
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၇) ၆ လပိုင်း ၂၉ ရက် ၂ဝ၁၁ နေ့ အာရ်အက်ဖ်အေ အပတ်စဉ်အသံလွှင့်အစီအစဉ်မှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ကျနော်တပ်ကထွက် အိမ်ပြန်ရောက်ပြီး စစ်မှုထမ်းဟောင်းနဲ့မြို့နယ်ပါတီယူနစ် ကို သတင်းသွားပို့တော့ တပ်ထွက်လက်မှတ်ကမွေးနေ့နဲ့ မှတ်ပုံတင်ကမွေးနေ့မတူ တဲ့ပြဿနာလေးတခုဖြစ်ပါတယ်။ နောက်ဆုံးတော့ တပ်ထွက်လက်မှတ်ကမွေးနေ့ကိုပဲ အတည်ပြုလိုက်ကြပါတယ်။ ဟုတ်ပါတယ်။ အဲဒီ ၂ ခုက တကယ့်ကို မတူတာပါ။ ကျနော့်ကိုမွေးတာက ၁၉၆၃ ခုနှစ်ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့ပါ။ တပ်ထွက်လက်မှတ်မှာ က ၁၉၆၂ ခုနှစ် ဧပြီလ ၃ ရက် ဖြစ်ပါတယ်။ ဆိုတော့...