foreign Reserve ထားတဲ့နိုင်ငံတွေကလည်း
ဒေါ်လာထုတ်ရောင်း ငွေချေးစာချုပ် Bond တွေထုတ်ရောင်းပြီး ရွှေဝယ်စုလာတယ်။
တရုတ်နဲ့ကုန်သွယ်ဖက်နိုင်ငံတချို့ကလည်း ကုန်သွယ်ရာမှာ
ဒေါ်လာကြားခံလုပ်တာကို လျှော့နိုင်သမျှလျှော့ချနေကြတာတွေရှိတယ်။
ကိုယ့်ငွေနဲ့ ဒေါ်လာအရင်ဝယ် ပြီးမှ အရောင်းအဝယ်လုပ်ဆိုတဲ့ပုံစံက
အကုန်အကျပိုများတယ်လို့ဆိုတယ်။
အမေရိကန်ကို တရုတ်ပစ္စည်းတွေအဝင် သိသိသာသာကျလာတယ်။ ဝင်တဲ့ပစ္စည်းတွေကျ
ဈေးကကြီးလာတယ်။
တရုတ်က သူ့ငွေတန်ဖိုး အထိုက်အလျှောက် ချပေမယ့်
ထိန်းတော့ထားနိုင်သေးတဲ့သဘောရှိတယ်။ ၂ဝဝ၇/၀၈
အာရှဘဏ္ဏာရေးကပ်ဆိုက်တုန်းကလည်း တရုတ်ကို မထိဘူး။ မထိတဲ့အပြင် သူက
ကျန်နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေကို ဝင်ဆယ်ပေးသေးတယ်။ သူလုပ်ထားပုံက လက်ထဲမှာ
နိုင်ငံခြားအရန်ငွေနဲ့ရွှေကို ပိုက်ထားပြီး ပုဂ္ဂလိကဘဏ်တွေမှာ
ကျရိပ်နည်းနည်းသန်းပြီဆိုတာနဲ့ ဗဟိုဘဏ်ကနေဝင်ထိန်းပေးတာမျိုးပဲ။
နိုင်ငံခြားအရန်ငွေကိုလည်း ယူအက်စ်ဒေါ်လာတခုတည်း မထားဘူး။
တရုတ်ဗဟိုဘဏ်ဆိုတာက အမေရိကန်နဲ့မတူဘူး။ အမေရိကန်ဗဟိုဘဏ်ဥက္ကဌက သမ္မတက
အမည်စာရင်းတင်သွင်းသူဖြစ်တာမှန်ပေမယ့် ငွေကြေးပေါ်လစီတွေ၊
ဘဏ္ဏာရေးစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရာမှာ အစိုးရကဝင်စွက်ဖက်လို့မရဘူး။
တရုတ်ကျတော့ ဗဟိုဘဏ်ဥက္ကဌအပေါ်မှာ အစိုးရအဖွဲ့(နိုင်ငံတော်သမ္မတ)ရှိတယ်။
ဗဟိုဘဏ်ဥက္ကဌက အစိုးရ(သမ္မတ)ကို လွန်ဆန်လို့မရဘူး။ ဒါ့ကြောင့် ထရမ့်က ခနခန
တွတ်တာမှာ ပြောပြောနေတာ “အမေရိကန်ဗဟိုဘဏ်ဥက္ကဌက ရှီကျင့်ဖျဉ်ပဲ၊ ငါ့မှာ
အဲ့သလို ပါဝါမရှိဘူး၊ အဲ့သလိုပါဝါရှိမှ အမေရိကန် Great Again
လုပ်နိုင်မှာ“ဆိုပြီး။
အရင်းရှင်စနစ်မှာက ဘယ်စက်မှုအရင်းရှင် ဘယ်ကုန်သွယ်အရင်းရှင်
ဘယ်လောက်ရှာရှာ ဘယ်လောက်စုစု နောက်ဆုံးငွေကြေးတွေဟာ ဘဏ္ဏာအရင်းရှင်လက်မှာပဲ
အကုန်စုပုံသွားရတာပဲ။ ဒီတော့ ကျန်တာတွေပြိုရင် ဘဏ္ဏာအရင်းရှင်က ဝင်
ဆယ်ရတယ်။ သူချည်း မနိုင်ရင် အစိုးရ(ဗဟိုဘဏ်) က ပုဂ္ဂလိကဘဏ်သူဌေးကြီးတွေကို
ကြေးပံ့ရတယ်။ ဒီနည်းနဲ့ ကျန်တာတွေမပြိုအောင်ထိန်းရတာပဲ။
အဲ့သလိုထိန်းနေရင်းကမှ ငွေဝင်ငွေထွက် ငွေအစီးအဆင်းတွေပျက်ကုန်ရင်
ဘဏ်တွေပြိုတာပဲ။ ပုဂ္ဂလိကဘဏ်တွေပြိုတာကို အစိုးရဗဟိုဘဏ်ကဝင်ထိန်းရင်း
အစိုးရဗဟိုဘဏ်ပါပြိုရင် Depression ဆိုတဲ့ စီးပွားပျက်ကပ်ဆိုက်တာပဲ။ သဘောက
ဘဏ္ဏာအရင်းရှင်ပြိုမှ တစုံလုံးပြိုတာ။
အမေရိကန်မှာ ၁၉၃၀ ပြည့်တဝိုက်တွေကဆိုက်တဲ့ စီးပွားပျက်ကပ်ကို Great
Depression လို့ ခေါ်တယ်။ တိုင်းပြည်ရဲ့စီးပွားရေး အတိုးအဆုတ်ကို တနှစ်ကို
၃ လစီခွဲပြီး ၄ ပိုင်း ပိုင်းတယ်။ အဲ့ဒီ ၃ လတကြိမ်အတိုးအဆုတ်ကိုကြည့်ပြီး
တက်နေတယ်၊ ကျနေတယ်၊ တက်လိုက်ကျလိုက်ဖြစ်နေတယ် စသဖြင့်ပြောတာပါ။ အဲ့သလို
သုံးလနှစ်ကြိမ်ဆက်တိုက် စီးပွားကျလာရင် Recession ဖြစ်တယ်။ ရီဆက်ရှင်ကို
ပြန်မတ်လာအောင်မထိန်းနိုင်တော့ပဲ ဆက်တိုက်"အချိန်" ကြာဖြစ်သွားရင်
ခုနပြောတဲ့ စီးပွားပျက်ကပ် Depression ဖြစ်တာပဲ။
ဒီနေရာမှာ အချိန်ဆိုတာက စီးပွားကျနှုန်းအရှိန်ပေါ်မူတည်ပြီး တနှစ် ၆ လ
လည်း ဖြစ်နိုင်တယ်။ လေးငါးခြောက်နှစ်လည်း ဖြစ်နိုင်ပါတယ်။
ဒါကိုပုံသေပြောတဲ့လူပြောပေမယ့် ဘောဂဗေဒပညာရှင်တချို့ကတော့
စီးပွားကျနှုန်းအရှိန်ပေါ်တည်ပြီး
အချိန်ကိုသတ်မှတ်တာပိုကောင်းတယ်လို့ဆိုတယ်။
ခုလေလောဆယ်တော့ ပြည်တွင်းဖိအားတွေ ပြည်ပကုန်သွယ်ရေး ကမောက်ကမမှုတွေကြောင့်
တရုတ်သွင်းကုန်တန်ဖိုး ဘီလီယံ ၃ ရာကျော်အပေါ်
အခွန်တိုးကောက်မယ်ဆိုတဲ့ကိစ္စကို ထရမ့်က ဒီဇင်ဘာအထိရက်ရွှေ့လိုက်ပြီ။
ပထမတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး သက်ရောက်စေရမယ်လို့ပြောထားတာပါ။
ခုချိန်ထိတော့ ကုန်ဈေးနှုန်းတက်လို့ လူတွေ(အခြေခံလူတန်းစား
လက်လုပ်လက်စားတွေ)ညည်းကြပေမယ့် နေမြဲတိုင်း သွားမြဲတိုင်း စားမြဲတိုင်း
သွားနေစားနေ နေ နေကြတာပါပဲ။ အပေါ်ယံအားဖြင့်တော့ ဘာမှမသိသာပါဘူး။ ၁၉၃၀
မဟာစီးပွားပျက်ကပ် ဆိုက်တုန်းကလည်း အဲ့လို ပုံမှန်လည်ပတ်နေရာကနေ
နေ့ချင်းညချင်း ဗြုန်းဆို တောင်ပြိုသလိုတွေ ထဖြစ်ကုန်တာမို့
သတိတော့ထားရမယ်ထင်တယ်။
ဗမာပြည်အနေနဲ့တော့ ငါတို့နဲ့မဆိုင်ဘူး လေညှာကအနေသာကြီးပါ လုပ်လို့မရပါ။
အမေရိကန်က စစ်ရေးပြိုင်ဆိုင်မှုအရ တကယ့်နဖူးတေ့ဒူးတေ့ရင်ဆိုင်နေတာက
ရုရှားဖြစ်နေပြီး စီးပွားရေးအရ နိုင်ငံရေးအရဦးတည်တိုက်နေတဲ့ပစ်မှတ်က
တရုတ်ဖြစ်နေတယ်။ တရုတ်နဲ့ဗမာဟာ သံမနိရှည်ကြာတဲ့ဆက်ဆံရေးရှိသလို
ကုန်းတွင်းနယ်နိမိတ်လည်း မိုင်ထောင်ချီ ထိစပ်နေတာဖြစ်တယ်။
ခုကာလ
ကမ္ဘာ့စီးပွားရေး ကုန်သွယ်ရေးတွေဆိုတာကလည်း ကမ္ဘာပတ်နေတာပါ။ ဒီကြားထဲ
တရုတ်ကြီးရဲ့ ကမ္ဘာပတ်လမ်းစီမံကိန်း Belt Road Initiative
(BRI)ကလည်းရှိနေတာ မဟုတ်လား။ အဲ့ဒီ တရုတ်ကြီးရဲ့ ကမ္ဘာတပတ်လမ်း ဗမာပြည်ပါမှ
တပတ်စေ့မှာပါ။
မျိုးမြင့်ချို
သြဂုတ် ၁၅၊ ၂ဝ၁၉
မျိုးမြင့်ချို
သြဂုတ် ၁၅၊ ၂ဝ၁၉
0 comments:
Post a Comment