Thursday, May 31, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄ (မျိုးမြင့်ချို) မေ ၃၁ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။သောတရှင်များခင်ဗျား..           ဒီတပတ်တော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးဖြစ်ထွန်းမလာခင် နောက်ခံအခြေအနေတွေကို နည်းနည်းတင်ပြလိုပါတယ်။ (၁၉၄၉) ခုနှစ်ထုတ် သတင်းစာ၊ ဂျာနယ်လ်နဲ့ ရေဒီယိုသတင်းတွေမှာ  “အင်းစိန်တိုက်ပွဲ” နဲ့ "ရန်ကုန်အစိုးရ"ဆိုတဲ့ခေါင်းစဉ်ဟာ အများဆုံးဖော်ပြခံရပြီး ပြည်တွင်းပြည်ပကပါ တလေးတနက်နဲ့သတိထား စောင့်ကြည့်နေကြချိန်လည်းဖြစ်ပါတယ်။...

Tuesday, May 29, 2012

စစ်ဟာ ကခုန်နေတယ်(ဇော်လူစိမ်း)

0 comments
သရုပ်ဖော် အောင်လတ် မနက်ခင်း သတင်းတွေထဲကနေ တို့ကိုပါးနားရိုက်လို့ စစ်ဟာ ကခုန်နေတယ်၊ စစ်ပြန်တစ်ယောက်ပြောတာကစစ်ဟာ ကျောသားရင်သား မခွဲခြားဘူးဆိုပါလားဟုတ်တာပေါ့၊ဒုက္ခသည်တွေရဲ့ကျောတွေရင်တွေတီးပြီးစစ်ဟာ ကခုန်နေတယ်၊ သူ့ကိုယ်သူပြန်ကောက်လို့ မရတော့ဘူးတဲ့အ၀တ်တစ်ထည်ကိုယ်တစ်ခုက အော်လိုက်တာဟုတ်တာပေါ့၊ခြေပြတ်လက်ပြတ်တွေ မြှောက်မြှောက်ပြီးစစ်ဟာ ကခုန်နေတယ်၊ အပိုင်းပိုင်း အတစ်တစ်တွေကြားထဲမှာစစ်ဟာ ကခုန်နေတယ်၊အိုးပစ်အိမ်ပစ်တွေရဲ့ ပြေးလမ်းကြောင်းနောက်မှာစစ်ဟာ ကခုန်နေတယ်၊ တစပြင်ရဲ့မီးတောက်တွေနဲ့အတူစစ်ဟာကခုန်နေတယ်၊ ထိုးစစ်ဖြစ်ဖြစ်...

Saturday, May 26, 2012

ပြည်တော်ပြန်၊ နိုင်ငံတော်နှင့်ငါးဖယ်ပြောင်းပြန်တို့ကိစ္စ (မျိုးမြင့်ချို)

0 comments
ပြည်တော်ပြန်၊ နိုင်ငံတော်နှင့် ငါးဖယ်ပြောင်းပြန်တို့ကိစ္စ (မျိုးမြင့်ချို)တနေ့က မိတ်ဆွေတစ်ယောက်နှင့် အလ္လာပသလ္လပပြောရင်း သူက “သူများတွေတော့ ပြန်ကြတယ်။ မင်း ဘယ်လို သဘောရလဲ” ဟု ကောက်ကာငင်ကာ မေးလာ၏။ သူက ဗမာ့နိုင်ငံရေးတွင် ကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး မိသားစုတစ်ဘဝလုံး ပျက်မတတ်အဖျက်ခံခဲ့ရသူ။ ခုလည်း ရောက်သည့်နေရာကနေ စွမ်းသလောက်လုပ်ရင်း အိမ်နီးချင်းနိုင်ငံတစ်ခုတွင် နိုင်ငံမဲ့တစ်ယောက်လို နေနေရသူဖြစ်၏။ ဝင်ငွေမရှိ။ ရှာဖို့ အခွင့်မရှိ။ မိတ်ဆွေတချို့၏ မဖြစ်စလောက် အထောက်ပံ့လေးနှင့် ချို့ချို့ငဲ့ငဲ့။ အိမ်လွမ်းတိုင်း၊...

Thursday, May 24, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ (အပိုင်း-၃) မျိုးမြင့်ချို

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ (အပိုင်း-၃) မျိုးမြင့်ချို  မေ ၂၄ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်သောတရှင်များခင်ဗျား..          စစ်ပွဲတိုင်းမှာ စစ်ဖြစ်လာစေတဲ့ အရင်းခံအကြောင်းတွေလည်း ရှိကြစမြဲပါပဲ။ အရင်းခံအကြောင်းတရားတွေမှာလည်း တဖြည်းဖြည်းချင်း တငွေ့ငွေ့အရှိန်ရလာတဲ့အဝေးကြောင်းနဲ့ လတ်တလောဖြစ်ရပ်တွေဆိုတဲ့ အနီးကြောင်းရယ်လို့ရှိပါတယ်။ အကြောင်းအချက်နဲ့ အခြေအနေတွေပြည့်စုံမှ စစ် ဆိုတဲ့အကျိုးဆက် ထဖြစ်ရတာပါ။ ပထမကမ္ဘာစစ်ကြီးလို့ပြောကြတဲ့ စစ်ပွဲကြီးဟာ...

Tuesday, May 22, 2012

ဂန္ဓလရာဇ်ကထာ(၄)–တရုတ်၏ နိုင်ငံတကာဆက်ဆံရေးအယူအဆ(စောထူးပွယ်နှင့် ကိုဝင်းကျော်ပြန်ဆိုသည်)

0 comments
(စစ်အေးကာလ၏ဇာတ်ရှိန်အမြင့်ဆုံးအချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဟင်နရီကစ်ဆင်းဂျား၏ ဂန္ဓလရာဇ်ကထာ (On China) စာအုပ်သစ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ အရေးပါသော စာအုပ်တစ်အုပ်အဖြစ် ထွက်ရှိလာခဲ့ ပါသည်။ အမေရိကန်၏သံတမန်အဖြစ် တရုတ်နိုင်ငံသို့ အခေါက်ပေါင်း ၅၀ ကျော် သွားရောက်ခဲ့သည့် ကာလအတွင်း သံတမန်တစ်ဦး၏ ပြတင်းပေါက်မှတဆင့်မြင်တွေ့ရသည့် တရုတ်နိုင်ငံအကြောင်းဟုလည်း ဆိုနိုင်ပါလိမ့်မည်။ မည်သည့်ချိန်ခါဟု မသိခဲ့ရသော တရုတ်အင်ပါယာကြီး စတင်တည်ထောင်ချိန်မှ...