Monday, September 23, 2019

နိုင်ငံတာ်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက်(၁)

0 comments
နိုင်ငံတာ်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက်(၁)
ဦးစွာပြောချင်တာက ဒီစာတမ်းဟာ ပုဂ္ဂလိကအမြင်ဖြစ်တယ်။ ဆွေးနွေးဖို့ အစပြုထားထာသာဖြစ်တယ်။
လီနင်ရဲ့ ဒီကျမ်းရင်းကို တော်လှန်ရေးလည်းမလုပ်သေးခင် နိုင်ငံရေးအာဏာလည်းမ ထူထောင်ဖူးသေးခင်က စပြီး လေ့လာခဲ့ပါတယ်။ အထူးသဖြင့် တော်လှန်ရေးပိုင်းကို ပိုပြီးစိတ်ဝင်စားခဲ့တယ်။ နားလည်သလိုလိုတော့ရှိတယ်။ ဒါပေမဲ့ နက်နက်ရှိူင်းရှိူင်းတော့မဟုတ်။
အခန်း(၁) က…
အုပ်စိုးသူလူတန်းစားနဲ့ ရန်ဘက်ပဋိပက္ခ မပြေငြိမ်းနိုင်မှူက “နိုင်ငံတော်“ ပေါ်လာတာဆိုတာကိုတော့ သဘော ပေါက်တယ်။ အဲဒီတုန်းက အုပ်စိုးသူက အင်္ဂလိပ်နယ်ချဲ့သမားဖြစ်နေလို့ပဲ။ ပြည်တွင်းမှာ သူ့အဓိကဒေါက်တိုင်တွေ ကလည်း လက်ဝေခံနဲ့ ပဒေသရာဇ်မြေရှင်ကြီးတွေဆိုတော့ သဘောပေါက်ဖို့မခက်ဘူး။ ပြည်သူကို ရှင်းလင်း တင်ပြရင်လည်း “ဘဝပေးအသိအရ“ သဘောပေါက်လွယ်တယ်။
(၂) ဒါပေမဲ့
၄၈ လွတ်လပ်ရေးရတော့ လက်နက်ကိုင်တိုက်ပွဲတိုက်ရတော့ ပါတီတွင်းမှာကိုပဲ အတွေးအခေါ် ၂ ခု ပေါ်တယ်။ ပြည်သူလူထုအတွင်းလည်း ဇဝေဇဝါဖြစ်ါတယ်။
ဖဆပလ အစိုးရက(ကချင်၊ ကရင်၊ ဂေါ်ရခါးတပ်တွေ) ကိုအသုံးပြုပြီး “ကွန်မြူနစ်ချေမှူန်းရေး“လုပ်တော့ အဲ့ဒီ တပ်တွေရဲ့ အကုန်လု၊ အကုန်မီးရှိူ့ ယောက်ျားမှန်မျှ အကုန်သတ် ပေါ်လစီကြောင့် ပြည်သူလူထုက “ဘဝပေး အသိအရ လက်နက်ကိုင်တော်လှန်ရေးဘက် (A/S) တိမ်းညွှတ်တယ်။ ပြည်သူ့ရဲဘော် တောခို၊ RBA တော်လှန်ရေး ဘက်ရောက်၊ KNDO က ပုန်ကန်တော့ တော်လှန်ရေးဒီရေ မြင့်တက်လာတယ်။ ဒါ့ကြောင့် ပါတီတွင်းက A/S ဆန့်ကျင်ရေးသမားတွေပါ A/S ကို လက်ခံလာာကတယ်။ သူတို့ကတောင် ပိုပြီး တက်ကြွသယောင်ယောင်ပဲ။
ဒါပေမဲ့ ပါတီရဲ့လမ်းစဉ်မှာ “၂ နှစ်အတွင်းစစ်နိုင်ရေး“ စစ်ရေးလမ်းစဉ်အမှားကြောင့် တပ်တွေပြိုတော့ A/S ဆန့်ကျင်ရေးသမားတွေက A/S ကို စပြီး မေးခွန်းထုတ်လာတယ်။ “စစ်တမ်း“တွေရေးပြီး ဖြန့်ကြတယ်။
သူတို့ရဲ့အဓိကအကြောင်းပြချက်က…
ဖဆပလအစိုးရဟာ အမျိုးသားဓနရှင်အစိုးရဖြစ်တယ်။ ပေါင်းလည်းပေါင်း တိုက်လည်းတိုက်ရမယ့်လူတန်းစားပဲ၊ အာဏာရစပဲရှိသေးတယ်။
သူတို့အမျိုးသားဓနရှင်တွေရဲ့စက်မှူလုပ်ငန်း ထူထောင်ခွင့်ပေးရမယ်။ ဒီမိုကရေစီတော်လှန်ရေး ဆုံးခန်းတိုင်လုပ်ခွင့် သူတို့ကိုပေးရမယ်။
ဗမာပြည်ကို စက်မှူနိုင်ငံတော်ဖြစ်မှာပဲ ပါတီက “ဆိုရှယ်လစ်တော်လှန်ရေး“ကို လုပ်သင့်တယ်…တဲ့။
သူတို့ကို ဖဆပလအစိုးရရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြစမ်းပါလို့ပြောတော့ သူတို့က ဖဆပလ ဆိုရှယ်လစ်တွေရဲ့ “ကြွေးကြော်သံတွေကိုပဲ“ပြောပြနိုင်တယ်။
အခိုင်အမာ(လက်တွေ့)ကိုပြောပါဆိုတော့လည်း ဟင်္သတဦးမြတို့၊ ဆမားဒူးဝါးကြီးတို့ရဲ့ အမျိုးသားစက်မှူလုပ်ငန်း စိတ်ကူးတွေပဲပြောနိုင်တယ်။ ဦးမြနဲ့ဆမားကြီးက ပေါ်လစီချနိုင်သူတွေမဟုတ်ဘူး။ ပါ်လစီချနိုင်သူက ဦးကျော်ငြိမ်း၊ ဦးနုတို့ပဲ။ သူတို့ကလည်း ကြွေးကြော်သံထုတ်ပြီး လက်တွေ့လုပ်တာက အမေရိကန်။ ဂျပန်၊ အင်္ဂလိပ်တို့ရဲ့ လက်ဝေခံလုပ်ပြီး စက်မှူလုပ်ငန်းတချို့လုပ်နေတာပဲ။ နယ်ချဲ့သမားတွေကလည်း စက်မှူလုပ်ငန်မဟုတ်တဲ့ လုပ်ငန်းတွေမျာပဲ ရင်းနှီးမြှုပ်နှံကြတယ်။ လမ်းပန်းဆက်သွယ်ရေးလို၊ လျှပ်စစ်မီးစက်လို၊ ဟိုတယ်လုပ်ငန်းလို ဟာတွေမှာပဲ ရင်းနှီးမြှုပ်နှံကြတယ်။ ဖက်စပ်တွေလုပ်တော့ ပိုဆိုးသွားတယ်။ စက်မှူနိုင်ငံကြီးတွေကကုန်ချောကို အောတိုက်သွင်းတာကို တဆင့်ဖြန့်ဖြူးတဲ့လက်ဝေခံအလုပ်ပဲ ဖြစ်နေတယ်။
မဆလစစ်အာရှင်ခေတ်ကျတော့ ဂျပန်၊ ဂျာမဏီတို့ရဲ့လက်ဝေခံ ပိုပြီးပီသလာတယ်။ နဝတ/နအဖ စစ်အာဏာ ရှင်ခေတ်ကျတော့ တရုတ်လက်ဝေခံဖြစ်တာပါပဲ။
အခု ဦးသိန်းစိန်အစိုးရက အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂ(EU) ပြန်ဝင်လာဖို့လုပ်တော့လည်း သူတို့ ဘာကိုပဲ စိတ်ဝင်စားာကသလဲဆိုတာကိုပြနေပြီ။ ဗမာပြည်မှာ အမျိုးသားစက်မှူထွန်းကားဖို့ မရှိပါဘူး။ စက်မှူနိုင်ငံ ထူထောင်ရေးဟာ ကြွေးကြော်သံပဲဖြစ်မှာပါ။
၁၉၅၅ ကျတော့(၅၅ လမ်းစဉ်)ဆိုတာ ပါတီက ချမှတ်တယ်။ ဟိုတုန်းက A/S ဆန့်ကျင်ရေးသမားတွေ အားလုံး (တကယ့်ကို အားလု့း A/S ကို စုံကန်ပြီး လက်နက်ချကြတယ်။ ၁၉၅၈ အိမ်စောင့်အစိုးရခေတ်ကျတော့ ပါတီက အနိမ့်ဆုံးကျချိန်ဖြစ်သွားပြီ။ A/S ကို တရွတ်တိုက်လိုက်နေတဲ့သူတွေလည်း တဖြုတ်ဖြုတ် လက်နက်ချကြတယ်။ “၅၅ လမ်းစဉ်“ တခုတည်းကြောင့်လို့တော့ ပြောလို့မရပါဘူး။ အမှားတွေဒဏ်ကို စုပု့ခံရတာပါပဲ။
၁၉၈၉-၉၀ နောက်ပိုင်း၊ ပါတီက A/S ပါတီက UG ပါတီဖြစ်သွားပြီ။ ဓနရှင်လစ်ဘရယ်လ်ဝါဒ ခေတ်စားနေပြီ။ နိုင်ငံတော်ရဲ့ လူတန်းစားလက္ခဏာကိုဖျောက်ဖျက်ပြစ်ပြီ လင်ကွန်းရဲ့ “ဂက်တီးဘာ့ဂ်မိန့်ခွန်း“ Gettysburg ထဲက “ပြည်သူတွေရဲ့အစိုးရ၊ ပြည်သူတွေအတွက် ပြည်သူက တင်မြှောက်ထားတဲ့အစိုးရ“ ဆိုတာကို အမွှမ်းတင် လာကြတယ်။
လူတန်းစားတွေ ကွဲကွဲပြားပြားရှိနေတဲ့လူ့အဖွဲ့အစည်းမှာ ပြည်သူတွေရဲ့အစိုးရဆိုတာ မရှိနိုင်ပါဘူး။
အုပ်စိုးသူလူတန်းစားက ဗြောင်ထွက်ပြတဲ့ နဝတ/နအဖလို အစိုးရမျိုးဖြစ်ချင်ဖြစ်၊ ဗြောင်မထွက်ပဲ နောက်ကွယ်မှာ
ပုန်းကွယ်နေတဲ့ ဦးသိန်းစိန်အစိုးရမျိုးဖြစ်မှာပဲ။
၁၉၅၈ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် ဓနရှင်လူတန်းစားအစိုးရသရုပ် မပီသေးပေမယ့် ၁၉၆၂ ခုနှစ်ကစပြီး အခုထိ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် ဓနရှင်လူတန်းစားရဲ့လက္ခဏာက ပီပီပြင်ပြင် ဖြစ်လာတာပဲ။ ဒါမှမဟုတ် ဗြောင် ထွက်ရပ်သလား နောက်ကွယ်ကနေသလားဆိုတာက ပြည်တွင်းပြည်ပ အခြေအနေတွေအရ လုပ်ကြတာပါ။
မျက်မှောက်လောကမှာ…
လူတန်းစားသို့မဟုတ် လူ့အလွှာတခုခုရဲ့နိုင်ငံတော်ပဲရှိတယ်။ ဗြောင်သော်လည်းကောင်း ပုန်းကွယ်ပြီးသော် လည်းကောင်း သူတို့ရဲပအာဏာရှင်စနစ်ကို ကျင်သုံးကြတာချည်းဖြစ်တယ်။
လူတန်းစားပေါင်းစုံရဲ့ ပြည်သူ့အစိုးရဆိုတာမရှိနိုင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိရဲ့ရရှိချက်ကို ဆက်လက်ပြီး တင်ပြပါ့မယ်။ ထပ်ပြောပါရစေ။ ငြင်းခုန်ဖို့မဟုတ်ပါ။ ဆွေးနွေးဖို့ပါ။
တောင်းယူရင် အုပ်စိုးသူကသဒ္ဓါသလောက် ရမှာပါ။ သူတို့ဆီက အာဏာကို တောင်းယူလို့ရမယ်ထင်ရင်တော့ ရိုးလွန်းရာ ကျပါလိမ့်မယ်။
ပြည်သူ့အာဏာဂျာနယ် အမှတ်(၃၅) ဒီဇင်ဘာ ၂ဝ၁၂ ခု နှစ်မှ ဖြစ်ပါတယ်။
(မှတ်ချက်။ နိုင်ငံတော်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှရရှိချက်(၂)ကို ဆက်တင်ပေးပါ့မယ်)

0 comments:

Post a Comment