(ပါခဲ့သူမို့ ပြောပါရစေ)
စက်တင်ဘာ ၂၅ မှာ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအခွင့်အရေး ရရှိရေး၊ ထောင်တွင်းဖိနှိပ်မှူများရပ်စဲရေး၊ အနိုင်ရပါတီကိုအာဏာလွှဲပြောင်းရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးစတဲ့ သိတ်ရှေ့နောက်အဟပ်မညီတဲ့တောင်းဆိုသံတွေကြွေးကြော်ပြီး ထောင်တွင်းတိုက်ပွဲတခုဖြစ်ခဲ့ပါတယ်။ ကြွေးကြော်သံတွေ ရှေ့နောက်အစပ်မတည့်တာ(ဥပမာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းနေတဲ့ကြားမှာပဲ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးရရှိရေးက တွဲပါနေတာမျိုး)တွေရှိခဲ့ပါတယ်။ အဲ့သလိုဖြစ်ရတာက အဆောင်တွေနဲ့တိုက်တွေ တပြိုင်တည်း ထဖြစ်ကြတယ်ဆိုပေမယ့် ဦးဆောင် ဗဟိုချက်တခုတည်းမရှိခဲ့တာကြောင့်ပါ။ ဗဟိုမဲ့လို့ ကြွေးကြော်သံတင်မက လုပ်ဟန်တွေပါ မတူခဲ့ကြပြီး ပါဝင်သူမပါဝင်သူလည်း ခြားခဲ့တာရှိပါတယ်။

 ဘာ့ကြောင့်ဖြစ်ရလဲရဲ့အခြေခံအကြောင်း ယေဘုယျကတော့ ထောင်တွင်းဖိနှိပ်မှူတွေ 
အကြီးအကျယ်ရှိနေတယ်၊ ပြည်တွင်းနိုင်ငံရေးက အီလည်လည်လိုဖြစ်နေတယ်။ 
အနိုင်ရပါတီက လမ်းစပျောက်နေတယ်။ နိုင်ငံတကာက အာဏာလွှဲပြောင်းရေးကိစ္စထက် 
ဒေါ်စုအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်ရေးဘက် ဇောင်းပေးသွားတယ်။ 
နိုင်ကျဉ်းတွေကလည်း ရွေးကောက်ပွဲပြီးရင် အာဏာလွှဲတာ  
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ ဆက်တိုက်လာလိမ့်မယ်လို့ 
မျှော်လင့်စောင့်စားနေကြတယ်။ အနီးကပ်အကြောင်းတွေလည်းရှိပါတယ်။ အဲ့ဒီထဲမှာ 
အပြင်မှာအဖမ်းအဆီးတွေရှိလာတာ၊ ဒေါ်စုလွတ်မယ့်ပုံမပေါ်တာ၊ 
အာဏာရယူရေးနဲ့ပတ်သက်လို့ အင်န်အယ်လ်ဒီမှာ လက်တွေကျပြီး 
ခိုင်မာတဲ့မူရှိမနေတာ စတာတွေပါတယ်။ အနီးကပ်အကြောင်းအရာတွေထဲမှာ 
ထောင်တွင်းဖိနှိပ်မှူတွေ၊ အလုပ်ချတာတွေ၊ လူခွဲတာတွေလည်းပါပါတယ်။ စက်တင်ဘာ 
၂၅ နဲ့ပတ်သက်လို့ ကျနော် ၂ ပုဒ်လောက် ရေးဖူးပါတယ်။ ၄ ရှည်နေသူတွေထဲက 
ကျနော်လည်း အဲ့ဒီပွဲမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ ၄ ရှည်ကနေ ထုတ်အရိုက်ခံရ 
ထောင်ပြောင်းခံရ တိုက်ပြောင်းခံရသူ ၄ ယောက်ရှိပါတယ်။ ကိုခွန်ဆိုင်း ခေါ် 
ကိုမျိုးထွန်း(ယခုအင်္ဂလန်)။ ကိုမြင့်ရီ (ဗကသ/၄၈၂၈ UG) ယခုဗမာပြည်။ 
ကိုအောင်သန်း (သဲကုန်း အင်န်အယ်လ်ဒီဥက္ကဌ)။ ကိုကျော်သန်း(DAB 
ဦးစိန်မြအမှူတွဲ) နဲ့ ကျနော်ပါ။ (ကျော်သန်းက နံမည် 
လွဲချော်ရင်ချော်နိုင်ပါတယ်။ အမှန်သိသူပြင်ပေးပါ) ပြန်စဉ်းစားလို့ရပါပြီ 
ကိုကျော်အေးပါ။ ရခိုင်အမျိုးသား လူစွန့်စားတယောက်ပါ။
 လုပ်ကြမယ်ဆိုပြီး အသံတွေစထွက်လာကတည်းက “ကျွန်းလိုမဟုတ်တဲ့အတွက် 
ထောင်တွင်းတိုက်ပွဲမှာ အကန့်အသတ်ပိုကြီးတယ် ပို ခက်ခဲမယ့်အကြောင်းပြောပြီး 
တခြားနည်းနာရွေးချယ်ဖို့“တိုက်တွန်းဖျောင့်ဖြသူတွေထဲမှာ 
ကျနော်နဲ့တခန်းတည်းနေတဲ့ ဦးအောင်မေသုလည်း ထိပ်ဆုံးကပါပါတယ်။ ဒါပေမယ့် 
တကယ့်တကယ်ဖြစ်လာတော့ သူလည်း ကြွေးကြော်သံတွေတိုင်ရင်း အော်ရင်း 
တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ တိုက်သာအပြောင်းမခံရ ထုတ်သာအရိုက်မခံရပေမယ့် 
တခြားသူတွေနည်းတူ သူလည်း အနှိပ်ကွပ်ခံရပါတယ်။ သူတို့လိုလူတွေမြှောက်ပေးလို့
 ဒါဖြစ်လာတာဆိုတဲ့အထိ စွပ်စွဲတာဆဲရေးတာခံခဲ့ရပါတယ်။
 ခု အဲ့ဒီဖြစ်စဉ်ကို ရုပ်ရှင်(မှတ်တမ်းကား)ရိုက်မယ်လို့ 
စိတ်ကူးရှိသူရှိတာကြားပါတယ်။ ကျနော့်သဘောကတော့ လုပ်နိုင်လို့ လုပ်ချင်လို့ 
လုပ်တတ်လို့ လုပ်ဖို့အခွင့်အလမ်းရှိလို့လုပ်မယ်ဆို ပြောစရာမရှိပါ။ 
လုပ်တော့လုပ်တယ် မဖြစ်ညစ်ကျယ်လည်းဖြစ်သွားမယ် လူ့အစာအနာ လူ့ကရုဏာရရမယ့်အစား
 ထောင်ထဲသွား ဒီလိုလုပ် ဒီဖြစ်မှာပေါ့ နည်းတောင်နည်းသေးဆိုတဲ့ 
အငေါ်တူးသံထွက်လာမှာတော့ စိုးရိမ်ပါတယ်။ ထိုင်နေရင်အကောင်းသား 
ထသွားမှကျိုးမှန်းသိတော့ မဖြစ်စေ့ချင်ပါ။ 
 ကျနော့်မှာ အရိုက်ခံရပြီး ခုထိ ခါးဆစ်ပဲ့သွားတဲ့ဒဏ် ခံနေရတုန်းပါ။ စိတ်ထဲ 
အမှတ်သည်းတုန်းပါ။ ရုပ်မှာ နာကျင်နေတုန်းပါ။ ရင်ထဲ နင့်နေတုန်းပါ။ တခါတခါ 
ခြောက်အိပ်မက်တွေနဲ့ လန့်လန့်နိုးတုန်းပါခင်ဗျာ။
မျိုးမြင့်ချို
စက္တင္ဘာ ၂၆၊ ၂ဝ၁၉q
မျိုးမြင့်ချို
စက္တင္ဘာ ၂၆၊ ၂ဝ၁၉q

0 comments:
Post a Comment