အမေရိကန်မှာ နှစ်တနှစ်ရဲ့ဆန်းစဦးလတွေဟာ ဝင်ငွေနည်းပြီးမိသားစုကြီးသူတွေ
ဒီမှာ တရားဝင်ဆို ဘယ်လောက်ဖိုး ဘာဝယ်ဝယ် ဘာရောင်းရောင်း အခွန်ဆောင်ရပါတယ်။ ဆိုင်တွေမှာစားရင် စားခွန်က သာမန်ခွန်ထက်ပိုပါတယ်။ ဒေသ၊ ပြည်နယ်နဲ့ဗဟိုအစိုးရဆိုပြီး (၃)ထပ်ကွမ်းခွန်ပေးနေရတာပါ။ အခွန်ထမ်းအခွန်ဆောင်စနစ်က လက်ပေါက်စိတ်သလောက် ရှောင်ဖို့ ခက်တယ်ဆိုပေမယ့် ဆီလိုအပေါက်ရှာပြီး အခွန်ရှောင်နိုင်တဲ့လူလတ်တန်းစာ
နောက်တချက်က အမေရိကန်ဟာ စားသုံးသူဗဟိုပြုစီးပွားရေးပါ။ ပြည်တွင်းစားသုံးမှုအလွန်ကြီးတဲ့
အတင်အချလုပ်ပြီးဗဟိုဘဏ်ငွေကြေး
ပေါ်လစီထိန်းညှိမှုတွေနဲ့
ကြောင်းပေးတာရှိပါတယ်။ တခါတလေ လူတွေပိုက်ဆံမသုံးလို့ (တနည်းပြောရရင် မဝယ်၊ မဝယ်တော့ ဈေးဆိုင်နဲ့ စက်ရုံတွေအလုပ်မဖြစ်၊ အလုပ်မဖြစ်တော့ ကုန်အသစ်တွေမထုတ်ရ၊
ကြောင်းပေးတာရှိပါတယ်။ တခါတလေ လူတွေပိုက်ဆံမသုံးလို့ (တနည်းပြောရရင် မဝယ်၊ မဝယ်တော့ ဈေးဆိုင်နဲ့ စက်ရုံတွေအလုပ်မဖြစ်၊ အလုပ်မဖြစ်တော့ ကုန်အသစ်တွေမထုတ်ရ၊
မထုပ်ရတော့ ပိတ်တဲ့စက်ရုံပိတ်၊ လူလျှော့တဲ့စက်ရုံလျှော့၊ လျှော့တော့ အလုပ်လက်မဲ့ပြဿနာနဲ့
အခြားအထွေထွေ(ရာဇဝတ်မှုတွေအပါအဝင်) ပြဿနာစုံကြီးထွား ပြောရရင် လူမှုစီးပွားနဲ့ဆက်နွယ်တဲ့
အသံဗလံစုံ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။ တခါ ဘဏ်နဲ့အစိုးရငွေတိုက်တွေမှာ ငွေဝင်ငွေထွက် ကသောင်းကနင်းတွေဖြ စ်၊
အစိုးရဘတ်ဂျက်ပြဿနာတွေတက်နဲ့ ဂျာအေးသူ့အမေရိုက် လုံးလည်ချာလည်လိုက်ပြီး တပြည်လုံးကွိုင်တော့တာပါပဲ။
အမေရိကန်ကွိုင်ရင် တနွယ်ငင်တစင်ပါတွေပါ
လိုက်ကွိုင်ပြီး ကမ္ဘာ့နိုင်ငံတချို့ အရင်းခိုက်၊ တချို့အဖျားခတ်ခံရတော့ပါ။
အဲ့ကိစ္စက ပြောရရင် အပြန့်ကျယ်ပါတယ်။
တခါတခါမှာ ဗဟိုအစိုးရက လူတွေလက်ထဲရှိတာမသုံးလို့ သုံးစမ်းဟဆိုကာ လူမှုဖူလုံကြေးခံစားခွင့်တွေ(ယာယီ)တိုးပေးတာမျိုးလုပ်သလို အခွန်ပြန်အမ်းငွေ သာသာထိုးထိုး ပေးချလိုက်တာမျိုးတွေလုပ်ပါတယ်။
ဒါ့အပြင် ၂ဝဝ၉ ခုနှစ်က လူမှုဖူလုံကြေး
လိုက်ကွိုင်ပြီး ကမ္ဘာ့နိုင်ငံတချို့ အရင်းခိုက်၊ တချို့အဖျားခတ်ခံရတော့ပါ။
အဲ့ကိစ္စက ပြောရရင် အပြန့်ကျယ်ပါတယ်။
တခါတခါမှာ ဗဟိုအစိုးရက လူတွေလက်ထဲရှိတာမသုံးလို့ သုံးစမ်းဟဆိုကာ လူမှုဖူလုံကြေးခံစားခွင့်တွေ(ယာယ
အထောက်ပံ့စားနေသူေ တွကို ဘာမပြောညာမပြောနဲ့
လူတစ်ယောက် ဒေါ်လာ ၂၅ဝ အသားလွတ် တစ်ကြိမ်ပေးဖူးပါတယ်။ အဲ့သလို တိုးပေးအသားလွတ်ပေးတာတွေရဲ့ရည်ရွယ်ချက်က လူတွေစိတ်ထဲ “အလကားရတဲ့ပိုက်ဆံ သုံးလိုက်မဟဲ့” ဆိုကာ ဝယ်ကြခြမ်းကြဖို့ပါ။
ဝယ်မှခြမ်းမှ ဈေးဆိုင်တွေအလုပ်ဖြစ် စက်ရုံတွေမှန်မှန်ထုတ် အလုပ်သမားတွေ မဖြုတ်မလျှော့
အလုပ်လက်မဲ့ထောက်ပံ့ကြေးတွေ သိတ်မပေးရ နေ့ဖို့ညစာလေးရှိနေတော့ ရာဇဝတ်တွေကျဆင်း ခြေခင်းလက်ခင်းလေးသာရင်
ခရီးတွေဘာတွေထွက်သုံးကြဖြုန်းကြ ဘဏ်တွေငွေဝင်ငွေထက်မှန် ဘတ်ဂျက်ကိစ္စ အိမ်ဖြူတော်၊
ကွန်ဂရက်စ်၊ ဝေါလ်စထရိနဲ့ပင်တဂွန်က အငြူအစူနည်းနည်း ကြည်ကြည်ဖြူဖြူစခန်းသွားရတာပါ။
အိမ်ရှေ့မပူတော့ အိမ်နောက်ကလူလည်း အေးအေးလူလူချက်ပြုတ်စားသောက်ရုံ ပေါ့။
အခွန်အမ်းစနစ်ဘာ့ကြောင့်ရှိရသလဲ ဆိုတော့ အမေရိကန်ရှိနေဖို့ပါ။
မရှိရင် အမေရိကန်မရှိတော့မှာကြာပါပြီ။ အခွန်ဒဏ်မခံနိုင်တဲ့အဆုံး ဘဝတွေနဲ့ရင်းပြီးပြန်လှန်လို့
အုပ်စိုးသူတွေဘာ လူ့သမိုင်းမှာဖြစ်ခဲ့ကြသလဲဆိုတာ အမေရိကန်အာဏာကိုင်ထားသူတွေ ကောင်းကောင်းသိပါတယ်။
ဒါ့ကြောင့်လည်း အခွန်အမ်းစနစ် စနစ်တကျရှိရတာပါ။ ရှိလို့လည်း နင်းပြားတွေရဲ့ လူထုလက္ခဏာပါတဲ့အုံကြွမှုတွေကနေ
“ကွင်း” ထားနိုင်တာပါ။ နင်းပြားတွေကို တနှစ်တကြိမ်ကြွေးတဲ့ ဆင်းရဲဖြေဆေးပါ။ လူနာဘက်ကကြည့်တော့လည်း
ဘာမှမကုပဲထားတာထက်စာရင် ဖြေဆေးလေးအပေးခံရတာ ပိုကောင်းတာပဲမဟုတ်လား။ အသက်ရှူလေးတော့ နည်းနည်းချောင်တာပဲမဟုတ်လား။
တကိုယ်လုံးအဆိပ်မပြန့်တော့ အခံရသက်သာတာပဲမဟုတ်လား။ တနှစ်တကြိမ် အဆိပ်ဖြေဆေးအခွန်ပြန်အမ်းငွေလေး မှီပြီး
တက်လမ်းမရှာပဲ ဘဝအနွမ်းနဲ့နေကြသူတွေလည်း မနည်းမနောရှိပါရဲ့။ အလုပ်လုပ် ငွေအရှာနဲ့ ဓနဥစ္စာ အပြိုင်အဆိုင်မသေးတဲ့လူ့အ ဖွဲ့အစည်းမှာ
ခြစ်ခြစ်ကုပ်ကုပ်နုံနုံဖျင်းဖျင်းနဲ့ သူများနောက် ကျန်နေရသူတွေခမျာ ဘဝလူလုံးတော့
မလှကြရှာဘူးပေါ့။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ဝအောင်စားဘဝဟာ တကယ်တော့ မနိုင်၍သည်းခံရခြင်းသဘောနဲ့ခံမှ
ဖြေဆည်ရာရှိကြမှာပါ။ အဲ့ဒီဘဝအနေမျိုးမှ ကြိုက်တယ်ဆိုလည်း ရွေးကြရုံပဲရှိပါတယ်။
ကျနော်ကတော့ ဆင်းရဲသားမိသားစုတွေ ခနတာအသက်ရှူချောင်တာလေးမြင်တော့ ရင်ထဲနွေးကနဲကြည်နူးမိတယ်။ ဘာပဲပြောပြော ဗမာပြည်မှာ ကျန်နေတဲ့ဆွေထဲမျိုးထဲကနွမ်းပါး သူတွေကိုလည်း
ငွေလေးဘာလေးပို့မှ၊ လေယဉ်ခအကြွေးတွေလည်း တခါတည်း အကျေဆပ်မှ၊ ထိုင်းနဲ့ဗမာပြည်လည်း
အလည်ခနပြန်ဦးမှ၊ အကြွေးမရှိလို့ ခရက်ဒစ်လေးတက်လာရင် အိမ်လေးတော့ဝယ်မှ၊ နွေပေါက်ရင်ကလေးတွေရှင်ပြုဦးမှ ၊
စုံစီနဖာလေးတွေဝယ်ဦးခြမ်းဦးမှ ၊ ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူတွေလည်း လက်ဆောင်ပေးတန်ပေး
ကန်တော့တန်ကတော့၊ ကလေးတွေအတွက်အဝတ်အစားနဲ့ ကွန်ပြူတာလေးလည်းဝယ်ပေးဦးမှ၊ ကားဟောင်းခြင်းအလဲအထပ် လုပ်တန်လု ပ်
အသစ်လေးဝယ်စီးတန်စီးဦးမှဆိုတဲ့ မျှော်လင့်စိတ်ကူးတွေနဲ့ရွှင်မြူးနေတဲ့ မိသားစုတွေရဲ့မျက်နှာတြွေ မင်ရတာ
စိတ်လက်ကြည်သာဖြစ်စရာပါ။
တကယ်ကတော့ အခွန်ပြန်အမ်းငွေဆိုတာ ကိုယ့်ငွေကို အတိုးလေးမစို့မပို့နဲ့ အစိုးရက တနှစ်လုံးလုံးချေးသုံးပြီး အခွန်ဆောင်သုံးဖို့ပြန်ထုတ် ပေးတဲ့ ကိုယ့်ချွေးနှဲစာပါ။
ချန်ဖို့မသင့်လို့ပြောပါ့မယ်။ ကျနော်တို့ လင်မယားနှစ်ယောက်ကတော့ ဒီနှစ်အတွက် အခွန်ပြန်အမ်းငွေတွက်လိုက်တာ ပြည်နယ်အစိုးရဆီက ဒေါ်လာ ၃ဝဝ ရပြီး ဗဟိုအစိုးရကို ၆ဝဝ ပြန်လျော်ရပါမယ်။ ဒါ့ကြောင့် ဒီနှစ်တော့ ဒေါ်လာ ၃ဝဝ အိပ်စိုက်ဖြစ်ပါကြောင်းဗျား။
အခွန်အမ်းစနစ်ဘာ့ကြောင့်ရှိရသလဲ
ကျနော်ကတော့ ဆင်းရဲသားမိသားစုတွေ ခနတာအသက်ရှူချောင်တာလေးမြင်တော့ ရင်ထဲနွေးကနဲကြည်နူးမိတယ်။ ဘာပဲပြောပြော ဗမာပြည်မှာ ကျန်နေတဲ့ဆွေထဲမျိုးထဲကနွမ်းပါး
တကယ်ကတော့ အခွန်ပြန်အမ်းငွေဆိုတာ ကိုယ့်ငွေကို အတိုးလေးမစို့မပို့နဲ့ အစိုးရက တနှစ်လုံးလုံးချေးသုံးပြ
ချန်ဖို့မသင့်လို့ပြောပါ့မယ်။ ကျနော်တို့ လင်မယားနှစ်ယောက်ကတော့ ဒီနှစ်အတွက် အခွန်ပြန်အမ်းငွေတွက်လိုက်တာ ပြည်နယ်အစိုးရဆီက ဒေါ်လာ ၃ဝဝ ရပြီး ဗဟိုအစိုးရကို ၆ဝဝ ပြန်လျော်ရပါမယ်။ ဒါ့ကြောင့် ဒီနှစ်တော့ ဒေါ်လာ ၃ဝဝ အိပ်စိုက်ဖြစ်ပါကြောင်းဗျား။
ဖေဖော်ဝါရီ ၂ဝ၁၄
0 comments:
Post a Comment