Monday, July 25, 2016

ဘယ်မှာနေသလဲ(မျိုးမြင့်ချို)

0 comments
အပစ်ရပ်နဲ့ငြိမ်းချမ်းရေးကိစ္စတွေမှာ စစ်တပ်သဘောထားက လက်ရှိအစိုးရနဲ့အတူတူပဲ ကွဲလွဲမှုမရှိဘူးဆိုတော့ လက်ရှိအစိုးရကရော စစ်တပ်နဲ့သဘောထားအတူတူပဲလို့ ယူဆလို့ရတယ်။ ကာချုပ်မူ(၆)ချက်နဲ့ အပစ်ရပ်ဖို့ တနည်းပြောရရင် လက်နက်ချပြီးမှ နိုင်ငံရေးစကားပြောမယ်ဆိုတဲ့အပေါ်မှာ လက်ရှိအစိုးရအနေနဲ့ ဖားလား ငါးလားကွဲပြားအောင် သဘောထားတခု အတိအလင်းထုတ်ပြန်မှဖြစ်လိမ့်မယ်။ နို့မို့ဆို ရှုပ်ထွေးမှုတွေပိုများပြီး လူမျိုးစုံပြည်သူလူထုကြားမှာ သံသယတွေ မယုံသင်္ကာမှုတွေ စိတ်ဝမ်းကွဲပြားမှုတွေ ပိုကြီးထွားလာစရာရှိတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး...

မလုံခြုံတော့တဲ့အခါ(မျိုးမြင့်ချို)

0 comments
ခင်ဗျားတို့ကလည်းဗျာ သေနတ်ခါးကြားထိုးပြီး စစ်တပ်ကြီးတတပ်လုံး ကိုင်ထားတဲ့ကောင်တွေတောင် အိမ်ရှေ့အိမ်နောက် အိမ့်ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးတွေအထပ်ထပ်ချထား၊ အိမ်ထဲကအိမ်ပြင်ထွက်ရင် အနီးကပ်ရော အဝေးခွာရော လုံခြုံရေး ၂ ရက် ၃ ရက်ကြိုတင်ချထားတဲ့အပြင် ရပ်ကွက်ထဲ လမ်းထဲ ဈေးထဲ အရပ်ဝတ် ထောက်လှမ်းရေးတွေ ခြေချင်းလိမ်အောင်ပို့ထားပြီးမှ ထွက်ရဲ ထွက်ဝံ့တာ လက်တွေ့ မျက်မြင်ရှိနေရဲ့သားနဲ့ စစ်တပ်ကို ရဲကို ဘယ်လက်နက်ကိုင်ကိုမှ အမိန့်ပေးနိုင်စွမ်းမရှိတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊...

Monday, July 18, 2016

(အမဲသားချစ်သူများ) မျိုးမြင့်ချို

0 comments
(အမဲသားချစ်သူများ) မျိုးမြင့်ချို။ ဇူလိုင် ၁၆။ ၂ဝ၁၆ ဇူလိုင်အကုန် သြဂုတ်အဆန်းလောက်ဆို ရွှေပြည်ကြီးမှာ နွားချစ်သူတွေ တရုံးရုံး၊ နွားချစ်ပွဲတွေ တဝုန်းဝုန်းနေတော့မယ်။ နွားနှာခေါင်းအရိုးနုကို ငယ်သံပါအောင်အော်နေတဲ့ကြားက ဝါးချွန်ဆူးနဲ့ အစိမ်းလိုက် ထုတ်ချင်းထိုးဖေါက် နားဖါးကြိုးတပ်၊ နွားစဉ်မမီအောင် သေမတတ်နာကျင်စေမယ့်နည်းနဲ့ ဂွေးသင်းပစ်၊ မအိုမချင်း ခွန်အားတွေမကုန်မချင်း နွားလိုကျွဲလိုခိုင်း၊ မညှာမတာရိုက်နှက်၊ လှည်းတပ်စီး၊ ခိုင်းမရလို့ လက်ပျဉ်းတွေကျချိန်ကျ ငယ်ထိပ်ကို ပုဆိန်နဲ့ထုသတ်ပြီး အသားကို မြိန်ရည်ရှက်ရည်စားရုံတင်မက၊...

ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော)

0 comments
ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော) အခုတလော ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်တွေ- များလိုက်တာ။ ကျွန်မတို့တတွေမှာလည်း ရှေ့မီ နောက်မီသူများ ဖြစ်မှန်းမသိဖြစ်လာနေကြလေတော့ ကိုယ်ကြုံခဲ့ဆုံခဲ့ရတာလေးတွေ မှတ်မိတုန်း ရေးရပါဦးမယ်။ ကျွန်းဆွယ်အရေးအခင်းကာလက ကျွန်မတို့မိသားစုဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလေးပါ။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရခေတ်- ၁၉၆၉ခုနှစ်မှာ ရန်ကုန် အောင်ဆန်းကွင်းမှာ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများရဲ့အားကစားပွဲကြီး(S.E.A.P.Games)ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ-၆-ရက်မှာ...

ရီပါတ်ဘလီကင်န်ပါတီကွန်ဗင်န်းရှင်န်း

0 comments
Grand Old Party (GOP)လို့လည်းသိကြတဲ့ ရီပါတ်ဘလီကင်န်ပါတီရဲ့ ကွန်ဗင်န်းရှင်းကို ကျနော်တို့နေတဲ့ အင်ဒီယားနားပြည်နယ်နဲ့ကပ်လျှက် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်န်းဒ်မှာ ဒီနေ့လုပ်မှာပါ။ ကွန်ဗင်န်းရှင်းလုပ်နေတဲ့အခန်းကြီးထဲ စကားတွေများကြ ငြင်းကြခုန်ကြ လက်သီးလက်မောင်းတန်းကြ အော်ကြီးဟစ်ကျယ်ဖြစ်ကြ မေးကြောကြီးတွေထောင်တဲ့အထိ အသံတွေပြာတဲ့အထိ အော်ကြဟစ်ကြ သူ့လူကိုယ့်လူ ထိန်းကြ ဆွဲကြလွဲကြတွေဖြစ်တာမျိုးကတော့ သိတ်အဆန်းတကြယ်ကိစ္စမဟုတ်ပါ။ စကားလုပ်ပြောနေရမယ့်ဟာတောင်မဟုတ်ပါ။ ပြီးတော့လည်း ပြီးသွားကြတာမျိုးပါပဲ။ သူတို့နိုင်ငံရေးသမားအချင်းချင်း...

Sunday, July 17, 2016

အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော မိမိတို့သဘောထား

0 comments
အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီဆိုသည်နှင့်ပတ်သက်သော မိမိတို့သဘောထား (ထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆) (၁၇ – ၇ – ၂၀၁၆) အစိုးရအပြောင်းအလဲလုပ်ပြီး၍ ရက်တရာအလွန်မှာပင်“အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်(Rapid Response) စီမံပေးရန်အတွက်ဆိုပြီး ဗဟိုကော်မတီတခု ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အစိုးရသစ်တက်လာပြီးနောက် တိုင်းပြည်တစုံတရာအေးချမ်းသွားလိမ့်မည်ဟု ထင်နေသူတွေမှာ မျက်လုံးမျက်ဆံပြူး ဖြစ်ကုန်ကြတော့သည်။ ငြိမ်းချမ်းရေးစကားတွေ၊ ရင်ကြားစေ့စကားတွေ သောင်းသောင်းညံအောင် ကြားနေရသည့်အကြားမှ...

(လူဖမ်းပွဲတွေ စတော့မလား) မျိုးမြင့်ချို

0 comments
(လူဖမ်းပွဲတွေ စတော့မလား) မျိုးမြင့်ချို ဇူလိုင် ၁၇။ ၂ဝ၁၆ ၆၃ မှာ ဗိုလ်နေဝင်းရဲ့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်။ မလုပ်ခင်နဲ့ လုပ်နေတုန်းမှာ ၆ ခရိုင်ဆန္ဒပြပွဲကြီးဖြစ်လာတယ်။ လူထုက ပြည်တွင်းစစ်ကို မလိုလားကြောင်း အတိအလင်းထုတ်ဖော်ပြသတာဖြစ်တယ်။ နိုင်ငံရေးအရဆိုရင် ငြိမ်းချမ်းရေးစစ်စစ်မှန်မှန်ရအောင် အဖြေရှာကြဖို့ ဆွေးနွေးဘက်တွေအားလုံးကို လူထုနည်းနဲ့ဖိအားပေးခြင်းဖြစ်တယ်။ ဒါကို “နိုင်ငံရေးအရသွေးထိုးလှုံ့ဆော်တာ“ လို့ စစ်အုပ်စုက သမုတ်တယ်။ ဒါကို “လူထုနည်းနဲ့ သူတို့ကိုအကြပ်ကိုင်တာ“လို့ ယူဆတယ်။ ဒီတော့...

Friday, July 15, 2016

ခွေးလေးတွေလို အိပ်ချင်တာ(မျိုးမြင့်ချို)

0 comments
ကမ္ဘာပေါ်မှာ အကြမ်းဖက် ခြိမ်းခြောက်သတ်ဖြတ်မှုတွေဟာ စစ်ပွဲတွေလိုပဲ သဏ္ဍန်စုံ နည်းနာစုံနဲ့ပေါ်လာနေပြီဆိုရမယ်ထင်တယ်။ ကားဗုံးခွဲ၊ လူနဲ့အသေခံဗုံးခွဲ၊ လေယျဉ်ပျံနဲ့ဝင်တိုက်၊ ချောင်းမြောင်း ပစ်ခတ်၊ လူစုလူဝေးထဲ စက်သေနတ်နဲ့မွှေ စတာတွေကနေ ခုဆို ထရပ်ကားကြီးနဲ့ လူအုပ်ကြီးကိုင်ဝင်တိုက်သတ် ကြိတ်သတ်ဆိုတဲ့အထိ ဖြစ်လာပြီ။ နောက်ထပ် ဘယ်ပုံစံတွေ တွေ့ရဦးမလဲ မပြောတတ်ဘူး။ သွေးပျက်စရာ ခြောက်ခြားစရာ တုန်လှုပ်စရာ ရူးသွားချင်စရာတွေချည်းပဲ။ အဲ့ဒါတွေမြင်တိုင်းကြားတိုင်း နဂိုကမှ ကိုယ့်ရုပ်ပိုင်းမှာရခဲ့ဒဏ်ရာတွေကြောင့်၊ စစ်ကြောရေးစခန်း...

သတင်းနဲ့မှတ်ချက် (အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်)

0 comments
(က) စစ်တပ်နဲ့ပတ်သက်တဲ့ မှတ်ချက်များ (အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်) ၁။ ကာချုပ်ကို ကာလုံကပဲ ခန့်နိုင် ဖြုတ်နိုင်တယ်။ ကာလုံ ၁၁ ဦးမှာ ကာချုပ်ကခန့်ထားတဲ့ မဲ ၆ မဲ ရှိ တယ်။ အဓိပ္ပာယ်က ကာချုပ်ကို ကာချုပ်ကပဲ ဖြုတ်နိုင်ခန့်နိုင်တယ်ဆိုတဲ့ သဘောပဲ။ (ဒီတော့ ကိုယ့်သျှောင်ကိုယ်ဆွဲပြီး နန်းထဲကထွက်သွားမယ့်အလားအလာ မရှိပါ။) ၂။ “လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်၍မရတာကြောင့် ဒီမိုကရေစီစနစ်ကိုလက်ခံပါသည်ဆိုလျှင် လက်နက်စွန့်ရမည်” လို့ ကာချုပ်က ပြောပါတယ်။ (ဒီတော့ သူ့ကိုလည်းပဲ ပြန်တောင်းဆိုစရာ...

Thursday, July 14, 2016

“အပစ်အခတ်ရပ်စဲရေး တဖြစ်လဲ ၂၁ ရာစု ပင်လုံညီလာခံ”(၁)

0 comments
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 အရေးတော်ပုံဂျာနယ် စာတည်းအဖွဲ့ရဲ့အမှာ “အပစ်အခတ်ရပ်စဲရေး တဖြစ်လဲ ၂၁ ရာစု ပင်လုံညီလာခံ”(၁) ဦးသိန်းစိန်ကြံ့ဖွံ့ စစ်အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆိုတာ ပေါ်ခဲ့တယ်။ ခု ဒီချုပ်အရပ်သားတပိုင်းအစိုးရတက်လာတော့ ‘၂၁ ရာစုပင်လုံညီလာခံ’ လို့...