(ကိုရိုနာက ဘယ်မျက်နှာမှထောက်မှာမဟုတ်)
ဗမာပြည်မှာ စစ်တပ်ဟာ တိုင်းပြည်ရဲ့အရင်းအမြစ်အများဆုံးယူထားတာဖြစ်တယ်။ ကာကွယ်ရေးအသုံးစရိတ်ကို စိစစ်ဖြတ်တောက်မှုအလျဉ်းမရှိ လိုသလောက်တောင်းယူသုံးစွဲနိုင်တယ်။ တိုင်းပြည်က စာရင်းစစ်ခွင့်မရှိဘူး။ အထက်အောက်အမိန့်ပေးစနစ် အမိန့်နာခံမှုနဲ့ စုဖွဲ့ထားတာဖြစ်တယ်။ ကိုယ်ကျိုးစီးပွားအရှာဆုံး ခေါင်းဆောင် ဟောင်းသစ်တွေနဲ့ စုစည်းထားတာဖြစ်တယ်။ ဦးပိုင်အပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းများစွာကို အဖွဲ့အစည်းအနေနဲ့ရော တသီးပုဂ္ဂလတွေအနေနဲ့ပါလုပ်နေတာဖြစ်တယ်။ အစိုးရကို နာခံစရာမလိုတဲ့ အနေအထားကိုရယူထားတာဖြစ်တယ်။ အခြားအခြားသော ဌာနဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကို တင်စီးထားတာဖြစ်တယ်။ ကိုယ်ရကိုယ်ယူနည်းနဲ့ တလျှောက်လုံး စစ်တိုက်စားလာတဲ့တပ်ဖြစ်လို့ ရက်စက်မှုမှာကမ်းကုန်တယ်။ ကြောက်စရာအလွန်ကောင်းပြီး တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတယ်။ ဒါပေမယ့် ကိုယ်ကျိုးစီးပွားတွေနဲ့ အားလုံးပတ် ဝိုင်းကြီးချုပ်စနစ်လုပ်ထားတော့ အချင်းချင်းကြား အာဏာလွန်ဆွဲမှုတွေ အတွင်းပဋိပက္ခတွေရှိနေပေမယ့် ဟန်မပျက်အစုအစည်းမပျက် အအုပ်အစည်း မပြည်ပဲရှိနေတယ်။ ဒီနေရာမှာ "ကိုယ်ရကိုယ်ယူစနစ်နဲ့စစ်တိုက်တယ်"ဆိုတာက ရှေ့တန်းမှာ ပွိုင့်တပ်စိတ်ကရဲဘော် ရွာထဲအရင်ရောက်လို့ တွေ့တဲ့ကြက်ဝက်ပစ်ဖမ်းတာကနေ တပ်မှူးတွေ တိုင်းမှူးတွေ ဘိန်းရာဇာတွေနဲ့ပေါင်းပြီး စစ်ဘုရင်တွေအဖြစ် သိမ်းပိုက်ကြီးစိုးနေကြတာအထိပါတယ်။

ဗမာပြည်မှာ အစိုးရဟာ လူထုအပေါ်ဩဇာတစုံတရာရှိပေမယ့် အာဏာမရှိဖြစ်နေတယ်။ အာဏာမရှိတာမှ ဘယ်လောက်အထိမရှိသလဲဆိုရင် ဝရမ်းပြေးတွေ ပေါ်ပေါ်တင်တင်လမ်းပေါ်ထွက်နေတာ စာအုပ်ထုတ်နေတာလိုဟာကိုတောင် လက်ဖျားနဲ့တို့မရဘူး။ ဘုန်းကြီးတွေ ပေါက်တတ်ကရပြော အမုန်းတရားဟောနေတာကို မတားဆီးနိုင်ဘူး။ ဒါမေယ့် လူထုကြားမှာ ဩဇာကတော့ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်တမျက်နှာနဲ့ လူထုမေတ္တာရနေတယ်။ ဒါကလည်း ပိုကြောက်ရမယ့်သူရှိလို့လည်း ဖြစ်နေနိုင်တယ်။ အစိုးရက လူထုမေတ္တာနဲ့ ရှိနေတဲ့ဩဇာသုံးပြီး တွန်းတွန်းထိုးထိုး တိုးတိုးတိုက်တိုက်နဲ့လုပ်လို့ရနိုင်တဲ့"အခြေအနေနဲ့အချိန်"ရှိတုန်းက လုပ်စရာရှိတာတွေကိုလုပ်ရမယ့်အစား စစ်အုပ်စုနဲ့ "မူမဲ့တဲ့ ရင်ကြားစေ့ရေးနဲ့"အချိန်ကုန်ခဲ့တာဖြစ်တယ်။ အချိန်အခါနဲ့အြေခအနေဆိုတာက ၂၀၁၅ ရွေးကောက်ပွဲပြီးစအချိန်ကိုဆိုလိုတာပါ။ ခုတော့ ရင်ကြားလည်းစေ့မရ(စေ့မရတာက အစေ့မခံလို့) လုပ်စရာရှိတာလည်း ဘာမှမလုပ်နဲ့ အချည်းအနှီးအချိန်ကုန်သွားတယ်။ နောက်တကြိမ်ပြန်အရွေးကောက်ခံရရေးက ထိပ်တန်းဦးစားပေးအဖြစ်နဲ့ တပြည်လုံးပတ်မဲဆွယ်နေရတယ်။ အစိုးရအဖွဲ့အတွင်းက အပုတ်နံ့သိတ်မထွက်ပေမယ့် ဝန်ကြီးချုပ်တွေအဆင့်မှာ အကျင့်ပျက်တာခြစားတာတွေတော့ အထင်းသားပေါ်နေတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း စစ်အုပ်စုထိပ်သီးတွေ မျက်နှာကြီးတွေကို လက်ဖျားနဲ့တောင်မတို့ဝံ့ဘူး။ မထိပါးရဲဘူး။
ခု ကိုဗစ် ၁၉ ဗမာပြည်ကိုရောက်နေပြီလို့ ဖေ့စ်ဘွခ်စာမျက်နှာကနေထုတ်ပြန်လာတယ်။ အမြန်ပြန့်စ့ချင်လို့ ထိရောက်တဲ့လူထုဆက်သွယ်ရေးပုံစံသုံးတာလို့ မြင်ပါတယ်။ တကယ်လည်း အပြန့်မြန်ပါတယ်။ တာဝန်ရှိသူတွေလည်း ထွက်ရှင်းကြမယ်ထင်ပါတယ်။ ကိုရိုနာပြဿနာဟာ သေးသေးပြဿနာမဟုတ်ပါ။ နယ်စပ်တွေကနေ "ဝင်ဝင်လာသူ"တွေ၊ နယ်စပ်တွေကနေ "ပြန်ဝင်လာသူ"တွေအပြင် လေကြောင်းရေကောင်းတွေကနေလည်း ဝင်လာမှာပါပဲ။ အကူးအလူးကရှိနေကြရတာကိုး။
ခု ကိုရိုနာကူးစက်ပါပြီ။ နိုင်ငံတွေမှာ စစ်တပ် အစိုးရနဲ့ အခြား အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း(NGOs, INGOS and CSOs)တွေ တသီးပုဂ္ဂလအလှူရှင်တွေ စေတနာရှင်တွေပေါင်းပြီး အတတ်နိုင်ဆုံး အခံရသက်သာအောင် ခုခံတွန်းလှန်ရင်ဆိုင်နေကြတယ်။ နိုင်ငံခြင်းပေါင်းလုပ်တာတွေ(တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန်)တွေရှိတယ်။ စေလွှတ်အကူအညီပေးတာ(ကျူးဘား၊ တရုတ်)စတာတွေလည်းရှိတယ်။ ဗမာပြည်အနေနဲ့လည်း တရုတ်မှာဖြစ်နေတုန်းက လှမ်းကူညီတာတွေရှိတယ်။ ဒါကို စစ်အုပ်စုကနံမည်ကောင်းယူပြီး တပ်ကကူညီတယ်လုပ်ပြီး အမြတ်ထုတ်သွားတယ်။ တကယ်က အဲ့ဒီပိုက်ဆံတွေဟာ တိုင်းပြည့်ဘဏ္ဏာ လူထုဥစ္စာတွေဖြစ်တယ်။ ထားတော့ ဒီအမြတ်ထုတ်မှုကို ခုနေခါ မပြောပဲခနထားဦးမယ်။
ခုဗမာပြည်မှာ ကိုရိုနာပြဿနာကို နဖူးတွေးဒူးတွေ့တွေ့ပြီ။ ဘယ်လို ခုခံရင်ဆိုင်ကြမလဲ။ စစ်အုပ်စုက သူ့ကိုယ်ကျိုးစီးပွားတွေ အပွန်းအပဲ့ခံပြီး လူထုအတွက်တိုင်းပြည်အတွက် စွမ်းစွမ်းတမံ လုပ်လိမ့်မယ်လို့တော့ မမျှော်လင့်မိဘူး။ တိုင်းပြည်က သီးသန့်ချပေးတဲ့ရန်ပုံငွေနဲ့ မလွဲမကင်းသာတော့ ဝိုင်းလုပ်ပေးမှာတော့သေချာတယ်။ ဒါလည်း မိုးမီးလောင်နေတာကိုအကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်တာ မလုပ်ဖူးလည်း ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ လူထု၊ အစိုးရ၊ စစ်တပ်၊ အခြားအရပ်ဘက်အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလအလှူရှင်နဲ့စေတနာ့ဝန်ထမ်းများ စုစုစည်းစည်း ညီညီညွတ်ညွတ် အားကြိုးမန်တက် ဝိုင်းကြဝန်းကြမယ်ဆို တိုင်းပြည်လူထု အခံရတော့ အထိုက်အလျှောက်သက်သာရာရမှာပါ။ ကိုရိုနာအရေးမှာ အစိုးရကို နာခံတာမနာခံတာ အစိုးရနဲ့ပူးပေါင်းလုပ်တာ မလုပ်တာဆိုတဲ့စကားတွေ ခနဘေးချိတ်ပြီး တိုင်းပြည်မျက်မှာကြည့်ဖို့လိုတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ စစ်သားရယ်အရပ်သားရယ်၊ စစ်သည်မိသားစုတွေရယ် အရပ်သူအရပ်သားမိသားစုတွေရယ်လို့ ခွဲမှာမှ မဟုတ်တာပဲ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်မျက်နှာမှ ထောက်မှာမှမဟုတ်တာ။
နိဂုံးချုပ်ပြောရရင် အရေးအကြီးဆုံးက တိုင်းပြည်ရဲ့အရင်းမြစ်အများဆုံး ရယူထားတဲ့၊ အဖွဲ့အစည်းလုပ်ဟန်ရှိတဲ့၊၊ အမိန့်နာခံမှုနဲ့တည်ဆောက်ထားတဲ့ အင်စတီကျူးရှင်န်းဖြစ်တဲ့ စစ်တပ်မှာ ပိုဝတ္တရားရှိပါတယ်။
မျိုးမြင့်ချို
၂၃ ၊ မတ်၊ ၂၀၂၀
မျိုးမြင့်ချို
၂၃ ၊ မတ်၊ ၂၀၂၀
0 comments:
Post a Comment