(ငရဲသားချင်းချစ်ခြင်းဖွဲ့)
လောကုတ္တရာယုံကြည်မှု
တနည်းပြောရရင် ဘာသာကိုးကွယ်ယုံကြည်မှုဆိုတာ လူတိုင်း ကိုယ်ယုံကြည်တာက
ပိုကောင်းတယ်ထင်နေကြတာမျိုးချည်းပါ။ ဘယ်ဟာပိုကောင်းတယ်
မကောင်းဘူးပြောရအောင် စံသတ်မှတ်ချက်လည်း ရှိလို့မှမရတာ။
နောက်ပြီး
ယုံကြည်မှုမှာ မဖြစ်နိုင်ဘူးဆိုတာလည်းမရှိဘူး မဟုတ်လား။ ဘာသာတရားကို ဖြစ်နိုင်ပါ့မလားဆိုတဲ့သံသယနဲ့ သွားချည်းကပ်ရင် သဒ္ဓါသဘောပျောက်သွားမှာပဲ။
သိပ္ပံဆိုတဲ့ပေတံလည်း
ဘာသာတရားကိုတိုင်းစရာ အတိုင်းအတာမဟုတ်ဘူး။ သိပ္ပံနည်းကျတယ် မကျဘူးတွေလည်း
အချိန်ကုန်ခံပြောနေလို့မဖြစ်ချေဘူး။ ကျချင်လို့လည်း မဖြစ်ဘူး။
သိပ္ပံနည်းကျမှတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ ကြိုတင်စွဲမှတ်ထားမှု
ပျောက်သွားတော့မပေါ့။ အဲ့ဒါပျောက်မှတော့ ယုံကြည်မှု
ပွန်းပဲ့ပါးလျားသွားတော့မပေါ့။
လောကီအခြေပြုတွေးခေါ်ဆင်ခြင်တုံတရားတွေ
တွေးနည်းကားတွေနဲ့လည်း သွားမတွေးနဲ့။ အလကားပဲ။
လောကီအခြေပြုတွေးခေါ်မြော်မြင်မှုနဲ့ ဆင်ခြင်တုံတရားကိုလည်း
ယုံကြည်ရာကိုအမှန်ပြုဖို့ လက်ကိုင်သွားမထားလေနဲ့။ လွဲမှာပဲ
တက်တက်စင်အောင်ကို။ ဟိုလူတွေက တွေးစရာရှိ ရက်ရက်စက်စက်တွေးသလို
ပြောစရာရှိလည်း ပိုးပိုးပေါက်ပေါက်ပြောတာဆိုတော့ ကိုယ်ပဲမချိမဆန့်ခံရမှာ။
ဆိုတော့
ကောင်းတယ်မကောင်းဘူးလည်း ပြောမနေနဲ့၊ မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်တွေလည်း
ငြင်းမနေနဲ့။ သိပ္ပံနည်းအကျလည်း ပြိုင်မနေနဲ့။ လောကီအတွေးအခေါ်တွေနဲ့လည်း
သွားမတွေးနဲ့။ ထားလိုက်။ ကိုယ်ယုံကြည်ရာကို ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်လေး
ယုံကြည်ခွင့်ရှိရုံမက သူတပါးယုံကြည်တာကိုလည်း လွတ်လွတ်လပ်လပ်လေး
ကိုးကွယ်ခွင့်ရအောင် ဆောင်ကျဉ်းပေးနိုင်ဖို့ပဲ။ ယုံကြည်မှုမှာ
သည်းခံစိတ်မွေးဖို့ပဲ။ စော်ကားမော်ကားမပြောနဲ့ လှောင်တာ သရော်တာ
ပျက်ရယ်ပြုတာတောင် မလုပ်ရင်ကောင်းတယ်။ ဒါလောက်လေး စိတ်ထားတတ်တယ်ဆို
လောကချမ်းသာလှပြီ။
တချို့ကလည်း
ဒီဘာသာဝင်ဖြစ်ရလို့ဂုဏ်ယူတယ်တို့ ဒီဘာသာဝင်မိဘတွေဆီ သန္ဓေတည်လို့
ကံကောင်းတယ်တို့ ပြောကြတာရှိတယ်။ သံသရာတို့၊ နောက်ဘဝရှေ့ဘဝတို့၊ ဘုရားသခင်အလိုတော်ကျတို့ အလ္လာအရှင်အမြတ်အလိုရှိသည့်အတိုင်းတို့ ဘာတို့ညာတို့ဆိုပြီး
ဘာအကြောင်းပြပြ ဒီအမိဒီအဖကလာမွေးပြီးတော့ သူတို့ကိုးကွယ်တာကို ဘုမသိဘမသိနဲ့
ဘာရွေးချယ်ဆုံးဖြတ်မှုမျိုးမှလုပ်ခွင့်မရပဲ လိုက်ကိုးကွယ်ရခြင်းမှာ
ဘာဂုဏ်ယူစရာ ဘာဝင့်ကြွားစရာလိုလိမ့်မလဲ။
လူဖြစ်ရခြင်း
လူပီပီ လူလိုသူလိုနေရခြင်း လူ့လောကကောင်းကျိုး သယ်ပိုးနိုင်ခြင်း
ကျန်းမာပျော်ရွှင် အသက်ရှည်ရခြင်း စတာမျိုးတွေအတွက်တော့ ယူစမ်းပါ
အဲ့ဒီဂုဏ်ကြီး။
အဘိဓမ္မာတွေဘာတွေခဏထား
ရိုးရိုးပဲတွေးကြည့် ဘာသာတိုင်းဟာ သူ့အယူသာသမ္မာဒိဌိ သူနဲ့မတူတာမှန်သမျှ
မိစ္ဆာဒိဌိလို့ဆိုတယ်မဟုတ်လား။ သမ္မာဒိဌိဖြစ်မှသာ နောက်ဘဝတို့ဘာတို့ နတ်ပြည်တို့
ဗြမ္မာ့ပြည်တို့ ကောင်းကင်ဘုံတို့ ဂျန္နတ်သ်တို့ ထာဝရအသက်တာတို့မှန်းနိုင်တာ
မဟုတ်လား။ မိစ္ဆာဒိဌိတွေကတော့ အပါယ်လေးဘုံပဲ၊ ဂျဟန္နမ်ပဲ Hell ပဲမဟုတ်လား။
ဘာသာတိုင်းမှာ ကိုယ်ပိုင်ငရဲနဲ့ နတ်ပြည်တွေ ရှိကြတယ်မဟုတ်လား။
အယူတခုခုမှာ
အစစ်အမှန်ယုံကြည်ပြီး အဲ့ဒီအယူကသွန်သင်တဲ့အတိုင်းနေတဲ့သူတွေ အနည်းဆုံး
သူ့ဘာသာကငရဲတော့ မကျဘူး။ သူများဘာသာက ငရဲကတော့မလွတ်ဘူး။ တခါ အဲ့ဒီမှာမှ
သူ့အယူက သွန်သင်တဲ့အတိုင်းလည်း မနေဘူးဆိုလို့ကတော့ ဘာပြောကောင်းမလဲ။
တွေးကြည့် သူများငရဲရော ကိုယ့်ငရဲပါခံရမှာ။ ၂ ထပ်ကွမ်းပဲ။ ၂ ခါပြန်
ခံရဦးမှာ။ သေပြီဆရာပဲ။
လောကမှာရှင်နေခိုက်မှာတောင်
ဒုက္ခဆိုတဲ့ဟာတွေက များလှပြီ။ ဒီကြားထဲ သေပြီးနောက် ရဦးမယ်ဦဆိုတဲ့ဒုက္ခတွေ
ဘာလို့ ထပ်ဖန်တီးနေတော့မလဲ။ ရှင်တုန်းရှိတဲ့ဒုက္ခဆိုတာတောင်
ဘယ်သူမှသတ်သတ်ကြီး တကူးတက လိုက်ရှာလို့ရကြတာမှ မဟုတ်တာ။ ကောင်းမယ်ထင်လို့လုပ်ရာက
လွဲသွားလို့
ရလာတဲ့ကိစ္စပဲမဟုတ်လား။
ဒုက္လသက်သက်ကို အချိန်ကုန်ရှာတဲ့သူ လောကမှာတယောက်မှမရှိဘူးမဟုတ်လား။
ဆိုတော့ သေပြီးနောက် ကိုယ်မရှာပဲရမယ့်ဒုက္ခအတွက် ဘာ့အတွက် လှည်းအောက်အိပ်မယ် မအိပ်ဘူးတွေးနေဦးမလဲ။ အဲ့ဒီငရဲဆိုတဲ့ဒုက္ခက ကိုယ်ဖန်တီးတာလည်းမဟုတ် ကိုယ်ရှာတာလည်းမဟုတ် လုပ်ကြံသူတစုရဲ့လက်ချက်နဲ့ ကိုယ့်လက်ထဲလာပိုက်မိနေတဲ့ အရှုပ်ထုတ်ကြီး။ ကိုယ်မယူလည်းရ ယူလည်းရတဲ့ ရွေးချယ်ပိုင်ခွင့်ကြီး။ မယုံရင် မယူဘူးလို့ လွှတ်ချကြည့်လိုက်၊ အဲ့ဒီဒုက္ခရှိတယ်လို့ ဘုမသိဘမသိ ဝါဒဖြန့်စားသောက်ကြီးပွားနေသူတွေ သူ့ဒုက္ခသူ့ဘာပြန်ယူသွားလိမ့်မယ်။
ဆိုတော့ သေပြီးနောက် ကိုယ်မရှာပဲရမယ့်ဒုက္ခအတွက် ဘာ့အတွက် လှည်းအောက်အိပ်မယ် မအိပ်ဘူးတွေးနေဦးမလဲ။ အဲ့ဒီငရဲဆိုတဲ့ဒုက္ခက ကိုယ်ဖန်တီးတာလည်းမဟုတ် ကိုယ်ရှာတာလည်းမဟုတ် လုပ်ကြံသူတစုရဲ့လက်ချက်နဲ့ ကိုယ့်လက်ထဲလာပိုက်မိနေတဲ့ အရှုပ်ထုတ်ကြီး။ ကိုယ်မယူလည်းရ ယူလည်းရတဲ့ ရွေးချယ်ပိုင်ခွင့်ကြီး။ မယုံရင် မယူဘူးလို့ လွှတ်ချကြည့်လိုက်၊ အဲ့ဒီဒုက္ခရှိတယ်လို့ ဘုမသိဘမသိ ဝါဒဖြန့်စားသောက်ကြီးပွားနေသူတွေ သူ့ဒုက္ခသူ့ဘာပြန်ယူသွားလိမ့်မယ်။
အဲ့ဒီတော့
ဒီလိုတွေးကြည့် (နတ်ပြည်တွေဘာတွေခနထား) ဘာသာတခုခုကိုးကွယ်မိတာနဲ့ ခင်ဗျားဟာ
ငရဲကျပြီးသားလူဖြစ်နေပြီ။ လွတ်ကိုမလွတ်ဘူး။ တခုတော့ရှိတယ် ငရဲချင်းအတူ
အခံရသက်သာတဲ့ငရဲကိုရွေးတဲ့သဘောနဲ့ ဒီဘာသာကနေ ဟိုဘာသာပြောင်းလို့တော့
ရမယ်ထင်တာပဲ။ အဲ့ဒါလည်း သေချာတယ်လို့ ဘယ်သူဖြေနိုင်မလဲ။
အဲ့တော့
ဘာမှ ငြင်းခုန်မနေကြနဲ့ ခင်ဗျားလည်း ဟိုအယူကနေဆို ငရဲကျမယ့်လူပဲ။ သူလည်း
ဒီအယူကနေဆို ငရဲကျမယ့်သူပဲ။ ငရဲကျမယ့်သူအချင်းချင်း
ငရဲသားလောင်းလေးတွေအချင်းချင်း ငရဲအိုးဇောက်ထိုးမဆင်းခင်လေး
ချစ်ချစ်ခင်ခင်နေကြတာ မကောင်းဘူးလားဗျာ။ (ရေးတာတော့ ရီစရာပဲ မရီရဘူးဆိုရင်
ကျနော် ဟာသမရေးတတ်သေးဘူးလို့ဆိုရမှာပါ)
မျိုးမြင့်ချို ၂ဝ၁၄ အောက်တိုဘာ
0 comments:
Post a Comment