ခေတ်သစ်မြန်မာ့သမိုင်း - ၄၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
၁၇၉၈ ခုနှစ် ပြင်သစ်တော်လှန်ရေး အပြီးမှာ နပိုလီယံရဲ့ နယ်ချဲ့ဝါဒ ခေါင်းထောင်ထလာပြန်တယ်။ ဒါပေမဲ့ သူက ဥရောပမှာ အလုပ် သိပ်ရှုပ်နေတယ်။ အရှေ့ဖျားဒေသတွေကို စွန့်လွှတ်ဖို့ စိတ်ကူးနေရပါပြီ။ ၁၈၄၈ ခုနှစ်မှာ လူဝီနပိုလီယံ အာဏာရလာတယ်။ ၁၈၅၂ ခုနှစ်မှာ အင်ပါယာပြည့်ရှင် နပိုလီယံ ၃ ဘွဲ့ခံလိုက်တယ်။ သူက ပြင်သစ်နယ်ချဲ့ဝါဒ အဟောင်းကို ပြန်ပြီး အသက်သွင်းတယ်။ ၁၈၇၀ ပြည့်နှစ်ကျတော့ နပိုလီယံကို ဖြုတ်ချပြီး တတိယမြောက် ပြင်သစ် သမ္မတနိုင်ငံတော် (၁၈၇၀ - ၁၉၄၀) ကို တည်ထောင်ကြပြန်တယ်။ ဒါပေမဲ့ သမ္မတနိုင်ငံ ဂိုဏ်းသားတွေကလည်း နယ်ချဲ့ မူဝါဒကို ဆက်ပြီး စွဲကိုင်တယ်။ အကျိုးဆက်ကတော့ အရှေ့တောင် အာရှမှာ ပြင်သစ်သြဇာ စတင် ချဲ့ထွင်လာတာပါ။ ၁၈၅၂ ခုနှစ်မှာ ကိုချင်ချိုင်းနားကို သိမ်းပိုက်တယ်။ ၁၈၆၇ ခုနှစ်မှာ ကမ္ဗောဒီးယားကို သိမ်းယူတယ်။ ကင်းဝန်မင်းကြီး ခေါင်းဆောင်တဲ့ မြန်မာသံအဖွဲ့က ပဲရစ်ကို ရောက်ပါတယ်။ ပဲရစ်မှာ သံအဖွဲ့ကို လိုလိုလားလား လက်ခံတယ်။ ၁၈၇၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှာ ပြင်သစ်မြန်မာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ကို ချုပ်ပါတယ်။ ဒါပေမဲ့ ဒီကူးသန်းရောင်းဝယ်ရေး စာချုပ်ကိုလည်း မင်းတုန်းမင်းက အတည်မပြုပါဘူး။
မင်းတုန်းမင်း မရှိတဲ့နောက် သီပေါမင်းက မြန်မာပြည်မှာ အင်္ဂလိပ်ရဲ့ သြဇာကို လျှော့ချဖို့ ကြံစည်တယ်။ ပြင်သစ်နဲ့ မဟာမိတ်ဖွဲ့ပြီး ခုခံတိုက်ခိုက်ဖို့ ကြိုးစားပါတယ်။ ၁၈၇၉ ခုနှစ်ကျတော့ ဗြိတိသျှက အာဖဂန်နစ္စတန်နဲ့ ဇူးလူးစစ်ပွဲတွေမှာ အလုပ်များနေတယ်။ ဒါကြောင့် မြန်မာပြည်မှာ ဖြစ်နေတာတွေကို သိပ်ပြီး အာရုံမစိုက်နိုင်ဘူး။ အထက်မြန်မာပြည်ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်မှာ အင်္ဂလိပ်ကရှိနေပြီး အရှေ့ဖက်မှာတော့ ပြင်သစ်က အိမ်နီးချင်း ဖြစ်နေတယ်။ ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြင်သစ်နဲ့ ပဋိညာဉ်စာချုပ် လက်မှတ်ထိုးတယ်။ စာချုပ်မှာ ပါဝင်တဲ့ အချက်အလက်တွေက
၁။ ပြင်သစ်ကို မန္တလေးမှာ ဘဏ်ထောင်ခွင့်ပြုတယ်။ ဘုရင်ကို ၁၂.၅ % အတိုးနဲ့ ငွေချေးမယ်။
၂။ ပြင်သစ်ကို ပတ္တမြားတွင်းတွေ တူးဖော်ခွင့် ပေးမယ်။ ငွေချေး အာမခံအနေနဲ့ ကျွန်းသစ်ကို လက်ဝါးကြီးအုပ်ခွင့် ပြုမယ်။
၃။ မန္တလေးကနေ ပြင်သစ်အင်ဒိုချိုင်းနားကို မီးရထားလမ်းတည်ဆောက်ဖို့ ပြင်သစ်ကို ခွင့်ပြုမယ်။
၄။ မီးရထားလုပ်ငန်းရဲ့ အကျိုးစီးပွားကို အာမခံတဲ့အနေနဲ့ မြစ်ကြောင်း အကောက်ခွန်နဲ့ ရေနံထုတ်လုပ်မှုကို ပြင်သစ်က ချုပ်ကိုင်မယ်။
၂။ ပြင်သစ်ကို ပတ္တမြားတွင်းတွေ တူးဖော်ခွင့် ပေးမယ်။ ငွေချေး အာမခံအနေနဲ့ ကျွန်းသစ်ကို လက်ဝါးကြီးအုပ်ခွင့် ပြုမယ်။
၃။ မန္တလေးကနေ ပြင်သစ်အင်ဒိုချိုင်းနားကို မီးရထားလမ်းတည်ဆောက်ဖို့ ပြင်သစ်ကို ခွင့်ပြုမယ်။
၄။ မီးရထားလုပ်ငန်းရဲ့ အကျိုးစီးပွားကို အာမခံတဲ့အနေနဲ့ မြစ်ကြောင်း အကောက်ခွန်နဲ့ ရေနံထုတ်လုပ်မှုကို ပြင်သစ်က ချုပ်ကိုင်မယ်။
တိကျခိုင်မာတဲ့ သုံးနှုံးဖော်ပြချက်တွေ မပါဝင်ပေမဲ့ မြန်မာပြည်ဟာ ပြင်သစ် အစောင့်ရှောက်ခံ ဖြစ်သွားပြီဆိုတဲ့ သဘောပါပဲ။ ဒါက အင်္ဂလိပ် ကျူးကျော်မှုကို ဖိတ်ခေါ်လိုက်တာပါ။
0 comments:
Post a Comment