Tuesday, March 24, 2020

(တီဘီလည်း 'ကြောက်'ပါတယ်)

0 comments
(တီဘီလည်း 'ကြောက်'ပါတယ်)
ကျနော် အမေရိကန်ရောက်စက အမေရိကန်တွေဟာ အိုစမာဘင်လာဒင်ရယ် ပိုးဟပ်ရယ် တီဘီရောဂါရယ်ကို သေအောင်ကြောက်တယ်ဆိုပြီး အပြောင်အပျက်ပြောသံကြားဖူးပါတယ်။ ကျန်တဲ့ ၂ ခု ဘယ်လောက်ကြောက်မကြောက်ကိုယ်တွေမကြုံပေမယ့် တီဘီနဲ့ပတ်သက်လို့ဖြစ်ခဲ့တာလေးတော့ ပြောပြပါရစေ။
ကျနော်တို့နဲ့ခင်တဲ့ အမေရိကန် ဆရာမကြီးတယောက်ရှိတယ်ဗျ။ သူက ပင်စင်စား တယောက်တည်းသမား။ ကြောင်တကောင်နဲ့အတူ အိပ်ခန်းသုံးခန်းပါအိမ်တလုံးနဲ့ နေတာ။ ဗမာပြည်သားတွေကို အတော်လည်းခင်မင် ကူလည်းကူညီတတ်သူပါ။ တနေ့တော့ သူနဲ့ခင်နဲ့ ဗမာပြည်သားတယောက်က သူ့အသိထိုင်းမလေးတယောက်ကို အဖွားကြီးအိမ်မှာ ခနလာထားတယ်။ ထိုင်းမလေးက ထိုင်းကနေ ကျောင်းလာတက်တာပါ။ ကျောင်းနားနီးတဲ့အဆောင်မရသေးတာရယ် အချိန်ပိုင်းအလုပ်မရသေးတာရယ်ကြောင့်လို့ ဆိုပါတယ်။
အတူနေလာရင်း တပတ်ဆယ်ရက်ကြာတော့ ကောင်မလေးက ချောင်းတဟွတ်ဟွတ်ဆိုးနေတာကို ဘွားတော်ကသတိထားမိတော့ ဆေးရုံဆေးခန်းသွားဖိုပြောပေမယ့် မိန်းကလေးကမသွားဘူး။ မသွားရတာက ဝင်ငွေလည်းမရှိ ကျန်းမာရေးအာမခံလည်းမရှိလို့လို့ယူဆရပါတယ်။ ချောင်းကတော့ အိမ်နေတဲ့အချိန်တိုင်းတဟွတ်ဟွတ်ဖြစ်နေပြီး ညဘက်တွေဆို ပိုဆိုးလာပါတယ်။ ဒီလိုနဲ့နေလာရင်း တညတော့ ကောင်မလေး ချောင်းအကြီးအကျယ်ဆိုးပြီး အသံပျောက်သွားတာနဲ့ အဖွားကြီးက တံခါးဖွင့်ပြီး အခန်းထဲဝင်သွားတော့ ကောင်မလေလးက ကုတင်ပေါ်မှာ သတိလစ်နေတယ်၊ လူကိုယ်မှာ အဝတ်အစားတွေပေါ်မှာနဲ့ အိပ်ယာခင်းတွေအပေါ်မှာပ သွေးစသွေးနတွေလည်းတွေ့တယ်။ ဒါနဲ့ ဘွားတော်က နိုင်းဝမ်းဝမ်းခေါ်တယ်။ တိုတိုပြောရရင် ကောင်မလေးဆေးရုံရောက်သွားတယ်။ ဆေးစစ်လိုက်တော့ တီဘီရောဂါဖြစ်နေတယ်။ နောက်တော့ နည်းနည်းကုပေးပြီး ထိုင်းကို အပြီးပြန်ပို့လိုက်တယ်။ နောက်နောင် ဒီကို ဘယ်အကြောင်းနဲ့မှ လာခွင့်မရတော့ဘူးလို့ဆိုတယ်။
ကိစ္စအဲ့ဒီမှာစတာပါ။ အဲ့ဒီဘွားတော်က တယောက်တည်းလည်းဖြစ် ဝါသနာကလည်းပါတော့ ဟိုအကြောင်းဒီအကြောင်းလေးတွေပြပြပြီး မကြာမကြာပါတီပေးတယ်။ ဘာပါတီမှမပေးရရင် Pot Luck ဆိုပြီး ကိုယ့်အစားကိုယ်ယူလာ သူများဟာတွေနဲ့လဲစားကြတာ လုပ်တတ်ပါတယ်။ ကျနော်တို့လည်း သူ့ပါတီရှိတိုင်းဖိတ်တယ်။ ကျနော်တို့ကလည်းသွားပါတယ်။ ဖြစ်ချင်တော့ ခုနပြောတဲ့ကောင်မလေး အရေးတော်ပုံမပေါ်ခင် ဆယ့်လေးငါးရက်က ပါတီတခု သူ့အိမ်မှာလုပ်တယ်။ ကျနော်တော့ မသွားဖြစ်ဘူး။ ကျနော့်ညီမ မိသားစုသွားကြတယ်။ ဟိုကောင်မလေးလည်း အိမ်မှာရှိနေတယ်။ အခန်းပြင်လည်းထွက်တယ်ပြောတယ်။ သူက များသောအားဖြင့် အိမ်မှာနေရင် အခန်းအောင်းပြီးနေတာများတယ်။ ခါတိုင်းလဲ ဒီလိုပဲသွားနေကြဆိုတော့ ဒီလိုပဲနေလိုက်ကြတာပေါ့။
ကောင်မလေးကိစ္စလည်းဖြစ်ပြီး သိတ်မကြာဘူး ညီမအိမ်ကိုစာရောက်လာတယ်။ အဲ့ဒီဘွားတော်အိမ်ကို သွားရောက်ခဲ့တာဖြစ်လို့ တီဘီရောဂါပိုးရှိမရှိ အမြန်ဆုံး သွားရောက်စစ်ဆေးခံဖို့ညွှန်ကြားချက်နဲ့။ ဒါနဲ့ ညီမလည်း ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး စုံစမ်းကြည့်တော့မှ ဟိုမိန်းကလေးဇာတ်လမ်းသိရတယ်။ ဒါနဲ့ သူရော ကလေးရော မိသားစုလိုက်ဆေးသွားစစ်ရတယ်။ အဲ့တုန်းက ကလေး(မရင်နှစ်ထူး)က ၁ နှစ်သမီးလောက်မှတ်တာပဲ။ ဟိုဘွားတော်ရော အဲ့ဒီနေ့ကပါတီလာတဲ့လူတွေရော အကုန် တီဘီစစ်ခံကြရတယ်။ ကျနော့်ညီမတို့က ဘာတီဘီလက္ခဏာမှမတွေ့ဆိုလို့ ဘာဆေးမှမသောက်လိုက်ရပေမယ့် တချို့တော့ဆေးသောက်ရသလားမပြောတတ်ဘူး။ ကြာပြီဆိုတော့ ကျနော်လည်းသိတ်မမှတ်မိတော့ဘူး။ လူတွေအကုန်ဆေးစစ်ခံကြရတာတော့ သေချာတယ်။
ကိစ္စအဲ့ဒီမှာ ပြီးသလားဆိုတော့ မပြီဘူး။ ကောင်မလေး အမေရိကန်ရောက်လာကတည်းက နေခဲ့ထိုင်ခဲ့တဲ့နေရာတွေက ထိတွေ့ဆက်ဆံခဲ့ရသူတွေအထိပါ နောက်ကြောင်းပြန်လိုက်ပြီး ဆေးစစ်ရတယ်ကြားတယ်။ ဒါလည်း မပြီးပါဘူး။ နောက်ပိုင်း ထပ်ကြားတာမှာ သူ ထိုင်းကနေလာတဲ့အချိန်တုန်းက သူနဲ့ လေယဉ် တခရီးစဉ်ထဲစီးခဲ့သူတွေပါ ဆေးစစ်ခံယူကြဖို့ ညွှန်ကြားတယ်လို့ဆိုပါတယ်။ 
ဒါ ကျနော့်ကိုယ်တွေ့ပါ။ ဒီနေရာမှာမေးစရာရှိတာက ဟိုကောင်မလေးက တီဘီရောဂါ ဒီလောက်ကြီးရှိနေရကပ်နဲ့ အမေရိကန်ကိုဘယ်လိုရောက်လာသလဲဆိုတာ ဖြစ်မှာပဲထင်တယ်။ နောက်တမေးဖြစ်နိုင်တာက ရောက်စကနည်းနည်းပါလာပြီး ဒီကျမှဆေးမကုဘာမကုနဲ့နေရင်း ပိုဆိုးကုန်တာများလားဆိုပြီး ဖြစ်လိမ့်မယ်။ ကျနော်လည်း အဲ့ဒါတွေတော့ ဘာမှမသိရပါဘူး။ ခုပြောပြတာက ကျနော်သိသလောက် ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပြန်ပြောပြတာပါ။
အမေရိကန်တွေ တီဘီရောဂါကို တကယ်ကြောက်ပါတယ်။ ဒီနေရာမှာ 'ကြောက်'ဆိုတာကို 'ရွံ့'ဆိုတာလေးနဲ့တွဲမှတ်တာကပိုကောင်းပါတယ်။ နို့မို့ဆို ပိုးဟပ်တွေ အိုစမာဘင်လာဒင်တွေနဲ့ပါထွေးပြီး အနက်တွေ ထွေပြားကုန်စရာဖြစ်ပါ့မယ်။
ခုလည်း ကိုဗစ် ၁၉ ကို အမေရိကန်တွေ ကြောက်ရွံ့စိတ်နဲ့အတူ ရဲရဲတင်းတင်းတော့ ရင်ဆိုင်ခုခံနေကြတာဖြစ်ပါတယ်။
မျိုးမြင့်ချို
၂၄၊ မတ်၊ ၂၀၂၀

Monday, March 23, 2020

(ကိုရိုနာက ဘယ်မျက်နှာမှထောက်မှာမဟုတ်)

0 comments
(ကိုရိုနာက ဘယ်မျက်နှာမှထောက်မှာမဟုတ်)
ဗမာပြည်မှာ စစ်တပ်ဟာ တိုင်းပြည်ရဲ့အရင်းအမြစ်အများဆုံးယူထားတာဖြစ်တယ်။ ကာကွယ်ရေးအသုံးစရိတ်ကို စိစစ်ဖြတ်တောက်မှုအလျဉ်းမရှိ လိုသလောက်တောင်းယူသုံးစွဲနိုင်တယ်။ တိုင်းပြည်က စာရင်းစစ်ခွင့်မရှိဘူး။ အထက်အောက်အမိန့်ပေးစနစ် အမိန့်နာခံမှုနဲ့ စုဖွဲ့ထားတာဖြစ်တယ်။ ကိုယ်ကျိုးစီးပွားအရှာဆုံး ခေါင်းဆောင် ဟောင်းသစ်တွေနဲ့ စုစည်းထားတာဖြစ်တယ်။ ဦးပိုင်အပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းများစွာကို အဖွဲ့အစည်းအနေနဲ့ရော တသီးပုဂ္ဂလတွေအနေနဲ့ပါလုပ်နေတာဖြစ်တယ်။ အစိုးရကို နာခံစရာမလိုတဲ့ အနေအထားကိုရယူထားတာဖြစ်တယ်။ အခြားအခြားသော ဌာနဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကို တင်စီးထားတာဖြစ်တယ်။ ကိုယ်ရကိုယ်ယူနည်းနဲ့ တလျှောက်လုံး စစ်တိုက်စားလာတဲ့တပ်ဖြစ်လို့ ရက်စက်မှုမှာကမ်းကုန်တယ်။ ကြောက်စရာအလွန်ကောင်းပြီး တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတယ်။ ဒါပေမယ့် ကိုယ်ကျိုးစီးပွားတွေနဲ့ အားလုံးပတ် ဝိုင်းကြီးချုပ်စနစ်လုပ်ထားတော့ အချင်းချင်းကြား အာဏာလွန်ဆွဲမှုတွေ အတွင်းပဋိပက္ခတွေရှိနေပေမယ့် ဟန်မပျက်အစုအစည်းမပျက် အအုပ်အစည်း မပြည်ပဲရှိနေတယ်။ ဒီနေရာမှာ "ကိုယ်ရကိုယ်ယူစနစ်နဲ့စစ်တိုက်တယ်"ဆိုတာက ရှေ့တန်းမှာ ပွိုင့်တပ်စိတ်ကရဲဘော် ရွာထဲအရင်ရောက်လို့ တွေ့တဲ့ကြက်ဝက်ပစ်ဖမ်းတာကနေ တပ်မှူးတွေ တိုင်းမှူးတွေ ဘိန်းရာဇာတွေနဲ့ပေါင်းပြီး စစ်ဘုရင်တွေအဖြစ် သိမ်းပိုက်ကြီးစိုးနေကြတာအထိပါတယ်။
ဗမာပြည်မှာ အစိုးရဟာ လူထုအပေါ်ဩဇာတစုံတရာရှိပေမယ့် အာဏာမရှိဖြစ်နေတယ်။ အာဏာမရှိတာမှ ဘယ်လောက်အထိမရှိသလဲဆိုရင် ဝရမ်းပြေးတွေ ပေါ်ပေါ်တင်တင်လမ်းပေါ်ထွက်နေတာ စာအုပ်ထုတ်နေတာလိုဟာကိုတောင် လက်ဖျားနဲ့တို့မရဘူး။ ဘုန်းကြီးတွေ ပေါက်တတ်ကရပြော အမုန်းတရားဟောနေတာကို မတားဆီးနိုင်ဘူး။ ဒါမေယ့် လူထုကြားမှာ ဩဇာကတော့ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်တမျက်နှာနဲ့ လူထုမေတ္တာရနေတယ်။ ဒါကလည်း ပိုကြောက်ရမယ့်သူရှိလို့လည်း ဖြစ်နေနိုင်တယ်။ အစိုးရက လူထုမေတ္တာနဲ့ ရှိနေတဲ့ဩဇာသုံးပြီး တွန်းတွန်းထိုးထိုး တိုးတိုးတိုက်တိုက်နဲ့လုပ်လို့ရနိုင်တဲ့"အခြေအနေနဲ့အချိန်"ရှိတုန်းက လုပ်စရာရှိတာတွေကိုလုပ်ရမယ့်အစား စစ်အုပ်စုနဲ့ "မူမဲ့တဲ့ ရင်ကြားစေ့ရေးနဲ့"အချိန်ကုန်ခဲ့တာဖြစ်တယ်။ အချိန်အခါနဲ့အ​ြေခအနေဆိုတာက ၂၀၁၅ ရွေးကောက်ပွဲပြီးစအချိန်ကိုဆိုလိုတာပါ။ ခုတော့ ရင်ကြားလည်းစေ့မရ(စေ့မရတာက အစေ့မခံလို့) လုပ်စရာရှိတာလည်း ဘာမှမလုပ်နဲ့ အချည်းအနှီးအချိန်ကုန်သွားတယ်။ နောက်တကြိမ်ပြန်အရွေးကောက်ခံရရေးက ထိပ်တန်းဦးစားပေးအဖြစ်နဲ့ တပြည်လုံးပတ်မဲဆွယ်နေရတယ်။ အစိုးရအဖွဲ့အတွင်းက အပုတ်နံ့သိတ်မထွက်ပေမယ့် ဝန်ကြီးချုပ်တွေအဆင့်မှာ အကျင့်ပျက်တာခြစားတာတွေတော့ အထင်းသားပေါ်နေတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း စစ်အုပ်စုထိပ်သီးတွေ မျက်နှာကြီးတွေကို လက်ဖျားနဲ့တောင်မတို့ဝံ့ဘူး။ မထိပါးရဲဘူး။ 
ခု ကိုဗစ် ၁၉ ဗမာပြည်ကိုရောက်နေပြီလို့ ဖေ့စ်ဘွခ်စာမျက်နှာကနေထုတ်ပြန်လာတယ်။ အမြန်ပြန့်စ့ချင်လို့ ထိရောက်တဲ့လူထုဆက်သွယ်ရေးပုံစံသုံးတာလို့ မြင်ပါတယ်။ တကယ်လည်း အပြန့်မြန်ပါတယ်။ တာဝန်ရှိသူတွေလည်း ထွက်ရှင်းကြမယ်ထင်ပါတယ်။ ကိုရိုနာပြဿနာဟာ သေးသေးပြဿနာမဟုတ်ပါ။ နယ်စပ်တွေကနေ "ဝင်ဝင်လာသူ"တွေ၊ နယ်စပ်တွေကနေ "ပြန်ဝင်လာသူ"တွေအပြင် လေကြောင်းရေကောင်းတွေကနေလည်း ဝင်လာမှာပါပဲ။ အကူးအလူးကရှိနေကြရတာကိုး။ 
ခု ကိုရိုနာကူးစက်ပါပြီ။ နိုင်ငံတွေမှာ စစ်တပ် အစိုးရနဲ့ အခြား အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း(NGOs, INGOS and CSOs)တွေ တသီးပုဂ္ဂလအလှူရှင်တွေ စေတနာရှင်တွေပေါင်းပြီး အတတ်နိုင်ဆုံး အခံရသက်သာအောင် ခုခံတွန်းလှန်ရင်ဆိုင်နေကြတယ်။ နိုင်ငံခြင်းပေါင်းလုပ်တာတွေ(တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန်)တွေရှိတယ်။ စေလွှတ်အကူအညီပေးတာ(ကျူးဘား၊ တရုတ်)စတာတွေလည်းရှိတယ်။ ဗမာပြည်အနေနဲ့လည်း တရုတ်မှာဖြစ်နေတုန်းက လှမ်းကူညီတာတွေရှိတယ်။ ဒါကို စစ်အုပ်စုကနံမည်ကောင်းယူပြီး တပ်ကကူညီတယ်လုပ်ပြီး အမြတ်ထုတ်သွားတယ်။ တကယ်က အဲ့ဒီပိုက်ဆံတွေဟာ တိုင်းပြည့်ဘဏ္ဏာ လူထုဥစ္စာတွေဖြစ်တယ်။ ထားတော့ ဒီအမြတ်ထုတ်မှုကို ခုနေခါ မပြောပဲခနထားဦးမယ်။
ခုဗမာပြည်မှာ ကိုရိုနာပြဿနာကို နဖူးတွေးဒူးတွေ့တွေ့ပြီ။ ဘယ်လို ခုခံရင်ဆိုင်ကြမလဲ။ စစ်အုပ်စုက သူ့ကိုယ်ကျိုးစီးပွားတွေ အပွန်းအပဲ့ခံပြီး လူထုအတွက်တိုင်းပြည်အတွက် စွမ်းစွမ်းတမံ လုပ်လိမ့်မယ်လို့တော့ မမျှော်လင့်မိဘူး။ တိုင်းပြည်က သီးသန့်ချပေးတဲ့ရန်ပုံငွေနဲ့ မလွဲမကင်းသာတော့ ဝိုင်းလုပ်ပေးမှာတော့သေချာတယ်။ ဒါလည်း မိုးမီးလောင်နေတာကိုအကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်တာ မလုပ်ဖူးလည်း ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ လူထု၊ အစိုးရ၊ စစ်တပ်၊ အခြားအရပ်ဘက်အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလအလှူရှင်နဲ့စေတနာ့ဝန်ထမ်းများ စုစုစည်းစည်း ညီညီညွတ်ညွတ် အားကြိုးမန်တက် ဝိုင်းကြဝန်းကြမယ်ဆို တိုင်းပြည်လူထု အခံရတော့ အထိုက်အလျှောက်သက်သာရာရမှာပါ။ ကိုရိုနာအရေးမှာ အစိုးရကို နာခံတာမနာခံတာ အစိုးရနဲ့ပူးပေါင်းလုပ်တာ မလုပ်တာဆိုတဲ့စကားတွေ ခနဘေးချိတ်ပြီး တိုင်းပြည်မျက်မှာကြည့်ဖို့လိုတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ စစ်သားရယ်အရပ်သားရယ်၊ စစ်သည်မိသားစုတွေရယ် အရပ်သူအရပ်သားမိသားစုတွေရယ်လို့ ခွဲမှာမှ မဟုတ်တာပဲ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်မျက်နှာမှ ထောက်မှာမှမဟုတ်တာ။
နိဂုံးချုပ်ပြောရရင် အရေးအကြီးဆုံးက တိုင်းပြည်ရဲ့အရင်းမြစ်အများဆုံး ရယူထားတဲ့၊ အဖွဲ့အစည်းလုပ်ဟန်ရှိတဲ့၊၊ အမိန့်နာခံမှုနဲ့တည်ဆောက်ထားတဲ့ အင်စတီကျူးရှင်န်းဖြစ်တဲ့ စစ်တပ်မှာ ပိုဝတ္တရားရှိပါတယ်။
မျိုးမြင့်ချို
၂၃ ၊ မတ်၊ ၂၀၂၀

စာအုပ်ဟူသည်

0 comments
အသိတရားရဲ့ရေသောက်မြစ်ဟာ နှစ်ခုရှိတယ်လို့ ကျနော်ထင်တယ်။ တခုက လူ့အဖွဲ့အစည်းရဲ့ဘဝဖြစ်ပြီး တခုက ပိဋကတ်တိုက်။ လူ့အဖွဲ့အစည်းမှာ လူတွေပါဝင်ဖွဲ့စည်းထားကြတယ်။ ပိဋကတ်တိုက်မှာတော့ စာအုပ်တွေပါဝင်ကြတယ်။ လူ့အဖွဲ့အစည်းမှာ အပါဝင်လှုပ်ရှားတဲ့အခါ ကုန်လုပ်ရေးဖြစ်စဉ်ထဲကို ပါဝင်ဆောင်ရွက်ရတဲ့အခါမှာ ကျနော်တို့ဟာ လူတွေရဲ့အကြောင်းကို တိုက်ရိုက်သိလာကြတယ်။ ပိဋကတ်တိုက်ထဲကိုဝင်တဲ့အခါ၊ စာအုပ်တအုပ်ကိုဖတ်တဲ့အခါကျတော့ လူတွေရဲ့အကြောင်းကို သွယ်ဝိုက်သိလာရတယ်။
လူ့အဖွဲ့အစည်းရဲ့ဘဝဟာ လူ့အသိတရားတွေကို တိုက်ရိုက်ပေးပြီး ပိဋကတ်တိုက်ကတော့ အသိတရားတွေကို သွယ်ဝိုက်ပြီးပေးတယ်။ ဘဝကရတဲ့အသိတွေ အတွေ့အကြုံတွေဟာ အကြမ်းထညF်ဖြစ်တယ်၊ အချောမကိုင်ရသေးဘူး။ စာအုပ်ကရတဲ့အသိတွေ အတွေ့အကြုံတွေကတော့ စာရေးသူရဲ့အတတ်ပညာနဲ့ မွမ်းမံဖန်တီးပြီးသားဖြစ်လို့ အချောသပ်ပြီးသားဖြစ်နေပြီ။ အရောင်တင်ပြီးသားဖြစ်နေပြီ။
ဘဝကရတဲ့အသိဟာ သားရေကြမ်းနဲ့တူတယ်။ အမွှေင်း မချွတ်ရသေးဘူး။ မနယ်ရသေးဘူး။ အရောင်မတင်ရသေးဘူး။ စာအုပ်က ရတဲ့အသိကတော့ နယ်ပြီးသား သားရေနဲ့တူတယ်။ ကျွမ်းကျင်တဲ့သားရေနယ်အလုပ််သမားက ကျနော်တို့သုံးဖို့ အချေသပ်ပေးပြီးပြီ။ အရောင်တင်ပေးပြီးပြီ။ ဖိနပ်ချုပ်မလား။ သားရေအိပ်ချုပ်မလား။ ကိုယ်လိုရာသုံးဖို့တဲ့။
လူတွေဟာ ဘဝတခုတည်းနဲ့ မရောင့်ရဲကြဘူး။ ဘဝကိုထင်ဟပ်ပြတဲ့စာအုပ်တွေကို ဖတ်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာအအုပ်ထဲကဘဝဟာ အပြင်မှာထက် ပိုပြီးစုစည်း။၊ ပိုပြီးသိပ်သည်း၊ ပိုပြီးလှပ၊ ပိုပြီး ခမ်းနားလို့ပဲ။
လူဟာ သူ့တဘဝ၊ သူတကမ္ဘာ၊ သူမျိုးဆက်တဆက်အတွင်းကအတွေ့အကြုံများကိုသာ ထိတွေ့လို့ရမယ်။ စာအုပ်တွေထဲမှာတော့ တခြားဘဝ၊ တခြားကမ္ဘာ၊ တခါးမျိုးဆက်တဆက်ကအတွေ့အကြုံတွေကိုပါ ရနိုင်တယ်။
Aစာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျနော်တို့ရဲ့မျက်မှောက်ခေတ်၊ ကျနော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းစည်းပေးတဲ့တံတားတွေ ဖြစ်တယ်။ ဒီတံတားတွေမရှိရင် ကျနော်တို့ဟာ အတိတ်ခေတ်ရဲ့အကြောင်းကို ဘယ်မှာသိနိုင်မလဲ။ ရာမယနမဟာကဗျာကြီးရယ်လို့မရှိ မဇ္ဈိမတိုင်း ကျေးကျွန်လူ့အဖွဲ့အစည်းအကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ ဟာမူရာဘီရဲ့ကျောက်ပြားတွေမရှိခဲ့ရင် ရှေးဟောင်းအီဂျစ်ဓမ္မသတ် တွေကို ဘယ်မှာသိနိုင်ပါ့မလဲ။ သမ္မာကျမ်းစာရယ်လို့မရှိရင် ရှေးဟောင်းဣသရေလလူမျိုးတွေရဲ့ လူနေမှုစနစ်ကို ဘယ့်နှယ်လုပ်သိနိုင်ပါ့မလဲ။ နာဂဇုန္ဒရဲ့ကျမ်းတွေမရှိခဲ့ရင် တန်တရဝါဒအကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ ရှင်ဗုဒ္ဓဃောသရဲ့ကျမ်းတွေမရှိခဲ့ရင် တောင်ပိုင်း ဗုဒ္ဓဘာသာရဲ့အကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ ဒီမိုကရစ်တပ်စ်ရဲ့ကျမ်းတွေမရှိခဲ့ရင် ရှေးဟောင်းခေါမခေတ် အနုမြူဝါဒအကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ မက်ပလန့်ရဲ့ကျမ်းတွေမရှိခဲ့ရင် အနက်ရောင်အပူရှိန်ဖြာထွက်ခြင်းသဘောတရားကို ဘယ့်နှယ်လုပ်သိနိုင်ပါ့မလဲ။ အိုင်းစတိုင်းရဲ့ကျမ်းတွေနဲ့ ဟာဘီးယက်ဘီချာစတိုးရဲ့စာအုပ်တွေမရှိခဲ့ရင် အညမညသဘောတရားနဲ့ ငွေဝယ်ကျွန်စနစ်အကြောင်းကို ဘယ့်နှယ်လုပ်သိနိုင်ပါ့မလဲ။
ဒတွေကို ကျနော်တို့သိရတာက စာအုပ်တွေကျေးဇူးကြောင့်ပဲ။ စာအုပ်ဟာ အယူအဆတရပ်ပြန့်ပွားရေး ဒါမှမဟုတ် အသိပညာဖြန့်ဖြူးရေး အတွက် မတိမ်ကောနိုင်တဲ့ယဉ်တခုဖြစ်တယ်။ ရုပ်ရှင်တွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေက ဖုံးလွှမ်းဖို့ကြိုးစားပေမယ့် မဖုံးလွှမ်းနိုင်ပါဘူး။ သေချာပါတယ်။ 
ချောင်လေးတချောင်ထဲမှာ လူ့လောကယဉ်ကျေးမှုနဲ့ကင်းကွာနေတဲ့လူတယောက်ကို ကမ္ဘာကြီးနဲ့ထိတွေ့အောင် လူတွေနဲ့ထိတွေ့အောင် သက်သက်သာသာ လွယ်လွယ်ကူကူလုပ်ပေးတဲ့နေရာမှာ ယ်ရုပ်မြင်သံကြားစက်၊ ဘယ်ရုပ်ရှင်၊ ဘယ်ရေဒီမှ စာအုပ်ကိုလိုက်လို့ မမီဘူး။
မြသန်းတင့်၏ စာအုပ်ဟူသည်(၁၉၇၂ ခု နိုင်ငံတကာစာအုပ်နှစ် အထိမ်းအမှတ်)

Tuesday, March 17, 2020

ပြည်သူဆိုတာဘယ်သူလဲ ရေးသူ−ဗဩ

0 comments
ပြည်သူဆိုတာဘယ်သူလဲ ရေးသူ−ဗဩ
ကြံ့ဖွတ်တွေက သူတို့ကိုယ်သူတို့ "ပြည်သူ"ဆိုပြီး နေရာတကာရမ်းနေကြတယ်။ တန်ရာတန်ရာမပြောကြဘူး။ သာမန်အရပ်သားပြောသာပြောရရင် ဒီကောင်တွေ ဘုန်းမရှိ၊ တုန်းပိလို့သေကြမှာ။
ပြည်သူဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ချင်တိုင်းသတ်မှတ်လို့မရပါဘူး။ တိုင်းပြည်တပြည်မှာနေတဲ့လူတိုင်းဟာ ဒီနိုင်သားဆိုတာတော့မှန်ပါတယ်။ ပြည်သူလို့လဲ အလွယ်ပြောရင်တော့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဝေါဟာရနယ်ပယ်မှာသုံးတဲ့ 'ပြည်သူ'ဆိုတာကျတော့ သီးသန့်အဓိပ္ပါယ်ကိုဆောင်တာပါ။ နိုင်ငံသားတိုင်းကို 'ပြည်သူ'လို့မဆိုဘူး။ ပြည်သူဆိုတာ ကာလတခုမှ သမိုင်းကဏ္ဍအရရော၊ အရေအတွက်အရပါ အဓိကကျတဲ့ ပြဌာန်းနိုင်တဲ့ 'လူထု'ကြီးကိုပြောတာ ဖြစ်ပါတယ်။
ရှင်းအောင်ပြောရရင် ဗမာနိုင်ငံရဲ့ လက်ရှိသမိုင်းကာလဟာ နိုင်ငံရေးအားဖြင့် ဘာကာလ လဲ။ အဓိကအသွင်အပြင်ဟာ ဘာလဲ။ ဒါကို ပထမ ရှင်းအောင်လုပ်ရတယ်။ ဗမာပြည်လူ့အဖွဲ့အစည်းကို ရှေ့တိုးအောင်လုပ်မယ်ဆိုရင် ဘယ်ပဋိပက္ခကို အရင်ဆုံးဖြေရှင်းရမလဲဆိုတာကို စဉ်းစားရွေးချယ်တတ်ရတယ်။ ပဋိပက္ခဆိုတာကတော့ နေရာတကာမှာရှိနေတာပါပဲ။ စီးပွားရေးနယ်ပယ်မှာ ပဋိပက္ခအမျိုးမျိုးရှိသလို၊ လူမှုရေးနယ်ပယ် ကျန်းမာရေးနယ်ပယ်၊ ပညာရေးနယ်ပယ် နယ်ပယ်တိုင်းမှာရှိပါတယ်။ ကုန်ကုန်ပြောရရင် အိမ်ထောင်တခုအတွင်းမှာတောင် ရှိတယ်။ ဒါတွေအားလုံးကို တတန်းတစားတည်းထား ဖြေရှင်းလို့ ဘယ်ဖြစ်မလဲ။ အကုန်ရှုပ်ထွေးကုန်မှာပေါ့။ အင်အားတွေအစွမ်းတွေ ဖြုန်းတီးရာပဲကျမယ်။ ဒီပဋိပက္ခတွေထဲမှာ အခရာကျတဲ့ အဓိကပဋိပက္ခဆိုတာရှိတယ်။ အဲ့ဒါကိုဖြေရှင်းနိုင်ရင် တခြားနယ်ပယ်ကပဋိပက္ခတော်တော်များများကိုလည်း အခြေခံအားဖြင့်ဖြေရှင်းနိုင်တာပဲ။
အလွယ်ဆုံးဥပမာကိုပြရရင် ဗြိတိသျှကိုလိုနီကာလတုန်းက ဗမာပြည်တွင်းမှာ အဓိကပဋိပက္ခဟာ ကိုလိုနီအုပ်စိုးသူတွေနဲ့ အဲ့ဒီအုပ်စိုးမှုဒဏ်ကိုခံစားနေကြရတဲ့ ပြည်သူတွေပဲ။ အဲ့ဒီတုန်းက သမိုင်းရဲ့ အဓိကဦးတည်ချက်ဟာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရရှိခြင်းဖြစ်တယ်။ ဒါဟာ ဗမာပြည်ရှိ အများတကာ့အများစုကြီး ပြည်သူလူထုကြီးရဲ့ ဆန္ဒအမှန်လည်းဖြစ်တယ်။ အဲ့ဒီကာလမှာလည်း ပဋိပက္ခပေါင်းစုံရှိနေတာပဲ။ ဗမာနိုင်ငံသားတွေ အချင်းချင်းကြားမှာကိုပဲ ပဋိပက္ခအမျိုးမျိုးရှိနေတယ်မဟုတ်လား။ နိုင်ငံရေးပါတီတွေလည်း ပေါ်နေပြီဆိုတော့ တပါတီနဲ့တပါတီ မတူတာတွေ နည်းတာမှမဟုတ်တာ။ ဒါ့အပြင် ကုလား−ဗမာအဓိကရုဏ်းလိုဟာတောင် ပေါ်ခဲ့သေးတယ်။ အဲ့ဒီပဋိပက္ခတွေဟာ တခါတခါ ထိပ်ကိုတက်လာသလိုလိုရှိပေမဲ့ အဓိက​​ေဖြရှင်းရမယ့် လွတ်လပ်ရေးအတွက်လုံးပမ်းနေကြတဲ့ ဗြိတိသျှကိုလိုနီသမားတွေနဲ့ ဗမာပြည် ပြည်သူတွေကြားကပဋိပက္ခဟာ အဓိကဖြစ်မြဲဖြစ်နေတာပဲ။ တနိုင်ငံလုံးရဲ့အကျိုးကိုဦးထိပ်ထားသူတွေဟာ ဒါကို မျက်ခြေမပြတ်ဘူး၊ အဲ့ဒီပဋိပက္ခကိုအခြေခံပြီး ပြည်သူလား ပြည်သူ့ရန်သူလားဆိုတာကို ခွဲခြားတာဖြစ်တယ်။ ဘက်နှစ်ဘက်မှာ ဘယ်ဘက်ကရပ်သလဲဆိုတာနဲ့ ခွဲခြားတာဖြစ်တယ်။ 
ဒီနေ့ ဗမာပြည်မှာ အဓိကပဋိပက္ခဟာ အလွန်ထင်ရှား ရှင်းလင်းပါတယ်။ နအဖစစ်အစိုးရနဲ့ စစ်အစိုးရအုပ်စိုးမှုဒဏ်ကြောင့် အခွင့်အရေးမျိုးစုံဆုံးရှုံးပြီး ကိုယ်စိတ်နှစ်ပါးဆင်းရဲနေကြသူတွေတဘက် ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ အဓိကပါ။ လူတယောက်ဟာ ဒီပဋိပက္ခမှာ ဘယ်ဘက်ကပါဝင်သလဲဆိုတာအပေါ်မူတည်ပြီး သူဟာ 'ပြည်သူ'လား၊ စစ်အာဏာရှင်စနစ်ဘက်သားလားဆိုတာကို ခွဲခြားရမှာပါ။ အထက်က ကြံ့ဖွတ်တွေရဲ့အ​ြေခအနေဟာ သိတ်ရှင်းပါတယ်။
ဒီနေရာမှာ တဆက်တည်းပြောသင့်တာက ဒီနိုင်ငံမှာ ဒလို ဘက်နှစ်ဘက်ပဲရှိတယ်၊ အခြားမရှိဘူးလို့ဆိုရင်တော့ မှားပါတယ်။ ဘယ်ဘက်မှမပါတဲ့ ကြားအင်အားစုတွေလည်းရှိတယ်ဆိုတာကို သိဖို့လိုသလို အသိအမှတ်ပြုဖို့လည်းလိုပါတယ်။ နိုင်ငံရေးအတွေ့အကြုံကြွယ်ဝသူဟာ အဲ့ဒီကြားအင်အားစုကို ကိုယ့်ဘက်ပါအောင်ကြိုးစားပြီး နိုင်ငံရေးအတွေ့အကြုံနုသူကတော့ အဲ့ဒီအင်အားစုကို တိုက်ခိုက်ပါတယ်။ တဘက်ကိုတွန်းပို့သလိုတောင် ဖြစ်စေတတ်ပါတယ်။
နောက် မပြောမဖြစ်တာက ပြောင်းလဲတတ်တဲ့သဘောပါ။ ပြောင်းလဲတတ်တယ်ဆိုရာမှာ နှစ်မျိုးရှိပါတယ်။ ပထမတမျိုးက အဓိကပဋိပက္ခကိုယ်တိုင် ပြောင်းသွားတာဖြစ်ပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်ရဲ့အဆင့်တခုမှာ ဗမာနိုင်ငံရဲ့အဓိကပဋိပက္ခက မူလက အင်္ဂလိပ်နဲ့ ဗမာနိုင်ငံသားတွေကြားက ပဋိပက္ခဖြစ်ပေမယ့် ဂျပန်ကျူးကျော်ဝင်ရောက်ပြီးလို့ ဂျပန်ကဖက်ဆစ်လက္ခဏာတွေ ဖော်ပြလာတဲ့အခါမှာတော့ ဂျပန်ဖက်ဆစ်တွေနဲ့ ဗမာပြည် ပြည်သူတွေအကြားကပဋိပက္ခဟာ အဓိကပဋိပက္ခဖြစ်သွားပါတော့တယ်။
ဒုတိယတမျိုးကတော့ အဲ့ဒီလိုအဓိကပဋိပက္ခပြောင်းလဲတာနဲ့ ပါဝင်သူတွေ ဘက်ပြောင်းတတ်တာပါ။ နဂိုကရန်သူဖြစ်တဲ့အင်ဂလိပ်ဟာ မဟာမိတ်ဖြစ်လာပါတယ်။ ဒီလိုသာဓတွေ အများကြီးပြလို့ရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ထူးခြားချက်တခုဟာလည်း အဲ့ဒီလိုပဲ တချိန်ကရန်ဘက်တွေ မိတ်ဆွေဖြစ်လာတာပါ။
ပြည်သူဆိုတာ အဓိကပဋိပက္ခပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်တယ်လို့ပြောခဲ့​ပေမယ့် အချက်တချက်ကို ထပ်ပြီးအလေးအနက်ပြုဖို့လိုတယ်။ အဲ့ဒါကတော့ နိုင်ငံတနိုင်ငံမှာ အလုပ်သမားတွေ လယ်သမားတွေဟာ အမြဲပဲ 'အ​ြေခခံပြည်သူ'ဖြစ်တယ်ဆိုတဲ့အချက်ပဲ။ ဒီစာရင်းထဲမှာ မြို့နေဆင်းရဲတွေကို ထည့်သွင်းရင်လည်းရတယ်။ အကြောင်းက အဓိကပဋိပက္ခဘယ်လိုပဲပြောင်းပြောင်း သူတို့ဟာ အမြဲ ဓားမနောက်ပိတ် အဖိနှိပ်ခံရဆုံးသူတွေဖြစ်နေလို့ပဲ။ နောက်ပြီး နိုင်ငံတိုင်းမှာလည်း အရေအတွက်အားဖြင့် သူတို့ဟာ အများဆုံးဖြစ်တယ်ဆိုတာကိုလည်း မမေ့ဖို့လိုတယ်။
ဒီအခြေခံလူတန်းစားတွေရဲ့သားသမီးတွေဖြစ်နေလို့လည်း အခုန နအဖစစ်တပ်ထဲက အောက်ခြေတပ်သားတွေကို ကြားနေအောင်၊ ကိုယ့်မိဘဘက် ပြန်ရပ်အောင် စည်းရုံးနေကြရတာပါ။ အလားတူပဲ အခုအခါမှာ အခွင့်အရေးအကြောင်းပြုပြီးတက်ကြွနေတဲ့ ကြံ့ဖွတ်တွေထဲမှာလည်း အခြေခံလူတန်းစားတွေရဲ့သားသမီးတွေ ပါနေတယ်။ သူတို့ကိုလည်း ရနိုင်သလောက် အစွဲချွတ်ကြရလိမ့်မယ်။
ဒီတေ့ ဗမာပြည်နိုင်ငံရေးမှာ ဒီ"ပြည်သူ"ကို ဗဟိုပြုထားတဲ့တပ်ဖွဲ့ကြီးတခု ပြန်ဖွဲ့ဖို့ အခြေအနေကတောင်းဆိုနေတယ်။ ဒီတပ်ဖွဲ့ကြီးပေါ်ပေါက်ရေးအတွက် အနှောင့်အယှက်အတားအဆီးတွေဟာ နအဖဆီကသာလာတာမဟုတ်ပဲ ပြည်တွင်းပြည်ပက သဘောတရားအမျိုးမျိုးထုတ်နေကြတဲ့ ဗမာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေဆီကလည်း ပေါ်ထွက်လာနေတယ်။ ပြည်သူချင်း အိုးမဲသုတ်ပေးတာကို သတိထားရမယ်။ တချို့က ဒီလို ​ြေခထိုးရာမှာ အင်မတန် ကျွမ်းကျင်တယ်။ အင်မတန်သိမ်မွေ့တယ်။ အတွေ့အကြုံလည်း ရှိလှပြီကိုး။
ဗမာပြည်သားတွေဟာ ဗမာပြည်အနေအထားနဲ့ကိုက်ညီတဲ့ လှုပ်ရှားမှုတွေ ဖော်ထုတ်ရမယ်။ ဗမာပြည်သမိုင်းထဲက အောင်ပွဲရအတွေ့အကြုံတွေကို ပြန်သုံးသပ်ရမယ်။
တကယ်က ချီလီ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယားစစ်အာဏာရှင်တွေကို ဖြုတ်ချတဲ့နိုင်ငံတိုင်းမှာ ကိုယ့်ပြည်သူတွေပဲ အသေခံပြီး အနာခံပြီး စည်းလုံးညီညွတ်စွာတိုက်ပွဲဝင် ဖြုတ်ချခဲ့ကြတာဖြစ်တယ်။ ပြည်ပက နှမ်းဖြူးတာလောက်တောင် အနိုင်နိုင်ပါ။ ဗမာပြည် လွတ်လပ်ရေးရခဲ့တာလည်း ဒီလိုပဲမဟုတ်လား။

Monday, March 16, 2020

နိုင်ငံရေးနှင်ပြည်သူ ရေးသူ−ဗဩ

0 comments
နိုင်ငံရေးနှင်ပြည်သူ ရေးသူ−ဗဩ
တိုင်းပြည်တခုရဲ့နိုင်ငံရေးအပြောင်းအလဲဆိုတာ အဲ့ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူတွေအပေါ်မူတည်တယ်၊၊ ပြည်သူဆိုတာ နိုင်ငံရေးမှာဦးဆောင်သူတွေမဟုတ်ပေမယ့်လို့ နိုင်ငံရေးရဲ့အခြေခံအုတ်မြစ်တွေဖြစ်တယ်။ နိုင်ငံရေးပုံစဲအပြောင်းအလဲဖြစ်တိုင်း ဦးဆောင်သူတွေကြောင့်ချည်းပဲလို့ အများကပြောတတ်ကြပေမဲ့ ပြည်သူတွေရဲ့ထွန်းကားမှုကိုလိုက်လို့ အကောင်းအဆိုးကွာဟမှုကတော့ သိတ်သိသာထင်ရှားတယ်။ ပြည်သူမပါတဲ့အပြောင်းအလဲဟာ နိုင်ငံရေးအီလစ် Elite တွေရဲ့အကျိုးစီးပွားကိုသာ ကိုယ်စားပြုတတ်လေ့ရှိတာကြောင့် ဒီလိုအ​ြေခအနေမျိုး မကြာခနဆိုသလို ကြုံတွေ့ရတတ်ပေမယ့် ဒါဟာသက်ဆိုးရှည်ခဲတယ်။ ဒါပေမဲ့လည်း တရံတခါမှာ အချိန်ကာလတခုထိအောင်တော့ ကြာတတ်တယ်။ (နိုင်ငံရေးအီလစ်ဆိုတာ တခုသောနိုင်ငံရေးအပိုင်းကာလတခုအတွင်း နိုင်ငံရေးလောကမှာ အထက်ပိုင်းကနေတွင်ကျယ်နေသူတွေကို ဆိုလိုတယ်)
နိုင်ငံရေးစနစ်တခုဟာ ပြည်သူကိုကိုယ်စားမပြုဘူးဆိုရင် တည်ငြိမ်တိုးတက်မှု ဘယ်တော့မှမရနိုင်ဘူး။ ပြည်သူတွေရဲ့လူမှုဘဝနဲ့ကွာဟချက် သိတ်ကြီးမားလာတဲ့အခါမှာ ပြည်သူတွေရဲ့ငြင်းပယ် ဖယ်ရှားတာကိုတောင် ခံရတတ်တယ်။ ဒါ့ကြောင့်လည်း ဘယ်လိုနိုင်ငံရေးစနစ်(သို့)ပုံစံကိုမျိုးကိုမဆို ရေရှည်တည်တန့်ခိုင်မာလိုရင် ပြည်သူတွေရဲ့လူမှုဘဝအပေါ်မှာပဲ အခြေတည်စဉ်းစားလုပ်ဆောင်ကြရလိမ့်မယ်။
ငါတကော ကောတတ်တဲ့ တကိုယ်ကောင်းနိုင်ငံရေးအီလစ်တွေဟာ ပြည်သူကိုအမြဲပဲ လျှစ်လျှူရှုတတ်ကြတယ်။ နိုင်ငံရေးမှာ ဘယ်တော့မှ ပြည်သူလူထုကို အဓိကအခြေခံအဖြစ် ထည့်မတွက်ဘူး။ ပြောဆိုလုပ်ဆောင်မှုတိုင်းဟာလည်း အပေါ်ယံကြော ထည့်သွင်းလုပ်ဆောင် ပြောဆိုတာမျိုးပဲရှိတယ်။
တိုင်းပြည်တပြည်ရဲ့နိုင်ငံရေးနယ်ပယ်မှာ တည်ငြိမ်ဖို့၊ တိုးတက်ဖို့ဟာ ပြည်သူလူထုရဲ့ဘဝကိုလျှစ်လျှူရှုတဲ့နိုင်ငံရေးအီလစ်တွေဦးဆောင်နေသမျှ ဘယ်တော့မှ ပုံစံကျမှာမဟုတ်ဘူး။ ဒီ့အတွက်ကြောင့်ပဲ တိုင်းပြည်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ အခြေခံကျတဲ့အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် ပြည်သူတွေရဲ့အင်အားဟာအဓိကကျပြီး နိုင်ငံရေးသရုပ်မှန်ဖို့အတွက် ပြည်သူတွေရဲ့ဆန္ဒကပဲပြောင်းလဲစေတာဖြစ်တယ်။
နိုင်ငံရေးသဘောတခုတည်းနဲ့ ပြည်သူ့ရေချိန်ကိုကြည့်လို့မရဘူး။ အဓိကအားဖြင့် လူမှုဘဝအဆင့်နဲ့ပဲ ပြည်သူ့ရေချိန်ကိုတွက်ရမယ်။ ဘာ့ကြောင့်ဆို အစိုးရတရပ်အပေါ်ထားတဲ့ ပြည်သူရဲ့သဘောထားဟာ လူမှုဘဝရဲ့တည်ငြိမ်မှု၊ အေးချမ်းမှု၊ တိုးတက်မှု ရှိမရှိဆိုတာတွေအပေါ်မှာ လိုက်ပြီးပြောင်းလဲလေ့ရှိတယ်။ သူတို့ဟာ အင်မတန်မှ လက်တွေ့ကျတယ်။ သူတို့ဟာ ဘဝအပေါ်မှာအခြေခံပြီးပဲစဉ်းစားတယ်။ ပြည်သူဆိုတာ ထုထည်ကြီးမားလွန်းလို့ စတင်လှုပ်ရှားမှုဟာနှေးကွေးတယ်လို့ထင်ရပေမဲ့ အသက်ဝင်လှုပ်ရှားသွားတဲ့အချိန်မှာတော့ အားအရမ်းကြီးပြီး ရပ်တန့်ဖို့ခက်တယ်။ ဒါ့ကြောင့် နိုင်ငံရေးသမားတွေအနေနဲ့ ပြည်သူကို(ပြောင်းလဲမှုမဲ့တဲ့သဘော) ကိန်းသေနေရာကထားတွက်တာဟာ အင်မတန်မှားတဲ့တွက်နည်းပဲဖြစ်တယ်။ ပြည်သူကို တိုင်းပြည်ရဲ့အဓိကအင်အားအဖြစ်တွက်ရင် အမြဲတမ်း ကိန်းရှင်နေရာမှာထားရမယ်ဆိုတာကို သိထားရမယ်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာချို့တဲ့မှုဟာ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက် ဖြစ်စေသလို၊ စိတ်ပိုင်းဆိုင်ရာချုပ်တည်းမှုမဲ့သွားချိန်မှာတော့ ရုပ်ပိုင်းဆိုင်ရာပေါက်ကွဲမှုကို ဖြစ်ပေါ်စေတယ်။ အဆုံးအထိ အနင်းခံရတဲ့ပြည်သူဟာ ပေါငက်ကွဲချိန်မှာ ပိုပြီးကြောက်ဖို့ကောင်းတယ်။ မုန်းတီးမှု၊ နာကျည်းမှုနဲ့ လက်စားချေရေးလမ်းဘက်ကို လျှောက်သွားလိမ့်မယ်။ နအဖရဲ့လုပ်ရပ်တွေဟာ တိုင်းပြည်အကျပ်အတည်းကိုပိုကြီးစေသလို ပြည်သူတွေအတွက်လည်း ဆင်းရဲတွင်း ပိုနက်လာစေတယ်။ ဒါဟာ တိုင်းပြည်ရဲ့ပစ္စက္ခအနေအထားပဲ။ ဒီအချက်က ပြည်သူရဲ့ရေချိန်ကို မြင့်တက်လာစေလိမ့်မယ်။ ဒီရေရဲ့အဆုံးမှာ ပြည်သူတွေဟာ လမ်းပေါ်ကိုရောက်လာမှာပဲ။
ဒါပေမဲ့ ဒီအချိန်မှာ မကျေနပ်မှုကြောင့်ဖြစ်လာတဲ့ပြည်သူရဲ့ပေါက်ကွဲမှုဟာ နိုင်ငံရေးအသိအရတော့မဟုတ်သေးဘူး။ ဒါ့ကြောင့် နိုင်ငံရေးအင်အားစုတွေက နိုင်ငံရေးရေချိန်ဖြစ်လာအောင် ပြောင်းလဲပေးရမယ်။ ​ပြေင်းလဲယူနိုင်ရမယ်။ ဘာ့ကြောင့်လဲဆိုရင် ပေါက်ကွဲမှုဟာ ဗရမ်းဗတာဆန်လွန်းရင် ရာဇဝတ်မှုနဲ့အကြမ်းဖက်မှုတွေဘက်ကို ထိန်းမနိုင်သိမ်းမရ ကူးပြောင်းသွားနိုင်တဲ့အတွက် အချိန်မီထိန်းချုပ်နိုင်ဖို့ပဲဖြစ်တယ်။ ကနေ့အချိန်မှာ ပြည်သူတွေကြုံတွေ့နေရတာက နိုင်ငံရေးမျက်နှာစာမှာ ရှုပ်ထွေးပွေလီလွန်းတဲ့ နိုင်ငံရေးကျားကွက်တွေဟာ တဖြတ်ဖြတ်ရွေ့နေကြသလို အခြားတဘက်မှာ ပြည်သူတွေဟာ အသက်ရှင်နေထိုင်နိုင်ရေးကို အချိန်ပြည့်ရုန်းကန်နေရပြီး သူတို့ရဲ့ပြောင်းလဲလိုစိတ်ဟာ ပူးတုံခွာတုံဖြစ်နေရတယ်။
ဒါ့ကြောင့် နိုင်ငံရေးလုပ်သူတွေဟာ ပြည်သူရဲ့အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်အောင် ကြိုးစားကြရလိမ့်မယ်။ ကိုယ်တွက်ထားတာတခုတည်းနဲ့ အစပြုလို့မဖြစ်ဘူး။ တဘက်မှာလည်း နိုးကြားတက်ကွပြီး ပြည်သူကိုကိုယ်စားပြုလှုပ်ရှားနေကြတဲ့ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်ဟာ ပုံစံမတူသလို ထပ်တူကျဖို့မလွယ်ကူဘူးဆိုတာကို သတိပြုရမယ်။ ဒီနှစ်ခုကြားမှာရှိနေတဲ့ ကွာဟချက်အခြေခံသဘောတွေတူညီလာတဲ့အချိန်မှာ တော်လှန်ရေးတခု အလွယ်တကူပေါက်ဖွားနိုင်ပေမယ့် လိုအပ်များစွာကို ဟန်ချက်ညီညီဖြည့်ဆည်းနိုင်လို့ အခြေအနေများစွာပေါင်းစုံလာတဲ့အချိန်မှ ဒီလိုတူညီနိုင်မှာဖြစ်တယ်။ ဒါ့အပြင် နိုင်ငံရေးပေါက်ကွဲမှုတိုင်း၊ အပြောင်းအလဲတိုင်းဟာ နိုင်ငံရေးအင်အားစုတွေနဲ့ပြည်သူအကြားမှာ နိုင်ငံရေးရေချိန်တူညီမှုရှိတာကြောင့်မဟုတ်ဘူး။ တခါတရံ တသားတည်းပေါင်းစပ်သွားနိုင်သလို တခါတရံကျတော့လည်း အတော်ကွာဟနေတတ်တယ်။ (တချို့အချိန်တွေမှာ ပြည်သူရဲ့ရေချိန်ဟာ ဦးဆောင်မှုပေးနေတဲ့အင်အားစုကို ကျော်လွန်နေတတ်တယ်)။
ဒါ့ကြောင့် ဗမာနိုင်ငံရဲ့လက်ရှိအနေအထားမှာ ဒီမိုကရက်တစ်အင်အားစုတွေဟာ နိုင်ငံရေးအပြောင်းအလဲအတွက် ပြည်သူအပေါ်တွက်ဆတိုင်း ပြည်သူကို ကိန်းရှင်နေရာမှာထားပြီး တွက်ဆရလိမ့်မယ်။ နအဖ၊ ဒီမိုကရက်တစ်အင်အားစု၊ ပြည်သူဆိုပြီး ပြည်သူကို သီးခြားလွတ်လပ်တဲ့အင်အားစုကြီးအဖြစ်နဲ့ ရှုမြင်ကြရမယ်။ ဘာ့ကြောင့်ဆိုတော့ ဒီမိုကရက်တစ်အင်အားစုနောက်ကြောကပြည်သူဆိုပြီး ပြည်သူကိုတသားတည်းဖြစ်အောင် စည်းရုံးနိုင်စွမ်းမရှိပဲနဲ့ အမြဲတမ်း ကိန်းသေအဖြစ်မြင်ပြီး အပိုင်တွက်ဆလုပ်ဆောင်ကြရင် ပြည်သူရဲ့ စစ်မှန်တဲ့ပူးပေါင်းပါဝင်မှု ဘယ်တော့မှမရနိုင်လို့ပဲ။
ဘယ်သောအခါမဆို ပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒကို ရိုးသားစွာထုတ်ဖော်ခြင်းဖြစ်လို့ ဦးဆောင်မှုအခန်းကဏ္ဍကို ကိုယ်တိုင်အတွက်ထည့်မစဉ်းစားဘူး။ ဒါ့ကြောင့် အင်အားကြီးပြီး ပေါက်ကွဲပြန့်ကျဲနေလိမ့်မယ်။ ဒါကို မစုစည်းနိုင်ရင် သို့တည်းမဟုတ် ဦးဆောင်မှုမပေးနိုင်ပဲ ပြည်သူရဲ့နောက်က အချောင်လိုလိုက်နေလို့ကတော့ ဘယ်တော့မှအောင်မြင်မှုမရနိုင်ဘူး။ ပြည်သူ့နောက်မြီးဆွဲအဖြစ်နဲ့ပဲ အတိတ်သမိုင်းမှာ ကျန်ရစ်ခဲ့လိမ့်မယ်။ လက်တွေ့ဘဝမှာလည်း ပေါက်ကွဲမှုရဲ့သူရဲကောင်းအများစုဟာ ပြန်လည်တည်ငြိမ်ရေးရအောင် မတတ်နိုင်ကြဘူး။ ဆန့်ကျင်ရဲတယ်ဆိုရုံနဲ့တော့ ပြည်သူရဲ့ဘဝကိုဦးဆောင်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ပြည်သူနဲ့လက်တွဲပြီး လမ်းပေါ်ထွက်သလို၊ ပြည်သူနဲ့ညှိနှိုင်းပြီး ငြိမ်းချမ်းရေးကိုဖန်တီးနိုင်ရမယ်။ သဘောကတော့ တော်လှန်ရေးနဲ့တည်ဆောက်ရေးပဲဖြစ်တယ်။ ဒါကို နှစ်ဘက်စလုံးမှာ အကောင်းဆုံးဖော်ဆောင်နိုင်သူဟာ ပြည်သူကိုဦးဆောင်သူ၊ ပြည်သူကလည်းဦးဆောင်ဖို့ရာတောင်းဆိုတာကို လက်ခံတဲ့သူဖြစ်လိမ့်မယ်။
နိုင်ငံရေးပြောင်းလဲမှုကိုဖန်တီးနိုင်ဖို့ရာ ပြည်သူတွေရဲနိုင်ငံရေးရေချိန် အမြင့်ဆုံးတက်ချိန်ကို အမိအရဆုပ်ကိုင်နိုင်ဖို့လိုအပ်တယ်။ အတိုဆုံးဖြစ်စဉ်အနေနဲ့ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ဘဝမှာ စီးပွားရေးကျပ်တည်းကျဉ်းမြောင်းမှု မြင့်တက်လာပြီဆိုတာနဲ့ တိုင်းပြည်တည်ငြိမ်မှုလျော့ကျလာပြီး ပြည်သူတွေရဲ့အထွေထွေအကျပိအတည်းဖြစ်မှုကိုဖောက်ထွက်မယ့် ဦးတည်ရာလမ်းကြောင်းဟာ နိုင်ငံရေးပေါက်ကွဲမှု(သို့) လူထုအုံကြွမှုတခု ဖြစ်ပေါ်စေမှာပဲဖြစ်တယ်။ ဒါကို သံသယရှိစရာမလိုဘူး။ ဒီတော့ကာ နိုင်ငံရေးပြောင်းလဲမှုကိုဖန်တီးနိုင်ဖို့ရာ နိုင်ငံရေးအင်အားစုသက်သက်နဲ့ မဖြစ်နိုင်သလို၊ ပြည်သူဟာ နောက်ပါအင်အားစုမဟုတ်ပဲ ပူးပေါင်းအင်အားဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်လာနိုင်တယ်။ ပစ္စုပ္ပန်ကာလမှာဆိုရင်လည်း ဗမာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းဘီးဟာ အချိုးအကွေ့တခုကို အပြင်းအထန်တောင်းဆိုနေပြီ။ ဒီမိုကရက်တစ်အင်အားစုတွေအနေနဲ့ ပြည်သူရဲ့အားကို မိမိဘက်အနေအထားကတဆင့် စုစည်းခိုင်မာတဲ့ တသားတည်းပေါင်းစည်းမှုကိုအရယူနိုင်မှသာ တကယ့်နိုင်ငံရေးပြောင်းလဲမှုကို ရနိုင်မှာဖြစ်တယ်ဆိုတာကိုလည်း ထင်သာမြင်သာရှိနေပါပြီ။ ဒီ့အတွက်ကြောင့် နိုင်ငံရေးဖြစ်စဉ်တခုလုံး အကောင်းဆုံးဘက်ကိုပြောင်းလဲနိုင်မှုအတွက် ပြည်သူကိုအဓိကထားရှုမြင်သုံးသပ်ပြီး အရေးအကြီးဆုံးအင်အားအဖြစ်နေရာပေးဖော်ဆောင်ကြရမှာဖြစ်ပါတယ်။
ဘယ်လိုနိုင်ငံရေးစနစ်မျိုးမှာမဆို နိုင်ငံရေးနယ်ပယ်ရဲ့အုတ်မြစ်ဟာပြည်သူသာဖြစ်လို့ နိုင်ငံရေးသမားတိုင်း၊ နိုင်ငံရေးအင်အားစုတိုင်းဟာ "ပြည်သူသာအမိ ပြည်သူသာအဖ"ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားနိုင်မှ အောင်မြင်မှုကို မလွဲဧကံရကြမှာဖြစ်တယ်၊

Saturday, March 14, 2020

(မိုးပြိုအများ)

0 comments
မိုးပြိုအများ
ဥကြက်မ ၆ ကောင်နဲ့ အဖကြီးတကောင်ပဲချန်ပြီး ကျန်တာတွေ ဖြုတ်လိုက်တာ မှားများသွားလားမသိပါဘူး။ ကြက်မတွေက တနေ့ လေး ငါး လုံးတော့ မှန်မှန်ဥပေးနေတာပါ။ လူတချို့ ဆန်ဆီဆား အခြောက်အခြမ်းလေးတွေ ဝယ်ကြစုကြ သိုမှီးကြတယ်။ အမေ့အိမ်သွားတော့လည်း ညီမက ထူးထူးခြားခြား ဘာမှ ဝယ်ယူသိုမှီးတာ မတွေ့ရဘူး။ 
သူ့ထက်ငါအလုအယက် ဝယ်ယူနေတာတွေတွေ့တော့လည်း စိုးရိမ်စိတ်ကြီးရန်ကောလို့ အပြစ်လည်းမမြင်သလို ဝီရိယအားကောင်းလှချည်လားလည်း မချီးကျူးမိပါဘူး။ "စစ်ကြောင်းထိုးလို့ ရွာရှောင်တုန်းကတောင် ငါးပိလေးဆန်လေးပဲ ယူနိုင်တာ။ ဒါပေမဲ့ အသက်ဆက်ပါတယ်လေ။ ဆက်လို့ ခုဒီတောင်ရောက်လာပြီ့ဟာ ဘာပူလိမ့်မတုန်း"ဆိုတဲ့ အမိုးနဲ့တွေ့တော့ "အင်း..ဟုတ်သားဟ"လို့ စိတ်ထဲဖြစ်မိပြန်တယ်။ 
"ပြောမရဘူးဗျ၊ အမေရိကန်ဆိုပေမယ့် တကယ်ဖြစ်တော့လည်း ကိုယ့်မိသားစုအရေး ကိုယ်ပဲပူရမှာ။ သူတို့က ဘာအရေးလဲ၊ ဘယ်နေရာသွား ဘာရတယ်၊ ဘယ်ဖုန်းထိုးလိုက် ဘာအကူအညီရတယ်ပြောပေမယ့် ကိုယ်တွေကမှ အင်္ဂလိပ်လိုလည်း မတတ်၊ ဘုမသိဘမသိနဲ့ဆိုတော့ လန့်ကလည်း လန့်ရသေးတယ်၊ မဖြစ်ရင်တော့ ကောင်းတာပေါ့ဗျာ၊ ဖြစ်လာတော့ ဘာမှ ခြေပြင်လက်ပြင်လုပ်မထားရင် ကိုယ်ပဲခံရမှာဗျ"ဆိုသူနဲ့ဆုံတော့လည်း အင်း သူပြောတာလည်း ဟုတ်တုတ်တုတ်လို့ စိတ်ထဲဖြစ်မိပြန်ပါတယ်။ 
"ဟေ့ကောင်ရေ ပြောမယ့်သာ ပြောရတာပါ၊ တကယ်ဖြစ်တော့လည်း ဘာမှမတတ်နိုင်ပါဘူး။ ကာကွယ်ဆေးလည်းမရှိ ကုသဆေးလည်းမရှိတော့ သေရင်သေ၊ မသေလည်း မသေရုံတမယ်ခံကြရမှာချည်းပဲ။ ပိုက်ဆံရှိလည်း ဘာမှလုပ်မရဘူး။ မရှိလည်း လုပ်မရဘူး။ သေမှာပဲ။ သေမယ့်အတူတူတော့ စိတ်ကောင်းကောင်းလေးမွေး နေရသမျှလေး လူတွေနဲ့ချစ်ချစ်ခင်ခင်နေ၊ ဘုရားတရားလေးဘာလေး လုပ်ပေါ့ကွာ"ဆိုသူလည်း ပါရဲ့။
"တနေကုန် ပင်ပမ်းရတဲ့ကြားထဲ ဘယ်နားသွားသွား အဲ့သတင်းတွေကြားတော့ လူက သေပါသေချင်စော်နံလာတယ် ဟေ့လူ၊ သူများတွေ စက်ရုံ ၂ ရုံတော့ ပိတ်တယ်ကြားတယ်။ ကုန်းကြမ်းပြတ်လို့ဆိုလားမသိဘူး။ ကျုပ်တို့ စူပါဗိုက်ဇာကတော့ပြောတယ်။ အလုပ်ပြုတ်လည်း မပူနဲ့တဲ့၊ ရေဖိုး မီးဖိုး အိမ်လခတွေ အမှန်တကယ်မပေးနိုင်ရင် အစိုးရက ခနစိုက်ပေးမယ်ဆိုလား၊ ပေးစရာမလိုဘူးဆိုလား မသိဘူးပြောတာပဲ။ အဲ့ဒါတွေပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ကွာ၊ ဒါပေမယ့် မိသားစု စားဖို့ကျခက်မယ်၊ ကလေးတွေကလည်း စားနိုင်တဲ့အရွယ်တွေချည်းပဲ၊ တွေးရင် စိတ်ညစ်စရာကြီးပါဗျာ၊ အလုပ်က မောတာကတမျိုး"ဆိုပြီး ဖန်ခွက်ထဲ အရက်ငှဲ့သူနဲ့ဆုံတော့လည်း စိတ်ထဲမကောင်းသလို ဖြစိ်မိပါတယ်။
ဒီလိုနဲ့ ဒီနေ့ တနေ့လုံးလိုလို အပြင်ထွက်စနည်းနာခဲ့တာ မိသားစုခြောက်စုလောက်ဆီရောက်ခဲ့ပါတယ်။ "ခင်ဗျားတို့မိသားစုတွေမှာ တကယ်လို့ တခုခုဖြစ်လို့ တယ်လီဖုန်းတွေဘာတွေခေါ်ရမယ် အရေးဟယ်အကြောင်းရယ်ရှိလို့ စကားပြန်ခေါ်ရတာ အခက်အခဲရှိရင်တော့ ကျနော့်ဖုန်းကိုခေါ်ပါ။ လူကိုယ်တိုင် မလာနိုင်တောင် ဖုန်းနဲ့တဆင့်စကားပြန်လုပ်ပေးမယ်"ပြောတော့ "အေးကွယ် လိုတာနဲ့ ဖုန်းထိုးလိုက်မယ်၊ ပြောတာနဲ့တင် ကျေးဇူးတင်လှပြီ မောင်ရေ့"လို့ ဝမ်းပန်းတသာပြန်ပြောတဲ့မိသားစုက အမဲခြောက်ပါ နည်းနည်းပေးလိုက်ပါသေးတယ်။ 
ဘာပဲဖြစ်ဖြစ်ပါ ကျနော်တို့မှာ လင်ကိုယ်မယားနှစ်ယောက်ထဲလည်းဖြစ် ဝင်ငွေလည်းကိုယ်စီရှိ၊ နေစရာထိုင်စရာလေးလည်းရှိ၊ ကျန်းမာရေးအသိလေးတွေလည်း ကိုယ်စီရှိ၊ တခုခုဆို ဖြေတတ်တွေးတတ်လေးလည်းရှိ၊ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းလေးလည်းရှိ၊ အင်္ဂလိပ်စကားလည်းပြောကြဆိုတော့ တခုခုဆို သိတ်ကြီးတော့အခက်တွေ့စရာမရှိဘူးလို့ ဖြေတွေး တွေးရတာပါပဲ။ ဒီကြားထဲကမှ ဖြစ်တယ်ဆိုလည်း မတတ်နိုင်ဘူး မိုးပြိုအများလို့ပဲသဘောထားရမှာပါ။
မျိုးမြင့်ချို
၁၄၊ မတ်၊ ၂၀၂၀

Friday, March 13, 2020

(ခြေလှမ်း)

0 comments
(ခြေလှမ်း)
ခု လွှတ်တော်ထဲကနေပဲ ဖွဲ့စည်းပုံပြင်ရေးဘက်က အရေးနိမ့်နေတာကိုကြည့်ပြီး စစ်အုပ်စုကအပြီးသတ်အောင်ပွဲခံသွားပြီလိ့ ကော့ကရိတ်သိန်းညွန့်က တွက်ဟန်တူတယ်။ ဦးကျိုးသွားပြီ၊ နောက်နောင် ဖွဲ့စည်းပုံပြင်ရေး လေသံတောင်မဟဝံ့တော့ဘူးလို့လည်း တွေးပုံရပါတယ်။ ပြင်ရေးအင်အားစုတွေ ရမလားလို့အကဲစမ်းကြည့်တာလို့လည်း သူမြင်ပုံပေါ်ပါတယ်။ ဟိုလူတွေဘက်မှာလည်း နှဲကျိုးကြီးတက်နင်းမိတာလိုလို ဖြစ်သွားတာတော့ရှိတယ်။ 
ဆိုတော့ အများစုအနိုင်ရပါတီက လွှတ်တော်မှာဥပဒေတခုပြဌာန်းလိုက်တယ်။ အဲ့ဒီဥပဒေ အတည်ဖြစ်နေတယ်။ ဒါကို ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၁၉၈နဲ့ မကိုက်ညီလို့ ခုနေ အခွင့်သာခိုက်မှာ ဖျက်လိုက်ပါလားလို့ မသမာစိတ်နဲ့ တဘက်လှည့်နဲ့ စစ်အုပ်စုကိုဆွပေးနေတယ်။ 
မှန်တယ် အဲ့ဒီဥဒေပြဌာန်းချိန်က စစ်တပ်ကသဘောမတူဘူးဆိုတာ။ အဲ့သလိုပဲ စစ်အုပ်စုအငိုက်မိသွားတယ် ဆိုတာလည်းအမှန်ပဲ။ ကျနော့်တဦးချင်းသဘောထား ဘယ်လိုပဲရှိရှိ အဲ့ဒီရာထူးတာဝန် တီထွင်ဖန်တီးယူသွားတာကိုတော့ လူအများစုက(လူထုက)နှစ်သက်တာပဲ။ သဘောကျတာပဲ။ လက်တွေ့မှာ ဘာဖြစ်ဖြစ်မဖြစ်ဖြစ် အဆောင်အယောင်သဘောအရ နိုင်ငံတော်အင်္ဂါစဉ်အရတော့ နံပတ် ၂ ဖြစ်နေတာကိုး၊ ကာချုပ်အထက်မှာရှိနေတာကိုး။ 
ဒါကို စစ်အုပ်စု မခံချိမခံသာဖြစ်မယ်ဆိုဖြစ်လောက်ပေမယ့် ဒေါ်စုအဲ့သလိုအနေအထားနဲ့ရှိနေတာက သူတို့အတွက်ကို ကောင်းနေပြန်တယ်။ နိုင်ငံတကာ့အမြင်မှာလည်း အပြကောင်းနေတယ်။ အင်္ဂါစဉ်အရ ဘာကြီးဖြစ်နေဖြစ်နေ ကာလုံထဲ အဲ့ရာထူးနဲ့ပါခွင့်မရှိဘူး၊ ဖွဲ့စည်းပုံထဲမှာမပါဘူး၊ ဒီရာထူးက ဒေါ်စုမရှိတော့ရင် ရှိတော့မှာမဟုတ်ဘူး။ စစ်အုပ်စုကတော့ ဒေါ်စုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရှိနေဦးမှာပဲ။ ဒီတော့ ခု ဒေါ်စုအနေအထားကို စစ်အုပ်စုကကြိုက်နေတာအမှန်ပဲ။ ဒီထက် တရားဝင်ကြီးမလာဖို့(တနည်းပြောရရင် သမ္မတမဖြစ်ဖို့)ပဲ အရေးကြီးတယ်။
ခု အနေအထားမှာ သူတို့လိုအပ်တဲ့အခါ ခေါင်းရင်းပေးဖို့ ဗိုက်အငှားအလကားရဖို့ အသုံးတည့်နေတာအမှန်ပဲ။ ဒီရာထူးပေါ်ကနေ လက်တွေ့အရ အကျိုးအမြတ်အများဆုံးခံစားနေရတာ စစ်အုပ်စုပဲ။ ဒီတော့ ဒီ နိုင်ငံတော်အတိုင်ပင်ခံကိစ္စကို တမင့်ကိုလက်ရှောင်နေတာဖြစ်ပါတယ်။ ဒီရာထူးက သူတို့အကျိုးစီးပွားကို အာဏာကိုမထိပါးသရွေ့ သူတို့လက်ဖျားနဲ့တောင် တို့ဦးမယ်မဟုတ်ဘူး။
ဒါကို ကော့ကရိတ်သိန်းညွန့် မတွက်မိပဲတော့မနေဘူး။ သူလည်း အကင်းပါးသူပဲ။ ပါးလွန်းလို့တောင် ခက်နေတာတဲ့လူပဲ။ ဒါဆို သူဘာလို့ ဒီစကားပြောသလဲ။ ဒီ‌ခြေလှမ်း လှမ်းရသလဲ။ တခွန်းတည်းပြောရရင် "ဒီအချိန်"ဖြစ်နေလို့ပါပဲ။ "ဒီအချိန်"ဟာ စစ်အုပ်စုကိုရော နိုင်ငံတော်အတိုင်ပင်ခံရာထူးတည်ရှိနေမှုနဲ့ အဲ့ဒီဥပဒေကိုဖျက်ပစ်ရေး မျက်စပြစ်ကြည့်ဖို့ မျက်စောင်းထိုးကြည့်ဖို့ အာဘော်ဖန်တီးဖို့ အကောင်းဆုံးအချိန်ဖြစ်နေလို့ပါပဲ။ 
ဟိုလူတွေသဘောကျလို့ သူပြောသလိုဖြစ်လာရင် သူ့ဘက်ပါလာရင် ဥပဒေပျက်တာမပျက်တာထက် အဲ့ဒီလူတွေအပေါ်မှာ နိုင်ငံရေးအရ "သေးသေးတင်လိုက်တာ ဒါမှမဟုတ် နငယ်အမြီးတပ်နိုင်"တဲ့ အနေအထားမျိုး အဆင့်နေရာမျိုး သူရနိုင်တယ်ဆိုတဲ့တွက်ချက်မှုဖြစ်ဖို့များပါတယ်။ အဲ့ဒီကမှတဆင့် ကြီးမားတဲ့နိုင်ငံရေးရာထူး(ဒုသမ္မတတို့ဘာတို့လို)တခုခုအထိ တက်လှမ်းနိုင်မယ်လို့တွက်တာလည်း ပါနိုင်ပါတယ်။ 
ဒါ ကျနော်တွေးမိတာပြောတာပါ။ လိုအပ်တာတွေမပြည့်စုံတာတွေ မတွေးမိတာတွေလည်း များမှာပါ။ ဒီအတွေးနဲ့ အခြားသူတွေ တွေးမိတာနဲ့ဆက်စပ်ချင်လို့ ပြောတာဖြစ်ပါတယ်။
မျိုးမင့်ချို
၁၃။ မတ်၊ ၂၀၂၀

Tuesday, March 10, 2020

(ဘယ်သူမှ သတ်သတ်ကြီးအမုန်းခံမပြောကြပါ)

0 comments
(ဘယ်သူမှ သတ်သတ်ကြီးအမုန်းခံမပြောကြပါ)
ဘယ်သူဖြစ်ဖြစ် စာရေးကတည်းက စေတနာဆိုတာ ပါပြီးသားဖြစ်ပါတယ်။ ကောင်းတဲ့စေတနာ ဆိုးတဲ့စေတနာလို့ ယေဘုယျပြောကြပေမယ့် ဘယ်သူ့အတွက်ကောင်းပြီး ဘယ်သူ့အတွက်ဆိုးတာလဲလို့ သေချာစိစစ်ကြည့်တော့မှ ရေရေရာရာသိကြရတာပါ။ လူတိုင်းအတွက်အကောင်း ဒါမှမဟုတ်အဆိုး ဆိုပြီးတော့လည်း မရှိနိုင်ပါ။ အကောင်းအဆိုး အချိုး ဦးရေ စတာတွေတော့ ကွာချင်ကွာပါလိမ့်မယ်။ အဲ့သလိုမဟုတ်ပဲ လူသားအားလုံးကောင်းဖို့တို့ ဆိုးဖို့တို့ဆိုပြီး ဘယ်သူမှ ဘာစာမှတော့ရေးကြလိမ့်မယ် ရေးခဲ့ကြတယ်လို့ ကျနော်တော့ မယုံကြည်ပါ။ နိုင်ငံရေးသဘောမှာ ပိုထင်သာမြင်သာရှိပါတယ်။

လူတန်းစားအမြင်နဲ့ကြည့်ရင် လူမှာ လူတန်းစားအရချစ်ခြင်းမေတ္တာလည်း ရှိပါတယ်။ လူဖြစ်တဲ့အလျှောက် ချစ်ခြင်းမုန်းခြင်းရှိတဲ့အလျှောက် လူဟာ သူရေးတဲ့စာ သူပြောတဲ့စကားတွေမှာ သူ့ချစ်ခြင်းမုန်းခြင်းတွေ ထုံမွှမ်းပြီးသားပါ။ ပေါ်လွင်ပြီးသားပါ။ ပီပြင်ပြီးသားပါ။ သူ့စာဖတ်လိုက်တာနဲ့ သူ့စကားနားထောင်လိုက်တာနဲ့ သူ့ချစ်ခြင်းမုန်းချင်းကို ဆဝါးကြည့်လို့ရပါတယ်။
ဆိုတော့ သူရေးတဲ့စာကိုယ်၌က ချစ်ခြင်းမုန်းခြင်းအခံနဲ့ရေးတာဖြစ်လေတော့ အမုန်းခံပြီးရေးတယ်တို့ အချစ်ခံဖို့ရေးတယ်တို့ ပြောတယ်တို့ဆိုတာ မရှိနိုင်တော့ပါ။ တစုံတယောက်ဟာ အမုန်းခံပြီးရေး/ပြောတယ်လို့ဆိုလာရင် ဒါဟာ မိမိကိုယ်ကိုယ်မသာမာသူ ဒါမှမဟုတ် မသမာသူအဖြစ် ပုံဖော်သလိုပဲဖြစ်မှာပါ။ ရေး/ပြောကတည်းက ချစ်ခြင်းမုန်းခြင်းပါပြီးသားမို့ အမုန်းခံပြောတယ် အချစ်ခံရဖို့ပြောတယ်ဆိုတာ သတ်သတ်မရှိတော့ပါ။
မိမိရဲ့ချစ်ခြင်းမုန်းခြင်းဟာ မိမိပြောလိုက်တဲ့စကားတခွန်းတိုင်း မိမိရေးလိုက်တဲ့စာတလုံးတိုင်းမှာ ဖော်ပြပြီးသား ပါပြီးသားဖြစ်နေပါပြီ။ ဒါမှ "ငါကတော့ အမုန်းခံပြီးပြောလိုက်ရတာ"ဆိုရင်လည်း မိမိစိတ်နှလုံးကိုမိမိပြန်ဆန်းစစ်ကြည့်ဖို့လိုနေပြီလို့ ထင်ပါတယ်။
ကျနော်တော့ စာကို စကားကို ချစ်ခြင်းမုန်းခြင်းနဲ့ ပြောပါရေးပါတယ်။ ကျနော့်မှာ ချစ်သူမုန်းသူရှိပါတယ်။ ကျနော့်ကို ချစ်သူမုန်းသူရှိပါတယ်။
မျိုးမြင့်ချို
၉။ မတ်။ ၂၀၂၀

(ဆောင်းကြက်သွန်ဖြူ)

0 comments
(ဆောင်းကြက်သွန်ဖြူ)
မနှစ်ကဆောင်းအဝင်မှာ ဆောင်းကြက်သွန်ဖြူလေးတွေ အမေ့အတွက်ဆိုပြီး ညီမအိမ်မှာ စိုက်ပေးခဲ့တယ်။ တဆောင်းလုံး နှင်းအောက် ရေခဲအောက်နေပြီး နွေဦးပေါက်မှအမြိတ်စထွက်ပြီး နွေလည်ဆိုနှုတ် ဥသိမ်းရတဲ့ ဆောင်းကြက်သွန်ဖြူပါ။


ကျနော့်အိမ်မှာတော့ မြေကလည်းကျယ် ပေါင်လေးတွေလည်း အသေလုပ်ထားပြီး မြေမှာချစိုက်ပေမယ့် အမေ့အိမ်မှာက ပေါင်အသေလုပ်ထားတာမရှိတော့ မြေကြီးမှာချစိုက်တာမဟုတ်ပါ။ အနက် ၉ လက်မ၊ အကျယ် ဆယ်ပေလောက်ရှိတဲ့ အိမ်မွေးခွေးလေးတွေရေချိုးတဲ့ ပလပ်စတစ်ခွက်ကြီးကို ရေထွက်အောင် အောက်နေအပေါက်လေးတွေဖေါက်ဖေါက်ပြီး မြေဆွေးရယ် ကြက်ချေးရယ် ဆတူနီးပါး ရောသမပြီးစိုက်တာပါ။

စိုက်တာက ကြက်သွန်ဖြူမျိုးဥ ၃ ဥထဲပါ။ လယ်သမားဈေးမှာ မျိုးဥ တဥကို တဒေါ်လာပေးရပါတယ်။ ရှားချိန်ဆို တဒေါ်လာခွဲအထိ ရောင်းကြပါတယ်။ တဥမှာ ပျမ်းမျှအတက်ကြီးက ဆယ်တက်လောက်ဆိုတော့ အပင်သုံးဆယ် ဥသုံးဆယ်ပြန်ရမှာပါ။

မနေ့ကတော့ နေကလည်းသာ ရာသီကလည်း နည်းနည်းနွေးတော့ အပြင်ထွက်ကြရင်း အမေ့အိမ်ဘက်ဝင်ဖြစ်ပါတယ်။ ကြက်သွန်တွေဘယ့်နှယ်နေလဲသိချင်လို့ ထွက်ကြည့်တော့ အမြိတ်လေးတွေတောင် မနည်းရှည်နေပါပြီ၊ တချို့အမြိတ်လေးတွေက ၄ လက်မလောက်တောင်ရှိနေပါပြီ။ ဒါနဲ့ တလက်စတည်း ပေါင်းလိုက်ပေးခဲ့ဦးမှဆိုပြီး ပေါင်းလိုက်နေတုန်း အမေပါအိမ်အပြင်ထွက်လာပြီး ကျနော်လုပ်နေတာကြည့်ရင်း "မင်းညီမကတောင် ပြောနေတာ အကိုစိုက်ထားတဲ့အပင်တွေက ဘာလုပ်ပေးဖို့လိုမလဲမသိဘူးဆိုပြီး။ အမေကတော့ ပြောလိုက်တယ်။ ဘာမှလုပ်မပေးနဲ့ သူလုပ်ထားတာ သူသိတယ်။ အချိန်တန် သူ့ဟာသူလာ လုပ်စရာရှိတာလုပ်လိမ့်မယ် ဒီကောင်မနေဘူး။ အေး ရေဘလးဘာလေး လောင်းဖို့အချိန်ရောက်လို့ လောင်းဆိုရင်တော့ တို့ရေလောင်းကြတာပေါ့လို့ အမေကပြောထားတာ။ ခု ဘာလုပ်ပေးဖို့ လိုပြီလဲ"လို့ ဘေးက‌ေနမေးပါတယ်။

"မလိုဘူးအမေ ဘာမှမလုပ်နဲ့။ ကျနော်အခု ပေါင်းလိုက်ပေးသွားတာ။ ဒါပေမယ့် မကြာဘူး ပြန်ထလာလိမ့်မယ်။ မြေဩဇာက လွှတ်ကောင်းတော့ ပေါင်းက အပင်ထက်တောင်သန်လိမ့်မယ်။ ဒါပေမဲ့ မြေဆွေးသားကဲတော့ မြေကပွနေတယ်။ ပေါင်းနှုတ်ရလွယ်တယ်။ အမေ နေသာလို့ အပြင်ထွက်တဲ့အခါ ကြည့်ပေါ့။ ပေါင်းတွေ့ရင်တော့နှုတ်ပလိုက်ပေါ့။ ပင်ခြေကပ်ပေါက်တဲ့ ပေါင်းလေးတွေကျ သတိထားနှုတ်အမေ အောက်ကကြက်သွန်ဥပါ ရောပါလာတတ်တယ်။ သတိထားပေါ့။ ပေါင်းနှုတ်ရင်း ဥပေါ်လာရင် အာလေး ဘေးကမြေနဲ့ ပြန်ဖုံးပေးထားလိုက်။ ဒီလောက်ပဲ။ နွေကျ ရေလိုမှ နည်းနည်းနည်းနည်း ဖြန်းတာပေါ့။ အဲ့ဒီကျ ကျနော်ပြောပါ့မယ်"ဆိုတော့ သေသေချာချာနားထောင်ရင်းကနေ "ဟုတ်တယ် ကြက်သွန်က ရေသိတ်မကြိုက်လောက်ဘူး။ ဗမာပြည်မှာဆို မြေလတ်နဲ့ အညာဘက်အစိုက်များကြတာမဟုတ်လား။ အဲ့ဘက်တွေက မိုးခေါင်တာပဲ။ ရေလောင်းပြီးသာ စိုက်ရရင် သေရချည်ရဲ့"လို့ သူဘာသာသူပြောတယ်။

တကယ်က အမေက အညာမှာနေဖူးတာ မဟုတ်ပါဘူး။ ဖြတ်သွားဖြတ်လာလောက် အညာဖြတ်ဖူးတာပါ။ ကျနော်က အညာနေလာခဲ့သူဆိုတော့ အညာက ကြက်သွန်ခင်းတွေအကြောင်း အမေ့ထက်စာရင် နည်းနည်းပိုသိပါတယ်။ "ရေသိတ်မကြိုက်တာတော့ ဟုတ်တယ်အမေ ဒါပေမဲ့ လိုတဲ့အခါတော့ ရေသွင်းရတယ်"လို့ပြောပြီး ပေါင်းလိုက်တာကို လက်စသတ်နေတုန်း "ဘယ်နှပင်လောက် ပေါက်ပြီလဲသား"တဲ့ "စုစုပေါင်းတော့ ၃ ဆယ်လောက်ရမယ်အမေ။ ခုတော့ အမြိတ် ၂ ဆယ်လောက်ထောင်နေတယ်"ဆိုတော့ "အင်း ဥ ၂ ဆယ်ရလည်း နည်းလား။ လူက ဘာမှ ဒီလောက်လည်း လုပ်ပေးရတာမဟုတ်ပဲနဲ့" လို့ပြောပါတယ်။

"ဟုတ်တယ်အမေ သူက အလုပ်နည်းတယ်။ နှုတ်ချိန်ကျ ကျနော်ပြောမယ်လေ။ သူ့ အမြိတ်တွေထဲမှာ ဖူးတံပါ ပါတယ်။ ဖူးတံလေးက ဖူးပြီးပွင့်ပြီဆို အမြိတ်တွေက သွေ့လိုက်လာတာပဲ။ အမြိတ်ခြောက်တဲ့အထိ စောင့်စရာမလိုဘူး။ အမြိတ်ခြောက်တဲ့အထိ စောင့်ရင် ဖွပ်မြီးထိုးတဲ့အခါကျ မကောင်းဘူး"ဆိုတော့ "ကြက်သွန်ကို ဘယ်လိုဖွပ်မြီးထိုးတာလဲ"လို့မေးတာနဲ့ "အမြိတ်တွေ မခြောက်ခင်မှာနှုန်လိုက်ရောအမေရာ။ ပြီးတော့ တဥနဲ့တဥ အမြိတ်အမြိတ်ချင်း ဆံပင်ကျစ်ဆံမြီးကျစ်သလို တဥပြီးတဥ ထပ်ထပ်ထိုးပြီး ကျစ်သွားလိုက်တာအမေရာ။ အဲ့သလို တဥထိုးလိုက် ကျစ်လိုက်၊ နောက်တဥထိုးလိုက် ကျစ်လိုက်နဲ့ ဥသုံးဆယ်လောက်ဆို အနေတော်ပဲ။ အဖျားလေးတွေစုချည်ပြီး ချိတ်နဲ့ဇောက်ထိုး ချိတ်ထားလိုက်ရုံပဲ။ ဒါဆို ဥလေးတွေက အမြိတ်အူတိုင်မှာ ပတ်လည်နေရာမလပ်အောင်စီနေပြီး ဆင့်ထားသလို တပတ်လည်လည် အတွဲလိုက်လေးပေါ့။ တဖြည်းဖြည်း လေငွေ့နဲ့ကြက်သွန်တွေလည်း သွေ့သွေ့လိုက်လာ၊ လူကလည်း စားဖို့လိုသလောက် အထက်ကနေအောက် တဥချင်းတဥချင်းဖြတ်ပြီးစားရတာပေါ့အမေရာ။ သိမ်းရတာလည်း ဝန်ကျဉ်းတယ်။ လှလည်းလှတယ်။ ကြက်သွန်ဥတွေလည်း သပ်သပ်ကြီး လေသလပ်ခံပေးစရာမလိုဘူးပေါ့"ဆိုတော့ "ကယ်ရင်န်လုပ်တတ်လား"တဲ့။ "လုပ်တတ်တယ်အမေ။ အမေ့ဥတွေ ဥပေ့စေ နှုတ်ချိန်ကျမှ သူလာပြီးလုပ်ပေးလိမ့်မယ် အဲ့ဒီကျအမေကြည့်ပေါ့" ဆိုတော့ "အေးအေး ငါ့ချွေးမကြီးက ဘယ်ဆိုးလို့တုန်းဆိုပြီးပြောရင်း ပြုံးနေပါတယ်။ သူ့စိတ်ထဲတော့ ဖွပ်မြီးထိုးထားတဲ့ ကြက်သွန်ဖြူတွဲလေးပဲ ပေါ်နေမလားမပြောတတ်ပါ။
မျိုးမြင့်ချို
၉။ မတ်။ ၂၀၂၀

Saturday, March 7, 2020

ဆရာဒဂုန္တာရာ ရေးသူ-ပထဝီမောင်တင် [

0 comments
ဆရာဒဂုန္တာရာရေးသူ-ပထဝီမောင်တင် [၁၃၆၂ ခု၊ တန်ဆောင်မုန်းလ။ ၂၀၀၀ ခု၊ နိုဝင်ဘာထုတ် မာယာမဂ္ဂဇင်း ပြန်လည်ကူးယူ ဖော်ပြပါတယ်]

ဒဂုန်တာရာကို ကျွန်တော်က ကိုဌေးမြိုင်လို့ပဲ ခေါ်တယ်။ သူနဲ့ ကျွန်တော်က ရန်ကုန် ၁၄ လမ်းမှာ နေတုန်းကတည်းက၊ တာရာမဂ္ဂဇင်း စထုတ်လာ ကတည်းက သိတယ်။ ရင်းနှီးခဲ့တယ်။ အထူးသဖြင့် သူဝတ်စားတာကို ကြည့်ပြီး နောက်ပြောင်နေတော့ ပိုရင်းနှီးတယ်။ သူက ဘယ်တော့မှ ဘန်ကောက်လုံချည် ခါးကချတာ မဟုတ်ဘူး။ စကားပြောရင်လည်း အေးအေးနဲ့ ပြောတယ်။ သူ ဒီလိုနေ၊ ဒီလိုဝတ်၊ ဒီလိုပြောတာကို နောက်ပြောင်နေရင် သူက သူ့ဟာသူ နေတယ်။ အင်မတန် သည်းခံနိုင်တယ်။ ဒါကြောင့် ပိုရင်းနှီးတယ်။

သူက ဗိုလ်ချုပ်အောင်ဆန်း၊ ကိုလှဖေ(ဗိုလ်လကျ်ာ)၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့နဲ့ တော် တော် ရင်းတယ်။ တတွဲတွဲလဲ နေတယ်။ ကိုဗဟိန်းနဲ့ကတော့၊ အရင်းနှီးဆုံး အတွဲဆုံးပဲ။ နှစ်ယောက်စလုံးက စာသမားချင်းဆိုတော့ သိပ်အတွဲညီတယ်။ ဒါကြောင့် ရှမ်းပြည်နယ်က ပြန်လှဲ့ခဲ့ရတဲ့ တရုတ်ပြည်ခရီးမှာ သူတို့နှစ်ယောက် သွားခဲ့ကြတာပေါ့။
ဗိုလ်ချုပ်တို့ ဂျပန်ပြည်က ပြန်လာပြီး BIA ရုံးမှာ သူ့ကို ခေါ်ထားသေးတယ်။ တပ်မတော်ဝါဒ ဖြန့်ချိရေးအနေနဲ့ ထားတာ ဖြစ်မယ်။ အဲဒါ ခဏပဲ လုပ်ပြီး ထွက်သွားတယ်။ ကြာကြာ မလုပ်ဘူး။သူက စာသမား၊ စစ်ရေးသမား မဟုတ်ဘူး။ ဟို ကျောင်းသားဘဝ ကတည်းက အိုးဝေမဂ္ဂဇင်းမှာ သူတို့ လုပ်ခဲ့ကြတာ မဟုတ်လား။
၁၉၃၇ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေတဲ့ 'မျိုးညွန့်' မဂ္ဂဇင်းမှာ သူ အယ်ဒီတာ လုပ်ဖို့ပဲ။ သူ လုပ်မဲ့အလှည့်ကျမှ မဂ္ဂဇင်းက ရပ်သွားတယ်။ မျိုးညွန့်မဂ္ဂဇင်းကို ခုခေတ်လူငယ်တွေ သိကြမှာ မဟုတ်ဘူး။ ကျောင်းသားသမဂ္ဂကနေ ထုတ်ခဲ့တယ်လို့လဲ သိကြမှာ မဟုတ်ဘူး။ မျိုးညွန့်မဂ္ဂဇင်းကို ၁၉၃၇ ခုနှစ် စက်တင်ဘာလမှာ အတွဲ ၁၊ အမှတ် ၁ စ ထုတ်ခဲ့တယ်။ အမှတ် ၂ က ဒီဇင်ဘာလမှာ ထုတ်ခဲ့တယ်။ အမှတ် ၃ ကို ထုတ်တယ်။ ပြီးတော့ ရပ်သွားတယ်။ ကျွန်တော့်ဆီမှာ မျိုးညွန့်မဂ္ဂဇင်း အမှတ် ၂ ရှိတယ်။ မဂ္ဂဇင်းတည်းဖြတ်သူ (အယ်ဒီတာ) မောင်ဘဟိန်း၊ အတိုင်ပင်ခံ ဦးကျော်မြင့် ဝတ်လုံတော်ရ။ တန်ဖိုး လေးပဲ။ မဂ္ဂဇင်းကို ရန်ကုန်မြို့ မြန်မာ့ဇေယျာ စာပုံနှိပ်တိုက်မှာ ရိုက်၍၊ မောင်ဘေသန်းက ထုတ်ဝေသည်လို့ ရေးထားတယ်။ အမှတ် ၂ မဂ္ဂဇင်းမှာ ကိုနု၊ ကိုဘဟိန်း၊ ကိုသိန်းဖေ၊ ကိုညိုမြ၊ သခင်လေးမောင်နဲ့ သုပဏ္ဏက (သခင်သန်းထွန်း) တို့က ပါဝင် ရေးသားကြတယ်။ ဒါက ကြုံလို့ ပြောတာပါ။
ကိုဌေးမြိုင်က ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါခဲ့တယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် ကျောင်းသားတွေ ပုဒ်မ ၁၄၄ ဖီဆန်ပြီး ဆန္ဒပြပွဲလုပ်တဲ့အခါ၊ တူတဇင် အမှတ်အသားနဲ့ အလံနီကြီးကို ကိုင်ပြီး ကိုယ်တိုင် ပါဝင်ခဲ့တဲ့လူ ဖြစ်တယ်။ ၂၀ ရက်နေ့ အတွင်းဝန်ရုံး ဝိုင်းတုန်းကလဲ ပါဝင်ခဲ့တယ်။ ဒီပွဲမှာ ကိုအောင်ကျော် ကျဆုံးခဲ့တယ်။
၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပါတ်သက်ပြီး ကိုဌေးမြိုင် ကိုယ်တိုင်သိတာတွေ အများကြီးပါ။ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သူက တွဲနေခဲ့၊ အတူနေခဲ့သူပါ။ ကိုသိန်းဖေ(ဦးသိန်းဖေမြင့်) အရှေ့ကနေဝန်းထွက်သည့်ပမာရေးတော့ ၁၃၀၀ပြည့်အခန်းမှာ ကိုဌေးမြိုင် စာတွေ ကိုးကားခဲ့ရတာ ကြည့်ပါလား။
သူကိုယ်တိုင်သိ၊ သူကိုယ်တိုင် ပါဝင်ပါတ်သက်တာတွေ အများကြီး ရှိပါတယ်။ သူက ပြောခဲပါတယ်။
ဂျပန်ခေတ်မှာ သူက တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အတူနေတယ်။ ရန်ကုန်မှာ အနေများ တယ်။ ဗိုလ်လကျ်ာအိမ်မှာ အနေများတယ်။ သခင်သန်းထွန်းအိမ်မှာနေတယ်။ ဗိုလ်ချုပ်အိမ်မှာလဲ ဝင်လိုက်ထွက်လိုက် နေလိုက်ပါပဲ။
ကိုဗဆွေကြီးနဲ့လဲ ရင်းနှီးပါတယ်။ ကိုကျော်ငြိမ်းထက် ပိုရင်းနှီးပါတယ်။ သူက အဲဒီလို နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သိသလို နိုင်ငံရေးပါတီတိုင်း ပါတီတိုင်း အကြောင်းတွေကို လေ့လာတယ်။ သုံးသပ်တယ်။ သိတယ်။ သူကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆိုရှယ်လစ်တွေ မှားရင် မှားတာကို ပြောတယ်။ ကွန်မြူနစ်ပါတီ လွန်ရင်လဲ လွန်သွားတာ ပြောတယ်။ ပြောရဲတယ်။ လူတွေကလဲ ရင်းနှီးကြတယ်။ သူက သူ့ ရပ်တည်ချက်နဲ့ သူနေတယ်။ စစ်ပြီးစ လောက်မှာ ကျွန်တော်ဆီမှာ စာပေသစ်မဂ္ဂဇင်း လာရိုက်တယ်။ ကျော်အောင်ရယ်၊ မြသန်း(မြသန်းတင့်) ရယ်၊ ကိုသန်းတင်ရယ်ပေါ့ဗျာ။ ကိုသန်းတင်က အင်မတန် သည်းခံနိုင်တဲ့လူ။ စာပေသစ်မ၈္ဂဇင်းကို သူကပဲ အကုန်အကျခံပြီး ထုတ်ခဲ့တာ၊ နှစ်အုပ် သုံးအုပ်မှာပဲ ရပ်သွားတယ်။ ရပ်ရတဲ့ အကြောင်းလဲ ရှိတယ်။ ထားတော့။
နိုင်ငံရေး၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ သူက အာရုံစိုက် ထားတယ်။ စာပေကို သိပ်မြတ်နိုးတယ်။ စာပေမြတ်နိုးလို့ အမြတ်အစွန်းအတွက်၊ ငွေကြေးအတွက် မဟုတ်ပဲ၊ စာအုပ်ထုတ်တဲ့လူဆိုတာ အတော်နည်းပါတယ်။ သူက တာရာ မဂ္ဂဇင်းထုတ်တာ။ ဂန္ထဝင်ဂျာနယ်ထုတ်တာလုံးလုံး အမြတ်အစွန်းအတွက် မဟုတ်ဘူး။ စာပေကို မြတ်နိုးလို့ ထုတ်ခဲ့တာ။ ဒီစာအုပ်တွေမှာ သူဘာတွေ ရေးခဲ့သလဲ။ ဖတ်ကြည့်ပါလား။ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေရေးရာ ဒါတွေ သူရေးခဲ့တာပဲ။
ကိုဌေးမြိုင်က ပင်ကိုယ်က သိပ်ရိုးတယ်။ ရိုးရိုးစင်းစင်းပဲ ပြောတတ်၊ နေတတ်၊ စားတတ်တယ်။ ဘာဟိတ်ဟန်မရှိပါဘူး။ သူ့မှာ ရင်းနှီးတဲ့ ကျောင်းနေဖက် သူငယ်ချင်း သုံးယောက်ရှိတယ်။ မင်းနဲ့ ငါနဲ့ တရင်းတနှီး ပြောကြ ခင်ကြတဲ့ လူတွေ။ ကနေ့ထိ သက်ရှိထင်ရှား ရှိကြသေးတယ်။ ဘီဘီစီ ဦးမောင်မောင်ရယ်၊ ဆရာတိုက်စိုးရယ်ပဲ။ သူတို့က ငယ်ပေါင်းကြီးဖော်။ သိပ်ရင်းနှီးတဲ့လူတွေ။ သိပ်ခင်မင်ကြတဲ့ လူတွေ။
ကိုဌေးမြိုင်ဟာ စစ် နဲ့ ငြိမ်းချမ်းရေးမှာ သူက ငြိမ်းချမ်းရေးသမားလို့ ကျွန်တော်မြင်တယ်။ ဟိုတုန်းက ဗိုလ်ချုပ်ရဲ့ စစ်ရုံးက ဆင်းပြေးလာတာလဲ ဒါပဲ။ ဗိုလ်ချုပ်နဲ့ ဗိုလ်လကျ်ာနဲ့ ပတ်သက်တဲ့လူတွေ တော်တော်များများ စစ်ထဲရောက်ကုန်ကြတာပဲ။ စစ်ထဲဝင်သွားကြတာပဲ။ သူတယောက်ပဲ စစ်ထဲမ ရောက်တာ။ စစ်ထဲမဝင်တာ။ နောက်ပိုင်း သူငယ်ချင်းတွေ အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်ကြ တော့လဲ တောက်လျှောက် သူဆန့်ကျင်ခဲ့တာပဲ မဟုတ်လား။ လူမျိုးစု အခွင့်အရေးတွေမှာ သူ အတော်တော် မှန်မှန်ကန်ကန် ရပ်တည်ခဲ့တယ်။
ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တန်းတူရေးတွေ သူ စွဲစွဲမြဲမြဲ သုံးခဲ့တာပဲ။ ကိုဌေးမြိုင် စာတွေဖတ် ပြီး တချို့လူတွေက ပြောကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်လကျ်ာ ကိုဘဟိန်းတို့ အကြောင်း၊ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးခရီးတွေအကြောင်း၊ စာပေရေးရာ အကြောင်း၊ သူရေးနေတာ ဖန်တရာ တေနေပြီ။ အပ်ကြောင်းထပ်နေပြီတဲ့။ ဒီလို ထင်ကြတယ်။ ဒါပေမယ့် ကျွန်တော်သိတယ်။ သူက ဒါတွေကို အလကားရေးနေတာ မဟုတ်ဘူး။ အဓိပ္ပါယ်မရှိနေရး နေတာ မဟုတ်ဘူး။ အဓိပ္ပါယ်ရှိရှိ ရေးနေတာ၊ သမိုင်းဖြစ်ရပ်တွေကို မျက်ခြေမပြတ် မလစ်လပ်အောင် ရေးနေတာလို့ ကျွန်တော်မြင်တယ်။ သူ ထောင်က လွတ်လာတော့ သူ့ကို ကျွန်တော် တော်တော် လေးစားတယ်။ သူက ထောင်ထဲမှာ တော်တော် တည်တည်ငြိမ်ငြိမ် နေခဲ့တာ။ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တာကို ကျွန်တော် သိပါတယ်။
ဒါ ကိုဌေးမြိုင်ကို ကျွန်တော်သိတာ၊ မြင်တာ ပြောတာ။ နောက် ပြောရင်၊ ပြောစရာတွေ အများကြီး ရှိပါတယ်။ နောက်ဆုံး ပြောချင်တာက သူ့ခမျာ အခု အသက်က ရလာ၊ မျက်စိကလဲ ဒုက္ခပေးလာပြီး၊ မမြင်မကန်းပေါ့ဗျာ။ မြင်လဲ ကောင်းကောင်း မမြင်ရှာပါဘူး။ ကန်းလဲမကန်းဘူး။ ခမျာ မျက်စိ ဒုက္ခခံနေရရှာတယ်။
ကျွန်တော် သူ့ကို မေတ္တာရပ်ခံထားတယ်။ 'တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ' ရေးပြီးပြီ။ 'တို့ကိုယ်ကျိုး လုံးလုံးမပါ' ဆိုတဲ့ ၀တ္ထုရေးပါလို့ ပြောတာ ကြာလှပြီ၊ ခုထက်ထိ မရေးသေးဘူး။
[ဦးအုန်းမြင့် တိုးတက်ရေး]
ကိုဌေးမြိုင်ကို ကျွန်တော် စသိတာလား။ နေဦးဗျ။ ဂျပန်ဝင်ကာစလေးမှာ ကျိုက်လတ်ကို BIA ကသိမ်းတော့ ဗိုလ်ရန်နိုင် တပ်က သိမ်းတယ်။ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်)က ကိုဌေးမြိုင်နဲ့ သိပ်ခင်တယ်။ တက္ကသိုလ်မှာ အတူတူ။ သူတို့ သူငယ်ချင်းတွေ ဆိုတော့ ကျိုက်လတ်သိမ်းပြီး ဗိုလ်ရန်နိုင်က ကိုဌေးမြိုင်အိမ်မှာ တည်းနေပါတယ်။
တနေ့တော့၊ ဒီသတင်း ဖျာပုံကနေ ကျွန်တော်တို့ သိတယ်။ သိတော့ ကျွန်တော်ရယ်၊ ကိုလှရွှေရယ်၊ ဖျာပုံကနေ ကျိုက်လတ် သွားကြတယ်။ ဗိုလ်ရန်နိုင်နဲ့ သွားတွေ့ကြတယ်။ အဲဒီမှာ ကိုဌေးမြိုင်ကို စတွေ့တယ်။ စပြီး သိရတယ်။ ကျွန်တော်က ဒီတုန်းက သူ့စာတွေ ဖတ်နေပြီ။ ဒဂုန်တာရာရဲ့ ပရိသတ်ပေါ့ဗျာ။ သူ့စာတွေနဲ့ အရင်သိပြီးမှ လူကို အဲဒီမှာ စသိတာ။
သူ့ကို မှတ်မှတ်ရရ အဖြစ်ဆုံးတွေ့ခဲ့ရတဲ့ နောက်တနေရာဟာ ရန်ကုန်ထောင်ကြီးထဲမှာ တွေ့ရတာပဲ။ ဒီတုန်းက သူက ထောင်မကျပဲ ထောင်ထဲရောက်လာပြီး တနေကုန် စကားတွေ ပြောခဲ့ရတာ။ ခင်ဗျားကို ကျွန်တော်ပြောဖူးတယ်။ ကျွန်တော်တို့ လေးယောက်ရိုက်ထားတဲ့ ဓါတ်ပုံလေ။ ကိုဌေးမြိုင်(ဒဂုန်တာရာ)ရယ်၊ ကျွန်တော်ရယ်၊ မောင်နေဝင်းရယ်၊ ဗန်းမော်တင်အောင်ရယ် ရိုက်ထား တဲ့ပုံ။ အဲဒါ ကျွန်တော်၊ ကိုနေဝင်းနဲ့ဗန်းမော်တင်အောင်က ထောင်ကျနေတာ။ သူက အပြင်ကလာတာ။ ဓါတ်ပုံကို ရိုက်တာက လူထုဦးလှရဲ့တူ ဝင်းမော်ဦး ကိုတင်မောင်။ ဓါတ်ပုံရိုက်တဲ့နေရာက ကျွန်တော့် အခန်းမှာ။ ဒီတုန်းက ရန်ကုန်ထောင်ကြီးမှာ နိုင်ငံရေးအကျဉ်းသမားတွေကို အထူးတန်းထားသေးတယ်။ အဲဒါ ၁၉၅၃ ခုနှစ်လို့ မှတ်မိတာပါပဲ။
ကိုဌေးမြိုင် ထောင်ထဲ ရောက်လာပုံက ဒီလိုဗျ။ ပထမ အကြိမ်က ကျွန်တော်တို့က ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ကန်တော့ချင်တယ်ဆိုပြီး သက်ဆိုင်ရာကို တောင်းဆိုကြတယ်။ ခွင့်ပြုချက် ရတယ်။ ခွင့်ပြုချက်ရတော့ ဆရာကြီးကို ကိုဌေးမြိုင်က ထောင်ဗူးထဲ ခေါ်လာတယ်။ ထောင်ဗူးထဲမှာပဲ ကျွန်တော်တို့က ပုတီးလေးတွေ၊ ဘာလေးတွေနဲ့ ကန်တော့ကြတယ်။ အဲဒါတခါ။
နောက်တခါက ဒီဇင်ဘာ အားကစားပွဲတွေ လုပ်တဲ့အခါ ထောင်တွင်းမှာလဲ အားကစားပွဲတွေ ဘာတွေ လုပ်တယ်။ အပြင်လူလဲ ဖိတ်တယ်။ ဒီတုန်းက ထောင်ကော်မတီကို အလံနီ၊ ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်ပါတီ သုံးပါတီ အကျဉ်းသားကော်မတီက ကိုင်ထားတယ်။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ အာဏာပိုင်များနဲ့ ပြောဖို့ ဆိုဖို့ပေါ့ဗျာ။ အဲဒီမှာ အားကစားကော်မတီ ဥက္ကဌက ထောင်ကျနေတဲ့ လူထုဦးလှ။ အဲဒီ အားကစားပွဲကို အပြင်လူ ဖိတ်တဲ့အခါ ကိုဌေးမြိုင်ပါလာတယ်။ အဲဒီလိုနည်းနဲ့ သူထောင်ထဲ ရောက်လာတာ။
ကျွန်တော် မှတ်မိတယ်။ ဗန်းမော်တင်အောင်က သူ့ကိုပြောတယ်။ (ကိုဌေးမြိုင်) ကို ပြောတယ်။ "ခင်ဗျားက ဘယ်တော့မှ ထောင်ကျမယ့်လူမဟုတ်ဘူး။ ဒါကြောင့် ထောင်ထမင်း ထောင်ဟင်းစားရမှာ မဟုတ်ဘူး။ ဒါကြောင့် အခု ခင်ဗျားကို ကောင်းကောင်းမကျွေးဘူး၊ ထောင်ထမင်း၊ ထောင်ဟင်းပဲ ကျွေးလွှတ်မယ်" စားဖူးအောင်ဆိုပြီး တကယ်ပဲ ထောင်ထမင်း၊ ထောင်ဟင်းကျွေးလွှတ်လိုက်တယ်။ သူကလဲ စားသွားတယ်ဗျ။
နောက်တခု ထောင်ထဲမှာ အားကစားသမားတွေ ချီတက် အလေးပြုပွဲ လုပ်တယ်။ ထောင်ပိုင်က သူအလေးပြု ခံချင်တယ်။ ဒီကလဲ အားကစားကော်မတီ ဥက္ကဌဦးလှကိုပဲ အလေးပြု ကြမယ်ဆိုပြီး ဖြစ်ကြတယ်။ တော်တော်နဲ့ မဆုံးဖြတ်နိုင်ဘူး။ နောက်ဆုံးမှ စေ့စပ်ကြတော့ ဦးလှကို ချီတက် အလေးပြုမယ်၊ ဦးလှက အလေးပြုခံမယ်၊ ထောင်ပိုင်က ဦးလှဘေးမှာ ရပ်နေရမယ်။ အဲဒါနဲ့ ပြတ်သွားတယ်။ အဲဒီနေ့ သူရောက်လာတာ မနက်ကိုးနာရီ သာသာ ၁၀နာရီ လောက်ကရောက်တာ ညနေ ၃နာရီကျော် လေးနာရီ လောက်မှ ပြန်သွားတာပဲ။
နောက် ဗန်းမော်တင်အောင် အခန်းမှာတောင် ကျွန်တော်နဲ့ဗန်းမော်တင်အောင်တို့ တွဲပြီး ဓါတ်ပုံ ရိုက်ကြသေးတယ်။ အဲဒီပုံလဲ ရှိတယ်။
အဲဒီတုန်းက စာအကြောင်း၊ နိုင်ငံရေးအကြောင်း၊ လူပုဂ္ဂိုလ်တွေအကြောင်း တနေကုန် ပြောကြ တာ မှတ်မှတ်ရရပါပဲဗျာ။ အဲဒါ သူ ထောင်မကျပဲ ထောင်ထဲ ရောက်လာခဲ့တာ။
နောက်ပိုင်း ဗိုလ်လကျ်ာကိစ္စနဲ့မှ ထောင်ကျတော့တာ။ သူ့ကို ကျွန်တော်မြင်တာက သူဟာ စာပေသမား၊ ငြိမ်းချမ်းရေးသမားလို့ မြင်ပါတယ်။ သူဟာ တချိန်လုံး ယုံကြည်ချက်ပေါ်မှာ သစ္စာရှိရှိ ရပ်တည်တဲ့ ပုဂ္ဂိုလ်ပါ။
[လေထီးအုန်းမောင်]

တနေ့ ၁၉၉၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ဦးလေး(ဦးအုန်းမြင့်-တိုးတက်ရေး) က ခေါ်လို့ သူ့အိမ် ကျွန်တော် ရောက်သွားပါတယ်။ အဲဒီမှာ ဆရာဒဂုန်တာရာ၊ ဦးအုန်းမောင်(လေထီး)၊ ဦးအုန်းမြင့် (တိုးတက်ရေး)တို့နဲ့ ဆုံဖြစ်ပါတယ်။ လူကြီးတွေ ဆုံတဲ့အခါ အင်မတန် မှတ်စရာ သားစရာ အကြောင်း အရာတွေ စကားတွေကို ကြားရတတ်ပါတယ်။ အခုလဲ ဒီပုဂ္ဂိုလ်ကြီးတွေ ဆုံတဲ့အခါ သူတို့ ကြုံခဲ့ တွေ့ခဲ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ် ရပ်ဇာတ်ကွက်တွေ၊ ခေတ်ကာလရဲ့ အခြေအနေတွေ၊ သမိုင်းဇာတ်ဆောင် များရဲ့ အကြောင်းတွေကို နားထောင်ရတာ အင်မတန်မှ အဖိုးတန်လှ ပါတယ်။
နက်ဖန်ဆိုရင် ဆရာဒဂုန်တာရာ ကလောမြို့ကို ပြောင်းဖို့ ရွှေ့ဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို မပြောင်းခင် မရွှေ့ခင် သူတို့ လူကြီးများဆုံပြီး စကားပြောကြတဲ့ ဝိုင်းပါ။ ကျွန်တော်က နာယူရတဲ့ သူပါ။ အင်မတန် ကံကောင်းလှပါတယ်လို့ ကျွန်တော်ခံစားရပါတယ်။
ကျွန်တော် မရှင်းမလင်းဖြစ်နေတဲ့ သမိုင်းအချက်အလက်တခုကိုလဲ လူကြီးများ ခွင့်ပြုလို့ မေးခွင့်ရလိုက်ပါတယ်။ အဲဒါကတော့
"ကျွန်တော် စာအုပ်များမှာ ဖတ်ရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့တဲ့ နေရာဌာနဟာ သုံးနေရာ လောက် ဖြစ်နေတာ တွေ့ရပါတယ်။ တနေရာက ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ မြေနုလမ်း အိမ်အမှတ် ၁၁ မှာလို့ ဆိုပါတယ်။
နောက်တနေရာက ရန်ကုန်မြို့။ ၄၉ လမ်း အမှတ် ၁၈၈ လို့ ဆိုတယ်။ (ဘုံဘဝမှာဖြင့် စတုတ္ထတွဲ စာ-၃၀၆)။
နောက်တခုက ကုလားရဲဘော်များ စုပေါင်းနေထိုင်တဲ့ ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံ လမ်း)၊ ရန်ကုန် လို့ ဆိုပါတယ်။ ဘယ်ဟာ အမှန်ဖြစ်ပါသလဲ ခင်ဗျာ" လို့ မေးတဲ့အခါ ဆရာဒဂုန်တာရာ က "သခင်စိုးကိုယ်တိုင် ပြောခဲ့ ရေးခဲ့တာတော့၊ မြေနုလမ်း အမှတ်၁၁၊ စမ်းချောင်းမှာလို့ ပြောပါတယ်။ အဲဒီအိမ်က ကိုဗဟိန်းနဲ့ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) အတူငှားနေတဲ့အိမ်၊ မျက်နှာချင်းဆိုင်မှာ မခင်ကြီး အိမ်ရှိတယ်။ ကိုဗဟိန်းနဲ့ မခင်ကြီးက ကြိုက်နေကြတုန်း။ ကိုထွန်းရှိန်ကတောင် စနေပြီလေ။ ကလေး တယောက် အဲဒီအိမ် လာလာနေတယ်။ ကိုဗဟိန်းက ကလေးချစ်တတ်တယ်။ ဓာတ်စက်လဲ သိပ် ဝါသနာပါတယ်။ ဓာတ်ပြားသီချင်းတွေ ဖွင့်ဖွင့်ပြီး နားထောင်ကြလေ့ရှိတယ်။ သီချင်းသိပ်ကြိုက်တယ်။ ဒါကြောင့် ကိုဗဟိန်းကို ကျွန်တော်က သိပ်ခင်တာ။ အဲဒီအိမ်မှာ ဖွဲ့တယ်လို့ မှတ်မိတယ်" လို့ ပြောပါတယ်။
နောက်စကားတွေ ဆက်ပြောကြရင်း ဆရာက စကားတလုံး ဆက်ပြောပါတယ်။ "အကြောင်း အရာတခုကို စဉ်းစားတဲ့အခါ အချက်အခိုင်ဆုံး ပြောနိုင်သူဟာ ခေါင်းဆောင်ဖြစ်တာပဲဗျ။ ကျွန်တော်က ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စ လုပ်တုန်းက အတွေ့အကြုံအရ ပြောရရင် တချို့ပဂ္ဂိုလ်တွေဟာ အစည်းအဝေး တက်သာလာတာ ဘာမှ ပြောစရာမရှိ ဆိုစရာ မပါကြဘူး မပြောကြဘူး။ မပြောနိုင်ကြဘူး။ ကမ္ဘာငြိမ်းချမ်းရေး ကိစ္စတွေ သိပ်မလေ့လာတော့ သိပ်မပြောနိုင်ကြဘူးပေါ့။ လေ့လာတဲ့လူ၊ စာများများ ဖတ်တဲ့လူက ပြောနိုင်တယ်။ ဆိုနိုင်တယ်။ ပြောနိုင် ဆိုနိုင်သူက ခေါင်းဆောင်ဖြစ်သွားတာပဲဗျ" စတဲ့ စတဲ့ စကားတွေ ကြားနာခဲ့ရတယ်။
ကျွန်တော့်မှာ အဲဒီနေ့က မှတ်စရာတွေ မကုန်နိုင်အောင် ကြားရတယ်။ ပညာရခဲ့ပါတယ်။ ဆရာကျန်းမာပါစေ။ အသက်ရာကျော် ရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ပထဝီမောင်တင်
စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၄၊ ၁၉၉၅ ဒီဇင်ဘာ။

မိမိ နှင့် ဒဂုန်တာရာရေးသူ-နတ်နွယ်

0 comments

မိမိ နှင့် ဒဂုန်တာရာရေးသူ-နတ်နွယ်

၁(က)
သုံးရက် ရှိသွားပြီ။ မိမိနှင့် ဒဂုန်တာရာအကြောင်း ရေးမည်ဆိုပြီး စားပွဲတွင် ထိုင်ခဲ့လေသည်။ မရေးဖြစ်။ ပထမနေ့က တာရာမဂ္ဂဇင်းတွေ ဟိုလှန်သည်လှန်နှင့် အချိန်ကုန်သွားသည်။ သူ၏ နုဖပ်ဖပ် စကားလုံးများနှင့် နီကြင်ကြင်အတွေးများ ရစ်ဝဲပြီး ကျန်ခဲ့သည်။ ကျော်အောင်၊ မြသန်း(တင့်)၊ ကြည်လင်၊ ကြည်အေး၊ အောင်လင်းတို့လည်း ရောဝေ့နေသည်။


နောက်တနေ့တွင် မနေ့တနေ့က ရွာတဲ့မိုး ကို ပြန်ဖတ်နေမိသည်။ မိမိ၏ စာပေ ဆောင်းပါးများကို စုစည်းထားသော စာအုပ်ကလေး ဖြစ်သည်။ "စိန်ပန်းပွင့်များ၊ မိုးသောက်ကြယ်၊ နေမင်းနီ"၊ "မီးပုံကြီးနှင့်အနီးအဝေး"၊ "ကာရံမဲ့ကဗျာ"၊ "အောင်သင်းသို့ပေးစာ"၊ "ဝေဖန်ရေးနှင့်လက်တွေ့"၊ "တော်လှန်ကဗျာ" စသည့် ဆောင်းပါးများ ပါရှိသည်။
"အောင်သင်းသို့ပေးစာ" မှာ ဒဂုန်တာရာနှင့် စပ်လျဉ်းပြီး မိမိ၏ သင်္ကာရှင်းချက်တခု ဖြစ်သည်။ ၁၉၇၁ စာဆိုတော်က ဒဂုန်တာရာ၊ ကျော်အောင်၊ ညွန့်ကြူးနှင့် မိမိတို့ သုံးခွသို့ သွားခဲ့ကြသည်။ စာပေဆွေးနွေးပွဲ မိုးစင်စင်လင်းသည်။ သည်အကြောင်းကို ဒဂုန်တာရာက ရှုမဝမှာ "စာပေဆည်းဆာ" အမည်နှင့် ဆောင်းပါးရေးခဲ့သည်။ မိမိနှင့် ပတ်သက်သော အချက်တခု သူရေးခဲ့သည်မှာ မိမိ နားလည်ထားသည်နှင့် မတူညီသဖြင့် ကိုအောင်သင်းမှ တဆင့် သင်္ကာရှင်းခဲ့ရခြင်း ဖြစ်သည်။
ဒဂုန်တာရာနှင့် ပတ်သက်ပြီး ပြက်ပြက်ထင်ထင် မိမိရေးဖူးသည်မှာ နောက်တကြိမ် ရှိသေးသည်။ "မောင်မင်းကြီးသားတို့ ပို့သသောမေတ္တာ" (ရဲဘောမာတူးသို့ပေးစာ အမှတ် ၃/၇၂) မှာ ဖြစ်သည်။ ယနေ့ မြန်မာစာပေများ ဟူသောစာအုပ်မှာ မောင်စွမ်းရည်က မိမိ၏ တံခွန်တိုင်မောင်နှမများ ကို တံတောင်နှင့်ထောင်း၊ ဖနောင့်နှင့်ပေါက် လုပ်ရာမှာ တချို့ အကွက်လေးတွေက အံချော်ပြီး ချက်အောက်ကို ရောက်သွား၍ မိမိအနေနှင့် "ပြန်ခြင်း" ကလေး ခတ်လိုက်မိခြင်းပါပဲ။ အဲဒီစာအုပ်ကို ကမကထ ပြုသူနှစ်ဦးက ဒဂုန်တာရာနှင့် လင်းယုန်မောင်မောင်တို့ ဖြစ်သည့်အတွက် မိမိ၏ "ပြန်ခြင်း" ထဲမှာ "ဂုန်ယုန်" ဂိုဏ်းဟု ရေးလိုက်မိသည်။
ဒဂုန်တာရာနှင့် မိမိအကြားတွင် အခြား ကလိတိတိကလေးတခု ရှိနေသေးသည်။ ယင်းမှာ အခြားမဟုတ်ပါ။ သူ၏ ဆောင်းပါးတပုဒ်ကို အကြောင်းတခုကြောင့် မိုးဝေမှာ မထည့်သွင်းနိုင်သဖြင့် ပြန်ပေးခဲ့သည်။ ထိုအခါ မိုးဝေမှာ သူရေးနေသော ဆောင်းပါးများ အားလုံးကို ရပ်ပစ်ခဲ့သည်။ သည်တုန်းက သူသည် ကလောင်အမည် သုံးမျိုးလောက်နှင့် မိုးဝေမှာ လစဉ်ရေးနေသည်။ သူ့ကို ပြန်ရေးဖို့ ပြောသည်။ မိမိကလည်း ပြောသည်။ မိတ်ဆွေများကလည်း ပြောသည်။ သူ မရေးပါ။ သူက ဘူးဆိုလျင် ဖရုံမသီးပါ။ သူ သဘောမပေါက်လျင်၊ သူ့စိတ်ထဲမှာ ဘဝင်မကျလျင် သူ ဘာမှ မလုပ်ပါ။ သည်အချက်ကို သူနှင့် လက်ပွန်းတတီး ဆယ်နှစ်ကျော်ကျော် အနှစ်နှစ်ဆယ်နီးပါး နေခဲ့ဖူးသဖြင့် ကောင်းကောင်းသိပါသည်။
သူသဘောပေါက်အောင် ပြောဖို့ဆိုသည်ကလည်း မလွယ်ပါ။ အင်မတန် လက်ဝင်သည်။ မိမိတို့ ကြုံခဲ့ဖူးပေါင်း များပြီ။ သည်အကြောင်းတွေ ပြန်ပြောရလျင် တုတ်ထမ်းပြီး ပြောရမည်။

(ခ)
မိုးဝေ မဂ္ဂဇင်းကို မိမိ ပြန်လည် တည်းဖြတ် ထုတ်ဝေသောအခါ မင်းကျော်က ပြောသည်။
"ခင်ဗျား အရေးအသား နည်းနည်းထိန်းပါ။ အစွန်းမလွတ်တာတွေ၊ ပြဿနာ ဖြစ်မှာတွေ မရေးပါနဲ့။ ခင်ဗျားက အတို့အထောင်ကလေးတွေ လုပ်တတ်တယ်"
"ကျွန်တော်က မဟုတ်တာတွေ ရေးလို့လား။ ဘာလဲ၊ ခင်ဗျားတို့က သက်သေလိုက်ရမှာ ကြောက်လို့လား"
မိမိက လေအေးဖြင့် ပြန်ခတ်လိုက်သောအခါ လူပုစိတ်တို မောင်နေဝင်းက-
"ခင်ဗျား ပြောလိုက်ရင် ဒါပဲ။ မဟုတ်တာတော့ မဟုတ်ဘူးပေါ့ဗျ၊ ဒါပေမယ့် ဟုတ်တိုင်းလည်း လျှောက်ရေးလို့ ဖြစ်မလားဗျ။ အချိန်အခါနဲ့ အခြေအနေလည်း ကြည့်ဦးမှပေါ့"
မိမိ ဘာမှမပြောတော့ဘဲ ပြုံးနေမိသည်။
သူတို့ စိုးရိမ်၍ ပြောခြင်းဖြစ်သည်။
သူတို့ စေတနာနှင့် ပြောခြင်းဖြစ်သည်။
သည်လိုလေ။
ဒဂုန်တာရာ မိုးဝေမှာ မရေးသည့် ကိစ္စ။ ဒဂုန်တာရာ၏ ဆောင်းပါးပြဿနာ ပေါ်သည့်အချိန်က ဗန်းမော်တင်အောင်နှင့် မြသန်းတင့်တို့ အပြင်မှာမရှိ။ သူတို့ အထိမ်းအသိမ်း ခံရရာမှ လွတ်လာသောအခါ မိုးဝေမှာ ရေးကြရန် မိမိက ပြောသည်။ သူတို့ကလည်း မငြင်းပါ။ ရေးမည်ဟု ပြောကြသည်။ လက်တွေ့တွင်မူ မရေးဖြစ်ကြ။ ကဗျာဆရာ အချို့လည်း မရေးကြ။
သို့သော် အကြောင်းတခုကြောင့် မိုးဝေကို မိမိ လက်လွှတ်လိုက်သောအခါ မိုးဝေမှာ သူတို့ ရေးကြသည်။
မိုးဝေကို မိမိ ပြန်လည်တည်းဖြတ်သောအခါ မိုးဝေတွင် ရေးနေသူများကို မိမိ ချဉ်းကပ်သည်။ မြသန်းတင့်က အစဉ်မပျက် ရေးမြဲ ရေးနေမည်ဟု ဆိုသည်။ ဗန်းမော်တင်အောင်ကား မရှိတော့။
မိမိ ချဉ်းကပ်သူများအနက် ပါရဂူတဦးသာလျှင် မရေးဟု ဆိုသည်။
ဒဂုန်တာရာကို ချဉ်းကပ်ရန် မိမိ စိတ်ကူးရှိသည်။ မိတ်ဆွေများကလည်း တိုက်တွန်း ကြသည်။ သူ့အိမ်ကို အေးအေးဆေးဆေး တနေ့သွားမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် ယခုထိ မရောက်ဖြစ်သေး။ သည်ကြားထဲမှာ လမ်းမှာ တခါနှစ်ခါ ဆုံဖြစ်သည်။ ပြုံးရုံမျှသာ။
မည်သို့ရှိစေ မင်းကျော်၊ မောင်နေဝင်းနှင့် မိတ်ဆွေများ၏ စေတနာနှင့် အကြံပေးမှုကို မိမိ လက်ခံခဲ့ပါသည်။
မိုးဝေ ပြန်လည်မွေးဖွားသော ပထမလ (၁၉၈၁ ဇွန်) မိမိ ဆောင်းပါးမရေးပါ။ ၀တ္ထုတို တပုဒ်ရေးသည်။ ဒုတိယလတွင်လည်း ဘာမှ မရေးပါ။ တတိယလကျတော့ ကိုမိုးဝေ အထိမ်းအမှတ်လ ဖြစ်နေသည်။ ၁၉၆၇ သြဂုတ်လ ၁၅ ရက်နေ့မှာ ကိုမိုးဝေ ကွယ်လွန်ခဲ့သည်။ ယင်းကြောင့် "သြဂုတ်လအလွမ်းပြေ" ဆောင်းပါး ရေးခဲ့သည်။ ထို့နောက် ကာလအတန်ကြာ ရပ်ဆိုင်းလာခဲ့ရသော "တောအကြောင်း တောင်အကြောင်း" ကဏ္ဍကို ပြန်လည် အသက်သွင်း လိုက်သည်။
သည့်နောက်တွင်ကား "တောအကြောင်း တောင်အကြောင်း" ကို ခေါင်းစီး အမည်နှင့် အညီပင် စိတ်ကူးတည့်ရာ၊ အကြောင်းသင့်ရာများကို ရေးခဲ့သည်။ စာပေ မဂ္ဂဇင်းအကြောင်း လည်း ပါသည်။ ခရီးသွားမှတ်တမ်းများလည်း ပါသည်။ ပြန်လည် တသချက်များလည်း ပါသည်။ စာအုပ်ဝေဖန်ချက်လည်း ပါသည်။ စာအုပ်ပြပွဲ အကြောင်းလည်း ပါသည်။
သို့သော် မိမိစိတ်ထဲတွင် ရေးချင်နေသည့် အကြောင်းအရာနှစ်ခု ရှိနေသည်။ တခုက မိုးဝေကို လက်လွှတ်လိုက်စဉ်က တပိုင်းတန်းလန်းနှင့် ရပ်သွားသော "မိမိနှင့် မိမိ၀တ္ထုများ" အကြောင်း ဖြစ်သည်။ "မြန်မာပြည်မြောက်ပိုင်း"တွင် အဆက်ပြတ်သွားသည်။ ဆက်ရေးစရာ တွေ ရှိသည်။ ဆက်ရေးချင်သည်။
နောက်တခုက "မိမိနှင့် စာရေးဆရာများအကြောင်း"။ သည်အကြောင်းကိုလည်း မိမိရေးဖို့ စိတ်ကူးခဲ့သည်မှာ ကြာပြီ။ သည်အကြောင်းက မိမိ၏ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ သူတို့ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ မိမိနှင့် သူတို့၏ ထိတွေ့မှုမျှသာ ဖြစ်သည်။ သည်အကြောင်းကို ရေးလျှင် မိမိအကြောင်းလည်းပါမည်။ သူတို့ အကြောင်းလည်း ပါမည်။ ဆက်နွှယ်နေသော စာပေနှင့် စာပေလောက အကြောင်းလည်းပါမည်။
သို့ဖြင့် "မိမိနှင့် စာရေးဆရာများ" အစီအစဉ်ကို မင်းကျော်နှင့် စဖွင့်သည်။ ၀တ္ထုရေး သည့် ပုံစံအတိုင်း ဇာတ်အလယ်မှ စဖွင့်ခြင်း ဖြစ်သည်။ ထို့နောက် လင်းယုန်သစ်လွင်၊ တင့်ဆန်း၊ တင်စိုး၊ အညာက စာရေးဆရာများ၊ လင်းယုန်နီနှင့် ဗန်းမော်တင်အောင်တို့ကို ရေးခဲ့သည်။ လင်းယုန်နီကို ရေးကတည်းက သူပြီးလျှင် ဗန်းမော်တင်အောင်၊ ဗန်းမော်တင်အောင်ပြီးလျှင် ဒဂုန်တာရာကို ရေးရန် ဇာတ်ပျိုးခဲ့သည်။
သို့သော် လနှစ်ရာ အထူးထုတ်တွင် ဒဂုန်တာရာကို ရေးရမည် ရှိသောအခါ လက်တွန့် နေသည်။ သူ့အကြောင်းကို မရေးဘဲ တိရစ္ဆာန်ရုံထဲက ကျားမြီးကို သွားဆွဲရလျှင် ကောင်းချေ မည်လားဟု စဉ်းစားမိသည်။
မိမိနှင့် စာရေးဆရာများ "ဆီးရီး" ကို စီစဉ်ကတည်းကပင် လက်တွန့်မိသော ခေါင်းစီးနှစ်ခု ရှိခဲ့သည်။ "မိမိနှင့် ဒဂုန်တာရာ" နှင့် "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" ပင် ဖြစ်သည်။
အမျိုးသမီးများက ဆတ်ဆတ်ထိမခံ ဖြစ်သည်။ ဒဂုန်တာရာက ရွှေပန်းကန် ဖြစ်သည်။
သည်မှာ သတိရသဖြင့် ရယ်စရာတခု ပြောချင်သည်။ ပြီးခဲ့သည့် ဒုတိယအကြိမ် စာပေလုပ်သား ညီလာခံတုန်းက ဖြစ်သည်။
'ဆရာနတ်နွယ်၊ "မိမိနှင့် စာပေလုပ်သားညီလာခံ ၁၉၈၄" ကို ရေးပါဦး'
နောက်ဘက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ ဒေါ်ကြွယ်ကြွယ်က ပြောလိုက်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။ ဒေါ်ကြွယ်ကြွယ်နှင့်အတူ အခြား အမျိုးသမီး စာရေးဆရာ လေးငါးခြောက်ယောက်လောက် ရှိနေသည်။ အချို့ကို မိမိ သိသည်။ အချို့ကို သိသည်ဟု ထင်သည်။ နာမည်နှင့်လူ မတွဲမိ။ အချို့ကိုကား ယခင်က မမြင်ဖူး။
ညီလာခံတက်ရောက်သူများကို အမည်စာတမ်းပါရှိသော ရင်ထိုးကလေးများ ပေးထား သည်။ လူကိုမှတ်မိပြီး နာမည်မေ့နေလျှင် ရင်ဘတ်ပေါ်မှ ရင်ထိုးကို ကြည့်လျှင် သိနိုင်သည်။ သို့သော် အမျိုးသားတယောက်ဆိုလျှင် အရေးမကြီး။ သူ့ရင်ဘတ်မှ စာတမ်းကို အားမနာတမ်း ဖတ်နိုင်သည်။ သို့သော် အမျိုးသမီးဆိုလျှင်ကား အားနာစရာကြီး။ နောက်တကြိမ်ဆိုလျှင် နာမည်စာတမ်းများကို ရင်မှာမထိုးဘဲ နောက်ကျောမှာ ထိုးရန် အကြံပြုရလျှင် ကောင်းမလား မသိ။ "ကျောထိုး" ဟူသော ဝေါဟာရအသစ်တလုံးလည်း တိုးလာနိုင်သည်။ ဘယ်လောက်ပဲ ကြည့်ကြည့် အားနာစရာ မရှိတော့။
ယခုတော့ "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" အကြောင်း ရေးနိုင်ရန် သူတို့နာမည်ကို သိနိုင်ဖို့ကပင် အခက်အခဲကြီးတခု။
"မိမိနှင့် ဒဂုန်တာရာ" အကြောင်း ရေးဖို့ကိစ္စမှာလည်း အခက်အခဲတွေ တသီတတန်း ကြီးပင်။
သို့သော်.....
မိမိသည် ရန်ကုန်ရောက်သည့် ၁၉၅၃ မှ အစပြုလျက် ၁၉၇၂ ခုနှစ်လောက်အထိ အနှစ်နှစ်ဆယ်နီးပါးမျှ ဒဂုန်တာရာနှင့် လက်ပွန်းတတီး နေခဲ့ရသည်။ အချို့သော နှစ်ကာလများတွင် ဆိုလျှင် မိမိတို့သည် နေ့စဉ်လောက်ပင် တွေ့ဆုံဖြစ်ကြသည်။ အအေးဆိုင်မှာ ထိုင်ကြသည်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ခရီးအတူ သွားကြသည်။ အစည်းအဝေး အတူတက်ကြသည်။ စာပေအကြောင်း မမောနိုင် မပန်းနိုင် ဆွေးနွေးခဲ့ကြသည်။
သည့်ထက်ပိုပြီး အရေးကြီးသည်က မိမိသည် တာရာမဂ္ဂဇင်းကို ဖတ်ပြီး ကြီးပြင်းခဲ့ရသည်။ မိမိအပေါ်တွင် သူ၏ စာပေသြဇာ သက်ရောက်လွှမ်းမိုးခဲ့သည်။ ယခုတိုင်အောင်ပင် ဖြစ်သည်။သည်တော့ သူ့အကြောင်း ရေးရပေမည်။ "မိမိနှင့် ဒဂုန်တာရာ" ကို ရေးရမည်။ ဘယ်ကစပြီး ရေးရပေမည်နည်း။ ဘယ်လောက်အထိ ရေးရမည်နည်း။ ဘယ်မှာ ဆုံးရမည်နည်း။


(က)
မိမိနှင့် ဒဂုန်တာရာ ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးကြသည်မှာ ဂျာနယ်ကျော် မမလေး၏ အလုပ်တိုက်တွင် ဖြစ်သည်။ မိမိက သူ့ကို တွေ့မြင်လို၊ သိကျွမ်းလိုသဖြင့် ကိုတင်စိုးက လိုက်ပို့ပေးခြင်း ဖြစ်သည်။ သည်တုန်းက သူသည် ဒေါ်မမလေးတိုက်တွင် စတည်းချနေသည်။ သူ့စပွဲက အဝင်ဝတွင်ဖြစ်သည်။ လမ်းမဘက်တွင် ဖြစ်သည်။ ပြတင်းပေါက်အကွယ်တွင် ဖြစ်သည်။ ပြတင်းပေါက်မှ ကြည့်လျှင် အပြင်ဘက်ကမ္ဘာကို မြင်ရသည်။ သို့သော် ပြတင်းပေါက်တွင် ဇာခန်းဆီး တပ်ဆင်ထားသဖြင့် ပြင်ပကမ္ဘာသည် ဝိုးတဝါးမျှသာ။
သူ့စားပွဲက လှသည်။ ပန်းချီနှင့် တူသည်။ ကဗျာနှင့်တူသည်။ စားပွဲခင်း အပြာနုနု၊ စားပွဲတင်မီးအုပ်ဆောင်းကလည်း အမြိတ်စကလေးတွေ ကျနေသော ပိုးအပြာစ။ ဖန်ခွက်ပုပုကလေး အုပ်ထားသော ရေဖန်ချိုင့်။ အညီအညာထပ်ထားသော စာအုပ်နှစ်အုပ် သုံးအုပ်။
ကိုတင်စိုးက မိတ်ဆက်ပေးသောအခါ သူ ယဲ့ယဲ့ကလေး ပြုံးသည်။ ထို့နောက် လူထုအကြောင်း၊ မန္တလေးအကြောင်း သဲ့သဲ့ကလေး မေးသည်။ မိမိကို သူကြည့်ပုံက စူးစူးစိုက်စိုက် မဟုတ်။ သဲ့သဲ့ယဲ့ယဲ့ကလေး။
သူ့အကြောင်း ကြားဖူးထားသည့်အတိုင်း၊ စာထဲတွင် ဖတ်ဖူးထားသည့်အတိုင်း၊ အင်္ကျီလက်ရှည်အဖြူ၊ ဘန်ကောက်လုံချည် ရေညှိစိမ်း၊ မျက်မှန်ဝိုင်းဝိုင်းထူထူ၊ နှုတ်ခမ်းထူထူ၊ ဆံပင်ကောက်ကောက် တွန့်တွန့်လိပ်လိပ်။
သည်တုန်းက သူ ၃၄ နှစ်ပဲ ရှိသေးသည်။ မိမိက ၂၀။ ၁၉၅၃ ခုနှစ်က ဖြစ်သည်။ မိမိထက် ၁၄ နှစ် ကြီးသည်။ သို့သော် မိမိထက် လေး ငါးနှစ်မျှကြီးကြသော ကိုကျော်အောင်၊ ကိုမြသန်း(တင့်)၊ ကိုတင်စိုး၊ ကိုအောင်လင်းတို့ ခေါ်သည့်အတိုင်းပင် သူ့ကို ကိုဌေးမြိုင်ဟု ခေါ်မိသည်။ ထိုမျှမက မိမိထက် ၁၆ နှစ်မျှ ကြီးကြသော တင့်ဆန်းနှင့် လင်းယုန်သစ်လွင် တို့ကိုလည်း ကိုမိုးဝေတို့ ခေါ်သည့်အတိုင်းပင် ကိုတင့်ဆန်း၊ ကိုသစ်လွင် ဟု ခေါ်ခဲ့မိသည်။ ယခုမှ သူတို့တတွေ အဘိုးကြီးတွေ ဖြစ်နေကြပြီကို ကြည့်ပြီး "ကို" တပ်ပြီး ခေါ်ရမည်ကို အားနာနေမိသည်။ ဦးသိန်းဖေမြင့်ကိုပင် ကိုဌေးမြိုင်တို့၊ ကိုတင်အောင်တို့ ခေါ်သည့်အတိုင်း ကိုသိန်းဖေဟု လိုက်ပြီး မခေါ်မိစေရန် မနည်းပင် နှုတ်စောင့်စည်းရသည်။ သူတို့နှင့် ကိုသိန်းဖေမြင့်က ငါးနှစ်ပဲ ကွာသည် မဟုတ်လား။
ဂျာနယ်ကျော်မမလေးကို ကိုဌေးမြိုင်နှင့် တချိန်တည်းမှာပင် တွေ့ဆုံသိကျွမ်းခဲ့ရသည်။ ဒေါ်မမလေးကိုမူ ထိုကတည်းက အစ်မကြီးဟု ခေါ်ခဲ့သည်။ မိမိထက် ၁၆ နှစ်တိတိ ကြီးသည်။ သို့သော် ထိုစဉ်ကမူ ဒေါ်မမလေးသည် ၃၆ နှစ်မျှသာ ရှိသေးသည်။ လှပဆဲ ဖြစ်သည်။ အရပ်အမောင်းကောင်းပြီး အပြင်အဆင် တတ်ကျွမ်းသဖြင့် ပို၍လှပသည်ဟုပင် ထင်ရသည်။ နောက်ပြီးတော့ အမျိုးသမီးတွေ၏ အလှအပက အသက် ၄၀ တွင်မှ အစွမ်းကုန် ပွင့်လန်းသည်ဟု ဆိုကြသည် မဟုတ်လား။
ဒေါ်မမလေးက မိမိတို့ကို မျက်စောင်းထိုးဆိုင်မှ ချစ်တီးကော်ဖီ မှာတိုက်သည်။ ကော်ဖီက ကောင်းသည်။ အနံ့ရော အရသာရော ပြင်းစူးသည်။ ထို့နောက် နာမည်ကျော် ကရစ်လမ်း (ယခု-ဗိုလ်မြတ်ထွန်းလမ်း) စမူဆာကို မှာကျွေးသည်။ စမူဆာကလည်း ကောင်းလှသည်။ သေးသေးကလေးတွေ၊ ပူပူကလေးတွေ။ သည်မှစ၍ နောက်ပိုင်းကာလများ တွင် ချစ်တီးကော်ဖီနှင့် ကရစ်လမ်းစမူဆာသည် မိမိတို့၏ နိစ္စဓူဝ နေ့လည်စာ ဖြစ်ရတော့သည်။
ချစ်တီးကော်ဖီ၊ ကရစ်လမ်း စမူဆာ၊ စာပေသစ်၊ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်.......။

(ခ)
ဒဂုန်တာရာ ချည်လုံချည်ဝတ်သည်ကို မိမိ ပထမဦးဆုံး တွေ့ဖူးသည်မှာ မိမိတို့ လှိုင်မြို့ဟောင်းကို သွားကြတုန်းက ဖြစ်သည်။ ၁၉၅၇ တွင် ဖြစ်သည်။
လှိုင်မြစ်ကမ်းပါးပေါ်ရှိ လှိုင်မြို့ဟောင်းနှင့် အလယ်ရိုးမတောင်ခြေရှိ တဗူးမြို့ဟောင်းကို သွားရောက်ရန် မိမိတို့ ညှိနှိုင်းသောအခါ ဒဂုန်တာရာက သူလည်းလိုက်မည်ဟု စိတ်ထက်သန်စွာ ဆိုသည်။
'ခင်ဗျား လိုက်နိုင်ပါ့မလား'
'ကမ္ဘာပတ်လာတဲ့ လူပဲဗျာ'
မရယ်တရယ် သူ ပြောသည်။
'ကမ္ဘာပတ်တာနဲ့ မတူဘူး။ အခု သွားရမှာက ခရီးကြမ်းတယ်၊ ကုန်းကြောင်းလျှောက် ရမှာ'
'ကျွန်တော့အတွက် မပူပါနဲ့'
'ဒါပေမယ့် ခင်ဗျား ဘန်ကောက်လုံချည်နဲ့တော့ မဖြစ်ဘူး'
သည်တော့ သူ တွေဝေသွားသည်။
သို့သော် ချက်ချင်းပင် ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့်-
'အင်း ဟုတ်တယ်၊ ချည်လုံချည် နှစ်ထည်လောက်တော့ ဝယ်ရမှာပဲ'
သည်တုန်းက ညစျေးတန်းက အနော်ရထာလမ်း ပလက်ဖောင်းပေါ်တွင် ဖြစ်သည်။ ဆိုင်တန်းတွေ အကျအန ထိုးလို့ ဖြစ်သည်။ သူလုံချည်ဝယ်ရာသို့ ကိုတင်စိုးနှင့် မိမိ အဖော်လိုက်ကြသည်။
သူ့စိတ်ကြိုက် အဆင်အသွေး မရသဖြင့် တနာရီလောက် ကြာသွားသည်။ နောက်ဆုံးတွင် လုံချည်နှစ်ထည် သူဝယ်သည်။ အကွက် စိပ်စိပ်ကလေးတွေ ဖြစ်သည်။ တထည်က အစိမ်းနု၊ တထည်က အပြာနု။
ပြည့်ကြပ်နေသော ဘတ်စ်ကားကြီးတစီးဖြင့် မိမိတို့ လိုက်ပါရသည်။ မိမိတို့ ဆိုသည်မှာ ဒဂုန်တာရာနှင့် တင်စိုး၊ ကိုလွင်ဦး(ပြည်တော်သစ်) နှင့် မိမိ။
ဥက္ကံမရောက်မီ ရွာတရွာတွင် ဆင်းရသည်။ လှိုင်းမြို့ဟောင်းကို ရောက်အောင် သုံးနာရီလောက် လျှောက်ရသည်။ မိုးရွာထားသဖြင့် လယ်ကန်သင်းများ စွတ်စိုနေသည်။ ချော်ချွတ်နေသည်။ အချို့နေရာများတွင် ဗွက်ပေါက်နေသည်။ အချို့နေရာများတွင် ရေလွှမ်းနေသည်။ ဖိနပ်များကို လက်တွင် ကိုင်သွားကြရသည်။ ချော်မလဲအောင် သတိထားပြီး လျှောက်ကြရသည်။ တချို့နေရာတွင် ဗွက်က ခြေသလုံးတဝက်လောက် မြုပ်သည်။ အချို့နေရာများတွင် ရေက ပေါင်လည်လောက်ထိ နက်သည်။ တနေရာတွင် "ခွေးအိပ်ချောင်း" ကို ကူးဖြတ်ကြရသည်။ တံတားက ဝါးပိုးဝါး တလုံးတည်း။ မိမိတို့က လေးဘက်ထောက်ပြီး ကူးဖြတ်ကြရသည်။
ကိုဌေးမြိုင် တချက်ကလေး မညည်းပါ။ ထို့အပြင် မိမိတို့ကို ချုံခိုတိုက်ခိုက်လျက်ရှိသော မျှော့များကိုလည်း သူနည်းနည်းမျှ မကြောက်ပါ။ သူက မြစ်ဝကျွန်းပေါ်သားဖြစ်သည်။ မိမိ မျှော့ကြောက်သည်ကို ကြည့်ပြီး သူက ရယ်မောလိုက်သေးသည်။
မွန်းတည့်ချိန်လောက်တွင် လှိုင်မြို့ဟောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။ မိမိတို့ ဘာတွေ တွေ့ရသနည်း။ ဘုရားပျက်ကလေးတဆူနှင့် ရေတွင်းပျက်ကလေးတခုကိုသာ တွေ့ရှိကြရသည်။ သို့သော် မြို့ရိုးပေါ်မှ ကြည့်သောအခါတွင်ကား လှိုင်းမြစ်တခွင်သည် ပန်းချီကားတချပ်ကို ဖြန့်ခင်းထားသည့်နှယ်၊ အဝေးဆီတွင် အလယ်ရိုးမ မှိုင်းညို့ညို့။
လှိုင်မြို့ဟောင်းမှ အပြန်တွင် ဒဂုန်တာရာက ရှုမဝတွင် ကဗျာတပုဒ် ရေးသည်။ ကိုတင်စိုးက လုံးချင်းတပုဒ်။

(ဂ)
ဒဂုန်တာရာသည် အလှအပ အနုအရွကလေးတွေ ကြိုက်တတ်သည်။ အကြမ်းအတမ်း အပင်အပန်းတို့ကိုလည်း အမှုမထင်ပါ။
၁၉၅၈ ခုနှစ်တွင် မိမိတို့ မြောက်ဥက္ကလာပကို ပြောင်းရတော့ သူသည် မိမိတို့ ရှိရာ ကွင်းပြင်ကြီးထဲသို့ ချွေးတလုံးလုံး၊ ဖုံတလူးလူးဖြင့် ရောက်လာသည်။ မိမိတို့၏ ယာယီနန်း ဖြစ်သော လေးတိုင်စင်ကလေးများတွင် သူရေနွေးကြမ်းသောက်သည်။ ငမိုးရိပ်ချောင်းကို လှေကလေးနှင့် ဖြတ်ပြီး တဖက်ကမ်းက ရွာတွေကို သွားလည်တော့လည်း သူလိုက်ပါသည်။ သူသည် တောင်ဥက္ကလာပသို့လည်း ရောက်ခဲ့ပြီး ဖြစ်သည်။ ကေတီဦးကျော်တင့်(ကွယ်လွန်) ထံသို့ဟု ထင်သည်။ သည်မှာ သူ၏ နာမည်ကျော် "ဥက္ကလာပ" ကဗျာ မွေးဖွားခြင်းဖြစ်သည်။
မိတ်ဆွေတွေနှင့် တွေ့ပြီး စကားစမြည် ပြောရမည်ဆိုလျှင်၊ စာပေရေးရာဆွေးနွေး ရမည်ဆိုလျှင် သူဘယ်တော့မှ ဦး မလေး။ မိုးရွာသည်ကိုလည်း သူမဖြုံ၊ နေပူသည်ကိုလည်း သူမတွက်၊ နှင်းကျသည်ကိုလည်း အမှုမထား။ ခရီးဝေးသည်၊ ချောင်ကျသည်၊ လမ်းထောင့်သည် ဆိုသည်တွေလည်း သူ ဘာမှ မစဉ်းစား။ ချိန်းသည့်နေ့တွင် သူရောက်လာသည်။ ချိန်းသည့်အချိန်တွင် သူရောက်လာသည်။ ပျက်ကွက်သည်မရှိ။ နောက်ကျသည်မရှိ။ အစည်းအဝေးဆိုလျှင်လည်း သည်အတိုင်းပင်။
သို့သော် သူသည် ဆွေးနွေးပွဲများနှင့် အစည်းအဝေးများတွင် အတူပါသော်လည်း ဟောပြောပွဲကိုကား ဘဝင်ကျဟန် မရှိချေ။ စာပေဟောပြောပွဲဆိုလျှင် သူ ဘယ်တော့မှ မလိုက်။ စာပေဆွေးနွေးပွဲ သက်သက်ဆိုလျှင်ကား သူ လိုက်ပါသည်။
တခုသော စာဆိုတော် ရာသီတွင် မိုးဝေကို သူ ဆောင်းပါးတပုဒ် ပေးသောအခါ ဟောပြောပွဲများအကြောင်း ပါရှိလာသည်။ သူ၏ ကောက်ချက် အချို့သည် မိမိတို့နှင့် သဘောကိုက်ညီခြင်း မရှိသဖြင့် ဆောင်းပါးကို ပြန်ပေးလိုက်သည်။ ထိုအခါ (မိမိတည်းဖြတ် သော) မိုးဝေသို့ သူစာမူမပေးတော့။
မိုးဝေမှာ သူမရေးတော့သော်လည်း မိုးဝေကိုကား သူ ဖတ်မြဲဖြစ်သည်။ မိုးဝေကလည်း သူ့ကို စာအုပ်လက်ဆောင် ပေးမြဲ ဖြစ်သည်။ သို့သော် တလတွင်ကား သူ့အတွက် စာအုပ်လာယူသော ကဗျာဆရာတယောက်ကို မိမိက ပြောလိုက်သည်။
'မိုးဝေမှာ စာမရေးတဲ့ လူတွေကို စာအုပ်မပေးဘူးလို့ ပြောလိုက်ဗျာ'
သည်သတင်း ချက်ချင်းပြန့်သွားသည်။
'ခင်ဗျား အတော်ဆိုးတဲ့လူဗျာ၊ ကျွန်တော်တို့က ခင်ဗျားတို့ ပြေလည်အောင် ကြိုးစားနေကြတာ'
ကိုစောလွင် (မြန်မာအမျိုးသမီး) က မိမိကို ပြောသည်။ သည်တုန်းက မိုးဝေကို သူ တာဝန်ခံ ထုတ်နေစဉ် ဖြစ်သည်။
ယင်းသို့ဖြင့် အချိန်ကာလတွေ ကြာမြင့်သွားသည်။ မိုးဝေကို မိမိ လက်လွှတ် လိုက်သည်။ သည်အခါတွင် မိုးဝေမှာ သူ ပြန်ရေးသည်။

(ဃ)
မိုးဝေကို မိမိ ပြန်လည် တာဝန်ယူသောအခါ သူ့ထံသို့ သွားရောက်ပြီး စာမူတောင်းရန် မိမိ ဆုံးဖြတ်သည်။ မိတ်ဆွေတွေကလည်း တိုက်တွန်းကြသည်။ သို့သော် လက်တွေ့တွင်ကား သူ့ထံသို မိမိ မရောက်ဖြစ်ခဲ့။
မိုးဝေ လနှစ်ရာ အထူးထုတ်ကို စီစဉ်သောအခါတွင်ကား သူ့ထံသို့ သွားဖြစ်အောင် သွားမည်ဟု သန္နိဌာန်ချသည်။
တနေ့တွင် ကားတစီးငှားပြီး ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ ဒေါ်နုယဉ်နှင့် သူ့အိမ်သို့ သွားရန် စီစဉ်သည်။ မိတ်ဆွေအချို့လည်း လိုက်ပါကြမည် ဖြစ်သည်။ သို့သော် သူ့ထံသို့ ကြိုပြီး ဖုန်းဆက်သောအခါ သူ မရှိပါ။ မှော်ဘီ သွားနေသည်။ နောက်တပတ်အကြာတွင် ထပ်ပြီး ဖုံးဆက်သည်။ မတွေ့ပါ။ မှော်ဘီသွားနေသည်ဟုပင် သိရသည်။
ယင်းသို့ဖြင့် လနှစ်ရာ အထူးထုတ်အတွက် သူ့ထံမှ စာမူ မတောင်းလိုက်ရပါ။ အကယ်၍ သူနှင့်တွေ့ပြီး စာမူတောင်းခွင့် ရခဲ့လျှင်ကား......။

နတ်နွယ်
[မိုးဝေ၊ စကိတင်ဘာ၊ အောက်တိုဘာ၊ ၁၉၈၄]
{နတ်နွယ် ရဲ့ မိမိနှင့်စာရေးဆရာများ၊ ဖေဖော်ဝါရီ ၂၀၀၀ စာအုပ်မှ ကူးယူဖော်ပြပါ တယ်။}

လမင်းတရာဘလော့ဂ်မှကူးယူဖော်ပြတာဖြစ်ပါတယ်