
(နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် “မေတ္တာပို့ - ဆုတောင်းပွဲများ” အင်္ဂါနေ့၊ သောကြာနေ့ စသဖြင့် ပေါ်ပေါက်ခဲ့ပါသည်။ မေတ္တာသုတ်ရွတ်ဖတ်၍ဆန္ဒပြခဲ့ကြသော
ပြည်သူများသည် ထိုသို့ ခါးသည်းသောအတွေ့အကြုံများအရ “မေတ္တာပို့ခြင်း”နှင့် မထိုက်တန်သူများအား “ကျိန်စာတိုက်ခြင်း” ကြခြင်းဖြစ်ပါသည်။ သို့ပါ၍ “ကျိန်စာတိုက်ခြင်း” သည် အုပ်စိုးသူအပေါ် ပြည်သူများ၏ ဆန့်ကျင်မှုဒီဂရီ အရှိန်မြင့်တက်လာခြင်းဟု ယူဆနိုင်ပါသည်။
“ကျိန်စာတိုက်ခြင်း”သည် အစိုးရသစ်ဟုဆိုနေကြသော ကြံ့ဖွံ့အစိုးရလက်ထက်၊ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ (၂၀၀၈ အခြေခံဥပဒေ) ဘောင်ထဲ၌ ပေါ်ပေါက်လာသည့် လူထုလှုပ်ရှားမှုအချင်းအရာတစ်ရပ်ြ
မည်သည့်အစိုးရ လက်ထက်တွင်မျှပေါ်ပေါက်ခဲ့ဖူးခြင
အုပ်ချုပ်ရေးမဏ္ဍိုင်ဟု ပြောဆိုနေကြသောအစိုးရမင်းသည် အားကိုး၍မရ၊ ယုံကြည်၍မရ၊ “မိဘပြည်သူများ” ဟု အသံကောင်းဟစ်ကာ မီးလောင်ဗုံးဖြင့်ပစ်၊ နံပတ်ဒုတ်ဖြင့်ရိုက်နှက်ကာ ဘူဒိုဇာနှင့်ထိုးကော်၊ နှင်ထုတ်နေသည်။ မြေသိမ်းယာသိမ်း သိမ်းနေသည်။
ဥပဒေပြုရေးမဏ္ဍိုင်ဟုဆိုသော (လွှတ်တော်)ကလည်း“ပြည်သူ့အသံလွှတ်
လွှတ်တော် “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ”ဥက္က
“တရားဥပဒေ မစိုးမိုးခဲ့တဲ့နိုင်ငံဆိုတော့ တခါတလေ လာဘ်ထိုးနိုင်တဲ့သူက လွတ်သွားတာပဲ၊ ဒါတွေအားလုံး ပြောင်းရမယ်၊ ဒီလို အခြေအနေကြောင့် ဥပဒေကိုအားမကိုးဘူး၊ ဥပဒေကို အယုံအကြည်မရှိဘူး၊ ဥပဒေဆိုတာ ငါတို့အတွက်ဆိုတဲ့ စိတ်ဓါတ်မရှိဘူး၊ ဥပဒေဆိုတာ အာဏာရှိတဲ့သူတွေအတွက်ဆိုပြီး အဲဒီလိုပဲ မြင်နေကြတယ်”
ထို့အပြင် အားကိုးစရာ အတိုက်အခံနိုင်ငံရေးပါတီကြီးငယ်
ယင်းသို့သော အထွေထွေမယုံကြည်ရမှု၊ အားကိုးမရနိုင်မှုစသော ရေခံမြေခံပေါ်တွင် ပြည်သူများ၏ “ကျိန်စာတိုက်ခြင်း” ဟူသည့် ဆန္ဒပြလှုပ်ရှားမှု ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။
အုပ်စိုးသူအစိုးရအဆက်ဆက်သည် သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူများအား ဖိနှိပ်အကြမ်းဖက်ရာတွင် ဥပဒေ၊ တရားရုံး၊ အကျဉ်းထောင်၊ ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်၊ လူမျိုးရေး/
ဆဋ္ဌသင်္ဂါယနာတင်ခဲ့သော၊ ထေရဝါဒဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်ပါသည်ဆိုသော၊ ဒီမိုကရေစီဝါဒီပါဟု ဆိုသော ဝန်ကြီးချုပ်ဟောင်းဦးနုကိုပဲကြည
ဦးနုသည် ဗလိနတ်စာကျွေးသည်ဟူသော နတ်ကိုးကွယ်ပသမှုနှင့်ဆိုင်သည့် အစီအရင်များကို သူကိုယ်တိုင် ဦးစီး၍လုပ်ခဲ့သည်။ နိုင်ငံတော်ဘာသာ/
“ဗေဒင်၊ နတ်၊ ယတြာ” တို့ဆိုသည်မှာ(ဖဆပလ)မှ ကြံ့ဖွံ့အစိုးရအထိ အုပ်စိုးသူအဆက်ဆက်အဖို့ “သေနတ်” ပြီးလျှင် အထူး အားကိုးအားထားပြုစရာ လက်နက်တစ်ခုလည်း ဖြစ်ပါသည်။ သူတို့ပြုလုပ်သော ယတြာများ၊ အစီအရင်များကို ပြည်သူများက ကြားသိနေကြသည်။ ဟားတိုက် လှောင်ပြောင်ခဲ့ကြသည်။
နိဂုံးစကားဆိုရပါလျှင် “ကျိန်စာတိုက်ခြင်း”ဆိုသည်မှာ အုပ်စိုးသူများအပေါ်ပြည်သူများ၏ နာကျည်းခါးသည်းမှုနှင့် အယုံအကြည်မရှိမှုကို ဗြောင်အတိအလင်းဖော်ပြသည့် မြန်မာ့ဝိသေသပါသော လူထုဆန္ဒပြမှုတစ်ခုသာဖြစ်ပါသည်။ “တောမီးကိုငြှိမ်းဖို့ မီးနဲ့လှန်ရှို့ငြှိမ်းရမည်”ဟု ပြောကြဆိုကြသည်မဟုတ်လား။ အခုလည်း အစွဲအလန်းရှိသူ/
0 comments:
Post a Comment