Tuesday, April 8, 2014

လူမှန်ရင် တရားဝင်တယ် (လင်းထင်)

0 comments
လူမှန်ရင် တရားဝင်တယ်  (လင်းထင်)
Kein mensch ist illegal. No one is illegal
ဒါဂျာမဏီမှာစတဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး၊ ဒုက္ခသည်နဲ့လူ့အခွင့်အရေးဆိုင်ရာ လက်ဝဲနိုင်ငံရေးလှုပ်ရှားမှု။
ကိုရီးယား ဂျပန် မလေးရှားအပါအဝင် ကမ္ဘာတလွှားမှာ အိုဘားမားတွေ အပုံအပင်။ အိုဘားမားဆိုတာ ဘားမားကလာတဲ့ အိုဗာစတေးတွေ ဝလုံးတွေ။ လဝကအဖမ်း ဘယ်တော့ခံရမလဲဆိုပြီး ကျီးလန့်စာစားအသက်မွေးရတာပဲ။ ယိုးဒယားမှာလည်း ထိုနည်းတူပဲ၊ ဗမာပြည်က နိုင်ငံရေးနဲ့စစ်ဘေးဒုက္ခသည်ဆိုတာ အသာထားဦး၊ အစားတစ်လုပ်အတွက် ရွှေ့ပြောင်းလာကြတဲ့ဦးရေတွေဟာ သိန်းသန်းချီမယ်ထင်တယ်။
ဒုက္ခသည်ဆိုင်ရာ ဂျနီဗာပဋိဥာဉ်ရဲ့ အဓိပ္ပာယ်သတ်မှတ်မှုအရ ဒုက္ခသည်ဖြစ်ဖို့ရာ ဘာသာရေး နိုင်ငံရေးအပါအဝင် အခြေခံငါးချက် တစ်ချက်မဟုတ်တစ်ချက်အပေါ်အခြေခံ အကြောင်းခံရတယ်။

ဒီလိုအခြေခံအကြောင်းမရှိသူတွေဟာ စီးပွားရေးအလို့ငှာ ရွှေ့ပြောင်းကြသူတွေဖြစ်သမို့ အကာအကွယ်ပြုတာဝန်ယူမှု ပေးစရာမလို၊ မူရင်းနိုင်ငံကိုပြန်ပို့ဆိုပြီး ဒုက္ခသည်ဆိုင်ရာ ဂျနီဗာပဋိဉာဉ်ခံအနောက်နိုင်ငံတွေရဲ့ အထူးသဖြင့် လက်ျာဂိုဏ်းတွေအစိုးရဖြစ်ချိန်မှာ သဘောထား တင်းမာကြသမို့ လူမှန်ရင် တရားမဝင်တဲ့သူမရှိဆိုတဲ့လှုပ်ရှားမှုတွေ ထွက်ပေါ်လာတာ။

လူမှန်ရင် တရားဝင်တယ်ဆိုတဲ့အဓိပ္ပာယ်က ဘာလဲ။ လူမှန်ရင် ပညာသင်ခွင့်ရှိရမယ်၊ ဆေးကုသခွင့်ရှိရမယ်၊ အသက်မွေးဝမ်းကျောင်းခွင့် ရှိရမယ်၊ မိသားစုဘဝတည်ဆောက်ခွင့် ရှိရမယ်၊ အခြေချထားတဲ့ဘဝ အခြေချထားတဲ့နေရာမှာ လုံခြုံခွင့်ရှိရမယ်။

တရားဝင်မှု မဝင်မှုကို ဥပဒေပြုဆုံးဖြတ်တဲ့အလေ့အကျင့်အပေါ် တစ်ခုတည်းသော အလုပ်ဖြစ်မယ့်စံနစ်အဖြစ် ရှူမြင်ကြသူတွေ များဦးမယ် ထင်တယ်။ ဒါဟာ တိုးတက်တဲ့အမြင် မဟုတ်ပါဘူး။ တရားမျှတခြင်းရဲ့အနှစ်သာရဟာ လွှတ်တော် ရုံးတော်တွင်းဥပဒေများမှသီးခြားကင်းပြီး လူ့အသိုင်းအဝိုင်းထဲမှာမဖြစ်ထွန်းရင်၊ လူ့အသိုင်းအဝိုင်းထဲကလူသားတွေ တစ်ဦးကိုတစ်ဦးတာဝန်ခံမှု မပေးရင်၊ ဥပဒေစိုးမိုးမှုရဲ့ အနက်အဓိပ္ပာယ်ဟာ လူ့ဖြစ်တည်မှုကိုဖိနှိပ်ချူပ်ကိုင်ခြင်းနဲ့ သံတူကြောင်းကွဲသက်သက်ဖြစ်တော့မယ်။ ဒီမိုလူ့အခွင့်ရေး ဥပဒေစိုးမိုး ကြားဖူးနားဝများကို တိုးတက်သောနိုင်ငံရေးဘက် ဖိတ်ခေါ်ပါတယ်။ -လင်းထင်
https://www.facebook.com/linayehtin

0 comments:

Post a Comment