Friday, January 27, 2017

ငယ်ဖြူမို့မသိတတ်ခဲ့ပါ(မျိုးမြင့်ချို)

0 comments
(ငယ်ဖြူမို့မသိတတ်ခဲ့ပါ) ကျောက်ဆည်နေတုန်းက သူငယ်ချင်းတယောက်ရဲ့အဒေါ်အပျိုကြီးက အိမ်ကို နေ့တိုင်း ထိုင်ဆွမ်းလာတဲ့ဦးဇင်းလေးနဲ့ ခိုးရာလိုက်ပြေးတယ်။ အဒေါ်အပျိုကြီးက ဘွဲ့ရ။ ဆွေမကင်းမျိုးမကင်း တောကအိမ်ဖော်မိန်းကလေး ၂ ယောက်နဲ့အတူ တိုက်ကြီးတလုံးနဲ့နေတယ်။ ခြံဝင်းက အကျယ်ကြီး။ အဲ့ခြံကြီးထဲမှာ ဆေးလိပ်ခုံခွဲတခုလည်း ထောင်ထားတယ်။ ဆေးလိပ်သမ အယောက် ၃ဝ လောက်ရှိတယ်။ ပြီးတော့ အတိုးပေးတယ် အပေါင်လည်းခံတယ်။ လက်ကြီးသမားမဟုတ်ပေမယ့် သိတ်သေးသေးကွေးကွေးတော့လည်း မဟုတ်ဘူး။ ဈေးထဲမှာလည်း အလှကုန်ဆိုင်ဆိုလားမသိဘူး ဖွင့်ထားသေးတယ်။...

Thursday, January 26, 2017

တောင်းလို့မရတဲ့ကိစ္စ(မျိုးမြင့်ချိ၊ု၊)

0 comments
ဒေါ်အောင်ဆန်းစုကြည် အာဏာမရတာက စစ်တပ်မပေးလို့ မရတာမဟုတ်။ ပြည်သူက မပေးတော့လို့ မရတော့တာ။ ၈၈ မှာ အသက်တွေဘဝတွေနဲ့ရင်းပြီး တကြိမ်။ ၉ဝ ရွေးကောက်ပွဲမှာ ယုံကြည်ကိုးစားမှုတွေနဲ့ တကြိမ်၊ ၂ဝ၁၅ မှာ မျှော်လင့်ချက်မီးတောက်လေးမငြိမ်းခင် တကြိမ်။ ၃ ကြိမ် ၃ ခါ ပေးခဲ့ပြီးပြီ။ အာဏာအပ်ခဲ့ပြီးပြီ။ လူထုပေးတဲ့အာဏာကိုမယူဝံ့ဘဲ၊ မယူရဲဘဲ ဒီမိုကရေစီကို စစ်တပ်ဆီသွားလက်ဝါးဖြန့်ခဲ့တယ်။ စစ်တပ်ကပေးသလောက်ပဲယူမယ်ဆိုတဲ့ မိမိရဲ့နိုင်ငံရေးသိမ်ငယ်စိတ်ကိုဖုံးကွယ်လိုဇောကြီးပြီး စစ်တပ်ကပေးသလောက်ပဲရမယ်ဆိုတဲ့မမှန်ဝါဒဖြန့်မှုနဲ့အတူ...

အိမ်ရှေ့စံဖြစ်ဖြစ် အိမ်သာစောင့်ဖြစ်ဖြစ်(မျိုးမြင့်ချို)

0 comments
ညက ဒေါက်တာတင်မာအောင်ကို အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ သူက မြင်းဖြူကြီးတွေအများကြီးဆွဲတဲ့ နတ်ရထားလိုဟာကြီးပေါ်မှာ ထိုင်လို့ပဲ။ နောက် ဘာဖြစ်တာလည်းမသိဘူး ရထားထဲက အသံအကျယ်ကြီးထွက်လာ မီးခိုးဖြူဖြူတွေအူလာပြီး ဝုန်းဆို ပျောက်သွားတယ်။ နောက်လည်းကျရော သူက ခါးတောင်းကျိုက်နဲ့ ဓားမတိုတချောင်းခါးထိုးပြီး နေခြစ်ခြစ်တောက်ပူနေတဲ့ အရိပ်မရှိအပင်မရှိ ကျပ်တီးကုန်းလိုလို လွင်တီးခေါင်လိုလိုနေရာမှာ တယောက်တည်း လျှောက်သွားနေတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ဘာတွေလည်း မသိဘူးရွတ်နေတယ်။ ကျနော် စိတ်မကောင်းသလိုဖြစ်ပြီး အနားသွားကပ်လိုက်တော့...

ဘုရားကြိုက်တာတော့လုပ်ပြီး(မျိုးမြင့်ချို)

0 comments
(ဘုရားကြိုက်တာတော့လုပ်ပြီး ဘုရားကြိုက်သူ ကြိုက်အောင်တော့မလုပ်ပေးမယ့်လူ) သမ္မတရွေးကောက်ပွဲမတိုင်က ဖို့တ်ဝိန်းမှာ တမြို့တည်းနေတဲ့ ကျနော့်မိတ်ဆွေ ချင်းအမျိုးသားတယောက်က ခင်ဗျား ဘယ်သူ့ကို မဲပေးမှာလဲဗျလို့ မေးဖူးတယ်။ ဗမာပြည်ဖွားတွေထဲကတချို့မှာ အဲ့သလို မေးလေ့ပြောလေ့ရှိပေမယ့် အများစုမှာတော့ ဒီအလေ့ကအလွန်နည်းသွား ပါးရှားသွားပါပြီ။ ကျနော့်ဇနီးတောင် ရွေးကောက်ပွဲပြီး ဒေါ်ကြီးနိုင်တယ်ဆိုတော့မှ ဒေါ်ကြီးသမ္မတဖြစ်အောင်လုပ်သူတွေထဲ သူမပါဘူးလို့ပြောမှ သူ ဒေါ်ကြီးကို မဲမပေးခဲ့ပါလားလို့သိရတာ။ ဒါတောင် သူဘယ်သူ့ကိုပေးခဲ့မှန်း...

Monday, January 23, 2017

ရဲထဲ ရဲရဲဝင်ကြဖို့ပါ(မျိုးမြင့်ချို)

0 comments
(ရဲထဲ ရဲရဲဝင်ကြဖို့ပါ) ဖို့တ်ဝိန်း ပူးလီးစ်ဒီပါ့တ်မင်န့် FWPD မှာ ရဲ ကြီး/ငယ် ၄၄၄ ယောက်ရှိတယ်တဲ့။ ဗမာပြည်ဖွားမိဘတွေကမွေးတဲ့ကလေးတွေ ရဲထဲဝင်ကြဖို့ စုဆောင်းတာ ဆွယ်တာ ကြာပြီ။ ရဲထဲမရောက်ပဲ စစ်တပ်ထဲချည်း လှိမ့်ဝင်နေကြတယ်။ မိဘ အများစုကလည်း ကိုယ့်သားသမီး စစ်ထဲလိုက်သွားတာကို ဂုဏ်ယူကြတာကိုး။ သားသမီးက မရိန်းထဲကဆို ကားမှာတောင် I am proud of my son/daughter who are Marine တို့ Parents of Marine တို့ ဘာညာဆိုတဲ့ စတစ်ကာတွေကပ်တာ စာတမ်းလေးတွေရေးတာပါ (လူတိုင်းမဟုတ်ပေမယ့်) လုပ်တတ်ကြတာကိုး။ ကလေးအတွက်ကြတော့လည်း...

Saturday, January 21, 2017

နိုင်ငံရေးမြစ်ဆုံ(မျိုးမြင့်ချို)

0 comments
မြစ်ဆုံကိစ္စ ကျနော့်သဘောထား ပြောပါ့မယ်။ ပထမ တချက်က မြစ်ဆုံကိစ္စဟာ နိုင်ငံရေးဖြစ်နေလို့ပါ။ နိုင်ငံရေးဆိုတာ တတိုင်းတပြည်ထဲလောက်အရေးမပြောနဲ့ တကမ္ဘာလုံးနဲ့ဆိုင်တဲ့အရေးတွေမှာတောင် ကိုယ်နဲ့ဆိုင်တယ်လို့ခံယူသူမှန်သမျှ လုပ်ခွင့် ပြောခွင့် ဝေဘန်ခွင့်တွေတင်မက လူအကောင်လိုက်ကြီးပါ ပါဝင်ခွင့်ရှိလို့ပါ။ ဒုတိယတချက်က အမေရိကန်နိုင်ငံသားအဖြစ် ခံယူပြီးပေမယ့် ဗမာနိုင်ငံသား(ဟောင်း)တယောက်အနေနဲ့ ဧရာဝတီအရေးဟာ ဗမာပြည်ထဲမှာနေသူတွေနဲ့ချည်း သက်သက်သာဆိုင်တဲ့ကိစ္စလို့ မခံယူလို့ပါ။ ဗမာပြည်ကနေ နိုင်ငံတကာကို သဏ္ဍန်မျိုးစုံနဲ့ရောက်နေကြသူ...

စစ်အုပ်စုအဆိပ်ရည်ကို တံဆိပ်သစ်ကပ်၊ ပုလင်းသစ်ပြောင်း ထည့်ပေးရတာမျိုးမဖြစ်စေနဲ့

0 comments
စစ်အုပ်စုအဆိပ်ရည်ကို တံဆိပ်သစ်ကပ်၊ ပုလင်းသစ်ပြောင်း ထည့်ပေးရတာမျိုးမဖြစ်စေနဲ့ ပြည်သူ့အာဏာဂျာနယ်၊ အမှတ်(၄၀) ဇန်နဝါရီလ။ ၂၀၁၇.... “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဒီဖော်ပြချက်က စစ်အုပ်စုရဲ့ရပ်တည်ချက်နဲ့ သဘော ထားကို ခြုံငုံဖော်ပြထားချက်ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့အတွေးအခေါ်လို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ ဒီရပ်တည်ချက်နဲ့သဘောထားကို အတွေးအခေါ်အရ၊ သမိုင်း အချက်အလက်အရ၊ ဥပဒေအရပါ အတင်းအကျပ်ကိုင်ပြီး...

ကောင်ကြီးရေ(မျိုးမြင့်ချို)

0 comments
(ကောင်ကြီးရေ) ကြက်ဖတွေများလို့ လွန်ခဲ့တဲ့ ၃ လလောက်က ၆ ကောင် သူများပေးလိုက်ပြီး အဖြူကြီးတကောင်ပဲချန်ထားတာ ဒီနေ့သေပြီ။ ကျနော်က ကောင်ကြီးရေလို့အသံပေးလိုက်တာများ မကြားလိုက် မမြင်လိုက်နဲ့ မြင်လိုက်ကြားလိုက်တာနဲ့ မြောက်ကြွမြောက်ကြွနဲ့ အနားပြေးချလာပြီး ဖိနပ်ဦးကိုနှုတ်သီးကြီးနဲ့ပေါက်လိုက် ခြေနဲ့ယက်လိုက် ခြေသလုံးသားအနောက်ဘက်ကို ကျောနဲ့ပွတ်လိုက် လုပ်တတ်တဲ့ကောင်ကြီး။ သူ့ကြက်မတွေကြားမှာ ခတ်တည်တည်နေသလောက် ကျနော်နဲ့ကြ အသံကအစ ချက်ခြင်းပြောင်းပြီး ခလေးလေးလို ချွဲတတ်နွဲ့တတ်တဲ့ကောင်ကြီး။ အစာလေးနည်းနည်း...

Thursday, January 19, 2017

ငွေလျှော်ဖို့ သက်သက်လောက်ပဲလား(မျိုးမြင့်ချို)

0 comments
(ငွေလျှော်ဖို့ သက်သက်လောက်ပဲလား)ဘာ့စ်ကား(ခရီးသည် သယ်ယူပို့ဆောင်ရေး) လုပ်ငန်းဟာ ငွေတွေသောက်သောက်လဲသဲ့ယူသလို မြက်မြက်ကြီးမြတ်တဲ့ စီးပွားရေးအကြီးစားမဟုတ်ပါ။ ငွေရင်းငွေနှီးလည်း သိတ်ဒီလောက်ကြီး ကြီးလှတယ်လို့မဆိုသာပါ။ စီးပွားရေးလုပ်ငန်းသဘောအရ အာဏာပိုင်တွေ(အစိုးရ)နဲ့ ဝေစားမျှစားလည်း လုပ်စရာမရှိလှလိုသလို နိုင်ငံတကာတွေဘာတွေနဲ့ဆို စပ်ယှက်စရာတောင်မလိုပါ။ ဘဏ်တွေ (ပြည်တွင်းပြည်ပ)နဲ့တော့ ငွေကိစ္စနဲ့ပတ်သက်လို့ အကန့်အသတ်နဲ့ ပတ်သက်ရတာတော့ရှိပါတယ်။ ကားသစ်တွေသွင်းတာ၊ ကား/ယဉ်အပိုပစ္စည်းတွေ မှာတာမျိုးတွေမှာပါ။...

စုပေါင်းခေါင်းဆောင်ရင် မသာအလောင်းတောင် ခေါင်းသွင်းမရ(မျိုးမြင့်ချို)

0 comments
စုပေါင်းခေါင်းဆောင်ရင် မသာအလောင်းတောင် ခေါင်းသွင်းမရ) ငြိမ်းပွင့်အစုနဲ့ကျန်တဲ့အဖွဲ့တွေ ကျန်တဲ့လူတွေပေါင်းပြီး နိုင်ငံရေးပါတီထောင်ဖို့ အားထုတ်ကြတာမှာ အဓိကပြဿနာက ခေါင်းဆောင်မှုအပိုင်းဘယ်လိုရှိမလဲဆိုတာထက် ဘယ်သူခေါင်းဆောင်မလဲ၊ ခေါင်းဆောင် ဘယ်သူလုပ်မလဲဆိုတာ ဖြစ်နေပုံပါဘဲ။ နိုင်ငံရေးပါတီတခုကို အဆင့်ဆင့်ဖွဲ့စည်းတယ်၊ ဒီမိုကရေစီနည်းကျဆုံးဖြတ်မယ်၊ စုပေါင်းလုပ်ဆောင်ကြမယ်၊ အဆင့်ဆင့်နာခံမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ဘယ်လိုဘယ်လောက်ရှိတယ်ပြောပြော အဓိကခေါင်းဆောင်သူတဦးကတော့ ရှိပါတယ်။ ရှိရပါတယ်။ ရှိမှ ရပါတယ်။...

Monday, January 16, 2017

ဒုက္ခနည်းတဲ့ ဒုက္ခိတ(မျိုးမြင့်ချို)

0 comments
(ဒုက္ခနည်းတဲ့ ဒုက္ခိတ) အလုပ်ကတောင် အိမ်ပြန်မရောက်သေးဘူး လုပ်စရာအလုပ်က အီးမေးလ်နဲ့ရောက်နေပြီ။ မနက်ဖြန်ညနေ အပြီးဘာသာပြန် လက်စသတ်တည်းဖြတ်ပြီး ပြန်ပို့ပေးပါတဲ့။ ပိုက်ဆံတော့ရပါရဲ့။ မလုပ်ချင်ဘူး။ မလုပ်လို့လည်း မရဘူး။ ဒီနေ့လည်း မိုင် ၉ဝ လောက်အသွားအပြန်မောင်းပြီး အလုပ်သွားလုပ်ခဲ့တယ်။ မနက်ဖြန်လည်း မြို့တွင်းမှာပဲ အလုပ် ၃ နာရီလောက်လုပ်ဖို့ အဆိုင်းမင်န်ယူထားပြီးပြီ။ တော်ပြီပေါ့ ဒီလောက်လုပ်လည်း စားဖို့သောက်ဖို့လောက်နေပြီပဲဟာ။ ခက်တာက စားဖို့ရပြီဆိုပြီး ခနရပ်လို့ကလည်းမရ။ ခုလုပ်နေတဲ့အလုပ်တွေက...