Wednesday, January 4, 2017

ဥပဒေနဲ့အညီထတဲ့သူပုန်(မျိုးမြင့်ချို)

0 comments
စောစောစီးစီး အံ့စရာတခုပြောပြချင်တယ်။ တတိယနိုင်ငံတခုမှာ အခြေချနေထိုင်နေပြီဖြစ်တဲ့ ABSDF မှာလုပ်ခဲ့ဖူးတဲ့ လက်နက်ကိုင်တော်လှန်ရေးသမား(ဟောင်း)တယောက်နဲ့ ခုနလေးကပဲ စကားပြောဖြစ်ပါတယ်။

သူက စစ်အုပ်စုနဲ့အပစ်ရပ်ထားတဲ့ ABSDF ဗဟိုကော်မတီဝင်ကိုမင်းဌေး(ရမ်ဘို ပါတ်ဖိုးကားထဲမှာ ဗမာစစ်ဗိုလ်နေရာက သရုပ်ဆောင်ဖူးသူ)ကို စစ်အုပ်စုက လမ်းခရီးမှာ ဖမ်းလိုက်တယ်တဲ့။ ခုတရားစွဲမယ်တဲ့။ တပ်တဲ့ပုဒ်မက
မတရားသင်းဆက်သွယ်မှု (၁၇/၁)တဲ့။

ဒါနဲ့ကျနော်က "အဖမ်းခံရတာတော့ ကျနော်လည်းကြားတယ်ဗျ၊ ဘယ်လိုဖြစ်ကြတာတုန်း။ သူက ဘယ်သူနဲ့သွားဆက်သွယ်လို့တုန်းဗျ"ဆိုတော့ "ABSDF နဲ့"တဲ့။ "ဗျာ ခုမှ ပိုရှုပ်ကုန်ပြီ။ အေဘီကလူ အေဘီနဲ့ဆက်သွယ်တာ ဘယ့်နှယ်လို့ အစိုးရကကြားဝင်ပြီး မတရားသင်းပုဒ်မနဲ့ ဖမ်းရပြန်တာလဲဗျ" လို့မေးတော့ 'အပစ်မရပ်သေးတဲ့ ABSDF နဲ့ ဆက်သွယ်လို့"ဆိုပြီးပြောတယ်။
ဒါနဲ့ကျနော်ကဆက်ပြီး"နောက်ပြီး အခုသူတို့လည်း

ကားပါမစ်အပစ်ရပ်သာလုပ်ထားပေမယ့် သူတို့ကို စစ်အစိုးရက ခုထိ တရားဝင်အသင်းအပင်း/အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားလည်း မရှိသေးဘူးလေ။ သဘောက မတရားသင်းအဖြစ်ကနေ တရားဝင် ပယ်ဖျက်ပေးထားတာ မရှိသေးဘူးလေ။ အလုပ်ဖြစ်ပြီးရောဆိုပြီး လွယ်လွယ်ပေးထားတဲ့ နှုတ်စကားတွေပဲ ရှိသေးတာမဟုတ်လား'ဆိုတော့ မိတ်ဆွေက

"ဒီလို နားလည်လိုက်ဗျာ အပစ်မရပ်သေးတဲ့အခြမ်းကလူတွေက "တရားမဝင်သူပုန်" အပစ်ရပ်အခြမ်းကလူတွေက "တရားဝင်သူပုန်"ဆိုပြီး။ ဒါဆို ရှင်းသွားမယ်။ လူခြင်းတူပေမယ့် အသက်ရှူခြင်းကွဲတယ်ဆိုတာမျိုးလိုပေါ့ဗျာ"တဲ့။
အင်းသူပြောမှ ဟုတ်သားဟလို့တွေးမိတယ်။ ကမ္ဘာပေါ်မှာ ဒီလို နှစ်ရှည်လများဖြစ်နေတဲ့ အပစ်ရပ်နဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ရယ်၊ တဖွဲ့တည်းမှာတောင်မှ သူပုန် သူပုန်ခြင်းတောင်မှာမှ ဥပဒေနှင့်အညီ ထခွင့်ရှိသောသူပုန်ရယ်၊ ဥပဒေပြင်ပ ထနေသောသူပုန်ရယ်ဆိုပြီး ရှိတာ။

အင်း မေမေပြောတဲ့ ဥပဒေစိုးမိုးရေးဆိုတာ ဒါနေမယ်။
ဇန်နဝါရီ၂ ၊ ၂ဝ၁၇

0 comments:

Post a Comment