ငြိမ်းပွင့်ကိုကိုကြီးလည်း ပရော်လ်ဖက်ရှင်နယ်နိုင်ငံရေးသမားပဲ။ သူလည်း
သူယုံကြည်တာ သူပြောတဲ့အခါပြောမှာပဲ။ အနောက်စည်းရိုးကို ကာကွယ်ဖို့
တပ်မတော်ကြီးနဲ့လက်တွဲတိုက်မယ်တို့ဘာတို့ မဘသ ရှိသင့်တယ်တို့တွေလည်း ပြောရင်ပြောမှာပဲ။
အခြေအနေတမျိုးပြောင်းသွားတော့လည်း တမျိုးပြောင်းပြောမှာပေါ့။
တခါတလေ မယုံကြည်ပေမယ့်လည်း လက်ခုပ်သံချူဖို့ မဲဆွယ်ဖို့ တော်အကောက်ခံရဖို့ တောင်စမုတ်က ထောင်ထုပ်များရဖို့ ခေါင်းအကောက်ခံရဖို့
ခွေးကတက်ကဖြစ်ဖြစ်နေရဖို့ စတဲ့အကြောင်းအချက်တွေနဲ့ တောပြောချုံပြောတွေ ပြောတဲ့အခါပြောမှာပဲ။ အစိုးရဖွဲ့ပေးတဲ့စုံစမ်းရေးကော်မရှင်တွေဘာတွေထဲလည်း ဝင်ပါချင်ပါမှာပဲ။ ဂွင်ရှိမယ့်နေရာ အမြီးနံ့လိုက်မှာပဲ။
ဝီရသူတို့တအုပ်လည်း စစ်အုပ်စုအကာအကွယ်နဲ့ အနေအစားချောင်ဖို့
လုပ်ချင်ရာတွေလုပ်နေကြတာပဲ။ ထင်ရာစိုင်းနေကြတာပဲ။ ခု ဖြိုးမင်းသိန်းက မေမေ ခေါင်းညိတ်လိုက်လို့ မီးလှန့်သံချောင်း ထခေါက်လိုက်ခါမှ၊
မင်းအောင်လှိုင်ကလည်း ခနလေးငြိမ်ငြိမ်နေပေးကြဦးဆိုပြီး ဟန့်လိုက်လို့မှ
ကိုယ်ရှိန် ခနလေးသတ်ထားကြတာ။ အင်န်အယ်လ်ဒီကိုကြောက်လို့များတော့ ယောင်လို့တောင်မတွေးနဲ့။ အင်န်အယ်လ်ဒီမှာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ
အမိန့်ပေးနိုင်ခွင့်အာဏာ၊ ဘယ်သူ့ကိုမှ ဖမ်းချုပ်ထောင်ချနိုင်တဲ့အခွင့်၊ ဘယ်မြို့နယ်ထွေအုပ်လောက်ကိုတောင်မှ
အုပ်ချုပ်နိုင်တဲ့ပါဝါမရှိမှန်း ဒီ နာဇီဂတုံးတွေ ကောင်းကောင်းသိတယ်။
လိုအပ်တဲ့အချိန် မီးစိမ်းပြလိုက်တာနဲ့ ပြန်ထကြွလာမယ့် ခွေးအအုပ်တွေပဲ။
ငြိမ်းပွင့်ကိုကိုကြီးကလည်း ဒါကိုသိပါတယ်။ သူက လူနပ်ပဲ။ မ “အ“ပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲ အင်န်အယ်လ်ဒီဝင်တုန်းကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံပဲ ဆန့်ကျင်တာလိုလိုရပ်တည်ပြီး အင်းမလုပ်အဲမလုပ် လုပ်နေခဲ့ပြီး ခုရွေးကောက်ပွဲမှာ အခြေအနေကောင်းပြီ ကျိန်းသေပေါက်
အမတ်ဖြစ်ပြီဆိုပြီး အင်န်အယ်လ်ဒီကနေ အမတ်ဝင်အရွေးခံပါရစေသွားလုပ်တာ မေမေ့ကန်အထုတ်ခံလိုက်ရတယ်။ တခါ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီဘာညာနဲ့ ငြိမ်းချမ်းရေးပရောဆက်ထဲ
ဝင်ပူးပြန်တော့လည်း အင်န်ဂျီအိုသမားတွေ နိုင်ငံရေးထဲခြေလာမရှုပ်နဲ့ဆိုပြီး မေမေငေါက်ထုတ်လိုက်လို့ အမြီးပြန်ကုပ်နေရတာ။ မေမေ့ကိုတော့
အသည်းနာကမ္ဘာမကြေဖြစ်နေမှာပဲ။ သစ်ကိုင်းလွတ်ရတာ မေမေ့ကြောင့်ဆိုပြီး
အညှိုးတွေလည်း ကြီးချင်ကြီးနေမှာပဲ။ ဂွင်ပေါ်ရင် မေမေ့ကိုလည်း ဆော်ချင်နှက်ချင်မှာပဲ။
အဲ့လိုဆော်ဖို့နှက်ဖို့ဆို တော်ရုံလူ တော်ရုံအဖွဲ့အစည်းအနေနဲ့လုပ်မရမှန်း သူသိတာပဲ။ ဒီတင် သင်္ကန်းနဲ့ဦးပြည်းကိုအကာအကွယ်ယူ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ နာဇီဂတုံးအုပ်ကို သွားတွေ့တာပဲ။ လက်သုံးတော်ငယ်ကျွန်ကြီးခေါ်ပြီး ဝီရသူကို ကိုယ်တိုင်ကိုယ်ကျသွားတွေ့ခဲ့တာလည်း အထင်အရှားရှိတယ်။
တချိန်ချိန် မဘသအခြေအနေပြန်ကောင်းလာနိုင်ခြေကိုတွက်ပြီး
ခုကတည်းကကြိုပြီး မဘသ ကို ပိုးနေပန်းနေ မျှားနေအစာချနေတာ။ နောင်တချိန်မှာ မဘသ ဟာ ခုလို ဦးပြည်းတွေချည်းဦးမစီးဘဲ ဖွဲ့စည်းပုံပြောင်း မူနည်းနည်း ပန်းပန်သနပ်ခါးလိမ်းပေးပြီး လူဝတ်ကြောင်နဲ့သင်္ကန်းခြုံတွေ အချိုးကြထည့်ဖွဲ့တဲ့ သံဃသြဝါဒခံနိုင်ငံရေးပါတီအနေနဲ့ဖွဲ့လာမယ်ဆို
ကိုကိုကြီးအနေနဲ့ ဥက္ကဌတွေဘာတွေ မှန်းလို့ရနိုင်တယ်။ ဒါဆို
သူ့ အာဏာရည်မှန်းချက်အတွက်လည်း အိပ်မက် မက်လို့ရနိုင်တယ်။
ခုက ပါတီလည်းထောင်ချင်။ နောက်လိုက်လည်းမရှိ။
အင်န်အယ်လ်ဒီအမတ်လည်းမဖြစ်၊ ၈၈ ငြိမ်းပွင့်အုပ်အပေါ် ပြည်တွင်းပြည်ပက အာရုံထားမှုအလေးထားမှုတွေကလည်း ပါးလာသလို ငြိမ်းပွင့်အုပ်ရဲ့
နိုင်ငံရေးစည်းရုံးရေးလည်း တရိပ်ရိပ်ကျနေပြီမဟုတ်လား။
အရင်က ဥဒဟိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ နိုင်ငံခြားသံတမန်တွေ
နိုင်ငံရေးသမားတွေထဲကတချို့ဆို ခု မေးပြောခေါ်ထူးတောင်မလုပ်ကြတော့ဘူး။ ဒီတော့ ရှစ်ပူးငြိမ်းပွင့်အနေနဲ့ ဆက်ရပ်နေလို့ အခြေအနေမဟန်မှန်း
ဘာရုပ်မှမပေါက်တော့မှန်းလည်း သူသိပါတယ်။
ဒါ့ကြောင့် မဘသကို ပိုးနေပန်းနေ မျှားနေ အစာချနေတာပါ။ ပိုးပါပန်းပါစေ၊
မျှားပါ အစာချပါစေ။ ကျနော်တို့အလုပ်က အဲ့လိုလူမျိုးတွေကိုဖော်ထုပ်ပြီး
ဒင်းတို့အကြံအစည်တွေ ဒင်းတို့အာဏာရမက်ကြီးပုံတွေကို
လူထုသိအောင် ဖွင့်ချပြဖို့ပါပဲ။
သူတို့လည်း သူတို့အလုပ် လုပ်ကြပါစေ။ ကျနော်တို့လည်း ကိုယ့်အလုပ်
ကိုယ်လုပ်ကြတာပေါ့။ ဘာ မနာလိုစရာရှိလဲ။

0 comments:
Post a Comment