ခေတ်သစ်မြန်မာ့သမိုင်း - ၂၃ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
၁၇၉၅ ခုနှစ်မှာ ဗြိတိသျှအိန္ဒိယ အစိုးရက မြန်မာပြည်ကို နိုင်ငံရေး မစ်ရှင်တွေ စပြီးလွှတ်တယ်။ အဲဒီမတိုင်ခင် ဗြိတိသျှမစ်ရှင် အဖွဲ့တွေကတော့ ကူးသန်းရောင်းဝယ်ရေး သဘာဝပဲ ရှိတာပါ။ ဗေကာတို့လို သံတမန်တွေဟာ နောက်ထပ်အခွင့်အလမ်း ပိုရနိုင်တာကို ရှာကြတာပါ။ မစ်ရှင်အဖွဲ့တွေရဲ့ သဘာဝ ပြောင်းလဲရတာကတော့
၁။ မြန်မာတွေက အနောက်ဖက်ကို ချဲ့ထွင်လို့။
၂။ အင်္ဂလိပ်က ကာလကတ္တားမှာ သင်္ဘောတည်ဆောက်ဖို့ မြန်မာ့ကျွန်းသစ်ကို လိုအပ်နေလို့နဲ့
၃။ ပြင်သစ်က အိန္ဒိယမှာ ရှိနေတဲ့ အင်္ဂလိပ်ကို တိုက်ဖို့ မြန်မာပြည်ကို အခြေစိုက်စခန်း လုပ်ချင်တဲ့ ဆန္ဒရှိနေလို့ ဆိုတာတွေပါပဲ။
၁။ မြန်မာတွေက အနောက်ဖက်ကို ချဲ့ထွင်လို့။
၂။ အင်္ဂလိပ်က ကာလကတ္တားမှာ သင်္ဘောတည်ဆောက်ဖို့ မြန်မာ့ကျွန်းသစ်ကို လိုအပ်နေလို့နဲ့
၃။ ပြင်သစ်က အိန္ဒိယမှာ ရှိနေတဲ့ အင်္ဂလိပ်ကို တိုက်ဖို့ မြန်မာပြည်ကို အခြေစိုက်စခန်း လုပ်ချင်တဲ့ ဆန္ဒရှိနေလို့ ဆိုတာတွေပါပဲ။
၁၇၇၇ ခုနှစ်နဲ့ ၁၇၈၃ ခုနှစ်အတွင်းမှာ အမေရိကန်တွေကို လွတ်လပ်ရေးပြန်ရအောင် ပြင်သစ်က ကူညီခဲ့ဖူးတာကိုလည်း အင်္ဂလိပ်က သင်ခန်းစာရနေပါပြီ။ အရှေ့တိုင်းမှာ ဒါမျိုးထပ်ပြီး မကြုံချင်တော့ဘူး။ မြန်မာတွေကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အင်္ဂလိပ်အောင်မြင်မှုကို မနာလိုမရှုစိမ့်တဲ့ အာမေးနီးယန်းနဲ့ မဟာမေဒင်ကုန်သည်တွေဆီက ရတဲ့ နိုင်ငံတကာသတင်းတွေကိုပဲ မှီခိုနေကြရတာပါ။ တဖက်ကလည်း ဗဒုံမင်းဟာ အင်္ဂလိပ်ကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့ အိန္ဒိယမင်းသားတွေကို မဟာမိတ်ဖွဲ့ထားရင် အဆင်ပြေမယ်လို့ စဉ်းစားမိတယ်။ သူက ဘုရားဖူးအယောင်ဆောင်ပြီး ဒေလီနဲ့ လာဟိုးကို ၁၈၀၇၊ ၁၈၀၈၊ ၁၈၁၃၊ ၁၈၁၇၊ ၁၈၂၀ နဲ့ ၁၈၂၅ ခုနှစ်တွေမှာ မစ်ရှင်အဖွဲ့တွေ စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက သူတို့ကို အပြင်းအထန်ဆန့်ကျင်တဲ့ မာရသာအကြီးအကဲနဲ့ ဆက်သွယ်ဖို့ကြိုးပမ်းတာ တွေ့ရတော့ မစ်ရှင်အဖွဲ့တာဝန်တွေကို ရပ်ဆိုင်းလိုက်ပြီး ပြန်လွှတ်တယ်။ ကံဆိုးတာက မစ်ရှင်အဖွဲ့ဟာ တစ်နှစ်နောက်ကျပြီးမှ ရောက်သွားခဲ့တာပါ။ မြန်မာက မဟာမိတ်ဖွဲ့ချင်တဲ့သူတွေကို အင်္ဂလိပ်က ဖြိုခွဲလို့တောင် ပြီးနေခဲ့ပါပြီ။ မြန်မာထက် ပိုအင်အားကြီး၊ ပိုပြီး ချမ်းသာတဲ့ အိန္ဒိယရာဇာတွေတောင် ဗြိတိသျှရဲ့ လက်အောက်ခံ မဟာမိတ်တွေ ဖြစ်ကုန်ကြပြီ။ သံတမန်တွေက အိန္ဒိယနိုင်ငံမှာရှိတဲ့ အင်္ဂလိပ်တွေဟာ မြန်မာထက် အများကြီးပိုပြီး အင်အားကောင်းမှန်းသိပါတယ်။ ဒါပေမဲ့ ဘုရင်ကို အမှန်အတိုင်း မတင်လျှောက်ဝံ့ဘူး။ အင်္ဂလိပ် သံတမန်တွေ မြန်မာပြည်ကိုလာတော့ အိန္ဒိယလူမျိုး သက်တော်စောင့် ပုလိပ်တွေနဲ့ လက်ဆောင်ပဏ္ဍာတွေ အများကြီးယူလာကြတယ်။ ကပ္ပတိန်ဆိုင်းက ၁၇၉၅ ခုနှစ်မှာ ရည်ရွယ်ချက် ၃ ခုနဲ့လာတယ်။
၁။ ကုန်သွယ်ရေး ခွင့်ပြုချက်ရဖို့။
၂။ သင်္ဘောပျက်တဲ့ သင်္ဘောသားတွေကို အသေအချာစောင့်ရှောက်ပေးဖို့
၃။ ရန်ကုန်မှာ အင်္ဂလိပ် နိုင်ငံရေး က်ုယ်စားလှယ် ပြန်ထားခွင့်ပြုဖို့နဲ့ သံတမန်ဆက်ဆံရေး ပြန်ဖွင့်ဖို့တို့ပါပဲ။
၂။ သင်္ဘောပျက်တဲ့ သင်္ဘောသားတွေကို အသေအချာစောင့်ရှောက်ပေးဖို့
၃။ ရန်ကုန်မှာ အင်္ဂလိပ် နိုင်ငံရေး က်ုယ်စားလှယ် ပြန်ထားခွင့်ပြုဖို့နဲ့ သံတမန်ဆက်ဆံရေး ပြန်ဖွင့်ဖို့တို့ပါပဲ။
ဆိုင်းက ဒီအချက်တွေအားလုံးကို သူလိုချင်တဲ့အတိုင်း စာချုပ်အနေနဲ့မဟုတ်ဘဲ စာရွက်နဲ့ ရေးထားတာကိုပဲ ရလာတယ်။ ဒါတွေရတာက ဘုရင့်ရဲ့ မျက်နှာသာပေးမှုကြောင့် ရတာပါ။ ဘုရင် အလိုမကျရင် ပြန်ရုပ်သိမ်းနိုင်တယ်။ မြန်မာ့ရက်ရောမှုက ဆိုင်းကို ဝမ်းသာအားရ ဖြစ်စေတယ်။ သူက အစီရင်ခံစာကို အကောင်းမြင်လွန်ကဲပြီး ရေးခဲ့တယ်။ အဲဒီ အစီရင်ခံစာက သူ့အစိုးရကို ဆုံးဖြတ်ချက်တလွဲဖြစ်စေခဲ့တယ်။ ကပ္ပတိန်ကောက်စ်ကို ၁၇၉၇ ခုနှစ်မှာ နိုင်ငံရေးကိုယ်စားလှယ်အဖြစ်နဲ့ ရန်ကုန်ကို လွှတ်လိုက်တယ်။ ကောက်စ်က နေပြည်တော်ကို သွားပြီး ကာလကတ္တားကို မြန်မာကိုယ်စားလှယ် လွှတ်သင့်တယ်လို့ မြန်မာနန်းတော်ကို အကြံပေးတယ်။ သူ ၉ လကြာအောင် စောင့်ရတယ်။ ဒီမစ်ရှင်က လုံးဝကျဆုံးတာပဲ။ ကောက်စ်အစီရင်ခံစာမှာတော့ သူ့အရင်က ဆိုင်းအစီရင်ခံစာနဲ့ လုံးဝကို ပြောင်းပြန်ပါပဲ။ ဗြိတိသျှအိန္ဒိယ အစိုးရကတောင် ကောက်စ်တော့ တစ်ခုခု အမှားလုပ်လာပြီလို့ တွေးယူရတာပါ။ ဒါကြောင့် မြန်မာနန်းတော်ကို စာတစ်စောင်ပို့ပြီး ဆက်ဆံရေး ပိုပြေပြစ်တဲ့ အရာရှိ တစ်ယောက် ထပ်လွှတ်ပါမယ်လို့ ပြောခဲ့တာပါ။ ၁၈၈၂ ခုနှစ်မှာ ကပ္ပတိန်ဆိုင်း နောက်တကျော့ ပြန်လာတယ်။ ဒါပေမဲ့ သူ့ကို ကပ္ပတိန်ကောက်စ်နဲ့ လုံးဝထပ်တူ တပုံစံတည်း ဆက်ဆံလိုက်တယ်။ ဘုရင်က သူ့ကို ညီလာခံတောင် တက်ခွင့်မပြုပါဘူး။ ဒါကြောင့် သူ့ရဲ့မစ်ရှင်ကလည်း စိတ်ပျက်ဖွယ် အရှုံးတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၈၀၃၊ ၁၈၀၉ နဲ့ ၁၈၁၀ ခုနှစ်တွေမှာ ကပ္ပတိန်ကန်းနင်းရောက်လာတယ်။ ဘုရင်က ဗြိတိသျှဘုရင်နဲ့သာ ဆက်ဆံနိုင်မယ်လို့ ညီလာခံမှာ ပြောလိုက်တယ်။ အိန္ဒိယဘုရင်ခံဟာ ဘင်္ဂလားမြို့စား အဆင့်လောက်ပဲ ရှိတာမို့ သူနဲ့ဆက်ဆံရင် ဂုဏ်သိက္ခာ ထိပါးနိုင်တယ်လို့ ဘုရင်က ယူဆတယ်။ မြန်မာနန်းတော်က အလေးထားဖော်ပြနေတဲ့ ဒီလိုရိုးစင်းတဲ့ တောင်းဆိုမှုကို ဥပေက္ခာပြုရမှာပဲဆိုတာ အင်္ဂလိပ်က သိပါတယ်။ အင်္ဂလန်ကနေ တိုက်ရိုက် မစ်ရှင်လွှတ်မယ်ဆိုရင်တော့ ဘုရင်ချင်းဆက်ဆံရေးမို့ အဆင်ပြေမှာပါ။ ဘင်္ဂလားမြို့စားဟာ ရန်ကုန်မြို့စားနဲ့ပဲ ဆက်ဆံသင့်တယ်လို့ ယူဆတာပါ။ ဒါကြောင့် တတိယအခေါက် လာချိန်မှာ ကန်းနင်းက ရန်ကုန်ကတောင် ထွက်မလာတော့ဘူး။ ဘုရင်က ကန်းနင်းကိုဖမ်းဖို့ ရန်ကုန်မြို့စားကို အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ ကန်းနင်းက ခရုဇာ အမြောက်ကြီး ၅၄ လက်ပါတဲ့ မာလဘလို့ခေါ်တဲ့ သူ့ရဲ့သင်္ဘောနဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ကန်းနင်းကို မဖမ်းနိုင်တဲ့အတွက် ရန်ကုန်မြို့စား အပြစ်ပေးခံရပါတယ်။
0 comments:
Post a Comment