"ပဲလှော်နဲ့ လဲစားတယ်"လို့ခေါ်တယ်။ ခုတော့ ရွှေပြည်ကြီးက လူကြီးဝေါဟာရမှာ ဘာမဆို အကုန်လဲစားလို့ရသတဲ့ဗျ။ တလောက ငယ်သူငယ်ချင်းနဲ့ ရာက်တတ်ရာရာပြောရင်း စကားစက ဘော်တယ်လ်မာမူကြီးဆီရောက်သွားတယ
ဒီမှာ သန်းကောင်စာရင်းကောက်တာ
သန်းကောင်သန်းနွှဲကြီးမဟုတ်ပါဘူး ။ အိပ်နေတဲ့လူတွေအတင်းနှိုး ခြင်ထောင်ထဲလည်း ဝင်မကောက်ပါဘူး။
တခြားနိုင်ငံတွေမှာလည်း အဲ့ဒီအတိုင်းပါပဲ။ ရွှေပြည်ကြီးမှာတော့ ကျနော်တို့ငယ်ငယ်က သန်းကောင်စာရင်းဆိုတိုင်း
တကယ့်သန်းကောင်းစာရင်းအစစ်ဗျ။ ညကြီးသန်းကောင် လူတွေကို ဇွတ်နှိုးပြီးတော့ကိုကောက်တာ၊
ကြောက်စရာကြီး/ တံခါးတွေ တဝုန်းဝုန်းထုတဲ့လူကထုတာတောင် မှတ်မိနေသေးတယ်။ ခုတော့ ကောက်ပုံကောက်နည်းပြောင်းသွားတယ်။
ဒီမှာလို အိမ်ကို ဖြည့်ရမယ့်ပုံစံစာရွက်တွေစာတိုက်ကပို့ပေး ဖြည့်ချင်သူဖြည့်ပြီး
စာတိုက်နေပြန်ထည့်လိုက်ရုံပဲ။ မဖြည့်ချင်လို့မဖြည့်လည်း ဘာမှမဖြစ်ပါဘူး။ မဖြည့်မနေရမှ
မဟုတ်တာ။ တိုင်းပြည်မှာလူဦးရေ ဘယ်လောက်ရှိ ဘယ်ကလာ ဘယ်ပုံစံနဲ့ရောက်လာ အထောက်အထားရှိကဘယ်ရွေ့
မရှိကဘယ်မျှစသည်ဖြင့် အနီးစပ်ဆုံးတော့ သိထားပြီးသားကိုး။ ကောက်တာကစာရွက်နဲ့။ ဖြည့်ပေးရတာကPenနဲ့။ ရွှေပြည်ကြီးက သန်းကောင်စာရင်းက တချို့နေရာဒေသတွေမှာ သေနတ်ထောက်ပြီးကောက်သလားတောင်မှတ်ရတယ်။
သေနတ်ထောက် သန်းကောင်စာရင်းဆိုပြီး ကမ္ဘာကျော်လောက်တယ် သုံးသိန်းစိန်တို့လုပ်လိုက်ရင်
အရာရာနဲ့အကြောင်းကြောင်းချည်း။ (သန်းကောင်သန်းနွှဲကောက်တဲ့စာရင်းကိစ္စ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
”၁၉၉ဝ ရွေးကောက်ပွဲကိုဝင်တာဟာ အာဏာ(၃)ရပ်လုံးရနိုင်ခြေရှိမှုနဲ့ ဝင်တာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သစ်ဆွဲဖို့ဝင်တာ”
ခု ကြားဖြတ်(၁)ဝင်ပြီးပြီ၊ ကြားဖြတ်(၂)ဝင်ဦးမယ်၊ ၂ဝ၁၅ ဖြစ်ခဲ့ရင် ထပ်ဝင်ဦးမယ်။ ကြားဖြတ်(၁)ဝင်တုန်းက
ဖွဲ့စည်းပုံပြင်ဖို့ကြွေးကြော်တ ယ်။ ခု ကြားဖြတ်(၂)နဲ့ (၂ဝ၁၅)ဝင်မှာကြတော့ ပြင်ပြင်/ မပြင်ပြင်လို့
အသံထုတ် ထားတယ်။ အာဏာ(၃)ရပ်ကိစ္စ လေသံမဟသေး။ အခြေအနေခြင်းကမတူဘူး နောက်ခံအခင်းအကျင်း၊
အင်အားမျှခြေ၊ သူ့ဘက်ကိုယ့်ဘက် ထိမ်းညှိထားနိုင်မှု၊ နိုင်ငံတကာ၊ ဒေသတွင်းနဲ့ အိမ်နီးခြင်းတိုင်းပြည်တွေရဲ့
တိမ်းညွှတ်မှုနဲ့မျက်နှာသာပေးမှုတွေမှာ အရွေ့တွေရှိသွားပြီ။ စစ်အုပ်စုရဲ့အလှည့်အပြောင်းမှာ
အပြောင်းအလဲဖြစ်ကုန်ကြတာလို့မှတ်တာပါပဲ။ (ဘာတွေမတူတဲ့ရွေးကောက်ပွဲလဲ)
မီဒီယာဆိုတာ ဒီမိုကရေစီရဲ့စတုတ္ထမဏ္ဍိုင်လို့ြေ ပာတာ
ကြားရနားရည်ဝကြပါပြီ။ မဲဆောက်နေတုန်းက ထိုင်းအခြေစိုက် ဗမာမီဒီယာသမားတွေထဲက(တကယ့်ကို)
တစ်ဦးစနှစ်ဦးစလေးကလွဲလို့ ဘယ်နိုင်ငံခြားသတင်းဌာနက သတင်းသမားကမှ စတုတ္ထမဏ္ဍိုင်တွေဘာတွေ
ပြောသံမကြားမိခဲ့ပါ။ လုပ်စရာရှိတာ စိုက်လိုက်မတ်တပ်နဲ့ ပရော်ဖက်ရှင်နယ်လ်ဖြစ်ဖို့ ကြိုးစားပမ်းစား
လုပ်နေကြတာတာပါပဲ။ နိုင်ငံရေးဟာလည်း ထမင်းစားဖို့နဲ့ကြီးပွားရေးအလုပ်အဖြစ်
စာရင်းဝင်သွားတဲ့တိုင်းပြည်တွေကလူတွေမို့လားတော့
မပြောတတ်ဘူး နိုင်ငံရေးသမားကိုဖြစ်ဖြစ်၊ အစိုးရခေါင်းဆောင်ကိုဖြစ်ဖြစ်၊ တိုင်းပြည်အကြီးအကဲကိုဖြစ်ဖြစ်
တန်းတူရည်တူပဲသဘောထား ကြတာပါ။ ဟိုလူတွေကိုဇန်းတင်ပေးပြီး ကိုယ့်ကိုယ်ကိုယ် စတုတ္ထအရေးပါသူအဖြစ်မခန့်ပါဘူး။
ဒီရောက်တော့ ပိုတောင်ဆိုးသေးတယ်။ စတုတ္ထမဏ္ဍိုင်လို့ပြောရင် စိတ်ဆိုးသူတွေတောင် ကြုံဖူးပါတယ်။
”ငါ့အလုပ် ငါလုပ်နေတာ၊ ငါ့အသက်မွေးဝမ်းကြောင်းပဲ။ အလုပ်အပေါ် စေတနာကောင်းထားပြီး ကျွမ်းကျွမ်းကျင်ကျင်ဖြစ်ဖို့ပဲ လိုတာပါ။
ဘာကိစ္စ ငါကဝင်ပြီး စနစ်နဲ့တိုင်းပြည်ရဲ့ စတုတ္ထနေရာဝင်ယူရမှာတုန်း။ ငါ့ကို ဘယ်သူက ရွေးကောက်တင်မြှောက်ထားလို့တုန်း။
အဲ့သလိုပြောတာဟာ ငါတို့ကပဲ ဒီမိုကရေစီစနစ်ကြီးအရှည်တည်အောင် ထိမ်းမတ်ပေးနေတာလိုလို
တိုင်းပြည်ကြီးမပျက်အောင် စောင့်ရှောက်ပေးနေတာလိုလို လေကြီးမိုးကြီးနဲ့ ကျေးဇူးရှင်လုပ်ပြချင်တာပါ”လို့
ခတ်ဆတ်ဆတ်ပြန်ပြောသူနဲ့လည်း သိခဲ့ဖူးတယ်။
ဒီနေ့တော့ ရှားရှားပါးပါး အမေရိကန်မီဒီယာသမားတယောက်နဲ့ ရေစက်ဆုံတယ်။ ”ဗမာပြည်နိုင်ငံရေးအပြောင်းအလဲေ တွအကြောင်း သတင်းဆောင်းပါးလေးတခုလုပ်ဖို့
တွေဆုံမေးမြန်းမယ့်သူတွေထဲမှာ မင်းလည်းထည့်ထားတယ်၊ မနက်ဖြန် မနက် ၁၁ နာရီ တို့ဌာနကို
လာခဲ့ပါလား၊ ဒါမှမဟုတ်လည်း ကော်ဖီဆိုင် တဆိုင်ဆိုင်မှာတွေ့ရအောင်”တဲ့ ဖုန်းဆက်ပြောတယ်။
ကျနော်က ”မနက်ဖြန် ၁၁ နာရီ မအားပါ။ ညနေပိုင်းတော့အားတယ်၊ အိမ်မှာရှိနေမယ်၊ အိမ်လာနိုင်ရင်လာပါလား၊
ငါ့မှာ သွားရေးလာရေးလည်းခက်တယ်လေ၊ ဒါမှမဟုတ် ၁၁ နာရီမှ ဆိုရင်တော့ သန်ဘက်ခါဆိုဖြစ်ပါတယ်၊
ဘယ့်နှယ်လဲ”လို့ဆိုတော့ ”တို့က မင်းတို့ တိုင်းပြည်အကြောင်း လူသိအောင်လုပ်ပေးဖို့ပါ၊
မင်းဘက်က အချိန်နည်းနည်းလောက် ညှိပေးနိုင်/ မပေးနိုင်သိချင်ပါတယ်”တဲ့။ ဒါနဲ့ ကျနော်လည်း
”အချိန်တွေကြပ်နေလို့ပါ“လို့ပြောပြီး ဖုန်းချလိုက်ပါတယ်။ နောက်တော့ သူ့နံမည်ကို
သူတို့ဝက်ဘ်ဆိုက်မှာရိုက်ပြီးရှာတော့ တွေ့ပါတယ်။ ဒါနဲ့ စုံစမ်းရေးဌာနကို ကိုယ့်အမည်
လိပ်စာတွေပေးပြီး သူ့အကြောင်း မေးမြန်းကြည့်တော့ ”ဂျာနယ်လစ်ဇင်းနဲ့ဘွဲ့ရလာပြီး အလုပ်ဝင်တာ
(၃)နှစ်သက်တမ်းရှိတဲ့ သတင်းသမားတစ်ဦးဖြစ်နေတယ်။
အင်း..လို့ သက်မ အချ ”တို့ဆီမှာ စစ်ဗိုလ်တွေအရပ်ဝတ်နဲ့ အစိုးရဆိုပြီး တရားဝင်ဗိုလ်ကျခွင့် ရသွားတာလည်း အဲ့တုန်းကကိုး၊ စစ်ဗိုလ်တွေလည်း မီဒီယာလွတ်လပ်ခွင့်တို့ စတုတ္ထမဏ္ဍိုင်တို့ တယ်ပြောသကိုး၊ မီဒီယာအများကိုလည်း ကိုင်လည်းကိုင်ထားသကိုး”လို့ဆို တဲ့
အတွေးတချက် ခေါင်းထဲဖျတ်ကနဲဝင်လာတယ်။
မယ်လ်ကွန်အိပ်က်စ်ကတော့ မီဒီအလုပ်ဆိုတာ ဒါ....တဲ့ “The media's the most powerful entity on earth. They have the power to make the innocent guilty and to make the guilty innocent, and that's power. Because they control the minds of the masses” - Malcolm X (စတုတ္ထမဏ္ဍိုင်ဆိုတာ ကိုယ့်အလုပ်ကိုယ်လုပ်ကိစ္စ)
ဒီနေ့တော့ ရှားရှားပါးပါး အမေရိကန်မီဒီယာသမားတယောက်နဲ့ ရေစက်ဆုံတယ်။ ”ဗမာပြည်နိုင်ငံရေးအပြောင်းအလဲေ
အင်း..လို့ သက်မ အချ ”တို့ဆီမှာ စစ်ဗိုလ်တွေအရပ်ဝတ်နဲ့ အစိုးရဆိုပြီး တရားဝင်ဗိုလ်ကျခွင့် ရသွားတာလည်း အဲ့တုန်းကကိုး၊ စစ်ဗိုလ်တွေလည်း မီဒီယာလွတ်လပ်ခွင့်တို့ စတုတ္ထမဏ္ဍိုင်တို့ တယ်ပြောသကိုး၊ မီဒီယာအများကိုလည်း ကိုင်လည်းကိုင်ထားသကိုး”လို့ဆို
မယ်လ်ကွန်အိပ်က်စ်ကတော့ မီဒီအလုပ်ဆိုတာ ဒါ....တဲ့ “The media's the most powerful entity on earth. They have the power to make the innocent guilty and to make the guilty innocent, and that's power. Because they control the minds of the masses” - Malcolm X (စတုတ္ထမဏ္ဍိုင်ဆိုတာ ကိုယ့်အလုပ်ကိုယ်လုပ်ကိစ္စ)
သွေး (၆)ကြိမ် လှူဖူးတယ်။
သွေး (၆)ပုလင်း သွင်းဖူးတယ်။
ကျနော့်သွေး ယူဖူးသူ ၆ ယောက်
ကျနော့်သွေး ပေးဖူးသူ ၆ ယောက်
လူမျိုးကိုသွေးနဲ့စစ်တာလို့
နာဇီတွေနဲ့သာကီတွေကပြောတယ်။
သွေး(ဗီဇ အရ)ပြောရရင်လည်း
ကျနော့်အမိအဖနှစ်ဘက်က
လူမျိုး ၃-၄ မျိုးပေါင်းထားတဲ့ သွေးနှော(ဗီဇနှော)
သူတို့ဆိုတဲ့ သွေးနဲ့စစ်မယ်ဆို
ထွက်မှာ ဘာအဖြေလဲ
သူတို့က ဘာအဖြေထွက်စေ့ချင်သလဲ
ဘာပဲဖြစ်ဖြစ် ကျနော့်သွေးကလည်း
သူတို့သွေးလိုသွေးပဲ
ခင်ဗျားသွေးလိုသွေးပဲ
လူတိုင်းသွေးလိုသွေးပဲ
လူတိုင်းကိုသွေးသားရင်းလို
မေတ္တာ ကရုဏာထားဖို့မဖြစ်တောင်
ချစ်သူတွေကိုချစ်တယ်
လူမျိုးရေးအစွန်းရောက်သမားဆိုတာ
သွေးဆာနေတဲ့သူတွေချည်း
လူမျိုးရေးအစွန်းရောက်တရားဆိုတာ
သွေးနဲ့ထုံမွှမ်းထားတာချည်း
လူမျိုးရေးအစွန်းရောက်သမိုင်းဆိုတာ
သွေးနဲ့ထွင်းထုထားတာချည်း
လူမျိုးရေးအစွန်းရောက်ဘုန်းတော် ဖွဲ့ဆိုတာ
သွေးညှီနံ့ဖျန်းထားတာချည်း
လူမျိုးရေးအစွန်းရောက်ပလားဆို
ရုပ်ရည်သွင်ပြင် ကြန်အင်လက္ခဏာ မတူသူတွေက
ရုပ်ရည်သွင်ပြင် ကြန်အင်လက္ခဏာ မတူသူတွေကို
နိုင့်ထက်စီးနင်း
လုယက်သတ်ဖြတ်
အကြမ်းဖျက်ဖက်ဆီးမှုနဲ့
စတယ်
အဲ့ဒါနဲ့
ဆုံးတယ်
အဲ့ဒါနဲ့ပဲ
သူတို့ ရှူံးတယ် (သွေးနဲ့ လှူတဲ့ကိစ္စ)
သွေး (၆)ပုလင်း သွင်းဖူးတယ်။
ကျနော့်သွေး ယူဖူးသူ ၆ ယောက်
ကျနော့်သွေး ပေးဖူးသူ ၆ ယောက်
လူမျိုးကိုသွေးနဲ့စစ်တာလို့
နာဇီတွေနဲ့သာကီတွေကပြောတယ်။
သွေး(ဗီဇ အရ)ပြောရရင်လည်း
ကျနော့်အမိအဖနှစ်ဘက်က
လူမျိုး ၃-၄ မျိုးပေါင်းထားတဲ့ သွေးနှော(ဗီဇနှော)
သူတို့ဆိုတဲ့ သွေးနဲ့စစ်မယ်ဆို
ထွက်မှာ ဘာအဖြေလဲ
သူတို့က ဘာအဖြေထွက်စေ့ချင်သလဲ
ဘာပဲဖြစ်ဖြစ် ကျနော့်သွေးကလည်း
သူတို့သွေးလိုသွေးပဲ
ခင်ဗျားသွေးလိုသွေးပဲ
လူတိုင်းသွေးလိုသွေးပဲ
လူတိုင်းကိုသွေးသားရင်းလို
မေတ္တာ ကရုဏာထားဖို့မဖြစ်တောင်
ချစ်သူတွေကိုချစ်တယ်
လူမျိုးရေးအစွန်းရောက်သမားဆိုတာ
သွေးဆာနေတဲ့သူတွေချည်း
လူမျိုးရေးအစွန်းရောက်တရားဆိုတာ
သွေးနဲ့ထုံမွှမ်းထားတာချည်း
လူမျိုးရေးအစွန်းရောက်သမိုင်းဆိ
သွေးနဲ့ထွင်းထုထားတာချည်း
လူမျိုးရေးအစွန်းရောက်ဘုန်းတော်
သွေးညှီနံ့ဖျန်းထားတာချည်း
လူမျိုးရေးအစွန်းရောက်ပလားဆို
ရုပ်ရည်သွင်ပြင် ကြန်အင်လက္ခဏာ မတူသူတွေက
ရုပ်ရည်သွင်ပြင် ကြန်အင်လက္ခဏာ မတူသူတွေကို
နိုင့်ထက်စီးနင်း
လုယက်သတ်ဖြတ်
အကြမ်းဖျက်ဖက်ဆီးမှုနဲ့
စတယ်
အဲ့ဒါနဲ့
ဆုံးတယ်
အဲ့ဒါနဲ့ပဲ
သူတို့ ရှူံးတယ် (သွေးနဲ့ လှူတဲ့ကိစ္စ)
0 comments:
Post a Comment