Tuesday, July 18, 2017

ကညွှတ်ကွင်းအိမ်ပြေး ၇(မျိုးမြင့်ချို)

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၇) ကျနော် အိပ်မက်ထဲတွင် ရှူးရှူးပေါက်ပေါက်ပါသည်။ အပြင်တွင်တကယ်မပေါက်ပါ။ ဆီးအိမ်တင်းပြီး ရှူရှူးပေါက်ချင်တာမျိုးဖြစ်ပါသည်။ ရန်ကုန်က ကျနော့်အိမ်တွင် ရှူရှူး ဘယ်နေရာပေါက်မည်မှန်းသိသော်လည်း အမေခတို့ အဖေ ကဖိုးထောင်တို့အိမ်တွင် ဘယ်နားပေါက်ရမည်မှန်းမသိပါ။ သို့နှင့်ငုတ်တုတ်ထိုင်မိသော်လည်း ဘယ်နားသွားပေါက်ရမှန်းမသိပါ။

ထိုအချိန်တွင် အမေခလည်း လွန့်ပြီးနိုးလာလျက် လူလေး အိပ်လေ မအိပ်ဘူးလားဟုမေးပါသည် အမေ ကျနော် သေးပေါက်ချင်လို့ဟုဆိုတော့ သြော် သားရယ်ဟုရေရွတ်ကာ လာ ထ အမေလိုက်တည်မယ်ဟုပြောပြီး အိပ်မှုံစုံမွှားဖြင့်ထလာပါသည်။

အိမ်အပြင် ရေစိုစိစိုစိနေရာရာရောက်တော့ သားအဲ့မှာပေါက်လိုက် အိမ်သာထိသွားမနေနဲ့ဟုပြောသဖြင့် ကျနော်လည်း ကော့ပန်းလိုက်ပါသည်။ ကျနေ် ရှူရှူးပန်းပြီးသည်အထိ အမေခစောင့်နေပါသည်။ လူလေး ပြီးပလားဟုမေးပြီး ပြန်တွဲခေါ်ပါသည်။ ကျနော်လည်း အမေခရင်ခွင်တွင် ပြန်အိပ်ပျော်သွားပါသည်။

နောက်တော့ လူလေးထတော့ထတော့ဟုဆိုသဖြင့်ကျနော်ထတော့ အဖေ ကဖိုးထောင်က ကောင်ကြီး နိုးဘလားဟုမေးပါသည်။ နိုးပြီအဖေဆိုတော့ ထမင်းကြော်စားကွာ ပြီးရင် ဟိုးဒိုက်ဦးချောင်းဘက် သွားရအောင် ဟုပြောပါသည်။

အမေခက ရှင်က ခလေးကို တောင်တောင်အီအီတွေရှောက်ခေါ်မသွားနဲ့။ သူ့ဖာသာသူ အိမ်မှာနေပေ့စေပေါ့ဟုပြောပါသည်။ အဖေ ကဖိုးထောင်က ဟ ဒါဆို သူဘာနဲ့လုပ်စားမှာလဲဟုပြောတော့ အမေခက သူက မြို့သားလေ သူ့ဟာသူ ဘာလုပ်စားစားပေါ့၊ ရှင်နဲ့တော့ မြစ်ကြားချောင်းကြား ငါးနှိုက်ဖားရှာ ကိုယ့်သားကို မလုပ်စေချင်ဘူးဟုပြောပါသည်။

အေးလေ ဒါဆိုလည်းပြီးတာဘဲဟုဆိုကာ အဖေ ကဖိုးထောင်သည် ကွန်ကိုမကာ အပြင်ထွက်သွားပါသည်။ ဒေါသအမူအရာ တစိုးတစိမျှမရှိပါ။ သားကြီး အဖေ ငါးမြွေထိုးတွေ ဖမ်းခဲ့မယ်သိလားဟုပြောပြီး ကွန်ထမ်းပြီးထွက်သွားပါသည်။
(ဆက်ပါဦးမည်)
မျိုးမြင့်ချို ဇွန် ၁၇၊ ၂ဝ၁၇

0 comments:

Post a Comment