Tuesday, November 22, 2016

မယာ သို့မဟုတ် မာယာ(မြသန်းတင့်)

0 comments
ခရစ်နှစ် ၉၀၀ လောက်တွင် မာယာတို့၏ နိုင်ငံတော်ကြီးသည် အဘယ်ကြောင့် ဗုန်းဗုန်းလဲ ပျက်စီးပျောက်ကွယ် သွားခဲ့ပါသနည်း။ စင်စစ် တောင်အမေရိကတိုက်က အပူပိုင်းဇုန် တောကြီးမြက်မဲထဲတွင် ယခု တွေ့နေရသည့် မာယာတို့၏ မြို့ဟောင်းသည် နဂိုရှိခဲ့သည့် မာယာတို့၏ ၁ ရာနှုန်းမျှပင် မရှိဟု ရှေးဟောင်း သုတေသန ပညာရှင်များက ဆိုကြသည်။ များလှစွာသော ရှေးဟောင်း သုတေသန ပညာရှင်များ၊ အနုပညာသမိုင်းဆရာများ၊ ကျောက်စာဗေဒ ပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များ၊ ၀ံသဗေ သမိုင်းပညာရှင်များ၊ ဘာသာဗေဒ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များသည် မာယာတို့၏...

Monday, November 21, 2016

လက်သန်းပြာ အဌကထာဆရာများ (မျိုးမြင့်ချို)

0 comments
ရှင်အနုရုဒ္ဓါနဲ့ ရှင်ဗုဒ္ဓဃောသတို့အပါအဝင် လက်သန်း အဌကထာဆရာတွေက မြတ်ဗုဒ္ဓရဲ့တရားဒေသနာတွေ အဘိဓမ္မာတွေဟာ နက်နဲလွန်းလို့ လူသာမန်တွေသဘောမပေါက်နိုင်ဘူး၊ ဒါ့ကြေင့် လူ့နလပိန်းတုံးတွေနားလည်အောင် ချဲ့ပြ ဖွင့်ပြရမယ်ဆိုပြီး ချဲ့လိုက်ဖွင့်လိုက်ကြတာမှာတင် သူတို့အာဘော်တွေပါပါလာပြီး ဒွေးရောယှက်တင်တွေဖြစ်ကုန် ရှုပ်ထွေးကုန်တော့တာပဲလို့ ဆရာသမားတွေဆိုတာ မှတ်ဖူးတယ်။ တရားရင်းနဲ့ လက်သန်းအဌကထာ ဘယ်လိုကွာနေတယ်ဆိုတာကို အပိုဒ်လိုက်ထောက်ပြ ယှဉ်ပြ နှိုင်းပြတာလည်း ဖတ်ဖူးတယ်။ ကျနော်တွေးတာက မြတ်စွာဗုဒ္ဓဟာ သိစရာရှိသမျှ အကြွင်းမဲ့သိမြင်သွားသူဖြစ်တော့...

တသောင်းတန် အာစေး (မျိုးမြင့်ချို)

0 comments
(တသောင်းတန် အာစေး) ရန်ကုန်မြို့အခြေစိုက် အထိုက်အလျှောက်ကြီးတဲ့ကုမ္ပဏီတခုမှာ ကျနော့်မိတ်ဆွေတယောက် အလုပ်လုပ်ပါတယ်။ သူက ထုပ်လုပ်ရေးတိ့ အရောင်းမြှင့်တင်ရေးတို့ သယ်ယူပို့ဆောင်ရေးတို့လိုနေရာတွေမှာမဟုတ်ပဲ ရုံးလုပ်ငန်းဆိုင်ရာမှာလုပ်တာဖြစ်ပါတယ်။ သူ့အတတ်ပညာ သူ့အတွေ့အကြုံ သူ့လုပ်သက်နဲ့နှိုင်းတော့ တလတလ သူရနေတဲ့လခကလည်း ဒေါ်လာ ၅ ရာမပြည့်ပါဘူး။ ဒါပေမယ့် အခြားအခွင့်အလမ်း လည်း မရှာတတ် မိသားစုနဲ့အိုးမကွာအိမ်မကွာနေချင်တာလည်းပါတော့ ရသမျှလခလေးနဲ့အောင့်အီး ရတာလေးနဲ့ဝအောင်စားဆိုတဲ့ မွဲဆေးဖော်ဂါထာကြီးတွင်တွင်ရွတ်...

မုဒိန်း (မျိုးမြင့်ချို)

0 comments
မုဒိန်းကျင့်တာဟာ လူမျိုး ဘာသာနဲ့လည်း မဆိုင်ဘူး။ ဘုန်းကြီးဖြစ်လို့ ဗလီဆရာဖြစ်လို့ သင်းအုပ်ဆရာဖြစ်လို့တွေနဲ့လည်းမဆိုင်ဘူး။ မုဒိန်းသမားဟာ မုဒိန်းသမားပဲ။ မုဒိန်းကောင်ကို မုဒိန်းကောင်အဖြစ် ရှင်းရှင်းမြင်ဖို့ကြည့်ဖို့ပဲ။ ဝီရသူဆိုတဲ့နာဇီဂတုံးကောင်ပြောတဲ့“ကုလားရှိရင်မုဒိန်းရှိမယ်“ကို တန်ပြန်ဖို့ ဘုန်းကြီးမုဒိန်းကောင်တွေအကြောင်း လိုတာထက်ပိုပြီး ဖော်ကြပြကြဝေကြငှကြတာဟာ ကောင်းတယ်လို့ကျနော်မထင်ဘူး။ သတင်းတခုမို့ဖြန့်တယ်ဆိုတာထက် ပိုတဲ့အနက်ပါနေတယ်။ မုဒိန်းကောင်ဟာ ဂတုံးနဲ့ သကန်းနဲ့လည်းဖြစ်ချင်ဖြစ်မယ်၊...

ဒေါ်နယ်လ်သေနတ်(မျိုးမြင့်ချို)

0 comments
အခု ဒီ လေးငါးလအတွင်းမှာ ဖို့တ်ဝိန်းနေ ဗမာတွေ သေနတ်အတော်ဝယ်ကြတာ သတိထားမိတယ်။ အတိုရော အရှည်ရောပဲ။ အရင်က အကောင်ပလောင်လေးပစ်ဖို့ သေနတ်လိုင်စင်မလို အမဲပစ်လိုင်စင်သာလိုတဲ့ ပြောင်းရှည်တွေလောက် ရှိတဲ့သူလည်း ခုဆို လိုင်စင်ယူရတဲ့ ပြောင်းတိုတွေ ဆောင်လာကြတယ်။ အရင်က သေနတ်ဆိုလို့ သရက်သီးသနပ်တောင် မစားတဲ့သူတွေ ခုတော့ အတိုလေးတွေ မိန်းမကိုင်လေးတွေ ဝယ်ဆောင်ကြပြီ။ ဟိုနေ့က ကျေးလက်မင်းကြီး Rural King လို့ခေါ်တဲ့ လယ်သမားပစ္စည်းရောင်းတဲ့ဆိုင်သွားပြီး ကြက်စာဝယ်တော့လည်း သေနတ်ရောင်းတဲ့ဆက်ရှင်မှာ လူတွေ ဝယ်နေလိုက်ကြတာမှ ...

ကြွေးနွံ (မျိုးမြင့်ချို)

0 comments
ကြွေးနွံ (မျိုးမြင့်ချို) ရွှေပြည်ကြီးကလူတွေဟာ မိခင်ဝမ်းကြာတိုက်မှာ ကာလလရေကြည်သန္ဓေတည်ကတည်းက အကြွေးလည်ပင်းခိုက်ရတဲ့ဘဝတွေပါ။ တက်လာသမျှအစိုးရအဆက်ဆက်က နိုင်ငံတော်အမည်ခံပြီး နိုင်ငံတကာက၊ ကမ္ဘာ့ဘဏ်က၊ နိုင်ငံငံတကာငွေကြေးအဖွဲ့အစည်းတွေကနေ ဘာစီမံကိန်းအတွက် ဘာဖွံ့ဖြိုးရေးအတွက် ဘာနှိမ်နင်းရေးအတွက် ဘာအတွက်ညာအတွက် အကြောင်းပြချက်တွေနဲ့ လက်ဖြန့်တောင်းတဲ့အခါတောင်း မျက်နှာပြောင်တိုက်ပြီး ချေးတဲ့အခါချေးခဲ့ကြတယ်။ လက်ဖြန့်လို့ရတာတွေက စေတနာသုံးတန်ပြဌာန်းပြီး ဘာမှမမျှော်ကိုးပဲပေးတိုက်တာတွေရှိသလို နောက်ကွယ်ကအကြံအစည်နဲ့ပေးတာတွေလည်းရှိပါတယ်။ ချေးငွေမှာကြတော့...

ကျွန်ပ်၏ချစ်လှစွာသော......(မျိုးမြင့်ချို)

0 comments
ပြီးခဲ့တဲ့လက ကန်ထဲကဒိုက်ဆယ်ရင်း အိပ်ထောင်ထဲက တယ်လီဖုန်း ရေထဲကျသွားပါတယ်။ ဖုန်းမရှိပဲ ၂ရက်ကြာမှပြန်တွေးတော့ ကန်ထဲကျသွားတယ်လို့ထင်ပြီး ဆင်းစမ်းတော့ ပြန်တွေ့ပါတယ်။ သုံးစားလို့မရတော့ပါ။ အသစ်တလုံးလည်းမဝယ်နိုင်၊ အလကားထပ်ရမယ့် ဖယ်မလီဖုန်းကန်ထရိုက်သက်တမ်းကလည်း ၂ဝ၁၇ ဖေဖော်ဝါရီမှဆိုတော့ ၃ နှစ်လောက်က ပစ်ထားခဲ့တဲ့ ရိုးရိုးဖုန်းလေးပြန်သုံးပြီး ဆက်သွယ်နေရ အလုပ်လုပ်နေရတာပါ။ ကျနော့်အလုပ်သဘောမှာက ပေးထားတဲ့အဆိုင်းမင်န့်ပြီးတာနဲ့ နေ့မကူးခင် တိုမ်းရှိ TIME SHEET ကို ဖုန်းနဲ့ဓာတ်ပုံရိုက်ရင်ရိုက် မရိုက်ရင်ကွန်ပြူတာမှာ...

Friday, November 18, 2016

မရွယ်ပဲမင်းဖြစ်တဲ့ စော်ကဲသမ္မတ ဇက်ကရီတေလာ (မျိုးမြင့်ချို)

0 comments
(မရွယ်ပဲမင်းဖြစ်တဲ့ စော်ကဲသမ္မတ ဇက်ကရီတေလာ) ဇက်ကရီတေလာဟာ နိုင်ငံရေးအတွေ့အကြုံ နှမ်းတစေ့တောင်မရှိဘဲ သမ္မတအဖြစ်အရွေးချယ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့သလိုမရှိတဲ့ အကျိုးဆက်က ဧကနဲ့ဒွေး ထွေးနေတဲ့ကိစ္စတွေနဲ့ နိုင်ငံရေးပြဿနာတွေအတွက် ကြံစည်တာတာမှန်သမျှ ဖင်တခြားခါးတောင်းကျိုက်တခြား ဖြစ်ခဲ့ပါတယ်။ ဝီလျံဟင်န်ရီဟဲရစ်ဆင်နည်းတူ တေလာ့ကိုလည်းပဲ Whig ပါတီက ပါတီတွင်းသမ္မတလောင်းလျာတွေက စစ်သူရဲကောင်းကြီး ဖြစ်ခဲ့တာတခုတည်းနဲ့ ဝိုင်း ထိုးတင်ရွေးကောက်လိုက်ကြတာဖြစ်ပါတယ်။ ဟဲရစ်ဆင်န်လိုပဲ တိုင်းပြည်ရင်ဆိုင်နေရတဲ့ကိစ္စတွေကို...

Thursday, November 17, 2016

သမ္မတမဖြစ်တာ စကားလုပ်ပြောစရာလား(မျိုးမြင့်ချို)

0 comments
ဒေါ်စုသမ္မတမဖြစ်တာ ၅၉(စ) ပုဒ်မကြောင့်ဆိုတာ ဘယ်သူမှမငြင်းဘူး။ စကားလုပ်ပြောနေရမယ့်ကိစ္စတောင် မဟုတ်တော့ဘူး။ ပြောနေကြတာက အဲ့ဒီပုဒ်မပြုတ်သွားလို့ သမ္မတဖြစ်ခဲ့ရင်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံကိုမဖျက်နိုင်ရင် တနည်းပြောရရင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်မဖျက်သိမ်းနိုင်ရင် စစ်တုတ်ထိုးသမ္မတ စစ်ရုပ်သေးသမ္မတထက်မပိုဘူး။ သိန်းစိန်လည်း အဲ့ဒီသမ္မတမျိုးဆိုပေမယ့် သူက စစ်အုပ်စုဝင်၊ လူယုံ၊ သမ္မတလေးဦးထင်ကျော်ထက် အပုံကြီး လုပ်သာတယ်၊ လုပ်လို့ရသေးတယ်။ သူတို့အချင်းချင်း ချဲ့ပေးထားတာတွေအများကြီး။ လွှတ်တော်ကလည်း သိန်းစိန်အစိုးရကို...

ကား (မျိုးမြင့်ချို)

0 comments
ထမင်းဖိုးရှာတဲ့အလုပ်ကို ဒီနေ့ကစ ပြန်လုပ်ရမယ်။ ကြားထဲမှာ ကျန်းမာရေးမကောင်းတာရယ် စိတ်လေတာရယ် စိတ်ကျတာရယ်ပေါင်းပြီး ဘာအလုပ်မှမလုပ်နိုင် မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီ့အရင်က ရှာထားတာလေးရယ် မိန်းမလုပ်စာရယ်ကိုထိုင်စားရင်း ဖေ့စ်ဘွတ်ခ်ပေါ် ဘုတွေချည်း တက်တက်တောနေတာ။ ဒီနေ့တော့ အဆိုင်းမင်န့် ၂ ခု ရထားတယ်။ တခုကို တနာရီကြာ စကားပြန်လုပ်ပေးရပါမယ်။ ၂ နာရီစာလုပ်ခ ရပါမယ်။ ကျနော်တို့ ၂ ယောက်ပေါင်းမှာ ကားပိစိကွေးလေးတစင်း ရှိပါတယ်။ တချို့ဆို ကားထဲဝင်ထိုင်ရတာတောင် အသက်ရှူကြပ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် အဲ့ဒီ ကားပိစိလေးက...

Sunday, November 13, 2016

အမေရိကန် ဖောင်ကားစားမောင်မောင်သမ္မတ (မျိုးမြင့်ချို)

0 comments
(အမေရိကန် ဖောင်ကားစားမောင်မောင်သမ္မတ) ဝီလျံ ဟင်နရီ ဟဲရစ်ဆင်န်ဟာ သမ္မအဖြစ်နဲ့ ကိုယ်စွမ်းကိုယ်စ ပြခွင့်မရလိုက်ရှာတဲ့၊ သက်တမ်းအတိုဆုံး အမေရိကန်သမ္မတပါ။ သူဟာ ၁၈၁၂ ဇွန်ကနေ ၁၈၁၅ ဖေဖော်ဝါရီအထိ အမေရိကန်နဲ့ဗြိတိသျှတို့ဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရက်ဒ်အင်ဒီယန်းတွေကို အပီချေမှုန်းနိုင်တဲ့၊ စစ်တိုက်ကောင်းတဲ့ ဗိုလ်မှူးချုပ်ကြီးဆိုပြီး နံမည်ကြီးခဲ့သူဖြစ်ပါတယ်။ သမ္မတအင်န်ဒရူးဂျက်ဆင်လည်း သူ့လိုပဲ အဲ့ဒီစစ်ပွဲတွေမှာ နံမည်ထွက်ခဲ့သူပါဘဲ။ အဲ့ဒီစစ်ပွဲမှာ ဗြိတိသျှတို့ရဲ့ မြောက်အမေရိကမဟာမိတ်က ဒေသခံရက်ဒ်အင်ဒီယန်းတွေဖြစ်ပါတယ်။...

Wednesday, November 9, 2016

လက်ပတ်နာရီနဲ့ ၆၆(ဃ) (မျိုးမြင့်ချို

0 comments
ကျနော့်အမြင်မှာတော့ ပုဒ်မ ၆၆(ဃ)ဟာ ရှိသင့်တယ်လို့မြင်တယ်။ ဘယ်သူတွေက ဘယ်ပုံဘယ်နည်း ကျင့်သုံးကြမလဲဆိုတာဘဲ စကားပြောတာ။ လူတယောက်ကိုလူသိရှင်ကြား မဟုတ်မမှန် အမနာပပြောဆို ထိုးနှက်တာတွေကိုဟန့်တားဖို့လိုအပ်တဲ့ပုဒ်မလို့တွေးတယ်။ နောက်တချက်က ဒီပုဒ်မကို နိုင်ငံရေးအတွက်သုံးမယ် မသုံးဘူးဆိုတာလည်းတွေးစရာဖြစ်လိမ့်ထင်တယ်။  နိုင်ငံရေးသမားဆိုတာကတော့ အာဏာရှိရှိ မရှိရှိ၊ အာဏာရရ မရရ သူ့ပြိုင်ဘက်က နည်းမျိုးစုံနဲ့ ထိုးနှက်မှာပဲ။ နိုင်ငံရေးရော ပုဂ္ဂိုလ်ရေးရောပဲ။ ငယ်ကျိုးငယ်နာရောအကုန်ဖော်မှာပဲ။ ဟုတ်တာရော မဟုတ်တာရော၊...

Selma ကြည့်ဖြစ်ခြင်း(မျိုးမြင့်ချို)

0 comments
တိုက်ဆိုင်တယ်လို့ပဲပြောရမှာပါ။ ညက ကျနော်နဲ့ဇနီးသည် ရုပ်ရှင်တကားအစအဆုံးကြည့်ဖြစ်တယ်။ တခါမှ ကျနော်တို့ ၂ ယောက် တထိုင်တည်းနဲ့ ရုပ်ရှင်တကားပြီးအောင် မကြည့်ဖူးဘူး။ ၂ ခါ ၃ ခါ ခွဲပြီးကြည့်ကြတာများတယ်။ ညကတော့ ထူးထူးဆန်းဆန်းပဲ။ တီဗီချယ်နယ်လ်တွေ ဘယ်ချယ်နယ်လ်ဖွင့်ဖွင့် ရွေးကောက်ပွဲသတင်းတွေချည်း လျှံနေတော့ စိတ်ပျက်တာနဲ့ “အဲ့ဒါတွေ တရေးနိုးမှ ထကြည့်မယ်ကွာ၊ ခု ရုပ်ရှင်တကားလောက်ကြည့်ရအောင်ဆိုပြီး လက်နားနီးတဲ့အခွေ တခွေ ဆွဲထုတ်လိုက်တယ်။ ကားနံမည်က Selma တဲ့။ ဒါရိုက်တာက 12 years a Slave ရိုက်ခဲ့တဲ့ထုပ်လုပ်သူလည်းဖြစ်ခဲ့တဲ့...

အနောက်တခွင်လုံးနီ(မျိုးမြင့်ချို)

0 comments
အန်ကယ်လ်ဆမ်ကြီးတော့ အိမ်နီတော်နဲ့ လွှတ်တော်နီဖြစ်သွားပြီ။ တပြည်လုံးကို ရဲရဲတောက်နေတာပဲ။ အရှေ့တခွင်လုံးနီနဲ့တော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သလို လားလားမှလည်းမဆိုင်ဘူး။ လက်ယာစွန်းမှာ နီတယ်ဆိုတာ “သွေး“လို့အနက်ယူရင် “မြေကျ“ရဦးမှာတွေ လာစရာရှိတယ်ထင်တယ်။ ဖွဲ့စည်းပုံနဲ့ဆန့်ကျင်ဘက် ဘာ ထော်လော်ကန့်လန့်မှလုပ်မရဘူး၊ နေရာတိုင်းမှာ ချက်အင်န်ဒ်ဘဲလင်န့်စ် လုပ်ထားတယ်ဆိုပေမယ့် ဒါဟာ နိုင်ငံရေးပါ။ လူထုပါရင်သမ္မာကျမ်းစာတောင် ပြာချလို့ရတာပဲမဟုတ်လား။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဗမာစစ်အုပ်စုကထင်သလို ဘုရားဟောနှုတ်ကပတ်တော်မှ...

စင်္ကြဝတေးရွေးပွဲဆိုပဲ(မျိုးမြင့်ချို)

0 comments
ဖို့တ်ဝိန်းမှာ ဒီနေ့ တနေကုန်လိုလို မိုးရွာမယ်လို့ဆိုတယ်။ ဒီနေ့ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ အပြီးသတ်မဲထည့်ရမယ့်နေ့လည်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကြိုတင်မဲ Early Vote ပေးပြီးပါပြီ။ မဲသွားပေးတဲ့နေ့က ၃ နာရီနီးပါးလောက် တန်းစီလိုက်ရပါတယ်။ မဲရုံတာဝန်ကျသူတွေက “ဒီတကြိမ် မဲလာပေးတဲ့လူအရေအတွက်ဟာ စံချိန်များတင်မလားမပြောတတ်ဘူး“လို့ဆိုတယ်။ ခုလည်း မိုးမလင်းသေးဘူး မဲပေးရမယ့်နေရာတွေမှာ လူတန်းရှည်ကြီးတွေမှ မြင်မကောင်းဘူး။ တချို့မဲရုံတွေမှာ ၃ နာရီကျော်တောင် စောင့်ရတယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးတွေ ရွေးကောက်ပွဲတွေကို...

ရပ်ကွက်ထဲမှာ ဒီလိုပဲ (မျိုးမြင့်ချို)

0 comments
အင်န်အယ်လ်ဒီ စစ်တပိုင်းအစိုးရ ကာလတခုသာကြာသွားရော တိုင်းပြည်အတွက် ဘာမှ  ဟုတ်တိပတ်တိတိုးတက်မလာသလို ဘာအပြောင်းအလဲမှလည်း သိသိသာသာမမြင်ရဘူးဆိုတဲ့သဘော ဝေဘန်သူတွေနဲ့  အတိုက်အခံတွေကပြောတော့ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းဝေဘန်တာကိုကြိုက်တယ်ကြိုဆိုတယ်... ဆိုတာလောက်မှာတင်ရပ်ထားလိုက်ပြီးရော။  ဒါမှမဟုတ်ဆက်ချင်သေးလည်း ရှေ့လျှောက် သိသာမြင်သာအောင်လုပ်ပြပါ့မယ် ဘာညာလေးပေါ့။ ပြီးတော့  အခုအခံတွေကကြီးလွန်းလို့ လုပ်မရတာပါဘာဘညာလေးလည်း ထည့်ထဲ့လိုက်ပေါ့။ ခုတော့ မဟုတ်ဘူး။  ကျမတို့အစိုးရက...

(၈၈ ငြိမ်းပွင့်ကြီးများသို့) မျိုးမြင့်ချို

0 comments
(၈၈ ငြိမ်းပွင့်ကြီးများသို့) မျိုးမြင့်ချို နိုင်ငံရေးပါတီထောင်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ဝင်ကစွပ်နိုင်ငံရေးသမားလုပ်ဖို့ကြတော့လည်း ဖြိုးမင်းသိမ်းတို့လို မျက်နှာပြောင် အတော်ကြီးတိုက်နိုင်လွန်းပါမှ။ ငတေမာစိတ်နဲ့ ရှစ်စပ်ကဂျင်ခြေလည်လုပ်ရပ်နဲ့သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ဝံ့တဲ့အတွေးမျိုးနဲ့ စတာတွေရှိပါမှရတာ။၈၈ ငြိမ်းပွင့်တချို့လည်း ဒါတွေကို ကိုယ်တွေထက် ပိုသိပုံပေါ်ပါတယ်။ အင်န်အယ်လ်ဒီဝင်ကစွပ်လုပ်ပြီး အမတ်လုပ်မယ့်အကြံအစည်ပျက်သွားကတည်းကပါတီထောင်မယ် တကဲကဲနဲ့ မောင်းတင်နေတာ ခုထိမထောင်ဖြစ်သေးဘူး။  ကျနော့်သဘောကတော့...

ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား (အေးငြိမ်း)

0 comments
ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား (ဖောင်ပိတ်) အေးငြိမ်း (အရေးတော်ပုံဂျာနယ်၊ အတွဲ ၂- အမှတ် ၇) ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။  (၁) ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့...