(ဘယ်သူက ဘယ်သူ့ကို ပိုလိုနေလဲ)
NLD(ဒေါ်အောင်ဆန်းစုကြည်)နဲ့ စစ်အုပ်စုဟာ တကောင့်တကောင် အမြီးချင်းချိတ်မိနေတယ်။ တကောင်ချောက်ထဲကျရင် နောက်တကောင်ပါ ပါသွားမယ့်ကိန်းဆိုက်နေကြတာပါ။
NLD(ဒေါ်အောင်ဆန်းစုကြည်)နဲ့ စစ်အုပ်စုဟာ တကောင့်တကောင် အမြီးချင်းချိတ်မိနေတယ်။ တကောင်ချောက်ထဲကျရင် နောက်တကောင်ပါ ပါသွားမယ့်ကိန်းဆိုက်နေကြတာပါ။
စစ်အုပ်စုကျူးလွန်သမျှရာဇဝတ်မှုတွေအတွက် ဒေါ်စုက မျက်နှာပြောင်တိုက်
ထွက်ကာကွယ်ရင်းကာကွယ်ရင်း သူ့နိုင်ငံရေးဟာ နိုင်ငံတကာအလယ်မှာ
ပုံပျက်ပန်းပျက်ဖြစ်လာတယ်။ သူ့ကိုယ်သူလည်း သူသိပုံရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုတက်လာတဲ့
အာဆီယံနိုင်ငံခြားဝန်ကြီးများ အစည်းအဝေးတောင် သွားမတက်ဝံ့ဘူးဖြစ်သွားတယ်။
စင်္ကာပူအစည်းအဝေးတုန်းကလည်း အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်နဲ့
ကြေကြေလည်လည်မဖြစ်ခဲ့ဘူး။
တခါ ရိုဟင်ဂျာတွေအပေါ် စစ်အုပ်စုကကျူးလွန်ခဲ့တာတွေအတွက်
ကုလသမဂ္ဂကခန့်အပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း
ကြောက်ကန်ကန်ပြီးဇွတ်ငြင်းတာ စွပ်စွဲတာတွေကို နိုင်ငံခြားရေးဝန်ကြီး
အမည်ခံပြီးတော့ကို မိုက်မိုက်ကမ်းကမ်း ထုတ်ပြန်ခဲ့တယ်။
သူ့ဘက်ကသာ ခုချိန်ထိ အောက်စီးကလိုက်ပြီး
မူမဲ့တဲ့ရင်ကြားစေ့ရေးလုပ်နေပေမယ့် စစ်အုပ်စုကတော့ အရင်ကထက်တောင်
အင်တင်တင်လုပ်ထားတာ သိသာနေတယ်။ အရင်လို လူမြင်ကောင်းရုံလေး
ဖက်လှဲတကင်းတောင် လုပ်ပြဖော်မရတော့ဘူး။ စစ်အုပ်စုက အဲ့သလိုသာ
ဆေးဖော်ကြောဖက်မလုပ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို
သုံးရမယ့်နေရာတွေရှိနေသေးတော့ လှန်ထားတဲ့သဘောလုပ်ထားတယ်။
အခြေအနေက ဒေါ်စု(အင်န်အယ်လ်ဒီ)ကလည်း စစ်အုပ်စုကိုလိုအပ်သလို
စစ်အုပ်စုကလည်း ဒေါ်စုကိုလိုအပ်နေတယ်။ အပြန်အလှန် လိုအပ်နေတယ်။
လိုအပ်တာချင်းအတူတူ ဒေါ်စုဘက်ကလိုအပ်မှုက ပိုကြီးပါတယ်။ စစ်အုပ်စုကတော့
ဒေါ်စုမရှိတော့လည်း ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အထိုင်ကျနေသရွေ့
တက်လာသမျှလူတိုင်း(အစိုးရတိုင်း)နဲ့ မှေးထားပြီး နေလို့ဖြစ်နေသေးတယ်။ သဘောက
ဒေါ်စုမရှိလည်း စစ်အုပ်စုကဖြစ်တယ်။
ဒေါ်စုကျတော့ လက်ရှိအနေအထားမှာ စစ်အုပ်စုမရှိလို့ကို မဖြစ်ဘူး။
အစိုးရကစစ်တပ်ကို အမိန့်မပေးနိုင်ဘူး။ လူမျိုးစုတွေက သူတို့တပ် သူတို့သေနတ်
သူတို့အမိန့်ပေးနိုင်နေတယ်။ ပြည်တွင်းစစ်ပြဿနာ၊
လူမျိုးစုပြဿနာတွေကိုရှင်းဖို့ဆို စစ်တပ်ပါမှရမယ့်သဘောဖြစ်နေတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းတယ်ဆိုတာ ပြောတော့သာလွယ်တာ။
တကယ်က ကိုယ့်မှာ အားမရှိရင် ရှင်းမရပါဘူး။ ဒိုင်ခံရှင်းနိုင်လောက်တဲ့အားနဲ့
ရှင်းကြရမယ့်ဘက်တွေရဲ့ လေးစားခန့်ငြားမှုလည်း ရမှဖြစ်တယ်။ ဒေါ်စုမှာ အဲ့ဒီ
“အား“က မရှိဘူး။ လူထုရှိတယ်ဆိုပေမယ့် အဲ့ဒီလူထု“အား“ က လက်နက်တပ်ဆင်ထားတဲ့
“အား“မဟုတ်ဘူး။ ဒေါ်စုအပေါ် အားကိုးသမှုပြုကြတဲ့အားသဘောက ပိုကဲပါတယ်။
Might is Right ကို ဘယ်လိုပဲ လက်မခံခံ Might ဆိုတဲ့ “အား“မရှိရင်
ဘာမှလုပ်မရပါ။ ဗမာပြည်ပြဿနာမှ မဟုတ်ပါ တကမ္ဘာလုံးကပြဿနာတွေကိုလည်း Mighty
ဖြစ်သူတွေကသာ ဦးဆောင်ဖြေရှင်းကြတာပါ။ “အား“ကိုင်ပြီး စကားပြောနေကြတာပါ။
ဗမာပြည်ကျတော့ ပိုပေါ်လွင် ပိုသိသာပါတယ်။ သိသာအောင်လည်း စစ်အုပ်စုက
နှစ်ပေါင်းများစွာလုပ်ယူလာခဲ့တာပါ။
ဒေါ်စုအနေနဲ့ အဲ့ဒီပြည်တွင်းစစ်ပြဿနာလို၊ လူမျိုးစုပြဿနာတွေလိုဟာတွေကို
ရှင်းချင်စိတ်ရှိဦးတောင်(ရှိတယ်လို့ယုံပေမယ့် ရပ်ခံချက်မူမမှန်တာတွေကြောင့်
အပြတ်ပြောဖို့ခက်ပါတယ်) ရှင်းနိုင်ဖို့ အလွန့်ကိုခဲယဉ်းပါတယ်။
စစ်တပ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းဖြစ်နေရုံသက်သက်ကြောင့်တင်မဟုတ်ပဲ
နိုင်ငံရေးရာထူးကြီးတွေနဲ့ အစိုးရရာထူးကြီးတွေကိုစီးထားတဲ့
စစ်ဗျူရိုကရေစီယန္တယားကြီး(စစ်ဗျူရိုကရက်ကြီးတွေ/ငယ်တွေ) ခံနေလို့ပဲ။
ဒုက္ခက စစ်တပ်ကတင်ပေးနိုင်တာမဟုတ်ပဲ နေရာပေါင်းစုံ ထောင့်ပေါင်းစုံကနေ
ပေးနိုင်အောင် စစ်အုပ်စုက စနစ်တကျအကွက်ချစီမံထားတာပါ။
ကျပ်တာကတော့ ၂ ဘက်လုံးကျပ်တည်းနေကြတာပါ။ ပဋိပက္ခကလည်း
ဘက်နှစ်ဘက်တည်းမှာဖြစ်နေတာပါ။ တဘက်က စစ်အုပ်စုဖြစ်ပြီး၊ အခြားတဘက်က
အဖိနှိပ်ခံလူမျိုးပေါင်းစုံလူထုကြီးဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ “ကြား“ မရှိပါ။
တတိယသမားမရှိပါ။ မြေဇာပင်မရှိပါ။
မျိုးမြင့်ချို
သြဂုတ် ၁၈၊ ၂ဝ၁၉
0 comments:
Post a Comment