အင်န်အယ်လ်ဒီ၊
၈၈-ငြိမ်းပွင့်တွေအပါအဝင် ဘယ် ဒီမိုကရေစီအင်အားစုကိုမဆို ဘယ်အဖွဲ့အစည်းမကို ဘယ်တသီးပုဂ္ဂလကိုမဆို
အမိန့်ရရမ်းကားခွင့်လိုင်စင်ရ အစွန်းရောက်အကြမ်းဖက် သင်္ကန်းခြုံဘုန်းကြီးဆိုးတွေနဲ့
ဗြောင် အတိအလင်း တည်ပေးပြီးလှည့်တိုက်လာရင် ပြတ်ပြတ်သားသား ဆန့်ကျင်မယ်။ တိုက်လာမယ့်အန္တရာယ်လည်း
ရှိနေတယ်။ စစ်အာဏာရှင်တွေအကြိုက် အမျိုးဘာသာ သာသနာခေါင်းစဉ်နဲ့ ကာထားသမို့ တစ်ဖွဲ့လုံးတိုက်တောင်
ငါ့တော့ ချန်တိုက်ဖယ်တိုက် တိုက်မှာပဲတွေးပြီး စစ်အာဏာရှင်အလိုကျ လုပ်နေပြောနေ တာတော့ရပ်ပါ။
မုန်တိုင်းဆိုတာ တကယ်တိုက်ရင် ဘယ်သစ်ပင်မှ မချန်ဘူး။ ရန်သူအတိုက်ခံရလို့သေရင် လူသေပေမယ့်
နံမည်ရှင်တယ်။ ပြည်သူဒဏ်ခတ်လို့သေရင် လူရှင်ပေမယ့် နိုင်ငံရေးပါရာဇိကထိုက်တာ သမိုင်းမှာ အထင်အရှားရှိတယ်။(နိုင်ငံရေးပါရာဇိက)
ဦးကိုနီနှင့်ကိုမြအေးကိစ္စအကြောင်းပြုပြီး ပြည်တွင်းပြည်ပ၊ အစိုးရ၊ နိုင်ငံရေးနှင့် Rights Organizations များအကြား ပွဲအတော်ဆူသလို မေးခွန်းထုတ်စရာတွေလည်း တသီကြီးထွက်ချလာ၏။ မြင်ထောင့်(၂)ခုမှ ဆန့်ကျင်ကန့်ကွက်သံတွေ ညံညံစီစီဖြစ်လာ၏။ မြင်ထောင့်တခုက နိုင်ငံသားအခွင့်အရေးအထိုင်မှဖြစ်ပြီး ဒီမိုကရေစီနှင့် လွတ်လပ်စွာဟောပြောခွင့်ကိုဇောင်းပေး၏။ နောက်တခုက လူ့အခွင့်အရေးအထိုင်မှဖြစ်ပြီး လူမျိုး/ဘာသာခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးကို ဇောင်းပေး၏။ တခုက တိုင်းပြည်တပြည် လူ့အဖွဲ့အစည်း တခုအပေါ်အသားပေးပြီး၊ တခုက နိုင်ငံတကာနှင့်လူဆန်မှုပဋိဉာဉ်အပေါ် အလေးထားပြော၏။
နိုင်ငံသားအခွင့်အရေးအထိုင်မှပြောသူများတွင်လည်း လေသံနှင့် Tone တွေ ကွာသေး၏။
”ခုလို ဗိုလ်ချုပ်ကြီးတွေသဘောကောင်းလို့ ဒီမိုကရေစီသွားနေတဲ့ခေတ်ကြီးမှာ၊ ခုလို အာဆီယံဥက္ကဌလုပ် ရတဲ့အချိန်ကြီးမှာ၊ ခုလို နိုင်ငံတကာအဝင်အထွက်တွေစိတ်နေတဲ့ အချိန်ကြီးမှာ၊ ခုလို ကုလသမဂ္ဂ လူကြီးတွေရောက်နေတုန်းကြီးမှာ မင်းတို့မို့ ခုလောက်ဗြောင်ကြီးမဆင်မခြင်လုပ်တယ်၊ ဉာဏ်နည်းလှ ချည်လား၊ ပညာသား မပါလှချည်လား၊ သွားရောပေါ့၊ အခြေအနေတွေကောင်းနေပါပြီပြောနေတဲ့ကြားက မင်းတို့လုပ်လို့ပုံရိပ်ပျက်ပြီ”ဆိုသည့်သဘော ငြူစူမန်မဲ၏။ အကြောင်းခံကိစ္စကိုဖွင့်ချပြီး ရှူတ်ချဆန့်ကျင်ခြင်း မလုပ်ရုံမျှမက လုပ်ပုံလုပ်နည်း၊ အချိန်အတိုင်းအရှည်နှင့် ကာလဒေသပယောဂကို သေချာကျန မတွက်ချက်ရကောင်းလားဆိုကာ တဖျစ်တောက်တောက် ငြူစူနေမှန်းပေါ်လွင်၏။ “အမျိုးသားရေး လက်မောင်းကြွက်သားညှစ်ပြရင်း”အစွန်းရောက်တို့အား မျက်စပြစ်သလို ”ဒီမိုကရက်တစ်စစ်စစ်ကြီး”ဟု ဝင့်ဝါကာ တရားမဲ့သူတို့အား ဖေးမကာကွယ်မှန်းထင်ရှား၏။ ထိုသူတို့အား ပရော်ဖက်ရှင်နယ်လ် နိုင်ငံရေးသမားဟု ဆိုသူကဆို၏။ နိုင်ငံရေးသီလကျင့်ဝတ်ဖြင့်ချိန်လျှင် ထွက်လာမည့်အဖြေမှာ ပြေးကြည့်စရာလိုမည်မထင်။
လူ့အခွင့်အရေးအထိုင်မှပြောသူများကတော့ နည်းနည်းပိုရှင်း၏။ ဤနေရာတွင် ”နည်းနည်း”ကို နည်းနည်းရှင်းမှကောင်းမည်ထင်၏။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းသည် ကမ္ဘာ့နိုင်ငံအားလုံးသဘောတူလက်မှတ်ထိုးထားခြင်းမဟုတ်သည့်တိုင်၊ ပြီးပြည့်စုံသည့်ဖွင့်ဆိုချက် မဟုတ်သည့်တိုင်၊ တိုင်းစရာစံအဖြစ်ရှိနေသည်မှာ ထင်ရှား၏။ လူသားအချင်းချင်းကြားထားရမည့် လူမှုပဋိညာဉ်သဖွယ်ဖြစ်၏။ သို့သော် အစိုးရတို့ကိုင်စွဲကျင့်သုံးရာဝါဒနှင့်စနစ်အလိုက် သို့မဟုတ် စီးပွား၊ လူမှုအခြင်းအရာများအလိုက် လိုတိုးပိုလျှော့နှင့် မိမိတို့လူ့အစုအစည်းတွင် ဇာတ်သွင်းယူပုံပေါ်တည်ကာ နည်းနည်းခြင်းကွာ၏။ ထိုနည်းနည်းသည် တခါတရံ နည်းနည်းစကားပြောပြီး တခါတရံ အကျယ်အကျယ် မငြိမ်းဖွယ်တွေအထိဖြစ်တတ်၏။ သို့ပင်ကွာငြားလည်း ယင်းကြေငြာစာတမ်းကိုတိုင်းစရာစံအဖြစ် ယေဘုယျ လက်ခံထားကြ၏။ ယခု လူ့အခွင့်အရေးအထိုင်မှပြောသူများက ထိုစံကို ကိုင်ပြောခြင်းဖြစ်၏။ ယခုကိစ္စသည် လူ့အခွင့်အရေးကိစ္စ။ ကမ္ဘာ့ဘယ်နေရာမှာနေနေ၊ ဘာလူမျိုး၊ ဘာ ဘာသာ၊ ဘာအသားအရောင် ဘာအယူဝါဒကွဲကွဲ မိမိယုံကြည်ရာကို လွတ်လပ်စွာပြောဟောပိုင်ခွင့်ရှိသလို ပြန်လှန်ချေဖျက်ပြောဟော ပိုင်ခွင့်လည်းတူညီစွာရှိ၏၊ မချိုးဖေါက်နှင့်၊ ချိုးဖေါက်လျှင် လူ့အခွင့်အရေးချိုးဖေါက်ခြင်းမည်၏ဟု အသားပါပါဆိုပြော၏။ လူ့အခွင့်အရေးသည် ဘယ်အမျိုးသားနိုင်ငံတော်တွင်ဖြစ်ဖြစ်၊ ဘာအမျိုးသားရေး အကြောင်းရှိလို့ပဲဖြစ်ဖြစ် ဒုတိယနေရာပို့ရမည့်ကိစ္စမဟုတ်။ သို့သော် နိုင်ငံတစ်ခုချင်းစီ အမျိုးသားကိုယ်ကျိုးစီးပွားနှင့် “ဆိုင်”လာပြီဆိုလျှင်တော့ လူ့အခွင့်အရေးသမားတို့လည်း တုံဏှိဘာဝေလုပ်တန်လုပ် စကားဖျော့တန်ဖျော့ကြ၏။ ထို့ကြောင့် ရှင်းသည်မှန်သော်လည်း အရှင်းကြီးတော့မဟုတ်။ နည်းနည်းပိုရှင်းခြင်းလောက်ပင်။
ရှေ့က အလားတူကိစ္စများရှိခဲ့သော်လည်း ခုလောက်အသံမကျယ်သလို အာရုံလည်းသိတ်မစိုက်ခဲ့ကြ။ ယခု ကိစ္စကျမှ ဘာ့ကြောင့် ဤမျှအလေးထားလာကြသနည်း။ အကြောင်းများစွာရှိပါသည်။ ဤကိစ္စသည် နိုင်ငံရေးသက်သက်၊ လူမျိုး/ဘာသာရေးသက်သက်၊ စာဟောခြင်းကိစ္စသက်သက်မျှမဟုတ်သည့်အပြင် အင်န်အယ်လ်ဒီနှင့် ၈၈-ငြိမ်း/ပွင့်မှ တစုံတရာပတ်သက်နေခြင်းကြောင့်၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အမည်ပေါက်သူတွေဖြစ်ခြင်းကြောင့်၊ ”ကိုယ့်အလှည့်ဘယ်တော့ရောက်” စိုးရိမ်ချက်ကြောင့်တွေအပြင် တကယ့်သဘောရိုး စေတနာရိုးနှင့် ပြည်ချစ်စိတ်အခြေခံတွေကြောင့်လည်းပါ၏။ သို့သော် ထိုနှစ်ဦးအား စာရေးဆရာမြအေးနှင့်စာရေးဆရာဦးကိုနီဟု ခေါ်ဝေါ်သုံးစွဲကာ စာရေးဆရာသက်သက်ဖြစ်လေဟန် ပုံဖော်ခြင်းမှာ သွေးရိုးသားရိုးမဟုတ်မှန်းပေါ်၏။ ကျင့်ဝတ်အရ မလျော်ကန်ဟုမြင်၏။ ထိုသူတို့မှာ စာရေးဆရာဟုခေါ်ရလောက်အောင် ကလောင်သမ္ဘာ၊ ဝါ နှင့် သြဇာလည်းမရှိကြ။ ထို့ကြောင့် နိုင်ငံရေးသမားမို့၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးထောက်ခံဟောပြောနေသူတွေမို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေး တွန်းဆော်နေသူတွေမို့ ဘာသာရေးလူမျိုးရေးအစွန်းရောက်ဘုန်းကြီးဆိုးများ၊ လူဆိုးများနှင့်တည်ပေးပြီး တိုင်းပြည်ကိုမီးလောင်တိုက်သွင်းနေခြင်းနှင့် လက်သည်မှာစစ်အာဏာရှင် များဖြစ်ကြောင်း အတိအလင်းပြောဖို့လို၏။
“ဘာမှမပြောတာထက်စာရင် ခုလောက်ပြောဖော်ရတာ မဆိုးပါဘူး”ဟုဆိုလျှင်တော့ မဆိုးပါဘူးပြောရုံပဲရှိ၏။ ဒီ့ထက်မဆိုးဖို့ဆိုလျှင် ဒီထက်ကောင်းဖို့လိုသေးသည်ထင်၏။ (ရပ်ခံထောင့်ကပြောတဲ့စကား)
ပဒေသရာဇ်စနစ်ကို ဘယ်လောက်မကြိုက်ကြိုက် စာပေအနုပညာရဲ့တန်ဘိုးကိုသိတဲ့ ဘုရင်တချို့ကိုတော့ အဲ့ဒါအတွက် ကွက်ချီးကျူးတန် ချီးကျူးခဲ့ရတဲ့သာဓကရှိတယ်။ အဲ့စနစ်အောက်မှာ စာပေကျမ်းဂန် အနုပညာစတာတွေကို လက်တဆုပ်စာ လူအီလစ်နဲ့စာတတ်ဘုန်းကြီးတွေသာ ဆည်းပူးလေ့လာဖန်တီး နိုင်တယ်။ အဲဒီစနစ်က သန္ဓေတည်ဖွံ့ဖြိုးကြီးထွားလာခဲ့တဲ့မြန်မာစာပေဟာ ဖန်တီးသူနဲ့ ထိန်းသိမ်းစောင့်ရှောက်သူတွေကြောင့်သာ ဒီနေ့တိုင်စည်ပင်နေရတာပါ။ မြန်မာစာပေသမိုင်းမှာ လူပညာရှိ လူပြန်တော်ပညာရှိတွေသာမက ဘုန်းတော်ကြီးများရဲ့ကျေးဇူးလည်းကြီးလှတယ်။ မန္တလေးဟာ မြန်မာစာပေအတွက်ကျေးဇူးကြီးလှတဲ့ စာပေဆီမီးတန်ဆောင်ဘုန်းတော်ကြီးများရဲ့ ချက်မြုတ်ရာပညာဆည်းပူးရာ ပို့ချသင်အံရာဖြစ်ခဲ့တယ်။ ခု မန္တလေးစာပေဟောပြောပွဲကို ကဖျက်ယဖျက်လုပ်တဲ့ ဘာသာရေးအစွန်းရောက်သင်္ကန်းခြုံတချို့ဟာ မန္တလေးအသရေနဲ့ မြန်မာစာပေ အတွက် ဆူးညှောင့်ခလုပ်တွေ။ အဆိပ်ပင်တွေ။ စာပေအကြောင်းနကန်းတစ်လုံးသိ/မသိသာ မဆိုနိုင်တယ် နှုတ်ထွက်စကားနဲ့ကိုယ်ဟန်အမူအယာတွေရုန့်ရင်းတာကြည့်ရုံနဲ့ ယုတ်တဲ့အမျိုးက ဖွားတဲ့သားတွေမှန်းတော့ ထင်ရှားတယ်။(မြန်မာစာပေနဲ့ဘုန်းကြီးကိစ္စ)
ဗမာစကားမှာ ထွက်ခတ် ခတ်တယ်ဆိုတာရှိတယ်မဟုတ်လား။ ဘယ်ကနေဆင်းသက်လာတဲ့စကားလည်း ကျနော်အသေအချာမသိပါ။ ကျွဲပွဲကလည်း လှေပွဲကလား မပြောတတ်ဘူး။ ခုဖြစ်နေတာတွေ ထဲမယ် ပြည်တော်ပြန်တချို့ ကိုယ့်ကိစ္စနဲ့ကိုယ်ဝင်ကြရင်း ကိုယ့်ကိစ္စနဲ့ကိုယ်ကျန်နေကြသူတွေကို ဝင်ကန် ကန်တာတွေ့နေလို့။ အမေပဲလွမ်းလွမ်း၊ ပြည်ပဲလွမ်းလွမ်း၊ ရွှေတိဂုံစေတီကြီးပဲဖူးချင်ချင်၊ ကလေးတွေပဲ ဗမာပြည်လိုက်ပြပြ၊ မိတ်ဟောင်းဆွေဟောင်းတွေပဲ ပြန်တွေ့ချင်ချင် ဘာဖြစ်လဲဗျာ ပြစရာအကြောင်း အချက်အလက်တွေမှတပုံကြီးရယ်။ ဘယ်သူက ဘာပြောနေလို့လည်း ပြန်တဲ့ကိစ္စသက်သက်ကို။ မပြန်ခင် (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါတို့၊ တောင်းပန်ရင်ခွင့်လွှတ်မယ်တို့) စတာမျိုးတွေနဲ့ အသံကောင်းလည်းဟစ်မသွားနဲ့ ကျနော်တို့ကိုယ်စား လက်နက်လည်းသွားမချပေးပါနဲ့၊ ပြောင်းပြန် လွတ်ငြိမ်းချမ်းသာခွင့်လည်း မတောင်းပါနဲ့ဆိုတာတော့ပြောရမှာပဲ။ ကျနော်တို့ မပြန်ကြတာမှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ရှိသလို ခင်ဗျားတို့ပြန်ကြတာမှာလည်း ခင်ဗျားတို့အကြောင်းနဲ့
ခင်ဗျားတို့ပါ။ ပြန်ရုံသက်သက်တွေအတွက် ဘယ်သူ့ဘယ်သူမှ ဘာမှ ပြောစရာမရှိပေမယ့် အကြံအစည်နဲ့ ဂဠုန်ဆားပြန်ချက်မယ့်အရေးမှာ၊ ညောင်ရေပြန်လောင်းမယ့်အရေးမှာ ကျနော်တို့ကိုယ်စား လက်နက်ချမပေးပါနဲ့။ ကျနော်တို့ကိုယ်စား ခွင့်လွှတ်မပေးပါနဲ့။ ကျနော်တို့ကိုတောင်းပန်ဖို့ ခင်ဗျားတို့က ဝင်မတောင်းပန်ပါနဲ့။ ကျနော်တို့ကိုယ်စား ပြောင်းပြန်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မတောင်းပါနဲ့။ ကုန်ကုန်ပြောမယ် ခင်ဗျားတို့ဘာသာ ဒူးမကလို့ ဘာပဲထောက်ထောက် ကျနော်တို့မှာ ခင်ဗျားတို့လို ဖြတ်စရာနဲ့ပြတ်စရာအမြီး မရှိမှန်းသိကြပါ တခါတုန်းက မိတ်ဆွေများ။ (ထွက်ခတ်နဲ့ဝင်ကန်ကိစ္စ)

လွတ်လပ်မှုနဲ့
မထိုက်တန်တဲ့လူရှိလား။ ကျနော်လည်း လွတ်လပ်ချင်တယ်။ ခင်ဗျားလည်း လွတ်လွတ် လပ်လပ်နေပါ။
ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အမှောင်ဆုံးခေတ်တွေဖြတ်ခဲ့တုန်းကတောင် ကိုယ်စီလွတ်လပ်မှုကို
တကိုယ်ရည်ထိန်းသိမ်းခဲ့ကြသေးတာပဲမဟုတ်လား။ ထောင်လောက် ကျပ်တဲ့နေရာမှာတောင် လွတ်လပ်မှုကိုရှာရင်း
တစ်ကိုယ်စာလွတ်လပ်မှုလေးနဲ့ မွေ့ခဲ့တယ်မဟုတ်လား။ ကျနော့်လွတ်လပ်မှုကို ဘယ်သူမှကန့်သတ်လို့မရသလို ခင်ဗျားလွတ်လပ်မှုကိုလည်း လာ မကန့်သတ်ကြစေနဲ့။
လွတ်လွတ်လပ်လပ်ပြောချင်ဆိုချင် ရေးချင်သားချင် နေချင်ထိုင်ချင်လို့မှ ခင်ဗျားရော ကျနော်ပါ
ဘဝနဲ့ထပ်ပြီးရှာခဲ့စွန့်ခဲ့တာမဟုတ်လား။ ကဲ..အခု (အခြားသူတွေမပါဘူးပဲထားပါ) ခင်ဗျား
ကျနော် လွတ်လွတ်လပ်လပ်ပြောလို့ရနေပါရက်နဲ့ ဘာလို့များကျနော့်လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ အားထုတ်သလဲ။
ဘာလို့များ ခင်ဗျားလွတ်လပ်ခွင့်ကို ကိုယ်တိုင်ပြန်ဇက်ခွံ့ရသလဲ။ ဘာလဲ ခင်ဗျား မလွတ်လပ်ချင်တော့လို့လား။
ဘာလဲ လွတ်လပ်မှုနဲ့မထိုက်တန်သူလို့ ကိုယ့်ကိုယ်ကိုယ်ထင်သွားလို့လား။ ကျနော်ကတော့ ခင်ဗျားလည်း
လွတ်လပ်မှုနဲ့ထိုက်တန်သူလို့ပဲမြင်တယ်။ လွတ်လွတ်လပ်လပ်နေပါဗျာ။ (လွတ်လပ်မှုနဲ့လူတိုင်းထိုက်)
ပဒေသရာဇ်စနစ်ကို ဘယ်လောက်မကြိုက်ကြိုက် စာပေအနုပညာရဲ့တန်ဘိုးကိုသိတဲ့ ဘုရင်တချို့ကိုတော့ အဲ့ဒါအတွက် ကွက်ချီးကျူးတန် ချီးကျူးခဲ့ရတဲ့သာဓကရှိတယ်။ အဲ့စနစ်အောက်မှာ စာပေကျမ်းဂန် အနုပညာစတာတွေကို လက်တဆုပ်စာ လူအီလစ်နဲ့စာတတ်ဘုန်းကြီးတွေသာ ဆည်းပူးလေ့လာဖန်တီး နိုင်တယ်။ အဲဒီစနစ်က သန္ဓေတည်ဖွံ့ဖြိုးကြီးထွားလာခဲ့တဲ့မြန်မာစာပေဟာ ဖန်တီးသူနဲ့ ထိန်းသိမ်းစောင့်ရှောက်သူတွေကြောင့်သာ ဒီနေ့တိုင်စည်ပင်နေရတာပါ။ မြန်မာစာပေသမိုင်းမှာ လူပညာရှိ လူပြန်တော်ပညာရှိတွေသာမက ဘုန်းတော်ကြီးများရဲ့ကျေးဇူးလည်းကြီးလှတယ်။ မန္တလေးဟာ မြန်မာစာပေအတွက်ကျေးဇူးကြီးလှတဲ့ စာပေဆီမီးတန်ဆောင်ဘုန်းတော်ကြီးများရဲ့ ချက်မြုတ်ရာပညာဆည်းပူးရာ ပို့ချသင်အံရာဖြစ်ခဲ့တယ်။ ခု မန္တလေးစာပေဟောပြောပွဲကို ကဖျက်ယဖျက်လုပ်တဲ့ ဘာသာရေးအစွန်းရောက်သင်္ကန်းခြုံတချို့ဟာ မန္တလေးအသရေနဲ့ မြန်မာစာပေ အတွက် ဆူးညှောင့်ခလုပ်တွေ။ အဆိပ်ပင်တွေ။ စာပေအကြောင်းနကန်းတစ်လုံးသိ/မသိသာ မဆိုနိုင်တယ် နှုတ်ထွက်စကားနဲ့ကိုယ်ဟန်အမူအယာတွေရုန့်ရင်းတာကြည့်ရုံနဲ့ ယုတ်တဲ့အမျိုးက ဖွားတဲ့သားတွေမှန်းတော့ ထင်ရှားတယ်။(မြန်မာစာပေနဲ့ဘုန်းကြီးကိစ္စ)
ဗမာစကားမှာ ထွက်ခတ် ခတ်တယ်ဆိုတာရှိတယ်မဟုတ်လား။ ဘယ်ကနေဆင်းသက်လာတဲ့စကားလည်း ကျနော်အသေအချာမသိပါ။ ကျွဲပွဲကလည်း လှေပွဲကလား မပြောတတ်ဘူး။ ခုဖြစ်နေတာတွေ ထဲမယ် ပြည်တော်ပြန်တချို့ ကိုယ့်ကိစ္စနဲ့ကိုယ်ဝင်ကြရင်း ကိုယ့်ကိစ္စနဲ့ကိုယ်ကျန်နေကြသူတွေကို ဝင်ကန် ကန်တာတွေ့နေလို့။ အမေပဲလွမ်းလွမ်း၊ ပြည်ပဲလွမ်းလွမ်း၊ ရွှေတိဂုံစေတီကြီးပဲဖူးချင်ချင်၊ ကလေးတွေပဲ ဗမာပြည်လိုက်ပြပြ၊ မိတ်ဟောင်းဆွေဟောင်းတွေပဲ ပြန်တွေ့ချင်ချင် ဘာဖြစ်လဲဗျာ ပြစရာအကြောင်း အချက်အလက်တွေမှတပုံကြီးရယ်။ ဘယ်သူက ဘာပြောနေလို့လည်း ပြန်တဲ့ကိစ္စသက်သက်ကို။ မပြန်ခင် (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါတို့၊ တောင်းပန်ရင်ခွင့်လွှတ်မယ်တို့) စတာမျိုးတွေနဲ့ အသံကောင်းလည်းဟစ်မသွားနဲ့ ကျနော်တို့ကိုယ်စား လက်နက်လည်းသွားမချပေးပါနဲ့၊ ပြောင်းပြန် လွတ်ငြိမ်းချမ်းသာခွင့်လည်း မတောင်းပါနဲ့ဆိုတာတော့ပြောရမှာပဲ။ ကျနော်တို့ မပြန်ကြတာမှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ရှိသလို ခင်ဗျားတို့ပြန်ကြတာမှာလည်း ခင်ဗျားတို့အကြောင်းနဲ့
ခင်ဗျားတို့ပါ။ ပြန်ရုံသက်သက်တွေအတွက် ဘယ်သူ့ဘယ်သူမှ ဘာမှ ပြောစရာမရှိပေမယ့် အကြံအစည်နဲ့ ဂဠုန်ဆားပြန်ချက်မယ့်အရေးမှာ၊ ညောင်ရေပြန်လောင်းမယ့်အရေးမှာ ကျနော်တို့ကိုယ်စား လက်နက်ချမပေးပါနဲ့။ ကျနော်တို့ကိုယ်စား ခွင့်လွှတ်မပေးပါနဲ့။ ကျနော်တို့ကိုတောင်းပန်ဖို့ ခင်ဗျားတို့က ဝင်မတောင်းပန်ပါနဲ့။ ကျနော်တို့ကိုယ်စား ပြောင်းပြန်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မတောင်းပါနဲ့။ ကုန်ကုန်ပြောမယ် ခင်ဗျားတို့ဘာသာ ဒူးမကလို့ ဘာပဲထောက်ထောက် ကျနော်တို့မှာ ခင်ဗျားတို့လို ဖြတ်စရာနဲ့ပြတ်စရာအမြီး မရှိမှန်းသိကြပါ တခါတုန်းက မိတ်ဆွေများ။ (ထွက်ခတ်နဲ့ဝင်ကန်ကိစ္စ)
0 comments:
Post a Comment