Saturday, September 28, 2019

(ဆင့်သုံးဆယ်ဟာ ဒေါ်လာတရာတန်သတဲ့)

0 comments
(ဆင့်သုံးဆယ်ဟာ ဒေါ်လာတရာတန်သတဲ့) အမေရိကန်ဟာ ပြည်ပကို ကျန်တဲ့ကုန်ပစ္စည်းတွေတင်ပို့ရရောင်းချရာကတဲ့အမြတ်ထက် ဒေါ်လာတင်ပို့ရောင်းချရာကရတဲ့ အမြတ်အစွန်းက အကြီးဆုံးဖြစ်နေတာပါ။ ဒေါ်လာဟာ အရင်းအနှီးနည်းသလောက် အမြတ်အစွန်းအလွန်ကြီးတဲ့ ပို့ကုန်တခုဖြစ်ပါတယ်။ ဥပမာ တခုပြရရင် ၂ဝ၁၈ ခု တနှစ်တည်းမှာတင် အမေရိကန်ဗဟိုဘဏ်ကနေ ဒေါ်လာ ၂၄၃ ဘီလီယံတန်ဖိုးရှိတဲ့ ငွေစက္ကူတွေ ရိုက်ထုတ်ပြီး ကမ္ဘာ့ငွေကြေး ဈေးကွက်ထဲကို သွန်ချခဲ့ပါတယ်။ အဲ့ဒီအထဲက သုံးပုံနှစ်ပုံနီးပါးက ဒေါ်လာတရာတန်တွေပါ။ နှစ်ဆယ်တန်ဆို တရာဖြစ်ဖို့ ငါးရွက်ရိုက်ရမှာပါ။ ရွက်ရေများလေ...

Friday, September 27, 2019

(ဘယ်အမျိုးကို ချစ်တာလဲ)

0 comments
(ဘယ်အမျိုးကို ချစ်တာလဲ) မျိုးချစ်စိတ်ဆိုတာ အသွား ၂ ဘက်ပါတဲ့ဓားနဲ့တူပါတယ်။ လူတွေနဲ့နိုင်ငံကိုစုရတာလွယ်ကူပြီး ကောင်းမွန်ပါတယ်။ အလားတူပဲ အဲ့ဒီမျိုးချစ်စိတ်ကြောင့် လူတွေနဲ့နိုင်ငံတွေ အစိတ်စိတ်အမွှာအမွှာ ကွဲထွက်သွားကြပါတယ်။ မျိုးချစ်စိတ်ဟာ လူစုတဲ့နေရာနဲ့ပြည်စုတဲ့နေရာမှာ အသုံးတည့်သလောက်အစွမ်းထက်ပြီး လူတွေအစုလိုက်အစုလိုက်ခွဲထုတ်တာ ပြည်ထောင်တွေတခုခုစီတခုစီခွဲထွက်ကုန်တာမှာလည်း အဆိပ်ပြင်းသလောက် ကြောက်စရာကောင်းပါတယ်။ ဆိုဗီယက်ယူနီယံပြိုကျပြီး အိုင်ဒယော်လော်ဂျီတိုက်ပွဲ နောက်ရောက်သွားတော့ မျိုးချစ်စိတ်လှူံဆော်သံတွေနဲ့အတူ...

Thursday, September 26, 2019

(ပါခဲ့သူမို့ ပြောပါရစေ)

0 comments
(ပါခဲ့သူမို့ ပြောပါရစေ) စက်တင်ဘာ ၂၅ မှာ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအခွင့်အရေး ရရှိရေး၊ ထောင်တွင်းဖိနှိပ်မှူများရပ်စဲရေး၊ အနိုင်ရပါတီကိုအာဏာလွှဲပြောင်းရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးစတဲ့ သိတ်ရှေ့နောက်အဟပ်မညီတဲ့တောင်းဆိုသံတွေကြွေးကြော်ပြီး ထောင်တွင်းတိုက်ပွဲတခုဖြစ်ခဲ့ပါတယ်။ ကြွေးကြော်သံတွေ ရှေ့နောက်အစပ်မတည့်တာ(ဥပမာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းနေတဲ့ကြားမှာပဲ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးရရှိရေးက တွဲပါနေတာမျိုး)တွေရှိခဲ့ပါတယ်။ အဲ့သလိုဖြစ်ရတာက အဆောင်တွေနဲ့တိုက်တွေ...

(ဂဟေဆက်မပျက်ရအောင်) မျိုးမြင့်ချို

0 comments
(ဂဟေဆက်မပျက်ရအောင်) မျိုးမြင့်ချို ICC တင်ပြီးလည်း မျက်ကွယ်စီရင်ချက်မချပါဘူး။ R2P ဆို ပိုတောင်ဝေးသေး။ ဆက်ဒမ်ကိုလုပ်သလို၊ ကဒါဖီကိုလုပ်သလို၊ အိုစမာဘင်လာဒင်ကိုလုပ်သလို မင်းတို့ကို မလုပ်ရေးချမလုပ်။ ဒါပေမဲ့ ခြောက်လုံးသက်သက်တွေပါကွာလောက်အထိတော့ လျှော့မတွက်နဲ့။ ခုပဲ လျှော့တွက်လို့ခံနေရပြီ မဟုတ်လား။ ပစ်မှတ်ထားပိတ်ဆို့တာ ဘာအထိမှ မနာပေမယ့် နိုင်ငံရေးအရတော့ ခံစစ်ဖြစ်သွားတယ်မဟုတ်လား။ အရှက်ကွဲသွားတယ်မဟုတ်လား။ ဒေါ်စုလည်း ဗြိတိန်သံအမတ်နဲ့အတွေ့မှာ အာစေးပိတ်သွားတာ မြင်လား။ သူ့ဗီဇအတိုင်း ပေါက်တဲ့နဖူးမထူးဇာတ်ခင်း...

(တရားကို တရားက မစောင့်ထိန်းသေးသမျှ)

0 comments
(တရားကို တရားက မစောင့်ထိန်းသေးသမျှ) ဗမာပြည်က သာမန်ပြည်သူတချို့ရဲ့ နှလုံးသားတွေ ခက်ထန်လာတာ၊ စိတ်တွေကြမ်းတမ်းလာတာ သတိထားမိတယ်။ တုတ်တပျက် ဓားတပျက်တွေလည်း များလာတယ်။ ထစ်ကနဲရှိ ခုတ်လိုက် ထစ်လိုက် ပစ်လိုက်ခတ်လိုက်၊ သတ်လိုက်ဖြတ်လိုက်တွေလည်း ပုံလာတယ်။ သွေးသံရဲရဲတွေ၊ အလောင်းကောင်တွေ၊ သွေးစိမ်းရှင်ရှင်နဲ့ဒဏ်ရာ ဗလပွတွေ၊ ထိပ်ပေါက်ခေါင်းကွဲတွေ၊ တယောက်တယောက်ချင်းတွေ၊ အုပ်စု အုပ်စုချင်းတွေ၊ အုပ်စုက တယောက်ကို ရိုက်နှက်သတ်တာဖြတ်တာတွေ၊ တရားလက်လွတ်ဥပဒေမဲ့ လက်လွတ်စပယ် သတ်ပစ်တာမျိုးတွေ များသထက်များလာနေတယ်။...

သခင်သန်းထွန်း၏ နိုင်ငံ့ရေးရာကိစ္စနှစ်စပ်လျဉ်း၍ သံဃာတော်များသို့ လျှောက်ထားချက်

0 comments
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးသခင်သန်းထွန်း၏ နိုင်ငံ့ရေးရာကိစ္စနှစ်စပ်လျဉ်း၍ သံဃာတော်များသို့ လျှောက်ထားချက်(ကောက်နှုတ်ချက်) “ခြေတော်ဦးခိုက်လျှောက်ထားပါသည်၊ တပည့်တော်ကိုယ်တိုင် အလုပ်များနှင့်မအားမလပ်ဖြစ်နေပါသဖြင့် စာဖြင့်ရေးသား လျှောက်ထားပါသည်၊ ခွင့်လွှတ်နိုင်မည်ဟု ယုံကြည်ပါသည်ဘုရား” ရန်ကုန်နေပြည်တော်တွင် ဂျပန်များထွက်သွားပြီးနောက် နိုင်ငံရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် သံဃာတော်အရှင်သူမြတ်များပါဝင်သည်ကို မတွေ့ကြရသဖြင့် အထက်ဗမာပြည်ရှိသံဃာတော်များ၏စိတ်ထဲတွင်...