
ဒါပေမယ့် သူ မဆုံးဖြတ်သေးပဲ အတန်းပိုင်ဆရာမကို ဘယ်နည်းနဲ့ဖြေရှင်းတာကောင်းမလဲ မေးတယ်။ ဆရာမက ပညာရေးနဲ့ဘွဲ့ရပြီး ဆရာမလုပ်သက် ၃ နှစ်လောက်ရှိတယ်။ တက်ကြွပြီး ကျောင်းမှာသင်ခဲ့တာတွေအလွတ်ရနေသေးသလို ပညာရေးစာစောင်တွေမှာလည်း စာတွေရေးတယ်။ ကျောင်းမှာ မျက်နှာပွင့်တယ်ဆိုပါတော့။ ပြန်ကောက်ရရင် ဆရာမကြီးအမေးကို သူက Win-Win Strategy ကိုအခြေခံပြီး ၂ ဘက်လုံး နိုင်မည့်နည်းနဲ့ဖြေရှင်းသင့်တယ
ကြုံရင် ဆရာမကြီးရဲ့အတွေးအမြင်ကိုမေးမယ်
ကျနော်တို့ သူမနာကိုယ်မနာနည်းလို့ လက်တန်းပြောနေတဲ့
Win-Win နည်းဟာ ဆရာမကြီးအသိနဲ့အတွေ့အကြုံအရ ဘက်(၂)ကြားက
ဒါမှမဟုတ် လူ(၂)ယောက်ကြားကပြဿ နာကို ရှင်းတဲ့နည်းမဟုတ်ဘူး…တဲ့။
ကျနော်ကတော့ အီရတ်၊ လစ်ဗျားနဲ့ အာဖဂန်အရေးတွေမှာ အနောက်အုပ်စု(အထူးသဖြင့်အမေရိကန်)နဲ့
ရုရှားတို့ တရုတ်တို့ အမျိုးသားအကျိုးစီးပွား၊ ရေနံနဲ့နိုင်ငံရေးအမြတ်စတဲ့ တိုက်ရာပါပစ္စည်းတွေဝေစုခွဲကြတာမှာ ဘယ်သူမှမနာအောင် အဲ့ဒီ
Win-Win နည်း သုံးခဲ့တာလို့မြင်ဖူးတယ်။ မတိုက်ခင်ကတည်းက ပြီးရင်ဘယ်လိုဝေပုံချကြမယ်ဆိုတဲ့ 
Win-Win စဉ်းစားချက် ရှိထားကြပြီးသားပါ။ ဝင်းကုန်ကြတာ စစ်တိုက်ပြီးအမြတ်ထုတ်တဲ့ကောင်နဲ့
ကျည်ဆံမကုန်ပဲ အမြတ်ထွက်ကြတဲ့ ဘက်(၂)ဘက်က ကောင်တွေပါ။ ဖြစ်တာက အမေရိကန်နဲ့အီရတ်၊ အမေရိကန်နဲ့လစ်ဗျား၊
အမေရိကန်နဲ့အာဖဂန်နစ္စတန်မဟုတ်ပါ ။ တကယ်တော့ အဲ့နိုင်ငံတွေဟာ ဝမ်းပျဉ်းသားအညီအမျှယူဖို့
ပါးစပ်ကနေအမြီးဖျားထိ ထောင်လိုက်အခွဲခံလိုက်ရတဲ့ ငါးကြင်းပါ။ အဲ့နိုင်ငံတွေရဲ့သယံဇာတ၊
အဲ့နိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးအရ အရေးပါမှုကို လုယက်ယူငင်ကြတာမှာ အမေရိကန်နဲ့ ရုရှား၊
တရုတ်တို့ ထိပ်တိုက်မတိုးမိအောင်ရှောင်ဖို့  “Win-Win နည်းနဲ့ ဝမ်းပျဉ်းသား ခွဲကြတာ”
လို့ ခုထိမြင်နေတုန်းပါ။
တကယ်တော့ Win-Win ဆိုတာ မြေခွေး(၂)ကောင် ငါးကြင်းဝမ်းပျဉ်းသားခွဲတဲ့နည်း ပါ။
ငါးကြင်းဝမ်းပျဉ်းသားမှာ အဆီမဝင်းရင် မြေခွေးတွေ Win-Win နေကြမယ်မထင်ပါ။ ဆရာမကြီးကိုမေးရင်း
ကျနော့်အတွေးလည်းပြောပြမယ် တွေးထားပါတယ်။
ကျနော်ကတော့ အီရတ်၊ လစ်ဗျားနဲ့ အာဖဂန်အရေးတွေမှာ အနောက်အုပ်စု(အထူးသဖြင့်အမေရိကန
တကယ်တော့ Win-Win ဆိုတာ မြေခွေး(၂)ကောင် ငါးကြင်းဝမ်းပျဉ်းသားခွဲတဲ့နည်း
0 comments:
Post a Comment