၂ဝ၁၄ ဇွန် ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)
ရပါတယ်။
မူမရှိဘူးလို့ပြောရင် အပြောခံရတဲ့သူ သို့မဟုတ် ပါတီအဖွဲ့အစည်းမှာ ရန်သူ မိတ်ဆွေ ကြားလူမရှိဘူးလို့
အဓိပ္ပါယ်ကောက်လို့ရသလို ဦးတည်ရာမဲ့ပြီး စစ်ကိုင်းနဲ့ပဂိုး(ပဲခူး) တလှည့်စီရောက်ရင်း
အကွပ်မဲ့ကာ နောက်ဆုံး လူလုံးမလှနဲ့ နိဌိတံတာများတယ်။
(တမလွန်ကြောင့်ကြလွန်)
ခင်ဗျားဟာခင်ဗျား သေပြီးနောက် ဘာရှိတယ် ဘာမရှိဘူး
ဘာပဲယုံယုံ ဘယ်သူ့အပူမှမပါသလို ဘယ်သူ့ကိစ္စမျှမှလည်း မဟုတ်တာ။ ခင်ဗျားကိုယ်တိုင် ဘယ့်နှယ်မှမသိနိုင်တဲ့ကိစ္စမို့
ရှိခြင်းမရှိခြင်းအပေါ်ယုံတယ်ဆို တာ ယုံကြည်မှုခြင်းရာကိစ္စသက်သက်မျှပဲ မဟုတ်လား။
ယုံနေစမ်းပါ ကိုယ့်ဘာသာကိုယ် ဘယ့်လောက်ကောင်းသလဲ။ ယုံစရာတခုခုရှိနေတယ်ဆို နေလို့ထိုင်လို့ကောင်းတာပဲမဟုတ် လား။
ရှိတယ်လို့ယုံတာလည်း ယုံလောက်တဲ့သူပြောလို့ ယုံကြတာပဲ၊ မရှိဘူးလို့ယုံတာလည်း ယုံလောက်တဲ့သူပြောလို့ ယုံကြတာပဲမဟုတ်ဘူးလား။ ယုံအောင်ပြောနိုင်တဲ့သူမရှိမှ ယုံစရာရှားပြီး ဒုက္ခများမယ်။ သိဒ္ဓတ္ထထဲမှာ ဟာမန်းဟက်စ်ကပြောတယ် "သိဒ္ဓတ္ထ...သင်ကား ရှာမှီးလွန်း၏"တဲ့။

(နွားပွဲဈေး၌ ပန်းရောင်းခြင်း)
ဒီနေ့ မနက်အစောကြီးထပြီး လင်မယားနှစ်ယောက်
တနှစ် ၅ ကြိမ်လုပ်အမေရိကန်နွားပွဲဈေး သွားတယ်။ ဒီနှစ်အတွက် ဒါ ဒုတိယအကြိမ်ပဲ။ နောက်
၃ ကြိမ်ကျန်သေးတယ်။ နှစ်တိုင်းလည်း အကြိမ်စေ့နီးနီးသွားကြတယ်။ မျက်စိရှေ့တွေ့လို့ လိုချင်တာလေးများရှိရင်
ဝယ်တယ်။ ဘာမှဝယ်စရာမရှိပဲ ပြန်ခဲ့တဲ့အခါတွေလည်း မနည်းလှဘူး။ အမေရိကန်ရနံ့ပြည့်ဆိုပေမယ့်
နွားချေးနံ့ မြင်းချေးနံ့နဲ့ ကြက်တွန်သံတွေကတော့ ဗမာပြည်အတိုင်းမို့ ရွှေပြည်ကြီး ခနပြန်သလိုခံစားတယ်။
ဈေးက ဧက ၄ဝဝ လောက်ရှိမယ့်ကွင်းကြီးထဲမှာ ရွက်ဖျဉ်တဲတွေထိုးပြီး ရောင်းကြဝယ်ကြတဲ့
လေဟာပြင်ဈေးကြီးဆိုပါတော့။ သက်ရှိအလှမွေးအကောင်ဆို လက်သည်းဖျားလောက်ပင့်ကူလေးကနေ ပေါင်လုံးလောက်မြွေကြီးတွေအထိရှိတယ်။ တွားသွားအကောင်ထဲကဆို လက်သန်းလောက်ပုတ်သင်ညိုလိုလေးကေ န
မိကျောင်းနီးနီးကြီးတဲ့ ဖွတ်ကြီးတွေအထိရှိတယ်။ ငှက်ကြက်လိုအကောင်ထဲကဆို နှံပြည်စုပ်ထက်သေးတဲ့ကြက်တူရွေး လိုဟာလေးကနေ
ကြက်ဆင်ကြီးတွေ ဒေါင်းကြီးတွေအထိရှိတယ်။ ခြေလေးချောင်းထဲကဆို နို့ခွဲကြောင်လောက်ခွေးပုတက်ကလေးကနေ
လယ်ထွန်မြင်းကြီးတွေအထိရှိတယ်။ ခြေနှစ်ချောင်းကတော့ ကွင်းလုံးပြည့်ပဲ။
ဝယ်ဝယ်မဝယ်ဝယ် ကွင်းထဲဝင်တာနဲ့ လူတယောက် ၅ ဒေါ်လာ၊ ကားတစီး ၅ ဒေါ်လာပဲ။ ဈေးရောင်းသူတွေကြတော့ နေရာတကွက်ကို ဒေါ်လာ ၂ဝ။ ကားအတွက် လူအတွက် ဘာမှသတ်သတ်ထပ်ပေးစရာမလိုဘူး။ ဒီအတိုင်းသွားလည်း ၁၅ ဒေါ်လာကျတဲ့အတူတူ ၅ ဒေါ်လာပိုအကုန်ခံပြီး တခုခုယူသွားပြီးရောင်းကြည့် ဘယ့်နှယ်နေမလဲလို့ နှစ်ယောက်လုံးသဘောကြိုက်ညီတယ်။ ဒါနဲ့ ဘာရောင်းရပါ့ကြည့်တော့ အိမ်နောက်ခြံဝင်းထဲက နှင်းဒဏ်ခံလေကာပေါင်းမိုးခုံးလေးထဲမှာ တပင်တအိုးကျပျိုးထားတဲ့ လက်ကျန် လီလီပန်းရောင်စုံတွေ
ဖူးတာဖူး ငုံတာငုံ အာတာအာ ပွင့်တာပွင့်တွေကို မျက်စေ့ကျကြတယ်။ ဒါနဲ့ ပန်းအိုးတချို့
မတယ်။ ကော်ဖီဓါတ်ဗူးတဗူးအပြည့်ဖျော်တယ်။ ကြက်မဒန်းလေးတွေဝယ်ရအောင် ကြက်ခြင်းကြီးပါ
သယ်ချသွားတယ်။
၆ နာရီနေပြူစကနေ ကော်ဖီလေးကျိုက်လိုက် တော်ကီလေးပွားလိုက်နဲ့ နှစ်ယောက်သား နေထန်းတဖျားရောက်တဲ့အထိထိုင်တော့  ဈေးကလူကွဲချင်ပြီ။ ပန်းရောင်းရငွေကြည့်တော့
၄၈ ဒေါ်လာ အတိ။ မဆိုးဘူး။
ဒါနဲ့ ဂျာမန်နွယ်ဖွားတွေရောင်းတဲ့ဆိုင်တွေဘက်လိုက်လျှောက်ကြည့်တော့
၈ ပတ်ခွဲသားကနေ ၁၂ ပတ်သားအထိ ကြက်မဒန်းလေးတွေတွေ့တယ်။ တွေ့တာမှ အများကြီးပဲ အမျိုးစုံပဲ
အရောင်စုံပဲ။ ဥတုန်း ကြက်မအိုကြီးတွေ ကြက်ဖကြီးတွေ ကြက်ပေါက်စနလေးတွေလည်း တပုံတခေါင်းကြီးပဲ။
ကိုယ်လိုချင်တဲ့အရွယ်နဲ့အမျိုးအ စား ကွက်တိတော့မမြင်ဘူး။ မဒန်းလေးတွေက ဥဖို့နည်းနည်းဝေးသေးတော့
မျက်နှာလေးတွေက ပန်းရောင်မသန်းသေးဖူး။ အပျိုဖော်မဝင်သေးတော့ အလှသွေး မကြွယ်သေးတာနေမယ်။
လိုချင်တာက ၃ မျိုး။ တမျိုး ၄ ကောင်နဲ့ ၁၂ ကောင်။ ခုက အရွယ်လေးတွေနည်းနည်းကွာနေတယ်။
ဥချိန်ကြ ဥကျ မညီမှာတော့သေချာတယ်။
ဒါနဲ့ ဈေးမေးကြည့်တော့ ဆေးပြင်းလိပ်ကြီးခဲထားတဲ့ မုတ်ဆိပ်ပါးသိုင်းမွှေးထူထူထဲထဲ မျက်လုံးပြာပြာဂျာမန်ကြီးက ဒေသိယအင်္ဂလိပ်သံဝဲဝဲနဲ့ "တကောင် ၉ ဒေါ်လာ"တဲ့။ "လျှော့ဦးမလား ၁၂ ကောင်တောင်ယူမှာ"ဆိုတော့ "၈ ဒေါ်လာပေး" လို့လေသံပြတ်ကြီးနဲ့ပြောတယ်။ မျက်နှာကတော့ပြုံးလို့ရွှင်လို့၊
သူ့နားနှစ်ဖက်ထဲ သူ့လက်မတွေထိုးကာ ကျန်တဲ့လက်လေးချောင်းကို နားထင်ဘေးတွေကပ်ထောင် ကြက်တောင်ပံခတ်သလိုခတ်ပြီး ဘေးက ကလေးတယောက်ကို ကြက်ဖလိုတောင် တွန်ပြနေသေးတယ်။ ကျနော်တို့ တိုးတိုး-တိုးတိုးပြောနေတာမြင်ေ တာ့ "ဘယ်လောက်ပေးချင်လို့လဲ"လို့
လက်မနဲ့လက်ညှိုးလေးဝိုင်းပြပြီးေ မးတယ်။
ကျနော်က "တကောင် ၆ ဒေါ်လာပဲထားလိုက်ပါ၊ ၁၂ ကောင်မဟုတ်ဘူး၊ ဒီခြင်းထဲရှိတဲ့ ၁၃ ကောင်လုံးယူမယ်လေ"ဆိုတော့ မျက်လုံးပေကလပ်ပေကလပ်နဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး တွတ်တွတ်-တွတ်တွတ် လုပ်တယ်။ ပြီးလည်းပြီးရော ကျနော့်ကို မျက်စေ့တဘက်မှိတ်ပြပြီး ပြောင်ချော်ချော်မျက်နှာပေးနဲ့ "ဘုရားသခင်ကပြောတယ် ပေးလိုက်တဲ့"။ အဲ့ဒါနဲ့ အပြန်မှာ ကြက်မဒန်းလေး ၁၃ ကောင်နဲ့ပြန်လာတယ်။ အိမ်ရောက်လို့ ခြင်းဖွင့်ပြီး ခြံထဲလည်းလွှတ်လိုက်ရော မယ်မင်းကလေးမလေးတွေခမျာ ရေ နင်မတတ်သောက်၊ အစာလေး တပေါက်နှစ်ပေါက်ကောက်ကက်စားကြပြီး ပြေးလိုက်လွှားလိုက် ခုန်လိုက်ပေါက်လိုက်နဲ့
မျောက်ရှူံးရော။ လူလည်း ကြောင်ချီးရုပ်နဲ့ကြက်ချေးစော်နံရော။
လေဟာပြင်ဈေးကြီးဆိုပါတော့။ သက်ရှိအလှမွေးအကောင်ဆို လက်သည်းဖျားလောက်ပင့်ကူလေးကနေ ပေါင်လုံးလောက်မြွေကြီးတွေအထိရှ
ဝယ်ဝယ်မဝယ်ဝယ် ကွင်းထဲဝင်တာနဲ့ လူတယောက် ၅ ဒေါ်လာ၊ ကားတစီး ၅ ဒေါ်လာပဲ။ ဈေးရောင်းသူတွေကြတော့ နေရာတကွက်ကို ဒေါ်လာ ၂ဝ။ ကားအတွက် လူအတွက် ဘာမှသတ်သတ်ထပ်ပေးစရာမလိုဘူး။ ဒီအတိုင်းသွားလည်း ၁၅ ဒေါ်လာကျတဲ့အတူတူ ၅ ဒေါ်လာပိုအကုန်ခံပြီး တခုခုယူသွားပြီးရောင်းကြည့် ဘယ့်နှယ်နေမလဲလို့ နှစ်ယောက်လုံးသဘောကြိုက်ညီတယ်။ ဒါနဲ့ ဘာရောင်းရပါ့ကြည့်တော့ အိမ်နောက်ခြံဝင်းထဲက နှင်းဒဏ်ခံလေကာပေါင်းမိုးခုံးလေ
၆ နာရီနေပြူစကနေ ကော်ဖီလေးကျိုက်လိုက် တော်ကီလေးပွားလိုက်နဲ့ နှစ်ယောက်သား နေထန်းတဖျားရောက်တဲ့အထိထိုင်တော
ဒါနဲ့ ဂျာမန်နွယ်ဖွားတွေရောင်းတဲ့ဆိုင
ဒါနဲ့ ဈေးမေးကြည့်တော့ ဆေးပြင်းလိပ်ကြီးခဲထားတဲ့ မုတ်ဆိပ်ပါးသိုင်းမွှေးထူထူထဲထဲ မျက်လုံးပြာပြာဂျာမန်ကြီးက ဒေသိယအင်္ဂလိပ်သံဝဲဝဲနဲ့ "တကောင် ၉ ဒေါ်လာ"တဲ့။ "လျှော့ဦးမလား ၁၂ ကောင်တောင်ယူမှာ"ဆိုတော့ "၈ ဒေါ်လာပေး" လို့လေသံပြတ်ကြီးနဲ့ပြောတယ်။ မျက်နှာကတော့ပြုံးလို့ရွှင်လို့၊
သူ့နားနှစ်ဖက်ထဲ သူ့လက်မတွေထိုးကာ ကျန်တဲ့လက်လေးချောင်းကို နားထင်ဘေးတွေကပ်ထောင် ကြက်တောင်ပံခတ်သလိုခတ်ပြီး ဘေးက ကလေးတယောက်ကို ကြက်ဖလိုတောင် တွန်ပြနေသေးတယ်။ ကျနော်တို့ တိုးတိုး-တိုးတိုးပြောနေတာမြင်ေ
ကျနော်က "တကောင် ၆ ဒေါ်လာပဲထားလိုက်ပါ၊ ၁၂ ကောင်မဟုတ်ဘူး၊ ဒီခြင်းထဲရှိတဲ့ ၁၃ ကောင်လုံးယူမယ်လေ"ဆိုတော့ မျက်လုံးပေကလပ်ပေကလပ်နဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး တွတ်တွတ်-တွတ်တွတ် လုပ်တယ်။ ပြီးလည်းပြီးရော ကျနော့်ကို မျက်စေ့တဘက်မှိတ်ပြပြီး ပြောင်ချော်ချော်မျက်နှာပေးနဲ့ "ဘုရားသခင်ကပြောတယ် ပေးလိုက်တဲ့"။ အဲ့ဒါနဲ့ အပြန်မှာ ကြက်မဒန်းလေး ၁၃ ကောင်နဲ့ပြန်လာတယ်။ အိမ်ရောက်လို့ ခြင်းဖွင့်ပြီး ခြံထဲလည်းလွှတ်လိုက်ရော မယ်မင်းကလေးမလေးတွေခမျာ ရေ နင်မတတ်သောက်၊ အစာလေး တပေါက်နှစ်ပေါက်ကောက်ကက်စားကြပြ
(ကျနော်ရေးတဲ့စာ)
ကျနော်ရေးခဲ့သမျှထဲကတချို့ကို ပြည်တွင်းထုတ်စာစောင်တချို့နဲ့
ပြည်ပထုတ်ဂျာနယ်လ်တချို့မှာ ဖော်ပြနေတာလေးတွေတွေ့ရပါတယ်။
ဖော်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ဝမ်းသာမိတာအမှန်ပါ။
ခွင့်ပြုချက်တောင်းပြီး ယူသုံးတာလည်းရှိ မတောင်းပဲသုံးတာလည်းရှိပါတယ်။ ကိစ္စမရှိပါ။ ကျနော့်စာကို ၏ သည် မလွဲဖော်ပြရင်ပဲတော်လှပါပြီ။
ကျနော်စာရေးတာက မရေးရမနေနိုင်လို့ပါ။ နေနိုင်တဲ့အခါများ မရေးပဲနေပါတယ်။ ဘယ်သူ့အတွက် ဘာအတွက်တို့လည်း သတ်သတ်ကြီးမထားပါဘူး။
ထမင်းစားဖို့က တခြားအလုပ်တွေ လုပ်ပါတယ်။
စာရေးခြင်းတခုတည်းနဲ့ အသက်မွေးမှုပြုနေကြသူတွေကို ချီးမွမ်းအားကျမိပေမယ့်
အဲ့သလောက် အဖြစ်မရှိမှန်းလည်း
ကိုယ့်ဘာသာအကဲခတ်မိ အကဲဖြတ်မိပါတယ်။
စာမူခနဲ့ပတ်သက်လို့လည်း ကျနော်ပြောဖူးပါတယ်၊
တစ်ပြားမှ ပေးစရာမလိုတဲ့အကြောင်း။
ကျနော့်ဘက်က တောင်းလည်းမတောင်းဖူးသလို
ဘယ်သူကမှလည်း မပေးဖူးကြောင်းပါ။
အတွေးတစ်စ ခေါင်းထဲကနေလက်ထဲကျလာပြီး စာတစ်ကြောင်းအဖြစ်
ထွက်သွားပြီဆိုတာနဲ့ ကျနော်နဲ့မဆိုင်တော့သလိုပဲ သဘောထားပါတယ်။
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်၊ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊
ဘယ်သူဆဲဆဲ မဆဲဆဲ၊ ဘယ်သူချီးမွမ်းမွမ်း မမွမ်းမွမ်းနဲ့ နောက်ဆုံး ဘယ်သူ ယူသုံးသုံး မသုံးသုံးပေါ့ဗျာ။ လက်ထဲကထွက်သွားပြီးနောက် ကျနော့်စာပါအတွေးအခေါ် အကောက်အယူအတွက် ကျနော့်မှာဝန်တာရှိတာကို အတိအလင်းယူပါတယ်။
ဒါပေမယ့် လက်ကလွှတ်လိုက်တဲ့စာအတွက်တော့ ကျနော်ခေါင်းထဲမထားတော့ဘူး။ ပံ့သကူပဲမှတ်လိုက်ပါတယ်။
ကျနော့်စာလေးတွေ ယူပါ သုံးပါ ဖော်ပြပါ။ ခွင့်ပြုချက်လည်း တောင်းစရာလိုတယ်မှတ်ရင်တောင်းပါ ၊
မလိုဘူးထင်ရင်မတောင်းပါနဲ့။ စာမူခလည်းပေးစရာမလိုပါ။
ကုန်ကုန်ပြောပါ့မယ် ကျနော့်ကလောင်အမည်(မျိုးမြင့်ချို)ဆိုတာတောင်
မထည့်ချင်မထည့်ပါနဲ့။ တခုပဲ မေတ္တာရပ်ခံပါရစေ
ကျနော့်အရေးအသားမှာ စာပြင်ချင်တယ် သတ်ပုံသတ်ညွှန်းပြင်ချင်တယ်ဆိုရင်တော့
အသိပေးပါခင်ဗျား။
ပြည်ပထုတ်ဂျာနယ်လ်တချို့မှာ ဖော်ပြနေတာလေးတွေတွေ့ရပါတယ်။
ဖော်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ဝမ်းသာမိတာအမှန်ပါ။
ခွင့်ပြုချက်တောင်းပြီး ယူသုံးတာလည်းရှိ မတောင်းပဲသုံးတာလည်းရှိပါတယ်။ ကိစ္စမရှိပါ။ ကျနော့်စာကို ၏ သည် မလွဲဖော်ပြရင်ပဲတော်လှပါပြီ။
ကျနော်စာရေးတာက မရေးရမနေနိုင်လို့ပါ။ နေနိုင်တဲ့အခါများ မရေးပဲနေပါတယ်။ ဘယ်သူ့အတွက် ဘာအတွက်တို့လည်း သတ်သတ်ကြီးမထားပါဘူး။
ထမင်းစားဖို့က တခြားအလုပ်တွေ လုပ်ပါတယ်။
စာရေးခြင်းတခုတည်းနဲ့ အသက်မွေးမှုပြုနေကြသူတွေကို ချီးမွမ်းအားကျမိပေမယ့်
အဲ့သလောက် အဖြစ်မရှိမှန်းလည်း
ကိုယ့်ဘာသာအကဲခတ်မိ အကဲဖြတ်မိပါတယ်။
စာမူခနဲ့ပတ်သက်လို့လည်း ကျနော်ပြောဖူးပါတယ်၊
တစ်ပြားမှ ပေးစရာမလိုတဲ့အကြောင်း။
ကျနော့်ဘက်က တောင်းလည်းမတောင်းဖူးသလို
ဘယ်သူကမှလည်း မပေးဖူးကြောင်းပါ။
အတွေးတစ်စ ခေါင်းထဲကနေလက်ထဲကျလာပြီး စာတစ်ကြောင်းအဖြစ်
ထွက်သွားပြီဆိုတာနဲ့ ကျနော်နဲ့မဆိုင်တော့သလိုပဲ သဘောထားပါတယ်။
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်၊ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊
ဘယ်သူဆဲဆဲ မဆဲဆဲ၊ ဘယ်သူချီးမွမ်းမွမ်း မမွမ်းမွမ်းနဲ့ နောက်ဆုံး ဘယ်သူ ယူသုံးသုံး မသုံးသုံးပေါ့ဗျာ။ လက်ထဲကထွက်သွားပြီးနောက် ကျနော့်စာပါအတွေးအခေါ် အကောက်အယူအတွက် ကျနော့်မှာဝန်တာရှိတာကို အတိအလင်းယူပါတယ်။
ဒါပေမယ့် လက်ကလွှတ်လိုက်တဲ့စာအတွက်တော့ ကျနော်ခေါင်းထဲမထားတော့ဘူး။ ပံ့သကူပဲမှတ်လိုက်ပါတယ်။
ကျနော့်စာလေးတွေ ယူပါ သုံးပါ ဖော်ပြပါ။ ခွင့်ပြုချက်လည်း တောင်းစရာလိုတယ်မှတ်ရင်တောင်းပါ
မလိုဘူးထင်ရင်မတောင်းပါနဲ့။ စာမူခလည်းပေးစရာမလိုပါ။
ကုန်ကုန်ပြောပါ့မယ် ကျနော့်ကလောင်အမည်(မျိုးမြင့်ချ
မထည့်ချင်မထည့်ပါနဲ့။ တခုပဲ မေတ္တာရပ်ခံပါရစေ
ကျနော့်အရေးအသားမှာ စာပြင်ချင်တယ် သတ်ပုံသတ်ညွှန်းပြင်ချင်တယ်ဆိုရင
(မူချတယ်ဆိုတာ ရန်သူ မိတ်ဆွေသတ်မှတ်တာ)
မူချတယ် တနည်းပြောရရင် လမ်းစဉ်ချတယ်ဆိုတာကို
အတိုဆုံးချုပ်ပြောရရင် ဘယ်ဟာရန်သူ ဘယ်ဟာမိတ်ဆွေ ဘယ်ဟာကြားထားရမယ့်သူဆိုတာကို သတ်မှတ်တာပဲ။
မူ(လမ်းစဉ်)ဆိုတာ နိုင်ငံရေးမှာမှမဟုတ် လူမှုရေးမှာ မိသားစုမှာ ပေါင်းသင်းဆက်ဆံရေးတိုင်းမှာရှိ
0 comments:
Post a Comment