(အေမ့ ကရဝါးပလက္)
မနေ့က ဗမာပိုင်းရောက်လို့ အိမ်တအိမ်မှာ ပြင်းတော်သိမ်(ကရဝါးပလက်)ပင်လေးတပင် ပန်းအိုးနဲ့စိုက်ထားတာတွေ့တယ်။ ၄ ပေနီးပါးလောက်ရှိမယ်။ ဖို့တ်ဝိန်းမှအလွန်ရှားပါတယ်။ ကယ်လ်ဖိုးနီးယားဘက်က ဗမာပြည်ရာသီနဲ့ဆင်တော့ အဲ့ဒီမှာတော့ ၄ ရာသီလုံး အိမ်အပြင်ထုတ်ပြီးပါ စိုက်လို့ရတယ်ပြောတာပဲဗျာ။ ကျနော်တို့ဆီတော့ ဆောင်းမဝင်ခင် အိမ်ထဲအမြန်သွင်း နွေခေါင်ခေါင်ကျမှ အပြင်ထုတ်ဝံ့ပြီး အဲ့ဒီအပင်လေးကို ပိုးမွေးသလိုမွေးရတာပါ။ ပဲစဉ်းငုံတို့ ပဲနီလေးတို့ ပဲဝါလေးတို့ချက်လို့ဆီသတ်ရင် ဒင်းပါမှ ဟင်းမည်သဗျဆိုရလောက်တဲ့ အနံ့ပေါ့လေ။ ဗမာပြည်ဖွားတချို့ကတော့ ဆီသတ်ရွက်လို့ အရောက်လွယ်အောင် ခေါ်ကြတာလည်းရှိပါတယ်။ ကျနော်မနေ့ကရောက်ခဲ့တဲ့အိမ်က စိတ်ကောင်းရှိတဲ့ မိသားစုပါ။ သူတို့ရောက်စကလည်း ကျနော် ကူညီပေးခဲ့ဖူးတာတွေရှိတာ သူတို့ပြောပြမှသိရတာ။ ဒါနဲ့ ကျနော်က ပြင်းတော်သိမ်ပင်လေး စိတ်ဝင်တစားကြည့်နေတော့ “ကိုမျိုးမြင့် လိုချင်လို့လား“တဲ့။ “အေးဗျ ဖို့တ်ဝိန်းကဆိုင်တွေမှာ ကျနော်ရှာနေတာ ဘယ်မှာမှ မတွေ့ဘူး၊ ကျနော့်ညီမများတော့ ကယ်လ်ဖိုးနီးယားဘက်သွားတော့ ဟိုက အသိတယောက်ကပေးလိုက်လို့ တပင်ရလာတယ်ဗျ၊ အဲ့ဒါ သူတို့အိမ်မယ်စိုက်ထားတယ်၊ အမေက ပဲဟင်းချက်ရင် အဲ့ဒါလေးနဲ့ဆီသတ်တာဗျ၊ မွှေးနေရောပဲ၊ ညီမကလည်း ဘယာကြော် ကြော်တဲ့အခါ အဲ့ဒါလေးထည့်ကြော်တတ်တယ်ဗျ၊ ဒီကောင်ပါရင် အနံ့က တယ်သိသာတာပဲ ကောင်းသွားလိုက်တာမှ၊ ခုနတောင် သူ့အိမ်ရောက်လို့ အဲ့ဒါနဲ့ဘယာကြော် ကြော်ထားတာစားခဲ့သေးတယ်၊ ကျနော့်မိန်းမကဆို ၃ ခုတောင် တထိုင်တည်းစားတာဗျ၊ အပင်ပေါက်လေးဘာလေးရရင်တော့ လိုချင်ပါတယ်“ဆိုတော့ “ကျမတို့လည်း ကယ်လ်ဖိုးနီးကပဲရလာတာလေ၊ ဒီမှာစိုက်ထားတာ ကြာပြီ။ နည်းနည်းအေးတာနဲ့ အထဲသွင်း၊ အတော်ကြီးပြန်ပူမှအပြင်ထုတ်နဲ့ အလုပ်တော့ အတော်ရှူပ်သား၊ ဒါပေမဲ့ ကိုယ်တွေက ကြိုက်တာဆိုတော့ ဘယ်တတ်နိုင်မလဲ လုပ်ရတာပေါ့၊ ဒီတခါ အပင်သစ်လေးထွက်လာရင် ခွဲပေးမယ်လေ၊ သူက အမြစ်ရင်းကနေ အပင်သစ်ကလေးတွေထွက်ထွက်လာတတ်တယ်၊ အရင်တခါထွက်လာတော့ အဒေါ်တယောက်ကိုပေးလို့ သူစိုက်ထားတာ သူတောင်စားနေရပြီ၊ ဒီတခါ ကိုမျိုးမြင့်အလှည့်ပေါ့“တဲ့။

ကျနော်လည်း ဝမ်းသာသွားတယ်။ ရလာခဲ့ရင် ကျကျနန ယုယုယယစိုက်မယ်ပေါ့လေ။
အဲ့ဒီအချိန်မှာစိတ်က ဗမာပြည် ထောက်ကြန့်ကအိမ်ကို ခနရောက်သွားတယ်။
ကျနော်တို့အိမ်ရဲ့ ဘယ်ဘက်မှာ စမ်းချောင်းရှိတယ်။ စမ်းချောင်းဟိုဘက်မှာ
ခြံကျယ်ကြီးရှိတယ်။ ဆရာမြခြံလို့ ထောက်ကြန့်သားတွေသိတဲ့ခြံေျပါ့ဗျာ။
အဲ့ဒီခြံကြီးက ပစံပြရပ်ကွက်ကနေတဆင့် မြောက်ပိုင်းရပ်ကွက်
ဘောလုံးကွင်းရပ်ကွက်တွေကို ဖြတ်သွားလို့ပေါက်တယ်ဗျာ။
ကျနော်တို့အိမ်ရှေ့လမ်းက အဲ့ဒီကိုအောင်သွယ်တဲ့လမ်းပေါ့လေ။ ဈေးပိုင်းတို့
ပဲခူးလမ်းတို့ကလူတွေ မြောက်ပိုင်းသွားတဲ့အခါ လမ်းဆုံဘက်ကနေ တပတ်ကြီးပတ်ပြီး
မသွားချင်ရင် ကျနော်တို့နေတဲ့ သြဘာလမ်းထဲဝင်လာ လမ်းဆုံးတော့
ကျနော်တို့အိမ်ပဲ။ အိမ့်ဘယ်ဘက်အရှေ့မယ် ခနော်ခနဲ့ လူလျှောက်က်တံတားလေး
ရှိတယ်။ အဲ့ဒါလေးကနေကူးပြီး ခြံထဲကဖြတ်လိုက်ရင်
ချိုးဖြူပိုက်လုံးကြီးကိုကျော်တဲ့ဂုံးတံတား ရောက်ရော။
ဂုံးတံတားကနေဆင်းလိုက်တာနဲ့ မှော်ဘီကားလမ်းပေါ် တန်းရောက်သွားတာ
မြောက်ပိုင်းအစပေါ့။ မှော်ဘီကားလမ်းအတိုင်း ဆက်လျှောက်သွားရင်
တံတားလေးကွေ့တို့ အောင်သပြေတို့ ဘာတို့ဆိုတဲ့လူနေရပ်ကွက်တွေပေါ့ဗျာ။ ခုတော့
အဲ့ဒီဆရာမြခြံက လူနေရပ်ကွက်ကြီးဖြစ်သွားပြီလို့ဆိုတယ်။
ကျနော်တို့အိမ်ဘယ်ဘက်မြေလွတ်က နည်းနည်းကျယ်တယ်။ အဲ့နေရာမယ် အမေက
အပင်ပေါင်းစုံစိုက်တယ်။ Dancing Lady ခေါ်တဲ့သစ်ခွတွေကို မြေအိုးထဲ
အုန်းဆန်ဖတ်တွေ အုတ်နီခဲအပိုင်းအစတွေ မီးသွေးခဲတွေညှပ်စိုက်ပြီး
သားငါးဆေးတဲ့ရေတွေလောင်းပေးတာ၊ ပွင့်ညှာတံတွေမှာ ဂါဝန်ဖားဖားနဲ့
မိန်းကလေးတွေကနေတာကို တွဲလောင်းချိတ်ထားသလို တိမ်းနေယိမ်းနေတာတွေ
ပြန်မြင်ယောင်လာတယ်။ သစ်သားတိုင်တွေမှာ အုန်းဆန်ကြိုးပတ် သဇင်ဥတွေညှပ်
စိုက်တာ၊ ရှေ့နားလေးမှာ အလွန်မျိုးကောင်း အလုံးလှ အစေ့ပါး အသားထူ
အရသာကောင်းတဲ့ မန္တလေးရင်ကွဲသရက်ပင်ကြီးနဲ့
သီးအားအလွန်ကောင်းတဲ့အုန်းပင်ကြီးရှိတာလည်း ပြန်မှတ်မိတယ်။ အုန်းပင်
ပင်စည်ကို ဖေါက်ပြီး ဆားသိပ်ပေးရင် သီးအားပိုကောင်းတယ်ဆိုပြီး အဖေက အပင်ခြေ
ပေါင်လယ်လောက်အမြင့်မှာဖေါက်ထားတဲ့အပေါက်ကြီးရှိတာလည်း
မျက်စေ့ထဲပြန်မြင်တယ်။ ကျနော်ဆေးလိပ်သောက်တတ်စ ခိုးသောက်တော့ ဆေးလိပ်တို
လူမမိအောင် အဲ့ဒီအပေါက်ကြီးထဲသွားဖွက်တာ အိမ်က ဘယ်သူမှမသိကြဘူး။
အဲ့ဒီ အုန်းပင်ကြီးအောက်မှာပဲ ကျနော်တို့ရေချိုးတဲ့ရေကန်လည်းရှိတယ်။
ချိုးဖြူပိုက် အိမ်နောက်လမ်းတင်ဆိုတော့ ရေနီးပြီး ရေအားလည်းကောင်းတယ်။
ပိုက်ခေါင်းများဖွင့်လိုက်ရင် ရေသံတဟောဟောနဲ့ကိုနေတာ။ အမေက
အိုးနဲ့စိုက်တဲ့အပင် တိုင်နဲ့စိုက်တဲ့အပင်တွေအပြင်
မြေချစိုက်တဲ့အပင်တွေလည်း စိုက်တယ်။ ခရမ်းကဇော့ပင်တပင်ရှိခဲ့ဖူးတာ၊
ရဲယိုပင်တပင်ရှိခဲ့ဖူးတာတွေလည်း မှတ်မိနေတယ်။ အမေက မြေတလက်မတောင်
အလွတ်မပေးဘူး။ ချောင်ကြိုချောင်ကြားထဲဝင်ပေါက်လို့ရတဲ့ မြင်းခွာတွေလည်း
မနည်းဘူး။ ဇော်စိမ်းတို့ ဇော်ကြားတို့ဆို ဖျာ ၆ ချပ်စာလောက်
အခင်းကြီးလိုကိုဖြစ်နေတာ။ အိမ်မှာက အဲ့အပင်တွေအသုံးမရှိပေမယ့် ရပ်ကွက်ထဲက
ချို့တဲ့သူတွေ ဘုရားပန်းအိုးထိုးဖို့ နတ်ဆက်ဖို့လာတောင်းရင် အမေက
“လိုသလောက် ဖြတ်သွားဟေ့“ဆိုပြီး ခြံတခါးဖွင့်ပေးလိုက်တာပါပဲ။ အဲ့ဒီ
ဇော်စိမ်းခင်းအစပ်မှာ ခုကျနော်ပြောတဲ့ ပြင်းတော်သိမ်ပင်(အမေကတော့
ကရဝါးပလက်လို့ခေါ်တယ်၊ ဘာစကားနဲ့ခေါ်တာလဲတော့
ဒီနေ့တွေ့မှမေးကြည့်ရမယ်)ရှိတယ်။ ကျနော်လူမှန်းသိတတ်စရွယ်ကတည်းက
အဲ့အပင်ရှိပေမယ့် အပင်သက်ဘယ်လောက်ရှိလဲတော့မသိဘူး။ ပင်စည်က
လူကြီးခြေသလုံးသာသာရှိနေပြီ။ သူ့အသီးလေးတွေက မြေပဲဆန်ခြမ်းလောက်ရှိပြီး
မှည့်ရင် နီနီလေးနဲ့ ချိုပေမယ့် အသားကပါးပါးလေးရယ်။ အစေ့ကကြီးနေတာ။
အမေက ဗမာစာ ဗမာစကားအပြင် အူရဒူစကား အူရဒူစာ၊ အာရဗစ်စာ အာရဗစ်စကားလည်း
တတ်တယ်။ ဟိန္ဒူစတန်နီ၊ ဘင်္ဂါလီစကားတွေတော့ ပြောတတ်တယ် မရေးတတ်မ ဖတ်တတ်ဘူး။
ဒါ့ကြောင့် ဒီရောက်တော့ သူဆေးရုံဆေးခန်းသွားတဲ့အခါ ဆရာဝန်က အိန္ဒိယတွေ
ပါကစ္စတန်တွေဆို စကားပြန်မလိုတော့ဘူး။ အထူးသဖြင့်
အမေ့နှလုံးရောဂါအထူးကုသမားတော်ကြီးက ဟိန္ဒူအမျိုးသား။ ဒေါက်တာ အပူရီတဲ့။
သူနဲ့အမေနဲ့က ၃ လတကြိမ် ပုံမှန်တွေ့ရတယ်။ ပထမဆုံးအခေါက်
သူနဲ့အမေသွားတွေ့တော့ ကျနော်က ဒေါက်တာအပူရီကို အမေ
ဒီစကားဒီစကားတွေတတ်တယ်လည်းပြောရော ဟေဟုတ်လား ဒါဆို မင်း
ဘေးနားသာထိုင်နေတော့ မင်းကိုမလိုတော့ဘူးဆိုပြီး
ဟိန္ဒူစတန်နီနဲ့ပြောနေကြတာများ လေပေးကိုဖြောင့်နေရော။ တခါ အမေ
အမေရိကန်နိုင်ငံသားဖြေမယ်ဆိုတုန်းကလည်း အမေ့မယ်အသက်ကြီးလို့
မေ့တတ်ပြုတတ်နေတာကို ဆရာဝန့်ထောက်ခံစာယူဖို့
စိတ်ပညာရှင်သမားတော်ကြီးတယောက်နဲ့တွေ့တုန်းကလည်း အဲ့သလိုပဲ။
အဲ့သမားတော်ကြီးက ပါကစ္စတန်နီ။ အစ္စလာမ်ဘာသာဝင်။ ဘာပြောကောင်းမလဲ အမေနဲ့
ကျန်းမာရေးအကြောင်းကတော်တော် မိသားစုအကြောင်းတွေ သားသမီးတွေအကြောင်းတွေ
ဗမာပြည်အကြောင်းတွေနဲ့ပြီးပါလေရော။ အမေက ဟာဂျီပါလို့ ကျနော်ပြောပြတော့
ဟာဂျီးမာ ဟာဂျီးမာနဲ့ ပြန်ကာနီးလည်း အခန်းပေါက်အထိ
အမေ့လက်ကလေးကိုဆွဲပြီးလိုက်ပို့ရင်း ဆလမ်တွေဘာတွေပေးရင်း ကျနော့်ကို “မင်း
အမေနဲ့အတူနေခွင့်ရတာ ဝမ်းသာစရာပါ၊ အမေကိုဂရုစိုက်ပါ၊ သားသမီးတိုင်းရဲ့
သုခဘုံဟာ မိခင်တို့ရဲ့ခြေဖဝါးအောက်မှာပဲရှိတယ်လို့
ပရောဖက်မိုဟာမက်ပြောခဲ့တာ ရှိပါတယ်“လို့ပြောပါတယ်။
အင်းကျနော်လည်း အမေနဲ့ ခုလို ခုလောက်ကြာကြာ ဘဝမှာ တခါမှမနေဖူးဘူး။
မနှစ်ကဆို တနှစ်လုံးလုံး နေ့တိုင်းတွေ့ရမြင်ရ အမေ့စကား အမေ့အသံကြားရတာ။
ပြီးတော့ အမေချက်တဲ့ ပြင်းတော်သိမ်(ကရဝါးပလက်)နံ့လေးသင်းနေတဲ့ ပဲဟင်းလေး
မကြာမကြာစားရတာပါ။ ဒီနေ့လည်း သင်းသင်းအမျိုးသား ရဲမော်ထူးမွေးနေ့တဲ့။
ကိုငြိမ်းချမ်း(ညီပုလေး)လည်းဖိတ်ထားတယ်တဲ့။ ကျနော်လည်း သွားရမှာပါ။
သွားတဲ့အခါ အမေ့လည်းမြင်ရမှာဖြစ်သလို သင်းသင်းကြော်ထားတဲ့
ပြင်းတော်သိမ်နံ့မွှေးမွှေး မနေ့ကလက်ကျန်ဘယာကြော်လေးလည်း ကံကောင်းရင်
စားခွင့်ကြုံဦးမှာပါ။
မျိုးမြင့်ချို
စက္တင္ဘာ ၁၆၊ ၂ဝ၁၉
မျိုးမြင့်ချို
စက္တင္ဘာ ၁၆၊ ၂ဝ၁၉
0 comments:
Post a Comment