(လူထုသဘောထားကို မှန်မှန်ကန်ကန်စုပေးနိုင်တာ လူထုခေါင်းဆောင်ပါ)
စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစောပိုင်းကာလတွေမှာ ကြိမ်းမောင်းတာ ခြိမ်းခြောက်တာနဲ့ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာတွေ မီးကုန်ယမ်းကုန်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဒေါ်စုရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ပါ။
စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစောပိုင်းကာလတွေမှာ ကြိမ်းမောင်းတာ ခြိမ်းခြောက်တာနဲ့ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာတွေ မီးကုန်ယမ်းကုန်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဒေါ်စုရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ပါ။
နောက်ပိုင်း အိမ်ချုပ်ချထားတဲ့ကာလတွေမှာတော့ နိုင်ငံရေးအရ မသိမသာရော 
သိသိသာသာပါ တရစပ်တိုက်ခိုက်သလို ပုဂ္ဂိုလ်ရေးကိစ္စတွေကိုလည်း ဂွင်ဝင် 
ဝင်သလို ထိုးနှက်တာတွေ ယိုးစွပ်တာတွေ စောင်းလားမြောင်းလားတွေ လုပ်ပါတယ်။ 
အိမ်ချုပ်ကလွတ်လာပြီးနောက် ဦးအောင်ရွှေတို့ 
ဦးလွင်တို့ဦးဆောင်တဲ့ခေါင်းဆောင်မှုအစုက နအဖရဲ့ အမျိုးသားညီလာခံတက်နေတာကနေ 
နှုတ်ထွက်လိုက်ပါတယ်။ ဒီလိုနှုတ်ထွက်လိုက်တာဟာ စစ်အုပ်စုအတွက်တော့ တကယ့်ကို
 အရှိူက်ထိုးခံလိုက်ရတာဖြစ်ပါတယ်။ အငိုက်လည်းမိသွားတယ်လို့ ဆိုနိုင်ပါတယ်။ 
ဒါ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး ပိုပြီး သည်းသည်းမဲမဲ 
ပြင်းပြင်းထန်ထန်တွေ တိုက်လာပါတယ်။ အဲ့ဒီအကြိမ်တိုက်တာဟာ တကယ့်ကို 
မီးကုန်ယမ်းကုန်နဲ့ အခဲမကြေ အငြှိုးတကြီးကိုတိုက်တာပါ။ 
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေဆိုလည်း မကြားဝံ့မနာသာတွေအထိပါ 
ရုန့်ရင်းကြမ်းတမ်းခဲ့ပါတယ်။ 
အဲ့ဒီအချိန်က ၉၆၉ တို့ မဘသတို့ဆိုတဲ့ ဘုန်းကြီးဆိုးဂိုဏ်းက 
သိတ်အခြေမကျသေးတော့ နာဇီဂတုံးတွေကိုင်ပြီး ဗြောင်ထွက်တိုက်တာတော့ 
မလုပ်အားပါဘူး။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သူတို့ "ကိုင်"ထားတဲ့ 
ဂျာနယ်တွေ စာစောင်တွေ မဂ္ဂဇင်းတွေကနေ ပလူပျံအောင် ရစရာမရှိအောင် 
အယုတ္တအနတ္တတွေပါ ပါတယ်။ အဲ့ဒီအချိန်ဟာ အပြင်းထန်ဆုံး 
ထိုးနှက်ခဲ့ချိန်လို့ဆိုရမှာပါ။ အဲ့ဒီအချိန်မှာ လူထုကလည်း 
ဒေါ်စုဦးဆောင်မှုနောက်က တခဲနက်ထောက်ခံပြီးလိုက်ခဲ့ကြတာပါ။ 
ခု အဲ့သလောက် ရုပ်ပျက်ဆင်းပျက် အိန္ဒြေမရတိုက်ဖို့မလိုတော့ပါဘူး။ 
မလုပ်ရတော့တာက ၂ဝဝ၈ ဖွဲ့စည်းပုံအောက် ဆွဲသွင်းလိုက်နိုင်တာက အဓိကပါ။ 
နောက်ပြီး မဘသ ဘုန်းကြီးဆိုးဂိုဏ်း၊ ကြံ့ဖွံ့အပါအဝကင် 
စစ်အလိုတော်ရိပါတီတွေလည်း ရှိနေပြီဆိုတော့ လိုရင် အဲ့ဒီလူတွေကတဆင့် 
တဘက်လှည့်နဲ့ တိုက်လို့ရနေတာလည်း ပါပါတယ်။
ဒေါ်စုကို အဲ့ဒီအချိန်က(အမျိုးသားညီလာခံက ထွက်ခွာချိန်)မှာ ဘာလို့ ဒီလောက်
 အသည်းအသည်အပြင်းအထန်တိုက်ခိုက်ရသလဲဆိုတာ တချက်တည်းချုပ်ပြောရရင် "ဒေါ်စုက 
လူထုခေါင်းဆောင်အဖြစ်နဲ့ လူထုရဲ့သဘောထားတွေကို မှန်မှန်ကန်ကန် 
စုစည်းပေးလိုက်နိုင်တာကြောင့်"လို့ဖြေရမှာပါတယ်။ လူထုခေါင်းဆောင်ဆိုတာ 
လူထုရဲ့သဘောထားတွေကို မှန်မှန်ကန်ကန်စုစည်းပြီး 
အားဖြစ်သွားအောင်လုပ်နိုင်သူကိုဆိုလိုတာပါ။ 
ခု ဒေါ်စု လူထုသဘောထားတွေကို မှန်မှန်ကန်ကန် စုနိုင်စွမ်းမရှိတော့ပါ။ 
လူထုခေါင်းဆောင်အဖြစ်ကနေ ပါတီခေါင်းဆောင်နိုင်ငံရေးသမားဘဝကို 
လျှောကျသွားလို့ပါ။ လူထုဘဝတွေ လူထုတိုက်ပွဲတွေနဲ့ ဝေးသွားလို့ပါ။ 
အရင်တုန်းကလို လူထုတရပ်လုံး သူ့ဦးဆောင်မှုနောက်မှာ 
တခဲနက်လိုက်ပါတာမျိုးမရှိတော့ပါ။ အထူးသဖြင့် ဗမာမဟုတ်တဲ့ 
အခြားလူမျိုးစုတွေရဲ့ ယုံကြည်ကိုးစားမှုဟာ အလွန့်ကို ပါးလျားသွားပါပြီ။ 
စစ်အုပ်စုအတွက် ဒေါ်စုဟာ ခြေသုတ်ပုဆိုး မြွွေစွယ်ကျိုးမဟုတ်သေးပေမယ့် 
အဆိပ်သိတ်မရှိတော့ပါ။ ဟိုတုန်းကလို ကြေက်စရာမလိုတော့ပါ။ ဟိုတုန်းကလို 
ဦးတည်ပစ်မှတ်ထားပြီး ရန်သူအဖြစ်တိုက်ဖို့မလိုတော့ပါ။
မျိုးမြင့်ချို
သြဂုတ် ၁၄၊ ၂ဝ၁၉
မျိုးမြင့်ချို
သြဂုတ် ၁၄၊ ၂ဝ၁၉

 
 
 










0 comments:
Post a Comment